← Chapters

ကူကယ်ရာမဲ့

Vol. 53 Ch. 729

ကူကယ်ရာမဲ့

Vol. 53 Ch. 729

လရောင်သည် ရေပြင်အလား ကြည်လင်တောက်ပနေပြီး အနည်းငယ် အေးစိမ့်သော အငွေ့အသက်ကို ခံစားရရှိစေသည်။

ကျင်းနင်ခရိုင် … ကန်ရှဆေးဝါးလုပ်ငန်းအား ဝန်းရံထားသည့် မြင့်မားသောနံရံများ၏အပြင်ဘက်တွင် ဝိညာဉ်ရိပ်သဖွယ် ပုံရိပ်နှစ်ခုသည် တိတ်ဆိတ်စွာ ချဉ်းကပ်လာနေပြီး ခြောက်သွေ့နေသော သစ်ပင်ကြီးတစ်ပင်ထက်ဆီသို့ အလွယ်တကူ တက်သွားကြသည်။ ထိုပုံရိပ်နှစ်ခုသည် လေပြင်းနှစ်ပွေ တိုက်သွားသည့်အလား မြင့်မားသော အကိုင်းအခက်များပေါ်မှ နံရံပေါ်တွင် တွယ်ကပ်ထားသော သံချပ်ပြားကြီးပေါ်သို့ ခုန်ဆင်းလာသည်။

“ဒါကို တပ်ထားလိုက်။”

မမြင်နိုင်သော ထောင့်တစ်နေရာတွင် ထန်ရှုသည် ကိုယ်ယောင်ဖျောက်အဆောင်တစ်ခုကို ထုတ်ကာ ညဝတ်စုံဝတ်ထားသည့် မိုအားဝူကို ပေးလိုက်သည်။

မိုအားဝူက မည်သည့်အရာဖြစ်သည်ကို ထန်ရှုအား မေးပင်မမေးဘဲ သူ့လည်ပင်းတွင် တန်းကပ်လိုက်ပြီး “သူဌေး … ဒီကန်ရှဆေးဝါးလုပ်ငန်းက အပေါ်ယံမှာ လုံခြုံရေးအစောင့် နည်းနည်းလေးပဲ ရှိပုံပေါ်ပေမယ့် အမှောင်ထဲမှာ ပုန်းနေတဲ့လူတွေက အများကြီးပဲ။ အရေးကြီးဆုံးက နေရာတိုင်းမှာ စောင့်ကြည့်ရေးကိရိယာတွေ ရှိနေတယ်။ ငါတို့ အရှိန်ပြင်းပြင်းနဲ့ လှုပ်ရှားလိုက်တာနဲ့ ရှာတွေ့သွားနိုင်တယ်။”

ထန်ရှုက အပြုံးနှင့် တုံ့ပြန်လိုက်ပြီး သူ့ပခုံးကို အသာပုတ်လိုက်ကာ လေသံတိုးတိုးဖြင့်

"မှတ်ထားပါ။ ဘာပဲဖြစ်ဖြစ် စကားမပြောရဘူး။ ပြီးတော့ ဘာသံမှ မထွက်နဲ့။"

ထန်ရှု ထိုစကားပြောပြီးနောက် မိုအားဝူ၏ အကြည့်အောက်တွင် သံချပ်ပြားပေါ်မှ ချက်ခြင်း ထွက်သွားသည်။ မနီးမဝေးတွင် လက်နှိပ်ဓာတ်မီးများ ကိုင်ဆောင်ထားသော ကင်းလှည့်လုံခြုံရေးအစောင့် လေးဦးရှိသော်လည်း ရှောင်ရန်ပင် သူ မကြိုးစားခဲ့ပေ။

“ဒါ…” မိုအားဝူ၏ခေါင်းထဲတွင် မေးခွန်းများဖြင့် ရှုပ်ထွေးနေပြီး သူ၏သူဌေးသည် မည်သည့်အတွက်ကြောင့် သူတို့၏နေရာကို ထုတ်ဖေါ်လိုက်သည်ကို သူ နားမလည်နိုင်ပေ။ သို့သော် သူသည် ချွန်ထက်သော ဓားမြှောင်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ထန်ရှု၏အနားတွင် ပေါ်လာသည်။

လုံခြုံရေးအစောင့်လေးယောက်က သူတို့ဆီ ပြေးလာပါက လျှပ်စီးတန်းသဖွယ် မြန်ဆန်သော နှုန်းဖြင့် ထိုသူတို့အား သူ သတ်ပစ်လိုက်နိုင်သည်။ သို့သော် နောက်ဆက်တွဲအရာများက သူ့အား အံ့သြထိတ်လန့်သွားစေသည်။

ကင်းလှည့်နေသော လုံခြုံရေးအစောင့်လေးဦးသည် တန်းစီရပ်ကာ ထန်ရှုနှင့်သူ့အား လုံးဝ မမြင်ရသကဲ့သို့ ဘေးပတ်ပတ်လည်ကို လှမ်းကြည့်ကြပြီး ဓါတ်မီးရောင်များ တဝင်းဝင်းဖြင့် သူတို့ဘေးမှ ဖြတ်သွားကြလေသည်။ ခပ်လှမ်းလှမ်း ထောင့်တစ်နေရာ၌ လုံခြုံရေးအစောင့်လေးဦး ပျောက်ကွယ်သွားသည့်တိုင် မိုအားဝူသည် အံ့အားသင့်နေရာမှ သတိပြန်မဝင်လာသေးပါချေ။

ထန်ရှုက ပြုံးရုံသာပြုံးပြီး မိုအားဝူ၏ပုခုံးကို ညင်သာစွာ ပုတ်ပြီးနောက် ချက်ချင်း အတွင်းထဲသို့ ဝင်သွားသည်။ မီတာများစွာ လျှောက်ပြီးနောက်တွင် ထောက်လှမ်းရေး ကင်မရာဒါဇင်များစွာအား တွေ့ပြီးနောက် မိုအားဝူသည် ကင်မရာများ၏အရှေ့တွင် သတ္တိမွေးကာ ယုံကြည်မှုရှိရှိဖြင့် ဖြတ်လျှောက်လာသည်။

"ယီး…"

မိုအားဝူ တံတွေးတစ်ချက် မျိုချပြီး အခြား လုံခြုံရေးအစောင့်လေးဦးကို ဖြတ်ကျော်ကာ ထန်ရှု၏အနောက်မှ လိုက်သွားပြီးနောက် မသိစိတ်ဖြင့် ရင်ဘတ်ပေါ်တွင် ဆွဲထားသော ကိုယ်ယောင်ဖျောက် အဆောင်လေးကို အလိုလိုထိလိုက်မိသည်။ သူသည် စွမ်းအားရှိသော ကျင့်ကြံသူ ဖြစ်သော်လည်း မည်သည့်မှော်မန္တာန်နှင့် မည်သည့်အဆောင်ပညာရပ်၏ လုပ်ဆောင်ချက်များကို လုံးဝ မသိပေ။ ထိုအကြောင်းအား သူ မေးချင်သော်လည်း အစောပိုင်းက ထန်ရှု၏သတိပေးချက်ကို ပြန်သတိရသောအခါတွင် စိတ်ထဲမှဆန္ဒကို ထိန်းချုပ်ထားလိုက်ရသည်။

ကန်ရှဆေးဝါးလုပ်ငန်း၏မြေကွက်သည် လွန်စွာ ကျယ်ဝန်းပြီး အတွင်းတွင် အဆောက်အအုံများစွာ ရှိသည်။ အနောက်ဘက်တွင် စက်ရုံတန်းများပင် ရှိပြီး ထန်ရှုနှင့် မိုအားဝူတို့အား ပြောစရာစကားမဲ့စေသည့် အရာတစ်ခုမှာ သူတို့ ဖြတ်ဝင်လာသော ဝင်ပေါက်သည် ရှေ့ဆုံးခြံဝင်းတစ်ခုသာ ဖြစ်နေသေးခြင်းပင်တည်း။ သူတို့သည် မရပ်မနားဘဲ အတွင်းထဲထိ နက်ရှိုင်းစွာ ဆက်လျှောက်လာခဲ့ကြရာ နောက်ဆုံးတွင် ကင်းစခန်းများ စီတန်းစောင့်ကြပ်နေသော ပင်မတံခါးကို တွေ့ရပေတော့သည်။

ဒုတိယကင်းစခန်း အဝင်အထွက် ကင်းလှည့်ချိန်ကို အခွင့်ကောင်းယူကာ တတိယကင်းစခန်းထဲသို့ အောင်မြင်စွာ ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် စတုတ္ထကင်းစခန်းရှေ့တွင် သူတို့ ရပ်တန့်သွားခဲ့သည်။

"အခု ငါတို့ ဘာလုပ်သင့်လဲ သူဌေး။" မိုအားဝူသည် လူရှင်းသော ထောင့်တစ်နေရာသို့ ထန်ရှု၏အနောက်မှ လိုက်သွားပြီး သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် မေးလိုက်သည်။ စတုတ္ထကင်းစခန်းရှေ့တွင် ရပ်နေသော လုံခြုံရေးအစောင့်ခြောက်ဦးရှိသော်လည်း အဝင်အထွက်ပြုလုပ်သော အစောင့်အကြပ် လုံးဝမရှိပေ။ ထန်ရှုနှင့် မိုအားဝူတို့အား ပြောစရာစကား မဲ့သွားစေသည်မှာ စတုတ္ထကင်းစခန်းအား ဖြတ်ကျော်ပြီးပါက ပြတင်းပေါက်အားလုံးကို အလုံပိတ်ထားသည့် ငါးထပ်အဆောက်အဦး၏ အဝင်ဝဆီသို့ ဦးတည်နေသော သံမဏိစင်္ကြန်လမ်း တစ်ခုသာ ရှိနေခြင်းပင်တည်း။

ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ပြီး အနီးပတ်ဝန်းကျင်ရှိ မီတာနှစ်ရာကျော်ဧရိယာအား လွှမ်းခြုံလိုက်သည်။ ကိုယ်ယောင်ဖျောက်အဆောင်ကို ဝတ်ဆင်ပြီး ပျံသန်းနိုင်သည့်တိုင် မိုအားဝူကို သူ ပေးနိုင်သည့် အဖြေမရှိပေ။

"အထဲကို ဝင်ဖို့ လမ်းမရှိဘူး။"

ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် အကဲခတ်စောင့်ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

ငါးထပ်အဆောက်အဦးတစ်ခုလုံးတွင် အခြားမည်သူမျှ မရှိသော်လည်း အိပ်ပျော်နေသော လုံခြုံရေးအစောင့် ၁၈ ဦး ရှိနေသည်။ အတွင်းစကားအရ ရှဲ့ကျီချန်သည် ယမန်နေ့ နေ့လည်ကတည်းက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး ထွက်ခွာသွားခြင်း မရှိသေးသော်လည်း ယခုအချိန်တွင် သူ့ကို ရှာမတွေ့ပေ။

ထန်ရှုသည် မြေအောက်ဓာတ်ခွဲခန်းတစ်ခု ရှိလိမ့်မည်ဟု မှန်းဆမိသည့်တိုင် မြေအောက်ဓာတ်ခွဲခန်းသို့ ဝင်ရန်နေသာသာ အဆောက်အဦးအတွင်းထဲသို့ပင် မဝင်နိုင်သေးပေ။ ရှဲ့ကျီချန်၏ ရည်ရွယ်ချက် အစစ်အမှန်အား သူ မသိသေးသောကြောင့် သည်ကဲ့သို့အချိန်မျိုးတွင် ရန်သူများကို သတိပေးလိုက်သကဲ့သို့ သူ မဖြစ်စေချင်ပေ။

ကမ္ဘာပေါ်ရှိ အင်အားစုများ၏ပုံစံပြောင်းလဲခြင်းကို မမြင်ချင်သောကြောင့် မျိုးရိုးဗီဇမြူသည် အလွန်အရေးကြီးသည်ဟု ထန်ရှု မှတ်ယူထားပေသည်။ ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော အသွင်ပြောင်းလူသားများ ပေါ်ထွက်လာသည်ကို သူ မဖြစ်စေချင်ပေ။ မျိုးရိုးဗီဇမြူများတွင် ဘေးထွက်ဆိုးကျိုးများရှိပါက လူပေါင်းများစွာ ထိခိုက်နစ်နာစေပေလိမ့်မည်။

"သွားကြစို့။ ငါတို့ တခြားနည်းလမ်း ရှာရမယ်။"

ထန်ရှုသည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ချရင်း မိုအားဝူ၏ပခုံးကို ဆွဲကိုင်လိုက်ပြီး ကောင်းကင်ထက်ဆီသို့ ချက်ချင်း ပျံတက်ကာ အသက်ရှုချိန်အနည်းငယ်အတွင်း ကန်ရှဆေးဝါးလုပ်ငန်း၏အပြင်သို့ ရောက်လာကြသည်။

နှစ်မိနစ်ခန့် ကြာပြီးနောက် စတုတ္ထကင်းစခန်းထဲမှ မှုန်ကုပ်ကုပ်အမူအရာများဖြင့် လူဆယ့်ငါးယောက် ပြေးထွက်လာသည်။ ထိုသူများအားလုံးသည် အနက်ရောင် သံမဏိချပ်ဝတ်တန်ဆာနှင့် သံခမောက်များကို ဝတ်ဆင်ထားပြီး လက်ထဲတွင် လက်နက်များကို စွဲကိုင်ထားကြသည်။

"ဒီနေရာမှာ ဘယ်သူမှ မရှိဘူး သူဌေး…"

နေရာအနှံ့ အချိန်အတော်ကြာ ရှာဖွေပြီးနောက် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စကားပြောစက်မှတစ်ဆင့် သတင်းပို့လိုက်သည်။

မီတာဆယ်ဂဏန်းနက်သော မြေအောက်ထဲတွင် ရှဲ့ကျီချန်သည် ကွန်ပျူတာတစ်လုံးရှေ့တွင် ထိုင်နေပြီး သူ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်နေသည်။ အနီအောက်ရောင်ခြည်သုံး ရှာဖွေရေးစက်သည် မည်သည့်အခါမျှ အမှားအယွင်းမရှိပေ။ ထိုစက်သည် လူသားဆန်ဆန် စွမ်းအင်ပုံစံနှစ်ခုသည် စခန်းအတွင်းထဲသို့ ခိုးဝင်လာခြင်းကို ရှာတွေ့ခဲ့ကြောင်း သူ၏ငယ်သားတစ်ယောက်က အစောပိုင်းက အစီရင်ခံလာသည်။

"ဆက်ရှာပါ။ မြေကြီးထဲ နက်နက်နဲနဲ တူးရရင်တောင် သူတို့ကို ဆက်ပြီးရှာပါ။"

ရှဲ့ကျီချန်က စိတ်လေးလံစွာဖြင့် အမိန့်ပေးလိုက်သည်။

****

ကန်ရှဆေးဝါးလုပ်ငန်း၏နေရာမှ ကီလိုမီတာ အနည်းငယ်အကွာတွင် ထန်ရှုနှင့် မိုအားဝူတို့သည် လူနေအဆောက်အဦးတစ်ခုထဲတွင် ပေါ်လာသည်။ သူတို့ အဆောက်အဦးထဲသို့ ဝင်လိုက်သောအခါတွင် မျောက်မျက်နှာနှင့်တူသော ကြွက်က သူတို့အား နီရဲနေသော မျက်လုံးများဖြင့် နှုတ်ဆက်လာသည်။

"သူဌေးကိုယ်တိုင် လှုပ်ရှားခဲ့တာလား။"

"ဟုတ်တယ် … ဒါပေမယ့် အကျိုးမရှိဘူး။ ရှဲ့ကျီချန်က ကန်ရှဆေးဝါးလုပ်ငန်း ဧရိယာတစ်ခုလုံးကို အပြည့်အ၀ ပိတ်ထားနိုင်ပြီး အတွင်းထဲ ခိုးဝင်ဖို့ နည်းလမ်း မရှိဘူး။ ကြွက် … မင်းဆီက အချက်အလက် အားလုံးကို ငါ ဖတ်ပြီးပြီ။ ဒါပေမယ့် အနီအောက်ရောင်ခြည်သုံး ရှာဖွေရေးစက် တပ်ဆင်ထားတဲ့ အဲ့ဒီအဆောက်အဦးထဲ ငါတို့ မဝင်နိုင်ဘူး။" ထန်ရှုက ပြောပြလိုက်သည်။

"ရှဲ့ကျီချန်နဲ့ပတ်သက်တဲ့ သတင်းတွေ ငါ အများကြီး မစုဆောင်းရသေးဘူး။ ဒီလူက အရမ်းသတိကြီးပြီး သတိအမြဲရှိတယ်လို့ ပြောလို့ရတယ်။ သူ ဘယ်တော့မှ ခြေရာလက်ရာ မချန်ခဲ့ဘူး။ သူ့ရဲ့နောက်ဆုံး လေးနှစ်တာ သက်တမ်းရဲ့အချက်အလက်တောင် အတုတွေချည်းပဲ။ အစစ်အမှန်ကို ငါတို့ မရှာနိုင်တဲ့အတွက် အဲ့ဒီလေးနှစ်အတွင်းမှာ သူ နိုင်ငံခြားကို ရောက်နေတာ ဖြစ်လိမ့်မယ်။”

ကြွက်ကလည်း ရှဲ့ကျီချန်၏အခြေအနေတစ်ခုကို တင်ပြသည်။

"မင်း ဒါကို မရှာနိုင်သေးဆိုတော့ လောလောဆယ် သူ့ကို စုံစမ်းနေစရာ မလိုဘူး။ မှတ်ထားပါ … ဒီမျိုးရိုးဗီဇမြူကို ငါ ရကို ရရမယ်။ အဲ့ဒီအရာက ကြောက်စရာ ကောင်းလွန်းလို့ ငါတို့တွေ ဒါကို ရမှဖြစ်မယ်။ လက်ရှိ စောင့်ကြည့်ဝန်းကျင်ကနေ နှစ်ကီလိုမီတာအကွာကို ပြန်ဆုတ်ဖို့ မင်းလူတွေကို အကြောင်းကြားလိုက်။ သတိထားပါ … ငါတို့ ထောက်လှမ်းရေး ဝန်ထမ်းအားလုံးကို ထုတ်ပြလို့မရဘူး။”

"စိတ်ချပါ သူဌေး။ ငါ သေချာပေါက် လုပ်လိုက်မယ်။” ကြွက်က ခေါင်းအထပ်ထပ်ညိတ်ကာ ပြောလိုက်သည်။

ထန်ရှုက ဆက်မပြောတော့ဘဲ အဝတ်အစား အမြန်လဲကာ မိုအားဝူနှင့် ထွက်သွားသည်။ ယခုတစ်ကြိမ်တွင် သူသည် သုခဘုံစံအိမ်နယ်မြေသို့ မသွားရောက်ဘဲ ကြယ်ပြာအိမ်ရာသို့ တန်းပြန်လာလိုက်သည်။

နောက်နေ့မနက်တွင် ထန်ရှုတစ်ယောက် စိတ်အားတက်ကြွစွာဖြင့် အိမ်ကနေ ထွက်လာပြီး ရှန်ဟိုင်းတက္ကသိုလ်ကို ခြေလျင်လာခဲ့သည်။ အမျိုးစုံသော အကြောင်းတရားများကြောင့် သူသည် နှောင့်နှေးနေရပြီး သည်တလော အတန်းတက်ချိန် နည်းပါးလှသည်။ သူ၏ရှန်ဟိုင်းရုံးချုပ် ဆောက်လုပ်ရေး စီမံကိန်းအတွက် တင်ဒါမခေါ်ယူမီ တခြားမည်သည့်အရာမှ အလောတကြီး လုပ်စရာ မပြင်ဆင်ရသောကြောင့် နောက်ထပ် အကြောင်းအရာများကို လေ့လာရန် သည်အေးချမ်းသော အချိန်ကို အသုံးပြုရပေမည်။

စာကြည့်တိုက်ထဲတွင်…

ထန်ရှုသည် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ စာအုပ်များကို တိတ်ဆိတ်စွာ ဖတ်နေသည်။ မနက်ပိုင်းအတန်းအား သူ တက်ပြီးသွားသော်လည်း တစ်စုံတစ်ခုကို မေ့နေသည်ဟု သူ ခံစားနေရသည်။

… ဘိဇ် … ဘိဇ် ...

တုန်ခါမှုအခြေအနေတွင် ထားထားသော သူ့ဖုန်းသည် ရုတ်တရက် တုန်မြည်လာသည်။ ထန်ရှုက ဖုန်းကို ယူကာ ခေါ်ဆိုသူနံပါတ်ကို ကြည့်လိုက်သောအခါမှ သူ မေ့နေသောအရာအား ချက်ချင်း သတိရသွားတော့သည်။ သည်မနက်တွင် ယွမ်ချူးလင်သည် ရှန်ဟိုင်းတက္ကသိုလ်သို့ လာမည်ဖြစ်ပြီး သူနှင့်ဆွေးနွေးရန်ကိစ္စများ ရှိကြောင်း စာတိုတစ်စောင် ပေးပို့ထားသည်ကို လက်ခံရရှိခဲ့သည်။ ယခုဖုန်းဆက်လာမှုသည် ယွမ်ချူးလင်မှ ခေါ်ဆိုလာခြင်းဖြစ်တော့သည်။

ထန်ရှုက မဖြေဘဲ ဖုန်းချလိုက်ပြီးနောက် ရှန်ဟိုင်းတက္ကသိုလ်ဝင်ပေါက်တွင် သူ့အား စောင့်နေရန် ယွမ်ချူးလင်ထံ စာတိုတစ်စောင် ပို့လိုက်သည်။ ထို့နောက် သူသည် စာအုပ်ကို ပြန်သိမ်းပြီး သူရွေးချယ်ထားသော စာအုပ်အားလုံးကို စာရင်းသွင်းရန် စာကြည့်တိုက်၏ စာရင်းသွင်းရာ ကောင်တာသို့ ယူဆောင်သွားသည်။ သူ ငှားယူမည့် စာအုပ်များကို စာရင်းသွင်းပြီးနောက် ထန်ရှုသည် ရှန်ဟိုင်းတက္ကသိုလ်ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာသည်။

"ဝိုး … ကောင်းစားနေပါလား ဖက်တီးယွမ်။ အမိုက်စားကားကြီးနဲ့ မိန်းမချောလေးတစ်ယောက်နဲ့ … ရင်ခုန်စရာပဲကွာ။"

ယွမ်ချူးလင်အား နူးညံ့သွယ်လျသော မိန်းကလေးကို ပွေ့ဖက်ရင်း အဖြူရောင် ပေါ်ရှေးကရီနီကား၏ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ ထန်ရှုက သူ့အား ချက်ချင်း စနောက်လိုက်သည်။

ယွမ်ချူးလင်သည် ထန်ရှုကို မြင်ချိန်တွင် သူ့ရင်ခွင်ထဲမှ မိန်းကလေးကို လွှတ်ပေးလိုက်ပြီး အပြုံးဖြင့်

"အကိုကြီး … မင်းရဲ့အလင်းရောင်ကို ငါ မယူပါဘူးကွာ။ နောက်ပြီး မင်းသာ ငါ့ဆီမှာ အရင်းအနှီး မထည့်ရင် ဘယ်ကများ ငါ အရင်းအနှီးရနိုင်ပါ့မလဲ။ ဒါနဲ့ သူက ရှောင်ထင်း ငါ့ကလေးလေး။ ရှောင်ထင်း … ဒါက မင်းကို ခဏခဏပြောဖူးတဲ့ သူဌေးလေ … ငါ့ရဲ့ အစ်ကိုကြီး ထန်ရှု…"

ရှောင်ထင်းက တင့်တယ်စွာ ခေါင်းညိတ်ပြပြီး

"ကျွန်မ ရှင့်အကြောင်းတွေ အများကြီး ကြားထားပါတယ်။"

ထန်ရှုက သူမကို ခေါင်းညိတ်တုံ့ပြန်ပြီး ယွမ်ချူးလင်ကို ချက်ချင်း မေးလိုက်သည်။

"မင်း ဒီကို ဘာကြောင့် အပြေးရောက်လာတာလဲ။ ငါက ကျောင်းသားကောင်းတစ်ယောက်ဆိုတော့ ငါ့ရဲ့လေ့လာမှုတွေ နှောင့်နှေးလို့မဖြစ်ဘူး။"

ယွမ်ချူးလင်က မျက်လုံးကို လှိမ့်ပြလိုက်ပြီး ဆတ်ကနဲ ပြန်ပက်သည်။

“မင်းသာ ကျောင်းသားကောင်းဆိုရင် အခုခေတ် ကောင်းကင်အောက်မှာ ဆိုးတဲ့ကျောင်းသားတွေ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ကြားခဲ့တဲ့ သတင်းတစ်ခု ရှိတယ် … ရှန်ဟိုင်းတက္ကသိုလ်မှာ တစ်နှစ်ခွဲကြာ ပညာသင်ယူနေတဲ့ ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ဂုဏ်သိက္ခာရှိသူဌေးကြီးက ကြောက်စရာ ကောင်းလောက်တဲ့ ကျောင်းတက်ရက်တွေ ရှိတယ်ဆိုပဲ။”

ထန်ရှု ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ

"မင်း ဟန်ကျင်းဝူဆီ ဖုန်းဆက်ပြီးပြီပေါ့လေ။"

"ဝိုး … မင်းက သူဌေးလို့ ခေါ်ထိုက်ပါပေတယ် အစ်ကိုကြီး။ ဆရာမဟန်ရဲ့နှလုံးသားကို ဖမ်းမိသွားပြီ ထင်တယ်။ ဒါနဲ့ ဆရာမဟန်က မင်းအပေါ် အတော် စိတ်ဆိုးနေတဲ့ပုံပဲနော် အစ်ကိုကြီး။ သူမကို စိတ်ကျေနပ်စေဖို့ အချိန်မပေးနိုင်လောက်အောင် မင်းက အလုပ်များလွန်းတယ်တဲ့ ဆရာမက ပြောတယ်။”

“ချီး…” ထန်ရှု တစ်ချက်ဆဲလိုက်သည်။

"ငါ့ကို ပြောပါဦး … မင်းက ဒီကို ဘာလုပ်တာလဲ။ မင်း ဒီလိုပေါက်ကရတွေ ပြောနေရင် စာကြည့်တိုက်ကို ငါ ပြန်သွားတော့မယ်။”

ယွမ်ချူးလင်က သူ့လက်တွေကို ပွတ်သပ်နေရင်း အပြုံးဖြင့်

"အာ … ငါပိုက်ဆံလိုနေလို့။"

"ဟင်…" ထန်ရှု အံ့အားသင့်သွားသည်။

"မင်း ပိုက်ဆံလိုနေတုန်းပဲလား ဘာအတွက်လဲ။"

“ငါတို့ရဲ့ကြံ့ခိုင်ရေးစင်တာက အရမ်းနာမည်ကြီးပြီး မနှစ်က ဝင်ငွေတော်တော် ရတယ်။ ဒါပေမယ့် လောလောဆယ်တော့ ငါ မင်းကို အမြတ်ဝေစု မပေးသေးဘူး။ နောက်ထပ်စင်တာခွဲတစ်ခု ဖွင့်ချင်လို့ နေရာ တစ်ချက်ကြည့်ထားတယ်။ ဒါပေမယ့် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုက အရမ်းကြီးနေလို့လေ။ ငါ့အဘိုးကြီးဆီက ၁၀မီလီယံ တောင်းထားပြီးပြီ။ လက်ရှိဝင်ငွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၁၆မီလီယံပဲ ရှိတယ်။ မလုံလောက်သေးလို့။”

"မင်းမှာ ပိုက်ဆံ အလုံအလောက်မရှိတာကို စင်တာခွဲတစ်ခု ဖွင့်ဖို့ ဘာကြောင့် အလျင်စလို လုပ်နေရတာလဲ။"

ထန်     ရှုက ကူကယ်ရာမဲ့သော အမူအရာဖြင့် မေးလိုက်သည်။

“နည်းလမ်း မရှိဘူးလေ ကိုယ့်လူ။ ငါ့ရဲ့အသက်မွေးဝမ်းကျောင်းအနေနဲ့ ဒီကြံ့ခိုင်ရေးစင်တာကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ နောက်ပြီး စင်တာခွဲအသစ်အတွက် တည်နေရာကလည်း အရမ်းကောင်းတယ်။ ငါ ကွင်းဆင်းလေ့လာလိုက်တော့ အနီးနားမှာ လူနေရပ်ကွက်နှစ်ခုရှိတဲ့အပြင် နှစ်ခုလုံးက အဆင့်မြင့်လူနေရပ်ကွက်တွေချည်းပဲ။ ပထမအချက် မြင့်မားတဲ့ ဧည့်သည်စီးဆင်းမှုနှုန်း ရှိတယ်။ ဒုတိယအချက်က နေရာငှားရမ်းခ ဈေးသက်သာတယ်။ အဲ့ဒီဆိုင်ပိုင်ရှင်က ကံဆိုးလို့လား ဒါမှမဟုတ် တစ်ခုခုကြောင့်လားမသိဘူး သူ့ဆိုင်ကို ငှားချင်နေတာ။”ယွမ်ချူးလင်က ရှင်းပြသည်

"ဒါဆို မင်း ဘယ်လောက် လိုတာလဲ။" ထန်ရှုက မေးလိုက်သည်။

“သုံးမီလီယံ…။ ဒါပေမယ့် မင်းမှာ သုံးဖို့ ပိုက်ဆံတွေ များနေရင် နောက်ထပ် နှစ်မီလီယံလောက် ထပ်ထည့်ပေးပါ။"

***

All Chapters