ထွက်ခွာခြင်း
Vol. 150 Ch. 2091
ရှီမာယူယူသည် မလိုလားသော်လည်း အစေခံမိန်းကလေးနောက်သို့ လိုက်လာခဲ့လိုက်သည်။
သူတို့ထွက်သွားပြီးနောက် ဟွာဝူရှန့်သည် တမန်တော်ဇော့ကို မေးလေ သည် “ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ”
“စစ်ဦးစီး.. နန်ယွိမြောင်နဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းကြတာ စစ်ဦးစီးလည်းသိပါတယ်.. အဲဒါကြောင့် အစက အဲဒါကိုမယုံဘူး.. ဒါပေမဲ့ အဲလူ နှစ်ယောက်က ထူးခြားပုံပေါက်တယ်.. ပြီးတော့ သူတို့အင်အားက ကျွန်တော် တို့ထင်ထားတာထက် ပိုအားကောင်းတယ်ဆိုတာကိုသိတယ်၊ သူတို့ပြောတာ မှန်မယ်လို့ထင်ပါတယ်” တမန်တော်ဇော့ ပြောလိုက်သည်။
“သူတို့က ထူးခြားပုံပေါက်နေတာက ရှုပ်ထွေးစရာပဲ.. တစ်ဖက်လူက ငါတို့ကိုလှည့်စားဖို့ ပရိယာယ်ဆင်တယ်ဆိုရင် နောက်ကွယ်ကလူက…” ဟွာဝူ ရှန့်သည် ဤကိစ္စကို ဒေါသထွက်မိသော်လည်း ဒေါသကြောင့် အသိစိတ် မပျောက်ပေ။
“ဒီကိစ္စကို ဒီလူနှစ်ယောက်ကပဲ လုပ်ကြံထားတာလို့ပဲ မျှော်လင့်ပါတယ်.. အဲဒါကြောင့် ဒိကိစ္စကို လက်အောက်ငယ်သားကိုယ်တိုင်ပဲ စုံစမ်းပါမယ်.. ကိစ္စ တိုင်းမှာ ခြေရာလက်ရာကျန်ပါတယ်.. သူသာ တကယ် လုပ်တယ်ဆိုရင် သက်သေကို သေချာပေါက်ရှာတွေ့မှာပါ… တကယ်မလုပ်ဘူးဆိုရင်တော့ အဲ နှစ်ယောက်ကို ဒီလက်အောက်ငယ်သားဆီပေးနိုင်မလား” တမန်တော်ဇော့ ပြောလိုက်သည်။
ဟွာဝူရှန့်သည် သူ့ကို အန္တရာယ်ကို ရှောင်တိမ်းစေချင်သည်။ သို့သော် တမန်တော်ယူ အသတ်ခံခဲ့ရသည်ကို ပြန်အမှတ်ရသွားသည်။ ဤကဲ့သို့ လျှို့ဝှက်ကိစ္စကို တခြားသူဆီသို့ အပ်ရန်မဖြစ်သဖြင့် သဘောတူလိုက်သည်။
သူသည် မကြာခင်တွင် တမန်တော်ယူနေရာတွင် လူစားထိုးရန် ရှာဖို့လို တော့မည်ထင်သည်။
တမန်တော်ဇော့သည် ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းပင် ထွက်သွား၏။ ဤနေရာမှ ကိစ္စမှာ စောင့်ဆိုင်းနိုင်သေးသည်။ အရင်လုပ်ရမည်မှာ နန်ယွိမြောင် ပါဝင်ပတ်သက်နေသည့် ကိစ္စကို စုံစမ်းရန်ဖြစ်သည်
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ခြံဝန်းငယ်တစ်ခုဆီသို့ ရောက်သွားကြ သည်။ ဤနေရာသည် ခြံဝန်းဟုဆိုရုံသာဖြစ်သည်။ အခန်းနှစ်ခန်း သုံးခန်းမျှ ရှိ သော်လည်း ဟင်းလင်းဖြစ်နေကာ အပြင်တွင် ခြံခတ်ထားသည့် ခြံဝန်းမျှသာ ဖြစ်သည်။
ရှီမာယူယူသည် သန့်ရှင်းသည်ဟု ဆိုရုံမျှသာဖြစ်သောအခန်းကိုကြည့်ပြီး နှုတ်ခမ်းဆူလေသည် “ဒီလောက်သေးတဲ့နေရာမှာ နေမယ့်အစား အကျဉ်းခန်း ထဲထည့်လိုက်တာမှဟုတ်သေးတယ်”
“သူတို့မှာ ရှိတယ်ထင်တယ်” ဝူလင်းယူ ပြောလေသည်။
ရှီမာယူယူ “….”
တချို့ကိစ္စများမှာ မပြောလိုက်သည်က ပိုကောင်းသည်။
“သူတို့တွေ စစ်ဆေးမှုစပြီလို့ထင်လား” သူမ စကားလမ်းကြောင်းပြောင်း သည်။
“အဲလိုထင်တာပဲ” ဝူလင်းယူ ပြောလေသည် “ပြီးတော့ ဒီစစ်ဆေးမှုကို တမန်တော်ဇော့က တာဝန်ယူလိမ့်မယ်ထင်တယ်”
“အဲလူလား သူကလုပ်နိုင်ပါ့မလား”
တမန်တော်ဇော့နှင့် နန်ယွိမြောင်တို့သည် ဆက်ဆံရေးကောင်းသည်ကို အစောကအခြေအနေကို ကြည့်ပြီး ပြောနိုင်သည်။ အကယ်၍ သူသာ ဤကိစ္စ ကို တာဝန်ယူလျှင် သူ အမှန်တရားကို ရှာနိုင်မည်လား။
“သူ လုပ်နိုင်ပါလိမ့်မယ်” ဝူလင်းယူသည် အတပ်ပြောလေသည်။
“အဲလိုပဲမျှော်လင့်ပါတယ” ရှီမာယူယူ နားလည်သည်။
တမန်တော်ယူသည် နန်ယွိမြောင်နှင့် ရင်းနှီးသောကြောင့် သေချာစုံစမ်း စစ်ဆေးလိမ့်မည်။ အကယ်၍ သာမန်ကိစ္စသာဆိုလျှင် သူသည် ဖုံးပေးလိမ့်မည်။ သို့သော် သူ့သခင်ကို သစ္စာဖောက်မည့်ကိစ္စကို ဖုံးဖိပေးမည်ဆိုပါက ဟွာဝူရှန့် သိသွားလျှင် တမန်တော်ဇော့၏ အသက်ပျောက်သွားမည်ပင်။
ထို့အပြင် နန်ယွိမြောင်သာ အမှန်တကယ် ထိုကိစ္စလုပ်ခဲ့ပါက စုံစမ်းလိုက် လျှင် အမှန်တရားကိုရှာတွေ့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့စိုးရိမ်ရန်မလိုပေ။
တမန်တော်ဇာ့သည်လည်း ထိုအဓိပ္ပာယ်ကို နားလည်သည်။ ထို့ကြောင့် သူသည် ပျော်ရွှင်ခြင်းမြို့ကိုရောက်သည်နှင့် စုံစမ်းမှုစတင်လေသည်။ သူသည် စုံစမ်းမှုတွေ လုံ့လရှိသည်။ ပြီးနောက် သူ့ဆီသို့ သက်သေရလာသည်နှင့် သူ့ ကိုယ်သူထိန်းချုပ်ပြီး ခံစားချက်များကို ပေါက်ကွဲခွင့်မပြုပေ။
“တလျန်မြို့ကိုပြန်မယ်”
…..
ဟွာဝူရှန့် သက်သေကိုမြင်သောအခါ ဒေါသထွက်နေရာမှ ညှာတာမှု ကင်းသည့် မျက်နှာအဖြစ်တဖြည်းဖြည်း ပြောင်းသွားလေသည်။ သူသည် လက် ထဲမှ ခွက်ကိုခွဲလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည် “မုလော့ဖန်း အတင့်ရဲ လိုက်တာ”
တမန်တော်ဇော့သည် မြေပေါ်တွင်ဒူးထောက်ကာ စကားပင်မပြောရဲပေ။ ဟွာဝူရှန့်သည် နန်ယွိမြောင်၏ သစ္စာဖောက်မှုကိုတင် ဒေါသထွက်နေခြင်း မဟုတ်။ မုလော့ဖန်းသည် သူ၏နယ်နိမိတ်ကို ကျူးကျော်လာခြင်းကြောင့်ပါ ဒေါသထွက်နေခြင်းပင်။
ဟွာတူရှန့်၏ ဒေါသအနည်းငယ်ပြေသွားချိန်တွင် သူ ပြောလိုက်သည် “စစ်ဦးစီး မုလော့ဖန်းက အရမ်းကိုအတင့်ရဲနေပြီ.. ကျွန်တော်တို့တွေက နှစ်တွေ အများကြီး ပေါ်ပေါ်တင်တင်ပြိုင်ခဲ့ကြတယ်ဆိုပေမဲ့ သူက မသမာတဲ့နည်းလမ်း တွေသုံးနေခဲ့တာပဲ.. ကျွန်တော်တို့သာ မသိခဲ့ရင် နောက်ဆက်တွဲရလဒ်က တွေး ကြည့်လို့တောင်မရဘူး.. စစ်ဦးစီး ကျွန်တော်တို့ ဒီအတိုင်းလွှတ်မပေးနိုင်ဘူး”
“မုလော့ဖန်းက ဒီလိုမျိုးလုပ်ရဲမှတော့ အရှက်ကိုမကျန်တော့တာပဲ… ငါ ဟွာဝူရှန့်က သူ့ကို သေတဲ့အထိတိုက်ခိုက်သွားမယ်” ဟွာဝူရှန့်သည် မာန်ပါပါ ပြောလေသည် “လူလွှတ်ပြီးစစ်ဆေးခိုင်းလိုက် နန်ယွိမြောင်အပြင် မုလော့ဖန်း အတွက် ဘယ်သူအလုပ်လုပ်ပေးနေတာလဲ ငါတို့ သူတို့ကိုပို့ပေးလိုက်မယ်”
ဟုတ်သည်၊ ဤကိစ္စသည် ရှင်းလင်းမှုအကြီးစားဖြစ်မည်ကို တမန်တော် ဇော့သိထားသည်။ မုလော့ဖန်းသည် နန်ယွိမြောင်တစ်ဦးတည်းကို စည်းရုံးထား ခြင်းမဖြစ်နိုင်။ အတိအကျဆိုရလျှင် နန်ယွိမြောင်ကဲ့သို့ သစ္စာရှိသူပင် လှည့်စား ခံရသဖြင့် တခြားသူများသည် သွေးဆောင်ခြင်းကို ခံနိုင်ရည်မရှိမည်မှာ အသေ အချာပင်။
“ဒီကိစ္စကိုမရှင်းခင် တမန်တော်နောက်တစ်ယော်ကရွေးရမယ်.. ဘယ်သူ နဲ့သင့်တော်တယ်လို့ မင်းထင်လဲ..”
သူတို့နှစ်ယောက်သည် တမန်တော်ယူနေရာအတွက် ခန့်အပ်ရန် ဆွေးနွေးကြသည်။ ဆွေးနွေးမှုပြီးသွားသောအခါ တပ်သားများဝင်လာပြီး ချုပ်ထားသည့် လူနှစ်ယောက် ရောက်လာကြောင်းကို သတင်းပို့လာသည်။
“စစ်ဦးစီး သူတို့ကို ဘယ်လိုကိုင်တွယ်မှာလဲ” တမန်တော်ဇော့သည် ထို နှစ်ယောက်ကို အကောင်းမမြင်လှပေ။ သူတို့ကြောင့်သာမဟုတ်လျှင် ဤကဲ့သို့ ကိစ္စမျိုးလည်း ဖြစ်လာမည်မဟုတ်ပေ။
ဟွာဝူရှန့်သည်လည်း သူတို့ကိုမမြင်ချင်ပေ။ သူတို့မရှိလျှင် ဤကိစ္စများကို သိရမည်မဟုတ်ဘဲ နောက်တစ်ချိန်တွင် ပြဿနာပိုဖြစ်နိုင်သလို တစ်ချိန်တည်း မှာပင် သူတို့သည် သူ့အတွက် သတင်းဖော်ပြီး အရှက်ရခြင်းမှကာကွယ်ပေးခဲ့ သည်။
“နန်ယွိမြောင်ကို လွှတ်ပေးပြီးရင် ထွက်သွားလို့ရပြီလို့ ပြောလိုက်” ဟွာဝူ ရှန့် အေးစက်စွာပြောလိုက်သည် “အဇူရာနဂါးဝိညာဉ်နယ်မြေကနေ ထွက်သွား ဖို့ပြောလိုက်.. သူတို့ကိုထပ်မြင်ရရင် ဘယ်တော့မှထွက်သွားနိုင်တော့မှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ပါ” တပ်သားများသည် အမိန့်လက်ခံသည်။
တမန်တော်ဇော့သည် တပ်သားထွက်သွားသည်ကိုကြည့်ပြီး မျက်လုံးများ မှာ မည်းနက်သွားလေသည်။
“မင်းက သူတို့ကို ရှင်းပစ်ချင်တယ်ဆိုတာကို ငါသိတယ် ဒါပေမဲ့ ငါတို့ စွမ်းအားကို မုလော့ဖန်းကိုရှင်းတဲ့နေရာမှာ အာရုံစိုက်ထားသင့်တယ်” ဟွာဝူရှန့် သည် သူ့ကိုသတိပေးလိုက်သည်။
“လက်အောက်ငယ်သား နားလည်ပါတယ်”
မကြာမီတွင် တပ်သားသည် ဝိညာဉ်ကျောက်တုံးဖြင့် ပြန်လာသည်။ တမန်တော်ဇော့သည် ယူပြီး အထဲတွင်ပိတ်မိနေသော နန်ယွိမြောင်ကို လွှတ် လိုက်သည်။
နန်ယွိမြောင်သည် ဟွာဝူရှန့်နှင့် တမန်တော်ဇော့၏ သုန်မှုန်နေသော မျက်နှာကိုမြင်သောအခါ သူဘဝပြီးသွားပြီဟု သိလိုက်ရသည်။
သည်တစ်ကြိမ်သည် သူတို့သည် နန်ယွိမြောင်၏ အခြေအနေကိုပင် မမေး တော့ပေ။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် မြို့ထဲသို့လျှောက်လာပြီး မြို့တံခါးဝသို့ တိုက်ရိုက်သွားလိုက်ကြသည်။ ဟွာဝူရှန့်၏ တံဆိပ်ပြားအရ တပ်သားများသည် သူတို့ကို အခက်တွေ့အောင်မလုပ်တော့ဘဲ မြို့ထဲမှချက်ချင်း ထွက်သွားစေ သည်။
မြို့အပြင်အရောက်တွင် ရှီမာယူယူသည် ဝိညာဉ်ကျောက်တုံးထုတ်ပြီး လောင်လီကို ထုတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်မလေးယူယူ” လောင်လီသည် ကျေးဇူးတင် စွာဖြင့် ပြောလေသည်။
ရှီမာယူယူသည် လောင်ဒူ၏ အိမ်သို့သွားပြီး လောင်လီကိုကယ်ထုတ်ကာ မြို့အပြင်သို့ ခေါ်လာခြင်းဖြစ်သည်။
“အခု တလျန်တောင်မှ ဘာမှမရှိလောက်တော့ဘူး အဲဒီကိုသွားမယ်ဆို လည်း အန္တရာယ်မရှိနိုင်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
လောင်လီသည် ပျော်ရွှင်သွားသည်။ သူသည် ရှီမာယူယူ ဆိုလိုချင်သည့် အရာကိုသိသည်။ ယခုအချိန်တွင် တလျန်တောင်၌မည်သူမှမရှိတော့သဖြင့် သွားလိုက်ပါက အရင်းအမြစ်များပိုရနိုင်သည်။ ဤကဲ့သို့အခွင့်အရေးသည် အားနည်းသောကျင့်ကြံသူအတွက် ရှားပါးလှသော အခွင့်အရေးပင်ဖြစ်သည်။
ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည် “သွားလိုက်ပါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
လောင်လီသည် သူမကို အရိုအသေပြုပြီး တလျန်တောင်ဘက်သို့ ထွက် သွားလေသည်။ သည်တစ်ကြိမ်မှာ အမှန်တကယ်ခွဲခွာခြင်းဖြစ်ပြီး ဒီတစ်သက် တွင် တွေ့ဆုံရန်အခွင့်အရေးမရှိတော့သည်ကို သူသိသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် စိတ်ထဲတွင် အနည်းငယ် လေးလံသွား သလိုပင်။ သူသည် နောက်ပြန်မကြည့်ဘဲ ရှေ့ဆက်လျှောက်သွားသည်။ ခွဲခွာ ကြမှတော့ အရှင်းဆုံးခွဲခွာသင့်တယ်။
ရှီမာယူယူသည် သူထွက်သွားသည်ကို စောင့်ပြီးမှ ဝူလင်းယူနှင့်အတူ ဆန့်ကျင်ဘက်သို့ ထွက်ခဲ့သည်။ သို့သော် သူတို့သည် တလျန်တောင်ဧရိယာမှ ထွက်မသွားပေ။ ထိုအစား သူတို့သည် လူသူပြတ်လပ်သည့်နေရာသို့သွားကာ နီရဲပျားများစုံစမ်းထားသော သတင်းများကို နားထောင်လိုက်ကြသည်။
***