← Chapters

ရတနာတောင်ပေါ် ထိုင်မိမှန်း မသိကြသူများ

Vol. 52 Ch. 716

ရတနာတောင်ပေါ် ထိုင်မိမှန်း မသိကြသူများ

Vol. 52 Ch. 716

ကြီးထွားတိုးတက်သစ်သားဖြင့် ပြုလုပ်ထားသော သည်သေတ္တာလေးသည် ထန်ရှုအတွက် မမျှော်လင့်ထားသောအရာ ဖြစ်ပြီး အင်မော်တယ်ကမ္ဘာ၌ပင် သစ်သားကောင်းအဖြစ် နာမည်ကြီးပေသည်။ ကျင့်ကြံမှု လမ်းကြောင်းပေါ်သို့ ဝင်လာခဲ့သည့် အင်မော်တယ်ကျင့်ကြံသူများအတွက် ထိုသစ်သားအား လေ့ကျင့်ရေးဓားများ ပြုလုပ်ရန် အသုံးပြုကြသည်။ ၎င်းသည် အလွန်တာရှည်ခံကာ အသက်ဓာတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပြီး အတွင်း၌ ဖြည်းဖြည်းချင်း အသက်စွမ်းအားကိုပင် စုဆောင်းထားနိုင်ကာ ကိုင်ဆောင်သူ၏ခန္ဓာကိုယ် ကြီးထွားမှုနှင့်အတူ အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေပြီး ၎င်းတို့၏ချီကို တည်ငြိမ်စေသည်။

ကြီးထွားတိုးတက်သစ်သားကို အသုံးပြု၍ အတွင်း၌ တစ်စုံတစ်ရာကို သိမ်းဆည်းခြင်းသည် ထန်ရှုအတွက်ပင် အဆင့်မြင့်ခမ်းနားလွန်းနေသည်။ တကယ်တမ်း သည်နေရာသည် ကမ္ဘာမြေဖြစ်ပြီး အင်မော်တယ်ကမ္ဘာနှင့် ယှဉ်ပါက အရင်းအမြစ် နည်းပါးသည်။ သူသည် သေတ္တာအတွင်းမှ သိမ်းဆည်းထားသော အရာဝတ္တုကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

အဖုံးဖွင့်ပြီး အတွင်းတွင် ရှိသော အရာဝတ္ထုများအား ရှင်းလင်းစွာ ကြည့်လိုက်သောအခါ မြွေပါကောင်၏ အမွေးအမှင်များဖြင့် ပြုလုပ်ထားသော စုတ်တံတစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုငွေရောင်စုတ်တံသည် ထူးထူးခြားခြားရောင်ဝါ သို့မဟုတ် ထူးထူးခြားခြားပုံစံ ဘာမှ မရှိသော်လည်း အမွှေးအမျှင်ကြိုးတစ်ခုစီမှ ပေါ်ထွက်နေသော ကြည်လင်ပြီး နွေဦးကဲ့သို့ နွေးထွေးသော ဝိညာဉ်စွမ်းအားများကို ကျင့်ကြံသူတစ်ဦးအနေဖြင့် ပြင်းပြင်းထန်ထန် သူ ခံစားမိသည်။ ခဏအကြာတွင် သူသည် အာရုံစိုက်ကြည့်ပြီး သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

"ဒါတွေက …"

သည်တွေ့ရှိချက်သည် ထန်ရှုအတွက် အတော်လေး ထိတ်လန့်စရာကောင်းသည့် ရှာဖွေတွေ့ရှိမှုတစ်ခုပင်။ ကျယ်ပြန့်ပြီး နက်ရှိုင်းသော အသိပညာရှိသော်လည်း မြွေပါတစ်ကောင်၏အမွှေးအမျှင်စုတ်တံပေါ်တွင် ရှေးဟောင်းစာအုပ်ကို မှတ်တမ်းတင်ထားသူအကြောင်း သူ မကြားခဲ့ဖူးပေ။ အမွှေးအမျှင်ကြိုးတစ်ခုစီတွင် ရေးထားသော စာလုံးများသည် သေးငယ်သော်လည်း ပြည့်စုံသော ကျင့်ကြံနည်းစနစ်တစ်ခုစီအား ဖော်ပြထားသည်။

ဒါ မှန်တယ် … ဒါက ကျင့်ကြံနည်းစနစ်တစ်ခုကို မှတ်တမ်းတင်ထားတာပဲ။

ဤအမွှေးအမျှင်စုတ်တံတွင် အနည်းဆုံးရာနှင့်ချီသော အမွှေးအမျှင်ကြိုးများ ပါရှိပေရာ ၎င်းတွင် မှတ်တမ်းတင်ထားသော ကျင့်ကြံနည်းစနစ် ရာနှင့်ချီရှိနေသည်ဟု ဆိုလိုနေခြင်းပင်။ ထို့အပြင် ကျင့်ကြံနည်းစနစ်တိုင်းသည် တိုက်ပွဲပုံစံများနှင့် မှော်မန္တာန်များဖြင့် အသင့်တော်ဆုံး ပြည့်စုံသော အရာများ ဖြစ်သည်။

“ဒီကြိုးတွေအပေါ်မှာ ရေးထားတဲ့ မှတ်တမ်းတွေကို မြင်နိုင်ဖို့ဆိုရင် အနည်းဆုံး ချဲ့ထွင်မှုအဆင့်တစ်ရာရှိတဲ့ အဏုမြူကြည့်မှန်ပြောင်းကို  သုံးမှရမယ်။ ဒါကို ဖန်တီးနိုင်တဲ့ စွမ်းအားကြီးသူက ဘယ်သူများ ဖြစ်နိုင်မလဲ။ တွေးကြည့်ရင် ဒါက  ဂိုဏ်းငယ်များစွာရဲ့ ကျင့်ကြံနည်းစနစ်တွေကို မှတ်တမ်းတင်ထားတာ ဖြစ်မလား။ ဒီကျင့်ကြံနည်းစနစ်တွေက သာမန်နည်းစနစ်တွေဆိုပေမယ့် ဒါတွေက သာမာန်လူတွေအတွက်ဆိုရင် ပြိုင်ဘက်ကင်း ရှေးဟောင်းကျမ်းတွေပဲ။ အင်မော်တယ်ကမ္ဘာမှာ ငါသာ တစ်ချိန်က အထွတ်အထိပ် မဖြစ်ခဲ့ဖူးဘူးဆိုရင် ဒီရှေးဟောင်းစာအုပ်တွေ ရရှိတာကို ငါ ဝမ်းသာနေမိလိမ့်မယ်။"

သူ၏စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ထန်ရှုသည် ကျိမုကို ကြည့်ကာ

"မင်း ငါ့ကို တကယ် လက်ဆောင် ပေးချင်တာလား။"

"ဟုတ်တယ်။ လက်ဆောင်ဆိုတာ စီးဆင်းသွားတဲ့ရေလိုပဲ ပြန်မယူနိုင်ပါဘူး။” ကျိမုက အလေးအနက် ပြောလိုက်သည်။

ထန်ရှုက လက်ဖျောက်တီးကာ မိုအားဝူကို လက်ဝှေ့ယမ်းပြပြီး

"သူ့ကို အခန်းတစ်ခုရှာပေးပြီး လူ့ခန္ဓာကိုယ်ထဲက သွေးကြောဆုံမှတ်တွေနဲ့ မရီဒျာန်တွေကို မှတ်မိအောင် သင်ပေးထားပါ။ မနက်ဖြန်မနက်ရောက်ရင် သူ့ကို အဓိကသွေးကြောဆုံမှတ်တွေနဲ့ မရီဒျာန်တွေရဲ့ လမ်းကြောင်းအားလုံးကို အလွတ်မှတ်မိစေချင်တယ်။"

"နားလည်ပါပြီ။" မိုအားဝူက လေးလေးစားစား ခေါင်းညိတ်သည်။

ကျိမု ပြောစရာစကားမဲ့နေသည်။ သူသည် ဉာဏ်ထက်သူတစ်ယောက် ဖြစ်သော်လည်း ယခုအခိုက်တွင် သူ့ဦးနှောက်သည် ပြတ်တောက်သွားသကဲ့သို့ ဖြစ်နေသည်။ အချိန်အတော်ကြာပြီးနောက်မှ သူ အသိပြန်ဝင်လာဟန်ဖြင့် ဝမ်းသာကျေနပ်သွားသော အမူအရာဖြစ်ပေါ်လာပြီး ထန်ရှုအား အရိုအသေပေးမည့် အမူအရာဖြင့် ဆိုဖာပေါ်မှ ခုန်ဆင်းလာသည်။ သို့သော်လည်း ထန်ရှုက သူ့ကို ဟန့်တားလိုက်ပြီး စကားပြောရန် အခွင့်အရေး မပေးခဲ့ပေ။

စားပွဲဘေးတွင် တင်ပျဉ်ခွေထိုင်နေသော လူလူသည် မိုအားဝူ၏အနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်သွားသော ကျိမုကို ကြည့်နေမိသည်။ ထို့နောက် သူမက ခေါင်းလှည့်လာပြီး

“နင် သူ့ကို ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ကျင့်ကြံနည်းစနစ်ကို သင်ပေးတာလဲ။ နင့်ကို လက်ဆောင်ပေးခဲ့တာတွေက အရမ်းတန်ဖိုးရှိလို့လား။"

“ဒီစုတ်တံရဲ့အမွှေးအမျှင်ကြိုးတစ်ချောင်းစီမှာ မှော်မန္တာန်၊ တိုက်ခိုက်ရေးပုံစံနဲ့ ကျင့်ကြံနည်းစနစ်တစ်ခုစီကို မှတ်တမ်းတင်ထားတယ်။ ကျိမိသားစုက တစ်ချိန်လုံး ဘဏ္ဍာတိုက်တစ်လုံးကို ပိုင်ဆိုင်ထားပေမယ့် အဲ့ဒါကို သတိမပြုမိကြဘူး။ သူက ဒီအခွင့်အရေးကို လိုချင်တဲ့အတွက် ငါ သူ့ကို ဒီအခွင့်အရေးကို ပေးမယ်။"

သူတို့တွေက ရတနာတောင်ပေါ်မှာ ထိုင်မိနေကြတာကို မသိကြဘူးတဲ့လား။

လူလူသည် ကျိမု ထွက်သွားသော စင်္ကြံန်လမ်းကို တစ်ချက်ကြည့်လိုက်ပြီး ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားရသည်။ ထို့နောက် သူမက ခေါင်းယမ်းကာ အပြုံးဖြင့်

"ကျိမိသားစုက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။"

ထိုအချိန်တွင် ကျင်းရှီက လှမ်းဝင်လာပြီး လေးလေးစားစား အစီရင်ခံလိုက်သည်။

"သူဌေး … အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ကို ငါ ဖမ်းမိလာတယ်။"

ထန်ရှုက တွေကနဲဖြစ်သွားပြီး ဇဝဇေဝါ ဖြစ်သွားသော အမူအရာဖြင့် မေးမိသည်။

"အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့လူ ဟုတ်လား။ မင်း ဘာကို ဆိုလိုတာလဲ။"

“သူ့နာမည်က ကြွက် — ရှန်ဟိုင်းရဲ့ မြေအောက်ဒေသခံ အာဏာရှင်လို့ ခေါ်တယ်။ သူက ရှန်ဟိုင်းရဲ့ သတင်းကွန်ရက်ကို ထိန်းချုပ်ထားတယ်။ ရှန်ဟိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘယ်အဖြစ်အပျက်မဆို အမျိုးသမီးအတွင်းခံဘောင်းဘီ ခိုးယူခံရတာပဲဖြစ်ဖြစ်၊ အသေးအမွှားအဖြစ်အပျက်ကနေ လူသတ်မှုအထိ သူ စုံစမ်းဖော်ထုတ်ချင်သရွေ့တော့ ရလဒ်တွေ ရယူနိုင်မှာ အသေအချာပဲ။ စိတ်ဝင်စားစရာကောင်းတာက သူ့ကိုဖမ်းပြီး ဒီကိုမခေါ်လာခင်လေးမှာပဲ စစ်တပ်အရာရှိအချို့တောင် ကြီးမားတဲ့ကိစ္စရပ်တွေကို ဖြေရှင်းဖို့ သူ့ဆီကနေ သတင်းအချက်အလက်တွေကို ဝယ်ယူတာတောင် တစ်ခါတစ်လေ တွေ့ရတယ်။ ဒီတလော ရှန်ဟိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းကြီးတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝယ်ယူဖို့ စစ်တပ်ကလူတချို့က ငွေတစ်သန်းလောက် သုံးစွဲခဲ့တယ်။”

"ဘယ်လောက်တောင် ကြံရည်ဖန်ရည်ကောင်းတဲ့လူလဲ" ထန်ရှု အံ့သြသွားသည်။

“သူ့ရဲ့ သတင်းအချက်အလက်ကွန်ရက်က နိုင်ငံတော် ထောက်လှမ်းရေး အေဂျင်စီတွေထက် ပိုကောင်းနေတာလား။ ပြောရင် မင်း သူ့ကို ဖမ်းပြီးခေါ်လာတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။"

"သူ့လို အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို သူဌေး လိုအပ်မယ် ထင်လို့ပါ …" ကျင်းရှီ ပြုံးလိုက်သည်။ "သူက အရမ်းအရည်အချင်းရှိပြီး သူ့ဘဝအတွက် ပိုက်ဆံကြိုက်တယ်။"

ထန်ရှုက မျက်လုံးအစုံကို မှေးစင်းလိုက်ပြီး

"ကောင်းပြီ … သူ့ကို ဒီကိုခေါ်ခဲ့ပါ။”

“ဟုတ် သူဌေး …”

နှစ်မိနစ်လောက် ကြာသောအခါ ကျင်းရှီက ကြွက်နှင့်အတူ ဧည့်ခန်းကို ရောက်လာသည်။ ကြွက် ရောက်သောအချိန် သူတို့နှင့်တွေ့သောအခါ လူလူ၏လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းလည်ဆွဲအား လျှို့ဝှက်စွာ စိုက်ကြည့်လိုက်သည်။

“၁၀၀ … မဟုတ်သေးဘူး ၃မီလီယံ။ ဒီကျောက်စိမ်းထွင်းလည်ဆွဲကို ၃မီလီယံနဲ့ ငါ့ကို ရောင်းရင်ရော ဘယ်လိုလဲ။” မျှော်လင့်ချက်ဖြင့် ကြွက်က မေးလိုက်သည်။

လူလူက မျက်လုံးလှိမ့်ပြလိုက်ပြီး သူ့ကို ရွဲ့တဲ့တဲ့ ပြောလိုက်သည်။

“ဟမ့် … ၃မီလီယံလား။ နင် အိပ်မက်မက်နေတာလား ဒါမှမဟုတ် နုံအနေတာလား။ ဒီဟာကို ဘာနဲ့လုပ်ထားလဲဆိုတာကို နင် သိနိုင်တယ်မလား။ အဲ့ဒါကို ၃မီလီယံပဲ တန်တယ်လို့ နင် ထင်တယ်ပေါ့။”

အာ ... ကြွက်က ပြောစရာစကားမဲ့သွားပြီး သူ့မျက်လုံးများကို တုံ့ဆိုင်းစွာ ရွေ့လျားလိုက်သည်။ ဤကျောက်စိမ်းထွင်းထုလည်ဆွဲ၏တန်ဖိုးသည် ၃မီလီယံမကဘဲ ယွမ်မီလီယံ၃၀ဖြင့်ပင် ဝယ်ရန် မလုံလောက်ပေ။

သူတို့ကြားထဲမှ စကားများသည် ထန်ရှု၏ စိတ်ဝင်စားမှုကို ရုတ်ခြည်း တိုးသွားကာ အတော်လေး ရွှင်မြူးသွားရသည်။ သူက ကြွက်၏လိမ္မာပါးနပ်သော သူခိုးသွင်ပြင်နှင့် မျက်နှာထက်ရှိ စိတ်ပျက်သွားဟန်ကို ကြည့်ကာ လက်ခုပ်လက်ဝါးတီးလိုက်ပြီး

“ကောင်းပြီ … ကောင်းပြီ။ ကောက်ကျစ်ပြီး လိမ္မာပါးနပ်တယ် … ကပ်စေးနည်းတယ် —အချို့နယ်ပယ်တွေမှာ အရည်အချင်းရှိသူတွေရဲ့ စရိုက်လက္ခဏာတွေ အမှန်တကယ် ရှိတာပဲ။ ဆိုတော့ မင်းက ကြွက်ပဲ မဟုတ်လား။"

ကြွက်၏အမူအရာ ပြောင်းသွားသည်။ သူက ရယ်ရယ်မောမောဖြင့် အရိုအသေပေးလိုက်ရင်း

“ကျန်းခန့်သာလို့ မာပါစ သူဌေး။ ကြွက်က သူဌေးရဲ့နောက်ကနေ အမြဲလိုက်နေမယ်ဆိုတာ စိတ်ချထားလိုက်ပါ။ သူဌေးမှာ ရွှေတောင် ငွေတောင်ကို စီမံခန့်ခွဲဖို့ လိုအပ်လို့ရှိရင် ငါက အရမ်းယုံကြည်လို့ ရပါတယ်လို့ ငါ့ကိုယ်ငါ ထောက်ခံပါရစေ။ နောက်ပြီး ဒီကြွက်က အခွင့်အရေးရရင်တောင် ဘယ်တော့မှ ခိုးမှာမဟုတ်ဘူး။”

ဟား…ဟား…ဟား…။ ထန်ရှု မရယ်ဘဲ မနေနိုင်တော့ပေ။ “ဘာပဲဖြစ်ဖြစ် မင်းမှာ ရှန်ဟိုင်းရဲ့သတင်းကွန်ရက်တစ်ခု ရှိတယ်ဆိုတာ ငါ ကြားတယ်။ အဲ့ဒီအကြောင်းကို ပြောပြပါဦး။ မင်း များများပြောနိုင်လေလေ၊ မင်းရဲ့တန်ဖိုးနဲ့ မင်း ဘယ်လောက်အရည်အချင်း ရှိလဲဆိုတာ သက်သေပြနိုင်လေပဲ။ မင်း ဒီမှာ အသက်မွေးချင်ရင် မင်းရဲ့ အရည်အချင်းကို ငါ အကဲဖြတ်ရမယ်။"

ကြွက်က ရင်ဘတ်ကို မတ်ထားပြီး

“ရှန်ဟိုင်းက ငါ့ဆီကနေ ပိုက်ဆံရတယ်လို့ ငါ ပြောနိုင်တယ်။ ငါ့ကို သတင်းအချက်အလက်တွေ ဖြည့်ဆည်းချင်တဲ့သူ ၂၀၀၀၀၀ကျော် ရှိတယ်။ ငါ့ဆီကနေ ထောက်လှမ်းရေး လုပ်တဲ့သူတွေက သောင်းနဲ့ချီတယ်။ ကံမကောင်းစွာပဲ ရှန်ဟိုင်းက အရမ်းသေးနေတော့ ငါ့ရဲ့ပင်ကိုယ်စွမ်းရည်အားလုံး မထုတ်ပြနိုင်ဘူး။ နို့မဟုတ်ရင် ကမ္ဘာ့နာမည်ကြီး အမှောင်လေအဖွဲ့အစည်းတောင်မှ ငါ့အတွက် လေလည်သလောက်ပဲ ရှိတယ်။”

ဟား…ဟား…ဟား…။ ထန်ရှုက စားပွဲကို ရိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“ကောင်းတယ်။ မင်းမှာ ဒီလိုရဲရင့်မှုနဲ့ အမြင်ရှိတာ အရမ်းကောင်းတယ်။ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုဆိုပေမယ့် မင်းကို သဘောကျတယ်။ ဒါနဲ့ ဒီတလော ရှန်ဟိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာ တရားခံအစစ်က ဘယ်သူလဲဆိုတာ မင်း ပြောပြနိုင်မလား။”

ကြွက်က စားပွဲပေါ်ရှိ လက်ဖက်ရည်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး

"ငါ ရေငတ်နေတယ် သူဌေး။"

"သောက်လိုက်ပါ။" ထန်ရှုက လျင်မြန်စွာ ပြောလိုက်သည်။

ကြွက်က ခွက်သေးသေးလေးကို ကောက်ကိုင်လိုက်ပြီး အထဲမှ သင်းပျံ့နေသော လက်ဖက်ရည်ကို တစ်ကျိုက် မော့သောက်လိုက်သည်။ ထို့နောက် သူက အင်္ကျီလက်ဖြင့် နှုတ်ခမ်းထက်ရှိ ရေများကို သုတ်ကာ အပြုံးဖြင့်

“တစ်ဖက်အဖွဲ့ရဲ့နောက်ခံကို အခုထိ မဖော်ထုတ်နိုင်သေးပေမယ့် လာတဲ့ခေါင်းဆောင်က ဘယ်သူလဲဆိုတာ ငါ သိတယ်။ အဲ့ဒီလူက အော်စတင်ကိုးလ်ဖြစ်ပြီး ပေါင်းရသင်းရ မလွယ်တဲ့လူ။ အခု သူတို့တွေ ကျင်းနင်ခရိုင် ရီလမ်းက မိုတယ်မှာ တည်းခိုနေတယ်။ အဲ့ဒီမိုတယ်က အရမ်းကို သာမန်ဆန်တဲ့ မိုတယ်ပါ။ ငွေပိုသုံးနေနိုင်သရွေ့ နေနိုင်ပြီး အဲ့ဒီနေရာမှာနေဖို့ အိုင်ဒီကတ်ကို သုံးစရာမလိုဘူး။ နောက်ပြီး အဲ့ဒီလူက မကြာသေးခင်က ဉာဏ်အလင်း ဇီဝနည်းပညာအဖွဲ့ရဲ့ပိုင်ရှင် ရှဲ့ကျီချန်နဲ့ အဆက်အသွယ် လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ တွေ့ဆုံမှု အသေးစိတ်ကိုတော့ ငါ မသိဘူး။”

ထန်ရှုက မျက်မှောင်ကြုတ်ပြီး

“ဒီဉာဏ်အလင်း ဇီဝနည်းပညာအဖွဲ့ပိုင်ရှင်နဲ့ အော်စတင်ကိုးလ် တွေ့ဆုံတာ ဘာမှ မထူးဆန်းပေမယ့် သူက ရှန်ဟိုင်းမှာ လူသတ်မှုကိစ္စတွေကို ဘာကြောင့် လုပ်နေရတာလဲ။”

“အဲ့ဒါတော့ ငါ မသိဘူး။” ကြွက်က ခေါင်းယမ်းသည်။ "ငါက မြက်ခင်းသေးသေးလေးကိုပဲ ထိန်းချုပ်ထားရတယ်။ နိုင်ငံရပ်ခြားက နေရာတွေကို လက်လှမ်းမမီဘူး။"

ထို့နောက် ထန်ရှုက ကျင်းရှီကို ကြည့်ပြီး

"ရှန်ဟိုင်းက ထာဝရခန်းမ ထောက်လှမ်းရေးတာဝန်ခံကို သွားရှာပါ။ နောက်ပြီး ရှန်ဟိုင်းမြို့နဲ့ အနီးစပ်ဆုံး မြို့ဆယ်မြို့ရဲ့တာဝန်ခံတွေကိုပါ ခေါ်လိုက်ပါ။”

"နားလည်ပြီ။" ကြီးမားသော လှုပ်ရှားမှုတစ်ခုအား ထန်ရှု ပြုလုပ်တော့မည်ကို ကျင်းရှီ သိသောကြောင့် သူ့အမိန့်ကို အကောင်အထည်ဖော်ရန် ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ကြွက်၏မျက်လုံးများတွင် အလင်းတန်းတစ်ခု လက်လာကာ မျက်လုံးများကို မှေးစင်းလိုက်ပြီး

"မင်းကို ငါ မေးချင်တာတစ်ခု ရှိတယ် သူဌေး။ ဒါပေမယ့် မေးသင့်လားတော့မသိဘူး။"

“ပြောစရာရှိတာ ထုတ်ပြောလိုက်ပါ။ ငါက ဝေ့လည်ကြောင်ပတ် ကွေ့ဝိုက်ပြီး ပြောတာ မကြိုက်ဘူး” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ထာဝရခန်းမက ဘယ်လိုတည်ရှိမှုမျိုးလဲ သူဌေး။ သာမာန် စားသောက်ဆိုင် မဟုတ်ဘူးလား။” ကြွက်က မေးသည်။

"မင်း တကယ် သိချင်တာလား။ ဒီအကြောင်းကို မင်း သိပြီးသွားတာနဲ့ မင်းကို ငါ့စစ်ရထားပေါ်မှာ ထာဝရ ချည်နှောင်ထားရလိမ့်မယ်။"

ကြွက်သည် အံ့အားသင့်သွားပြီး မသိစိတ်က ထန်ရှု၏ အဖြေကို လုံးဝမကြားချင်ပေ။ သို့သော်လည်း သူ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် မေးလိုက်သေးသည်။

“ငါ ဒီအကြောင်းကို သိချင်သေးတယ်။”

ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သောအခါ မမြင်နိုင်သော ချီစီးကြောင်းက ကြွက်၏ပတ်လည်တွင် ရွေ့လျားသွားပြီး ချက်ချင်းပင် မျောလွင့်သွားစေရာ ကြွက်သည် ထိတ်လန့်တုန်လှုပ်စွာ ရုန်းကန်တော့သည်။ ထန်ရှုသည် သူ့ကို ကြမ်းပြင်ထက် တစ်မီတာခန့်အမြင့်ရှိ လေထဲတွင် ချီစီးကြောင်းဖြင့် ချိတ်ဆွဲထားပြီး တစ်ချက်တည်းဖြင့် ဒါဇင်ပေါင်းများစွာသော လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

“ထာဝရခန်းမထဲက လူတွေကို သေမျိုးတွေလို့ မခေါ်နိုင်ဘူးလို့ မင်း ပြောလို့ရတယ်။ ထာဝရခန်းမက ပိုင်ဆိုင်တဲ့ အရင်းအနှီးနဲ့စွမ်းအားက ကမ္ဘာပေါ်က ကြီးမားတဲ့အဖွဲ့အစည်းတိုင်းကို ဖျက်ဆီးပစ်နိုင်သလို အနာဂတ်မှာ ရရှိမယ့် ချမ်းသာကြွယ်ဝမှုကလည်း မရေမတွက်နိုင်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ကျော်လွန်သွားလိမ့်မယ်။ အနာဂတ်မှာ ထာဝရခန်းမရဲ့ အဆင့်အတန်းက ဘယ်နိုင်ငံရဲ့အထက်မဆို ရပ်တည်နိုင်မှာ ဖြစ်သလို ကမ္ဘာပေါ်က ဘယ်အဖွဲ့အစည်းကိုမဆို စိုးမိုးနိုင်လိမ့်မယ်လို့ ငါ ပြောနိုင်တယ်။”

ထန်ရှု ပြောသော စကားတိုင်းသည် အလွန်အားကောင်းပြီး ကြွက်၏နားထဲသို့ စိမ့်ဝင်သွားကာ သေလုနီးပါး တုန်လှုပ်သွားစေသည်။

"မင်း... မင်းက လူလား သရဲလား။" ကြွက် အော်တော့သည်။

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး ကြွက်ကို တံခါးအပြင်ကို လွှင့်ပစ်လိုက်သည်။ ကြွက်သည် ခြံဝင်းထဲတွင် လဲကျသွားပြီး မီတာများစွာ လှိမ့်သွားပြီး ရပ်သွားသည်။ ထို့နောက် ချီစီးကြောင်းတစ်ခုက သူ့ကို ဧည့်ခန်းထဲ ပြန်ဆွဲခေါ်လိုက်သည်။ သူ့မျက်နှာပေါ်မှ မူးဝေနေသည့်အကြည့်ကို ကြည့်ရင်း ထန်ရှုက

“ငါက အင်မော်တယ်ကျင့်ကြံသူဖြစ်သလို ထာဝရခန်းမရဲ့ အဓိကအဖွဲ့ဝင်တွေရောပဲ ဖြစ်ကြတယ်။ ရှန်းရှရုပ်ရှင်တွေ ကြည့်ဖူးတယ်မလား။ အဲ့ဒီရုပ်ရှင်ထဲကဓားပျံတွေကို ထိန်းချုပ်နိုင်သူတွေဟာ ငါတို့ရဲ့ စွမ်းရည်ရဲ့ တစ် ရာခိုင်နှုန်းတောင် မပြနိုင်ဘူး။”

ကြွက်၏မျက်လုံးများသည် ထိတ်လန့်တကြား ပြူးကျယ်နေသည်။ ထန်ရှုက သူ့ကို ရစ်ပတ်ထားသည့် ချီစီးကြောင်းကို ပြန်ဖြုတ်လိုက်သောအခါ သူ့ခြေထောက်တွေက ကြမ်းပြင်ပေါ်ကျလာပြီး ထန်ရှုအရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး

“တာအိုအင်မော်တယ် … မဟုတ်ဘူး သူဌေး။ ငါ မင်းအတွက် အလုပ်လုပ်ပေးလိုပြီး ဒီကြွက်ရဲ့ဘဝက မင်းအတွက်ပါ။ အရှေ့ကို အမိန့်ပေးရင် အနောက်ကို ဘယ်တော့မှ မသွားသလို ကောင်းကင်ကို ပျံသန်းဖို့ အမိန့်ပေးရင် မြေပေါ်ကို ဘယ်တော့မှ မဖောက်ပါဘူး။”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ကြည့်နေခဲ့ပြီး ဘာမှ ပြန်မပြောပေ။

ထန်ရှုက သူ့ကို မယုံသောကြောင့် ကြောက်လန့်နေသော အသွင် ရှိသည့် ကြွက်က သူ့လက်ချောင်းကို ထောင်ကာ ကျိန်ဆိုလိုက်သည်။

"ဒီကြွက်က မင်းလိုမျိုး အင်မော်တယ် ကျင့်ကြံသူ ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုပါတယ်။ မင်းဆီမှာ ငါ့ရဲ့ သစ္စာရှိမှုနဲ့ စေတနာပြည့်ဝစွာ တာဝန်ထမ်းဆောင်မယ်လို့ ငါ ကတိပြုပါတယ်…”

***

All Chapters