နန်ယွိမို့၏လျှို့ဝှက်ချက်
Vol. 150 Ch. 2090
“လောင်လီက ရေစီးနဲ့လိုက်ပြီး မပြောင်းလဲတတ်လို့ ဒီလိုမျိုး အခွင့်အရေး ကောင်းကြီးတစ်ခုလုံးကိုတောင် အမြတ်မထုတ်တတ်ဘူး” လောင်ဒူသည် ပြုံးပြီးပြောလေသည်။
ရှီမာယူယူကို ဖမ်းမိသည်နှင့် သူ့ကို စစ်တပ်ထဲသို့ ဝင်ခိုင်းရန် ထိုလူများ သည် သဘောတူပြီးဖြစ်သည်။ သူ စစ်တပ်ထဲဝင်လိုက်သည်နှင့် ရှေ့လျှောက် အရင်းအမြစ်များ ပုံမှန် အထောက်အပံ့ရမည်ဖြစ်သည်။
“သူ့ကိုသတ်လိုက်တာလား”
“အဲလိုတော့မဟုတ်ဘူး သူ့ကို ငါ့အိမ်ထဲမှာ ပိတ်ထားလိုက်တာ ပြီးတော့ ငါတို့တွေက သိလာတာ ဒီလောက်နှစ်တွေကြာနေပြီ ပြီးတော့ အရင်က သူက ငါ့အသက်ကိုတောင် ကယ်ဖူးသေးတာ” လောင်ဒူ ပြောလေသည်။
“ကျွန်မပြောလိုက်မယ် ဦးလေးလီက ရှင့်ထက် ဉာဏ်ကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “ချမ်းသာတာကောင်းပေမဲ့ အသက်ရှင်မှ အဲဒါတွေ ကို ခံစားလို့ရမယ်ဆိုတာ သူ အမြဲနားလည်ထားတယ်”
“မင်းက ငါ့အသက်ကိုလိုချင်တာလား.. အခု ငါက စစ်တပ်ရဲ့အဖွဲ့ဝင်ဖြစ် နေပြီ.. ငါ့ကိုသတ်ချင်ရင် တလျန်မြို့တစ်ခုလုံးကို ရန်စလိုက်တာပဲ” ရှီမာယူယူ အားကောင်းသည်ကို လောင်ဒူသိသည်။ သို့သော် သူ့မျက်လုံးနှင့် မမြင်ခဲ့ရပေ။ လောင်လီ သူ့ကို သတိပေးထားသော်လည်း သူမသည် စစ်တပ်တစ်ခုလုံးနှင့် ယှဉ်နိုင်လိမ့်မည်ဟု မထင်ပေ။
ရှီမာယူယူ ရယ်မောလိုက်သည်။ သူသည် တလျန်မြို့၏ ကိစ္စများကိုပါ ဆွဲ ထည့်လောက်အောင် ဉာဏ်ကောင်းလိမ့်မည်ဟု သူမ မသိခဲ့ပေ။ သူ သူမကို အထင်သေးခဲ့သည်မှာတော့ နှမြောဖွယ်ကောင်းလှသည်။
“ရှင် အဆင့်တက်ပြီးသွားတော့ မသက်မသာ မခံစားရဘူးလား” သူမ သူ့ကို သတိပေးလိုက်သည်။
“မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ” လောင်ဒူသသည် ထိတ်လန့်သွားသည်။ သူ အဆင့်တက်ကတည်းကပင် ခန္ဓာကိုယ်မှာ အနည်းငယ်အားနည်းနေပြီး အင်အားမထုတ်နိုင်တော့သလို ခံစားခဲ့ရသည်။ ၎င်းမှာ အဆင့်တက်ခြင်း၏ စွမ်းအားကြောင့်ဖြစ်ပြီး ရက်အနည်းငယ်ကြာပြီးနောက် ကောင်းသွားလိမ့်မည် ဟု ထင်ထားခဲ့သည်။
ယခု သူမ ပြောလိုက်သည့်စကားကို ကြားလိုက်သောအခါ ထိုအကြောင်း ကြောင့်မဟုတ်နိုင်သည်ကို သိလိုက်ရသည်။
“အထွေအထူးတော့ မဟုတ်ပါဘူး.. အဆိပ်တချို့ထည့်လိုက်ရုံပါ.. ကျွန်မ ကို ပြဿနာမဖြစ်စေဘူးဆိုရင်တော့ ထွက်မသွားခင် အဆိပ်ဖြေဆေးပေးမလို့ပဲ ရှင်က ကိုယ့်သေတွင်းကိုယ်တူးတာတော့ နှမြောဖို့ကောင်းတာပေါ့”
လောင်ဒူသည် သူမအား ကြောက်လန့်တကြားကြည့်ပြီး သူ့ရင်ဘတ်သူ ဆုပ်ကိုင်ကာ ပြောလိုက်သည် “မဖြစ်နိုင်တာ.. ဘယ်လိုဖြစ်လို့ ငါက အဆိပ်မိ သွားတာလဲ”
“မကြာခင် သိရပါလိမ့်မယ်.. ကျွန်မက လူတစ်မျိုးပဲ အဲဒါကြောင့် အကြောင်းအရင်းကို သိပြီးမှသေခွင့်ပြုမှာပါ” ရှီမာယူယူသည် ပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ လောင်ဒူသည် သူ့လည်ချောင်းကို ဆုပ်ကိုင်ပြီး ခက်ခက် ခဲခဲဖြင့် နှစ်ကြိမ်မျှအော်ဟစ်ကာ မြေပေါ်သို့ကျသွားပြီး နှစ်ကြိမ်မျှလူးလှိမ့်ကာ မီးခိုးမည်းအဖြစ်ပြောင်းပြီး ပျောက်ကွယ်သွားလေသည်။
အစမှအဆုံးထိ တပ်သားများသည် ဘာမှမပြောနိုင်လိုက်သလို တား လည်း မတားနိုင်လိုက်ပေ။ သူတို့သည် လောင်ဒူကို လေးစားသမှုမရှိပေ။ ပြီးနောက် သူ၏သေခြင်းရှင်ခြင်းကိုလည်း ဂရုမစိုက်ပေ။
လောင်ဒူ သေသွားပြီးနောက် ခေါင်းဆောင်သည် ရှီမာယူယူအား ပြော လိုက်သည် “ငါတို့နဲ့ အသာတကြည်လိုက်မလား မဟုတ်ရင် ငါတို့ကမင်းကို အတင်းခေါ်သွားရမှာလား”
“မင်းတို့က ဒီလောက်တောင် စိတ်ရင်းနဲ့ခေါ်နေမှတော့ ခက်ခဲအောင် မလုပ်တော့ပါဘူး.. ငါတို့ကပဲ လိုက်ခဲ့ရမှာပေါ့” ဝူလင်းယူ ပြောလိုက်သည်။
ခေါင်းဆောင်သည် သူတို့၏ သဘောထားကို အလွန်ကျေနပ်ကာ ဘေးသို့ တိမ်းလိုက်သည် “ဒါဆို ကြွပါ”
အစောက ရပ်နေသော တပ်သားများသည် သူတို့ကို လမ်းဖယ်ပေးကြ သည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တပ်သားများနောက်လိုက်ကာ ဟွာဝူရှန့်နေသည့်နေရာသို့ လိုက်သွားကြလေသည်။
သူတို့နှစ်ယောက်သည် အားကောင်းကြသဖြင့် ရန်မစမိရန် အမိန့်ရထား မှုနှင့် အသာတကြည် ပူးပေါင်းလာမှုကြောင့် သူတို့ကို ချည်နှောင်ခြင်းမပြုတော့ ပေ။ သည်လိုနှင့် သူတို့သည် အဖမ်းခံရသည်နှင့်မတူတော့ဘဲ ဖိတ်ကြားခြင်း ခံရသည်နှင့် ပိုတူနေသည်။
ရှီမာယူယူသည် ဟွာဝူရှန့်ကိုမြင်လိုက်ချိန်တွင် သူသည် တမန်တော်ဇော့ ကို တစ်စုံတစ်ရာပြောကြားနေသည်။ သို့သော် သူတို့ဝင်လာသည်နှင့် စကား ပြောနေရာမှ ရပ်လိုက်ကြသည်။
“စစ်ဦးစီး သူတို့ကို ခေါ်လာပါပြီ”
ဟွာဝူရှန့် တစ်ချက်ကြည့်လိုက်သည်နှင့် ခေါင်းဆောင် နောက်ဆုတ်သွား လေသည်။
“မင်းတို့က နန်ယွိမြောင်ကို ဖမ်းတဲ့သူတွေလား” ဟွာဝူရှန့်သည် ခံစား ချက်ကို မပြဘဲ ခပ်တိုးတိုးပြောလေသည်။
“ဟုတ်တယ်” ဝူလင်းယူသည် ပွင့်လင်းစွာပင် ဝန်ခံသည်။
ရှီမာယူယူသည် သိုသိုသိပ်သိပ်နေရမည်ဟု ခံစားရသဖြင့် သူ့ကို ဤကိစ္စ ဖြေရှင်းခိုင်းရန် ဆုံးဖြတ်ခဲ့သည်။
“သူ့ကို ဘာလို့ခိုင်းတာလဲ”
“သူက ကျုပ်တို့ကို ရန်စလို့ပဲ” ရိုးရှင်းပြီး အားကောင်းသော အကြောင်းပြ ချက်သည် ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
“သူ ဘယ်မှာလဲ”
“အခုတော့ သူ့ကို ခင်ဗျားဆီမပေးနိုင်ဘူး.. သူ့ကိုပေးလိုက်ပြီးမှ ကျုပ်တို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ဝူလင်းယူသည် ခေါင်းခါလေသည်။
“မင်းတို့ ဘာလိုချင်တာလဲ”
“အရမ်းရိုးရှင်းပါတယ်.. ကျုပ်တို့ကိုလွှတ်ပေးရင် သူ့ကိုပေးမယ်” ဝူလင်းယူ ပြောလိုက်သည်။
“မင်းက ငါ့လူကိုလည်းဖမ်းသေးတယ်.. ဒီကိစ္စကို လွယ်လွယ်လေး ဖြေရှင်းလို့ရမယ်ထင်နေလား” ဟွာဝူရှန့်သည် မျက်လုံးမှေးပြီး သူတို့ကို ကြည့် လိုက်သည်။
“ကျုပ်တို့ကလည်း သူ့ကို မဖမ်းချင်ပါဘူး.. ဒါပေမဲ့ သူ့လျှို့ဝှက်ချက်ကို ကျုပ်တို့သိတာနဲ့ သူက ကျုပ်တို့ကိုသတ်ဖို့ကြိုးစားခဲ့တာ.. သူသာ ကျုပ်တို့ကို ရန်မစဘူးဆိုရင် သူ့ကိုဖမ်းမှာလည်းမဟုတ်ဘူး.. ပြီးတော့ ကျုပ်တို့ကလည်း ပြဿနာမဖြစ်ချင်ပါဘူး” ဝူလင်းယူသည် တဒင်္ဂမျှတွေဝေသွားကာ ဆက်ပြော လေသည် “သူက ခင်ဗျားရဲ့ လက်အောက်ငယ်သားပဲ.. အဲဒါကြောင့် သူ့ကို ကာကွယ်ပေးချင်နေတာ… ဒါပေမဲ့ သူက ခင်ဗျားကို သစ္စာဖောက်ရင် ဘယ်လို လုပ်မလဲ တန်လို့လား”
“အဲဒါဘာအဓိပ္ပာယ်လဲ” တမန်တော်ဇော့ အော်လေသည် “အဲလိုပြော တာနဲ့ အပြစ်ဒဏ်ကနေလွတ်မယ်လို့ မထင်လိုက်နဲ့”
တမန်တော်ဇော့နှင့် နန်ယွိမြောင်တို့သည် ဆက်ဆံရေးကောင်းကြသည်။ ထို့ကြောင့် သူအသံထွက်ပြီး ကာကွယ်ပေးနေခြင်းဖြစ်သည်။
“ယုံတာမယုံတာတော့ ခင်ဗျားတို့အပိုင်းပဲ” ဝူလင်းယူ ပြောလိုက်သည် “ကျုပ်တို့က အဇူရာနဂါးနယ်မြေကို အခုမှရောက်တာ နန်ယွိမြောင်က ကျုပ်တို့ ကို ဘာလို့လိုက်သတ်နေတာလဲ.. ပြီးတော့ သူနဲ့ ခင်ဗျားတို့ဆက်ဆံရေးကို ကျုပ် ဂရုမစိုက်ဘူး.. ခင်ဗျားက ခင်ဗျားလူကိုလိုချင်တယ် ကျုပ်တို့က အသက် ရှင်ချင်တယ်.. ဒီလောက်ရိုးရှင်းနေတာပဲ”
“မင်း ဘာလျှို့ဝှက်ချက်သိသွားတာလဲ” ဟွာဝူရှန့် မေးလေသည်။
“ကျုပ်တို့ တောင်ပေါ်မှာ လေ့ကျင့်နေတုန်း သူ့ကို လူတစ်ယောက်နဲ့ တွေ့ ခဲ့တယ်.. အစတုန်းကတော့ သူ ကျုပ်တို့ကို ဘာလို့သတ်ချင်မှန်းမသိဘူး.. ဒါပေမဲ့ နောက်မှ အဲလူနဲ့သူ့ကို တွဲမမြင်စေချင်လို့ဆိုတာကို သိခဲ့တယ်.. ဘယ် လိုပဲဖြစ်ဖြစ် သူတို့ဆက်ဆံရေးက ပေါ်သွားလို့မဖြစ်ဘူး”
“မင်းပြောတဲ့ လူက ဘယ်သူလဲ”
“သူ့သရုပ်မှန်ကို ကျုပ်တို့က ဘယ်လိုလုပ်သိမှာလဲ.. ဒါပေမဲ့ နန်ယွိမြောင် ရဲ့ လေးစားတဲ့အပြုအမူအရတော့ သူကရာထူးနိမ့်တာပဲဖြစ်မယ်” ဝူလင်းယူ ပြောလိုက်သည်။
“အဲလူရဲ့ပုံတူဆွဲပြ” ဟွာဝူရှန့် ညွှန်ကြားသည်နှင့် လူတစ်ယောက်သည် ချက်ချင်းပင် စာရွက်၊စုတ်တံ၊ မှင်နှင့် မှင်တုံးကို ပြင်ဆင်ပေးလေသည်။
ဝူလင်းယူသည် ချက်ချင်းမစတင်ပေ။ သို့သော် စာရွက်၊ စုတ်တံ၊ မှင်နှင့် မှင်တုံးကိုကြည့်ပြီး ပြောလေသည် “ကျုပ်တို့လိုချင်တဲ့ လွတ်လပ်မှုကရော”
“မင်းပြောတာသာ မှန်ရင် ထွက်သွားခွင့်ပေးဖို့က မဖြစ်နိုင်တာမဟုတ်ဘူး အဲဒါအကုန်လုံးက မင်းပေးတဲ့သတင်းပေါ်မှာမူတည်တယ်” ဟွာဝူရှန့်သည် စိတ်ရင်းဖြင့် ကတိပေးလိုက်သည်။
နည်းလမ်းမရှိတော့သဖြင့် ဝူလင်းယူသည် စုတ်တံကိုကောက်ကိုင်ပြီး မူလော့ဖန်း၏ ပုံတူကိုဆွဲတော့သည်။
ပုံတူ တဖြည်းဖြည်းပုံပေါ်လာသည်ကို မြင်သောအခါ ဟွာဝူရှန့်၏ ခန္ဓာ ကိုယ်မှာ အေးပြီးရင်း အေးစက်လာသည်။ တမန်တော်ဇော့သည် တစ်စုံတစ်ရာ ပြောလိုက်ချင်သော်လည်း စဉ်းစားပြီးနောက် နှုတ်ဆိတ်နေရန် ဆုံးဖြတ်လိုက် သည်။
“ဒီလူဆိုတာ သေချာလား.. မဟုတ်ရင် ဒီလူအကြောင်းပြောဖို့ တစ် ယောက်ယောက်က လွှတ်လိုက်တာလား” ဟွာဝူရှန့်သည် ဒေါသကိုထိန်းပြီး သူ့ကို သွေးဆာနေသော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။ သာမန်လူသာ ဆိုလျှင် သူ၏အကြည့်ကို မခံနိုင်ကာ ဝန်ခံလိမ့်မည်ဖြစ်သည်။
ဝူလင်းယူ၏ မျက်နှာမှာ မပြောင်းလဲပေ။ သူသည် သူ့ကို ပြန်ကြည့်သည် “ကျုပ်တို့ကို မယုံရင်လည်း ကျိန်နိုင်ပါတယ်.. ကျုပ်တို့အဇူရာနဂါးဝိညာဉ်နယ် မြေကို မရောက်ခင်က နန်ယွိမြောင်ကို မသိလို ခင်ဗျားနဲ့သူ့ရဲ့ ဆက်ဆံရေးကို လည်းသိတာမဟုတ်ဘူး..”
ရှီမာယူယူသည် မပျော်ရွှင်တော့ကာ သူ့လက်ကိုဆွဲလိုက်သည် “ရှင် ပြဿနာထဲဝင်မပါချင်ဘူးဆိုတောင် ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့.. စစ်ဦးစီးဟွာ ဒီကိစ္စကို စုံစမ်းနိုင်ပါတယ်.. ပြီးရင် ကျွန်မတို့ ဘာလို့လုပ်ခဲ့လဲဆိုတာကို သိလိမ့် မယ်.. ကျွန်မတို့က ပြဿနာမဖြစ်ချင်ရုံပါ.. အဲဒါကလည်း ကျွန်မတို့မှာ အင်အားမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး.. ကျွန်မတို့က ဂိုဏ်းကိုပြဿနာမဖြစ် စေချင်လို့ပါ”
“ဘယ်ဂိုဏ်းကိုပြောတာလဲ”
“လျှို့ဝှက်ဂိုဏ်း၊ ကျွန်မတို့ထွက်မသွားခင် ကျွန်မတို့ဂိုဏ်းကို မထုတ်ဖော် ဖို့ သတိပေးလိုက်မယ်.. ယုံတာမယုံတာကတော့ ရှင့်သဘောပဲ.. ကျွန်မတို့ကို မယုံရင်တော့ ဒီအတိုင်းတိုက်ခိုက်ယူရမှာပဲ” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည်။
“ဒီလောက်အရေးကြီတဲ့ကိစ္စကို မင်းတို့အပြောလောက်နဲ့ မယုံနိုင်ဘူး.. မင်းတို့ကိုပြောလိုက်မယ် ဒီမှာပဲအရင်နေလိုက် ငါ ဒီကိစ္စကိုစုံစမ်းပြီးတာနဲ့ မင်း တို့ကိုထွက်သွားခွင့်ပေးမယ်”
***