← Chapters

သည်းခံခြင်း

Vol. 23 Ch. 310

သည်းခံခြင်း

Vol. 23 Ch. 310

အခန်း (၃၁၀) – သည်းခံခြင်း

“ကလေးတွေအဖေ၊ တတိယအစ်မ‌ပြောတာကို ဘာဖြစ်လို့ နားမထောင်တာလား။” ဟု သေချာပေါက် စိတ်ပိုင်းဖြတ်ထားပုံရသည့် တတိယယောင်းမလင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။

အခြားသူများက သူမတို့မိသားစုကို လိမ်လည်လှည့်ဖြားနိုင်သော်လည်း တတိယအစ်မတော့ လုံးဝ ပြုလုပ်မည် မဟုတ်ပေ။ တတိယအစ်မက သူမတို့မိသားစုကို အကောင်းဆုံးဖြစ်စေဖို့ကိုသာ မျှော်လင့်ပါသည်။

ဆိုင်ဖွင့်တာက အဆင်မပြေနိုင်ဘူးဆိုရင် တတိယအစ်မက ဘယ်လိုလုပ်ပြီး ဒီလောက် စိတ်အားထက်သန်စွာ ပြောနေပါ့မလဲ။

ထို့အပြင် စကားတစ်ခွန်းမှ မပြောဘဲ ဆိုင်တစ်ဆိုင်ဝယ်ဖို့ လိုအပ်တဲ့ ပိုက်ဆံအားလုံးပင် ချေးငှားပေးခဲ့သည်။ ဒါမျိုးက တကယ့်ကို ရှားပါသည်။

“နင်က နင့်မိန်းမလောက်တောင် သတ္တိမရှိဘူး။” လင်းချင်းဟယ်က သူမရဲ့ မောင်ဖြစ်သူအား တစ်ချက်ကြည့်လိုက်ပြီး “ငါ နင့်ကို အခုချက်ချင်း ဆိုင်ဖွင့်ခိုင်းတာ မဟုတ်ပါဘူး။ နှစ်သစ်ကူးပြီးရင် ဆိုင်ကို အရင်ဝယ်မယ်။ နှစ်သစ်ကူးပြီး ဆယ်ရက်မြောက်တဲ့အထိ ငါတို့ မပြန်သေးဘူး။ ငါတို့မပြန်ခင် ငါနဲ့ နင့်‌ယောက်ဖ နင်တို့အတွက် ဆိုင်တစ်ဆိုင် သွားဝယ်မယ်။” ဟု ပြောလိုက်သည်။

ကျန်တာတော့ မကူညီနိုင်တော့ဘူး။ သူမရဲ့ မောင်လေးဖြစ်သူက ကျေးလက်မှာ တစ်သက်လုံး နေထိုင်ကြီးပြင်းလာခဲ့တာ ဖြစ်သည်။ သူ့အတွက် ဒီခြေလှမ်းကို လှမ်းဖို့က တကယ်မလွယ်ပါဘူး။ သူက အချိန်မရွေး နောက်ပြန်ဆုတ်ချင်တာမျိုး ဖြစ်နိုင်သည်။ သူမက သူ့ကို ကူညီပေးရမည်။

“ကောင်းပါပြီ။” တတိယမောင်လေးလင်းက တုံ့ဆိုင်းသွားပြီးနာက် စိတ်ပြန်တင်းကာ အားတက်သရော ခေါင်းညိတ်ခဲ့သည်။

“ဒီနေ့ နင် ခေါင်းညိတ်လိုက်မိတာကို နောင်မှာ နင် ပျော်နေရလိမ့်မယ်။” ဟု လင်းချင်းဟယ်က နှစ်သိမ့်ပေးသည်။

“မင်းအစ်မပြောတာကို နားထောင်ပါ။” ဟု ကျိုးချင်းပိုင်က ပြောသည်။

တတိယမောင်လေးလင်းက ခေါင်းညိတ်သည်။

“ဆိုင်မဝယ်ခင် နင်တို့နှစ်ယောက် ဒါကို လုပ်ချင်လား ဆိုတာကို ပြန်စဥ်းစားသင့်တယ်။ ငါက နင်တို့ကို ဆိုင်တစ်ဆိုင်ဖွင့်ဖို့ အကြံပြုထားပေမယ့် ဒါက အနာဂတ်မှာ နင့်ကို ဆိုးဆိုးရွားရွား ဖြစ်စေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါ နင် မလုပ်ချင်ဘူးဆိုရင် အတင်းအကြပ် လုပ်ခိုင်းမှာ မဟုတ်ဘူး။” ဟု လင်းချင်းဟယ်က ဆက်ပြောသည်။

သူမရဲ့ မောင်ငယ်လေးကို သူမက ကူညီပေးချင်ပေမယ့် ရွေးချယ်မှုကတော့ သူ့အပေါ်မှာပဲ မူတည်ပါသည်။

နောက်ဆုံးတော့ သူမက ထောက်ပြပြောဆိုပေးတာပဲ လုပ်နိုင်သည်။

တတိယမောင်လေးလင်းတို့လင်မယားဟာ အိမ်ပြန်ရောက်တော့ ဒီအကြောင်းကို ထုံးစံအတိုင်း တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတော့၊ ဒါက အသေးအဖွဲကိစ္စလေး မဟုတ်ပါဘူး။

နေ့လည်ခင်းဘက် တတိယမောင်လေးလင်းနှင့် တတိယယောင်းမလင်းတို့ ထွက်ခွာသွားသောအခါ အမေကျိုးက လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့အား “နောင်ကျရင်၊ လောင်တတို့ဦးလေးက မြို့ထဲမှာ ဆိုင်ဖွင့်တော့မှာလား။” ဟု မေးသည်။

“သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မသိသေးပါဘူး။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

“တကယ်လို့ သူတို့ဆိုင်ဖွင့်မယ်ဆိုရင်၊ တစ်မိသားစုလုံး မြို့ထဲသွားရမှာလား။ လယ်အလုပ်ကရော ဘယ်လိုလုပ်ကြမလဲ။” ဟု အမေကျိုးက မေးသည်။

“ဆိုင်ဖွင့်ပြီးရင် တစ်မိသားလုံး ဟိုမှာပဲ နေဖို့ လိုအပ်တယ်။ အချိန်တန်ရင် ခြံဝန်းကျယ်ကျယ်ပါတဲ့ အိမ်တစ်လုံးကို ရှာရမယ်။ အိမ်က လယ်အလုပ်အတွက်ကတော့ လွယ်ပါတယ်၊ တခြားသူတွေဆီ လွှဲပေးပြီး ရိတ်သိမ်းပြီးရင် ပိုက်ဆံ ဒါမှမဟုတ် ရိက္ခာ ပြန်စုဆောင်းလို့ရတယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

သူမရဲ့ မောင်ဖြစ်သူ မြို့ကိုသွားချင်သရွေ့ ကျန်တာက ပြဿနာမရှိဘူး။

“နင်တို့အစ်ကိုတွေလည်း မြို့ထဲမှာ ဆိုင်ဖွင့်နိုင်မလားလို့ တွေးမိတယ်။” ဟု အမေကျိုးက ကျိုးချင်းပိုင်ကို မေးသည်။

ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို တစ်ချက်ကြည့်လိုက်ပြီး “အမေ၊ ကျွန်တော်လည်း အစ်ကိုတွေကို ဒီအကြောင်းပြောပြီး သူတို့ မြို့ပေါ် သွားချင်လား မသွားချင်ဘူးလား ဆိုတာကို သွားမေးရမှာလား။” ဟု ပြန်ဖြေသည်။

“ဟုတ်တယ်၊ ရှင် သူတို့ကို ဒီအကြောင်း မေးကြည့်ရမယ်။ ကျွန်မကတော့ ကျွန်မမောင်လေးနဲ့ ယောင်းမတို့ ပြန်သွားပြီး ဒီအကြောင်းကို ဆွေးနွေးကြည့်ဖို့ ပြောလိုက်တယ်။ ကျွန်မကတော့ ကောင်းစေချင်လို့ ပြောတာပဲ၊ သူတို့ ကျွန်မရဲ့ အကြံဥာဏ်ကို နားထောင်မလား နားမထောင်ဘူးလား ဆိုတာက သူတို့အပေါ် မူတည်တယ်။ အမေ၊ အမေက ချင်းပိုင်ကို အစ်ကိုတွေနဲ့ မရီးတွေကို လယ်အလုပ်မလုပ်တော့ဘဲ မြို့ထဲမှာ ဆိုင်ဖွင့်ဖို့ ပြောစေချင်တာလား။” ဟု လင်းချင်းဟယ်က ပြောသည်။

အမေကျိုးက စိတ်ပျက်လက်ပျက် တတွတ်တွတ်ပြောသည်၊ “နင်က လောင်တရဲ့ဦးလေးကို အဲဒီကို အရမ်းသွားစေချင်တာကို ငါမြင်တယ်၊ ငါတွေးတာက...”

“ဒါက ပြဿနာမဟုတ်ဘူး။ တကယ်လို့ အစ်ကိုတွေနဲ့ မရီးတွေသာ မြို့ထဲမှာ ဆိုင်တစ်ဆိုင်ဝယ်ပြီး ဆိုင်ဖွင့်ချင်ရင် ဖွင့်ခိုင်းလိုက်လေ၊ တကယ်လို့ သူတို့မှာ ပိုက်ဆံပြတ်နေရင် ချင်းပိုင်နဲ့ ကျွန်မက ပိုက်ဆံနည်းနည်းလောက် ချေးငှားပေးလို့ရတယ်။” ဟု လင်းချင်းဟယ်က သူမမျက်နှာကို ထိန်းသိမ်းချင်နေဆဲမို့ ဤသို့ ပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီး ချေးငှားဖို့ ပိုက်ဆံအများကြီး ရှိပါ့မလဲ။ သူတို့အတွက် သူတို့ကိုယ်တိုင် နည်းလမ်းရှာကြပါစေ။” ဟု အမေကျိုးက ခေါင်းခါသည်။

လင်းချင်းဟယ်က သူမနှင့် ဤအကြောင်းအရာကို ဆက်ပြောရန် စိတ်မဝင်စားတာကြောင့် စာဖတ်ရန် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

အမေကျိုးက သူမသားဖြစ်သူအား “နင့်မိန်းမ စိတ်ဆိုးသွားတာလား။” ဟု တီးတိုးမေးသည်။

“သူမ စိတ်ဆိုးသွားတာ မဟုတ်ဘူး။” ချင်းပိုင်က သူ့ဇနီးသည်အကြောင်း ကောင်းကောင်းသိသည်။ သူမက ဒီလောက်ကိစ္စလေးနဲ့ စိတ်ဆိုးမှာ မဟုတ်ဘူး။ သို့တိုင်၊ ကျိုးချင်းပိုင်က ရိုးသားစွာ ပြောခဲ့သည်၊ “မနေ့က ကျွန်တော် အစ်ကိုတွေကို မေးကြည့်ခဲ့သေးတယ်။ သူတို့အကုန်လုံး လယ်ပဲလုပ်ချင်ကြတယ်၊ ဆိုင်မဖွင့်ချင်ဘူးလို့ပြောတယ်။ အမေ၊ အမေ ဒီအကြောင်းကို ပြောချင်ရင်၊ အမေကိုယ်တိုင် သူတို့ကို သွားပြောချေ။”

အမေကျိုးသည် သူမရဲ့ တခြားသားသုံးယောက် အဆင်ပြေလာဖို့ကို သဘာဝအတိုင်း မျှော်လင့်ထားသောကြောင့် သူမ တကယ်ပဲ သွားမေးကြည့်ခဲ့သည်။

သို့ပေမယ့်၊ အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့က ဆိုင်ဖွင့်ဖို့ ရည်ရွယ်ချက်မရှိပေ။

သူတို့အကုန်လုံး အိမ်ထောင်စုအလိုက် လယ်ယာမြေ စာချုပ်ချုပ်ဆိုဖို့သာ လုပ်ချင်ကြသည်။ သူတို့အားလုံးသည် နွေဦးရာသီတွင် သီးနှံစိုက်ပျိုးဖို့ စတင်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြပြီ။

အမေကျိုးက ပြန်လာတဲ့အခါ အဖေကျိုးကို သူမက ဒီအကြောင်း ထပ်ပြောခိုင်းပြန်သည်။

အမေကျိုးက တိတ်တဆိတ်ပြောသည်၊ “လောင်တရဲ့အမေနဲ့ စတုတ္ထလေးတို့ရဲ့ အပြောအရ၊ ဆိုင်ဖွင့်တာက အရမ်းကောင်းတယ်။ ဒါကြောင့် ရှင် သူတို့ကို နားချကြည့်ပါဦးလား။”

“ဘာကို နားချခိုင်းတာလဲ။ လက်ရှိအလုပ်ကရော မကောင်းဘူးလား။ အခုဆို စပါးတွေလည်း အထွက်ကောင်းတယ်၊ သူတို့သာ အလုပ်ကြိုးစားနေသရွေ့ သူတို့ဘဝတွေ ဘယ်ဆိုးနိုင်ပါ့မလဲ။” ဟု အဖေကျိုးက ဒေါသတကြီး ပြောသည်။

“ကျွန်မသိပါတယ်...”

အမေကျိုးရဲ့ စကားမဆုံး‌သေးခင် အဖေကျိုးက ကြားဖြတ်ပြောခဲ့သည်၊ “မင်း ဘာသိလို့လဲ။ စတုတ္ထရဲ့ ဇနီးသည်က သူ့မောင်ကို သူကူညီတာ ဘာမှားလို့လဲ။ ပြီးတော့ ရှောင်မိန်လည်း နောက်ကျရင် သူမရဲ့ အကူအညီကို လိုအပ်ဦးမှာပဲ။ ဒါကြောင့် မင်း မဟုတ်တဲ့ကိစ္စတွေကြောင့် စိုးရိမ်ပူပန်မနေနဲ့။ မဟုတ်ရင်၊ မင်း ဒီနှစ်နွေရာသီမှာ ငါနဲ့အတူ ဒီအိမ်မှာပဲနေ၊ မြို့တော်မှာ လိုက်နေပြီး အလုပ်သွားမရှုပ်နဲ့။”

“ကျွန်မ ပြဿနာရှာချင်တာ မဟုတ်ပါဘူး။ ကျွန်မ ဒါကို ဒီအတိုင်း တွေးနေမိရုံပါပဲ။ သားတွေက ဒါကို မလုပ်ချင်ကြဘူး။ ကျွန်မလည်း သူတို့ကို အတင်းလုပ်ခိုင်းလို့ မရပါဘူးရှင်။” ဟု အမေကျိုးက ပြန်ဖြေသည်။

တကယ်တော့ အမေကျိုးဟာ သူ့မိခင်ဖက် ‌မောင်နှမတွေနဲ့ ဆက်ဆံရေး ဆိုးရွားခဲ့ပါသည်။

ဒါပေမယ့် လူအများစုက ဒီလိုမျိုးပါပဲ။

သူမရဲ့ မွေးချင်းမောင်နှမတွေကြားက ဆက်ဆံရေးက မကောင်းမွန်ခဲ့သောကြောင့် သူမရဲ့ ကလေးတွေကို ဆက်ဆံရေးကောင်းမွန်စေချင်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီစေချင်သည်။

“အသုံးမဝင်တဲ့အရာတွေကို တွေးမနေနဲ့။ သူတို့က ဒီအသက်အရွယ်ရောက်နေပြီ။ သူတို့မှာ သူတို့ကိုယ်ပိုင်အတွေးတွေ ရှိလိမ့်မယ်။ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချပါစေ။ သူတို့အားလုံးက သူတို့တာဝန် သူတို့ယူတတ်ကြတယ်။ ဘယ်သူက မင်းစကားကို နားထောင်ဖို့ လိုအပ်မှာလဲ။” ဟု အဖေကျိုးက ပြောသည်။

အမေကျိုးက ပြောသည်၊ “ကောင်းပြီ၊ အဖိုးကြီးရေ၊ ရှင်ပြောချင်တာ ကျွန်မ သိပါပြီ၊ ရှင် ဆက်ပြောစရာ မလိုတော့ပါဘူး။”

“ဒါနဲ့ စတုတ္ထရဲ့ ဇနီးသည်က စိတ်မဆိုးဘူးမလား။” ဟု အမေကျိုးက တိုးတိုးလေး ထပ်မေးပြန်သည်။

တကယ်တော့ အမေကျိုးက သူမရဲ့ အငယ်ဆုံးချွေးမလေးကို နည်းနည်းကြောက်တယ်။ လင်းချင်းဟယ်သည် ဘယ်သောအခါမှာ မျက်စိစုံမှိတ် လုပ်ကျွေးပြုစုခြင်း မရှိခဲ့ပေ။ သူမ မကြိုက်တဲ့ စကားတွေ ပြောမိပါက ချက်ချင်း ပြန်ပြောလေ့ရှိသည်။ လင်းချင်းဟယ်သည် သူမ(အမေကျိုး)က သူမရဲ့ယောက္ခမ ဟုတ်မဟုတ်ကို ဂရုမစိုက်ဘူး။

“ဘာကို စိတ်ဆိုးစရာရှိလို့လဲ။ လောင်တရဲ့ အမေက ဒီလောက်လေးကိုတောင် သည်းမခံနိုင်ဘူးလို့ မင်းထင်နေတာလား။” ဟု အဖေကျိုးက မျက်လုံးပြူးသွားသည်။

သူ့ဇနီးသည်နှင့် နှိုင်းယှဥ်ပါက အဖေကျိုးရဲ့စိတ်သည် အလွန်ရှင်းသည်။

ဒီလို ပညာတတ်ပြီး သားသမီးတွေကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်တဲ့ ဇနီးသည်က ဒီလောက်ကိစ္စလေးကို အတေးအမှတ်ထားနိုင်ပါ့မလား။ များသောအားဖြင့်၊ သူမ စိတ်ဆိုးသွားလျှင် သူမက ချက်ချင်းတုံ့ပြန်တတ်ပြီး စိတ်ထဲမှာ သိမ်းထားတတ်တဲ့သူမျိုး မဟုတ်ပါဘူး။

ထုံးစံအတိုင်း၊ လင်းချင်းဟယ်က အတေးအမှတ်မထားပါ။ အမှန်ပင် သူမသည် သူမ၏ နိုင်ငံခြားဘာသာစကား စာအုပ်များနှင့် သင်ခန်းစွာများကို ဖတ်ရှုလေ့လာနေပါသည်။

ကျိုးချင်းပိုင်သည် ဆွေမျိုးတွေနှင့် မိတ်ဆွေသူငယ်ချင်းများထံ သွားရောက်လည်ပတ်နေခဲ့သည်။

တစ်နာရီကျော်ကြာပြီးနောက် လင်းချင်းဟယ်သည် ထမင်းချက်ရန် ထွက်လာခဲ့သည်။ အမေကျိုးက ဂရုတစိုက်ပြောသည်၊ “နင် စာလေ့လာရတာ ပင်ပန်းနေပြီ။ ဒီညတော့ ဘန်းမုန့်တွေပဲ စားကြရအောင်။ အမေပဲ လုပ်လိုက်မယ်။”

“ဟုတ်ကဲ့။ အမေ၊ ဒါဆိုရင် ဘန်းမုန့်တွေပဲ ပေါင်းလိုက်ပါ။ ကျွန်မ ကျိုးတုန်းတို့ရဲ့အိမ်ကို သွားလည်လိုက်ဦးမယ်။” ဟု လင်းချင်းဟယ်က စိတ်ထဲ ဝမ်းသာသွားပြီး သူမမျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။

“ဒါဆိုရင် စောစောပြန်လာဖို့ သတိရဦး။ အချိန်အကြာကြီး ထိုင်မနေနဲ့။” အမေကျိုးက သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်လိုက်သည်။

လင်းချင်းဟယ်က သကြားလုံးတစ်ထုပ် ဆွဲယူကာ ကျိုးတုန်းနှင့် ချိုင်ပါ့မိန်တို့ရဲ့အိမ်ကို အလည်သွားခဲ့သည်။

ကျိုးတုန်းနှင့် ချိုင်ပါ့မိန်က ကလေးနှစ်ယောက်ရှိပြီး ပထမကလေးမှာ ယောကျာ်းလေးဖြစ်ကာ ဒုတိယက‌လေးမှာ မိန်းကလေးဖြစ်သည်။ ယခု ချိုင်ပါ့မိန်ရဲ့ ဗိုက်ထဲမှာ နောက်တစ်ယောက် ကိုယ်ဝန်ဆောင်ထားပြန်သည်။

ဒီအရှိန်က အရမ်းမြန်တယ်လို့ ပြောရပါမည်။

ကျိုးတုန်းပင် မပြောနဲ့ဦး၊ မနှစ်တုန်းက အိမ်ထောင်ကျခဲ့သည့် ကျိုးရှားပင် ဒီနှစ်မှာ ဗိုက်ကြီးနေပြီး ကလေးမွေးတော့မည်။ မျက်စိတစ်မှိတ်အတွင်း မောင်နှမနှစ်ယောက်စလုံး မိဘတွေ ဖြစ်လာတော့မည်။

ဒါက အတော်လေးကို စိတ်ထဲခံစားရစေပါသည်။

All Chapters