← Chapters

အမျိုးသားတစ်ယောက်

Vol. 23 Ch. 317

အမျိုးသားတစ်ယောက်

Vol. 23 Ch. 317

အခန်း (၃၁၇) – အမျိုးသားတစ်ယောက်

ဒီဝတ်စုံဒီဇိုင်းက သူမရဲ့ မူရင်းဖန်တီးမှု မဟုတ်ပါဘူး။

သူမဟာ ဒီလိုအဝတ်အစားတွေကို ကောင်းကောင်းမကျွမ်းကျင်ပေမယ့် တောင်ဘက်ခြမ်းနှင့် ရှန်ဟိုင်းမြို့ရဲ့ ဝတ်စုံစတိုင်အသစ်တွေကို အခြေခံထားပါသည်။ ဒါတွေက အတော်လေးကို ဆန်းသစ်နေခဲ့သည်။

အရေးအကြီးဆုံးကတော့ ထိုဝတ်စုံဒီဇိုင်းတွေသည် ဆန်းသစ်သော်လည်း၊ ဒီခေတ်အချိန်အခါရဲ့ လက်ခံနိုင်သော အလှတရားအပေါ် ရှုမြင်နိုင်သည့် အောက်ခြေစည်းထက် ကျော်လွန်ခြင်း မရှိပေ။

လင်းချင်းဟယ်ရဲ့ ကိုယ်ပိုင်အလှတရားအပေါ် အမြင်အရ ဒါက လုံးဝ မလုံလောက်ပါဘူး။ သူမသည် ကြိုးမဲ့ဒီဇိုင်းကို ပြုလုပ်ချင်ပေမယ့် အခုခေတ်အချိန်အခါရဲ့ ရှုထောင့်အရ ၎င်းတို့ကို ဝတ်ဆင်ကြပါ့မလား။

ပြုပြင်ပြောင်းလဲရင်တောင်မှ သေတဲ့အထိ ဝေဖန်ခံရလိမ့်မည်။

ဒီအဝတ်အစားထုတ်လုပ်သူအား အဒေါ်ရှု ဟုခေါ်သည်။ ဒီဇိုင်းပုံကြမ်းများကို စစ်ဆေးပြီးနောက်တွင် “ဒီအဝတ်အစားတွေဒီဇိုင်းက အရမ်းကောင်းတယ်။ ချုပ်ပြီးသွားရင် အရမ်းကြည့်ကောင်းနေလိမ့်မယ်။” ဟု ပြောသည်။ ထို့နောက် သူမ “ကိစ္စမရှိဘူး။ မင်း နောက်သုံးရက်နေရင် လာယူလို့ရပြီ။” ဟု ကတိပေးလိုက်သည်။

လင်းချင်းဟယ်က သူမကို လက်လွှဲပေးလိုက်သည်။

လင်းချင်းဟယ်သည် အထည်ချုပ်လုပ်ဖို့ကို အဒေါ်ရှုလက်ထဲ အပ်ခဲ့သည်။ ဒီတစ်ကြိမ်သာ သူမ ကောင်းကောင်းလုပ်ကိုင်နိုင်ခဲ့မယ်ဆိုရင် ရှေ့ဆက် ပူးပေါင်းလက်တွဲနိုင်မယ့် အခွင့်အလမ်းတွေ အများကြီးကျန်နေဦးမှာဖြစ်ပြီး၊ အဒေါ်ရှုလက်ထဲ အားလုံး ဝကွက်အပ်မယ်လို့ အဓိပ္ပါယ်ရပါသည်။

အမျိုးသမီးကြီးက မိသားစုအတွက် အပိုဝင်ငွေရှာလိုက်နိုင်သဖြင့် ပျော်ရွှင်သွားခဲ့သည်။

လင်းချင်းဟယ်က အထည်ဆိုင်သို့ ရောက်လာခဲ့သည်။

ကျိုးအာ့နီ၊ ဟူကျစ်နှင့် ရှုရှန့်မိန်တို့ဟာ သွက်သွက်လက်လက် ရှိကြသည်။ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့ကလည်း ကူညီပေးဖို့ ရောက်ရှိနေခဲ့ကြသည်။ သူတို့အားလုံး သန့်ရှင်းရေးလုပ်လို့ ပြီးလုနီးပါး ဖြစ်နေခဲ့ပြီ။ ဆိုင်က အလွန်သန့်ရှင်းပြီး သပ်ရပ်နေပြီ။

လင်းချင်းဟယ်က သူတို့ကို စက္ကူကြိုးကြာလေးတွေကဲ့သို့ အသေးအမွှားလေးတွေကို ပြုလုပ်ခိုင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှဆင်ပစ္စည်းတွေအဖြစ် ချိတ်ဆွဲခိုင်းခဲ့သည်။

ထို့နောက် ပန်းအချို့ကိုယူပြီး ပန်းအိုးထိုးသည်။ အခြေခံအားဖြင့် ဆိုင်ကို အလှဆင်ဖို့ လိုအပ်သည်။

“အမေ၊ ဒါက ဆိုင်လေးတစ်ဆိုင်ပဲလေ။ ဒါကို လုပ်ဖို့ လိုအပ်လို့လား။ ဒါက အရမ်းဘူဇွာဆန်လွန်းတယ် မဟုတ်ဘူးလား။” ဟု ကျိုးရွှမ်းက ပြုံးပြီး ပြောသည်။

“ဘာကို ဘူဇွာဆန်လွန်းတာလဲ။ ငါတို့ ဒါကို ဖွင့်တောင် မဖွင့်ရသေးဘူး။ ငါတို့ အားလပ်နေတယ် ဆိုတော့ ငါတို့ မပျင်းရိဖို့ တစ်ခုခုကို ရှာကြံပြီး လုပ်နေရမှာပဲလေ။” ဟု လင်းချင်းဟယ်က ဘာမှမထူးခြားသလို ပြောလိုက်သည်။

၁၉၈၁ ခုနှစ်သို့ ရောက်ရှိခဲ့ပြီ။ အရင်ကနဲ့ မတူဘဲ မူဝါဒတွေ၊ စည်းမျည်းတွေ စတင်ဖြေလျော့ပြီဖြစ်၍ အရင်လို ဟိုဟာမလုပ်ရဲ ဒီဟာမလုပ်ရဲ မဖြစ်တော့ဘူး။

“အမေ ငါးကန်ရောထည့်ဖို့ လိုချင်သေးလား။” ကျိုးကွေ့လိုင်က တောက်ပတဲ့မျက်ဝန်းတွေနဲ့ မေးသည်။

“ငါးကန်ကို မေ့ထားလိုက်ပါဦး။” ဟု ပြောလိုက်ပေမယ့် လင်းချင်းဟယ်သည် စိတ်ထဲမှာတော့ နောက်ကျရင် အိမ်မှာ ငါးကန်တစ်ခုထားဖို့ တေးမှတ်ထားခဲ့သည်။

“ဒါဆို ပြတင်းပေါက်စာရွက်ကို ထပ်ဖြတ်ရဦးမလား။” ဟု ကျိုးအာ့နီက မေးသည်။

“ပြတင်းပေါက်စာရွက်က လိုသေးတယ်။ တတိယလေး၊ နင့်မှာ ရောင်စုံခဲတံတွေ မရှိဘူးလား။ အိမ်ပြန်ပြီး သွားယူချေ။ ယုန်လေးတွေ၊ သစ်ကုလားအုတ်တွေ၊ ပန်ဒါတွေ စသဖြင့် တိရိစ္ဆာန်လေးအချို့ကို ပုံဆွဲပြီး နံရံမှာ ကော်နဲ့ လိုက်ကပ်ရမယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

သူမရဲ့အထည်ဆိုင်မှာ အမျိုးသားဝတ်တွေကို ရောင်းချမှာ မဟုတ်ဘဲ အမျိုးသမီးဝတ်တွေကိုသာ ရောင်းချမှာ ဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ သူမဟာ သူမရဲ့ဆိုင်လေးကို ပိုကြည့်ကောင်းစေချင်သည်။ အမျိုးသမီးတွေကို အမြင်အာရုံကောင်းမွန်တဲ့ ဖန်တီးမှုအဖြစ် ဖန်တီးဖို့ ဘယ်သူပြောလဲ။

လင်းချင်းဟယ်ရဲ့ ညွှန်ကြားချက်အရ သူတို့ဟာ အလုပ်စလုပ်ပါတော့သည်။

နေ့လည်ပိုင်းတွင် လင်းချင်းဟယ်က သူတို့ကို အားလပ်ချိန်ပေးလိုက်သည်။ လင်းချင်းဟယ်သည် ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်အား သူတို့ရဲ့ ဝမ်းကွဲတွေအား အနီးအနား အလည်အပတ် လိုက်ပို့ခိုင်းခဲ့သည်။ နောက်ဆုံးတော့၊ မနက်ဖြန်ကျရင် စာသစ်နှစ်စပြီဖြစ်၍ စာ စသင်ရတော့မည်။

သားကြီးဖြစ်တဲ့ ကျိုးခိုင်ကတော့ သူ့အဖေပြန်လာပြီး ဖက်ထုပ်ဆိုင်ကို လက်လွှဲယူပြီးနောက် သူ့အတန်းဖော်ကို သွားရှာခဲ့သည်။ ဘတ်စကတ်ဘောကစားဖို့ သူ့အတန်းဖော် ဝိန်ကော်လျန်ကို သွားရှာခဲ့သည်။ သူက နေ့လည်စာကို အပြင်မှာပဲစားပြီး အခုထိ ပြန်မလာသေးဘူး။

လင်းချင်းဟယ်က သူ့ကို မတားခဲ့ပါဘူး။ နောက်ဆုံးတော့ ဒီနွေရာသီအားလပ်ရက်မှာ ဒီကလေးဟာ စစ်သင်တန်းကျောင်းကို တက်ရောက်ရတော့မှာ ဖြစ်ပါသည်။ နောင်တွင် ဤကဲ့သို့ အားလပ်ချိန်များ ရရှိရန် ခက်ခဲပါလိမ့်မည်။

ဒါကြောင့် လင်းချင်းဟယ်သည် လောင်တကို ဒီစာသစ်နှစ်တလျှောက် မချုပ်ချယ်ခဲ့ဘူး။ သူက ၁၇ နှစ်ရှိပြီ။ ကလေးကြီးလို့ပဲ ဆိုနိုင်ပါသေးသည်။

သူက အရပ် ၅ပေ ၉လက်မကျော်ရှိသည်။ သူ့အဖေထက် နှစ်စင်တီမီတာ သုံးစင်တီမီတာခန့် မြင့်သည်။

ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့သည် သူတို့ရဲ့ ဝမ်းကွဲတွေနဲ့ လျှောက်လည်နေပြီး ငါးနာရီထိုးသည်အထိ ပြန်မလာသေးပေ။

ကျိုးအာ့နီနှင့် ရှုရှန့်မိန်တို့ထက်တောင် ဟူကျစ်ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် လင်းလင်တောက်ပနေခဲ့သည်။ သူတို့တွေ လုံးဝ မပင်ပန်းပါဘူး။

“မြန်မြန်လက်ဆေးပြီး ထမင်းစားဖို့ ပြင်ဆင်ကြ။” ဟု လင်းချင်းဟယ်က ပြောသည်။

“အခု စတုတ္ထဦးလေးက ဟင်းချက်နေတာလား။” ဟု ကျိုးအာ့နီက နှုတ်ခမ်းလေးဝိုင်းပြီး ပြုံးကာ မေးလိုက်မိသည်။

“ဟုတ်တယ်။” ကျိုးချင်းပိုင်က နောက်ဆုံးပန်းကန်တစ်ချပ်ကို စားပွဲပေါ်သို့တင်ပြီး ပြန်ဖြေခဲ့သည်။

အဖိုးဝမ်သည်လည်း ထမင်းစားဖို့ ရောက်လာခဲ့သည်။ စားပွဲဝိုင်းကြီးတစ်လုံးတွင် လူများပြည့်နေခဲ့ပြီး အလွန်သက်ဝင်လှုပ်ရှားနေခဲ့သည်။

“အဖိုး၊ ခဏနေကျရင် ကျွန်တော် ရေချိုးအိမ်ကို သွားမလို့၊ အဖိုးရော လိုက်ချင်လား။” ဟု ကျိုးခိုင်က သူ့အဖိုးဖြစ်သူထံ လှည့်ပြီး မေးသည်။

အဖိုးဝမ်က “ငါလည်း လိုက်မယ်။” ဟု ပြန်ဖြေသည်။ ရေချိုးရတာ အရမ်းသက်တော့သက်သာရှိသည်။

“မင်းတို့ရော လိုက်ချင်လား။” ကျိုးခိုင်က ကျန်တဲ့သူတွေကို မေးသည်။

“လိုက်ချင်တယ်။” ကျိုးရွှမ်းက ခေါင်းညိတ်သည်။

“ငါ မလိုက်တော့ဘူး။ ငါ မနေ့တုန်းက သွားပြီးပြီ။” ဟု ဟူကျစ်က ဖြေသည်။

“ဒါဆိုရင် မင်းက ဝမ်းကွဲအစ်မတွေနဲ့ တီဗီကြည့်ဖို့ အိမ်ပြန်ပေါ့။ ငါလည်း လိုက်ချင်တယ်။” ဟု ကျိုးကွေ့က ပြောသည်။

စားသောက်ပြီးသည်နှင့် အဝတ်အစားတွေယူကာ ရေချိုးအိမ်သို့ သွားကြသည်။ ဟူကျစ်က သူတို့နဲ့အတူ အိမ်ပြန်လိုက်သွားသည်။ ရှုရှန့်မိန်နှင့် ကျိုးအာ့နီတို့က ပန်းကန်တွေကို အမြန်ဆေးကြောသန့်စင်ပြီးတော့ သူတို့နောက်သို့ လိုက်သွားကြသည်။

သူတို့အားလုံး တီဗီကြည့်ဖို့ ပြန်သွားကြသည်။ ကျိုးအာ့နီသည်လည်း သူမ အလုပ်လုပ်ရမယ်ဆိုတာ သိပေမယ့် ကူညီလုပ်ကိုင်ပေးရမည့် အိမ်အလုပ်မရှိသောကြောင့် တီဗီကြည့်ချင်ခဲ့သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ဟာ အိမ်ပြန်ဖို့ အလျင်မလိုဘူး။ သူတို့လင်မယားနှစ်ယောက်သား ရုပ်ရှင်သွားကြည့်ကြသည်။

ဤသည်မှာ သူတို့လင်မယားနှစ်ယောက်အတွက် အားလပ်ချိန်ဖြစ်သည်။ လင်းချင်းဟယ်ပဲဖြစ်ဖြစ် ကျိုးချင်းပိုင်ပဲဖြစ်ဖြစ် သူတို့နှစ်ယောက် အတူတူရှိနေရသည့် အခိုက်အတန့်ကို အလွန်နှစ်သက်သည်။

“အထည်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေရတော့ အရမ်းပင်ပန်းနေပြီလား။” ဟု ကျိုးချင်းပိုင်သည် ရုပ်ရှင်ရုံမှ ထွက်လာပြီးနောက် မေးလိုက်သည်။

လင်းချင်းဟယ်က ရယ်မောပြီး “ဘာပင်ပန်းစရာ ရှိလို့လဲ။ ကျွန်မက သူတို့တွေကို အလုပ်ခိုင်းခဲ့ပြီး ကျွန်မကတော့ အထည်ချုပ်ပေးဖို့ တစ်ယောက်ယောက်ကို ရှာဖို့ သွားခဲ့တယ်။” ဟု ပြောလိုက်သည်။

ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။

“အိမ်ပြန်ဖို့ အချိန်တန်ပြီ။ ကျွန်မ မနက်ဖြန်ကျ အလုပ်ပြန်ဆင်းရပြီ။” ဟု လင်းချင်းဟယ်က ပြောသည်။

အလုပ်သွားရတာ နည်းနည်းပင်ပန်းပေမယ့် လင်းချင်းဟယ်က အရမ်းပြီးပြည့်စုံတယ်လို့ ခံစားရပြီး သူမရဲ့အချိန်တွေကို လုံးဝ မဖြုန်းတီးဘူး။

သူတို့အိမ်ပြန်ရောက်တော့ ညကိုးနာရီကျော်ပဲ ရှိသေးသည်။

လူကြီးတွေ ပြန်မလာသေးတော့ ကလေးတွေက တီဗီကြည့်နေတုန်းပဲ။

“ရှန့်မိန်၊ ငါတို့အိမ်ပြန်ချိန်ရောက်နေပြီ။” ဟု ကျိုးအာ့နီက မတ်တပ်ထပြီး ပြောလိုက်သည်။

“အင်း” ရှုရှန့်မိန်သည်လည်း အမြန်ခေါင်းညိတ်သည်။

ကျိုးခိုင်နှင့် ဟူကျစ်က သူတို့နှစ်ယောက်ကို ဖက်ထုပ်ဆိုင်သို့ လိုက်ပို့ပေးပြီးနောက် သူတို့က အိမ်ပြန်လာကြသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က မျက်နှာသစ်၊ ခြေတွေ လက်တွေ ဆေးကြောပြီးသွားကြသည်။

ကျိုးခိုင် ပြန်ရောက်တော့ “အဖေ၊ အမေ၊ ကျွန်တော် တရုတ်နှစ်သစ်ကူးတုန်းက မွေးစားအဖိုးနဲ့အတူ သူ့သူငယ်ချင်းဟောင်းအိမ်ကို အလည်လိုက်သွားခဲ့တယ်။ ဒီနှစ် ဘွဲ့ယူပြီးတာနဲ့ ကျွန်တော် စစ်သင်တန်း‌တက်တော့မယ်။” ဟု ပြောလိုက်သည်။

“နင့်မွေးစားအဖိုးရဲ့ အစီအစဥ်က ကောင်းတယ်။ သူ့ပြောစကားကို နင် နားထောင်ရုံပဲ။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

ကျိုးချင်းပိုင်ကတော့ “မနက်ဖြန်ကျ လေ့ကျင့်ခန်းတွေ ဆက်လုပ်ရမယ်။ အေးအေးဆေးဆေး မနေနဲ့။” ဟု ပြောလိုက်သည်။

အခုအချိန်မှာ အေးအေးဆေးဆေးနေရင် အနာဂတ်မှာ ဒုက္ခရောက်လိမ့်မည်။ သူက ပေကျင်းတက္ကသိုလ်ကနေ ဘွဲ့ရပြီး စစ်သင်တန်းတက်မယ် ဆိုရင်တောင်မှ ရာထူးသာ အတက်မြန်လိမ့်မည်။ သူ့ရဲ့ ရာထူးတိုးတာကိုတော့ လူတွေက သိပ်လက်ခံကြမှာ မဟုတ်ဘူး။

လုံလောက်တဲ့ ပညာအရည်အချင်းရှိရင်တောင် သူ့ခွန်အားကလည်း အမီလိုက်ဖို့ လိုပါသေးသည်။

ကျိုးခိုင်က သဘောတူလိုက်သည်။

“ကျွန်မသားကြီးတော့ ပင်ပန်းရဦးမှာပဲ။” လင်းချင်းဟယ်က သူ့ရှေ့မှာ ဘာမှ မပြောပေမယ့် သူတို့အခန်းထဲ ပြန်ရောက်တော့ သူမသည် ကုတင်ပေါ်မှာ ကျိုးချင်းပိုင်ကို မှီတွယ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

တကယ်တော့ သူမတို့ရဲ့ သားကြီးက ၁၇ နှစ်ပဲ ရှိပါသေးသည်။ ပထမအကြိမ် ကောလိပ်ဝင်ခွင့်စာမေးပွဲကို အမီလိုက်နိုင်ဖို့ အစောပိုင်းက သူ့ကို တွန်းအားပေးခဲ့သည်။ အခုတောင် သူ့အတွက် သိပ်မလွယ်ဘူး။

ကျိုးချင်းပိုင်ကတော့ သူ့ရဲ့ သားအကြီးဆုံးအတွက် ဒါက ခက်ခဲပင်ပန်းတယ်လို့ လုံးဝ မထင်ပေ။ ဒီအနေအထားက သူ့တုန်းကထက် ပိုလွယ်ကူသည်။

ပြီးတော့ အခြေအနေတွေက အများကြီး ပိုကောင်းလာသည်။ သူ ကြိုးစားအားထုတ်ချင်စိတ် ရှိနေသရွေ့ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ပိုဆိုးလာမှာ မဟုတ်ဘူး။

“သူက အမျိုးသားတစ်ယောက်ပဲ။ သူ့ကို အတွေ့အကြုံရအောင် လွှတ်ပေးထားသင့်တယ်။” ကျိုးချင်းပိုင်သည် သူ့ဇနီးသည်က သူ့သားကို ချစ်ကြောင်း သိသောကြောင့် နှစ်သိမ့်လိုက်သည်။

လင်းချင်းဟယ်က ဘာမှ မပြောပါဘူး။

ကလေးတွေရဲ့ ပညာရေနဲ့ ပတ်သက်ပြီးတော့ လွှတ်ထားရမယ့်အချိန်ရောက်ရင် လွှတ်ထားသင့်သည်။

ကျောင်းဖွင့်ပြီး ဒုတိယနေ့မှာ သူမသည် ဒီစာသင်နှစ်ရဲ့ သင်ခန်းစာများကိုသာ အာရုံစူးစိုက်ထားခဲ့သည်။

ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့ရဲ့ ကျောင်းတွေကလည်း တစ်ချိန်တည်းတွင် စတင်ခဲ့သည်။

လင်းချင်းဟယ်က အထည်ဆိုင်ကို ကိုင်တွယ်ရန် ကျိုးအာ့နီထံ လွှဲအပ်ခဲ့ပြီး သူမသည် ထိုဆိုင်အား စီမံခန့်ခွဲဖို့ သင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

All Chapters