← Chapters

ကိုယ်ပိုင်အလုပ်ရုံဖွင့်လှစ်ခြင်း

Vol. 23 Ch. 319

ကိုယ်ပိုင်အလုပ်ရုံဖွင့်လှစ်ခြင်း

Vol. 23 Ch. 319

အခန်း(၃၁၉) - ကိုယ်ပိုင်အလုပ်ရုံဖွင့်လှစ်ခြင်း

"စတုတ္ထဒေါ်လေးက အရမ်းလှတာပဲ" ကျိုးအာ့နီက မနေနိုင်ဘဲ အံ့သြနေသောမျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အရမ်းကြည့်ကောင်းတာပဲ" ရှုရှန့်မိန်ကလည်း မနာလိုသော မျက်လုံးများဖြင့် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ငါ့ဦးလေးတော့ ကံကောင်းတာပဲ" ဟူကျစ်ကတော့ ရိုးရိုးရှင်းရှင်းနှင့် တဲ့တိုးပြောသည်။ သူမြို့တော်သို့ ရောက်လာလျှင်ပင် သူ့အဒေါ်နှင့် ယှဥ်နိုင်လောက်သည့်လူမျိုးကို တွေ့ရသည်က ရှားသည်။

"ဒီလိုအမျိုးသမီးမျိုးက နတ်ပြည်မှာပဲ ရှိသင့်တာ၊ လူသားကမ္ဘာမှာ ဒီလိုလူမျိုးနဲ့ ဆုံတွေ့ဖို့က ရှားပါးလွန်းပါတယ်" ကျိုးရွှမ်းက ချက်ချင်းဆိုသလို စာဖွဲ့ကာပြော၏။

"ငဖားကြီး" ကျိုးခိုင်က ရှုံ့မဲ့ကာပြန်ပြောလိုက်သည်။

"အစ်ကိုလတ် အဲ့တာကို ဖားတယ်လို့ မခေါ်ဘူး၊ အမှန်ပြောတယ်လို့ ခေါ်တယ်ကွ" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"နင်တို့တွေ ဘာပြောတာလဲ။ သားလတ်ရဲ့စကားက ဘာမှားလို့လဲ။ ဟူကျစ်၊ ရှန့်မိန်၊ အာ့နီနဲ့ အခြားသူတွေက မျက်လုံးကောင်းကောင်းရှိတယ်။ နင်တို့နှစ်ကောင်ကတော့ ကန်းနေလို့မလား။" ဟု လင်ချင်းဟယ်က ငေါက်ပြစ်လိုက်လေသည်။

"အမေ ဒီလိုအဝတ်အစားမျိုး မနက်ဖြန်ဝတ်ပြီး လမ်းထွက်လျှောက်ပြလိုက်စမ်းပါ။ ဒါက ကြော်ညာပြီးသား ဖြစ်သွားမှာပဲ။ အရမ်းမိုက်တာပဲ၊ သေချာပေါက် လူတွေ ဆိုင်တံခါးကိုတောင် ဖျက်ပြီးလာဝယ်ကြမှာ သေချာတယ်။ ကျွန်တော် လာကူညီပေးရမလား။" ဟု ကျိုးရွှမ်က မေးလိုက်သည်။

"နင်တို့နှစ်ယောက်ကတော့ ထားလိုက်ပါတော့။" ဟု လင်ချင်းဟယ်က ပြောလိုက်သည်။ "မနက်ဖြန် အတန်းဘယ်နှချိန်ရှိလဲ အကြီးကောင်"

"အရေးကြီးတာတစ်ချိန်ပဲရှိတယ် ပြီးရင် ငါးသွားမျှားမှာ" ကျို့ခိုင်က ခေါင်းငြိမ့်လိုက်သည်။

"နင်တို့နှစ်ယောက်စလုံး ဝတ်ကြည့်လိုက်စမ်း။ ဒါက ပုံမှန်ဆိုဒ်ပဲ။ နင်တို့နှစ်ယောက်စလုံးနဲ့ တော်လိမ့်မယ်ထင်တယ်" ဟု လင်ချင်းဟယ်က သူ့တူမများကို တစ်စုံစီပေးကာ ပြောလိုက်သည်။

ထို့နောက် အဝတ်လဲခန်းတွင် သွားလဲခိုင်းလိုက်၏။

ကလေးမနှစ်ယောက်မှာ လူငယ်ဆိုသည့်အတိုင်းပဲ။ ဝတ်ဆင်လိုက်သောအခါ အလွန်လှပကြသည်။

"ဒေါ်လေးကိုတော့ မယှဥ်နိုင်ပါဘူး" ဟူကျစ်က သူတို့ကိုကြည့်ပြီး ထင်ကြေးပေးလိုက်လေသည်။

ကျိုးသားတော်မောင်သုံးယောက်ကတော့ စကားပြောခြင်းကို ရပ်လိုက်ကြသည်။ အလွန်ကောင်းမွန်သော်လည်း သူတို့ရဲ့အမေကိုတော့ မကျော်နိုင်ပါ။ သူတို့အမေရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို မယှဥ်နိုင်ကြပေ။

"ဒီလောက်ငယ်ပြီး လှကြတာကို ဘာလို့မယှဥ်နိုင်ရမှာလဲ။ အမြင်ကို မရှိကြဘူး" လင်ချင်းဟယ်က ကောင်မလေးနှစ်ယောက်ကို ပြောလိုက်သည်။ "လှည့်ကြည့်လိုက်ပါဦး"

ကျိုးအာ့နီနှင့် ရှုရှန့်မိန်တို့ နှစ်ယောက်စလုံး လှည့်လိုက်ကြသည်။ နှစ်ယောက်စလုံး ချောမောလွန်းလှပါသည်။

"ဟုတ်ပြီ ဒီမနက်အပြင်ထွက်ကြ" လင်ချင်းဟယ်က လက်ခုပ်တီးရင်း ပြောလိုက်၏။

သူမအတွက်ကတော့ ထိုအဝတ်အစားများကို မဝတ်ပါ။ ယခင်လိုပဲ သာမန်အဝတ်အစားများကို ဝတ်ပါမည်။

ကလေးမလေးတွေကို သူတို့ဖာသာ ဆွေးနွေးခိုင်းလိုက်သည်။ လင်းချင်းဟယ်က အခန်းထဲ ပြန်ဝင်လာပြီး အဝတ်အစားများကို လဲလိုက်သည်။ သူမရဲ့ အဝတ်အစားတွေကို ခေါက်ကာ ပြန်ယူသွားတော့မည်ကို မြင်သောအခါ ကျိုးချင်းပိုင်က "မင်းနဲ့ ကြည့်ကောင်းပါတယ်" ဟုပြောလိုက်သည်။

"ဟုတ်တယ် ဒေါ်လေးရှုကို နောက်နေ့ကျရင် ကျွန်မအတွက် မတူတဲ့နှစ်စုံ ထပ်လုပ်ခိုင်းလိုက်မယ်။" ဟု လင်ချင်းဟယ်က ပြန်ပြောလိုက်သည်။

အခုလက်ရှိ ထိုဂါဝန်များအား အများကြီး ထုတ်ထားသည်။။ အစုံ ၂၀၀ကျော်လောက်ရှိ၏။ လက်ရှိတွင် စက်ရုံက သူမအတွက် နောက်ထပ်အခြား နွေရာသီစတိုင်နှစ်စုံ အလျင်အမြန် ထုတ်လုပ်ပေးနေသည်။

ထိုဂါဝန်များမှာ အမြောက်အများ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အခြားသူများနှင့် အလွယ်တကူ ဆင်တူဖြစ်နိုင်သဖြင့် လင်ချင်းဟယ်က မနှစ်သက်ခြင်း ဖြစ်ပါသည်။

"ဒါဆိုလည်း ဒေါ်လေးရှုကို မင်းတစ်ယောက်တည်းအတွက် ဝတ်စုံတွေ ထပ်လုပ်ခိုင်းလိုက်ပေါ့။" ဟု ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

"ဟုတ်ပါပြီ" လင်ချင်းဟယ် ပြုံးကာ ပြောလိုက်သည်။ "ကျွန်မ ရှင်ကြည့်ဖို့အတွက် ဝတ်ပေးပါ့မယ်"

ကျိုးချင်းပိုင်၏ မျက်လုံးထဲတွင် အရောင်တစ်ချို့ လင်းလက်သွားသည်။

နောက်တစ်နေ့တွင် အထည်ဆိုင် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။

ယခင် အလုပ်မဲ့ဖြစ်နေစဥ်တုန်းက ခြောက်ခြောက်ကပ်ကပ် ဖြစ်နေခဲ့သော အထည်ဆိုင်လေးကို လင်ချင်းဟယ်၏ ညွှန်ကြားမှုအောက်တွင် ဟူကျစ်၊ အာ့နီနှင့် ရှန့်မိုင်တို့က နေချင်စဖွယ်နေရာလေးတစ်ခုဖြစ်အောင် ပြန်လည်အလှဆင်ခဲ့ကြသည်။

ဤအချိန်တွင် ဆိုင်ရှေ့ပိုင်းက အပြင်အဆင် သိပ်မရှိပေ။ ဆိုင်ထဲသို့ ဝင်လာသူများကတော့ အဝတ်အစားများကြောင့်သာမက ဆိုင်အပြင်အဆင်ကြောင့် ဆွဲဆောင်ခံကြရသည်။

ဤအချိန်တွင် လပြက္ခဒိန်အရ ဖေဖော်ဝါရီလပိုင်းသို့ ဝင်လာပြီ ဖြစ်သော်လည်း နေပြက္ခဒိန်အရ မတ်လအစောပိုင်းရှိနေခဲ့လေပြီ။

လက်ရှိခေတ်မှာဆိုလျှင် နွေးထွေးမှုထက် စတိုင်ကျမှုကို ပိုမိုလိုချင်သော လူများစွာ ရှိနေသည်။ အများစုက အပြင်ဘက်တွင် အခြားဂျတ်ကတ်တစ်ခုကိုသာ ထပ်ဝတ်လိုက်ကြသည်။

သို့သော်လည်း ဤဂါဝန်ပုံစံအသစ်ကို ဝယ်ယူရမည်ဖြစ်သည်။

ပထမနေ့တွင် အရောင်းမှာ သာမန်မျှသာ ဖြစ်သည်။ ဂါဝန် ၁၀စုံ ဝန်းကျင်သာ ရောင်းထွက်၏။ ဒုတိယနေ့တွင် စည်စည်ကားကား ဖြစ်လာ၏။ သတင်းများပြန့်လာပြီး အစုံ ၃၀ကျော် ရောင်းခဲ့ရသည်။

နောက်ပိုင်း ရောင်းအားလည်း အလွန်ကောင်းလာခဲ့သည်။

ထို့ကြောင့် အထည် ၂၀၀ကျော် ရောင်းထွက်သွားရန် အချိန်အများကြီး မယူလိုက်ရပေ။

လင်ချင်းဟယ် အထည်များကို အမြန်ထုတ်လုပ်ခိုင်းရန် စက်ရုံထံသို့ စက်ဘီးစီးသွား၏။

"အဲ့လောက် ဘယ်မြန်နိုင်ပါ့မလဲ။ အထည်တွေ အရမ်းများရင် အချိန်ကြာမှာ သာမန်ပဲလေ။ အချိန်ကြာတာကို မကြိုက်ရင် အော်ဒါတင်ဖို့ အခြားနေရာတွေကို သွားရှာလိုက်ပေါ့။" သူတို့ပထမဆုံး တွေ့ခဲ့စဥ်က မန်နေဂျာ၏ အပြုအမူမှာ အလွန်ကောင်းမွန်ခဲ့သည်။ သို့သော်လည်း ယခုတော့ သူ့လေသံနှင့် မျက်နှာထားက ပြောင်းလဲသွားခဲ့လေပြီ။

လင်ချင်းဟယ် ပြုံးထားလိုက်ပြီး "ဒီမှာပဲလုပ်ထားပြီးပြီဆိုတော့ ပုံမှန်အတိုင်းပဲ တူတူတွဲလုပ်ကြတာပေါ့"

ထို့နောက် အထည်များကိုလာယူရန် အချိန်တစ်ခုကို သူမ သဘောတူခဲ့သည်။ လင်ချင်းဟယ်၏ မျက်နှာမှာ အထည်စက်ရုံက ထွက်လာပြီးနောက် တင်းမာသွားသည်။

သူမပြန်လာတော့ ကျိုးချင်းပိုင်နှင့် တွေ့ပြီး ထိုအကြောင်း ပြောပြခဲ့လေသည်။

"ဒါဆိုလည်း သူနဲ့မလုပ်နဲ့တော့။ အပ်ချုပ်စက်တွေ ထပ်ဝယ်ပြီး အထည်တွေလုပ်ဖို့ ဒေါ်လေးရှုလို့ လူမျိုးတွေ ထပ်ရှာလိုက်ပေါ့" ဟု ထိုအကြောင်းကိုကြားပြီး ကျိုးချင်းပိုင်က ချက်ချင်းပြောလိုက်သည်။

လင်ချင်းဟယ်က ထိတ်လန့်သွားသည်။ "ကျွန်မတို့ရဲ့ ကိုယ်ပိုင်အထည်စက်ရုံ ဖွင့်ရမှာလား။"

"အထည်စက်ရုံကြီးဖွင့်တယ်လို့တော့ မဟုတ်ပါဘူး။ ဒီအတိုင်း ကိုယ်ပိုင်အလုပ်ရုံငယ်လေးတစ်ခုဖွင့်ပြီး အလုပ်လုပ်ဖို့အတွက် လူနည်းနည်းငှားရုံပါပဲ။ ကိုယ်ထင်တာတော့ သူက မင်းအထည်တွေ ရောင်းကောင်းနေတာကို သိပြီး သူတို့ဖာသာသူတို့ ရောင်းချချင်နေတာဖြစ်မယ်။" ဟု ကျိုးချင်းပိုင်က ထင်ချက်ပေးလိုက်သည်။

လင်ချင်းဟယ် မျက်နှာပျက်သွား၏။

သို့သော် တကယ်ပဲ အထည်စက်ရုံမန်နေဂျာတွင် ထိုကဲ့သို့သော အတွေးမျိုး ရှိနေနိုင်သည်။

"မင်းအတွက် ကိုယ် အခြားအထည်စက်ရုံတွေနဲ့ ဆက်သွယ်ပေးပါ့မယ်။ နွေရာသီအားလပ်ရက်ပြီးရင် ကိုယ်တို့ အပ်ချုပ်စက်တစ်ချို့ သွားပြန်ဝယ်ရအောင်လေ" သူမကိုကြည့်ပြီး ကျိုးချင်းပိုင်က ပြောလိုက်သည်။

ဤနေရာတွင် လူတစ်ယောက် အပ်ချုပ်စက်တစ်ခုကို ဝယ်လိုလျှင် မလွယ်ကူပေ။ လက်မှတ်တစ်ခုကို လိုအပ်သည်။ သို့သော် တောင်ပိုင်းကို သွားလျှင်တော့ မလိုအပ်ပါ။

ငွေရှိလျှင် လုံလောက်ပါပြီ။

ထို့အပြင် သူ အလုပ်ရုံငယ်တစ်ခု ဖွင့်မည်ဆိုပါက အပ်ချုပ်စက်များစွာ လိုအပ်လိမ့်မည်။

"ချင်းပိုင်၊ ကျွန်မတို့တကယ်ပဲ ကျွန်မတို့ကိုယ်ပိုင် အလုပ်ရုံလေးတစ်ခု ဆောက်ကြမှာလားဟင်။" ဟု လင်ချင်းဟယ်က သူမယောက်ျားကို ငေးကြည့်ရင်း မေးလိုက်သည်။

ကျိုးချင်းပိုင်က သာမန်အတိုင်းပဲ ခေါင်းငြိမ့်ပြလိုက်ပြီး "ကိုယ်တို့ဖာသာ ကိုယ်တို့မလုပ်ရင် အဲ့ဒီစက်ရုံတွေက အချိုးပြောင်းမှာ မဟုတ်ဘူး။" ဟု ပြောလိုက်သည်။

လင်ချင်းဟယ်က နှုတ်ခမ်းကို စူလိုက်ပြီး ဒီနေ့ သူမ တွေ့ခဲ့ရသော မန်နေဂျာ၏ အချိုးကို ပြန်တွေးကြည့်လိုက်သည်။ "ဒါဆိုလည်း ကျွန်မတို့ဖာသာ အလုပ်ရုံတစ်ခုထောင်ကြတာပေါ့!" ဟုသူမ ကြွေးကြော်မိတော့သည်။

ထို့နောက် သူမက ကျိုးချင်းပိုင်ကို "အလုပ်ရုံအဆောက်အဦးအဖြစ် သုံးဖို့ ဂိုထောင် ဘာညာရှိမလား ဆိုတာ ဦးလေးဝမ်ကို မေးကြည့်လို့ရတယ်။ ကျွန်မတို့ ဝယ်ကြမလား။" ဟု မေးလိုက်သည်။

"ဒါပေါ့" ကျိုးချင်းပိုင်က ခေါင်းငြိမ့်၏။

လင်ချင်းဟယ်က ထိုကိစ္စကို ကျိုးချင်းပိုင်လက်ထဲထည့်ထားခဲ့ပြီး ဒေါ်လေးရှုကို သွားမေးရန်ထွက်သွားသည်။

"ဆရာမလင်း၊ အထည်နှစ်စုံက အသင့်မဖြစ်သေးဘူးရှင့်။" ဒေါ်လေးရှုက သူမ လာနေသည်ကို တွေ့သောအခါ ပျာပျာသလဲလဲ ပြောလိုက်သည်။

"သိပါတယ် ဒေါ်လေးရှုရဲ့။ ဒီအတိုင်း မေးစရာ ရှိလို့လာခဲ့တာ။ ဒေါ်လေးလို ပညာမျိုးနဲ့ အနားယူသွားတဲ့ အလုပ်သမားတွေ များများစားစား ရှိလားဟင်။" ဟု လင်ချင်းဟယ်က မေးလိုက်သည်။

"ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုမေးခွန်းမေးတာတုန်း။" ဒေါ်လေးရှုက ဇဝေဇဝါဖြစ်စွာ ပြန်မေးလိုက်သည်။

"ဒီလိုပါပဲ။ လူမှုရေးပြဿနာ ဆိုပါတော့။ လူတွေ အများကြီး ပင်စင်ယူသွားကြတယ်လို့ ကြားတယ်။ သူတို့အကြောင်း ဆောင်းပါးရေးချင်လို့ လာမေးကြည့်တာ။" ဟု လင်ချင်းဟယ်က အကျိုးအကြောင်း ရှင်းမပြဘဲ ပြောလိုက်သည်။

"ဒီလိုကိုး... ဒါဆိုမေးတဲ့လူမှန်ပြီပေါ့" ဒေါ်လေးရှုက ပြောလိုက်သည်။ ထို့နောက် နာကျည်းစွာဖြင့် "ဆရာမ မသိပါဘူး။ ကျွန်မက တကယ်တမ်း ပင်စင်ယူရမယ့်အရွယ် မရောက်သေးဘူး။ ဒါပေမယ့် ကျွန်မက အသက်ကြီးပြီး ချိတုံချိတုံနဲ့ ဖြစ်လာလို့ စက်ရုံက သဘောမကျတော့တာ။ မြို့ကို ပြန်ရောက်လာတဲ့လူတွေကို သူတို့က အစားထိုးဖို့ ခေါ်ချင်ခဲ့ကြတယ်။"

သူမ ပိုသိခဲ့ရသည်က ဒေါ်လေးရှုကဲ့သို့ အဖြစ်အပျက်မျိုး အနည်းငယ် ရှိသေးသည်။

အချို့က ဒီအတိုင်း ပင်စင်ယူသွားကြပြီး မြို့ဆီ ပြန်ရောက်လာသော သူတို့၏မျိုးဆက်ငယ်များထံသို့ လက်ဆင့်ကမ်းကြသော်လည်း တစ်ချို့ကတော့ အတင်းအကြပ် ပင်စင်ယူရန် စေခိုင်းခဲ့ခံရသည်။

ဒေါ်လေးရှုကဲ့သို့ပင် ဖြစ်သည်။ ပင်စင်ယူသွားပြီးနောက် သူမတွင် ဘာမှလုပ်စရာ မရှိတော့ချေ။ အနည်းဆုံးတော့ သူမသည် မိသားစုအတွက် အပြင်အလုပ် လုပ်နိုင်သေးသည်။ အခြားသူတွေကတော့ ဝင်ငွေမရှိဘဲ စုဆောင်းထားသည်များကိုသာ ချွေတာ စားသောက်ကြရသည်။

ထိုအဖြစ်အပျက်အား လင်းချင်းဟယ် နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ပါသည်။

All Chapters