← Chapters

ဆွေးနွေးခြင်း

Vol. 150 Ch. 2092

ဆွေးနွေးခြင်း

Vol. 150 Ch. 2092

နီရဲပျားများသည် အရင်ကကဲ့သို့ သီးသန့်ရေးရာကိစ္စများကို မစုံစမ်းနိုင် သော်လည်း လူအများသိကြသည့် သတင်းတချို့ကိုတော့ စုံစမ်းနိုင်သေးသည်။

သူမသည် သူတို့ကို ဟွာဝူရှန့်အနားမကပ်ခိုင်းပေ။ သူမသည် တစ်ခါတစ် ခါ ဥယျာဉ်ထဲတွင်နေပြီး ဖြတ်သွားဖြတ်လာသတင်းများကို နားစွင့်ခဲ့သည်။

ဥပမာဆိုရလျှင် တမန်တော်ယူနေရာတွင် အသစ်ခန့်အပ်လိုက်သူ အကြောင်းကို သိခဲ့ရသည်။ သူ မနေ့က မည်သူ့ကိုဖမ်းလိုက်သည် ယနေ့လူ မည်မျှသတ်လိုက်သည်ဆိုသည့် မြို့အတွင်း ကြီးကြီးမားမားဖြစ်သည့် ကိစ္စများ ကိုတော့ သူမ သတင်းရသည်။

သူတို့သည် တောင်ပေါ်တွင် လအနည်းငယ်ကြာတောင်နေသည်။

တစ်ရက်တွင် သူတို့နှစ်ယောက်သည် တောင်ထိပ်က သစ်ပင်အောက်၌ အလယ်တွင် စားပွဲတစ်လုံးချကာ စားပွဲပေါ်တွင် လက်ဖက်ရည်တစ်အိုး ချထား ပြီး မျက်နှာချင်းဆိုင်ထိုင်နေသည်။ ဝူလင်းယူသည် သူမအတွက် လက်ဖက်ရည် ငှဲ့ပေးနေသည်။

နူးညံ့သောလေညင်းလေးဖြတ်တိုက်သွားရာ လက်ဖက်ရည်နံ့မှာ ပျံ့လွှင့် သွားသည်။

ရှီမာယူယူသည် လက်တစ်ဖက်ဖြင့် စားပွဲကိုထောက်ထားပြီး စိမ်းလန်းနေ သော တော်အုပ်ဆိုင်းနေသည့် တောင်ကိုကြည့်ကာ ပြောလေသည် “အခု တလော လူတွေပိုပိုရောက်လာတယ် တလျန်မြို့က ဖွင့်လိုက်ပြီထင်တယ်”

“ဒီလောက်ကြာအောင် စုံစမ်းတာတောင် သတင်းမရသေးဘူး.. သတ္တု ကြောခိုးသွားတဲ့လူ ထွက်သွားလို့ဖြစ်မယ်” ဝူလင်းယူ ပြောလေသည် “မြို့က ဒီလောက်ကြီးတာ တလျန်မြို့ကို တစ်ချိန်လုံးပိတ်ထားလို့မဖြစ်ဘူးလေ… အမှန်အတိုင်းပြောရရင် ဒီလိုလတွေအကြာကြီး ပိတ်ထားတာ တော်တော်ရှား တယ်”

“ဟီးဟီး သူ့ကိုအဲလိုမျိုး စိတ်ဆင်းရဲရအောင်လုပ်ရတာကို ပျော်နေတာ” ရှီမာယူယူသည် ပျော်ရွှင်စွာပြုံးလေသည်။ သူမ၏မျက်လုံးမှာ လခြမ်းသဖွယ် ကွေးတက်သွားသည်။

ဝူလင်းယူသည် ပြုံးပြီးခေါင်းခါလေသည်။ သူမ ထိုအကြောင်းပြောတိုင်း တွင် အလွန်ပျော်နေတတ်သည်။ လူတစ်ယောက်ကို ညစ်ပတ်ရသည်မှာ သူမ အတွက် ပျော်စရာဖြစ်နေသည်။

သူသည် သူမရှေ့သို့ နှပ်ပြီးသားလက်ဖက်ရည်ခွက် ချဖပးလိုက်ရာ သူမ လက်ဆန့်ပြီးယူလိုက်သည်။ သူမသည် လက်ဖက်ရည်ကို အေးဆေးစွာပင် တစ်ကျိုက်သောက်ကာ အရသာခံပြီး မျက်လုံးမှာလည်းမှေးလိုက်ကာ ကျေနပ် မှုကို ပြသနေသည်။

သူမ နှပ်သည့်လက်ဖက်ရည်မှာ အရသာရှိသည်ကို အားလုံးသိကြသည်။ သို့သော် သူမ၏လက်ဖက်ရည်မှာ ဝူလင်းယူနှပ်သလောက်တော့ မကောင်းပေ။

သို့သော် ထိုအကြောင်းကို မည်သူမှမသိပေ။ သူမတစ်ယောက်သာ သူ နှပ်ထားသည့် လက်ဖက်ရည်ကို သောက်ရခြင်းဖြစ်သည်။

ဝူလင်းယူသည် သူမ၏ ကျေနပ်နေသော မျက်နှာထားကို ကြည့်ရသည်ကို သဘောကျသည်။ သူမ ကျေနပ်နေသည်ကိုမြင်သည်နှင့် သူ၏ နှုတ်ခမ်းထောင့် မှာတက်သွားသည်။ သူမသည် စနောက်ချင်စေသည့် ချစ်စရာကြောင်လေး တစ်ကောင်ကဲ့သို့ သူ ခံစားရသည်။

“ဟင်” သူမသည် မျက်လုံးများပွင့်လာသည် “လှုပ်ရှားမှုရှိနေတဲ့ပုံပဲ”

“နောက်ဆုံးတော့ သူ ထွက်သွားပြီလား” ဝူလင်းယူသည် တည်ငြိမ်စွာ မေးလေသည်။

“အင်း” ရှီမာယူယူသည် နီရဲပျားများဆီမှ သတင်းကြားသောအခါ ပြော လိုက်သည် “သူက လူတွေစုနေတာဆိုတော့ ပြီးတာနဲ့ ထွက်သွားမယ်ထင်တယ်”

“သူတို့နှစ်ယောက်က တိုက်ခိုက်နေတာ လချီကြာနေပြီ ရလဒ်ထွက်တော့ မယ်ထင်တယ်” ဝူလင်းယူ ပြောလေသည် “ရှောင်ဟော်လည်း လာနေပြီလို့ သတင်းရတယ်”

“ရှောင်ဟော်မရှိဘဲ ဒါလုပ်ဖို့ တကယ်မဖြစ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်ကလူတွေက ဝိညာဉ်နယ်မြေကို ဘာလို့ရောက် နေကြတာလဲ”

ဝူလင်းယူ သူမကို ကြည့်လိုက်သည်နှင့် သူမ ချက်ချင်းနားလည်လိုက်၏။ သွေးထိုးလှုံ့ဆော်သည့်အပိုင်းရှိသလို သူနှင့်တူသည့်အပိုင်းလည်းရှိမည်ဟု ခန့်မှန်းရသည်။ သို့သော် အများစုမှာ ပြီးခဲ့ပြီဖြစ်ကာ အားလုံးတွင် ထိုအင်အား မရှိပေ။

တစ်ရက်ကြာပြီးနောက် နီရဲပျားများသည် သတင်းများနှင့် ပြန်လာသည်။ ထိုသတင်းကြားသည်နှင့် ရှီမာယူယူ၏ မျက်လုံးများပြူးကျယ်မိသည်။

ကိစ္စများသည် သူမထင်ထားသည်ထက် ကောင်းမွန်စွာလည်ပတ်နေ၏။

“ဘာသတင်းကောင်းရှိလို့လဲ” ဝူလင်းယူ မေးလိုက်သည်။

“ရှင့်လူတွေရဲ့ အကူအညီနဲ့ နှစ်ဖက်လုံးရဲ့ ဆက်ဆံရေးကပိုဆိုးသွားပြီ.. အခု စစ်ဦးစီးနှစ်ယောက်က တွေ့ပြီးဒီကိစ္စကိုပြောကြတော့မယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့နှစ်ယောက် တည့်ချင်တယ်ဆိုတာကို ရှောင်ဟော်သိ တယ်…. ဒီအကြောင်းကို ပြောလိုက်တာနဲ့ သေချာပေါက်တားလိမ့်မယ်.. အဲ အချိန်ကျလွယ်သွားပြီ”

“သူတို့ လုပ်တာမြန်ပါစေလို့ မျှော်လင့်ပါတယ်” ဝူလင်းယူတွင် စိုးရိမ်မှု တချို့ရှိနေသေးသည် “ချင်းဟွမ်က တစ္ဆေလောကကို မျက်စိကျနေမှတော့ အဲဒီ က အခြေအနေကို စောင့်ကြည့်ဖို့လူလွှတ်ထားမှာပဲ.. မင်း ဝိညာဉ်နယ်မြေကို ရောက်လာတဲ့အကြောင်းကို အကြာကြီးဖုံးထားလို့မရဘူး”

“ရှင်သာ ရှောင်ဟော်ကို ဖမ်းနိုင်တယ်ဆို သူ့ကိုတွေ့ရတာ ကိစ္စမရှိပါဘူး” ရှီမာယူယူလည်း ထိုအကြောင်းကိုတွေးမိသည်။

အစက သူမ အနည်းငယ်စိုးရိမ်သေးသည်။ သို့သော် နောက်မှစဉ်းစား ကြည့်ရာ သူမသည် သူ့ကိုရှာရန် ဤနေရာသို့လာခြင်းဖြစ်သည်။ သူမသာ အပေးအယူကို ဆုပ်ကိုင်နိုင်လျှင် သူသိသွားလည်း အရေးမကြီးလှပေ။

“သူတို့နှစ်ယောက်တွေ့ရင် ပိုပြီးအသက်ဝင်လိမ့်မယ်.. အပျော်ဝင်ကြည့် ကြတာပေါ့” သူမသည် ဆတ်ဆော့စွာ ပြုံးလိုက်သည် “မုလော့ဖန်းကို မတွေ့ဖူး သေးဘူး အဲဒါကြောင့် ဒီလူကယုံရရဲ့လားမသိဘူး… သူ့ရုပ်ရည်နဲ့လိုက်တဲ့ စွမ်းရည်ကိုပဲ မျှော်လင့်တာပေါ့ ဒါကိုပဲ သိချင်တယ်”

“….”

ဟွာဝူရှန့်သည် လတ်တလောတွင် စိတ်ခံစားချက်မကောင်းလှပေ။ မုလော့ဖန်း အရည်အချင်းစစ်ပဲလာကြည့်စဉ်က သက်သေတစ်ခုချင်းစီသည် သူ့မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ဖြစ်ကာ အလွန်နာကျဉ်လှသည်။

ယခုအချိန်မှာ သူတို့သည်တလျန်တောင်၏ တစ်ဖက်စီတွင်ရှိသည်။ နှစ် ယောက်လုံးသည် ထပ်ပြီးသည်းမခံနိုင်တော့ပေ။ မုလော့ဖန်းသည် အနီးအနား တွင်ရှိသောကြောင့် ဆွေးနွေးရန် ချိန်းဆိုလိုက်သည်။

သူတို့သာ သဘောမတူလျှင် သူ ညှာတာနေမည်မဟုတ်ပေ။ သူ အသတ် ခံရလျှင်တောင် စစ်သူကြီးသည် သူ့ကိုအပြစ်မတင်နိုင်ပေ။ စွမ်းအားရှိလူနှစ်ဦး ကိုရင်ဆိုင်ရသည်မှာ တစ်ယောက်သေသွားလျှင် ကျန်တစ်ယောက်ကို ပိုအားကိုးနိုင်မည်မဟုတ်ပါလား။

သူသည် ပြေလျော့နေသမျှကို ချည်နှောင်ရန်တွေးပြီး မုလော့ဖန်းရောက် လာမည်ကို စောင့်နေလိုက်သည်။

မုလော့ဖန်းသည်လည်း ထိုသို့ကြံနေသည်။ သူ ခက်ခက်ခဲခဲထည့်ထားရ သည့် လူများကို ဟွာဝူရှန့်တွေ့သွားပြီဖြစ်သည်။ ထိုတင်သာမကဘဲ ဟွာဝူရှန့် သည် သူ့လူအများအပြားကိုသတ်ခဲ့သောကြောင့် ဆုံးရှုံးမှုကြီးလှသည်။ ထို့ကြောင့် ဟွာဝူရှန့်မှ တလျန်တောင်စွန်းတွင်တွေ့မည်ဟု ဆိုလာသည်နှင့် သူ ချက်ချင်းပင် သဘောတူလိုက်သည်။

တလျန်တောင်၏အစွန်အဖျားသည် သူ၏ပိုင်နက်ဖြစ်သောကြောင့် တစ် ဖက်လူမှ လှည့်ကွက်လုပ်မည်ကို မကြောက်ပေ။

“စစ်ဦးစီး လူအင်အားကိုစီစဉ်ပြီးပါပြီ.. မုလော့ဖန်းတောင်ကိုရောက်တာနဲ့ စစ်ဦးစီးအမိန့်မပေးသရွေ့ ကျွန်တော်တို့ ဒီကနေထွက်မသွားဘူး” တမန်တော် ယူအသစ်သည် ပြန်လာပြီးသတင်းပို့လေသည်။

“အင်း ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်” ဟွာဝူရှန့်သည် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“ဒါက လက်အောက်ငယ်သားလုပ်ရမယ့်ဟာပါ” တမန်တော်ယူသည် ခေါင်းငုံ့ကာ အလွန်ပင် နှိမ့်ချစွာကြည့်လေသည်။

“သွားလို့ရပြီ”

“ဟုတ်ကဲ့ပါ” သူ နောက်ဆုတ်သွားကာ လှည့်လိုက်သည်နှင့် မျက်နှာထား မှာပြောင်းလဲသွားသည်။

ထင်ရှားစွာပင် သူသည် လတ်တလောတွင် ကိစ္စများစွာလုပ်ပေးခဲ့သော် လည်း စစ်ဦးစီးသည် သူ့ဘေးတွင် တမန်တော်ဇော့ကိုသာ ထားမြဲထားလျက် ပင်။ သူ၏ အခွင့်အရေးများမှာ အမြဲတမ်းအလုခံရသည်။ တရားမျှတမှုမရှိပေ။

သူသည် တမန်တော်ဇော့ကို စိုက်ကြည့်လိုက်သည်။ သို့သော် တမန်တော် ဇော့သည် သူ့ကိုတစ်ချက်မှပင်မကြည့်ပေ။

သူ တမန်တော်ဖြစ်လာတာနဲ့ တမန်တော်ဇော့နဲ့ ခြေရာတိုင်းနိုင်မယ်လို့ ထင်နေတာလား။ ဟင်း… သူက အလျင်စလိုရှာလိုက်ရတဲ့ အစားထိုးလူဆိုတာ ကို မသိသေးဘူးပဲ။

ဒီအတိုင်းပဲသူ့ကို နှစ်ရက်လောက်တော့ အောက်ခြေလွတ်ပြီး မောက်မာ ပါစေဦး။ ဒီလိုလူအတွက်က ဂရုစိုက်ပေးနေတာနဲ့တင် အလကားအားကုန် တယ်။

သို့သော် တမန်တော်ယူသည် ပိုမောက်မာပြီး တစ်ချိန်ကျ သူ့နေရာအား ဝင်ယူပြီး ဟွာဝူရှန့်ဘေးမှ အရေးအကြီးဆုံးလူဖြစ်လာရန် စိတ်ကူးနေမည်ကို စိုးရိမ်မိသည်။

သိပ်မကြာခင်တွင် မုလော့ဖန်းသည် လူများခေါ်လာသည်။

“ဟွာဝူရှန့် စကားပြောရအောင် ဘာဆွေးနွေးချင်တာလဲ” မုလော့ဖန်း သည် ရောက်လာသည်နှင့် ချက်ချင်းပြောလေသည်။ ပြီးနောက် သူသည် အပြစ် မရှိသကဲ့သို့ ရင်ကော့ထားပြီး အဖက်မလုပ်ပေ။

ထင်ထားသလိုပင် သူတို့တိုက်ပွဲဖြစ်ကြသည်။ လျှို့ဝှက်ထားသည်ဖြစ်စေ ဖွင့်ဟထားသည်ဖြစ်စေ သူ အဆင့်အနည်းငယ်တက်ထားသောကြောင့် ဟွာဝူရှန့်ကို လက်လှမ်းမှီလာသည်။

မုလော့ဖန်း လူပေါင်းများစွာ ခေါ်လာသည်ကိုမြင်သောအခါ ဟွာဝူရှန့် သည် မည်းပုပ်နေသော မျက်နှာဖြင့် ပြောလေသည် “မုလော့ဖန်း ဒီလောက် လူ တွေအများကြီး ဘာလုပ်ဖို့ခေါ်လာတာလဲ.. မင်းက ဆွေးနွေးဖို့လာတဲ့ပုံနဲ့မတူ ဘူး”

***

All Chapters