← Chapters

မင်းပဲ

Vol. 150 Ch. 2094

မင်းပဲ

Vol. 150 Ch. 2094

ရှီမာယူယူနှင့် ဝူလင်းယူတို့ လေဟာပြင်ထဲမှထွက်လာသည်။ ဤအချိန် တွင် ပုန်းနေရန်မလိုတော့ပေ။

“ဝိညာဉ်နယ်မြေက စစ်သူကြီးက အရမ်းကိုဉာဏ်ကောင်းတယ်လို့ ပြော ကြတာ.. တကယ်ပဲ မှန်တဲ့ပုံပဲ.. အဲဒါကြောင့် ကျွန်မဝမ်းကွဲအစ်ကိုက ရှင်နဲ့ တိုက်ခိုက်လို့မရတာပေါ့” သူမသည် ရှောင်ဟော်ကို ပြုံးပြလိုက်သည်။ ပြီးနောက် သူတို့ကို လှည့်စားခဲ့သည်ကို လူမိသွားခြင်းအတွက် ရှက်ရွံ့သွားသည့် အရိပ်အယောင်ရှိမနေပေ။

“မင်းပဲ” ဟွာဝူရှန့်သည် ရှီမာယူယူကို မြင်သည်နှင့် အော်လိုက်သည်။

“တစ္ဆေလောကရဲ့ ဂုဏ်သရေရှိ မင်းသမီးလေးက ခန္ဓာကိုယ်ကိုတောင် စွန့်လွှတ်ပြီး ဝိညာဉ်နယ်မြေအထိ လာလိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး” မုလော့ဖန်း နှာမှုတ်လေသည်။

ခန္ဓာကိုယ်ကို စွန့်လွှတ်သည်ဆိုသည့် အပြုအမူသည် တစ္ဆေလောကတွင် စက်ဆုပ်ဖွယ်ရာဖြစ်သည်။

“ကျွန်မ တစ္ဆေလောကကို ရောက်ကတည်းက ဝိညာဉ်ဆိုတာကို မသိဘူး လား” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အားလုံးမယုံနိုင်ကြပေ။

သူမ သေသွားပြီး တစ္ဆေလောကသို့ ရောက်လာလျှင် အဘယ့်ကြောင့် ဝိညာဉ်နယ်မြေအစား တစ္ဆေလောကတွင် ပေါ်လာရသနည်း။ သူမတွင် အရင် မှတ်ဉာဏ်များရှိနေသည်မှာ သေချာလှကာ တစ္ဆေဘုရင် မသိစရာအကြောင်း လည်းမရှိနိုင်ပေ။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

“အဲဒါကြောင့် အဲဒါကိုတော့ စိတ်ပူဖို့မလိုပါဘူး” ရှီမာယူယူသည် သူတို့ကို များများစားစား ပြောပြရန်အစီအစဉ်မရှိပေ။

“မင်းသမီးလေး မင်းက ဝိညာဉ်နယ်မြေကိုတစ်ယောက်တည်းလာရဲရ အောင် သတ္တိကောင်းလှချည်လား” ရှောင်ဟော်သည် ရှီမာဘူယူကို တောက်ပ သော မျက်လုံးများဖြင့် ကြည့်လေသည်။

သူသည် ဒိကျဲ့ကို တစ်ချိန်လုံး မတိုက်ခိုက်နိုင်ခဲ့ပေ။ သို့သော် ယခုအချိန် တွင် သူ၏ အားနည်းချက်ဖြစ်သော ရှီမာယူယူကို ဆုပ်ကိုင်နိုင်ပြီဖြစ်သည်။ သူမ ကိုသာ မိလိုက်သည်နှင့် ဒိကျဲ့ကို ချုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ သည်တစ်ကြိမ် ဒိကျဲ့ကို ရှင်းမရမည်ဟု သူ မယုံပေ။

“ကျွန်မက အမြဲတမ်းသတ္တိရှိခဲ့တာပဲ.. မဟုတ်ရင် ရှင်တို့ကိုတောင် အကွက်မဆင်ဘူး.. ကျွန်မကို စိတ်မပျက်သွားစေဘူးပဲ စစ်သူကြီးရှောင်ဟော် က တကယ်ဆွဲဆောင်မှုရှိတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းတို့တွေက သစ္စာဆိုထားတာမလား ဘာလို့ဘာမှမဖြစ်တာလဲ” ဟွာဝူရှန့်သည် ထိုအကြောင်းကို မသိပေ။

“ဘာလို့လဲဆိုတော့ အဇူရာနဂါးဝိညာဉ်နယ်မြေကို မလာခင်က ဒီကိစ္စကို တကယ်မသိခဲ့လို့လေ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “အဲဒါက မှန်နေ တော့ သစ္စာဆိုတာကို တစ်ပတ်ရိုက်တာမဟုတ်တော့ဘူးလေ”

“ဒါဆို နန်ယွိမြောင်အကြောင်းကို ဘယ်လိုသိတာလဲ” မုလော့ဖန်း မေး လိုက်သည်။

“လူတစ်ယောက်က ကျွန်မကိုစားဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့ သူ့ကို ကျွန်မ ပဲသတ်လိုက်တာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲလူက နန်ယွိမြောင်နဲ့ ရှင်တို့ကြားက ကိစ္စကိုသိနေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ရှင့်ကို တကယ် ကျေးဇူးတင်ပါတယ်.. မဟုတ်ရင် စစ်သူကြီးရှောင်ဟော်ကို အင်ပါယာမြို့တော် ကနေ ထွက်လာဖို့ မျှားလို့ရမှာမဟုတ်ဘူး”

“မင်းက ငါနဲ့ရှင်းချင်တာလား ဒိကျဲ့အတွက်လား” သူ ပြောလိုက်သည်။

“မဟုတ်ဘူး စစ်သူကြီးကို အကူအညီတောင်းချင်လို့ပါ” ရှီမာယူယူ ပြော လိုက်သည် “စစ်သူကြီးမှာ ကူညီပေးဖို့ စေတနာရှိမလားလို့သိချင်ပါတယ်”

ရှောင်ဟော် ပြုံးလိုက်သည် “မင်းသမီးလေးကို ကျုပ်ကလည်း အကူအညီ တောင်းဖို့ရှိပါတယ်.. ကျုပ်ကို ကူညီပေးဖို့ စေတနာရှိမလားလို့သိချင်ပါတယ်”

“ကြည့်ရတာ ကျွန်မတို့အစီအစဉ်ကြားမှာ ပဋိပက္ခတွေရှိတယ်နဲ့တူတယ် အဲဒါကြောင့် ဘယ်သူက အခက်ခဲဆုံးလဲဆိုတာ ကြည့်ရမှာပေါ့” ရှီမာယူယူ သည် လက်ကိုဝေ့ယမ်းလိုက်သည်နှင့် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များထွက်လာ ပြီး လျင်မြန်စွာပင် ရှောင်ဟော်တို့ကို ဝိုင်းလိုက်သည်။

“ရှေးဟောင်းစစ်မြေပြင်ကို သွားခဲ့တာမင်းပဲ” ထိုရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များကို ကြည့်ပြီး ရှောင်ဟော်၏ မျက်လုံးများ အရောင်လက်သွားသည်။

သူ ရှီမာယူယူကို ဖမ်းနိုင်သည်နှင့် ထိုတိုက်ပွဲဝိညာည်များကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။

ရှီမာယူယူသည် ပြန်မဖြေပေ။ သူမ လက်ဝေ့ယမ်းလိုက်သည်နှင့် ထို တိုက်ပွဲဝိညာဉ်များအားလုံး အတူတကွလှုပ်ရှားကြသည်။

ရှောင်ဟော်သည် ဝိညာဉ်နယ်မြေ၏ စစ်သူကြီးဖြစ်ထိုက်သည်။ သူ့ အင်အားသည် ဒိကျဲ့ထက်ပင် သန်မာသည်။ ရှေးဟောင်းတိုက်ပွဲဝိညာဉ်နှစ် ကောင်သည် သူ့ကိုမယှဉ်နိုင်ပေ။ တိုက်ပွဲဝိညာဉ်နှစ်ကောင် အစားခံလိုက်ရ သည်ကို မြင်ပြီး ဝူလင်းယူသည် လျှပ်တပြက်သွားကာ ရှောင်ဟော်နှင့်တိုက် ခိုက်လေသည်။

ဝူလင်းယူ ရှောင်ဟော်ဆီသို့ ချည်းကပ်သည်နှင့် လွှမ်းမိုးနိုင်သည့် ရောင်ဝါ ကို ခံစားမိလိုက်သည်။ ထိုလူသည် သူ့ထက် အားမနည်းသည်ကို သိသဖြင့် စွမ်းအားကို အဆင့် ၁၂ ထိတိုးကာ တိုက်ခိုက်သည်။ သို့သော် သူသည် ဝူလင်းယူ ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် ဝူလင်းယူအား အရှုံးပေးလိုက်ရ၏။

ထိုမတိုင်ခင်တွင် ထိုရှေးဟောင်းဝိညာဉ်များသည် ဟွာဝူရှန့်နင့် မုလော့ ဖန်းမှလွဲပြီး ထိုနေရာမှလူများ အားလုံးကိုသတ်ပြီးလေသည်။

ရှီမာယူယူသည် ထိုလူသုံးယောက် ပိတ်မိသွားသည်ကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်သည် “စစ်သူကြီးတစ်ယောက်နဲ့ စစ်ဦးစီးနှစ်ယောက် ဒီ အလေးချိန်လောက်ဆို လောက်ပြီ”

“မင်း ဘာလုပ်မလို့လဲ” မုလော့ဖန်းသည် ရုန်းကန်ရန်ကြိုးစားသည်။ သို့သော် အချည်းအနှီးပင်။

“ဒီကိစ္စကို စိတ်ပူဖို့မလိုပါဘူး.. ချင်းဟွမ်အတွက် ရှင်အရေးပါနေဖို့ကို အခု စိတ်ထဲမှာ ဆုတောင်းထားသင့်တယ်” ရှီမာယူယူ ပြောပြီးသည်နှင့် အားလုံးကို ဝိညာဉ်ကျောက်ထဲထည့်လိုက်သည်။

သူသည် အနည်းငယ် ခန့်မှန်းမိသည့်ပုံပင်။ သို့သော် သေချာစဉ်းစားချိန် မရလိုက်ဘဲ ဝိညာဉ်ကျောက်အတွင်းရောက်သွားကာ သူတို့ထွက်မပြေးနိုင်ရန် အတွက် ရှီမာယူယူသ် ဝိညာဉ်ကျောက်ကို ကန့်သတ်လိုက်သည်ကို မြင်လိုက်ရ သည်။

အင်း.. သူမ ဘာလုပ်မလဲ ကြည့်ကြတာပေါ့။ သူတို့သုံးယောက်လုံး ဒဏ်ရာရထားသဖြင့် ဤအခွင့်အရေးတွင် နလန်ထူရမည်။

ယနေ့ရခဲ့သည့် အရှက်တရားကို နောက်နေ့တွင် ပြန်ဆပ်ခိုင်းရမည်။

ရှီမာယူယူသည် အတားအဆီး စီမံပြီး ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ အားလုံးကို ပြန်ထည့်ပြီး ဝူလင်းယူကို ချိုမြိန်စွာ ပြုံးပြလိုက်သည် “လင်းယူ အင်ပါယာမြို့တော်ကိုသွားကြမယ်”

စစ်သူကြီးရှောင်ဟော်နှင့် စစ်ဦးစီးဟွာဝူရှန့်၊ မုလော့ဖန်းတို့ ပျောက်သွား သည့် သတင်းမှာ လျင်မြန်စွာပြန့်သွားလေသည်။ ရှီမာယူယူတို့ အင်ပါယာမြို့ သို့ရောက်သည်နှင့် သတင်းများမှာ ဝိညာဉ်နယ်မြေတစ်ခုလုံး ပြန့်သွားရာ အားလုံး ရုန့်ရင်းဆန်ခတ်ဖြစ်သွားကြသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အင်ပါယာမြို့တော်သို့ဝင်ပြီး ချင်းဟွမ် ဆီသို့တိုက်ရိုက်မသွားဘဲ တည်းခိုရန် တည်းခိုဆောင်ရှာသည်။

အခန်းထဲတွင် မဟူရာသည် ကြမ်းပေါ်တွင် ခွေနေပြီး အမြီးဖြင့် ဘောလုံး ကို ပတ်ထားကာ အမည်းလေးကို စနောက်နေသည်။

အမည်းလေးသည် အမြီးနန့်ပြီး ခုန်ပေါက်ကာ ဘောလုံးကို ကိုက်နေ၏။

ရှီမာယူယူ ထိုမြင်ကွင်းကိုမြင်သောအခါ အမည်းလေး၏ တုံးအမှုကို ခံစား မိသဖြင့် နှုတ်ခမ်းထောင့်ကို မတွန့်ဘဲမနေနိုင်ပေ။

ဝူလင်းယူသည် အခန်းထဲတွင် လူတစ်ယောက်နှင့် စကားပြောနေပြီး ထိုဘက်သို့ကြည့်ပြီး ပြန်လှည့်သွားကာ တခြားကိစ္စများကို လုပ်နေသည်။

“ယူယူ ဘာလို့ချင်းဟွမ်ဆီမသွားတာလဲ” မဟူရာသည် မရှင်းလင်းသဖြင့် မေးလေသည်။

“စောသေးတယ်” ရှီမာယူယူသည် အမည်းလေးကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။

“ဘာစောသေးတာလဲ”

“အချိန်” မဟူရာ နားမလည်သေးသည်ကိုမြင်သောအခါ ရှီမာယူယူသည်  ရှင်းပြလေသည် “ရှောင်ဟော်က ဒီကိစ္စတွေကို ဖြေရှင်းနေခဲ့တာပဲ ဒါပေမဲ့ သူ ဘယ်မှလည်းမကျန်သလို ဘာမှလည်းဖြစ်မသွားဘူး.. အဲဒါကြောင့် ဒီအချိန်မှာ သူက အရေးပါတယ်လို့ ချင်းဟွမ်မထင်သေးဘူး.. ပြီးတော့ သူ့လက်အောက်မှာ အစွမ်းအစရှိတဲ့လူတွေ အများကြီးရှိနေတာ.. နည်းနည်းကြာမှ အခုလက်ရှိမှာ မရှိမဖြစ်ဆိုတာကို သိသွားလိမ့်မယ်.. အဲလိုဆို ငါတို့လက်ထဲကပစ္စည်းက အလေးချိန်ပိုစီးသွားပြီ”

“အဲဒါကြောင့်ကိုး” မဟူရာနားလည်သွားသည် “မင်းတို့လူသားတွေက လည်း လှည့်ကွက်နဲ့ဉာဏ်ချည်းပဲ”

ရှီမာယူယူသည် ဤကဲ့သို့အရာများကို သားရဲများ နားလည်ရန် ဖိအား မပေးပေ။ ထို့ကြောင့် သူ့ခေါင်းကို ပုတ်လိုက်သည် “သွားဆော့တော့ အမည်း လေးကို အနိုင်မကျင့်နဲ့ဦး”

“ဟီး ဟီး အမည်းလေးက ဒီလိုကစားရတာကို ကြိုက်တာ” မဟူရာသည် ပြုံးပြီးပြောလေသည်။

ရှီမာယူယူသည် ပျော်ရွှင်နေသော အမည်းလေးအား ကြည့်ပြီး မျက်ခုံးများ ကိုပွတ်ုလိက်သည်။ ဝူလင်းယူ သူ့လူများကို ထွက်သွားခိုင်းလိုက်ပြီး လှည့်ကာ လျှောက်လာသည်။

သည်လိုနှင့် မြင်ကွင်းရှင်းသွားလေသည်။

“အမိန့်ပေးပြီးပြီလား”

“အင်း ဒီမှာစောင့်ရုံပဲ” ဝူလင်းယူ ပြောလိုက်သည်။

“ဟုတ်ပါပြီ” သူမသည် ဝူလင်းယူကို ဖက်ကာ သူ့ရင်ခွင်ထဲသို့ဝင်လိုက် သည်။

ထိုလူများ စိတ်ချရမလားဆိုသည့် မေးခွန်းကိုမေးရန်မလိုပေ။ မည်သို့ ဖြစ်မည်ကို သူမ သိရန်မလိုပေ။ သူရှိလျှင် သူမ လျစ်လျူရှု၍ရသည်။

“အခုတလော အင်ပါယာမြို့တော်မှာ အဂ္ဂိရတ်ပြိုင်ပွဲရှိနေတယ်.. သွား ကြည့်ချင်လား” ဝူလင်းယူ မေးလိုက်သည်။

“ပြိုင်ပွဲက တစ်ခုခုထူးခြားနေတာကို သတိထားမိလို့ဖြစ်မယ်” ရှီမာယူယူ သည် ခေါင်းမော့ကာ ပြောလေသည်။

“နောက်ဆုံးဆုက ကောင်းကင်ဘုံအရည်ပဲ”

“အဲဒါက ဘယ်မှာသုံးတာလဲ”

“အဲဒါက မင်းအမေအတွက်လည်း အသုံးဝင်လိမ့်မယ်” သို့သော် အသုံးဝင် သည့်နေရာအတိအကျကိုတော့ သူ မပြောပေ။

သူ ထိုသို့ပြောလိုက်သည်နှင့် ရှီမာယူယူသည် စိတ်ဝင်စားလာသည်။ “တကယ်ကြီးလား ဒါဆို သွားရအောင် ပြိုင်ပွဲပြီးတာနဲ့ ဒီကိစ္စတွေလည်း ဖြေရှင်း ပြီးလောက်ပြီ…”

***

All Chapters