← Chapters

တစ်စုံတစ်ယောက် သူ့ဘာသာသူ အခက်တွေ့နေသည်ကို ရွှင်မြူးနေကြခြင်း

Vol. 52 Ch. 719

တစ်စုံတစ်ယောက် သူ့ဘာသာသူ အခက်တွေ့နေသည်ကို ရွှင်မြူးနေကြခြင်း

Vol. 52 Ch. 719

ယုဟောင်သည် အံအားသင့်သွားသည်။ ရိုးရှင်းပြီး နှစ်သက်စရာကောင်းသော ကိုယ်ရည်ကိုယ်သွေးဖြင့် သူမသည် စိတ်မလှုပ်ရှားတတ်သော ယောက်ျားများအား ဆွဲဆောင်နိုင်သူဖြစ်သော်လည်း ထန်ရှု၏စကားကြောင့် သူမ အလန့်တကြား ဖြစ်သွားပြီး သူမ၏ခံစားမှု အားကောင်းသော နှုတ်ခမ်းလေးများက ပွင့်ဟသွားသည်။

"စွကျိုးနည်း … ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။" ယုဟောင်က ဟန်ကျင်းဝူကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ရသည်။

ဟန်ကျင်းဝူက ပါးစပ်လေးအုပ်ကာ အားရပါးရ ရယ်မောနေသည်။ ထန်ရှုသည် ဤကဲ့သို့ အာဝဇွန်း ရွှင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူ၏ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော စကားကြောင့် သူမ၏ညီအစ်မတော်အား ကယောက်ကယတ် ဖြစ်စေကာ ကူကယ်ရာမဲ့စေသည်။

ထက်မြက်သော မိန်းမသားပီပီ ဟန်ကျင်းဝူ၏ အမူအရာကို မြင်သောအခါ ထန်ရှု၏ နောက်ပြောင်ခြင်းကို ခံလိုက်ရကြောင်း ယုဟောင် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူမသည် ရင်တထိတ်ထိတ်ဖြင့် ကြည့်ကာ ဟန်ကျင်းဝူကို ဆတ်ကနဲ လှမ်းပြောလိုက်သည်။

“အမလေး … ရုပ်ရည်ချောမောတာ အမှန်တကယ်ပဲ ကောင်းကိုမကောင်းပါလားနော်။ ဘာပဲဖြစ်ဖြစ် ဒီလူ့ကို သတိထားရမယ် ကျင်းဝူ။ သူက လှတဲ့သူကိုတွေ့တိုင်း သူ့အချစ်ကို စွန့်လွှတ်မယ့်သူမျိုး ဖြစ်နိုင်တယ်။”

ဟန်ကျင်းဝူတစ်ယောက် သူမ၏နှလုံးသားတည့်တည့်ကို ဓားဖြင့် အထိုးခံလိုက်ရသည့်အလား သူမ၏မျက်နှာထက်က အပြုံးလေး ယုတ်လျော့သွားခဲ့ရသည်။ သူမ သတိမထားမိလိုက်ပါဘဲ ထန်ရှုကို တစ်ချက်ကြည့်မိလိုက်ပြီး ယုဟောင်၏လက်ကို ချက်ချင်း ဆွဲကိုင်လိုက်ကာ

"အို … တော်ပါဟယ်။ ရယ်စရာတွေ မပြောစမ်းပါနဲ့။ ငါ ဆာနေတယ်။ စားဖို့ တစ်နေရာ ရှာရအောင်။"

ယုဟောင်က မျက်လုံးလှိမ့်ကာ ပြုံးပြလိုက်ပြီး

"ချင်းဝူ … ပျော်စရာတစ်ခုခုကို ကြည့်ရင်းနဲ့ ငါတို့ ဘာလို့ ထမင်းမစားရတာလဲ။ ဒီနေ့ ချန်ရှီမြို့မှာ ပွဲကောင်းတစ်ခု စတော့မယ့်အချိန်ရောက်နေပြီ။"

"ဘာပွဲကောင်းများလဲ။" ဟန်ကျင်းဝူက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ယုဟောင်က ထူးဆန်းသောပုံစံဖြင့် ရယ်လိုက်ရင်း သူမကို ဆွဲခေါ်တော့သည်။ ယုဟောင်က ကားပါလာသောကြောင့် သူတို့အားလုံး ချန်ရှီမှာ ရှိသော အဆင့်မြင့်စားသောက်ဆိုင်တစ်ခုဆီ ကားနှစ်စီးကို မောင်းသွားကြသည်။ ကားများရပ်နားပြီးနောက် သုံးယောက်သား ဒုတိယထပ်သို့ တက်လာကာ လမ်းမျက်နှာစာ ပြတင်းပေါက်အနီးတွင် ထိုင်ကြသည်။

“ကောင်းပြီ။ နင်က အစားအသောက်တွေ မှာထား ကျင်းဝူ။ ဒီနေ့ပွဲကောင်းကို လက်လွှတ်မခံနိုင်ဘူးဆိုတော့ ငါ စောင့်ကြည့်လိုက်ဦးမယ်။” ယုဟောင်က အောက်ဘက်ရှိလမ်းကို ကြည့်ရင်း ရွှတ်နောက်နောက်ပြောကာ ဟန်ကျင်းဝူဆီသို့ မီနူးကို တည့်တည့်တွန်းလိုက်သည်။

ထန်ရှုသည် အတင်းအဖျင်းကို နှစ်သက်သူ မဟုတ်သော်လည်း ယုဟောင်၏ ထူးဆန်းသော အမူအရာကြောင့် သိချင်စိတ်ပြင်းပြလာခဲ့သည်။ သူ၏အကြည့်များသည်လည်း အပြင်ဘက်သို့ အာရုံမစိုက်ဘဲ မနေနိုင်ချေ။

အိုး … နှစ်မိနစ် သုံးမိနစ်လောက်ကြာပြီးနောက် သူ့အကြည့်များက လူရွယ်တော်တော်များများ ရပ်နေသောနေရာကို ရုတ်တရက် စူးစိုက်ကြည့်လိုက်ပြီး သူတို့၏ခေါင်းဆောင်ကို ကြည့်လိုက်မိသည်။

ကျိမုလား … ဒါကြီးက တိုက်ဆိုင်လွန်းတယ် မဟုတ်ဘူးလား။ ကျိမုကို ငါ တွေ့တုန်းက ချန်ရှီမြို့ရဲ့ ဒေသခံတစ်ယောက် ဖြစ်ပုံရတယ်လို့ တွေးမိပေမယ့် သူ့ကို ဒီမှာ တွေ့လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး။

"အင်း … ပွဲကောင်းလေး စတော့မယ်နော်။"

ယုဟောင်က ဟန်ကျင်းဝူကို သူမ၏ဘေးကို ဆွဲခေါ်လိုက်ပြီး ပြတင်းပေါက်ကို မှီကာ အောက်ထပ်ကို ငုံ့ကြည့်လိုက်သည်။ သူမသည် ပွဲကောင်းအား စိတ်အားထက်သန်စွာနှင့် စောင့်မျှော်ရင်ခုန်နေပုံရသည်။

"ငါ့ကို မမှန်းစမ်းခိုင်းပါနဲ့ ဟောင်ဟောင်။ နင် ပြောနေတဲ့ အဲ့ဒီပွဲကောင်းက ဘာလဲ။"

သိချင်စိတ်တွေ ပြင်းပြနေသောကြောင့် ဟန်ကျင်းဝူက မေးလိုက်သည်။

"စိတ်ရှည်ရှည်ထားစမ်းပါဟာ"

သို့တိုင် ယုဟောင်က သူမကို လျှို့ဝှက်နေခဲ့သေးသည်။

ဝရော … ကျွီ…

စားသောက်ဆိုင်အပြင်ဘက် လမ်းထက်တွင် အရှိန်ပြင်းပြင်း မောင်းလာသော အဆင့်မြင့် ဆီဒင်ကားရှစ်စီးက ရုတ်တရတ် ဘရိတ်အုပ်ကာ စားသောက်ဆိုင်၏ ဝင်ပေါက်ရှေ့မှာ ရပ်သွားသည်။ ဆီဒင်ကား တစ်စီးစီသည် အရောင်နှင့်အမှတ်တံဆိပ်သာ ကွဲပြားသော်လည်း ဈေးကြီးပေသည်။

ဘန်း … ဘန်း ...

အဆိုပါ ကားရှစ်စီး၏တံခါးများကို တွန်းဖွင့်ကာ အနက်ရောင်သားရေဝတ်စုံဝတ်ထားသည့် လူ ၂၀ကျော်သည် မတူညီသော နဖူးစည်းများ၊ ဘောလုံးများ၊ ပန်းများ၊ ရှန်ပိန်များ၊ ဖဲကြိုးများနှင့် အလံငယ်များကို သယ်ဆောင်လာသည်။ ထို့နောက် လက်ဗလာဖြင့် အမျိုးသမီးနှစ်ဦးသည် စတုတ္ထကားဆီသို့ ပြေးသွားပြီး တံခါးဖွင့်ပေးလိုက်သည်။

အသက်အရွယ်အားဖြင့် နှစ်ဆယ့်လေး-နှစ်ဆယ့်ငါး ဝန်းကျင်ရှိသော အဖြူရောင်သတို့သမီးဝတ်စုံနှင့် အလွန်ချောမောလှပသော မိန်းကလေးသည် နှင်းဆီအနီရောင်ပန်းစည်းကြီးကို ကိုင်ဆောင်ရင်း ကားပေါ်မှ ဆင်းလာကာ တစ်စုံတစ်ယောက်ထံမှ အသံချဲ့စက်ကို ယူပြီးနောက်

“ကျိမု … ထွက်လာခဲ့။ ဒီမှာ ရန်ယန်ယန် ရောက်နေပြီ။”

စားသောက်ဆိုင်အတွင်း…

အပေါ်ထပ်သို့ တက်သွားတော့မည့်ဆဲဆဲဖြစ်သော ကျိမုသည် ထိုကျယ်လောင်သော အော်သံကို ကြားလိုက်ရပြီးနောက် ရုတ်တရက် တုန်လှုပ်သွားသည်။ သူ၏ချောမောသောမျက်နှာထက်မှ အပြုံးသည် ငိုသည်ထက်ပင် ဆိုးနေသည်။ သူ့အနောက်က အပေါင်းအသင်းများကို သူ စိုက်ကြည့်ပြီး ဒေါသတကြီး အော်လိုက်သည်။

“ချီးပဲ … ငါ့ကို ဘယ်သူ ရောင်းစားတာလဲ။ နို့မဟုတ်ရင် ငါ ဒီမှာရှိနေတာကို သူ ဘယ်လိုသိမှာတုန်း။"

“အာ … ငါ့ဖုန်းက ငါ့မိန်းမရဲ့ဖုန်းနဲ့ ဂျီပီအက်စ် ခြေရာခံကိရိယာတစ်ခုကို ချိတ်ဆက်ထားတယ်။ ဒီနေ့ မင်းနဲ့နေ့လည်စာ စားမယ်ဆိုတာကို သူ သိတယ်။”  လူရွယ်တစ်ဦးက ရယ်ရယ်မောမော ပြောလိုက်သည်။

"ယီးလို ဖုန်း…"

ကျိမု သည်နေရာကနေ အခုချက်ချင်း ထွက်ပြေးချင်သွားသော်လည်း လူအများအပြားက သူ ရှိမည့်နေရာအား အပေါ်ထပ်၊အောက်ထပ် ဝေ့ဝဲကာ သိချင်သော အကြည့်ဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသောကြောင့် သူ ချက်ချင်းပင် ခေါင်းကိုက်သွားရသည်။

ပြောရမည်ဆိုပါက ထိုလှပသောမင်းသမီးရန်သည် ချန်ရှီတွင် အကျော်ကြားဆုံး မိန်းကလေးဖြစ်ပြီး သူ့အား ခေါင်းအကိုက်ဆုံးစေသော မိန်းကလေးလည်း ဖြစ်သည်။

သူ့အနောက်က လူရွယ်က တခိခိရယ်ရင်း

"အစ်ကိုကျိ … အလှလေးရန်က မင်းကို လာရှာနေပြီနော်။ မင်း သူမကိုတော့ ပုန်းမနေသင့်ဘူး မဟုတ်လား။ သူမကိုတွေ့ပြီး မင်း လုံးဝ ခံစားချက် မဖြစ်ဘူးဆိုရင် မင်းရဲ့ ငြင်းပယ်မှုကို အခိုင်အမာ ပြောလိုက်လေ။"

"ဒီနေ့ ဒါတွေ ဖြစ်မယ်ဆိုတာ မင်း သိပြီးသား မဟုတ်လား။"

ကျိမုသည် တွေကနဲ ဖြစ်သွားပြီးမှ မေးလိုက်သည်။

လူရွယ်က စိတ်ထဲမှ ရယ်မောနေသည်။ သည်ကျိမုကလွဲပြီး ဒီနေ့ သည်လိုဖြစ်မည်ကို လူတော်တော်များများ သိထားကြသည်။ ဒီနေ့ ဖြစ်မြောက်စေရန် သူ့အပေါင်းအသင်းများပင်  အကူအညီပေးပြီး သူ့မိန်းမ၏ညီအစ်မများ သူငယ်ချင်းများနှင့်အတူ အချိန်အတော်ကြာအောင် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ သေရလျှင်ပင် ကျိမု၏အရှေ့တွင် ထိုအကြောင်းကို ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်သောကြောင့် လူရွယ်က

“ဒီအကြောင်းကို ငါ တကယ်မသိပါဘူး ငါ့လူရာ။ မဟုတ်ရင် ငါတို့ ညီအကိုတွေကြား ဒီလောက် ရင်းနှီးတာ မင်းကို ငါအကြောင်းကြားမှာပေါ့ မဟုတ်ဘူးလား။”

ကျိမုသည် မျက်လုံးလှိမ့်ကာ ထိုလူရွယ်အား ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ရင်း အောက်ထပ်သို့ ဆင်းသွားသည်။ သူ ဆိုင်အပြင်သို့ ထွက်လိုက်သောအခါ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသောအနေအထားဖြင့် လူများတန်းစီနေသည်ကို မြင်သောအခါတွင် ရုတ်တရက် ထိတ်လန့်သွားကာ

“မင်း ဘာလုပ်နေတာလဲ ယန်ယန်။ မင်းက လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်စေချင်လို့လား ဘာလား။"

ရန်ယန်ယန်သည် နှင်းဆီပန်းစည်းကို ကိုင်လျက် ကျိမု၏စကားများကို လျစ်လျူရှုကာ သူ့ဆီသို့ လျှောက်လာရင်း

"ကျိမု … နင် ငါ့ကို ဘယ်တုန်းကမှ လက်ထပ်ခွင့် မတောင်းဖူးဘူး။ ဒါကြောင့် အဲ့ဒါကို ငါကိုယ်တိုင် လုပ်မယ်။ ငါတို့နှစ်ယောက်လုံး ဒီဟာကို အဆက်မပြတ် အချိန်ဆွဲနိုင်ပေမယ့် ငါ့ဗိုက်ထဲက ကလေးက အဲ့လိုလုပ်ဖို့ မတတ်နိုင်တော့ဘူး။ ငါ့ကို လက်ထပ်ဖို့ ကတိပေးပါ။"

ကလေးတစ်ယောက်…

ကျိမုသည် ချက်ကောင်းကို မိုးကြိုး ထိမှန်သွားသည့်အလား နေရာတွင်ပင် ကြက်သေ သေသွားတော့သည်။ အပန်းဖြေကလပ်တစ်ခုတွင် အရက်သောက်ပြီးနောက် လွန်ခဲ့သည့် နှစ်လက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနိုင်သည်။ ထိုနေရာတွင် သောက်နေသော ရန်ယန်ယန်နှင့် အမှတ်တမဲ့ ဆုံခဲ့သည်။ နောက်ဆုံးတွင် စားပွဲနှစ်ခု ပေါင်းမိသွားခဲ့သည်။ ထိုညက သူ အတော် အမူးလွန်သွားပြီး ရူးကြောင်မူးကြောင်ဖြင့် သူမကို ကိုယ်ဝန်ရသွားစေမည့်အရာကို လှည့်ဖြားခဲ့မိသည်။

မည်သို့ဖြစ်သွားမှန်းမသိဘဲ အမှောင်ထဲ သူ ကျရောက်ခဲ့ကြောင်း ကောင်းကင်ကို သူ ကျိန်ဆိုဝံ့ပေသည်။ နောက်တစ်နေ့ သူ နိုးလာသောအခါတွင် သူ့ရင်ခွင်ထဲတွင် အဝတ်ဗလာဖြင့် အိပ်ပျော်နေသော ရန်ယန်ယန်ကို မြင်လိုက်ရသောအခါ သူမလက်ထဲတွင် သူ ကျဆင်းသွားသည်ကို သူ သိလိုက်သည်။ အရှုံးမရှိဟု ခံစားမိသောကြောင့် ထိုအချိန်က ၎င်းကို မစဉ်းစားခဲ့ပေ။ ယခင်က သူနှင့် ကစားဖူးသော အမျိုးသမီးအချို့လည်း ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော် ရန်ယန်ယန်က ထိုအချိန်ကတည်းက သူ့ကို ပုံမှန်လာလာရှာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ သူမထံမှ ပုန်းအောင်းနေခဲ့သည်မှာ တစ်လခွဲ ရှိနေပြီဖြစ်ပြီး ပေါ့ပေါ့ပါးပါး အပြင်ထွက်ရမည်ကို သူ ကြောက်နေမိသည်။ သို့တိုင် လွန်ခဲ့သော နှစ်လကျော်က သူတို့နှစ်ယောက်ကြားတွင် ဖြစ်ပျက်ခဲ့သောအရာက သူမကို ကိုယ်ဝန်ရှိစေခဲ့သည်။

ဒါက … ရိုးရှင်းစွာပင် … မဖြစ်နိုင်ပေ။

ဒုတိယထပ် ပြတင်းပေါက်နားတွင် …

ထန်ရှုက ကျိမုကို ကြည့်ကာ ခပ်သဲ့သဲ့ပြုံးလိုက်ပြီး သူ့အပြုံးက ပိုမိုသိပ်သည်းလာသည်။ ဟန်ကျင်းဝူအား ဆွဲနေသည့် ယုဟောင်ကပင် တီးတိုးပြောလာသည်။ “ရှားရှားပါးပါး မြင်ကွင်းပဲ။ ဒီလူက အချစ်ရေးမှာ ကံကောင်းတာပဲ။ ဒါက ထူးခြားတယ်။ ချန်ရှီရဲ့ ကျိမိသားစုက ထင်ရှားတဲ့ သခင်လေးကို မိန်းကလေးတစ်ဦးက အမှန်တကယ်ပဲ လက်ထပ်ခွင့်တောင်းခဲ့တယ်။ သေစမ်း … ဒါကို လူတိုင်း သိသွားရင် ဒါက တစ်မြို့လုံးမှာ ကြီးမားတဲ့ အာရုံစိုက်စရာတစ်ခု ဖြစ်လာမှာ သေချာတယ်။ ဒါပေမယ့် ဒီအကြောင်းကိုပြောရင် ဒီရန်ယန်ယန်က ငါ့ရဲ့ ဂုဏ်ပြုမှုနဲ့ ထိုက်တန်တယ်။ သူမက သာမန်အားဖြင့် ပြုလုပ်ခဲတဲ့အရာကို ပြသွားတယ်။ သူမမှာ ဒီလိုရဲရင့်တဲ့ စိတ်ထားရှိပြီး ကလေးတစ်ယောက် ရှိနေပြီဆိုတာကိုတောင် ထုတ်ဖော်ပြောလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”

“ဒီအချစ်ဇာတ်လမ်းက တကယ့်ကို အံ့ဩစရာပါပဲ။” ဟန်ကျင်းဝူက ခေါင်းညိတ်ပြသည်။

“အမျိုးသမီးတွေကို ချစ်ခွင့်ပန်၊ လက်ထပ်ခွင့်ပန်တဲ့ အမျိုးသားတွေကို တွေ့ဖူးပေမယ့် ဒီနေ့က ပြောင်းပြန်ဖြစ်ပြီး အမျိုးသမီးက စတင်ခဲ့တာပဲ။ ဒါနဲ့ နင် ဘယ်လိုထင်လဲ … ကျိမုက လက်ခံမှာလား။"

ထိုစကားကိုပြောရင် ဟန်ကျင်းဝူက ထန်ရှုကို တမင်ပင် စိုက်ကြည့်လိုက်သည်။

ဟန်ကျင်းဝူက သူ့အား စိုက်ကြည့်နေသည်ကို ထန်ရှု ကောင်းစွာ သတိပြုမိသောကြောင့် အတွေးထဲတွင် တိတ်တဆိတ် စကားမပြောနိုင်ဖြစ်ကာ တွေးနေမိသည်။ ငါတို့က ဒီအချစ်ဇာတ်လမ်းကို စိတ်အားထက်သန်စွာ ကြည့်နေကြတဲ့သူတွေလေ။ သူက ငါ့ကို ဘာလို့ သောက်ကျိုးနည်း စိုက်ကြည့်နေတာလဲ။

ထိုအကြောင်းကို တွေးပြီးနောက် ထန်ရှုက သိပ်အများကြီး မစဉ်းစားတော့ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ကျိမုက လက်မခံဘူးလို့ လောင်းတယ်။"

ယုဟောင်နှင့် ဟန်ကျင်းဝူတို့သည် တစ်ချိန်တည်းတွင် ၎င်းတို့၏အကြည့်များကို ပြောင်းလိုက်ကြသော်လည်း သူမတို့၏အမူအရာများ ကွဲပြားသွားသည်။ ယုဟောင်က အံ့သြနေစဉ် ဟန်ကျင်းဝူက အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံရသည်။

"ဘာကြောင့်လဲ။" ယုဟောင်က သိလိုသောအမူအရာဖြင့် မေးလိုက်သည်။

သဘာဝကျစွာဖြင့် ကျိမုသည် ထန်ရှုထံမှ ကျင့်ကြံနည်းစနစ်တစ်ခုကို ရရှိထားပြီဟု သူမအား မပြောနိုင်ပေ။ ဤအချိန်တွင် ကျင့်ကြံခြင်းသည် ဤလူအတွက် အရေးကြီးဆုံး ဖြစ်သည်။ အမျိုးသမီးများနှင့် ကလေးများအတွက် သူ၏ကြီးမားသော ကိုယ်ပိုင်အလုပ်ကို မည်သို့ နှောင့်နှေးစေနိုင်မည်နည်း။ သို့သော် ယုဟောင်၏ စပ်စုသော အကြည့်အောက်တွင် သူ ရယ်မောရုံသာ တတ်နိုင်ပြီး

“ဘာကြောင့်လို့ ဘာလို့ မေးတာလဲ။ ရိုးရိုးသားသားပြောရရင် ဘာအကြောင်းပြချက်မှ မရှိပါဘူး။ 'ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို တခြားနည်းနဲ့လိုက်ရတာ ပိုလွယ်တယ်' ဆိုတဲ့ အထင်လွဲမှုကို အသာထား … ကျိမုက ဒီအမျိုးသမီးနဲ့ အိပ်ရာထက် ချစ်ပွဲလုပ်ပြီး ကိုယ်ဝန်ရသွားပေမယ့် သူမကို အများကြီး ချစ်တယ်လို့ မထင်ဘူး။ နို့မဟုတ်ရင် သူမက သူ့ကို လက်ထပ်ခွင့်ပန်ရတဲ့သူ ဘယ်ဖြစ်ပါ့မလဲ ဒါပေမယ့် တခြားနည်းနဲ့ပေါ့။"

"နင်ပြောခဲ့တာက တော်တော်တော့ မှန်တယ်။" ယုဟောင်က စဉ်းစားတွေဝေသော အကြည့်တို့ဖြင့် မှတ်ချက်ပေးသည်။

"ကျိမုက ကာမရာဂ မကြီးဘူးဆိုပေမယ့်လည်း သူ့မှာ အရင်က မိန်းကလေးတွေ ရှိတယ်။ သူ့အဆင့်အတန်းနဲ့ ကိုယ်ရည်ကိုယ်သွေးအရ မိန်းကလေးတစ်ယောက်ကို တကယ် မချစ်မချင်း အမျိုးသမီး၁၀၀က သူ့ကို ချစ်ခွင့်၊ လက်ထပ်ခွင့်ပန်ရင်တောင် ဘယ်တော့မှ ယိမ်းယိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နင့်ရဲ့မှန်းဆချက်က မှားနေတယ်လို့ ငါ ထင်တယ်။"

ထန်ရှုက ခဏလောက် တွေဝသွေားပြီး

"ဘာလို့ ဒီလောက် သေချာနေတာလဲ။"

"ကျိမိသားစုက မင်းမျိုးမင်းနွယ်မိသားစုဖြစ်လို့ ချန်ရှီမှာ အလွန်ထင်ရှားတဲ့ မိသားစုတွေထဲက တစ်ခုဆိုပေမယ့် တစ်ဖက်မှာလည်း ရန်မိသားစုက ဒီမှာ အရမ်း အမြစ်တွယ်နေပြီ။ ချန်ရှီရဲ့ဒုတိယအကြီးအကဲက လက်ရှိ ရန်မိသားစုခေါင်းဆောင်ရဲ့ညီ … ယန်ယန်ရဲ့ဦးလေးလေ။ မိသားစုနှစ်စုရဲ့မျက်နှာနဲ့ဂုဏ်သိက္ခာအတွက် ကျိမုက သူမကို လူသိရှင်ကြားတော့ မငြင်းလောက်ဘူး။ အများစုကတော့ သူမနဲ့ သီးသန့် ဆွေးနွေးလောက်တယ်။”

ထန်ရှုက ထိုအကြောင်းကို တွေးမိသော်လည်း  ခေါင်းယမ်းပြီး

“ကျွန်တော့်အမြင်ကို ရပ်တည်နေတုန်းပါပဲ။ သူ သဘောမတူဘူး။”

"ဒါဆို ငါတို့ကြားမှာ လောင်းကြေးထပ်မလား။" ယုဟောင်က ပြုံးပြုံးလေး မေးလိုက်သည်။

"ဘာလောင်းမလဲ။" ထန်ရှုက မေးလိုက်သည်။

ယုဟောင်က ခဏလောက် စဉ်းစားကာ ရုတ်တရက် ပြုံးလိုက်ပြီး

"ငါ အနိုင်ရရင် ငါ့ညီအစ်မ ကျင်းဝူကို နင် ချစ်ခွင့်ပန်ရမယ်။ ဘယ်လိုလဲ။"

ထန်ရှုက သူမကို မျက်လုံးလှိမ့်ကာ ကြည့်လိုက်မိသည်။ သူ့အားနည်းချက်ကို သူမက ထိစေသည်ဟု ခံစားမိသော်လည်း သူ မေးလိုက်သေးသည်။

“ဒါပေမယ့် မင်း ရှုံးရင်ရော ဘယ်လိုလုပ်မလဲ။”

"ငါ ရှုံးရင် ဘာလုပ်မလဲ။" ယုဟောင်က မယုံနိုင်စွာ ကြည့်နေသည်။ "ငါက ဘယ်လို ရှုံးနိုင်မှာလဲ။"

ထန်ရှုက ခပ်တည်တည်ဖြင့်

"မထင်မှတ်တဲ့အရာတွေက အချိန်မရွေး ဖြစ်သွားနိုင်တာပဲ။"

ယုဟောင်က တုံ့ဆိုင်းသွားပြီး

“နင်နဲ့ ဟန်ကျင်းဝူကို တစ်ဝိုင်းကောင်းကောင်း ဧည့်ခံမယ်။ ငါ မင်းကို တစ်လလုံး ကျွေးရရင်တောင် ပြသနာမရှိဘူး။"

စားသောက်ပွဲလား…

ထန်ရှုက သူမကို မျက်လုံးပြူးပြပြီး

“ဟေး … မင်း ပြောခဲ့တာတွေနဲ့ အရမ်း ခြားနားနေတယ်နော်။ ဒါပေမယ့် မင်းက အလောင်းအစား လုပ်ချင်တယ်ဆိုမှတော့ လုပ်ကြတာပေါ့။ စောင့်ကြည့်ကြမယ်။ ကျိမုက သုံးမိနစ်နီးနီးကြာရင် လူတိုင်းရှေ့မှာ ရန်ယန်ယန်ကို ငြင်းလိမ့်မယ်။”

***

All Chapters