← Chapters

သစ္စာဖောက်ခြင်း

Vol. 150 Ch. 2089

သစ္စာဖောက်ခြင်း

Vol. 150 Ch. 2089

သခင်ကြီးလျိုသည် ရှုပ်ထွေးသွားသည် “သတ္တုလား ဘာသတ္တုလဲ”

သူ လိမ်နေနေပုံမပေါက်သည်ကို ဟွာဝူရှန့်သိသဖြင့် အကြည့်များမှာ မှောင်မိုက်သွားသည်။

“တလျန်တောင်က သတ္တုကြောလေ မင်းဘယ်မှာသွားထားတာလဲ” တမန်တော်ဇော့ မေးလေသည်။

“တလျန်တောင်က သတ္တုလား ကျွန်တော် ဘာသတ္တုကိုမှမယူဘူး” သခင်ကြီးလျို ပြောလိုက်သည် “အဲဒီကနေထွက်လာတော့ သတ္တုတွင်းက ဘာမှ မဖြစ်သေးဘူး”

“ဒါဆို ဘာလို့ထွက်ပြေးတာလဲ”

“တမန်တော်ယူတို့ သေသွားကြပြီမလား.. ဒီလောက် အများကြီးသေသွား ပြီး ကျွန်တော်က အသက်ရှင်နေတာ အဲဒါက အပြစ်မကင်းသလိုခံစားရလို့” သခင်ကြီးလျို ပြောလေသည်။

တမန်တော်ယူ သေသွားသည်မှာ မှန်သည်။ တမန်‌တော်ဇော့သည် သူ့ စိတ်တွင် ဝမ်းနည်းမှုအရိပ်အယောင်ကို စက္ကန့်ပိုင်းမျှ မြင်လိုက်ရသည်။ ထို့နောက် သူသည် သူ့ကိုဆက်စစ်မေးလေသည် “တမန်တော်ယူနဲ့ တခြားသူ တွေ ဘယ်လိုသေသွားတာလဲ.. ဘာလို့ သူတို့ကသေသွားပြီး မင်းက အသက်ရှင် နေတာလဲ”

“သူတို့ကို စွမ်းအားကသတ်သွားတာ” သူတို့သေဆုံးသည့် မြင်ကွင်းကို ပြန်တွေးမိသည်နှင့် သခင်ကြီးလျို၏ မျက်နှာမှာ ကြောက်ရွံ့မှုများပေါ်လာသည် “သေပြီ သေပြီ သူတို့အကုန်လုံး သေပြီ.. သူတို့တွေက ခြေလက်တောင်မစုံ တော့ဘူး သူတို့အကုန်လုံးက ဆိုးဆိုးဝါးဝါးသေသွားကြတာ”

တမန်တော်ဇော့သည် ဟွာဝူရှန့်ကိုကြည့်လိုက်သည်။ ဟွာဝူရှန့်သည် လည်း သခင်ကြီးလျို၏ စကားများကို ယုံနေသည်ကို သူသိသည်။

“အစကနေအဆုံးထိ ပြောပြ တစ်ခုခုကိုလိမ်ပြီးသား ပြောရဲရင်တော့…”

“ပြောပါ့မယ် ပြောပါ့မယ်” ခြိမ်းခြောက်ရန်ပင်မလိုတော့ပေ။

သခင်ကြီးလျိုသည် သူတောင်ထဲသို့ ဝင်သည့်အချိန်မှစပြီး ထွက်လာ သည်အထိ တစ်ခုမကျန်ပြောပြလိုက်သည်။ ထိုကိစ္စများကို ကြားရသည်မှာ ပထမဆုံးအကြိမ်မဟုတ်သဖြင့် သူတို့သည် အံ့ဩသွားခြင်းမရှိပေ။ သူတို့ အံ့ဩ သည်မှာ သခင်ကြီးလျို ပြောသည့်သူပင်ဖြစ်သည်။

သခင်ကြီးလျို ပြောပုံအရ.. သူ ထွက်လာသည်နှင့် သတ္တုတွင်းသည် မထူး ခြားသေးပေ။ ထို့ကြောင့် တောင်မှ သတ္တုကြောသည် မူလအတိုင်းသာရှိသေး သည်။ အအေးဓာတ်လျော့ပြီး ပျောက်သွားသည်ဟု တပ်သားများ သတင်းပို့ သည်နှင့် သုံးလေးရက်သာ ကွာဟ,သည်။

ထိုသတင်းမှာ အလွန်ပင် ထိတ်လန့်စရာဖြစ်သည်။ ထိုလူမှာ မည်သူဖြစ် စေ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ မယုံကြည်နိုင်စရာပင်ဖြစ် သည်။

ထိုလူသည် သူတို့၏ ရန်သူဖြစ်ပါက ဖြစ်လာမည့် နောက်ဆက်တွဲမှာ တွေးမရနိုင်လောက်အောင်ပင်ဖြစ်သည်။

တမန်တော်ဇော့သည် စစ်မေးပြီးသည်နှင့် သူ့ကို ခေါ်သွားခိုင်းလိုက် သည်။ ထို့နောက် ဟွာဝူရှန့်ကို ပြောလိုက်သည် “သူပြောတာသာ မှန်ရင် အဲဒီ တပ်သားက ကျွန်တော်တို့ တပ်သားမဟုတ်ဘူး”

“သေချာပေါက် မဟုတ်ဘူးပေါ့… အဲလောက်အားကောင်းတဲ့ တပ်သားကို ငါတို့တွေ မထိန်းသိမ်းနိုင်ဘူး” ဟွာဝူရှန့် နှာမှုတ်လေသည် “အဲလူရဲ့ပုံတူကို ဆွဲ ဖို့ပြောလိုက်.. ပြီးရင် ဝရမ်းထုတ်လိုက်”

“ဟုတ်ကဲ့ပါ” တမန်တော်ဇော့ ပြန်ဖြေလေသည် “စစ်ဦးစီး.. မြို့ကိုပိတ် ထားတဲ့အမိန့်ကို ပြန်ရုတ်တော့မှာလား.. ရက်တွေကြာနေပြီဆိုတော့ လူတွေက လည်း အသံတွေထွက်လာပြီ.. တချို့အားနည်းတဲ့ကျင့်ကြံသူတွေက ပြဿနာ တွေရှာနေကြပြီ”

“ဒီကမြို့စားကိုပဲ ဖြေရှင်းခိုင်းလိုက် အဲဒီပြဿနာရှာတဲ့ကောင်တွေကို ရှင်းလိုက်” ဟွာဝူရှန့်သည် အမှုမထားသလို ပြောလေသည်။

“ဟုတ်ကဲ့ပါ စစ်ဦးစီး” တမန်တော်ဇော့သည် မျက်လုံးနှင့် အရိပ်အယောင် ပြလိုက်ရာ သူ့ဘေးမှလူသည် ထွက်သွားပြီး စီစဉ်လေသည်။

“နန်ယွိမြောင်ရဲ့ သတင်းမရသေးဘူးလား”

“မရသေးပါဘူး ပြီးခဲ့တဲ့တစ်ခေါက်က သူတို့က ဝူရှန့်မြို့မှာပေါ်လာသေး တယ်.. ဒါပေမဲ့ သူတို့လွတ်သွားတယ်”

ဟွာဝူရှန့်သည် သူ့ကို ခပ်သဲ့သဲ့ကြည့်သည် “သူတို့ကို ဒီကိုလာပြီး အပြစ် ခံယူခိုင်းလိုက်.. အဲလိုထပ်ဖြစ်ရင် သူတို့အသက်မရှိတော့ဘူးမှတ်”

“ဟုတ်ကဲ့ပါ”

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် တလျန်မြို့၌ လူအများအပြားသေဆုံးခဲ့ သည်။ ရုတ်တရက်ဆိုသလိုပင် မြို့သူမြို့သားများသည် ထိတ်လန့်ကုန်ကာ သူတို့အလှည့်ရောက်လာမည်ကို ကြောက်ရွံ့နေရသည်။ နောက်ပိုင်းတွင် တလျန်တောင်မှ အဖြစ်အပျက်သည် သတင်းပြန့်လာသည်။

လောင်ဒူ၏ အိမ်တွင်၊ သူသည် သူတို့ကို ကြားခဲ့သည့်သတင်းများကို ပြော ပြနေသည် “အပြင်မှာ ကောလာဟလတွေ ဘယ်လောက်တောင် ပြန့်နေလဲ မင်းတို့သိမှာမဟုတ်ဘူး.. အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ဘယ်သူလဲ ဘယ်လို နောက်ခံရှိလဲဆိုတာ မသိဘူး”

လောင်လီသည် ထိတ်လန့်သွားသည်။ အဲဒီအဖြစ်အပျက်တွေ ဖြစ်တုန်း က သူတို့တွေ တလျန်တောင်မှာရှိနေတဲ့အချိန်မဟုတ်ဘူးလား။ အဲတုန်းက သူတို့လည်း သတ္တုကြောကိုသွားခဲ့တာပဲ။ သူတို့လုပ်ခဲ့တာများလား။

သူတို့သာဆိုရင် သုံးလေးရက်လောက်နဲ့ သတ္တုကြောတစ်ခုလုံးကို အပြောင်သိမ်းနိုင်တဲ့ သူတို့အားကရော…

လက်ဖက်ရည်ကို တည်ငြိမ်စွာသောက်နေသည့် ရှီမာယူယူကို သူ လှမ်း ကြည့်လိုက်ရာ သူမသည် ဤကိစ္စကို ဂရုမစိုက်သည့်ပုံပေါက်နေသည်။

“ဒါနဲ့ အဲလူရဲ့ ပုံတူယူလာတယ် မင်းတို့ကြည့်လို့ရအောင်လို့လေ” လောင်ဒူသည် ပုံတူတစ်ခုထုတ်လိုက်သည်။ ထိုပုံတူမှလူသည် ရှီမာယူယူ ရုပ်ပြောင်းရုပ်လွှဲလုပ်ထားသည်နှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။

ဟွာဝူရှန့်သည် သခင်ကြီးလျိုကို ဖမ်းမိသွားပြီနှင့်တူသည်။ ရှီမာယူယူ သည် ခေတ္တမျှ နှုတ်ဆိတ်သွားသည်။ သို့သော် သူမ စိတ်မပူပေ။ ဤပုံတူ လောက်နှင့် သူမကို မည်သူမှသံသယမဝင်နိုင်ပေ။

လောင်လီသည်လည်း ထိုပုံတူကိုကြည့်လိုက်သည်။ သူသည် ပုံတူထဲမှ လူကိုမမြင်ဖူးပေ။ ပြီးနောက် ထိုလူသည် ရှီမာယူယူနှင့် ဆင်တူခြင်းလည်းမရှိ ပေ။ သို့သော် သူ့စိတ်ထဲတွင်တော့ ဤကိစ္စတွင် သူမ တစ်နည်းတစ်ဖုံ ပတ်သက် နေလိမ့်မည်ဟု ခံစားနေရတုန်းပင်ဖြစ်သည်။

ရှီမာယူယူသည် ပုံတူကိုယူပြီး ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းဆူပြီး ပြောလေသည် “ဒီလူက အရမ်းမိုက်တဲ့ပုံပဲ.. သူ့သရုပ်မှန်ကို ကြေညာပြီးသွားပြီ လား”

“သူက တပ်ထဲကလို့ပြောကြတယ်.. ဒါပေမဲ့ စစ်ကြည့်လိုက်တော့ တပ်ထဲ မှာ အဲလောက်အားကောင်းတဲ့လူမရှိဘူးတဲ့.. ဒီလူက ရုပ်ပြောင်းရုပ်လွှဲလုပ်ထား တာဖြစ်မယ်လို့ ပြောနေကြတယ်”

လောင်လီသည် သဘောမတူပေ။ ထိုလူသည် လူလဲခံလိုက်ရသည်ဟု သူ ထင်မိသည်။ ထိုလူလဲလိုက်မှသာ ပြောင်းလဲမှုဖြစ်နိုင်မည်ပင်။

သူ့စိတ်ထဲတွင် ထိုသို့တွေးမိသည်နှင့် ဖုံးမရတော့ပေ။ သူမဖြစ်မလားဟု သိချင်ဇောဖြင့် သူမကိုကြည့်လိုက်သည်။ အကယ်၍ သူတို့သာ ပေါ်သွားလျှင် သူတို့အသက်ကိုယူသွားတော့မည်လား။ ပြီးခဲ့သည့်တစ်ခါက်က သာမန်တပ် သားများနှင့်သာ တွေ့ခဲ့ခြင်းပင်။ သို့သော် ဤတစ်ခါမှာ ဟွာဝူရှန့်ဖြစ်သည်။

“ဒီတစ်ခေါက် ဟွာဝူရှန့်က ဒီမှာ ဘာလို့ဒီလောက်အကြာကြီးနေနေတာ လဲမသိဘူး.. အရည်အချင်းစစ်ပွဲကလည်း ပြီးသွားပြီ သတ္တုကြောခိုးတဲ့လူလည်း ဒီမှာမရှိဘူး.. သူ ဒီမှာဘာလုပ်နေတာလဲ” လောင်ဒူ စောဒကတက်သည် “သူ ထွက်မသွားဘူးဆို မြို့လည်းပြန်ဖွင့်မှာမဟုတ်သလို ငါတို့လည်းထွက်မရဘူး စိတ်တိုဖို့ကောင်းလိုက်တာ”

လောင်လီသည် ရှီမာယူယူကို ကြည့်ပြီး တွေးမိလိုက်သည်။ သူမ ဒီမှာ ရှိနေသေးလို့ ဟွာဝူရှန့်က မသွားနိုင်တာလား။

ရှီမာယူယူသည် လောင်လီ၏အကြည့်ကို သတိထားမိသည်။ သို့သော် သူမ ဂရုမစိုက်ပေ။ သူမသည် ပုံတူကို လောင်ဒူအားပေးပြီးပြောလိုက်သည် “ကျွန်မတို့ ဒီမှာနေတာကြသွားပါပြီ နောက်ထပ် အနှောင့်အယှက်မပေးသင့် တော့ပါဘူး”

လောင်ဒူသည် သူအဆင့်တက်သည်နှင့် သူမတို့ကို ထွက်သွားရန် မျှော်လင့်ထားခဲ့သလို ထွက်မသွားစေချင်ပေ။ ထိုအတွေးကို လူမိသွားလေ သည်။

ရှီမာယူယူသည် လောင်လီကို ပြောလိုက်သည် “ဦးလေးလီ ဒီမှာပဲလူစုခွဲ ကြတာပေါ့ နောက်ကို ကျွန်မတို့နောက်လိုက်ဖို့မလိုတော့ပါဘူး”

“သခင်မလေးယူယူ” လောင်လီသည် သူမအား တအံ့တဩကြည့်လေ သည်။ သူမ ဤမျှစောစီးစွာ ထွက်သွားလိမ့်မည်ဟု ထင်မထားပေ။

သူမက သူ့အတွေးကို သိသွားတာများလား။

“ကျွန်မ ဒီမှာနေတာကို ဟွာဝူရှန့်က မကြာခင်သိသွားတော့မယ်ထင် တယ် ဦးလေးလီ ကျွန်မနောက်ကိုဆက်လိုက်နေရင် အန္တရာယ်ဖြစ်လာမှာစိုး တယ်.. ဒီမှာလမ်းခွဲလိုက်တာပဲကောင်းပါလိမ့်မယ်” ရှီမာယူယူ ပြောလာသဖြင့် လောင်လီ မငြင်းဆန်တော့ပေ။

သို့သော် သူ့စိတ်ထဲမှာတော့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိ သည်။

ရှီမာယူယူနှင့်ဝူလင်းယူတို့သည် လောင်ဒူ၏ အိမ်မှထွက်လာပြီး တည်းခို ဆောင်တွင် သွားတည်းခိုသည်။ သူတို့နေရာကို ဖုံးကွယ်မထားသဖြင့် ညရောက် သည်နှင့် တည်းခိုဆောင်ကို အဝိုင်းခံလိုက်ရသည်။

ရှီမာယူယူသည် တပ်သားများနောက်မှ လောင်ဒူကိုမြင်သည်နှင့် စိတ်ပျက်သွားလေသည် “ကျွန်မတို့က ရင်းနှီးခဲ့တယ်လို့ထင်ထားတာ.. ကောင်း ကောင်းမွန်မွန်တွေ့ပြီး ကောင်းကောင်းမွန်မွန် လမ်းခွဲရမယ်လို့ထင်ထားတာ.. ရှင်က သေဖို့တောင်းဆိုနေမှတော့ ကျွန်မကိုအပြစ်မတင်နဲ့ ဦးလေးလီ ဘယ်မှာ လဲ”

***

All Chapters