ရှုရှန့်မိန်
Vol. 23 Ch. 313
အခန်း (၃၁၃) – ရှုရှန့်မိန်
အခု မြို့တော်ကိုသွားဖို့ ဆုံးဖြတ်လိုက်တာနဲ့ ဆိုင်တစ်ဆိုင်ရှိဖို့က အလွန်သဘာဝကျပါသည်။
“ငါ နင်တို့အတွက် ဆိုင်တစ်ဆိုင် ရှာကြည့်ထားမယ်။ သင့်တော်တာတွေ့ရင် ငါ နင့်တို့အတွက် မေးပေးမယ်။ ငှားရမ်းခကို လအနည်းငယ်လောက် ကြိုတင်ပေးထားရင် ပိုကောင်းလိမ့်မယ်။ ဒါပေမယ့် ငါ့အမြင်အရတော့ တိုက်ရိုက်ဝယ်ထားတာ အကောင်းဆုံးပဲ။” ဟု လင်းချင်းဟယ်က ပြောသည်။
“စတုတ္ထယောင်းမ၊ နင်က နင်တို့ဆိုင်ကိုရော ဝယ်ထားတာလား၊ ငှားထားတာလား။” ဟု ကျိုးရှောင်မိန်က တိုးတိုးလေးမေးသည်။
လင်းချင်းဟယ်က ပြုံးရယ်လိုက်ပြီး ကျိုးရှောင်မိန်တို့လင်မယားကို ကြည့်ကာ “ငါ နင့်ကို ပြောပြမယ်၊ ဒါပေမယ့် ဒီအကြောင်းကို ဘယ်သူမှ ပြန်မပြောနဲ့။ အဲဒီဆိုင်ကို နင့်အစ်ကိုနဲ့ ငါက ငါတို့ရဲ့ စည်းစိမ်ဥစ္စာတွေ အကုန်ပုံအောပြီး ဝယ်ခဲ့တာ။” ဟု ပြောလိုက်သည်။
“နင် တကယ်ဝယ်ခဲ့တာလား။” ကျိုးရှောင်မိန်က အံ့သြသွားသည်။
စုတာ့လင်းကတော့ သိပ်မအံ့သြဘူး။ သူတို့အိမ်ထောင်စုစာရင်းကို မြို့တော်ကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်လို့ နောင်တစ်ချိန်မှာ မြို့တော်မှာပဲ နေတော့မှာ သေချာပါသည်။ မြို့တော်မှာ အခြေချနေထိုင်မယ်ဆိုတော့ ဆိုင်တစ်ဆိုင် အပိုင်ဝယ်ထားလိုက်တာက ပိုကောင်းပါလိမ့်မည်။
“အင်း” လင်းချင်းဟယ်က ခေါင်းညိတ်သည်။
“ဘယ်လောက် ပေးရလဲ။” ကျိုးရှောင်မိန်က မနေနိုင်ဘဲ မေးလိုက်မိသည်။
“ယွမ်သုံးထောင်ကျော်လောက်။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“အဲ့လောက်စျေးကြီးလား။” ကျိုးရှောင်မိန်တစ်ယောက် အံ့အားသင့်သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် သူမနှင့် စုတာ့လင်းတို့သည် ပိုက်ဆံအနည်းငယ် စုဆောင်းခဲ့မိကြသည်။ မိသားစုတစ်စုတွင် ယွမ်သုံးထောင်လောက် ပိုင်ဆိုင်ထားလျှင် ဒါက အတော်လေး ကြွယ်ဝသည်ဟု ဆိုနိုင်သည်။ သို့သော် မမျှော်လင့်ထားတာက မြို့တော်တွင် ဆိုင်တစ်ဆိုင်ရဲ့ စျေးနှုန်းက ထိုမျှ ရှိလိမ့်မည်ဟု ဘယ်တုန်းကမှာ မတွေးခဲ့ကြဘူး။
“ငါတို့ဆိုင်က နှစ်ထပ်မို့ပါ။ အပေါ်က ဒုတိယထပ်မှာ လူနေဖို့ နေရာရှိတယ်။ နင်တို့ကတော့ ဆိုင်အသေးလေးတစ်ဆိုင်လောက် ငှားလို့ရတယ်။ မုန့်ဆိုင်က အရမ်းကြီးနေဖို့မလိုဘူး။ လူတွေက လမ်းမှာစားလို့ရတယ်။” လင်းချင်းဟယ်က ပြောပြီး “ဒါပေမယ့် ပိုကြီးတာက ပိုကောင်းမယ်လို့ထင်တယ်။ နှစ်ထပ် မဟုတ်ဘူးဆိုရင် ယွမ်နှစ်ထောင်လောက်ပဲ ရှိလိမ့်မယ်။”
“အရင်ဆုံး ငှားပဲငှားဦးမယ်။” ကျိုးရှောင်မိန်က ခေါင်းခါလိုက်သည်။
လင်းချင်းဟယ်က သူတို့ကို ဆက်နားမချတော့ဘူး။ သူတို့ အကျိုးကျေးဇူးတွေကို မြင်ပြီးရင် ဝယ်ချင်လာလိမ့်မည်။
“စကားမစပ်၊ ငါ့တတိယမောင်လေးကိုလည်း မြို့ထဲမှာ ဆိုင်တစ်ဆိုင်ဝယ်ဖို့ အကြံပေးထားတယ်။ နင်တို့ အကြံပြုချင်တဲ့နေရာရှိလား။” ဟု လင်းချင်းဟယ်က မေးသည်။
သူတို့နှစ်ယောက်လုံးက မြို့ထဲမှာနေပြီး တစ်ယောက်နဲ့တစ်ယောက် အတော်လေး ရင်းနှီးကြသည်။
“လောင်တဦးလေးက မြို့ထဲမှာ ဆိုင်ဖွင့်မှာလား။” ကျိုးရှောင်မိန်က အံ့အားသင့်စွာ မေးလိုက်သည်။
“အင်း၊ သူ ဒီနှစ် ဆိုင်ဖွင့်ဖို့ စီစဥ်ထားတယ်။” လင်းချင်းဟယ်က ခေါင်းညိတ်သည်၊ “မြို့တော်ကို မသွားချင်ဘူးဆိုတော့ ဒီမှာပဲ ဆိုင်ဖွင့်ဖို့ ငါအကြံပြုထားတယ်။”
“ဒါပေမယ့် သူက ဘာရောင်းမှာလဲ။” ကျိုးရှောင်မိန်က မမေးဘဲ မနေနိုင်ခဲ့ဘူး။
“ကျေးလက်ဒေသမှာ ရတဲ့ စားသုံးနိုင်တဲ့ ပစ္စည်းမှန်သမျှကို ဘာဖြစ်လို့ မရောင်းနိုင်မှာလဲ။” ဟု လင်းချင်းဟယ်က ပြောသည်။
“ကျွန်တော်... ကျွန်တော် ရှာထားလိုက်... ကျွန်တော့်ဒေါ်လေးကို မေး... မေးပြီး” စုတာ့လင်းက ပြောသည်။
ဒီအကြောင်းကို သူ မသိပေမယ့် သူ့ဒေါ်လေးကတော့ သိလိမ့်မည်။ နောက်ဆုံးတော့၊ သူမရဲ့ သတင်းအချက်အလက်တွေက အတော်လေး သစ်လွင်သည်။
“ဒါဆိုရင် ငါ နင့်ကိုပဲ အနှောင့်အယှက် ရဦးမယ်၊ မတ်လေးရေ။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။
“စတုတ္ထယောင်းမ၊ အခု ဆိုင်ဖွင့်တာ အရမ်းကောင်းလား။” ကျိုးရှောင်မိန်က မေးသည်။
“ငါ ဘယ်လိုရှင်းပြရမှန်းမသိပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အတော်လေး ရေပန်းစားလာလိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောခဲ့ပါသည်။
၁၉၈၀ ခုနှစ်များအစောပိုင်းတွင် လမ်းဘေးဆိုင်များသည် အလွန်ရေပန်းစားခဲ့သည်။ ၁၉၈၀ ခုနှစ်များ အလယ်ပိုင်းတွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများသည် သမားရိုးကျအလုပ်အကိုင်လို ဖြစ်လာခဲ့ပြီး ၁၉၉၀ ခုနှစ်ပြည့်လွန်နှစ်များအထိ ဆက်လက်တည်ရှိနေနိုင်သည်။ ယခုအချိန် ဆိုင်ဖွင့်ပြီး ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက တဖြည်းဖြည်း အခြေကျသွားလိမ့်မည်။ စီးပွားရေးလုပ်ကိုင်တာက ပိုဆိုးနိုင်ပါ့မလား။
ဆယ့်တစ်နာရီလောက်မှာ အကြီးဆုံးအစ်မနှင့် အကြီးဆုံးယောက်ဖ၊ ဒုတိယအစ်မနှင့် ဒုတိယယောက်ဖတို့ အလည်ရောက်လာသည်။
အကြီးဆုံးအစ်မသည် အလွန်ကြည့်ကောင်းသည့် သူမ၏ တတိယသမီး ရှုရှန့်မိန်ကိုပါ ခေါ်လာခဲ့သည်။
သူမက အလွန်ရှက်တတ်တဲ့ ကလေးမလေး ဖြစ်သည်။ စကားပြောတဲ့အခါ လူတွေကို မကြည့်ရဲဘူး။ သူမရဲ့ မျက်ဝန်းတွေက လှည့်ပတ်နေပြီး အကြည့်တွေကို ရှောင်ဖယ်နေခဲ့သည်။ သူတို့က သူစိမ်းတွေလည်း မဟုတ်ဘူး၊ ဒီလောက်ကြီးနေပြီဖြစ်တဲ့ မိန်းကလေးက ကိုယ့်ဦးလေးအိမ် လာတာကို ဘာဖြစ်လို့ ကြောက်သလို ရွံ့သလို ဖြစ်နေရတာလဲ။
“ရှန့်မိန်၊ ဒီကိုလာ။ သကြားလုံး လာယူချေ။” ဒါပေမယ့် ဒီကလေးမက သူမ သမီး မဟုတ်ဘူး။ လင်းချင်းဟယ်က သူမကို ဧည့်ခံပြီး ဘာမှ ထပ်မပြောဝံ့တော့ပေ။ သူမစားဖို့ သကြားလုံးနှစ်လုံး ပေးလိုက်သည်။
“ကျေးဇူးပါ၊ ဒေါ်လေး” ရှုရှန့်မိန်က ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။
“ချင်းဟယ်၊ ချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်က စီးပွားရေးကောင်းတယ်လို့ ငါကြားယ်။ ငါ့မိသားစုရဲ့ ကောင်မလေးက လုပ်တာကိုင်တာ သပ်ရပ်တယ်။ ဒီကလေးမကို အိမ်မှာပဲထားရင် ဘာမှလုပ်စရာမရှိဘူး၊ ဒီကလေးမကို နင်တို့ကိုကူညီဖို့ မြို့ကိုခေါ်သွားပါလား။” အကြီးဆုံးအစ်မက ပြောသည်၊ “နင် ဒီကလေးမအတွက် ပိုက်ဆံပေးစရာမလိုဘူး။ ဒီကလေးမကို ခေါ်ပြီး ခိုင်းစေရုံနဲ့ လုံလောက်တယ်။”
လင်းချင်းဟယ်က ရှုရှန့်မိန်ကို တစ်ချက်ကြည့်လိုက်သည်။ ရှုရှန့်မိန်ရဲ့ မျက်နှာက နီရဲနေပြီး ဘာမှ မဆိုပေ။
ဒါပေမယ့် တကယ်တမ်းပြောရရင် လင်းချင်းဟယ်ရဲ့ဆိုင်မှာ လူတစ်ယောက်တော့ လိုသည်။ အထည်ဆိုင်မှာ စောင့်ကြည့်ဖို့ လူနှစ်ယောက်တော့ ရှိရမည်။ တစ်ယောက်တည်းကို အားကိုးရုံနဲ့ မလုံလောက်ဘူး။
လင်းချင်းဟယ်သည် မူလက မြို့တော်တွင် နောက်တစ်ယောက် ထပ်ရှာဖို့ စီစဥ်ထားခဲ့သည်။ သို့တိုင်၊ ဒါက သူမရဲ့ တူမဖြစ်သောကြောင့် လင်းချင်းဟယ်သည် သူမလေးကို မြှင့်တင့်ပေးလိုစိတ်ရှိသည်။
“ရှန့်မိန်က နည်းနည်းရှက်တတ်တော့ ဧည့်သည်တွေကို ဧည့်မခံနိုင်မှာ စိုးရိမ်တယ်။” လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။
“ဒီကလေးမက ဧည့်မခံနိုင်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ ဒီကလေးမကိုလည်း အာ့နီလို ပန်းကန်တွေပဲ ဆေးခိုင်းလိုက်ပါ။” အကြီးဆုံးအစ်မက ပြန်ဖြေသည်။
သူမသည် ကျိုးအိမ်ဟောင်းရှိ အကြီးဆုံးမရီးထံမှ ဒါကို ကြားခဲ့ရသည်မှာ သိသာထင်ရှားပါသည်။
အကြီးဆုံးအစ်မသည် ရှုရှန့်မိန်ကို သူမဆီ ခေါ်ဆောင်လာတာက မည်သည်ကို ဆိုလိုချင်ကြောင်း သူမ သိသောကြောင့် သူမသည် ဒီအကြောင်းကို သဘာဝကျကျ ပြောပြချင်ခဲ့သည်။
လင်းချင်းဟယ်က အထည်ဆိုင်တွင် အလုပ်လုပ်ရမယ့်အကြောင်းကို မပြောခဲ့သည့်အတွက် သူတို့က ဖက်ထုပ်ဆိုင်တွင် အလုပ်လုပ်ရမည်ဟု ထင်နေကြသည်။
သို့သော် လင်းချင်းဟယ်က ဒါကို ပြောဖို့ ရည်ရွယ်ချက် မရှိပေ။ သူတို့ မြို့တော်ကို ရောက်သည့်အခါမှ ထိုအကြောင်းကို သဘာဝကျကျ သိသွားပေလိမ့်မည်။
“ရှန့်မိန်က စာဖတ်တတ်လား။” လင်းချင်းဟယ်က ဆက်မေးသည်။
“မဖတ်... မဖတ်တတ်ဘူး။” ရှုရှန့်မိန်ရဲ့မျက်နှာဟာ အနည်းငယ် နီရဲသွားသည်။
မိခင်တွေအားလုံးဟာ သူတို့သမီးတွေကို ကျောင်းထားချင်စိတ်ရှိကြတဲ့ အကြီးဆုံးမရီးနဲ့ တတိယမရီးတို့လိုမျိုး မဟုတ်ကြဘူး။
ဟုတ်တယ်၊ သူမရဲ့ ချဲ့ကားပြောဆိုမှုအောက်တွင် တတိယမောင်လေးလင်းတို့လင်မယားသည်လည်း သူတို့ရဲ့ သမီးမိန်းကလေးတွေကို ကျောင်းထားလိုစိတ်ရှိလာကြသည်။ အနည်းဆုံးတော့ စာမတတ်တာထက်တော့ ပိုကောင်းပါသည်။
“စာမတတ်ဘူးဆိုတော့၊ လစာက အာ့နီထက် ပိုနည်းလိမ့်မယ်။ အာ့နီက စာရေးစာဖတ်တတ်တယ်။ သူမက စာရင်းမှတ်ပြီးတော့ တွက်ချက်ရလိမ့်မယ်။ သူမရဲ့အလုပ်က မင်းထက်ပိုများလိမ့်မယ်။” လင်းချင်းဟယ်က ပြတ်ပြတ်သားသားပြောသည်။
“မရလည်း ဖြစ်တယ်။ နင် ဒီကလေးမကို မြို့တော်ကို ခေါ်သွားဖို့ ဆန္ဒရှိရင်ကို ကောင်းနေပါပြီ။ လစာမပေးလည်း အဆင်ပြေတယ်။” ဟု အကြီးဆုံးအစ်မက ခပ်မြန်မြန် ပြောလိုက်သည်။
လင်းချင်းဟယ်က ပြုံးပြီး “မပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ ရှန့်မိန်လည်း လစာရတော့ အလုပ်လုပ်ချင်စိတ် ပိုရှိမှာပေါ့။ ဒါပေမယ့်၊ ရှန့်မိန် နင် ဒီထက်ပိုပြီး ရဲရင့်ရမယ်။ အခု မင်းက အရွယ်ရောက်နေတဲ့ မိန်းကလေးပဲ။ အရမ်းလှနေတော့ သဘောလည်း ပိုချိုရမယ်။” ဟု ပြောလိုက်သည်။
ရှုရှန့်မိန်က နှုတ်ခမ်းကို အသာကိုက်ရင်း မျက်နှာကို မော့ကာ “ဒေါ်လေး၊ သမီး... သမီး အကောင်းဆုံး ကြိုးစားပါ့မယ်။” ဟု ပြောလိုက်သည်။
လင်းချင်းဟယ်က ခေါင်းညိတ်သည်၊ “တကယ်လို့ မင်း နားမလည်တာရှိရင် ငါ့ကို မေးလို့ရတယ်။”
ဒုတိယအစ်မက ရှက်ကိုးရှက်ကန်းနဲ့ “ချင်းဟယ်၊ နင် မြို့တော်မှာ လက်တိုလက်တောင်း ခိုင်းစေဖို့ ကောင်လေးတစ်ယောက် လိုသေးလား။” ဟု မေးလိုက်သည်။
ဒါကိုကြားတော့ လင်းချင်းဟယ်က ရယ်မောပြီး “လိုတော့ လိုတယ်။ ဒုတိယအစ်မ၊ အစ်မက ဘယ်သူ့ကို အကြံပြုဖို့ စိတ်ကူးထားလဲ။” ဟု မေးလိုက်သည်။
လင်းချင်းဟယ်သည် သူမရဲ့ တူတွေ တူမတွေက စိတ်ထားကောင်းမွန်နေသရွေ့ မြှင့်တင်ပေးလိုစိတ်ရှိခဲ့သည်။
သူတို့လေးတွေကို ဒီအချိန်မှာ အပြင်လောကကြီးကို ရှုမြင်စေပြီး အမြင်ကျယ်စေကာ လမ်းမလွဲသရွေ့ အနာဂတ်မှာ ပိုကောင်းပါလိမ့်မည်။
“ငါ့ရဲ့ ဟူကျစ်ကို နင် ဘယ်လိုထင်လဲ။” ဒုတိယအစ်မက သူမရဲ့ ပြောစကားကို လင်းချင်းဟယ်က သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားသောကြောင့် အမြန်မေးလိုက်သည်။
ဒုတိယအစ်မမှာ ပထမတော့ ဒီလိုလုပ်ဖို့ အစီအစဥ်မရှိသလို မြို့တော်မှာ ဝန်ထမ်းလိုအပ်မှု ရှိမရှိကိုလည်း မသိရပါဘူး။ သူမသည် ကောင်လေးတွေက လုပ်တာကိုင်တာ မသေသပ်ဘူးလို့ ခံစားရသည်။ သူက ဘာလုပ်နိုင်ပါ့မလဲ။
ဒါကြောင့် သူမသည် သူ့ကို ဒီကိုတောင် မခေါ်လာခဲ့ဘူး။
သို့သော် ဒီတစ်ခါတော့ သူမရင်ထဲ အနည်းငယ် လှုပ်ရှားသွားသည်။
သူမ ပြောနေတဲ့ ဟူကျစ်သည် သူမရဲ့ တတိယမြောက်သားဖြစ်သည်။ အကြီးဆုံးက သားဖြစ်ပြီး ဒုတိယကတော့ သမီးဖြစ်သည်။ ဒီဟူကျစ်ကတော့ တတိယမြောက်သား ဖြစ်သည်။ ဒီနှစ်ဆို အသက် ၁၇ နှစ် ရှိပြီ။ ရှုရှန့်မိန်နှင့် တစ်နှစ်တည်း မွေးဖွားခဲ့ပြီး ရှုရှန့်မိန်ထက် တစ်လငယ်သည်။