← Chapters

အရိုက်ခံရခြင်း

Vol. 52 Ch. 723

အရိုက်ခံရခြင်း

Vol. 52 Ch. 723

ထမင်းစားခန်းအတွင်း…

ခမ်းနားသော စင်္ကြံန်လမ်းများကို အနီရောင် မီးပုံးကြီးများဖြင့် အလှဆင်ထားပြီး အဝင်အထွက် စည်ကားနေသော ဧည့်သည်များဖြင့် ထိုနေရာ၏ တိုးတက်နေသော လုပ်ငန်းကို ပြသနေသည်။ ဝိုင်၏သင်းပျံ့သောရနံ့နှင့် ဟင်းပွဲများ၏မွှေးကြိုင်သော ရနံ့သည် လေထဲတွင် လွင့်ပျံ့လျက်ရှိပြီး ဧည့်သည်များစွာ၏ဆာလောင်နေသော အစာအိမ်အား နှိုးဆွနေပေသည်။

ထန်ရှုနှင့် ဟန်ကျင်းဝူတို့သည် ထိုနေရာနှင့် မရင်းနှီးသောကြောင့် ကျိမုက ၎င်းတို့အား ဦးဆောင်ခေါ်လာပြီး အနီရောင်ပွဲကြည့်စင်၏ အခြေအနေနှင့် စီးပွားရေးကောင်းမွန်ရခြင်း အကြောင်းရင်းကို ရှင်းပြခဲ့သည်။ အနီရောင်ပွဲကြည့်စင်သည် ထိပ်တန်းအဆင့်မြင့် နေရာမဟုတ်သလို အလယ်အလတ်တန်းနေရာဟုလည်း မသတ်မှတ်နိုင်သော်လည်း လူလတ်တန်းစား ဧည့်သည်တော်များသည် သည်နေရာသို့ လာ၍ငွေဖြုန်းခြင်းကို နှစ်သက်ကြသည်။ ချမ်းသာသူများပင် ဤနေရာ၌ အပန်းဖြေခြင်းနှင့် အပန်းဖြေစရာ အမျိုးအစား စုံလင်သောကြောင့် လာရောက်ကြပေသည်။

"သီးသန့်အခန်း ၀၀၆၆"

ကျိမုတို့အဖွဲ့ ရောက်လာပြီးနောက် သူက တံခါးကိုဖွင့်ပြီး “ညီအစ်ကိုထန် … မစ္စဟန် … အထဲဝင်သွားပြီး ခဏစောင့်ပါ။ ငါ စီစဉ်နေတာတွေကို ကြည့်ပြီး ချက်ချင်း ပြန်လာခဲ့မယ်။"

"နားလည်ပြီ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

အကျယ်အဝန်း ၂၀စတုရန်းမီတာကျော်သော အခန်းသည် ထူးခြားသည်။ စားပွဲနှင့် ကုလားထိုင်များအပြင် ဆိုဖာတစ်လုံးနှင့် လက်ဖက်ရည်စားပွဲနှစ်ခုကို ထောင့်စွန်းတွင် ချထားသည်။ ထန်ရှုနှင့် ဟန်ကျင်းဝူတို့သည် အထဲတွင် ထိုင်နေသည်မှာ နှစ်မိနစ်ခန့် ကြာသွားသောအခါ အပြင်ကနေ အခန်းတံခါးကို တွန်းဖွင့်ကာ လူတစ်ယောက် ဝင်လာသည်။

"#၀၀၆၆ အခန်းရဲ့ဖုန်းရွှေက ကောင်းတယ်လို့ ငါ ကြားတယ်။ ဒါကြောင့် ဒီည ဒီမှာ ညစာစားကြမယ်။" ကျိုးချုံက တံခါးကို တွန်းဖွင့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဝင်လာသည်။ ဟန်ကျင်းဝူနှင့် ထန်ရှုတို့သည် ထောင့်စွန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်သောအခါ အံ့သြသွားဟန်ဆောင်လိုက်ကာ

"ဘုရားရေ ... ထူးဆန်းလိုက်တာ... ဒီအခန်းက ဘယ်လိုဖြစ်ပြီး လူရှိနေတာလဲ။ နောက်ပြီး … ငါတို့ရဲ့ရန်သူကို ရှောင်လွှဲလို့ မရပါ့လား။ ငါတို့ကို မျက်နှာသာမပေးဖို့ ငြင်းခဲ့တဲ့ အမျိုးသမီးကို ဒီနေရာမှာ ငါ လာတွေ့နေတယ်။"

ချန်းရွိုက်သည် ထန်ရှုကို သုံးစက္ကန့်ခန့် ဂရုတစိုက် ကြည့်လိုက်ပြီး ထိုလူငယ်ကို သူ မသိကြောင်း ဆုံးဖြတ်ခဲ့သည်။ ချက်ချင်းပင် သူ စိတ်သက်သာရာ ရသွားပြီး

“မောက်မာတဲ့ မိန်းမတစ်ယောက်ရဲ့ ချေတာကို ခံလိုက်ရတယ်လို့ ငါ ထင်နေတုန်းပဲ။ ဘယ်လိုကောင်မျိုးက သူ့ကို ပေါင်းသင်းနိုင်မလဲဆိုတာ သိချင်စမ်းမိသေးတယ်။ လူပျိုလေးတွေကို တစ်ခါမှ မစဉ်းစားဖူးဘူးလား ... နွားအို မြက်နုကြိုက်တာက အခုတလော ရေပန်းစားနေတဲ့ ဖက်ရှင်မျိုးလို့ မပြောနဲ့နော်။ ဒါပေမယ့် မင်းကိုယ်မင်းအတွက်တော့ ဒီလိုချောမောတဲ့ ကောင်လေးကို ကစားဖို့ ရှာတွေ့ထားတာလားလား။”

ကျိုးချုံက ပြုံးရင်း မီးစထပ်ထည့်ပေးလိုက်သည်။

"အင်း … ဒါပေါ့ … ဒါပေါ့။ ခုခေတ်မှာ စာအုပ်တစ်အုပ်ကို သူ့ရဲ့မျက်နှာဖုံးနဲ့ အကဲဖြတ်လို့ မရတော့ဘူး။ အမျိုးသမီးတစ်ယောက်က ဖြူစင်သန့်ရှင်းပြီး အေးစက်စက်နေတတ်တဲ့ မိန်းမပျိုတစ်ယောက်လို ပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့မှာ အထူးအဆန်း စွဲလန်းမှုတစ်မျိုး ရှိနေလားဆိုတာ ဘယ်သူသိနိုင်မလဲ။ မင်းတို့နှစ်ယောက် ဒီအခန်းကို ဘယ်လို ရောက်လာတာလဲ ပြောပါဦး။ ဒီအခန်းကို မင်းတို့ ကြိုတင်မှာထားလို့လား။ မလုပ်ထားရင် မြန်မြန်ထွက်သွား။ ဒါပေမယ့် မင်းတို့မှာထားရင် မင်းတို့အတွက် နောက်အခန်းတစ်ခု ပြင်ဆင်ပေးဖို့ ဧည့်ကြိုကောင်တာကို ငါ ဖုန်းဆက်လိုက်မယ်။"

ထန်ရှု မျက်ခုံးအနည်းငယ်တွန့်လိုက်ပြီး ဟန်ကျင်းဝူဘက်သို့ လှည့်ကာ

"သူတို့ကို မင်း သိလား။"

“ငါ့ကို စကားပြောချင်နေတဲ့ အမှိုက်လေးတွေပါ။” ဟန်ကျင်းဝူက ဖြေသည်။

"သူတို့က မင်းကို စော်ကားမော်ကား ပြောဆိုနေကတည်းက ဒီငတုံးတွေကို ဖယ်ပစ်လိုက်ပါ။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

ဟန်ကျင်းဝူက အေးစက်စက် ပြုံးလိုက်ပြီး ထန်ရှု၏ "ငတုံးကောင်တွေ" ဟူသော မှတ်ချက်သည် မှန်သည်ဟု တွေးမိသည်။ သူမ မတ်တပ်ထရပ်ပြီးနောက်

“နင်တို့ ကိုယ့်ဘာသာ ထွက်သွားမလား ဒါမှမဟုတ် ငါ နင်တို့ကို ဆွဲထုတ်ပစ်ဖို့ လိုသလား။”

ကျိုးချုံက ဟန်ကျင်းဝူကို လှောင်ပြောင်လိုက်ပြီး ထန်ရှုကို ချက်ချင်း ပြောလိုက်သည်။

"စကားကို ကြည့်ကျက်ပြော ကိုယ့်လူ။ ဒီချန်ရှီမြို့မှာ ငါကျိုးချုံကို စော်ကားရဲတဲ့သူ ဘယ်သူမှ မရှိဘူး။”

"ဆူညံတဲ့ ပိုးကောင်တွေပဲ။" ထန်ရှုက သူတို့ကို ထပ်ကြည့်ဖို့ ပျင်းလွန်းနေသည်။

ဟန်ကျင်းဝူ ရှေ့သို့ တက်လာပြီး သူမ၏သွယ်လျသော လက်နှစ်ဖက်က ကျိုးချုံနှင့် ချန်းရွိုက်တို့၏ ကော်လာများကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ကာ ရှေ့သို့တစ်လှမ်းတက်လိုက်ပြီး အမှိုက်များသဖွယ် တံခါးပေါက်မှ ပစ်ချလိုက်သည်။

… ဘန်း … ဘန်း ...

ထို့နောက် သူမသည် တံခါးကို အတွင်းမှ ဆောင့်ပိတ်ကာ ဆိုဖာဆီသို့ ပြန်သွားလိုက်ပြီး အပြုံးဖြင့်

"ကောင်းပြီ … ကမ္ဘာကြီး အေးချမ်းသွားပြီ။ ဒါကြောင့် အခု အေးချမ်းတိတ်ဆိတ်နေပြီ။"

တံခါးအပြင်ဘက်တွင်…

ကျိုးချုံနှင့် ချန်းရွိုက်တို့သည် မူးဝေသွားကာ ကြမ်းပြင်ပေါ်ကနေ ထရန် ခဏလောက် အချိန်ယူခဲ့ရသည်။ ကျိုးချုံ၏အရှက်ရနေသည့် မျက်နှာသည် ရေနစ်ထားသည့် ကြွက်တစ်ကောင်အလား တူနေသည်။ သူသည် အခန်းထဲသို့ သောင်းကျန်းပြီး ဝင်တော့မည့်အချိန်တွင် လူတစ်ယောက်၏သွင်ပြင်က မီတာအနည်းငယ်အကွာတွင် ပေါ်လာကာ ထိုသူ၏ခြေလှမ်းများက ရုတ်တရက် မြန်လာသည်။

ကျိမုသည် ကျိုးချုံ၏ပခုံးကို တန်းဆွဲကိုင်လိုက်ပြီး သူ့အား နောက်သို့ အားဖြင့် တွန်းလိုက်ရာ ကျိုးချုံသည် မီတာအနည်းငယ်အကွာသို့ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

"ယီးတဲ့မှ…"

ယခုတော့ ကျိုးချုံက တကယ်ကို ဒေါသထွက်သွားခဲ့ချေပြီ။ ခန္ဓာကိုယ်၏နာကျင်မှုက သူ့အား ဒေါသပိုထွက်စေသည်။ သည်တစ်ခါ သူ မတ်တတ်ထလိုက်သောအရှိန်က အလွန်မြန်ဆန်သည်။ ဆဲဆိုပြီးအော်ဟစ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ချန်းရွိုက်သည် ကျိမုကို တွေ့လိုက်ရသဖြင့် သူ၏နှလုံးသားလေး ချက်ချင်း နစ်မြုပ်သွားသည်။ ကျိုးချုံ၏ဆဲဆိုသံများနှင့် ပြန်လည်တုံ့ပြန်မည့်ဟန်ကို မြင်ပြီးနောက် သူက ချက်ချင်းပင် ကျိုးချုံဆီသို့ အပြေးဟန့်တားကာ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။

“အစ်ကိုကျိ … မင်း ဒီမှာ ရှိဖို့ ငါ မမျှော်လင့်ထားဘူး။ ကျိုးချုံက ဒီနေ့ အရက်တွေ အရမ်းသောက်ထားတော့ အရူးလို ဖြစ်နေတာ။"

ကျိမု၏မျက်နှာသည် ဖြူရော်သွားသည်။ သူသည် တဖြည်းဖြည်း ရုန်းကန်မှု ရပ်တန့်သွားသော ကျိုးချုံကို စိုက်ကြည့်ကာ

"မင်း အရက်မူးပြီး ရန်ဖြစ်ချင်တာဆိုတော့ မင်းက ငါနဲ့ ရန်ဖြစ်ချင်တာလား။"

ကျိုးချုံသည် ထိုအခိုက်အတန့်တွင် တုန်လှုပ်နေပြီဖြစ်သည်။ သူ့ကို ပြန်တွန်းလိုက်သည့် လူသည် ကျိမုဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားသောကြောင့် ဆဲဆိုခဲ့မိသည့်အတွက် ယခု နောင်တရမိလေပြီ။ ထို့နောက် ကျိုးချုံက လေးနက်သောအမူအရာဖြင့် တောင်းပန်လိုက်သည်။ “မင်းမှန်း ငါ မသိခဲ့လို့ပါ အစ်ကိုကျိ။ အဲ့ဒီအခန်းထဲက ယောက်ျားနဲ့မိန်းမက ရွံရှာဖို့ကောင်းတယ်။ ငါတို့ကို အခန်းထဲက ဆွဲထုတ်လိုက်တာ။ မင်းက ကြီးမြတ်တဲ့ လူတစ်ယောက်မို့ အတိတ်က အမှားတွေ မရှိတဲ့ လူဆိုတာ ရှားတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ။"

"ယောက်ျားနဲ့ မိန်းမတစ်ယောက်က မင်းကို ဆွဲထုတ်လိုက်တာလို့ မင်း ပြောလိုက်တာလား။"

ကျိမု နှလုံးခုန်သံ မြန်သွားရသည်။ သူသည် ကျိုးချုံနှင့် ချန်းရွိုက်တို့၏ပခုံးများကို ကိုင်ကာ ထိုနှစ်ယောက်အား အခန်းထဲသို့ ဆွဲခေါ်လာသည်။ ထန်ရှုနှင့် ဟန်ကျင်းဝူတို့ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်သောအခါ တံခါးကို ခြေထောက်ဖြင့် နောက်ပြန်ပိတ်လိုက်ကာ ကျိုးချုံတို့နှစ်ယောက်အား ခပ်ပြင်းပြင်း ပါးရိုက်ချက်အချို့ကို လက်ဆောင်ပေးပြီးနောက် သူတို့ကို လွှတ်လိုက်သည်။

"အစ် - အစ်ကိုကျိ … မင်း ..."

ပါးရိုက်ခံလိုက်ရသောကြောင့် ကျိုးချုံ အူကြောင်ကြောင် ဖြစ်သွားသည်။ မယုံကြည်နိုင်ဟန် အကြည့်ဖြင့် သူ၏ပူထူနေသော မျက်နှာအား ထိရန် လက်ကို မြှောက်လိုက်မိသည်။ ထိုနည်းတူစွာ အရိုက်ခံလိုက်ရသော ချန်းရွိုက်သည် ကျိမုကို ကြည့်နေမိသော်လည်း မခုခံရဲပေ။ သူတို့၏မိသားစုများသည် ကြီးမားသည့် စီးပွားရေးလုပ်ငန်းများနှင့် ကြွယ်ဝချမ်းသာမှုများ ရှိပြီး သူတို့အား ချန်ရှီတွင် လေးစားဂုဏ်ယူဖွယ်ကောင်းသော အမျိုးကောင်းသားများအဖြစ် ထောက်ပံ့ပေးနိုင်သည်။ သို့သော် ၎င်းတို့၏မိသားစုများကို ကျိမိသားစုနှင့် နှိုင်းယှဉ်မည်ဆိုပါက ကောင်းကင်နှင့်ကမ္ဘာကို ရိုးရှင်းစွာ နှိုင်းယှဉ်ခြင်းဖြစ်ပြီး လုံး၀ နှိုင်းယှဉ်ဘက် မဟုတ်ပေ။

ကျိမုက သူတို့နှစ်ယောက်ကို ပါးရိုက်ပြီးနောက် လျစ်လျူရှုလိုက်ကာ ထန်ရှုနှင့် ဟန်ကျင်းဝူတို့အား ဂရုတစိုက်ကြည့်ရင်း

"ညီအစ်ကိုထန် … မစ္စဟန် … ဒီချီးထုပ်နှစ်ကောင်က မင်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလား။"

ဟားဟားဟား…။ ထန်ရှုက အားရပါးရ ရယ်လိုက်ပြီး "လူတစ်ယောက်က အသက်ငယ်ငယ်လေးနဲ့ ဒီလောက်ဒေါသကြီးတာ မဖြစ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီအရှုပ်နှစ်ကောင်က ပေါက်ကရတွေ ပြောတယ်ဆိုပေမယ့် သူတို့ အဝေးကြီး ခရီးမရောက်သေးပါဘူး။ သူတို့အနှောင့်အယှက်ပေးတာ ငါ့ကို မဟုတ်ဘူး။ ဟန်ကျင်းဝူက သူတို့ကို ငြင်းပယ်လိုက်လို့ ရှက်ဒေါသဖြစ်ပြီး လုပ်ကြတာ။”

ကျိမုသည် စိတ်ထဲမှ ဒေါသထွက်လွန်းလှသဖြင့် ဒွာရခုနစ်ပေါက်မှပင် မီးခိုးများ ထွက်တော့မည်ဟုပင် သူ့ကိုယ်သူ အောက်မေ့မိသည်။ ဟန်ကျင်းဝူသည် သူ့အတွက် ထူးထူးခြားခြား ဧည့်သည်တစ်ဦးဖြစ်ပြီး သူမသည်လည်း ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ ဤလူဆိုးကောင် ကျိုးချုံနှင့် ချန်းရွိုက်တို့သည် မိန်းမလှ မြင်ပါက ငမ်းငမ်းတက်နေသော လူစားများဖြစ်ပြီး သူမအား ပြစ်မှားရန်ပင် သတ္တိရှိနေကြသည်။ သည်ဟာသည် သူတို့ကိုယ်သူတို့ သေလမ်းကို ရိုးရှင်းစွာ ရွေးချယ်နေခြင်းပင်တည်း။

သူ၏အတွေးများ ထိုနေရာသို့ အရောက်တွင် တန်းလှည့်ကာ ထိုသူတို့၏မျက်နှာကို ရိုက်လိုက်ပြန်သည်။ ထို့နောက် သူက ဟန်ကျင်းဝူအား လှည့်၍ပြောကာ

“မစ္စဟန် … မင်းက ငါ့ရဲ့ ထူးခြားတဲ့ ဧည့်သည်ဖြစ်ပေမယ့် ဒီငရှုပ်နှစ်ယောက်ရဲ့ နှောင့်ယှက်မှုကို ခံလိုက်ရသေးတယ်။ ဒါက ငါ့မျက်နှာကို ရိုက်လိုက်သလိုပါပဲ။ မင်းကိုယ်တိုင် သူတို့ကို မရိုက်ချင်ရင် သူတို့တွေ ဒီကိစ္စကို အချိန်အကြာကြီး မှတ်မိနေအောင် သူတို့ခြေထောက်တွေကို ငါ ချိုးပါရစေ။"

“ကျိမု …”

“အစ်ကိုကျိ …”

ကျိုးချုံနှင့် ချန်းရွိုက်တို့၏အမူအရာများ သိသိသာသာ ပျက်သွားပြီး ကမန်းကတန်း အော်လိုက်သည်။ ဤအခိုက်အတန့်တွင် သူတို့သည် သူတို့ကြားတွင် အလောင်းအစားအဖြစ် အသုံးပြုခဲ့သော ဟန်ကျင်းဝူ ဖြစ်စေ၊ ထိုလူငယ်ဖြစ်စေ လွယ်ကူသော ပစ်မှတ်များမဟုတ်ကြောင်း နောက်ဆုံးတွင် သိရှိသွားခဲ့သည်။ ကျိမုကိုယ်တိုင်ပင် ၎င်းတို့ရှေ့တွင် သတိကြီးစွာ ပြုမူနေသည်ဖြစ်သောကြောင့် သူတို့သည် ပျားအုံကို တုတ်နှင့် ထိုးမိသွားသကဲ့သို့ ဖြစ်ပြီး ၎င်းတို့အတွက် ကြီးစွာသောဒုက္ခကို ဖန်တီးမိပြီဖြစ်ကြောင်း သိရှိလာကြတော့သည်။

ဟန်ကျင်းဝူသည် ခွင့်မလွှတ်နိုင်သော၊ ကျိုးကြောင်းမဆီလျော်သော အမျိုးသမီး မဟုတ်သောကြောင့် သူမသည် ခြောက်ကြိမ် သို့မဟုတ် ခုနစ်ကြိမ်ခန့် ကျိမု၏ပါးရိုက်ခြင်းကို ခံလိုက်ရသော ကျိုးချုံနှင့် ချန်းရွိုက်ကို ကြည့်လိုက်ကာ ရွံရှာသော အမူအရာဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး

“ကောင်းပြီ … အဲ့ဒါကို မေ့လိုက်ပါ။ သူတို့ကို ထွက်သွားခိုင်းလိုက်တော့။ ငါ အဆင်ပြေပါတယ်။ ငါတို့ရဲ့ အရေးကြီးတဲ့အရာတွေကို မနှောင့်နှေးရအောင် စားကြစို့။"

“ကောင်းပြီ။”

ကျိမုက လက်ကိုမြှောက်ကာ ထိုနှစ်ယောက်၏ခေါင်းကို ရိုက်လိုက်ပြီး

“မင်းတို့လူဆိုးနှစ်ကောင် … နောက်ဆို ပြဿနာ လျှော့ရှာကွ။ မင်းတို့တွေ ငယ်တော့တာလည်း မဟုတ်ဘူး။ ဘာလို့ ရင့်ရင့်ကျက်ကျက်နဲ့ ဇနီးရှာပြီး အိမ်မှာ မနေတာလဲ။ အခု … ထွက်သွားတော့။ နောက်ထပ် မင်းတို့ ပြဿနာရှာတာ မတွေ့ရစေနဲ့။ နို့မဟုတ်ရင် မင်းတို့ကို ငါကိုယ်တိုင် သေအောင် ရိုက်မယ်။”

"ဟုတ် … ဟုတ် …ဟုတ်ကဲ့။ ငါတို့ ထွက်သွားပါ့မယ်။"

"အစ်ကိုကျိ … ငါ တကယ် တောင်းပန်ပါတယ်။ မစ္စဟန် … ငါ တောင်းပန်ပါတယ်။ ငါတို့ ထွက်သွားတော့မယ်။"

ကျိုးချုံနှင့် ချန်းရွိုက်တို့သည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည့်အလား တလေးတစား ဦးညွှတ်ပြီး တိုတိုတုတ်တုတ် ပြန်ဖြေကာ ထွက်ပြေးသွားကြသည်။ ကျိမုက တန်ဖိုးထားရသော ထိုလူစားများသည် သူတို့ နှောက်ယှက်နိုင်သည့်လူတန်းစားများ မဟုတ်ပါပေ။ ယခုပင် သည်ကိစ္စကို ဆက်မဆွဲချင်တော့သလို ရှင်းရှင်းလင်းလင်းလည်း မဖြစ်ချင်ပေ။

လက်စားချေဖို့ဆိုတာကရော ဘယ်လိုလဲ။ ဟာသပဲ။ သူတို့ရဲ့လက်စားချေမှုကို ဘာနဲ့ တောင်းဆိုနိုင်မှာလဲ။ အဲ့လိုလုပ်လိုက်ရင် ဒီလူတွေကို သူတို့မိသားစုဆီ လာပြီး ညှဉ်းပန်းနှိပ်စက်ဖို့ စိတ်မရှည်အောင် လုပ်တာနဲ့ အတူတူ ဖြစ်မနေဘူးလား။

ကျိုးချုံတို့နှစ်ယောက်သား ထမင်းစားခန်းအပြင်ဘက်သို့ အသက်တစ်ရှိုက်စာအတွင်း ပြေးထွက်လာပြီး အသက်မရှုနိုင်လောက်အောင် မောလာတော့မှသာလျှင် ပြေးသည့်အရှိန်ကို ရပ်လိုက်သည်။ ချန်းရွိုက်သည် ပူစပ်ပူလောင်ဖြစ်နေသော မျက်နှာကို ပွတ်သပ်ရင်း ခါးသီးသောအမူအရာဖြင့်

"ဒီနေ့ အပြင်ထွက်တုန်းက ပြက္ခဒိန်မှာ ရက်ရာဇာလား ပြသဒါးလားတောင် မကြည့်ခဲ့ရဘူး။ နို့မဟုတ်ရင် ဒီလို ရက်စက်တတ်တဲ့ အမှိုက်ကို ငါ ဘယ်လို အနှောင့်အယှက် ပေးမိမှာလဲ။ မအေဘေးကျိမုတောင်မှ အဲ့ဒီမြင့်မြတ်တဲ့ သခင်နှစ်ပါးကို လေးလေးနက်နက်နဲ့ သတိကြီးစွာ ဧည့်ဝတ်ပြုနေရတာ။ သူတို့က ဘယ်သူတွေလဲ။ သူတို့ရဲ့ဇစ်မြစ်က ဘာလဲ။"

ကျိုးချုံ၏အမူအရာမှာ အနည်းငယ် မှုန်ကုပ်နေသော်လည်း တစ်ချိန်တည်းမှာပင် သူသည် ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရသည်။ ချန်းရွိုက်၏ စကားကို ကြားသောအခါတွင် ကူကယ်ရာမဲ့စွာ မှတ်ချက်ပေးရုံမှတစ်ပါး ဘာမှမတတ်နိုင်ချေ။

"သူတို့က ချန်ရှီက မဟုတ်လောက်ဘူး။ နို့မဟုတ်ရင် သူတို့ ဘယ်သူလဲဆိုတာ ငါတို့ သေချာပေါက် သိမှာပဲ။ တချို့ပုံရိပ်ကြီးတွေက ငါတို့ရဲ့ဧရိယာပြင်ပက ဖြစ်ရုံတင်မကဘူး အရမ်း နက်ရှိုင်းတဲ့ နောက်ခံသမိုင်းကြောင်းလည်း ရှိတာ သေချာတယ်။”

"မင်းမှာ အဲဒီ့အမျိုးသမီးပုံတွေ မရှိဘူးလား။" ချန်းရွိုက်က ရုတ်တရက် မေးလိုက်သည်။

"သူမကို စုံစမ်းဖို့ လူတစ်ယောက်ကို လွှတ်ရင်ရော ဘယ်လိုလဲ။”

ကျိုးချုံ ချီတုံချတုံ ဖြစ်နေပြီးမှ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီး

“ငါ အိမ်ပြန်ရောက်ပြီးရင် ဒီည သူ့ကို စုံစမ်းဖို့ တစ်ယောက်ယောက် ရှာလိုက်မယ်။ ဒီနေ့ ငါတို့နှစ်ယောက်လုံး မျက်နှာအကြီးကြီး ပျက်ရတာပဲ။ ယီးလိုဒီနေရာကနေ သွားရအောင်။ ဘာမှလည်း မစားချင်တော့ဘူး။"

ချန်းရွိုက် ခေါင်းညိတ်ပြီး အပြင်ဘက်သို့ သူ့အနောက်မှ လိုက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူက ရုတ်တရက် မေးလိုက်သည်။

"ဒီည မြေအောက်တိုက်ပွဲကွင်းမှာ ပွဲရှိတယ်။ ငါတို့ ကြည့်မှာလား။"

"သွားမယ်လေ။ ဒါပေမယ့် ငါတို့ အရင်ရေချိုး၊ အဝတ်အစားလဲပြီး ဒီကံဆိုးမှုကို ဖယ်ရှားဖို့ နေရာရှာရမယ်။” ကျိုးချုံက စဉ်းပင်မစဉ်းစားဘဲ ပြောလိုက်သည်။

"ဟုတ်တယ်။"

သီးသန့်အခန်း #၀၀၆၆အတွင်း …

“မစ္စဟန် … အဲ့ဒီလူရှုပ်နှစ်ကောင်ကို ငါ သိတယ်။ သူတို့က ပင်ကိုယ်သဘာဝတော့ မဆိုးပေမယ့် ရွှေဇွန်း ကိုက်မွေးဖွားလာခဲ့ပြီး မိသားစုတွေရဲ့ အလိုလိုက် ဖျက်ဆီးမှုတွေကြောင့် နောက်ဆုံးတော့ ဒီလိုမထိန်းနိုင် မသိမ်းနိုင်အကျင့်စရိုက်တွေ ဖြစ်လာကြတာ။” ကျိမုက ခါးသီးသော အပြုံးဖြင့် ရှင်းပြသည်။

“ဒါပေမယ့် စိတ်ချပါ။ သူတို့ကို နောင်တရသွားအောင် ငါ ပညာပေးလိုက်မယ်။ နောင်ဘယ်တော့မှ ဒီလိုရူးမိုက်တဲ့ လုပ်ရပ်မျိုး ထပ်မလုပ်စေရဘူးလို့ ငါ အာမခံတယ်။"

ဟန်ကျင်းဝူသည် အဖြစ်အပျက်ကို အလေးအနက် မထားဘဲ အပြုံးဖြင့်

“ကိစ္စ မရှိပါဘူး။ သူတို့က တကယ်ကို သိပ်ပြီး လွန်လွန်ကျူးကျူး မလုပ်ခဲ့ကြပါဘူး။ နောက်ပြီး ငါလည်း သူတို့ကို ဆုံးမပြီးပါပြီ။"

ကျိမုသည် ထန်ရှုကို လျင်မြန်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

"မစ္စဟန်က သူရဲကောင်းတစ်ယောက်လို တကယ်ကို ကျယ်ပြန့်တဲ့ စိတ်သဘောထား ရှိပါပေတယ်။ ဘာပဲဖြစ်ဖြစ် စားလိုက်ကြစို့။ မကြာခင် ဟင်းပွဲတွေ ရောက်လာတော့မယ်။ အာ … ဟုတ်သားပဲ။ မစ္စဟန်က ဒီည ပွဲကြည့်မယ်ဆိုတော့ ငါ ဝိုင်မမှာထားဘူး။”

“ငါ ဝိုင်သောက်တယ်။” ဟန်ကျင်းဝူက ပြောလိုက်သည်။

"အာ … ဝိုင်က အူအတွက် အဆိပ်တစ်ခုပဲ။ ဒါကြောင့် လျှော့သောက်တာ ပိုကောင်းတယ်။" ထန်ရှုက ရယ်ရင်း ပြောလိုက်သည်။

"ကဲ … အရေးကြီးကိစ္စ မနှောင့်နှေးရအောင် မြန်မြန်စားကြစို့။"

“ကောင်းပြီ။”

ထန်ရှုနှင့်ထိတွေ့ဆက်ဆံနေစဉ်အတွင်း သူ့အပေါ် ကျိမု အကဲဖြတ်ရာတွင် ထန်ရှုသည် စိုးစဉ်းမျှ ဟိတ်ဟန်ထုတ်ခြင်း မရှိပေ။ ထိုသူသည် ရင့်ကျက်ကာ ကျိုးကြောင်းဆီလျော်မှုရှိပြီး နားမလည်နိုင်အောင် နက်ရှိုင်းပေသည်။

***

All Chapters