← Chapters

တလျန်မြို့ပိတ်လိုက်ခြင်း

Vol. 150 Ch. 2088

တလျန်မြို့ပိတ်လိုက်ခြင်း

Vol. 150 Ch. 2088

လောင်လီသည် သူ၏အမူအရာကို မြင်သောအခါ တစ်စုံတစ်ရာဖြစ်နေပြီ ကိုသိလိုက်သည် “ဘာဖြစ်တာလဲ”

“ဟူး…” လောင်ဒူသည် စကားမပြောခင် သက်ပြင်းချသည်။ သူ၏ပုံစံကို လောင်လီမြင်သည်နှင့် ဖြစ်ပျက်နေသည်မှာ ပြင်းထန်သည်ကို သိလိုက်သည်။

“သက်ပြင်းပဲချမနေနဲ့ ဘာကြားခဲ့လဲ ပြောပါဦး”

“တလျန်တောင်မှာ တစ်ခုခုဖြစ်ခဲ့တာ” လောင်ဒူ ပြောပြသည်။

လောင်လီသည် တခြားကိစ္စဖြစ်ပြီဟု ထင်ထားခဲ့သည်။ သူ ထိုစကားကို ကြားသောအခါ ပြောလိုက်သည် “တလျန်တောင်မှာ တစ်ခုခုဖြစ်တာကို ဘာလို့ စိတ်ပူနေတာလဲ.. မင်းက အခုတောင်ပေါ်ကို သွားလို့မရလည်း နောက် တစ်ခါသွားလို့ရတာပဲ.. ပြီးတော့ အဲဒီကိုသွားစရာလည်းမလိုဘူး တခြားနေရာ ကနေ အသုံးဝင်တဲ့သတင်းများရတာလားလို့”

အားနည်းသည့် ကျင့်ကြံသူများအနေနှင့် ကျင့်စဉ်အရင်းအမြစ်များကို အဆက်မပြတ်ရှာဖွေရသည်။ ရှာမတွေ့လျှင်လည်း ဝယ်ရသည်။ ကျင့်ကြံနိုင်ရန် အတွက် ငွေကြေးအမြောက်အများသုံးရသည်။ အကောင်းဆုံးနှင့် တိုက်ရိုက် အဖြစ်ဆုံးနည်းလမ်းမှာ တောင်ထဲသို့သွားကြခြင်းဖြစ်သည်။ သူတို့ ကံကောင်း လျှင် တောင်ပေါ်တွင် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များစွာ ရနိုင်သည်။ ကံမကောင်းလျှင် ပစ္စည်းအနည်းငယ်သာ ရနိုင်သည်။ တွေ့လာသည့် ပစ္စည်း များကို မြို့ထဲတွင်ပြန်ရောင်းပြီး ငွေရှာနိုင်သည်။

ထို့ကြောင့်ပင် တောင်များတွင် တစ်ခုခုဖြစ်သည်ဟု ကြားသည်နှင့် လောင်လီသည် သူ့ကို အကြံပေးခြင်းဖြစ်သည်။

“အဲလိုသာဆိုရင် အဆင်ပြေနေသေးတယ်” လောင်ဒူသည် လေးလံစွာပင် သက်ပြင်းချလိုက်သည် “ဘာလို့လဲဆိုတော့ တလျန်တောင်မှာ မတော်တဆ ကြီးဖြစ်ခဲ့တယ် အဲဒါကြောင့်တလျန်မြို့ကိုပိတ်လိုက်ပြီ ဝင်လို့လည်းမရသလို ထွက်လို့လည်းမရတော့ဘူး ငါလည်း ဘယ်မှသွားမရတော့ဘူး”

“ဘာ” လောင်လီသည် အံ့အားသင့်သွားသည် “တလျန်တောင်မှာ မတော် တဆဖြစ်ခဲ့တာနဲ့ ဘာလို့တလျန်မြို့ကပိတ်ရတာလဲ”

“ဟူး…” လောင်ဒူသည် အလွန်ပင် စိုးရိမ်လျက်ရှိသည်။ သူသည် အဆင့် တက်တော့မည့်ဆဲဆဲဖြစ်ကာ နောက်လာမည့်နှစ်ရက်ကြာလျှင် ရတနာရှာရန် တလျန်တောင်ဆီသို့သွားမည်ဟု စီစဉ်ထားသည်။ ယခုကိစ္စကြောင့်ပင် သည် တစ်ခေါက်တွင် သူ ဤအခွင့်အရေးကို လွတ်သွားတော့မည်။ နောက်တစ်ခါဆို လျှင် အဆင့်တက်မည့် အခွင့်အရေးမှာမသေချာပေ။

သူ စိတ်ဓာတ်ကျသွားသည်ကို ရှီမာယူယူမြင်သောအခါ ပြောလိုက်သည် “မြို့ပိတ်တာက သိပ်မကြာလောက်ပါဘူး.. နေ့စဉ်အသုံးစရိတ်ပေးစရာမှမလို တာ ဘာလို့စိတ်ပူနေတာလဲ”

လောင်ဒူသည် သူ၏လက်ရှိအခြေအနေကို ရှင်းပြရာ ထိုသတင်းကြား သည်နှင့် သူ၏တုံ့ပြန်မှုကြီးမားရခြင်းအကြောင်းကို အားလုံးနားလည်သွားကြ သည်။

ရှီမာယူယူသည် အတန်ကြာတိတ်ဆိတ်သွားပြီးနောက် လောင်ဒူကို ပြော လိုက်သည် “လောင်ဒူ အဆင့်တက်ဖို့လိုတဲ့ ရတနာတွေကို ကျွန်မပေးနိုင်ပါ တယ်”

“ကျုပ်ကို ဘာလုပ်စေချင်လဲ” လောင်ဒူ မေးလေသည်။

ရှီမာယူယူ ပြုံးလိုက်သည်။ သူတို့သည် အလွန်တူကြသည်။

“အဲလောက်ကြီး စိတ်ပူဖို့မလိုပါဘူး အန္တရာယ်များတာကို ဘာမှမခိုင်းပါ ဘူး” သူမသည် လောင်ဒူထခုန်သည်ကိုမြင်သောအခါ နှစ်သိမ့်ပေးလိုက်သည် “လောင်ဒူ အားတဲ့အချိန်ကျရင် အပြင်ထွက်ပြီး သတင်းသွားနားစွင့်ပေးရုံပါပဲ.. အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာရယ် ဟွာဝူရှန့်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးရမှာပါ.. ဒီကိစ္စတွေက ဦးလေးဒူအတွက် အသေးအဖွဲ့ပဲနေမှာပါ”

“ကောင်းပြီလေ” လောင်ဒူသည် အတန်ကြာတွေဝေပြီးနောက် သဘော တူလေသည်။ အဆင့်တက်မည့် အရင်းအမြစ်သည် သူ့ကိုဆွဲဆောင်လွန်းနေ ကာ မငြင်းဆန်နိုင်ပေ။ သတင်းစုံစမ်းရန်မဟုတ်ဘဲ အန္တရာယ်ရှိသည့်အရာများ လုပ်ရလျှင်တောင် သူ ငြင်းဆန်မည်မဟုတ်ပေ။

ရှီမာယူယူသည် ဝိညာဉ်ကျောက်တစ်ခုရွေးကာ သူ့ကိုပေးလိုက်သည်။ အဆင့်တက်ရာတွင် ဤပစ္စည်းကိုသုံးသည်မှာကောင်းသည်။ သူမ သူ့ကိုပေးပြီး နောက် သူမနှင့် ဝူလင်းယူသည် အခန်းတစ်ခန်းငှားပြီး အနားယူကြသည်။

သူတို့ထွက်သွားပြီးနောက် လောင်ဒူသည် လက်ထဲမှဝိညာဉ်ကျောက်ကို ကြည့်ပြီး တံတွေးမျိုချမိသည်။ အနောက်မှလောင်လီပင်လျှင် ဝိညာဉ်ကျောက် ကိုကြည့်ပြီး အားကျနေသည်။

လောင်ဒူသည် သူ့အကြည့်ကို သတိထားမိသဖြင့် ဝိညာဉ်ကျောက်တုံးကို အမြန်သိမ်းကာ မေးလိုက်သည် “လောင်လီ အဲလူနှစ်ယောက်ရဲ့ သရုပ်မှန်တွေ က ဘာတွေလဲ.. သူမက အများကြီးထဲကမှ ဝိညာဉ်ကျောက်တစ်တုံးရွေးပြီး ‌ပေး တာဆိုတော့ သူတို့မှာ အားကောင်းတဲ့နောက်ခံရှိတဲ့ပုံပဲ”

“သူတို့ရဲ့နောက်ခံနဲ့ သရုပ်မှန်ကို ငါလည်းမသိဘူး” လောင်လီသည် အနည်းငယ် ရှက်ရွံ့မိသည်။

“မင်းက သူတို့နောက် လိုက်လာတာဒီလောက်ကြာပြီ မသိသေးဘူးလား”

“သူတို့က ငါ့ကို ဘာမှထုတ်မပြကြတော့ ငါလည်းမမေးဘူးလေ” လောင်လီ ပြောလေသည် “သူတို့ရဲ့ သရုပ်မှန်ကို ငါမသိပေမဲ့.. သူတို့က ပြစ်မှား လို့ရတဲ့လူမဟုတ်တာကိုတော့ သိတယ်.. ဒါ ငါမင်းအတွက် အကြံပေးတာပဲ”

“မသဲမကွဲမပြောနဲ့.. သူတို့ဘယ်လောက်အားကောင်းလဲဆိုတာ အသေး စိတ်ပြောဦး”

“ပျော်ရွှင်ခြင်းမြို့ရဲ့ မြို့စားအဖမ်းခံရတာသိလား”

“ဒီလောက်ကြီးတဲ့ကိစ္စပဲ သေချာပေါက်သိတာပေါ့” လောင်ဒူ ပြန်ဖြေလေ သည်။ ထို့နောက် ဤကိစ္စကို အကြောင်းမဲ့ ပြောမလာဟု သူ တွေးမိသွားသည် “ဒီကိစ္စက သူတို့နဲ့ပတ်သက်နေတာလား”

“ဟုတ်တယ်”

“သူတို့က…” လောင်ဒူသည် ထိုသတင်းကြောင့် ထိတ်လန့်သွားသည်။ သူ လက်ဖက်ရည်ဆိုင်တွင် တခြားသူများနှင့် စကားပြောစဉ်က ဤကဲ့သို့ ကိစ္စမျိုး လုပ်ရဲရသည်မှာ မည်သူမည်ဝါဖြစ်မလဲဟု သူ သိချင်ခဲ့သည်။ မထင်မှတ်စွာပင် ထိုလူများသည် သူ့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။

“သူတို့က ပျော်ရွှင်ခြင်းမြို့စားကို ဖမ်းရုံတင်မကဘူး ဝူရှန့်မြို့မှာ အဝိုင်းခံ ရတုန်းကလည်း ခြစ်ရာတောင်မထင်အောင် ထွက်ပြေးနိုင်ခဲ့တာ.. သူတို့ လက် တစ်ချက်လှုပ်တာတောင် ငါ မတွေ့ဖူးဘူး.. ဒါပေမဲ့ သူတို့ အရမ်းအားကောင်း တာကိုတော့ ငါသိတယ်.. သူတို့ လှုပ်ရှားရင်တော့ မင်းနဲ့ငါ အရင်က မမြင်ဖူးတဲ့ ကိစ္စမျိုးဖြစ်လာမှာကိုတောင် စိုးရတယ်”

လောင်လီ၏ စကားများကို ကြားပြီးနောက် လောင်ဒူနားလည်သွားသည်။ သူတို့က လူလုံးထွက်ပြလို့မရလို့ သူ့ကိုသတင်းစုံစမ်းခိုင်းတာကိုး။ သူသည် ထို ကဲ့သို့လူနှင့် အပေးအယူလုပ်မိသည်ကို ရုတ်တရက် နောင်တရသွားသည်။

“ဒါပေမဲ့ ဒီလူတွေက အရမ်းအန္တရာယ်များလွန်းတယ်”

“ငါတို့ဘဝတွေက အန္တရာယ်တွေနဲ့ပဲ ပြည့်နေတာမဟုတ်ဘူးလား မင်း မကြိုက်ဘူးဆိုလည်း အဲဒီဝိညာဉ်ကျောက်ကို ငါ့ပေး ငါ သတင်းစုံစမ်းလိုက်မယ်” လောင်လီသည် သူ့ကို ပစ္စည်းများကို တန်ဖိုးမထားတတ်သည့်လူကဲ့သို့ ကြည့် လေသည်။

ဒီလောက်ကောင်းတဲ့ပစ္စည်းက တောင်းရင်တောင် ရဖို့မသေချာတာကို သူက သံသယဝင်နေသေးတယ်။

လောင်လီ၏ စကားများသည် သူ့ကိုအသိစိတ်ဝင်သွားစေသည်။ သူ ပြော သည်မှာမှန်သည်။ အားနည်းသောကျင့်ကြံသူများ၏ နေ့စဉ်ဘဝမှာ အန္တရာယ် များဖြင့် ပြည့်နေသည်။ အဲဒါကို ဘာလို့ အတွေးတွေလွန်နေတာလဲ။ အင်အား တိုးလာရင်လည်း သူပဲရမှာလေ။

သူသည် လောင်လီကို အရိုအသေပေးပြီး ပြောလိုက်သည် “ငါ့ကို သတိ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“သတိပြန်ဝင်လာတာ ကောင်းတယ်”

“အခုကြည့်မှပဲ အရည်အချင်းစစ်ပွဲက သူတို့ရဲ့ဆင်ခြင်ပဲ.. သူတို့ဘာလုပ် မလို့လဲမသိဘူး”

“အဲဒါက ငါတို့ထိန်းချုပ်နိုင်တာထက် ကျော်နေပြီ.. ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုမှတ်ထားလိုက်.. မင်း သိတာများလေလေ မြန်မြန်သေလေလေပဲ”

“ဟုတ်တယ်” လောင်ဒူသည် ထိုစည်းမျဉ်းကိုနားလည်သည် “ဒီရက်ပိုင်း ကို စောင့်ကြည့်လိုက် ငါ အဆင့်တက်သွားမှာ”

“ဟုတ်ပါပြီ”

ရက်အနည်းငယ်ကြာပြီးနောင် တလျန်မြို့စား၏အိမ်တော်တွင်…

သခင်ကြီးလျိုသည် သတိပြန်ဝင်လာသည်။ ပြီးခဲ့သည့်တစ်ခေါက် သူ ဤ နေရာသို့ လာခဲ့သည်နှင့်ယှဉ်လျှင် လေထုမှာ အလွန်ကွဲပြားနေသည်။ သူ ဤ နေရာမှ အသက်ရှင်လျက်ထွက်သွားနိုင်မလားဆိုသည်ကိုပင် မသိပေ။ သူ စစ်ဦးစီး၏အသံကိုကြားသောအခါ ကြောက်ရွံ့သဖြင့် တုန်ယင်လာသည်။

ဟွာဝူရှန့်သည် လျှောက်လာပြီး သူ့ကိုဖြတ်ကျော်သွားသည်။ တစ်ချက် ကြည့်လိုက်သည်နှင့် သေမင်းသည် သူ့ကိုလက်ယက်ခေါ်နေသလိုပင်။

“သခင်ကြီးလျို ထပ်တွေ့ရမယ်လို့ ထင်မထားဘူးနော်”

သခင်ကြီးလျိုသည် ဒူးထောက်လိုက်ကာ ဘာတစ်ခွန်းမှမပြောဘဲ ဟွာဝူရှန့်ကို ငိုပြောလေသည် “စစ်ဦးစီးဟွာ ကျွန်တော်မလုပ်ပါဘူး အဲဒါက ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး”

ဟွာဝူရှန့်သည် သူ့ကို အေးစက်စွာ ကြည့်လိုက်သည် “ပြော သတ္တုတွေ ဘယ်ရောက်သွားလဲ”

***

All Chapters