ဘယ်တုန်းက လုပ်ခဲ့တာလဲ
Vol. 150 Ch. 2096
ထိုလူများထွက်သွားချိန်တွင် ရှီမာယူယူသည် ချင်းဟွမ်ကို ကြည့်လိုက်၏။
သူသည် သူမ၏မိခင်ကို အသုံးချကာ တစ္ဆေလောကနှင့် ဝိညာဉ်နယ်မြေ တို့အကြားတွင် စစ်မက်ဖြစ်သွားရန် ကြိုးစားနေသည်ဟု သူမ အမြဲတစေ တွေး ခဲ့သည်။ နောက်ဆုံးတွင် သူသည် မိခင်ဖြစ်သူကို ဖိအားပေးရွေးချယ်စေခဲ့သည်။ ထို့ကြောင့် သူသည် ယခုကဲ့သို့ မိခင်ဖြစ်သူ အကျဉ်းကျအောင်ပြုလုပ်သည့် ဗီလိန်သာဖြစ်သည်ဟု ထင်ထားခဲ့သည်။ သို့သော် ချင်းဟွမ်သည် သူမ၏ ခန့်မှန်းချက်နှင့် အလွန်ကွာခြားနေသည်။
သူမ ဝိညာဉ်နယ်မြေကို ရောက်ပြီးနောက် စည်းစနစ်ကျသည့် မြင်ကွင်း ကို ပြန်တွေးကြည့်လျှင် သူ၏အုပ်ချုပ်ပုံမှာ အားမလျော့သည်ကို ခံစားမိသည်။ သူ၏ ရည်မှန်းချက်မှာ ကြီးမား၍ နှစ်ဦးနှစ်ဖက်သည် ဆန့်ကျင်ဖီလာဖြစ်နေပြီး ပြေငြိမ်းရန်မလွယ်ကူသည်မှာတော့ နှမြောဖွယ်ကောင်းသည်။
ချင်းဟွမ်သည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမသည် ယွိခဲ့လော့နှင့် တူသည်ဟု သူ သိသည်မှာကြာပြီဖြစ်သော်လည်း ကိုယ်တိုင်မျက်လုံးနှင့်မြင်ရ သည်မှာ တစ်မျိုးခံစားရသည်။
“ရှီမာယူယူ မင်းက ငါ့စစ်သူကြီးနဲ့ စစ်ဦးစီးတွေကို ဖမ်းထားပြီးတော့ အင်ပါယာမြို့တော်ကို လာရဲသေးတာပဲ” သူသည် နှာမှုတ်ပြီးပြောလေသည်။
“သေချာပေါက် လာရမှာပေါ့.. မဟုတ်ရင် ရှင့်ကို ဘယ်လိုတွေ့နိုင်မှာလဲ” ရှီမာယူယူ ပြုံးလိုက်သည်။
“ရှောင်ဟော်တို့ကို ဖမ်းတာ မင်းဘာလိုချင်လို့လဲ”
“ရှင်နဲ့ ဆွေးနွေးစရာကိစ္စတွေရှိလို့ပေါ့” ရှီမာယူယူ ပြောလိုက်သည် “ရှောင်ဟောင်မရှိတော့ အခုတလော ရှင်တို့ဝိညာဉ်နယ်မြေမှာ ငြိမ်းချမ်းရေးရှိ ရဲ့လား.. အရည်အချင်းရှိတဲ့ မုလော့ဖန်းနဲ့ ဟွာဝူရှန့်ဆိုတဲ့ စစ်ဦးစီး နှစ်ယောက် ပျောက်နေတော့ အရင်းအမြစ်ပြဿနာတော့ရှိနေမှာပဲ.. သူတို့ကို လွှတ်ပေးစေ ချင်ရင်တော့ မဖြစ်နိုင်တာမဟုတ်ဘူး.. ဒါပေမဲ့ အလဲအလှယ်တော့လုပ်ချင် တယ်”
ချင်းဟွမ်သည် အနည်းငယ် အံ့ဩသွားသည်။ ရှီမာယူယူ ရှောင်ဟော် တို့ကို ဖမ်းရခြင်းမှာ တစ္ဆေလောကအတွက် လုပ်ခြင်းဖြစ်သည်ဟု ထင်ထားခဲ့ သည်။ သို့သော် သူမသည် အလဲအလှယ်လုပ်လာမည်ဟု ထင်မထားပေ။
“မင်းက ဘာနဲ့အလဲအလှယ်လုပ်ချင်တာလဲ”
“ကျွန်မလိုချင်တာကို ရှင်သိမယ်ထင်ပါတယ်”
ချင်းဟွမ်သည် သူမ၏ အတွေးကိုမသိသဖြင့် သူမကို စိုက်ကြည့်သည်။
“ကျွန်မ အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းလိုချင်တယ်” ရှီမာယူယူသည် တိုက်ရိုက်ပင် တောင်းဆိုမှုပြုလိုက်သည် “ရှင် ကျွန်မကို အနောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းပေးရင် အပြန်အလှန်အနေနဲ့ ရှင့်ရဲ့စစ်သူကြီးနဲ့ စစ်ဦးစီးတွေကို ပေးမယ်”
“မင်းက အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းလိုချင်တာလား” သူမ လုပ်ချင် သည့်အရာကို ချင်းဟွမ်သိလိုက်ချေပြီ “မင်းက မင်းအမေကို ကယ်ချင်တာလား”
“ဟုတ်တယ်.. ဒီနေ့ကိစ္စက ရှင့်ကျေးဇူးတွေပါပဲ.. ရှင်သာ ဖိအားပေးပြီး ချိပ်မပိတ်ခဲ့ရင် ကျွန်မလည်း ဒီကိုလာပြီး အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို တောင်းရမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုလဲ အနောက် မျက်နှာအံ့ဖွယ်ချိပ်စည်း… ဒါက ရှင့်ရဲ့စစ်သူကြီးနဲ့ စစ်ဦးစီးတွေကို လဲဖို့ ကောင်း တဲ့ အပေးအယူပဲမလား”
“မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက ပျောက်နေတာကြာပြီ မင်းမှာ အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းရှိရင်တောင် အသုံးမဝင်ဘူး”
“တခြားအံ့ဖွယ်ချိပ်စည်းသုံးခုရှိနေမှတော့ မြောက်မျက်နှာအံ့ဖွယ်ချိပ် စည်းလည်း အဲဒီမှာရှိနေမှာပဲ.. ကျွန်မက အမြဲရှာနိုင်ပါတယ်.. အဲဒါကို ရှင် စိတ်ပူဖို့မလိုပါဘူး.. ဒီအတိုင်းပဲ အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို ကျွန်မကို ပေးဖို့ပဲလိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
ချင်းဟွမ်သည် အနည်းငယ် တွေဝေသွားသည်။ အနောက်မျက်နှာအံ့ဖွယ် ချိပ်စည်းသည် ရှေးဟောင်းပစ္စည်းသာဖြစ်သည်။ မြောက်မျက်နှာအံ့ဖွယ်ချိပ် စည်း ပျောက်နေသဖြင့် ကျန်အံ့ဖွယ်ချိပ်စည်းသုံးခုသည် အားအကောင်းဆုံး မဖြစ်နိုင်လျှင်တောင် တစ်ခုချင်းစီသည် အားကောင်းနေတုန်းပင်ဖြစ်သည်။ ရှီမာယူယူကို ယခုလိုပေးလိုက်ဖို့ရာလည်း သူ အနည်းငယ် မလိုလားပေ။
ပြီးနောက် သူမသည် ယွိခဲ့လော့ကို ကယ်တင်ရာတွင် အသုံးပြုမည်ဖြစ် သည်။ ထိုမိန်းကလေးသည် သူ့ကို လက်ထပ်မည့်အစား အကျဉ်းကျခံခဲ့သည်။ သူသည် မာနာကို မချနိုင်ပေ။
သူ မပျော်နေသည်ကို ကြည့်ပြီး ရှီမာယူယူသည် ဝိညာဉ်ကျောက်ထုတ်ပြီး ကိုင်ထားလိုက်ကာ ဘာမှမပြောဘဲ သူ့ကိုရိုးရှင်းစွာပင် ကြည့်လေသည်။
သူမ ထိုဝိညာဉ်ကျောက်ကို ချေလိုက်သည်နှင့် အထဲမှလူသုံးယောက် ပျောက်သွားမည်ဖြစ်ပြီး မည်သူမှ ကယ်နိုင်လိုက်မည်မဟုတ်ပေ။
ချင်းဟွမ်သည် သူမ၏ မသိမသာခြိမ်းခြောက်မှုကို နားလည်သည်။
အရင်ကလိုသာဆိုလျှင် သူမ၏ ခြိမ်းခြောက်မှုကို လက်ခံမည်မဟုတ်ပေ။ သို့သော် အတွေ့အကြုံများစွာရှိပြီးသည့်နောက် သူတို့သည် ဝိညာဉ်နယ်မြေကို အစားမထိုးနိုင်သည်ကို နားလည်လာသည်။ ရှီမာယူယူသည် သူ့ကိုချက်ချင်း လာမတွေ့ဘဲ ရှောင်ဟော်ကို ဖမ်းရသည့်အကြောင်းအရင်းကို သူ အခုမှ နားလည်သွားသည်။
သူမသည် ဤအရာကို လိုချင်ခြင်းဖြစ်သည်။
ရှီမာယူယူ၏ လက်တဖြည်းဖြည်း ဖိဆုပ်လိုက်သည်ကို ကြည့်ပြီး သူ စဉ်းစားရန် အချိန်များများစားစားမရှိတော့သည်ကို သိလိုက်သည်။
“ဟုတ်ပြီ ငါ မင်းကို ကတိပေးတယ်” သူ့တွင် အစကတည်းကပင် ညှိနှိုင်း ခွင့်မရှိကြောင်းကို သိသဖြင့် သူမ၏ ခြိမ်းခြောက်မှုကို လက်ခံလိုက်သည်။ သူမ သည် သူ၏အားနည်းချက်ကို ချုပ်ကိုင်ထားသည်။
သူသည် အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းထုတ်လိုက်ရာ ရှီမာယူယူ သည် အရှေ့မျက်နှာအံ့ဖွယ်ချိပ်စည်းထုတ်ပြီး တစ်ခုစီအား ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်။ အံ့ဖွယ်ချိပ်စည်းနှစ်ခု၏ အလင်းတန်းများပေါင်းသွားပြီး အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်း အစစ်အမှန်ဖြစ်ကြောင်းကို သက်သေပြ၏။
ချင်းဟွမ်သည် ဝိညာဉ်စွမ်းအားကို ပြန်ရုတ်လိုက်ပြီး အနောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းကို ပစ်ပေးလိုက်ရာ ဝူလင်းယူသည် အနောက်မျက်နှာအံ့ဖွယ် ချိပ်စည်းကို လျှပ်တပြက် ဖမ်းလိုက်သည်။
ချင်းဟွမ်သည် ဤကဲ့သို့ တည့်တိုးဆန်လိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။ သူမသည် ဝိညာဉ်ကျောက်ထုတ်ပြီး ပြောလိုက်သည် “ရှင် တောင်းဆိုချက် တစ်ခုကို ကတိပေးပေးပါ”
“ဘာတောင်းဆိုချက်လဲ”
“ဒါက ရှင့်ရဲ့ နယ်နိမိတ်ပဲ.. ကျွန်မကို လူလွှတ်ပြီး လိုက်သတ်မယ်ဆိုရင် ကျွန်မက ဘေးကင်းကင်းနဲ့ထွက်သွားနိုင်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “ရှင်လူလွှတ်ပြီး လိုက်မသတ်ခိုင်းပါဘူးလို့ ကတိပေးရမယ်”
“ဟုတ်ပြီ ကတိပေးတယ်” အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို ပေးပြီး ဖြစ်ရာ ဤတောင်းဆိုချက်သည် ဘာမှမဟုတ်ပေ။
“ကောင်းတယ်” ရှီမာယူယူသည် ဝိညာဉ်ကျောက်ကို ပစ်မြှောက်ပြီး အထဲ တွင် ချုပ်ထားသော လူသုံးယောက်ကို လွှတ်ပေးလိုက်သည်။
ရှောင်ဟော်တို့သုံးယောက်သည် တဒင်္ဂမျှ မှင်တက်သွားပြီးနောက် တုံ့ပြန် ကာ ရှီမာယူယူနှင့် ဝူလင်းယူတို့ကို တိုက်ခိုက်ရန်ဟန်ပြင်လေသည်။
“ရပ်လိုက်”
ချင်းဟွမ်၏ အသံကိုကြားလိုက်သည်နှင့် ရှောင်ဟော်သည် အလိုလိုရပ် သွားကာ ချင်းဟွမ်ကို လှည့်ကြည့်ပြီး သူ၏ လူကြီးမင်းကို ခေါ်မိလေသည်။
“သူတို့ကို လွှတ်လိုက်” ချင်းဟွမ် ပြောလိုက်သည်။
“ဒါပေမဲ့ လူကြီးမင်း…”
ချင်းဟွမ်သည် သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ဤကိစ္စကို ဆက်လုပ်၍ မရနိုင်ကြောင်း ရှောင်ဟော်သိလိုက်သည်။
သို့သော် သူ မလိုက်နာချင်ပေ။
“စစ်သူကြီးရှောင်ဟော် အလောတကြီးမလုပ်လိုက်ပါနဲ့.. ဝိညာဉ်ကျောက် တုံးထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိမှာပဲ.. ရှင့်ရဲ့အရှင်ကို မရိုးသားတဲ့ဗီလိန် ဖြစ်စေချင်တာလား” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
“ရှီမာယူယူ” ရှောင်ဟော်သည် အံကြိတ်ပြီး သူမ၏အမည်ကို အပြည့်အစုံ ခေါ်လေသည်။
“ကျွန်မကို အဲလိုမကြည့်ပါနဲ့.. အရမ်းကို ကြမ်းတမ်းနေတယ် ကျွန်မက ကြောက်တတ်တယ်ရှင့်” ရှီမာယူယူသည် သူမ၏ရင်ဘတ်ကိုပုတ်ကာ ဘေး တွင်ရှိသော ဝူလင်းယူအားမှီပြီး ကြောက်တတ်သည့်ဟန်ပြုလေသည်။
ချင်းဟွမ်တို့သည် သူမကို ထိုပုံစံအတိုင်းမြင်လိုက်ရသောအခါ သူမ၏ အပြုံးကို ဆွဲဖြဲပစ်ချင်နေကြသည်။ သူမသာကြောက်တတ်နေရင် ဒီကမ္ဘာမှာ ရဲရင့်တဲ့သူဆိုတာ ရှိတော့မှာကိုမဟုတ်ဘူး။
သူသည် သူ့ဘဝတွင် ဤကဲ့သို့ကြီးမားစွာ အရှက်ခွဲမခံရဖူးပေ။ ချင်းဟွမ် သူမကို ထွက်သွားရန် မည်မျှပင် သဘောတူထားစေကာမူ သူသည် သူမကို ဝိညာဉ်နယ်မြေမှ ထွက်သွားခွင့်မပြုနိုင်ပေ။
“စစ်သူကြီးရှောင်ဟော် ရှင် ရှင့်ရဲ့လူသတ်မယ့်အရှိန်အဝါကို သိမ်းလိုက် တာကောင်းမယ်” ရှီမာယူယူ ပြောလိုက်သည် “ရှင်ကျွန်မကို သတ်ချင်နေတာ သိပါတယ်… အင်ပါယာမြို့ကနေထွက်တာနဲ့ ကျွန်မကိုလိုက်သတ်မှာပဲ”
“မင်းစမ်းကြည့်လေ” ရှောင်ဟော်သည် နှာမှုတ်လေသည်။
“ကျွန်မ မစမ်းပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက ကျွန်မရဲ့ အသက်ကို အရမ်းတန်ဖိုးထားတာဆိုတော့ ဒီလောက်အန္တရာယ်များတာကို မလုပ်ချင်ဘူး.. အဲဒါကြောင့် ကျွန်မရဲ့လုံခြုံမှုအတွက် ရှင့်ကို အဆိပ်နည်းနည်း ခတ်ထားတယ်.. ကျွန်မ တစ္ဆေလောကကို ဘေးကင်းကင်းနဲ့ပြတ်ရောက်ရင် ချက်ချင်းပဲ ရှင့်ဆီကို အဆိပ်ဖြေဆေးပို့ပေးလိုက်မယ်.. သေချာတာတော့ ရှင့် ဘာသာရှင်လည်း အဆိပ်ဖြေလို့ရပါတယ်.. ပြီးတော့ ရှင့်မှာအဆိပ်ဖြေဆေးရှိ ရင် ကျွန်မဝိညာဉ်နယ်ကနေမထွက်ခင် ကျွန်မကိုလိုက်သတ်လို့ရပါတယ်”
ရှီမာယူယူ၏ စကားမှန်မမှန် သိချင်ကြသဖြင့် ချင်းဟွမ်တို့အားလုံးသည် ရှောင်ဟော်ကိုကြည့်လိုက်ကြသည်။
ရှောင်ဟော်သည် ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက် သည်နှင့် ချက်ချင်းပင် မူးဝေလာကာ တစ်ကိုယ်လုံးအားနည်းသွားပြီး လဲကျလု နီးပါးဖြစ်သွားသည်။ သူ အဆိပ်မိသွားပြီကို ချက်ချင်းသိလိုက်သည်။
“ငါ့ကို ဘယ်တုန်းကအဆိပ်ခတ်လိုက်တာလဲ” ရွှီယွိတွဲထားသော်လည်း ရှောင်ဟော်သည် ရပ်နိုင်ရုံမျှသာရှိသည်။ သူသည် မုလော့ဖန်းနှင့် ဟွာဝူရှန့်တို့ နှင့်ရှိနေရာ ရှီမာယူယူ မည်သည့်အချိန်က အဆိပ်ခတ်လိုက်သည်ကို သူ မသိ လိုက်ပေ။
“ဒါက ကျွန်မကိစ္စပါ” ရှီမာယူယူ ပြောလိုက်သည် “နောက်ကို ကျွန်မတို့ ဘယ်တော့မှမတွေ့ဖို့ မျှော်လင့်ပါတယ်”
ပြောပြီးနောက် သူမနှင့် ဝူလင်းယူတို့၏ ပုံရိပ်သည် ထိုနေရာတွင်ပင် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။
“လူကြီးမင်း” အားလုံးသည် ချင်းဟွမ်၏ အမိန့်ကိုစောင့်နေသည့်အလား သူ့ကို ကြည့်လိုက်ကြသည်။
***