← Chapters

အခန်းကဏ္ဍများပြောင်းလဲခြင်း

Vol. 150 Ch. 2095

အခန်းကဏ္ဍများပြောင်းလဲခြင်း

Vol. 150 Ch. 2095

တည်းခိုဆောင်မှနေ၍ သတင်းများထပ်စုံစမ်းပြီးနောက် ဝူလင်းယူသည် ရှီမာယူယူကို အဂ္ဂိရတ်ပြိုင်ပွဲအတွက် စာရင်းသွင်းသည့်နေရာသို့ခေါ်သွား၏။

အရင်နှင့်မတူသည်မှာ သည်တစ်ကြိမ်တွင် ပြိုင်ပွဲဝင်သူမှာ သူမမဟုတ်ဘဲ စာရင်းသွင်းသူမှာ ဝူလင်းယူဖြစ်သည်။ ဤကဲ့သို့အခြေအနေဖြစ်ပေါ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ရှင်က ဒီလိုလုပ်ရတာတွေကို မကြိုက်ဘူးမလား.. ဒီတစ်ခါ ဘာလို့ ဝင် ပြိုင်တာလဲ” လက်မှတ်ထိုးပြီးနောက် ရှီမာယူယူသည် သူ့ကို ချစ်စရာကောင်း အောင် မျက်တောင်ခတ်လေသည် “ကျွန်မ အဂ္ဂိရတ်ပညာက မလောက်သေး လို့ မနိုင်ဘူးထင်လို့လား”

ဝူလင်းယူသည် လက်နှစ်ဖက်လုံးဆန့်ထုတ်ကာ သူမ၏ ဆံပင်များပွသွား အောင် ပွတ်ပေးပြီး ဘာမှထပ်မပြောပေ။ သူ့မျက်လုံးထဲမှအကြည့်ကြောင့် သူမ ချက်ချင်းနားလည်သွားသည်။ သူ ဤနေရာသို့ရောက်လာသည်မှာ အနာဂတ် ယောက္ခမကြောင့်သာဖြစ်သည်။

သူမသည် ဆံပင်အလှဆင်ပစ္စည်းများကို ဖြုတ်ကာ ခေါင်းဖြီးရင်း ရေရွတ် နေသည် “ဒီမှာ.. မပြောရဲလောက်အောင် ဘာရှက်စရာရှိလို့လဲ.. ဟင်း ကျွန်မ ဆံပင်တွေပဲပွသွားပြီ”

သူမသည် ဆံပင်များကိုသပ်နေရာမှ ရုတ်တရက် ရပ်သွားသည်။ သူမ သည် လက်ကိုပတ်ထားသောဆံပင်များကို ငုံ့ကြည့်မိသည်။ ထိုဆံပင်များသည် ဘိုးဘေးကြီးပေးထားသည့်အတိုင်းမဟုတ်တော့ဘဲ တကယ့်ဆံပင်အစစ်ဖြစ်နေ သည်။ သူမသည် ဝိညာဉ်ပုံစံအတိုင်း အသားကျနေပြီဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်အစစ်အမှန်ကိုတော့ တမ်းတသေးသည်။

သူ၏ကတိကို တွေးမိသည်နှင့် မျက်နှာပေါ်တွင် ညှို့ယူနိုင်သည့်အပြုံး ပေါ်လာသည်။

ရက်အနည်းငယ်အကြာတွင် သူတို့နှစ်ယောက်သည် ပြိုင်ပွဲကွင်းဆီသို့ သွားကြသည်။ နံပါတ်ပြားကိုပေးပြီးနောက် တံခါးစောင့်တပ်သားသည် သူတို့ နှစ်ယောက်ကို ဝင်ခိုင်းလိုက်သည်။ ဝင်သွားပြီးနောက် ရှီမာယူယူသည် ပွဲကြည့် စင်ဆီသို့သွားကာ ဝူလင်းယူသည် အောက်မှပြိုင်ပွဲကွင်းသို့သွားကြသည်။

အရင်ကဆိုလျှင် သူမပြိုင်ပွဲဝင်ပြီး ဝူလင်းယူ ပွဲကြည့်စင်တွင်နေရာယူခဲ့ သည်။ သို့သော် သည်တစ်ကြိမ်တွင် အလှည့်အပြောင်းဖြစ်သွားသည်။ ဤခံစား ချက်မှာ… အလွန်ပင် လတ်ဆတ်လှသည်။

ဝူလင်းယူသည် သူမ၏အကြည့်ကို အာရုံခံမိသဖြင့် ခေါင်းလှည့်ကာ သူမ ကို ပြုံးပြလိုက်သည်။

ထိုအပြုံးသည် သူမနားမှ မိန်းကလေးများကို ရှက်ရွံ့စွာ ခေါင်းငုံ့သွားစေ သည်။

သူက နင်တို့ကိုကြည့်တာလည်း မဟုတ်ဘဲ ဘာလို့ရှက်နေတာလဲ။ ရှီမာယူယူသည် သူ့ကို မပျော်မရွှင်နှင့်ကြည့်လိုက်သည်။

မရယ်နဲ့။

ဝူလင်းယူသည် အကူအညီမဲ့စွာဖြင့် အပြုံးကိုသပ်လိုက်သည်။ သူမ အပြုံး ကိုမြင်လိုက်လို့ သူလည်းလိုက်ပြုံးတာလေ ဟုတ်ပြီလား။

ခဏအကြာတွင် ပြိုင်ပွဲဝင်မည့်လူများအားလုံး ရောက်ရှိလာသည်။ ရှီမာ ယူယူ ကြည့်လိုက်ရာ ရှုပ်ထွေးနေသောလူများကို မြင်လိုက်ရသည်။

“လူတွေကလည်းများလိုက်တာ.. ပြိုင်ပွဲကတော့ပြင်းထန်မှာပဲ” သူမဘေး မှလူများသည် မှတ်ချက်ပေးလေသည်။

“ဟုတ်တယ်နော်.. အရင်ပြိုင်ပွဲတုန်းက ဒီလောက်လူအများကြီး မမြင်ခဲ့ရ ပါဘူး”

“ဒါကလည်း ဒီတစ်ခေါက်ဆုက အရမ်းကိုဆွဲ‌ဆောင်နိုင်လို့ပဲလေ”

“ဟုတ်တယ် ဒီတစ်ခါပထမဆုက မိန်းကလေးတွေအတွက် အရမ်း အသုံး ဝင်တယ်.. ငါတို့သာ ရနိုင်ရင် ငါတို့အတွက်အရမ်းကောင်းမှာပဲ”

“အောက်ကလူတွေထဲမှာ ဘယ်နယောက်က အလှလေးတွေအတွက် ဝင် ပြိုင်တာဖြစ်မလဲ”

“အများကြီးပဲဖြစ်မှာပေါ့”

“အဲလူတွေအကုန်လုံးက ဆုအတွက်လာတာမဟုတ်ဘူး”

“အိုး ဘယ်လိုသိတာလဲ”

“ပြိုင်ပွဲတစ်ခုစီပြီးသွားရင် ထူးချွန်တဲ့အဂ္ဂိရတ်ပညာရှင်တွေကို ရွေးတယ်.. သူတို့တွေက ဒီမှာမနေနိုင်ရင်တောင် စစ်ဦးစီးတွေက ကိုယ်တိုင်ရွေးတယ်.. စစ်ဦးစီးတွေ ရွေးတာမခံရရင်တောင် ပြိုင်ပွဲမှာရလဒ်ကောင်းရင် မြို့တွေကိုသွား လိုက်ရင် ဂုဏ်သရေရှိဧည့်သည်လို ဆက်ဆံခံရတယ်”

“အဲဒါကြောင့် ဒီဘက်နှစ်တွေမှာ အဂ္ဂိရတ်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့လူများလာ တာကိုး”

“ဒီကနေ အဂ္ဂိရတ်ပညာရှင်ရွေးမယ်ဆိုတော့ လူကြီးမင်းနဲ့ ခေါင်းဆောင် တွေလည်းလာမှာလား… နင် အရင်က ဒီပြိုင်ပွဲကိုကြည့်ဖူလား သူတို့လာကြ လား”

“အရင်ပွဲတွေတုန်းကတော့ လာကြတယ် ဒါပေမဲ့ ဒီတစ်ခေါက်မလာဘူး”

“ဘာလို့လဲ”

“စစ်သူကြီးဟော် စစ်ဦးစီးဟွာနဲ့ စစ်ဦးစီးမုတို့ ပျောက်သွားလို့လေ”

“အင်း အခုတလော အကုန်လုံးကအလုပ်များနေကြတယ်လို့ ပြောကြတာ ပဲ”

“ပြိုင်ပွဲက စတောင်မစသေးဘူး သူတို့လာရင်လည်း လာမှာပါ”

ရှီမာယူယူ၏ အနောက်တွင် စကားပြောနေကြရာ သူမသည် ရှင်းရှင်း လင်းလင်းကြားနေရသည်။ စကားအသွားအလာမှ အကဲဖြတ်ကြည့်ရာ သူမ သည် အင်ပါယာမြို့တော်တွင် အဆင့်အတန်းမြင့်သူဖြစ်နိုင်သည်။ ထို့ကြောင့် ပင် သူမ ကိစ္စများစွာကို သိနေခြင်းပင်။

ထိုလူများ ရောက်လာမလားဆိုသည်ကို သိချင်ရင်းနှင့် နားကိုထိလိုက် သည်။ ဝူလင်းယူ သူ့လူများကို ခိုင်းလိုက်သည့်ကိစ္စများကို တွေးကြည့်လျှင် ထို လူများသည် လာရန်စွမ်းအားပင်မရှိနိုင်ပေ။

ထင်ထားသည့်အတိုင်းပင် ပြိုင်ပွဲစသည်အထိ အရေးကြီးသည့်လူများ ရောက်မလာပေ။ သူတို့သည် ‘ကိစ္စများ’ နှင့် အလုပ်ရှုပ်နေသည့်ပုံပင်။

သူမသည် ဝူလင်းယူ ပထမတစ်ချီ မြန်မြန်ဆန်ဆန် ပြီးစီးသွားသည်ကို ကြည့်နေခဲ့သည်။ သိုသိုသိပ်သိပ်နေရန်အတွက် သူသည် ချင့်ချိန်ပြီးအရှိန်လျော့ ထားသည်။ သို့သော် ထိပ်တန်း ၁၀ အတွင်းဝင်သေးသည်။

ပထမတစ်ချိန် ရလဒ်မှအကဲဖြတ်ကြည့်ရာ သည်တစ်ကြိမ်တွင် မည်သူမှ သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။ ပြီးနောက် သည်တစ်ကြိမ်တွင် ပထမရနိုင်သည်မှာ သူမှလွဲပြီးမရှိပေ။

ပြိုင်ပွဲပထမနေ့တွင် ပွဲတစ်ပွဲသာပြိုင်ကြကာ နောက်ငါးရက်အကြာတွင် နောက်ဆုံးပြိုင်ပွဲရောက်လာသည်။ ပြိုင်ပွဲသို့သွားသည့်လမ်းတွင် သူတို့နှစ် ယောက်ကို အနက်ရောင်ဝတ်ထားသော လူတစ်စုမှ လာဝိုင်းလေသည်။

“ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ရှင့်ကို နောက်ဆုံးပွဲကို မတက်စေချင်ဘူးထင်တယ်”

“အင်း” ဝူလင်းယူသည် တိုးညင်းစွာ ပြန်ဖြေသည် “နည်းနည်းလောက် နောက်ဆုတ်လိုက်”

ရှီမာယူယူသည် သူ့လက်ကိုလွှတ်ပြီး နောက်ဆုတ်လိုက်သည်နှင့် ဝူလင်း ယူ၏ အရိပ်သည် လျှပ်တပြက်ပျောက်သွားကာ တစ်ပတ်ပတ်ပြီးနောက် သူမ လက်ကိုဆွဲပြီး ရှေ့ဆက်လျှောက်သွားလေသည်။

အနက်ဝတ်လူများသည် စကားပြောရန်ပင် အခွင့်အရေးမရလိုက်ဘဲ အသတ်ခံလိုက်ရလေသည်။

နောက်ဆုံးပွဲအတွင် ၁၀ ယောက်သာကျန်တော့သည်။ ရှီမာယူယူသည် ကျန် ၉ ယောက်ကို ကြည့်ပြီး တိုက်ခိုက်သူများကို မည်သူလွှတ်လိုက်သလဲဆို သည်ကို တွေးနေမိသည်။

တင်ဆက်သူသည် ပြိုင်ပွဲစတင်ရန်ကြေညာပြီးသည်နှင့် လူ ၁၀ ယောက် သည် လိုအပ်သည့်ဆေးများကို သန့်စင်ကြသည်။ နောက်ဆုံးပြိုင်ပွဲဖြစ်သဖြင့် ဝူလင်းယူသည် စွမ်းအားကို ဖုံးကွယ်ထားရန်မလိုတော့ပေ။ ထို့ကြောင့် တခြား သူများ တစ်ဝက်မျှသာပြီးသေးသော်လည်း သူ ပြီးသွားပြီဖြစ်သည်။ ပြောရန်ပင် မလိုပေ.. သည်တစ်ခေါက် ပထမရသူမှာ သူဖြစ်သည်။

သူမသည် ဒုတိယ၊ တတိယများကိုပင် အာရုံစိုက်မနေတော့ပေ။ သူမ သည် ထိုလူများကို ဂရုမစိုက်ဘဲ ပထမရသူကိုသာ အာရုံစိုက်သောကြောင့်ပင်။

ပြိုင်ပွဲပြီးသည်နှင့် ဝူလင်းယူသည် ဒိုင်လူကြီးဆီမှ ဆုယူပြီး ဖွင့်ကာ အတည်ပြုကြည့်သည်။ ပြီးနောက် သိမ်းကာ ရှီမာယူယူအား ပြုံးပြီး မျက်ခုံးပင့် ပြသည်။

“ဝူလင်းယူ.. မင်း…” တင်ဆက်သူသည် သူတို့ဂိုဏ်းသို့ဝင်ရန် ဝူလင်းယူ ကို မပြောနိုင်ခင်မှာပင် တပ်သားတစ်ုသည် အပြင်မှဝင်လာပြီး ကွင်းတစ်ခုလုံး ကို ဝိုင်းလိုက်သည်။

ဝူလင်းယူသည် ထိုလူများကို ကြည့်လိုက်သည်။ သူ၏ ပုံရိပ်မှာ လျှပ်တ ပြက်ဖြစ်သွားပြီး ရှီမာယူယူဘေးတွင် ပေါ်လာသည်။ ရှီမာယူယူသည် ရုတ်တရက် ပေါ်လာသော တပ်သားများကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ စိုးရိမ်မှု တစ်စုံတစ်ရာပင်မရှိပေ။

အင်ပါယာမြို့တော်မှလူများသည် ထိုတပ်သားများကိုမြင်သောအခါ အလန့်တကြား ထရပ်ကြသည်။

“သူတို့တွေက လူကြီးမင်းရဲ့ တပ်သားတွေမလား ဘယ်လိုလုပ် ဒီကိုလာ ကြတာလဲ” ဒိုင်လူကြီးနှင့် တင်ဆက်သူသည် အတူရပ်နေပြီး တပ်သားများကို မြင်သောအခါ စိုးရိမ်တကြီးမေးလေသည်။

“လူကြီးမင်းလာတာလား… ဒါပေမဲ့ သူက ပြိုင်ပွဲလုပ်နေတုန်းကမလာဘဲ ဘာလို့ အခုမှလာတာလဲ”

“ဒီကို ပြိုင်ပွဲကြည့်ဖို့လာတာမဟုတ်ဘူး” တင်ဆက်သူပြောလေသည် “အဲလူတွေကို ကြည့်လိုက်လေ သူတို့ခန္ဓာကိုယ်က လွှမ်းမိုးနိုင်တဲ့ရောင်ဝါက သာမန်လူတွေထထက် ပိုလေးတယ်.. ဆိုလိုတာက သူတို့တွေက သေချာ လေ့ကျင့်ထားတဲ့လူတွေပဲ.. သူတို့က ဒီကိုလူဖမ်းဖို့လာတာပဲ”

“ဒီလိုပွဲကို ဘယ်သူလိုတာလဲ”

“ငါသိမယ်ထင်တာပဲ”

“မပြောနဲ့တော့ လူကြီးမင်းဝင်လာပြီ”

ချင်းဟွမ်သည် ရွှီယွိကို ခေါ်လာရာ ကွင်းထဲမှလူများအားလုံး ဒူးထောက် လိုက်ရာ မတ်တတ်ရပ်နေသော နှစ်ယောက်မှာ အထင်းသားဖြစ်သွားသည်။

ချင်းဟွမ်သည် ပျာယာခတ်ခြင်းမရှိသော ရှီမာယူယူကို ကြည့်ပြီး ယွိခဲ့ လော့နှင့် ခပ်ဆင်ဆင်မျက်နှာကိုမြင်သောအခါ သူရှာနေသောလူဖြစ်သည်ကို သိလိုက်ရသည်။

“အားလုံး ထွက်သွားကြ”

သူ အမိန့်ပေးလိုက်သည်နှင့် ဒူးထောက်နေသောလူများ ထွက်သွားရာ ဝူလင်းယူနှင့် ရှီမာယူယူသာ ဤနေရာတွင် ကျန်ခဲ့လေသည်။

***

All Chapters