← Chapters

စွပ်စွဲခြင်း

Vol. 150 Ch. 2093

စွပ်စွဲခြင်း

Vol. 150 Ch. 2093

ဟွာဝူရှန့်၏ စွပ်စွဲချက်ကိုကြားသောအခါ မုလော့ဖန်း ပြုံးမိသည် “ငါက စိတ်ရင်းနဲ့မဟုတ်တာလား ဒါမှမဟုတ် ဆွေးနွေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို မင်း မသိတာလား.. ဆွေးနွေးချင်တယ်ဆိုရင် တောင်ပေါ်မှာ အဲလူတွေပုန်းနေတာ က‌ရော ဘာအဓိပ္ပာယ်လဲ”

ဟွာဝူရှန့် စိတ်ပျက်သွားသည်။ တောင်ပေါ်တွင် လူများပုန်းနေသည်ကို သူ သိနေခြင်းမှာ သူ့လူများဝင်ရောနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူ့ရဲ့ လူတွေဘယ်လောက်တောင် ထည့်ထားတာလဲ။ သူ၏တပ်သားများ အကြားတွင် မုလော့ဖန်း၏လူများ ရောပါနေသည်ကို တွေးမိသည်နှင့် ဟွာဝူရှန့် ၏ မျက်နှာမှာ မည်းနက်သွားတော့သည်။

သို့သော် ယခုအချိန်တွင် သစ္စာဖောက်များကို ရှင်းလင်းရန် အချိန်ရော စွမ်းအားပါမရှိပေ။ ထို့ကြောင့် မည်သူ့ကိုမှမယုံရန်သာရှိတော့သည်။

မုလော့ဖန်းသည် နှာမှုတ်လေသည် “ငါတို့တွေက အကြံတူနေတာပဲ အဲဒါ ကြောင့် ရူးသလိုလိုလာမလုပ်နဲ့ မင်းက ငါ့လူတွေအများကြီးကို သတ်ခဲ့တာ.. ငါ့ ကို မြို့ ၁၀ မြို့ပေးမယ်ဆိုရင် ဒီကိစ္စကို ဒီမှာတင်ရပ်ပြီး ကျော်သွားပေးမယ်”

“ဟေး…” ဟွာဝူရှန့် ပြုံးလိုက်သည် “မုလော့ဖန်း မင်းက အရှက်မဲ့တာကို ငါ သိပြီးသားပါ ဒီလောက်မျက်နှာပြောင်တိုက်လိမ့်မယ်လို့တော့ ထင်မထားဘူး”

အစက သူ လက်လှမ်းပေးမလို့ပင်။ သို့သော် မြို့ ၁၀ မြို့တောင်းသည့် ကမ်းလှမ်းချက်ကို ကြားသောအခါ ချက်ချင်းပင် စားပွဲကိုလက်သီးနှင့် ထုမိသွား သည်။ ဟာသပဲ…

“ဟား ဟား ဟား ငါ မင်းကို မြို့ ၁၀ မြို့ပေးဖို့တော့မဖြစ်နိုင်ဘူး.. မင်းကပဲ ငါ့ကို မြို့ ၁၀ မြို့ဘာလို့မပေးတာလဲ.. ဒီကိစ္စကို ဒီမှာပဲအဆုံးသတ်ပေးလိုက် မယ် ဟင်..”

“အဲဒီတော့ ဒီနေ့က ဘာမှဆွေးနွေးစရာမရှိတော့ဘူးပဲ.. မင်းလူတွေကို ခေါ်ထုတ်လိုက် ဘယ်သူနိုင်မလဲကြည့်ကြတာပေါ့”

ဟွာဝူရှန့်သည် သူ့လူများကို ပုန်းခိုင်းထားရန်မလိုတော့သဖြင့် ချက်ချင်း ပင် လက်ခုပ်တီးလိုက်ရာ ပုန်းနေသောတပ်သားများထွက်လာပြီး မုလော့ဖန်း တို့ကို ဝိုင်းလိုက်ကြသည်။

“တစ်ယောက်မှ မချန်နဲ့” မုလော့ဖန်းသည် ညှာတာမှုကင်းစွာဖြင့် သူ၏ လက်အောက်ငယ်သားကို အမိန့်ပေးလေသည်။

သူတို့ကို မလာခင်ကတည်းက အမိန့်ပေးထားခဲ့သည်။ တိုက်ပွဲဖြစ်လျှင် ဟွာဝူရှန့်ကို သတ်ရမည်။ ထို့ကြောင့် လူအများအပြားသည် ဟွာဝူရှန့်ကို တိုက်ခိုက်ကြသည်။

ဟွာဝူရှန့်သည်လည်း ထိုသို့အမိန့်ပေးထားသည်။ ထို့ကြောင့် မုလော့ဖန်း ကိုလည်း ဝိုင်းလိုက်ကြသည်။ စစ်ဦးစီးနှစ်ယောက်သည် ဤတိုက်ပွဲတွင် ထိခိုက် မှုအများဆုံးဖြစ်သည်။

ရှီမာယူယူနှင့်ဝူလင်းယူတို့သည် လေထဲတွင် ပုန်းနေရာ ထိုမြင်ကွင်းကို မြင်သည်နှင့် မရယ်ဘဲမနေနိုင်တော့ပေ။ သူမ ကိုယ်ယောင်ဖျောက်နေရခြင်း ကြောင့်သာမဟုတ်လျှင် အသံထွက်ပြီးရယ်မိမည်ဖြစ်သည်။

“ရှောင်ဟော် ဘယ်တော့လာမှာလဲမသိဘူး” သူမ ပြောလိုက်သည်။

“ရောက်တော့မှာပါ” ဝူလင်းယူ ပြန်ဖြေသည်။

သူ မည်သို့သိသည်ကို ရှီမာယူယူ မသိပေ။ သို့သော် မကြာမီရောက်တော့ မည်ဟု သူ ပြောလာသဖြင့် ထိုအကြောင်းအရာကသာ အရေးကြီးသည်။

မကြာခင်မှာပင် အားကောင်းသော ရောင်ဝါတစ်ခုပျံလာသည်ကို ခံစားမိ ပြီးမကြာလိုက်.. လေဟာပြင်လိုဏ်ခေါင်းမှ ထွက်လာသည်။

ရှောင်ဟော်သည် မျက်နှာကျလေးထောင့်ဖြစ်ကာ ဒိကျဲ့နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံခပ်ဆင်ဆင်ရှိသည်။ သို့သော် ဒိကျဲ့သည် သူ့ထက် ပိုသိမ်မွေ့ပံဒ ပေါက်သည်။

သူသည် တိုက်ခိုက်နေသောလူများကို အေးစက်စွာကြည့်ပြီး ရောင်ဝါကို ထုတ်လိုက်သည်။ ထိုလူများသည် မခံနိုင်တော့ဘဲ ဒူးထောက်မိလျက်သားဖြစ် သါားကြသည်။ တိုက်ပွဲမှာ တိကနဲအဆုံးသတ်သွားသည်။

ဟွာဝူရှန့်နှင့် မုလော့ဖန်းတို့သည် ရှောင်ဟော်ရောက်လာသည်ကို မသိ ပေ။ သူတို့၏ ကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်သည်။ ယခု သူတို့ မိသွားသဖြင့် သူတို့၏ မောက်မာမှုများ ပျောက်ကွယ်သွားပြီး အတူတကွအော်လိုက်ကြသည် “စစ်သူ ကြီး”

“ဟင်း” ရှောင်ဟော်သည် သူတို့နှစ်ယောက်ကို အေးစက်စွာ နှာမှုတ်လိုက် ပြီး နှစ်ယောက်လုံးမှာလည်း ခေါင်းငုံ့သွားကြလေသည်။

သူတို့ ခေါင်းငုံ့ထားသည်မှာ တစ်စုံတစ်ရာအမှားလုပ်လိုက်သည်ဟု ခံစား ရခြင်းကြောင့်မဟုတ်ဘဲ သူဝင်နှောင့်ယှက်သည်ကို အနည်းငယ် ရှက်သွားခြင်း ကြောင့်ဖြစ်သည်။

“ပြောပါဦး မင်းတို့တွေ ဘာဖြစ်နေကြတာလဲ” သူတို့နှစ်ယောက်သည် တစ်ချိန်လုံး ထူးဆန်းနေသည်ကို သူသိသော်လည်း မျက်နှာများကို ကုတ်ဖဲ့ပြီး ဤကဲ့သို့ ကိစ္စမျိုးလုပ်လိမ့်မည်ဟု ထင်မထားပေ။

“စစ်သူကြီးကိုပြန်ဖြေပါတယ်.. နန်ယွိမြောင်တို့က ကျွန်တော့်ရဲ့ အစွမ်း အစရှိတဲ့ လက်အောက်ငယ်သားတွေဆိုတာ သိတယ်မလား ဒါပေမဲ့ မုလော့ဖန်း ကသူတို့ကို စည်းရုံးခဲ့တယ်.. အဲဒါကြောင့် ဒေါသဖြေဖို့အတွက် သူ့မြို့စားနည်း နည်းလောက်ကိုသတ်လိုက်တာပါ.. သူက လူလွှတ်ပြီး ကျွန်တော့်ရဲ့မြို့စားကို ပြန်သတ်တယ်.. အခုက ပြန်ပြေလည်ချင်တာပါ ဒါပေမဲ့ သူက ပါးစပ်ဟလိုက် တာနဲ့ မြို့ ၁၀ မြို့ လာတောင်းတယ်လေ” ဟွာဝူရှန့်သည် ဦးစွာစောဒကတက် သည်။

“တချို့ဟုတ်လား” မုလော့ဖန်းသည် ဒေါသထွက်သွားသည်။ သူသည် လက်ညှိုးထိုးကာ ပြောလိုက်သည် “မင်းက ငါ့မြို့စား အယောက် ၂၀ ကို သတ် သွားတာပဲ.. မင်းလူနည်းနည်းလောက်ကို သတ်တာဘာဖြစ်လဲ”

“ငါက မင်းလူနည်းနည်းကိုပဲသတ်တာ.. မင်းက ငါ့မြို့စား အယောက် ၂၀ ကျော်လာသတ်တာလေ.. မုလော့ဖန်း ဒီကိစ္စတွေလုပ်ပြီးတာတောင် ငါ့ကို လာ ပြောရဲသေးတာလား” ဟွာဝူရှန့်သည် ထခုန်လေသည်။

“ခွေးမသား မင်းက ငါ့ကိုစွပ်စွဲတာလား”

“မင်း…”

“တော်လောက်ပြီ” သူတို့နှစ်ယောက် ရန်ဖြစ်သည်နှင့် ရှောင်ဟော်၏ မျက်နှာမှာလည်း ပို၍မည်းမှောင်လာသည်။

ဟွာဝူရှန့်နှင့် မုလော့ဖန်းတို့သည် ရပ်လိုက်ကြပြီး တစ်ယောက်နှင့်တစ် ယောက် မလိုလားစွာကြည့်လိုက်ကြသည်။

“မင်းက တစ်ဖက်လူကို နည်းနည်းသတ်လိုက်ပေမဲ့ အယောက် ၂၀ သေ သွားခဲ့တာလား” သူ မေးလိုက်သည်။

“ဟုတ်ပါတယ်”

“တုံးလိုက်တာ” သူတို့နှစ်ယောက်ကို ရန်တိုက်ရန်လွယ်ကူလိမ့်မည်ဟု ထင်မထားပေ “ဒီနောက်ကွယ်ကလူက မင်းတို့နှစ်ယောက်ကို ပစ်မှတ်ထားနေ တယ်လို့ မထင်ဘူးလား”

ထိုအချိန်မှပင် သူတို့နှစ်ယောက် တုံ့ပြန်ကာ တစ်ပုံစံတည်းပြောလေ သည်။ အဓိပ္ပာယ်ရှိကာ မှန်နေပြန်သည်။ ယခုရှောင်ဟော် ရောက်လာပြီး တစ် ချက်ကြည့်လိုက်သည်နှင့် မြို့စားမည်မျှသေဆုံးသည်ကို သိသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးသည် မလိမ်ကြပေ။

သို့သော် သူတို့သည် လူအနည်းငယ်ကိုသာ သတ်ခဲ့ကြသည်။ အဲဒီတော့ အယောက်ဒါဇင်ကျော် သေသည်ဆိုတဲ့ကိစ္စမှာ တခြားတစ်ယောက်က အယောင်ဆောင်ပြီး သတ်သွားသလို မထင်ရပေဘူးလား။

“ဘယ်အကောင်က ငါတို့ကို ဒီလိုမျိုးအကွက်ဆင်တာလဲ” မုလော့ဖန်း သည် ကြိမ်းမောင်းကာ ဟွာဝူရှန့်သည်လည်း နောက်ကွယ်မှလူကို မှန်းမရမှန်း သိသဖြင့် ရှုပ်ထွေးစွာကြည့်သည်။

“ဒီကိစ္စက ဘယ်လိုဖြစ်လာတာလဲ” ရှောင်ဟော်သည် ဟွာဝူရှန့်ကို မေး လိုက်သည် “ဒီကိစ္စရဲ့အစက နန်ယွိမြောင်မလား.. နန်ယွိမြောင်အကြောင်း မင်း ကို ဘယ်သူပြောတာလဲ”

“ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ပဲ.. သူတို့က နန်ယွိ မြောင်နဲ့ မုလော့ဖန်တို့အတူရှိနေတာကို မြင်လိုက်လို့ နောက်ကလိုက်ခံရတယ် လို့ပြောတယ်.. အဲဒါကြောင့် ကျွန်တော်လည်း လူလွှတ်စုံစမ်းခဲ့တယ်.. အဲဒါ မှန် နေလို့ စီစဉ်ပြီးပြဿနာရှာလိုက်တာပဲ” ဟွာဝူရှန့် ပြောပြီးသောသအခါ မုလော့ ဖန်းကို မုန်းတီးစွာ ကြည့်လိုက်သည်။

မုလော့ဖန်းသည် ခေါင်းကိုမော့ထားကာ တစ်ချိန်တည်းမှာပင် နှာမှုတ် လေသည်။ နန်ယွိမြောင်၏ ဇာတ်လမ်းမှာအမှန်ဖြစ်သသည်။ သူ့တွင် ဘာမှ ပြောစရာမရှိပေ။

“အဲလူနှစ်ယောက်ရဲ့ သရုပ်မှန်ကဘာလဲ” ရှောင်ဟော် မေးလိုက်သည်။

ဟွာဝူရှန့် ထိတ်လန့်သွားပြီးနောက် ပြောလေသည် “မမေးလိုက်မိဘူး.. သူတို့က အဇူရာနဂါးဝိညာဉ်နယ်မြေကို မရောက်ခင်က နန်ယွိမြောင် အကြောင်းကို မသိပါဘူးလို့ ကျိန်ခဲ့တာ.. ကျွန်တော်လည်း ဒေါသထွက်သွားလို့ ဘာမှမမေးတော့ဘဲ နှင်ထုတ်လိုက်တယ်…”

“တုံးလိုက်တာ” သူသည် ဒေါသထွက်လွန်းသဖြင့် စကားတစ်ခွန်းမှထွက် မလာပေ။

“ဒါကလည်း မုလော့ဖန်းက ကျွန်တော့်ကို ဒေါသထွက်အောင်လုပ်လို့ပဲ လေ.. သူသာ ကျွန်တော့်လူတွေကို မစည်းရုံးရင် ဘယ်လိုလုပ် ဒေါသကြောင့် မျက်စိကန်းသွားမလဲ” ဟွာဝူရှန့်သည် ကာကွယ်ပြောလေသည်။

“မင်းဘာသာ ဦးနှောက်မရှိတာကို ငါ့ကိုလာအပြစ်တင်နေတာလား” မုလော့ဖန်း လှောင်ပြောင်လေသည်။

“တော်လောက်ပြီ” ရှောင်ဟော်သည် သူ့လက်အောက်ငယ်သားများ အကြောင်းကို သိသည်။ ဤကိစ္စတွင် သူသည် ဟွာဝူရှန့်ကိုလည်း အပြစ်မတင် နိုင်ပေ။ သူသည် ပုံမှန်အားဖြင့် ပါးနပ်သည်။ သို့သော် မုလော့ဖန်းနှင့်ပတ်သက် သည့်ကိစ္စတွင် သူ့ဦးနှောက်မှာ ခွေးစားခံရသကဲ့သို့ဖြစ်ဖြစ်သွားသည်။ “အင်း မင်းတို့နှစ်ယောက်လုံးက ဒီကိစ္စမှာပါနေတယ်.. ဒါပေမဲ့ အခုက တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ရမယ့်အချိန်မဟုတ်ဘူး”

“စစ်သူကြီး”

“မင်းတို့နှစ်ယောက်ကို လှည့်စားတဲ့လူက ငါ့ကိုပါဆွဲထည့်ထားတယ်.. အဲဒါကြောင့် ငါရောက်လာတာပဲ” သူ ပြောလိုက်သည်။

“ဒိကျဲ့ရဲ့လူများလား” ဟွာဝူရှန့်သည် ချက်ချင်းပင် ခန့်မှန်းလေသည်။ ထို့ကြောင့် မုလော့ဖန်းနှင့် ပတ်သက်သည်မှလွဲပြီး သူ၏စိတ်သည် ပါးနပ်နေ တုန်းပင်။

“ဒါကဒိကျဲ့ရဲ့ နည်းလမ်းမဟုတ်ဘူး.. သူက ဒီလိုမစဉ်းစားတတ်ဘူး.. ဒါပေမဲ့ အဲဒီဘက်ကလူတစ်ယောက်ယောက်ပဲဖြစ်မယ်..” ရှောင်ဟော် ပြော လိုက်သည် “ငါ မှန်းတာမှန်ရင် တစ္ဆေလောကရဲ့ မင်းသမီးလေးက ဒီမှာရှိသေးတယ်”

***

All Chapters