ငါ့အိမ်မှာ ပြီးပြည့်စုံတဲ့ ဇနီးတစ်ယောက် ရှိနေပြီမို့ မင်းအတွက် အိပ်ယာမကျန်တော့ဘူး
Vol. 52 Ch. 720
ထန်ရှု၏မှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ယုဟောင်က ခပ်မဲ့မဲ့ပြုံးသည်။ သူမသည် ချန်ရှီတွင် နှစ်အတော်ကြာနေထိုင်ခဲ့ပေရာ သူမတို့ယုမိသားစုအား ဤနေရာတွင် ထိပ်တန်းမိသားစုအဖြစ် မသတ်မှတ်နိုင်သော်လည်း အလယ်အလတ်အဆင့် ရှိနေဆဲဖြစ်ပြီး ထိုမိသားစုများမှ ငယ်ရွယ်သူများ၏ အတွေးအမြင်များကို သူမ သဘာဝကျစွာ နားလည်ပေသည်။
သို့သော် ယခုကိစ္စသည် မိသားစုနှစ်စု၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် ကျိမုတွင် မောက်မာမှု အပြည့်ရှိနေလျှင်ပင် ထိုမိသားစုနှစ်စုစလုံးကို အရှက်ရစေရန် မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။
အစပိုင်းတွင် သူမသည် ထန်ရှုကို အတန်ငယ် သဘောကျသည်။ သည်လူငယ်လေးသည် သူ့ညီအစ်မက အတော် သဘောကျနေသောသူ ဖြစ်သောကြောင့် ဖြစ်သည်။ ယခုမူ ထိုသူသည် အခြေအနေကို နားမလည်ဘဲ သူ့ကိုယ်သူ နှိမ့်နှိမ့်ချချ ဖြစ်စေသည်။
စားသောက်ဆိုင်တံခါးဝတွင် ရန်ယန်ယန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ထိုနေရာတွင် ရပ်နေ၏။ ကျိမုက သူမကို ငြင်းမှာမဟုတ်ဘူးဆိုတာ သေချာသည်။ သူမ၏ညီအစ်မကောင်းများသည် ဤကြမ်းတမ်း၍ အန္တရာယ်ရှိသော လှုပ်ရှားမှုတွင် အလောင်းအစားလုပ်ရန် သူမအား လှုံ့ဆော်အားပေးခဲ့သည်။ သူမသည် ကျိမုကို လွန်စွာ ချစ်မြတ်နိုးသော ဤခံစားချက်အား ရင်ထဲတွင် ထွင်းထုထားသည်။ သို့ပေသော်လည်း သည်လူက သူမကို နည်းနည်းလေးသာ သံယောဇဉ် ရှိခဲ့ပြီး ချစ်ရန်နေနေသာသာ နှစ်သက်ရုံသာ နှစ်သက်သည့်အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူမ သဘောပေါက်ခဲ့သည်။
"ငါ့ရဲ့စရိုက်ကို နင်လည်း သိပါတယ် ကျိမု။ ငါ အမုန်းဆုံးက အိမ်ထောင်ရေး စီမံဖို့ မိသားစုကို ဝင်ပါခိုင်းတာပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ငါ့အဖျားရောဂါကြောင့် ဆေးရုံကို နင် ခေါ်သွားပေးကတည်းက နင့်ကို ချစ်သွားတယ်ဆိုတာ ငါ သိတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီခံစားချက်က ပိုပြီး နက်ရှိုင်းလာတယ်။ နင့်အတွက် ငါ့ခံစားချက်က ဖြူစင်တယ်။ ငါတို့ရဲ့အဆင့်အတန်းလို့ ခေါ်တဲ့ သတ်မှတ်ချက်တွေ မပါဘူး။ နင့်မှာ ဘာမှ မရှိရင်တောင် ငါ သဘောကျတယ်။ သေတဲ့ထိတိုင် နင့်ရဲ့အနောက်ကို နှလုံးသား ပုံအပ်ပြီး လိုက်မယ်။ ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ဖို့ ကတိပေးပါ … မဟုတ်ဘူး … နင့်ရဲ့ ဇနီးအဖြစ် ငါ့ကို ယူပါ။”
ကျိမုသည် မျက်မှောင်တင်းတင်း ကြုတ်ထားရင်း သူမကို ဒေါသတကြီး ကြည့်လိုက်သည်။
သူမ ပြောခဲ့တဲ့ ကလေးဆိုတာက ...အသေးအမွှားလေး တစ်ခုပဲလား။ လူအများကို သက်သေထားပြီး၊ သူတို့ရဲ့အဆင့်အတန်းကို အသုံးပြုပြီး သူ့ကို သူမက အတင်းအကြပ် ဖိအားပေးနေတာလား။
ကျိမုက စိတ်ထဲတွင် လှောင်ရယ်လိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ကာ လူတိုင်း၏ အကြည့်များအောက်တွင် မီးညှိလိုက်သည်။ သူက ရန်ယန်ယန်ကို မထိခိုက်စေချင်သည့်တိုင် သူ့ကို အတင်းအကြပ် ဖိအားပေးသည်ကိုလည်း သူ မကြိုက်ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြစ်ခဲ့မည်ဆိုပါလျှင် သူတို့အဆင့်အတန်းကြောင့် ထိုကဲ့သို့ သူ ဖိအားပေးခံရပါက သူမကို ကတိပေးလိုက်မည်ဖြစ်သည်။ ယခုမူ…
“ယန်ယန် … မင်းကို ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်လို့ ငါ တွေးဖူးတယ်။ အနည်းဆုံးတော့ ငါတို့နှစ်ယောက်ကြားက နောက်ဆုံးအဖြစ်အပျက်တုန်းက မင်း ငါ့ကို မနှောက်ယှက်ဘူး။ မင်းက ဒါကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ပြီး အရင်ကလိုပဲ ငါနဲ့ ဖလှယ်ကြမယ်ဆိုရင် ငါ မင်းကို စပြီး အရမ်းသဘောကျမိသွားလိမ့်မယ်။ ဒါပေမယ့် … ဒီနေ့ မင်း လုပ်လိုက်တာက ဉာဏ်ကောင်းရုံလေးပဲ။ မင်းက ငါ့ကလေးကို အသုံးချချင်နေတာ မဟုတ်လား။ ချန်ရှီက ငါတို့အဆင့်အတန်းတွေကို မင်း အသုံးပြုနေသလိုပဲနော်။”
“ငါ ကျိမုက သံယောဇဉ်နဲ့ အချစ်ဆိုတာကို ကလေးကစားစရာလို သဘောထားတတ်တဲ့သူ မဟုတ်ဘူး။ ငါတို့ရဲ့နှလုံးသားကို ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတစ်ချောင်း တကယ်ရှိခဲ့ရင် မင်းကို စောင့်ရှောက်ပြီး ပျော်ရွှင်တဲ့ဘဝကို ပေးမယ်လို့ ကျိန်ဆိုပြီး ငါကိုယ်တိုင် စတင်လုပ်မယ့်သူမို့ ငါ့ကို အတင်းအကြပ် ခိုင်းဖို့တောင် မလိုဘူး။
"ဒါပေမယ့် အခုတော့ …
"ငါ လက်မခံဘူး။"
ရန်ယန်ယန် အံ့အားသင့်ကာ ထိတ်လန့်သွားသည်။ ကျိမု၏တုံ့ပြန်မှုသည် ဤမျှ ပြင်းထန်လိမ့်မည်ဟု သူမ မထင်ထားမိပေ။ သူမကို ပြလိုက်သော သူ၏သဘောထားသည် ... ရွံရှာနေဟန်ရှိသည်။
မှားသလား … သူ့ကို ငါချစ်တာက အမှားတစ်ခုလား။ အခု ငါက နင့်ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အထိ နင့်ကို ငါ့ခန္ဓာကိုယ် ပေးပြီးပြီလေ။
*ဒါဆို ဘာကြောင့်လဲ။ *မိသားစုနှစ်စုရဲ့မျက်နှာကိုတောင် မထောက်ဘဲ ငါ့ကို ဒီလို နှလုံးသားမဲ့စွာ ငြင်းဆန်နေတာက ဘာကြောင့်လဲ။
ရန်ယန်ယန် ခေါင်းကို တွင်တွင်ယမ်းရင်း သူမ၏မျက်နှာထက်တွင် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။ အသံချဲ့စက်ကို ကိုင်ထားသော သူမ၏လက်ကလေးသည် တုန်ရီနေပြီး "ငါ နင့်ကို အတင်းအကြပ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး ကျိမု။ နင့်ကို ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူး။ ငါ ဒီနေ့ လုပ်နေတာက နင့်ကို ငါ ဘယ်လောက် ချစ်တယ်ဆိုတာ သိစေချင်လို့ပဲ။ ငါရန်ယန်ယန်အတွက်တော့ မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ ထိန်းချုပ်မှုတွေကို ဖယ်ထားပြီး နင်နဲ့အတူ ရှိနေဖို့ ငါ့ရဲ့ဂုဏ်၊ ငါ့ရဲ့သိက္ခာကိုတောင် ဖယ်ထားပြီး နင် လုပ်ချင်တာမှန်သမျှ လုပ်ပေးမှာပါ။”
“တောင်းပန်ပါတယ်။” ကျိမုက ဘာသိဘာသာဖြင့် ခေါင်းယမ်းလိုက်သည်။
ဒုတိယထပ် ပြတင်းပေါက်နားတွင်…
ယုဟောင်သည် ထိုပွဲကို ကြည့်ရင်း ပါးစပ်အာစေးမိသွားသည်။ သူမ၏ ဦးနှောက်သည် ထက်မြက်သော်လည်း ဤအချိန်တွင် အလုပ်မလုပ်တော့ပေ။ ထန်ရှုကို မယုံနိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်မိသည်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။" သူမ၏အသံသည် တုန်ရီနေသည်။
ထန်ရှုသည် ဤရလဒ်ကို ခန့်မှန်းထားသောကြောင့် တည်ငြိမ်စွာ ပြုံးနေသည်။ ကျိမုသည် သူ့ထံမှ ကျင့်ကြံနည်းစနစ်ကို မရရှိခဲ့ပါက ငြင်းဆန်ရန် ဆန္ဒရော ခွန်အားပါ ရှိမည်မဟုတ်ပေ။ အနည်းဆုံးတော့ ကျိမိသားစုနှင့် ရန်မိသားစုများ၏ အရှက်နှင့်ဂုဏ်သိက္ခာ ထိန်းသိမ်းရန် သူ ကြိုးစားပေလိမ့်မည်။ ယခုမူ … ကျိမိသားစုမှ အကြီးအကဲများပင်လျှင် ကျိမုကို အပြစ်တင်လိမ့်မည် မဟုတ်သည့်အပြင် … အပြစ်လည်း တင်ဝံ့မည် မဟုတ်ကြပေ။
“ဒီလမှာ ကျွန်တော် လုပ်သင့်တာလေးတွေ ရှိနေတော့ မင်း ကျွေးမယ့် စားသောက်ပွဲကို မတက်နိုင်တော့မှာကို စိုးမိပါတယ်။ ဒါပေမယ့် မင်းရဲ့ကတိကို အကောင်အထည်ဖော်ချင်ရင် ဆရာမဟန်ကို ဧည့်ခံပေးလေ။ ဆရာမဟန်မှာ အချိန်တွေ အများကြီး အားနေတယ်။”
ယုဟောင်သည် အံအားသင့်သွားပြီး အနည်းငယ် အနေရခက်ကာ ရှက်သွေးဖြန်းသွားသည်။
အလောင်းအစား စတင်ချိန်တုန်းက သူမသည် ထန်ရှုအား အမြင်ကတ်နေခဲ့သည်ကို ပြန်သတိရကာ ယခုအခါ ရယ်စရာကောင်းသောသူသည် သူမ ဖြစ်ကြောင်း ခံစားနေရသည်။
"ထန်ရှု … နင် ကျိမုကို သိနေပြီးသား မဟုတ်လား။" ရုတ်တရက် ယုဟောင်၏နှလုံးသားထဲတွင် ဤအတွေး ပေါ်လာပြီး ရုတ်တရက် မေးလိုက်သည်။
ထန်ရှုကိုယ်တိုင်က ထိုအရာကို ဖုံးကွယ်ရန် မကြိုးစားဘဲ ခေါင်းညိတ်ပြပြီး
“ဟုတ်တယ်။ နှစ်ခါလောက် တွေ့ဖူးတယ်။”
ယုဟောင် ပြောစရာစကားမဲ့သွားသည်။ မူလက ထန်ရှုသည် အခြေအနေကို လုံးဝမသိဘဲ ရယ်စရာကောင်းလောက်အောင် ကြွားဝါသူတစ်ဦးဟု သူမ ထင်ခဲ့သည်။ သည်လူက ထိုသခင်လေးကျိနှင့် သိကျွမ်းနေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။ ယခု သူမနှင့် အလောင်းအစား လုပ်သောအခါတွင် ထိုသူသည် ကြွားလုံးထုတ်သည် မဟုတ်ဘဲ တကယ်ကို ယုံကြည်မှုရှိနေခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် အခြေအနေကို ရှင်းရှင်းလင်းလင်း အကဲမဖြတ်ဘဲ ထိုသူ့အား ရူးမိုက်စွာ ရှုတ်ချခဲ့မိသေးသည်။
သူမ၏အတွေးများ ထိုနေရာသို့အရောက်တွင် ယုဟောင်သည် သူ့ကိုယ်သူ တွင်းတူးကာ ပုန်းအောင်းလိုက်ချင်တော့ပေသည်။ ထိုသူ့အား ပြန်တွေ့ရန် မျက်နှာပင် တကယ်မရှိတော့ပါချေ။
ထို့နောက် ထန်ရှုသည် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျနေသော ရန်ယန်ယန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အမူအရာက ရုတ်တရက် ပြောင်းသွားပြီး ယုဟောင်ကို လှည့်ကြည့်ကာ ပြုံးစစဖြင့် မေးလိုက်သည်။
“နောက်ထပ်လောင်းကြေးထပ်ဖို့ သတ္တိရှိလား”
ယုဟောင်က သူ့ကို မျက်လုံးပြူးပြပြီး စိတ်အချဉ်ပေါက်နေသောလေသံဖြင့်
"နင် ငါ့ကို အနိုင်ယူပြီးပြီလေ။ ဘာထပ်လောင်းရဦးမှာလဲ။"
"ကျိမုက သူ့စကားတွေကို ပြန်ရုတ်သိမ်းပြီး ရန်ယန်ယန်ကို လက်ခံလိမ့်မယ်လို့ လောင်းမယ်။ မင်း ယုံလား မယုံဘူးလား။" ထန်ရှုက ပြုံးလိုက်သည်။
ယုဟောင် တစ်ဖန် တွေဝသွေားပြန်ပြီး ချက်ချင်း သူမ၏မျက်လုံးများကို ပြူးပြလိုက်ကာ
“နင် နေကောင်းပါသေးတယ်နော်။ ကျိမုက လူသိရှင်ကြား ပြတ်ပြတ်သားသား ငြင်းခဲ့တာလေ။ သူ့အကျင့်စရိုက်အရဆိုရင် သူပြောခဲ့တဲ့ စကားတွေကို ဘယ်လိုပြန်ရုတ်သိမ်းနိုင်မှာလဲ။"
"ကျွန်တော် မင်းကို ပြောမယ် မင်း လောင်းမလား မလောင်းဘူးလား။" ထန်ရှုက ထပ်မေးလိုက်သည်။
ယုဟောင် အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီး “ကောင်းပြီ။ ငါ လောင်းမယ်။ နင် အနိုင်ရရင် ငါ နှစ်လလောက် ဒကာခံမယ်။ ဒါပေမယ့် နင် ရှုံးရင် ငါတို့ အရင်အတိုင်းပဲ ဖြစ်မယ်။"
"သဘောတူတယ်။"
ထန်ရှုက ပြုံးလိုက်ရင်း ပြတင်းပေါက်ပေါ် လက်ထောက်ကာ အောက်ငုံ့ကြည့်လိုက်ပြီး
"ဟေး သခင်လေးကျိ … မိန်းကလေးတစ်ယောက်က သူ့ဂုဏ်သိက္ခာကို စွန့်ပယ်ပြီး သူမရဲ့ချစ်သူအပေါ် အလွန်တရာချစ်မြတ်နိုးမှုကို ထုတ်ဖော်လာတယ်ဆိုရင် ယောက်ျားလေးက အနိုင်ရတယ်လို့ အဓိပ္ပါယ်ရနေပြီ။ နောက်ပြီး သူက မင်းရဲ့ကလေးကို လွယ်ထားရပြီမို့ ယောက်ျားတစ်ယောက်အနေနဲ့ မင်း ဘာကြောင့် တာဝန်မယူတာလဲ။ တာဝန်မဲ့တဲ့လူဟာ နာမည်ဆိုးနဲ့ ကျော်ကြားမယ်လို့ ငါ ကြားတယ်။ ဒါ မှန်ပါတယ် … ပြင်ဆင်မှုပိုလုပ်ခြင်းက အလုပ်အရှိန်ကို မြန်ဆန်စေတယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့တယ်။ မင်းမှာ တခြားအရေးကြီးတဲ့လုပ်စရာတွေ အများကြီး ရှိနိုင်ပေမယ့် မင်းမှာ အနှေးနဲ့အမြန်ဆိုသလို မိသားစုတစ်ခု ရှိလာရမှာပဲလေ။”
ဆိုင်အောက်ထပ်တွင်…
ထိုရင်းနှီးနေသောအသံကို ကျိမု ကြားလိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွားသည်။ ထန်ရှုကို သည်နေရာတွင် တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားသောကြောင့် အပေါ်ပြတင်းပေါက်သို့ မော့ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်များ ပြည့်နှက်နေသည်။ တစ်ဆက်တည်းမှာပင် အနေရခက်မှုနှင့် ရှက်ရွံ့မှုတို့က သူ့အား မချိတင်ကဲအပြုံးကို တိတ်တဆိတ် ဖြစ်ပေါ်လာစေသည်။ မထင်မှတ်ပဲ ထန်ရှုသည် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ ဤသည်မှာ … အကြီးမားဆုံး အရှက်ကွဲခြင်းနှင့် အရှက်ရခြင်းတို့ပင်တည်း။
မည်သို့ပင်ဆိုစေကာမူ ထန်ရှု ပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားလိုက်ရသည်။ ရန်ယန်ယန်သည် အမျိုးသမီးတစ်ဦးအနေဖြင့် သူမ၏ ထိန်းချုပ်မှုနှင့်ဂုဏ်သိက္ခာကိုပင် စွန့်ပယ်ခဲ့သည်။ ဆိုလိုသည်မှာ သူမသည် ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်ခဲ့ပြီး သူ့အတွက် ခံစားရသော ခံစားချက်သည် ဖြူစင်ရိုးသားကြောင်း ဆိုလိုခြင်းပင်တည်း။
ထန်ရှု ပြောသလိုပင် ပြင်ဆင်မှုပိုလုပ်ခြင်းသည် အလုပ်အရှိန်ကို မြန်ဆန်စေသည်ဟု ဆိုသည့်အတိုင်း သူပြောခဲ့သော "အခြားအရာ" များသည် သူ့ကျင့်ကြံမှုကို ညွှန်ပြခြင်းဖြစ်သည်။ ကျင့်ကြံမှုတွင် နှစ်မြှုပ်လုပ်ကိုင်ရင်း မိသားစုတစ်ခုရှိခြင်းသည် တစ်ဦးနှင့်တစ်ဦး မထိခိုက်ဘဲ အမှန်တကယ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ငါ တာဝန်ယူသင့်သလား … မယူသင့်ဘူးလား…။
သူ့လက်သီးများကို ဖြည်းညှင်းစွာ ဆုပ်ထားရင်း ကျိမု၏ မျက်နှာသည် အတွေးများဖြင့် အဆက်မပြတ် ပြောင်းလဲနေသည်။
မျက်ရည်များ ကျနေသော ရန်ယန်ယန်သည် ထန်ရှု၏ စကားကို ကြားပြီး ရင်ထဲ၌ ကျေးဇူးတင်နေသည်။ ထန်ရှုကို သူမ မသိသော်လည်း ကျိမုက သူမကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ထိုသူ့ကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် တိတ်တဆိတ် ဆုံးဖြတ်ထားသည်။
ထိုအချိန်တွင် လူအုပ်ထဲမှ အနက်ရောင် သားရေဝတ်စုံ ဝတ်ထားကာ ဆိုင်ကယ်စီးဦးထုပ်ကို ကိုင်ထားသော အမျိုးသမီးတစ်ဦးသည် ရုတ်တရက် မော့ကြည့်လာပြီး သူမ၏နဖူးပေါ်ရှိ ဆံပင်များကို အသာသပ်တင်ကာ ထန်ရှုအား အော်ပြောလိုက်သည်။
"ဟေး လူချောလေး …။ နင် ဒီလိုပြောကတည်းက တာဝန်သိတဲ့လူ ဖြစ်မှာာပဲ။ စကားမစပ် နင့်မှာ ချစ်သူရှိလား။ မရှိဘူးဆိုရင် နင် ငါ့ကို စဉ်းစားပေးရင်ရော ဘယ်လိုလဲ။"
မူလက ပြုံးနေသော ထန်ရှုသည် ရုတ်တရက် အပြုံးရပ်သွားကာ ငိုရမလို ရယ်ရမလို ဖြစ်သွားပြီးနောက် ခေါင်းကို ကုတ်လိုက်ရင်း
“စိတ်မကောင်းပါဘူး မိန်းကလေး။ ငါ့အိမ်မှာ ဇနီးကောင်းတစ်ယောက်ရှိနေပြီမို့ မင်းအတွက် အိပ်ယာမကျန်တော့လို့ပါ။"
ထိုစကားကို ပြောပြီးနောက် ပြတင်းပေါက်မှ ထွက်နေသော သူ၏ခေါင်းကို တစ်ခါတည်း နောက်ပြန်ဆုတ်ကာ ကသိကအောက်ဖြစ်သွားသော အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။
ထိုအချိန်တွင် ဟန်ကျင်းဝူသည် ဘာမှ မပြောသေးသော်လည်း သူမ၏နှုတ်ခမ်းထက်မှ အပြုံးသည် မပျောက်သွားပေ။ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး သူ၏ကသိကအောက်ဖြစ်သွားမှုကို ဖုံးကွယ်ရန် ကြိုးစားနေသည့် ထန်ရှုကို တွေ့လိုက်ရတော့ သူမ ရုတ်ခြည်းပင် တခိခိရယ်မိတော့သည်။ ထန်ရှုက သူ့ညီအစ်မကောင်း ယုဟောင်နှင့် အလောင်းအစား လုပ်ချင်သည်ဟု ပြောခဲ့သည့်တိုင် ယေဘုယျအားဖြင့် အချစ်ဇာတ်လမ်းလေးကို သူက ပျော်ရွှင်ဖွယ် အဆုံးသတ်ဖြစ်စေချင်သောကြောင့် ကောင်းသောအလုပ် လုပ်ခဲ့သည်ဟု သူမကို ခံစားမိသွားစေပေသည်။
ဆန့်ကျင်ဘက်အနေနှင့် ယုဟောင်သည် မတူညီစွာ ခံစားခဲ့ရပြီး ထန်ရှု၏စကားကို ကြားပြီးနောက် သူမ၏မျက်လုံးများကို မပြူးကျယ်နိုင်တော့ပေ။ ထိုအချိန်တွင် ဟန်ကျင်းဝူသည် ထန်ရှုကို ကြည့်နေသောကြောင့် သူမ ရုတ်ခြည်းပင် မနေနိုင်တော့ဘဲ မှတ်ချက်ပေးလိုက်သည်။
"ထန်ရှု … ကျိမုက ချန်ရှီရဲ့ ထင်ရှားတဲ့ ကျိမိသားစုက အမျိုးကောင်းသားဖြစ်ပြီး အပေါ်စီးကနေ အမြဲကြည့်နေကျဖြစ်တယ်။ နင့်ရဲ့အပေါ်ယံ စကားလုံးတွေကြောင့် သူ စိတ်ပြောင်းမယ်လို့ ထင်လား။ မေ့လိုက်ပါ သူငယ်ချင်း။"
"သူ စိတ်ပြောင်း မပြောင်း ဘယ်သူသိမှာလဲ။" ထန်ရှုက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပခုံးတွန့်ကာ ပြုံးလိုက်သည်။
စားသောက်ဆိုင်တံခါးဝမှာ။
ကျိမု၏အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေဆဲ ဖြစ်သည်။ သူ့ကို တောင့်တသော မျှော်လင့်ချက်များဖြင့် မျက်ရည်များကျနေသော ရန်ယန်ယန်ကို ကြည့်လိုက်မိသည်။ နောက်ဆုံးတွင် သူသည် စိတ်ထဲမှ သက်ပြင်းချကာ ရှေ့သို့ တိုးလာသည်။ သူမ၏အရှေ့သို့ ရောက်လာပြီးနောက် ရန်ယန်ယန်၏မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာ သုတ်လိုက်ပြီး
“မင်းကို ပေးမယ့် ခွန်အားနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ငါ့မှာ မရှိဘူး။ ဒါပေမယ့် မင်း ငါ့အနားမှာ နေချင်တယ်ဆိုရင် ငါ့ကို သုံးရက်လောက် အချိန်ပေးပါ။ ငါ့မိသားစုရဲ့ အကြီးအကဲတွေနဲ့ စကားပြောပြီးရင် ငါတို့ရဲ့အိမ်ထောင်ရေးအကြောင်း ဆွေးနွေးဖို့ မင်းဆီ လာလည်မယ်။ အိမ်ထောင်မပြုနိုင်သေးရင်တောင် အနည်းဆုံးတော့ စေ့စပ်ပွဲကို အရင်လုပ်နိုင်ပါတယ်။ အချစ်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူးလေ။ ဒါကြောင့် ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ဖို့ ငါ့ကို အချိန်ပေးပါ။"
ရန်ယန်ယန် မျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး သူမ၏မျက်လုံးများမှ မျက်ရည်များ ထပ်မံကျလာပြန်သည်။ သည်တစ်ခါတော့ ဝမ်းနည်းပြီးကျရသော မျက်ရည်မဟုတ်ဘဲ ပျော်ရွှင်ပြီးကျရသော မျက်ရည်သာ ဖြစ်တော့လေသည်။ သူမသည် ရွှင်လန်းသော အမူအရာဖြင့် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြကာ ကျိမုကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး မှ လွှတ်ပေးလိုက်ပြီး အလျင်စလို လေသံဖြင့်
“ငါ့ကို ခဏစောင့်ပါ။”
ထိုစကားပြောပြီးနောက် သူမသည် သတို့သမီးဝတ်စုံ၏ ဘေးတစ်ဖက်တစ်ချက်ကို ဆွဲကိုင်ကာ စားသောက်ဆိုင်ထဲသို့ ပြေးဝင်သွားခဲ့သည်။ အားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူမသည် အပေါ်ထပ်သို့ တောက်လျှောက်တက်သွားကာ ပြတင်းပေါက်အနီးရှိ ထန်ရှု၏နေရာသို့ ရောက်ရှိလာပြီး ကျေးဇူးတင်သော အမူအရာဖြင့်
“ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ဒီနေ့ ရှင့်ရဲ့စကားကြောင့်သာ မဟုတ်ရင် ငါ ရန်ယန်ယန်က ငါ့အချစ်တင်မကဘူး ငါ့ရဲ့အနာဂတ်ပျော်ရွှင်မှုတွေလည်း ဆုံးရှုံးသွားနိုင်တယ်။ ဒီစေတနာနဲ့ ကြင်နာမှုကို အမြဲအမှတ်ရနေမှာပါ။ ကျေးဇူးပြုပြီး ငါ့ရဲ့အကူအညီ လိုတာ တစ်ခုခုရှိလာခဲ့ရင် ပြောလိုက်ပါ။ ငါ့လုပ်နိုင်တဲ့အထဲက အကောင်းဆုံး လုပ်ပေးပါမယ်။”
“ဒီမိန်းကလေးက မဆိုးဘူး။” ထန်ရှု တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
***