အကြိမ်ကြိမ် အချေခံလိုက်ရသော အမှိုက်ကောင်များ
Vol. 52 Ch. 722
ချန်ရှီသည် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် မြို့တစ်မြို့ မဟုတ်သော်လည်း တောင်ပိုင်းဒေသရှိ မြို့များ၏တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် တိုးတက်ဖွံ့ဖြိုးနေဆဲ ဖြစ်သည်။ ဤနေရာရှိ ဖျော်ဖြေရေး အဆောက်အအုံများသည် ရှန်ဟိုင်းမြို့နှင့် နှိုင်းယှဉ်နိုင်ပြီး အနီရောင်ပွဲကြည့်စင်သည် အပန်းဖြေမှုနှင့် အပန်းဖြေစရာ အမျိုးအစား စုံလင်စွာ ရှိသော အကြီးစားဖျော်ဖြေရေးစင်တာတစ်ခုဖြစ်သည်။
ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်သည့်ဧရိယာတွင် …
ဟန်ကျင်းဝူသည် သူမ၏ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အနက်ရောင်စွပ်ကျယ်အင်္ကျီနှင့် အားကစားဘောင်းဘီကို ဝတ်ထားသည်။ ဒီည တိုက်ပွဲသည် သူမအတွက် အလွန်အရေးကြီးသောကြောင့် ပေါ့တီးပေါ့ဆ မနေရဲပေ။ ထို့ကြောင့် သူမ သည်နေရာသို့ လာရသော ရည်ရွယ်ချက်သည် ကြိုတင်သွေးပူလေ့ကျင့်ခန်းလုပ်ပြီး သူမ၏ခန္ဓာကိုယ်နှင့်စိတ်အခြေအနေအား အကောင်းဆုံး ဖြစ်အောင် ချိန်ညှိလိုခြင်းပင်။
ပေါင်တစ်ထောင် ပြင်းထန်သော စွမ်းအားဖြင့် တိုက်ခိုက်ခြင်းသည် သူမ၏ လက်ရှိအင်အားအတွက် ပြဿနာ မဟုတ်ပေ။ ထာဝရခန်းမမှ ကျွမ်းကျင်ပညာရှင်နှင့် လေ့ကျင့်မှုအပြီးတွင် မြေအောက်တိုက်ခိုက်ရေးကွင်းတွင် သူမ ဖြတ်သန်းခဲ့ရသည့် ပွဲစဉ်ပေါင်းသည် ဒါဇင်ချီနေပြီဖြစ်သောကြောင့် သူမအား ယခုအခါ တိုက်ရည်ခိုက်ရည် ပြင်းထန်သော တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်နိုင်လေပြီ။ ဝိတ်တုံးများ၏ရှေ့တွင် ရပ်နေစဉ် သူမ၏လှုပ်ရှားမှုများသည် အလွန်ပေါ့ပေါ့ပါးပါးရှိပြီး အလေးဆုံး ဝိတ်တုံးများနှင့်ပင် အခက်အခဲရှိဟန် မရချေ။
"အစ်ကိုချုံ … ဒီမှာ အတော်လှတဲ့ မိန်းမလှလေး တစ်ယောက် ရှိနေတယ်။ ပြီးတော့ သူ့မှာ အရမ်းမိုက်တဲ့ ခန္ဓာကိုယ် ရှိတယ်ဗျ။"
ကိုယ်လက်လေ့ကျင့်ကြံ့ခိုင်ရေးဧရိယာ၏အဝင်ဝတွင် လူငယ်နှစ်ဦးသည် မျက်နှာသုတ်ပုဝါတစ်ထည်နှင့် ဝင်လာပြီး နဖူးတွင် ချွေးများထွက်နေသော မျောက်လိုမျက်နှာနှင့်တစ်ဦးက ဟန်ကျင်းဝူ လေ့ကျင့်ခန်းလုပ်နေသည့်ဟန်ကို ကြည့်ရင်း မျက်လုံးများ ရုတ်တရက် တောက်ပလာကာ လေတစ်ချက် ချွန်ကာ ပြုံးလိုက်သည်။
ကျိုးချုံ မျက်ခုံးပင့်လိုက်သည်။ ဟန်ကျင်းဝူအား နှစ်ခါလောက် လေ့လာကြည့်ပြီးနောက် သူက ခေါင်းညိတ်ပြပြီး
"တကယ်ပဲ အကောင်းဆုံး အရည်အသွေးကွ။ အကောင်းဆုံး အရှေ့ပိုင်းနဲ့နောက်ကျောပိုင်း … အရမ်းမိုက်တဲ့ ခန္ဓာကိုယ်က ထပ်ပေါင်းထားသေးတယ်။ ချန်းရွိုက် … ဒီနေ့ အဲ့ဒီမိန်းမချောလေးကို အနိုင်ယူဖို့ ငါနဲ့ လောင်းချင်လား။”
"မင်းက လောင်းကစားလုပ်ချင်တာလား။" ချန်းရွိုက် မျက်လုံးပြူးသွားသည်။
"ငါ့ကို နာကျင်မှုအပေါ် သာယာကျေနပ်နေတဲ့သူများ မင်း မှတ်နေလား။ ငါတို့ ဒီဂိမ်းကို ကစားတိုင်း မင်းကို ငါ အမြဲရှုံးတယ်။ အဲ့ဒီကောင်းကင်ဘုံက ငါ့အတွက် တကယ် မတရားဘူး။ သူတို့က ငါ့ကို ရွိုက်(ချောမောသော)လို့ နာမည်ပေးခဲ့ပေမယ့် အနည်းဆုံးတော့ သင့်လျော်တဲ့ မျက်နှာပုံစံကိုတော့ မပေးခဲ့ဘူး။”
ကျိုးချုံက အပြုံးဖြင့်
“အပြင်ပန်းရုပ်ရည် ကောင်းတာနဲ့ မင်းတစ်ယောက်တည်း မစားနိုင်ဘူး။ မင်း သိပါတယ် … လူတစ်ယောက်ရဲ့ရုပ်ရည်က အမျိုးသမီးတွေ ပထမဆုံး မြင်တဲ့ အရာဖြစ်ပေမဲ့ တချို့က အမျိုးသားတွေရဲ့ အတွင်းစိတ်ကို ကျေနပ်သဘောကျတာမျိုး ရှိတယ်။ ဆိုတော့ … အဲ့ဒီမိန်းမချောလေးက ခြွင်းချက်နဲ့ ငါပြောသလိုမျိုး အထူးကိစ္စ ဖြစ်နိုင်တယ်။ ကောင်းပြီ … လောင်းကြေး ၁၀၀ … ကိုယ့်လူ။ မင်း ငါ့နဲ့ လောင်းဖို့ သတ္တိရှိလား။"
ချန်းရွိုက်က တွေဝသွေားပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကာ
"မင်းက တကယ်ကြီး ကစားချင်တာလား။"
ကျိုးချုံက ပြုံးပြီး ခေါင်းညိတ်ကာ တုံ့ပြန်သည်။
ချန်းရွိုက် ခဏလောက် တွေးပြီး အရာအားလုံးကို စွန့်စားဖို့အဆင်သင့် ဖြစ်နေဟန်ဖြင့်
"ကောင်းပြီ … ကစားကြတာပေါ့။ ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။ အဆိုးတကာ့ အဆိုးဆုံးဖြစ်ရင် တစ်လလောက်မွဲသွားရုံလောက်ပဲကို။ ကြီးကြီးမားမား ကိစ္စမရှိပါဘူး။ မင်း ဒီမှာပဲစောင့်ပါ သူငယ်ချင်း။ ဒီပွဲကို သေချာပေါက် အနိုင်ရပြီး မိန်းမချောလေးနဲ့အတူ ပြန်လာခဲ့မယ်။”
"ငါ စောင့်နေမယ်။" ကျိုးချုံက လက်နှစ်ဖက်ကို ပိုက်ရင်း ပြုံးလိုက်သည်။
ချန်းရွိုက်က သူ့အဝတ်အစားများကို ဆွဲဆန့်ပြီး ယုံကြည်မှုရှိသော အပြုံးကို ပြုံးလိုက်သည်။ ဟန်ကျင်းဝူ၏အနားသို့ ရောက်လာပြီးနောက် သူက လူကြီးလူကောင်းတစ်ယောက်ပုံစံ ခက်ခက်ခဲခဲ ကြိုးစားလုပ်လိုက်ပြီး
"စကားပြောလို့ရမလား အလှလေး။"
ဟန်ကျင်းဝူသည် အနားသို့ ရောက်လာသော သူ့အား တစ်ချက်သာကြည့်ပြီး လေကဲ့သို့ သဘောထားလိုက်သည်။ သူမအား ရုပ်ရည်ချောမောပြီး အရပ်အမောင်းကောင်းသော အမျိုးသားများသည် စကားပြောရန် မကြာခဏ ချဉ်းကပ်လေ့ရှိသဖြင့် ထိုကဲ့သို့သော အလကားလူများနှင့် သူမ ရင်ဆိုင်ရသည့်အခါတွင် အများဆုံးရွေးချယ်မှုသည် ၎င်းတို့အား လျစ်လျူရှုထားခြင်းသာ ဖြစ်သည်။
ထိုသို့သောရလဒ်ကို မျှော်လင့်ထားသော်လည်း ချန်းရွိုက်သည် စိတ်ပျက်သွားဟန် မရဘဲ ထိုအစား ဟန်ကျင်းဝူအနား ပိုမိုနီးကပ်အောင် ရွှေ့လာပြီး "အလှလေး … မင်း ငါနဲ့ လိုက်၊ မလိုက်ကို ငါ့သူငယ်ချင်းနဲ့ လောင်းကြေးထပ်ထားတယ်။ လောင်းကြေးက ၁၀၀ပါ။ မင်းဆန္ဒရှိသရွေ့ လောင်းကြေးတစ်ဝက်စီကို ငါတို့ ခွဲဝေကြရင်ရော ဘယ်လိုလဲ။
“…”
ဟန်ကျင်းဝူ၏မျက်ဝန်းများထဲတွင် ရွံရှာသော အကြည့်တစ်ချက် လက်လာပြီး ပြန်မပြောပေ။
ချန်းရွိုက် မျက်မှောင်ကြုတ်လိုက်သည်။ သူ အကြောင်းအရာကို စဉ်းစားပြီးနောက် အလျင်အမြန် ထပ်ပြောလိုက်သည်။
“ငါ မင်းကို ပြောလိုက်တဲ့ လောင်းကြေး ၁၀၀ဆိုတာ တကယ်တော့ ၁မီလီယံပါ။ ငါက ရုပ်ချောတဲ့ကောင် မဟုတ်မှန်း ငါ သိပါတယ်။ တချို့မိန်းမတွေလောက်ပဲ ငါ့ကို သူတို့အကြိုက် တွေ့ကြတာပါ။ ဒါပေမယ့် ငါ အလောင်းအစား လုပ်ပြီးသွားပြီမို့ အနည်းဆုံးတော့ ဒီတစ်ခေါက် အနိုင်ရအောင် ငါ့ကို ကူညီပေးနိုင်မလား။ မင်း ငါနဲ့ပူးပေါင်းဖို့ ဆန္ဒရှိနေသရွေ့ ငါ မင်းကို ယွမ်ငါးသိန်း ပေးပါ့မယ်။"
"ထွက်သွား…" ဟန်ကျင်းဝူသည် ခံစားချက်မဲ့စွာဖြင့် စကားတစ်ခွန်းသာ ပြောလိုက်သည်။
ချန်းရွိုက်၏အမူအရာ တောင့်တင်းသွားပြီး ဟန်ကျင်းဝူကို အချိန်အတန်ကြာအောင် တွေတွေကြီး စိုက်ကြည့်နေသည်။ သူ့ဒေါသကို မျိုသိပ်ထားရင်း “ချန်ရှီမြို့က ပိုင်ထောင်အုပ်စုကို သိလား။ ငါက အဲ့ဒီဥက္ကဌရဲ့သား ချန်းရွိုက်ပါ။ မင်း ဒီဂိမ်းကို ငါနဲ့ ကစားချင်သရွေ့ ငါ မင်းကို လောင်းကြေး ၁မီလီယံ အပြည့်ပေးမယ်ကွာ။"
"ငါ နင့်ကို ထွက်သွားဖို့ ပြောတယ်။ တတိယအကြိမ် ထပ်မပြောပါရစေနဲ့။” ဟန်ကျင်းဝူက အေးစက်စက် ပြောလိုက်သည်။
ချန်းရွိုက် ပင့်သက်ရှိုက်လိုက်သည်။ သည်အမျိုးသမီးက အဆိုးအကောင်း မသိရလောက်အောင် ပြောရဆိုရ လက်ပေါက်ကပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။ မိနစ်အနည်းငယ်လေးအတွက် သရုပ်ဆောင်ပေးရန် ယွမ် ၁မီလီယံပေးခဲ့သည့်တိုင် သူ့အား လုံး၀ မျက်နှာသာ မပေးခဲ့ချေ။ ကျိုးချုံနှင့် အလောင်းအစားသာ မလုပ်ခဲ့ပါက သူသည် ဤခွေးမလေးကို တိုက်ရိုက် နင်းချေပစ်မိပေလိမ့်မည်။
“ဘယ်ဟာက အကောင်းနဲ့အဆိုးဆိုတာကို မင်း တကယ် မသိဘူးပဲ။ ချန်ရှီမှာ မင်း နေဖို့ ရှာနေရင် ငါ့ကို စော်ကားတာက အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးနော်။ ငါ့သူငယ်ချင်းဆီ လှည့်မပြန်ခင် မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ မင်း ငြင်းနေသေးရင် မင်းရဲ့လျစ်လျူရှုတဲ့ အပြုအမူအတွက် ငါ့ကို အပြစ်မတင်နဲ့။”
ထိုစကားပြောပြီး ချန်းရွိုက်တစ်ယောက် ဒေါသနှင့် လှည့်ထွက်သွားသည်။
နောက်ဆုံးတွင် ဟန်ကျင်းဝူသည် သူ့ကို ကြည့်လိုက်ပြီး ဤကမ္ဘာပေါ်တွင် အမှိုက်ကောင်များ အမှန်တကယ်ကို များလွန်းသည်ဟု စိတ်ထဲက ရေရွတ်မိသည်။ သူမဆီ ဒုက္ခများ ပိုမိုဖြစ်ပေါ်လာလိုစိတ်သာ မရှိပါက သည်အမှိုက်ကောင်၏ရုပ်ဆိုးဆိုးမျက်နှာအား ခြေထောက်ဖြင့် ပိတ်ကန်ပစ်လိုက်ချင်သည်မှာ အမှန်ပင်။
အနီးနားတွင် ကျုံးချောင်သည် ချန်းရွိုက် တစ်ယောက်တည်း ပြန်လာသည်ကို အပြုံးနှင့် ကြည့်နေကာ သူ့အား ရည်ရွယ်ချက်ရှိရှိ မထီလေးစား ပြောလိုက်သည်။
“ဟုတ်ပြီ … ဟုတ်ပြီ။ ကြည့်ရတာ မင်းရဲ့ရုပ်ရည်နဲ့ အတွင်းစိတ်လှတာက အလုပ်မဖြစ်ခဲ့တဲ့ပုံပဲနော် သူငယ်ချင်း။ အမြီးကုပ်ပြီး ပြန်လာရတဲ့ ခံစားချက်က ဘယ်လိုလဲ။ အရမ်းကောင်းတယ်လို့ မခံစားရဘူးလား?"
အရှက်ကွဲသွားသော ချန်းရွိုက်က ကြုံးဝါးလိုက်သည်။ "ဒီခွေးမလေးက မာနကြီးလွန်းတယ်။ မိန်းကလေးတစ်ယောက်သာ မဟုတ်ရင် ငါ သူ့ကို ဖျက်ဆီးပစ်ပလိုက်ပြီ။ အာ … မေ့လိုက်တော့။ မင်းမှာ အရည်အချင်းရှိရင် ကြိုးစားချေ။”
ကျုံးချုံသည် ဟန်ကျင်းဝူထံသို့ လေချွန်ကာ ရောက်ရှိလာပြီး အပြုံးဖြင့်
"ကျေးဇူးပါပဲ အလှလေး။"
"ထွက်သွား…။" ဟန်ကျင်းဝူက မော့မကြည့်ဘဲ ကြိမ်းမောင်းလိုက်သည်။
အာ ... ကျုံးချုံ၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း ရပ်တန့်သွားပြီး သူ့ဦးနှောက်က မတုံ့ပြန်နိုင်လိုက်ပေ။ ဒါက ငါ အခုရေးတဲ့ ဇာတ်ညွှန်းထဲ မပါဘူးလေ။ သူမကို ငါ ဘာကြောင့် ကျေးဇူးတင်ကြောင်း မေးသင့်တယ် မဟုတ်ဘူးလား။ သူမက ဘယ်လိုဖြစ်ပြီး ...
ကျိုးချုံသည် မျက်နှာထူသော လူစားဖြစ်သောကြောင့် သူ၏မျက်နှာပေါ်ရှိ ရှက်ရွံ့သောအမူအရာသည် စက္ကန့်အနည်းငယ်မျှသာ ကြာပြီး ဒီရေလှိုင်းကဲ့သို့ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ၏နှာခေါင်းကို ကိုင်ကာ ခြောက်ကပ်ကပ် အပြုံးဖြင့် “တစ်စုံတစ်ယောက်နဲ့ အမှတ်မထင် ဆုံဆည်းရတယ်ဆိုတာ ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ အရာတစ်ခုပါ အလှလေး။ လူတွေကို အမြန်မငြင်းပါနဲ့။ ကောင်းပြီ … ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါက ကျိုးချုံ … ချန်ရှီက ကျိုးမိသားစုရဲ့ဂျူနီယာပါ။ မင်း လေ့ကျင့်ခန်းလုပ်ပြီးရင် ဂုဏ်ယူစွာနဲ့ ညစာစားဖို့ ဖိတ်ပါရစေလား။”
"နင့်ဘာနင် ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။"
ဟန်ကျင်းဝူက အေးစက်စက် ပြောသည်။ “နင် ဒုက္ခမရောက်ချင်ရင် ထွက်သွား။ နင်တို့လို လူပေါ့ကြော့တွေကို ငါ စိတ်မဝင်စားဘူး"
“မင်း…”
ကျုံးချုံသည် ဤကဲ့သို့ ရက်ရက်စက်စက် အငြင်းခံရလိမ့်မည်ဟု တစ်ခါမျှပင် မတွေးခဲ့မိပေ။ တစ်ခု သိရမည်မှာ သူ၏ချောမောသောရုပ်ရည်၊ ခေါင်းမှခြေဖျားထိ ဝတ်ဆင်ထားသော နာမည်ကြီးအမှတ်တံဆိပ်များ၊ ချန်ရှီမြို့ရှိ ကျိုးမိသားစု၏အဆင့်အတန်းတို့နှင့်အတူ မိန်းကလေးများကို ခေါ်ယူသည့် သူ၏စွန့်စားခန်းသည် ပန်းခြံထဲတွင် လမ်းလျှောက်သလိုပင် ဖြစ်ချေသည်။
ဒါပေမယ့် ဒီနေ့ … ဒီလိုထူးခြားတဲ့ အခြေအနေက ဘယ်လိုများ ဖြစ်လာတာလဲ။
ကျိုးချုံသည် ဝုန်းဒိုင်းကြဲလိုက်ချင်သော်လည်း သူသည် လှပသော မိန်းကလေးများအပေါ် နူးညံ့သိမ်မွေ့သော စိတ်ရှိသူဖြစ်ပြီး သူတို့ကို ဒေါသထွက်ခဲပေသည်။ ထို့ကြောင့် သူ၏စိတ်ထဲတွင် အဆင်မပြေမှုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ချန်းရွိုက်ဆီသို့ ကြေကွဲစွာဖြင့် ပြန်သွားခဲ့သည်။
ချန်းရွိုက်က ချက်ချင်းပင် ဝမ်းသာပီတိဖြစ်သွားပြီး ဟန်ကျင်းဝူကြောင့် ဖြစ်ပေါ်နေသော ဒေါသများက ကျုံးချုံ ညိုမဲသော အမူအရာဖြင့် ပြန်လာသည်ကို မြင်လိုက်သည်နှင့် အတော် ပျောက်သွားတော့သည်။ သူ၏မျောက်လိုမျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာတစ်ခု ပေါ်လာပြီး
“ဘုရားရေ … သခင်လေးကျုံးတစ်ယောက်တည်း စိတ်ပျက်လက်ပျက်မျက်နှာနဲ့ ပြန်လာတာပဲ။ မင်းက ကာစာနိုဗာတစ်ယောက်လို စော်ကြည်ဘဲအဖြစ် အမြဲကြွားဝါနေပေမယ့် ဒီအလှလေးရဲ့စွန့်ပစ်တာကို ခံခဲ့ရတာပဲလား။"
ကျိုးချုံသည် အလွန်စိတ်ဆိုးသွားပြီး ရှူးရှူးရှဲရှဲ ဖြစ်လာရသည်။ ယခင်ကတော့ သူသည် အမြဲတမ်း မိန်းမချောလေးများကို ပွေ့ဖက်ပြီး ချန်းရွိုက်၏ ငြူစူသောအမူအရာကို ကြည့်ရတာ သဘောကျလှ၏။ ယခုမူ သူ့ကို အလှောင်ခံလိုက်ရသဖြင့် ဟန်ကျင်းဝူအပေါ် ဒေါသ ပိုထွက်သွားသည်။
ကျိုးချုံ၏မျက်နှာ ဖြူရော်ရော် ဖြစ်လာသည်။ သူသည် ချန်းရွိုက်ကိုပင် မတုံံ့ပြန်ဘဲ ခေါင်းလှည့်ကာ အနီးနားရှိ ဝန်ထမ်းကို လက်ဝှေ့ယမ်းပြလိုက်သည်။ ဝန်ထမ်း ရောက်လာပြီးနောက်
“ငါ မင်းကို တာဝန်တစ်ခု ပေးမယ်။ အဲ့ဒီအမျိုးသမီးကို စောင့်ကြည့်ထားပေး။ သူမ လေ့ကျင့်ခန်းပြီးတဲ့အထိ စောင့်ပါ။ သူ ထွက်သွားပြီးရင် သူ့မှာ သူငယ်ချင်းရှိ၊ မရှိ သိအောင်လုပ်ပါ။ ဟုတ်သားပဲ … သူ့ပုံလေးတွေ ရိုက်ပေးဖို့ မမေ့နဲ့ဦး။ ငါ့အတွက် အသုံးဝင်လိမ့်မယ်။"
ဝန်ထမ်းသည် ကျိုးချုံသည် မည်သူဖြစ်သည်ကို သိသောကြောင့် လျင်မြန်စွာ ခေါင်းညိတ်ပြကာ "စိတ်ချပါ သခင်လေးကျိုး။ ငါ လုပ်ပေးထားမယ်။"
ကျိုးချုံက ခေါင်းညိတ်ပြပြီး သူ့စီးပွားရေးကတ်ပြားကို ထုတ်ကာ ဝန်ထမ်းလက်ထဲ ထည့်ပေးပြီး လှည့်ထွက်သွားသည်။
လက်ဖက်ရည်စံအိမ်အတွင်း…
ထန်ရှုသည် စာအုပ်တစ်အုပ်ကို ဖတ်ရင်း လက်ဖက်ရည်သောက်ကာ တိတ်ဆိတ်ကျေနပ်နေသည်။ သူလည်း စကားမပြောသလို ကျိမုလည်း မပြောပေ။ ကျိမုက အနည်းငယ် ပျင်းနေသော်လည်း ကုလားထိုင်ပေါ်မှာ ထိုင်ရင်း သူ့ခန္ဓာကိုယ်အတွင်းက ချီစီးဆင်းမှုကို ခံစားသိရှိနိုင်ရန် ကြိုးစားနေသည်။ ကျင့်ကြံနည်းစနစ်ကို ရရှိခဲ့သည့်အတွက် သူ့အချိန်အများစုအား သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစီးဆင်းမှုကို ခံစားသိရှိအောင် ကြိုးစားသည့်နေရာတွင် သုံးခဲ့သည်။ သူသည် ကျွမ်းကျင်သော ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်လိုသောကြောင့် သေသည့်တိုင်အောင် လုပ်ဆောင်ရန် ဆန္ဒရှိပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ညနေခြောက်နာရီ ထိုးခဲ့ပြီဖြစ်သည်။ ဟန်ကျင်းဝူသည် နောက်ဆုံးတွင် ကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ရေးဧရိယာမှ ပြန်ရောက်လာသည်။ ထိုဧရိယာတွင် ရေချိုးခန်း ရှိသောကြောင့် သူမသည် မိမိကိုယ်ကို သန့်ရှင်းအောင် လုပ်ပြီး အဝတ်အစားလဲခဲ့ပြီးဖြစ်သည်။
“ကောင်းပြီ … သွားကြရအောင်။" ဟန်ကျင်းဝူက ပြောသည်။
ထန်ရှုက အချိန်ကို ကြည့်လိုက်ပြီး
"ဒီကနေ တိုက်ခိုက်ရေးကွင်းကို ရောက်ဖို့ ဘယ်လောက် ကြာမလဲ။"
"အတိအကျ မသိဘူး။" ဟန်ကျင်းဝူ ခေါင်းယမ်းလိုက်သည်။
“ဒါပေမယ့် အခုက ခြောက်နာရီကျော်နေပြီ။ ပြိုင်ပွဲစဖို့ နှစ်နာရီပဲ လိုတော့တယ်။ ဒါပေမဲ့ ပါဝင်သူအနေနဲ့ ငါက အဲ့ဒီကို နာရီဝက်လောက်စောပြီး ရောက်ရမယ်။”
"အလျင်စလို လုပ်စရာ မလိုဘူး။" ကျိမုက အမြန်ပြောလိုက်သည်။
“အနီရောင်ပွဲကြည့်စင်ကနေ မြစိမ်းရောင် အပန်းဖြေနေရာကို ကားနဲ့ဆိုရင် မိနစ် ၄၀ပဲ ကြာမယ်။ မစ္စဟန် … မင်း နေ့တစ်ဝက်လောက် လေ့ကျင့်ခန်းလုပ်ထားတော့ ထမင်း အရင်စားမလား။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ထမင်းစားခန်းကို သွားပြီး ငါတို့အတွက် မှာထားပြီးသားပါ။”
“ဒါ…” ဟန်ကျင်းဝူ တုံ့ဆိုင်းသွားသည်။
ထန်ရှုက မတ်တတ်ရပ်လိုက်ပြီး
"အဲ့ဒီကို သွားပြီး တစ်ခုခု စားရအောင်။ ဒီညပွဲအတွက် မင်း အားပြည့်နေဖို့ လိုတယ်။”
ထမင်းစားခန်းထဲတွင်…
ကျိုးချုံနှင့် ချန်းရွိုက်တို့သည် ချောမောလှပသော အမျိုးသမီးတစ်ဦးစီနှင့်အတူ ပျော်ရွှင်စွာ သောက်စားနေကြသည်။ အလှလေးတစ်ပါးကို လိုက်ဖို့ ကြိုးပမ်းရာတွင် ၎င်းတို့၏ "ကြိုးစားအားထုတ်မှု" သည် လုံးဝကြေမွသွားသောကြောင့် ၎င်းတို့နှစ်ဦးနှင့်အတူ ဆော့ကစားခဲ့ဖူးသော မိန်းကလေးနှစ်ဦးအား ဖုန်းဆက်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေမှုများကို တွန်းလှန်နေကြသည်။
ရုတ်တရက် ကျိုးချုံ၏ဖုန်းမြည်လာသည်။
"ယို့ … အခြေအနေ ဘယ်လိုလဲ။" သူက ဖုန်းကို ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
နေ့လယ်က သူ တွေ့ခဲ့သည့် ဝန်ထမ်း၏အသံက ဖုန်းထဲက ထွက်လာသည်။
"သခင်လေးကျိုး … ငါက ကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ရေးဧရိယာထဲက ဝန်ထမ်း ရှောင်လျူပါ။ သခင်လေး ငါ့ကို တာဝန်ပေးထားတဲ့ အလုပ်က ပြီးသွားပြီ။ လေ့ကျင့်ခန်းလုပ်ပြီးတော့ အဲ့ဒီအလှလေးက လက်ဖက်ရည်စံအိမ်ကို သွားခဲ့တယ်။ ငါ အနားမကပ်ရဲတော့ဘူး။ သူ အဲ့ဒီနေရာမှာ လူနှစ်ယောက်နဲ့ တွေ့တယ်။ အခု သူတို့ ထမင်းစားခန်းကို သွားနေကြတယ်။”
"ရပြီ။ နောက်မှ မင်းကို တစ်ခုခု လက်ဆောင်ပေးမယ်" ကျိုးချုံက ပြောကာ ဖုန်းချလိုက်သည်။ သူ့ရင်ခွင်ထဲမှ အမျိုးသမီးကို တွန်းဖယ်လိုက်ရင်း
“မင်း ထမင်းဆက်စားပါ။ ငါ အပြင်ထွက် ဖုန်းဆက်လိုက်ဦးမယ်။"
"နားလည်ပြီ။" ချန်းရွိုက် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ့အမူအရာ လှုပ်ရှားသွားပြီး
“ဟေး ကျိုးချုံ … မင်းခိုင်းတာကို အစီရင်ခံလာတာ နေ့လည်ခင်းက ဝန်ထမ်းလား။ ကြည့်ဖို့ ပွဲကောင်းကောင်း ရှိရင် ငါ့ကို ခေါ်ဖို့ မမေ့နဲ့ဦး။”
ကျိုးချုံက ခဏလောက် တုံ့ဆိုင်းနေပြီး
"ဒါဆို ငါနဲ့လိုက်ခဲ့။ ဒီခွေးမကို ဘယ်သူက ယဉ်ပါးအောင် စွမ်းဆောင်နိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်။”
***