မိသားစုတွေသဟဇာတဖြစ်အောင်နေထိုင်နိုင်ဖို့ကြိုးစားရပေမည်
Vol. 22 Ch. 308
အခန်း (၃၀၈) – မိသားစုတွေ သဟဇာတဖြစ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားရပေမည်
“မင်း ဘာဖြစ်လို့ အဲ့လို ပြောရတာလဲ။” ဒုတိယအစ်ကိုက ဘာကြောင့်မှန်းမသိ တစ်ခဏတာမျှ အံ့အားသင့်သွားသည်။
ဒုတိယမရီးက ဒီည ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို သူ့ကို ပြန်ပြောပြခဲ့သည်၊ “ကျွန်မက လျှို့နီကို မြို့တော်ကို လွှတ်ချင်တယ်၊ လျှို့နီကလည်း လိုက်ချင်တယ်။ ဒါပေမယ့်၊ သူမရဲ့ စတုတ္ထဒေါ်လေးက သူမကို လိုက်ခွင့်မပြုဘူး။ အကြီးဆုံးမရီးက အိမ်ထောင်ဖက် ရှာပေးနေတဲ့ အာ့နီကျ ဘာမှ မပြောဘဲ လိုက်ခွင့်ရတယ်။ ပြီးတော့ လင်းချင်းဟယ်က သူမကိုကျ မြို့တော်ကို ခေါ်သွားချင်တယ်။”
သူမသည် လစာ၊ အဝတ်အစားကောင်းတွေအကြောင်း ပြောပြခဲ့သည့်အပြင် အာ့နီကို ဟိုမှာ အိမ်ထောင်ဖက်ကောင်းပါ ရှာပေးချင်နေခဲ့သည်။
အာ့နီအတွက် အရာအားလုံးကို တွေးပေးနေခဲ့သည်။ လျှို့နီက သူမ လိုက်ချင်ပါတယ်လို့ ပြောနေချိန်မှာ သူမ(လင်းချင်းဟယ်)က လိုက်ခွင့်မပြုခဲ့ပါဘူး။
သူမရဲ့ ဒုတိယသမီး ပြန်ရောက်လာပြီး ပြောတုန်းကတော့ ဒါကို အလေးအနက် မထားခဲ့ပါဘူး။ ဒါပေမယ့် ဒီညမှာတော့ ဒီကိစ္စက သူမကို တကယ်စိတ်မချမ်းမသာဖြစ်စေခဲ့သည်။
သူမသည် ဒီအကြောင်းကို ဒုတိယအစ်ကို ပြောပြချင်လွန်း၍ တစ်ညလုံး စောင့်ဆိုင်းနေခဲ့တာ ဖြစ်သည်။
ဒါပေမယ့် သူမဟာ သူမရဲ့ ခင်ပွန်းသည်အကြောင်းကို ကောင်းကောင်းမသိသေးတာ သိသာထင်ရှားပါသည်။
ဒါကိုကြားတော့ ဒုတိယအစ်ကိုက ဒေါသတကြီး ပြောသည်၊ “မင်း ရှက်သလို မခံစားရဘူးလား။ မင်းက အပျင်းထူတဲ့ လျှို့နီကို ဟိုကို ခေါ်သွားစေချင်တယ် ဟုတ်လား။”
သူ့ကိုယ်သူ မသိတဲ့ သူ့အမျိုးသမီးနှင့် နှိုင်းယှဥ်လိုက်ရင် ဒုတိယအစ်ကိုက သူ့ဒုတိယသမီး၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိသည်။
သူမသည် စည်းမရှိကမ်းမရှိ ပျင်းရိသည်ဟု ဆိုနိုင်သည်။
ဒုတိယအစ်ကို၏ အမြင်အရ၊ ဒီမိန်းကလေးဟာ အနာဂတ်မှာ အိမ်ထောင်ပြုတဲ့အခါ ပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် သူ့မိသားစုကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ တခြားတစ်ယောက်ယောက်က သူမကို ပညာပေးပါစေ။ နောက်ပိုင်း အိမ်ထောင်ကျသွားတဲ့အခါ သဘာဝအတိုင်း ဥာဏ်ကောင်းသွားလိမ့်မည်။
ဒါကြောင့် ကြယ်ငါးပွင့်အကဲဖြတ်မှုအရ ဒီဒုတိယသမီး လျှို့နီသည် ဒုတိယအစ်ကိုထံမှ အများဆုံး ကြယ်တစ်ပွင့်နဲ့သာ ထိုက်တန်ပါသည်။ လျှို့နီက သူ့သမီးရင်းသာ မဟုတ်ပါက ကြယ်တစ်ပွင့်တောင် ရမည် မဟုတ်ပေ။
ဒီလိုမိန်းကလေးမျိုးကို စတုတ္ထလေးရဲ့ ဖက်ထုပ်ဆိုင်မှာ ကူညီပေးဖို့ မြို့တော်ကို ခေါ်သွားစေချင်သေးတာလား။ ဒုတိယအစ်ကိုက ရယ်သည်။
“သူမရဲ့ စတုတ္ထဒေါ်လေးက မျက်လုံးကောင်းလို့ သူမကို ခေါ်မသွားချင်တာပေါ့။ အာ့နီက ဘယ်လိုလူမျိုးလဲ။ ပြီးတော့ ငါတို့ရဲ့ လျှို့နီကရော ဘယ်လိုလူမျိုးလဲ။ ငါ့သမီးကို ငါ သဘောမကျတာတော့ မဟုတ်ပါဘူး။ ငါ့ကို ပြောကြည့်၊ လျှို့နီက အာ့နီနဲ့ ဘယ်နေရာကများ ယှဥ်နိုင်လို့လဲ။” ဟု ဒုတိယအစ်ကို ပြောသည်။
ဒေါသတွေ ပေါက်ကွဲထွက်လာသည့် ဒုတိယမရီးက သူ့ကို ဒေါသတကြီး ပြောလာခဲ့သည်၊ “ရှင် ဘာပြောနေတာလဲ။ လျှို့နီက ရှင့်သမီးလေ။”
“သူမက ငါ့သမီးဖြစ်နေရင်တောင် ဘာမှ မထူးခြားဘူး။ စတုတ္ထလေးရဲ့ ဖက်ထုပ်ဆိုင်က မလွယ်ပါဘူး။ အခု သူတို့က ကူညီလုပ်ကိုင်ပေးမယ့်သူတစ်ယောက် ရှာချင်နေတာဆိုတော့ လုပ်တာကိုင်တာ သန့်ရှင်းသပ်ရပ်တဲ့လူကို ရှာရလိမ့်မယ်။ လျှို့နီက ဘာလုပ်တတ်လို့လဲ။ သူမရဲ့ စတုတ္ထဒေါ်လေးက ခွင့်ပြုရင်တောင် ငါခွင့်မပြုဘူး။ သူမကို ပြဿနာ ပိုရှာခွင့်မပေးတာ ပိုကောင်းလိမ့်မယ်။ လျှို့နီထက် စန်းနီကို လွှတ်လိုက်တာကမှ ပိုကောင်းလိမ့်ဦးမယ်။” ဟု ဒုတိယအစ်ကိုက ပြောသည်။
ဒုတိယမရီးက “စတုတ္ထဒေါ်လေးက စန်းနီကိုတောင် ခေါ်သွားဖို့ မမေးဘူး။” ဟု ပြန်ပြောသည်။
“အဲ့ကို အာ့နီ လိုက်မှာ မဟုတ်ဘူးလား။ အာ့နီတစ်ယောက်ကတင် လူနှစ်ယောက်စာ အလုပ်လုပ်နိုင်တယ်။ နောက်ထပ် လူဘယ်လိုပါ့မလဲ။ မြို့တော်ကို မင်းက ဘယ်လိုနေရာမျိုးလို့ ထင်နေတာလဲ။” ဟု ဒုတိယအစ်ကိုက ပြန်ပြောသည်။
ဒုတိယမရီးက စိတ်ဆိုးဒေါသထွက်နေဆဲ ဖြစ်သည်။ “ကျွန်မကတော့ သူမရဲ့ စတုတ္ထဒေါ်လေးက အဲ့လို တွေးတယ်လို့ပဲ ထင်တယ်။ သူမက ငါတို့မိသားစုကို သိပ်အထင်မကြီးဘူး။”
“မင်းကတော့ လုပ်ပြီ၊ မင်း သူယူလာတဲ့ ဘဲကင်ကိုတောင် စားပြီးပြီ။ မင်းအတွက် ရှားရှားကိုလည်း အလုပ်ရှာပေးလိုက်သေးတယ်။ အရာအားလုံးကို မင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးနေမှပဲ မင်းက ကျေနပ်နိုင်မှာလား။” ဟု ဒုတိယအစ်ကိုက ပြောသည်။
ဒုတိယအစ်ကိုရဲ့ အမြင်အရ သူ့အမျိုးသမီးက တကယ်ပဲ အတွေးများလွန်းသည်။
သူမ အလိုကို မလိုက်မိတာနဲ့ စတုတ္ထလေးတို့အိမ်ထောင်စုက သူတို့ကို နှိမ့်ချတယ်လို့ ထင်နေသောကြောင့် ဒုတိယအစ်ကို အံ့အားသင့်နေမိသည်။ သူမသည် ဒီလို မိုက်မဲတဲ့ အတွေးမျိုးကိုပင် တစ်ချိန်လုံး တွေးနေလိုက်သေးသည်။
ဒုတိယမရီးက “ရှားရှားရဲ့ ကိစ္စအတွက်တော့ စတုတ္ထမတ်လေးကို ကျွန်မ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လျှို့နီသာ မြို့တော်ကို သွားနိုင်ရင် အနာဂတ်မှာ မြို့တော်က လက်တွဲဖော်တစ်ယောက် ရှာနိုင်မှာပဲ မဟုတ်ဘူးလား။” ဟု ပြောလိုက်သည်။
“ငါ ပြောမယ်၊ မင်း ဘာဖြစ်လို့ အရမ်းတွေးနေရတာလဲ။” ဒုတိယအစ်ကိုက ဤကဲ့သို့ ထုတ်မပြောဘဲ မနေနိုင်တော့ပေ၊ “လျှို့နီလို မိန်းကလေးမျိုးကို ကောင်းကောင်း မသင်ကြားပေးဘူးဆိုရင် သူမ လက်ထပ်နိုင်ပါ့မလား ဆိုတာကိုတောင် ငါ အမြဲ တွေးနေမိတယ်။ သူမက အစားကျ တစ်စက်မှ မကျန်အောင် စားနိုင်ပေမယ့် အလုပ်ကျတော့ ဘာမှမလုပ်ဘူး။ သူမလိုလူမျိုးက မြို့တော်က တစ်ယောက်ယောက်ကို ရှာချင်နေသေးသလား။ မင်း သမီးက ရွှေနဲ့လုပ်ထားတာလား ဒါမှမဟုတ် ကျောက်စိမ်းနဲ့လုပ်ထားလို့လား။ မင်း ဘာဖြစ်လို့ ကောင်းကင်ဘုံပေါ် မတင်ထားရတာလဲ။”
ဒုတိယမရီးသည် တစ်ဆို့သွားပြီး ဒေါသတကြီး ပြောလာခဲ့သည်၊ “ကျွန်မ ရှင့်လို အဖေမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ရှင့်သမီး ကောင်းစားတာကို ရှင်က မလိုချင်ဘူးလား။”
“ဟုတ်တယ်၊ ငါ မလိုချင်ဘူး။ ငါ့သမီး ကောင်းကောင်းလက်ထပ်နိုင်မယ်ရင်တောင် ငါက ဒီမင်္ဂလာပွဲကို တားမြစ်လိုက်မယ်။ မြေအောက်က လူတစ်ယောက်ဖြစ်တာကမှ ပိုကောင်းလိမ့်ဦးမယ်။ လမ်းလျှောက်ဖို့ မသင်ရသေးခင် ပျံသန်းဖို့ မစဥ်းစားနဲ့။ လူတစ်ယောက်မှာ အရည်အချင်း ဘယ်လောက်ပဲရှိရှိ ကိုယ် တတ်နိုင်သလောက်ပဲ လုပ်လို့ရတယ်။” ဟု ဒုတိယအစ်ကိုက ပြောသည်။
ထိုသို့ ပြောပြီးသည်နှင့် သူ့ဇနီးသည်ကို လျစ်လျူရှုပြီး သူ့ဘာသာသူ အိပ်ရာဝင်လိုက်သည်။ သူမဟာ တကယ့်ကို ဗိုက်ပြည့်နေပြီး ဘာမှ လုပ်စရာမရှိသဖြင့် ပျင်းရိလာတာပဲ ဖြစ်ရမည်။
ဒုတိယမရီးကတော့ စိတ်မကောင်းဖြစ်နေတုန်းပဲ။
သူမရဲ့ သမီးလေးက ဘာဖြစ်လို့ ကံမကောင်းရတာလဲ။ ဒုတိယသမီးက လုံးဝကို အလုပ်သိပ်မလုပ်တာ မဟုတ်ပေမယ့် အကြီးဆုံးသမီးက အရမ်းလုံ့လဝီရိယရှိပြီး အရာအားလုံးကို သူမခြေ၊ သူမလက် လုပ်ကိုင်တာကြောင့်ပဲ မဟုတ်ပါလား။ သူမ နောက်ထပ် ဘာလုပ်စရာ လိုဦးမှာလဲ။
သူမရဲ့ ဒုတိယသမီးလေးသည် ဤကဲ့သို့ အလုပ်လုပ်စရာမလိုဘဲ ဘဝကို ပျော်ရွှင်စွာ နေထိုင်ရဖို့ ထိုက်တန်ပါသည်။
နောက်နေ့မနက်အစောပိုင်းမှာ ဒုတိယမရီးက အကြီးဆုံးမရီးကို မေးခဲ့သည်၊ “ငါ မနေ့က အစောကြီး ပြန်သွားတော့၊ နင်တို့တွေ ဘာတွေဆက်ပြောနေမှန်း မသိရဘူး။ နောက်ကျရင် အာ့နီအတွက် မြို့တော်ကနေ လက်တွဲဖော်တစ်ယောက် တကယ်ပဲ ရှာချင်နေတာလား။”
“သူမရဲ့ စတုတ္ထဒေါ်လေးက ဒီအတိုင်း စနောက်ပြီး ပြောနေတာပါ။ ငါတို့လိုအိမ်ထောင်စုမျိုးအတွက် မြို့တော်ကနေ တစ်ယောက်ယောက်ရှာဖို့ ဘယ်လွယ်ပါ့မလဲ။ စန်းနီအမေ၊ ဟာသ မလုပ်ချင်စမ်းပါနဲ့။” ဟု အကြီးဆုံးမရီးက ဘာမှမထူးခြားသလို ပြောလိုက်သည်။
ဒါကို ကြားသောအခါ ဒုတိယအစ်ကိုက ထွက်လာပြီးနောက် သူ့အမျိုးသမီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
အကြီးဆုံးမရီးရဲ့ အသိစိတ်ကို မြင်ပြီး သူ့အမျိုးသမီးကို ကြည့်လိုက်တော့ သူမက အရှုံးမပေးသေးဘူး။
ဒုတိယမရီးက သူ့ယောကျာ်းရဲ့ သတိပေးတဲ့ အကြည့်တွေကို လျစ်လျူရှုပြီး“"ဟိုမှာ တကယ်ပဲ လူမလိုဘူးလား။ လျှို့နီက အတော်လေးကို ကောင်းတဲ့ မိန်းကလေးပါ။” ဟု ပြောလိုက်သည်။
“လျှို့နီက မဆိုးပါဘူး၊ ဒါပေမယ့် အာ့နီက အသက်ပိုကြီးတယ်။ သူမမှာ ခွန်အားပိုရှိတယ်။ နောက်ပြီး မြို့တော်လိုနေရာမျိုးမှာ လျှို့နီအရွယ် ကလေးတွေကို အလုပ်ခိုင်းနေတာတွေ့ရင် ကလေးတွေကို အနိုင်ကျင့်နေတယ်လို့ လူတွေက ပြောကြလိမ့်မယ်။ ကပ်ဆိုက်နေတဲ့ကာလအပိုင်းအခြားမှာတောင်၊ အချို့သော မြေပိုင်ရှင်တွေက ကလေးအလုပ်သမားတွေကို မငှားရမ်းကြဘူး မဟုတ်လား။” ဟု အကြီးဆုံးမရီးက ပြန်ဖြေသည်။
“တစ်မိသားစုတည်းပဲ။ ဘာကို ကလေးအလုပ်သမားလဲ။ ဒါက ကူညီလုပ်ကိုင်ပေးရုံပဲ မဟုတ်လား။” ဟု ဒုတိယမရီးက ပြန်ပြောသည်။
“ဒါကို ငါနဲ့ ပြောနေတာက အသုံးမဝင်ဘူး။ ဒါက စတုတ္ထယောင်းမရဲ့ ကိစ္စပဲ။ ငါက ဘယ်လို ဆုံးဖြတ်ပေးနိုင်မှာလဲ။” ဟု အကြီးဆုံးမရီးက စိတ်မရှည်စွာ ပြောသည်။
“ငါ မင်းကို ပြောမယ်၊ မင်းနဲ့ စကားစမြည်ပြောဖို့ တစ်ယောက်ယောက်ကို မြန်မြန်အပြင်ထွက်ပြီး ရှာချေ။” ဟု ဘေးနားကနေ နားထောင်နေတဲ့ ဒုတိယအစ်ကိုက သည်းမခံနိုင်တော့ဘဲ ဝင်ပြောခဲ့သည်။
ဒုတိယမရီးသည် နှုတ်ခမ်းစူပြီး အပြင်သို့သာ ထွက်သွားနိုင်ခဲ့သည်။
အကြီးဆုံးမရီးက ဒုတိယအစ်ကိုအား ကူကယ်ရာမဲ့သလို ကြည့်ပြီး “ဒုတိယမတ်လေး၊ ငါ စကားနည်းနည်းတော့ ပြောစရာရှိတယ်။ ကလေးတွေရဲ့ စတုတ္ထဒေါ်လေးက သူတို့ကို ကူညီလုပ်ကိုင်ပေးနိုင်မယ့် ကလေးမတစ်ယောက်ကို ရှာနေတာ။ တကယ်တော့ သူမ ဘယ်သူ့ကိုရှာရှာ ကိစ္စမရှိဘူး၊ ငါလည်း မကန့်ကွက်ဘူး။ ဒါပေမယ့် စတုတ္ထမတ်လေးနဲ့ စတုတ္ထယောင်းမတို့ ဟိုကိုသွားပြီး စီးပွားရှာနေတာ မလွယ်လှဘူး။ သူတို့ မွေးရပ်မြေကနေ ထွက်သွားပြီး ဟိုမှာ သူတို့ကို ကူညီပေးမယ့်သူလည်း မရှိဘူး။ ငါတို့က သူတို့ကို အကူအညီ မပေးနိုင်ဘူးဆိုရင်တောင် အရှုပ်တော့ မပေးသင့်ဘူး။” ဟု ပြောလိုက်သည်။
ဒုတိယအစ်ကိုက ဒီမရီးကို လေးစားနေဆဲပင်၊ သူက ခေါင်းညိတ်ပြီး “အကြီးဆုံးမရီး ပြောတာ မှန်ပါတယ်။” ဟု ပြောလိုက်သည်။
“ဒီနှစ် နွေရာသီမှာ စတုတ္ထမတ်လေးက မိဘတွေကို မြို့တော်ကို ခေါ်သွားမယ်လို့ ပြောတာကို မနေ့က ငါ နင့်အစ်ကိုကြီးဆီက ကြားတယ်။ အဲ့ဒီလိုဆိုတော့ စတုတ္ထမတ်လေးက သူတို့ကို ပြုစုစောင့်ရှောက်ဖို့ သေချာပေါက် လိုအပ်လိမ့်မယ်။ ငါတို့လည်း ဟိုကို မလိုက်နိုင်တော့ ငါ အာ့နီကို ဟိုကို လိုက်ခွင့်ပေးလိုက်တာ။ အာ့နီ ဟိုကိုရောက်ရင် သူ့အဘိုးအဘွားတွေအတွက် သန့်ရှင်းရေး လုပ်ကိုင်ပေးပြီး ထမင်းချက်ပေးနိုင်မယ်လို့ ငါထင်တယ်။” ဟု အကြီးဆုံးမရီးက ရှင်းပြသည်။
“အကြီးဆုံးမရီး၊ အာ့နီကို လွှတ်လိုက်တာက ပိုကောင်းတယ်။ ကျွန်တော်လည်း ဒီကောင်မလေး ကြီးပြင်းလာတာကို မြင်တွေ့နေရတာပဲ။ သူ့အစ်မလိုပဲ၊ သူမက သန့်ရှင်းသပ်ရပ်ပြီး သွက်လက်တယ်၊ စာလည်း တတ်တယ်။ လျှို့နီက အသက်သာ ကြီးလာတယ်၊ အရမ်းပျင်းတယ်။ အိမ်မှာပဲ အိမ်မှုကိစ္စ လုပ်ကိုင်နေရုံနဲ့ လုံလောက်ပြီ။” ဟု ဒုတိယအစ်ကိုက ပြန်ဖြေသည်။
“ဒုတိယမတ်လေး၊ ငါ့ကို အပြစ်မတင်လို့ ငါတော့ စိတ်သက်သာရာရသွားတယ်။ ဒုတိယမရီးက ဒါကို အတေးအမှတ်ထားပြီး စတုတ္ထယောင်းမက ငါတို့ပထမအိမ်ထောင်စုကို အလေးသာတယ်လို့ ထင်နေမှာကို ငါက စိုးရိမ်နေခဲ့တာ။” ဟု အကြီးဆုံးမရီးက ပြောသည်။
ဒုတိယအစ်ကိုက ပြုံးပြီး “သူမ အဲ့လို မထင်နိုင်ပါဘူး။ အဲ့လို မထင်နိုင်ပါဘူး။ အားလုံးက တစ်မိသားစုတည်းပဲ၊ ဘယ်လိုလုပ်ပြီး ဘယ်ကို ဘက်လိုက်တယ်လို့ ဆိုနိုင်မှာလဲ။” ဟု ပြောသည်။
အကြီးဆုံးမရီးကတော့ ဘာမှ ထပ်မပြောတော့ဘူး။
အကြီးဆုံးချွေးမအဖြစ် သူမမှာ တာဝန်အချို့ ရှိပါသေးသည်။ မိသားစုတွေ သဟဇာတဖြစ်အောင် နေထိုင်ရန် ပြုလုပ်ရပေမည်၊ ဒါကြောင့် သူမတို့ မိသားစုအား အပြင်လူတွေ ဟာသအဖြစ်မြင်ခြင်းမျိုး မဖြစ်ပါစေနှင့်။