← Chapters

အဆိပ်ဖြေခြင်း

Vol. 150 Ch. 2097

အဆိပ်ဖြေခြင်း

Vol. 150 Ch. 2097

သည်တစ်ခေါက်ဖြစ်ခဲ့သည့်ကိစ္စမှာ ချင်းဟွမ်၊ ရှောင်ဟော်နှင့် ဝိညာဉ်နယ် မြေတစ်ခုလုံးအတွက် အရှက်ကွဲမှုကြီးပင်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဝိညာဉ်နယ်မြေမှ ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။

ချင်းဟွမ် အမိန့်ပေးလိုက်သည်နှင့် သူတို့ပြင်ဆင်ထားသည့်လူများသည် ချက်ချင်းပင် လှုပ်ရှားကာ သူမကို အဆုံးမရှိတိုက်ခိုက်မည်ဖြစ်သည်။ သူမတွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များစွာရှိသော်လည်း ဝိညာဉ်ဘုံမှ သန်းချီသော လူ အုပ်ကြီးကို ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော် ချင်းဟွမ်သည် ရှီမာယူယူနောက်သို့ လိုက်ခိုင်းရန် စိတ်ကူးမရှိ ပေ။

“စစ်သူကြီးကို တွဲပေးပြီးတော့ အဆိပ်သမားတော်ရှောင်ကို ဆင့်ခေါ် လိုက်” ပြောပြီးနောက် သူသည် ချက်ချင်းပင် ထိုနေရာမှပျောက်သွားလေ သည်။

ကျန်ခဲ့သည့်လူများသည် တစ်ယောက်နှင့်တစ်ယောက် ကူကယ်ရာမဲ့ ကြည့်ပြီးနောက် ရှောင်ဟော်နှင့်အတူ ထွက်သွားကြလေသည်။

သူတို့သည် စိတ်မပါလှသော်လည်း ချင်းဟွမ်၏အမိန့်မရှိဘဲ မလှုပ်ရှားရဲ ပေ။ ယခု ရှောင်ဟော်၏ အဆိပ်ကို အဆိပ်သမားတော်ရှောင်မှ ဖြေပေးနိုင်မည် ကိုပင် မျှော်လင့်ရတော့သည်။ ထိုအခါမှ သူတို့သည် ရှီမာယူယူနောက်သို့ လိုက်ရန် အခွင့်အရေးရှိမည်ဖြစ်သည်။

အဆိပ်သမားတော်ရှောင်သည် အစွမ်းအစရှိသော လူကြီးဖြစ်သည်။ သူ ရှောင်ဟော်ကို စမ်းသပ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားလာ သည်။

“ဒီအဆိပ်က အံ့ဩဖို့ကောင်းလိုက်တာ” သူသည် စိတ်ဝင်တစား နှုတ်ခမ်း မွေးများကို ပွတ်သပ်လိုက်သည် “မင်းရဲ့ ဝိညာဉ်စွမ်းအားကို အသက်မသွင်းဘူး ဆိုရင် ဒီအဆိပ်က မတုံ့ပြန်ဘူး.. ဒါပေမဲ့ ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်မယ် ဆိုရင်တော့ မင်းရဲ့သက်တမ်းတိုသွားစေလိမ့်မယ်.. ဒီလိုအဆိပ်မျိုးကို ငါ အရင် ကမမြင်ဖူးဘူး.. ဒီလောက်အားကောင်းတဲ့ အစွမ်းအစရှိတဲ့လူက ဘယ်သူလဲ မသိဘူး”

“အဆိပ်သမားတော်ရှောင် အဲလူကို သွားလေးစားမနေနဲ့ အဲလူက တစ္ဆေ လောကကပဲ” ရွှီယွိ ပြောလေသည် “စစ်သူကြီးရဲ့ အခြေအနေကို မြန်မြန်ကြည့် ပြီးအကဲဖြတ်ပါဦး ဒါကပိုအရေးကြီးတယ်.. အဆိပ်ကုနိုင်မလား”

“အဲလူက တစ္ဆေလောကကဖြစ်နေတာလား” အဆိပ်သမားတော်ရှောင် ၏ မျက်နှာသည် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ တခြားဘုံမှဆိုလျှင် ထိုလူ ကို ရှာရန်မှာ မလွယ်ကူနိုင်ပေ။

“အဲလူက တကယ်ပဲ တစ္ဆေလောကကပဲ.. စစ်သူကြီးရဲ့အခြေအနေလည်း မြင်တာပဲ.. သူဘယ်လိုနေလဲ” ရွှီယွိသည် စိုးရိမ်တကြီးမေးလေသည်။ အဆိပ် သမားတော်ရှောင်၏ ထူးခြားသော သရုပ်မှန်ကြောာင့်သာမဟုတ်လျှင် သူသည် တိုက်ရိုက်ရှင်းမည်ဖြစ်သသည်။

“အိုး စစ်သူကြီးက.. ဒီအဆိပ်က သူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပေမဲ့ ဒီလ တွေမှာ သူ့ဝိညာဉ်စွမ်းအားကို မသုံးဘူးဆို အထိအခိုက်မရှိနိုင်ပါဘူး” အဆိပ် သမားတော်ရှောင် ပြောလိုက်သည်။

“ဒါဆို အဆိပ်ဖြေဆေး ဖော်နိုင်မှာလား”

“အရေးမပါတာတွေ မပြောလို့မရဘူးလား ငါက ဘယ်သူလဲ.. ငါက အဆိပ်ဖြေဆေး မဖော်နိုင်ဘဲ နေပါ့မလား” အဆိပ်သမားတော်ရှောင်သည် နှာမှုတ်လေသည် “တစ်လအချိန်ပေး မင်းအတွက် အဆိပ်ဖြေဆေးဖော်ပေးမယ်”

“ဟုတ်ပြီ ဒါဆိုရင် အဆိပ်သမားတော်ရှောင်ကိုပဲ ဒုက္ခပေးရတော့မယ်”

တစ်လဆိုသည်မှာ ရှည်ကြာလှသည်မဟုတ်။ ထိုမျှတိုတောင်းသော အချိန်တွင် ရှီမာယူယူတို့သည် ဝိညာဉ်နယ်မြေမှ ထွက်သွားနိုင်ဦးမည်မဟုတ် ပေ။ သတင်းအရင်လွှင့်ပြီးနောက် ရှီမာယူယူ၏တည်နေရာကို အရင်အာရုံစိုက် ခိုင်းထားလိုက်သည်။ စစ်သူကြီး၏အဆိပ်ကိုဖယ်ရှားပြီးသည်နှင့် သူတို့သည် ချက်ချင်းပင် သူမနောက်သို့ လိုက်မည်။

သို့သော် သူတို့၏ စိတ်ကူးမှာ ကြွကြွရွရွရှိလှသော်လည်း လက်တွေ့မှာ တော့ မှောင်မိုက်လွန်းသည်။

တစ်လကြာသည်အထိ အဆိပ်သမားတော်ရှောင်သည် အဆိပ်ဖြေဆေး မဖော်နိုင်ပေ။ အဆိပ်ဖြေဆေးကို လေ့လာသည့်အချိန်မှစ၍ အဆိပ်သည် သူ ထင်ထားသည်ထက် ပို၍ခက်ခဲနေသည်ကို သူတွေ့ခဲ့ရသည်။ ခန့်မှန်းထားသော အချိန်တစ်လသည် မလုံလောက်ပေ။ ရွှီယွိသည် ကြိမ်ဖန်များစွာ လူလွှတ်ပြီး တိုက်တွန်းသော်လည်း အသုံးမဝင်ပေ။ နောက်ပိုင်းတွင် အဆိပ်သမားတော် ရှောင်သည် ဒေါသထွက်လာသဖြင့် တိုက်တွန်းရန်လာသူကို ထမ်းစင်နှင့် သယ်ထုတ်လာရသည်။

သယ်ဆောင်လာရသောလူကို မြင်မှပင် ရွှီယွိသည် အနည်းငယ် စိတ်ငြိမ် သွားသည်။

နောက်တစ်လခွဲကြာပြီးမှ အဆိပ်သမားတော်ရှောင်သည် အဆိပ်ဖြေ ဆေးပို့လာသည်။ အားလုံးပေါင်း နှစ်လခွဲကြသည်။ ရှီမာယူယူတို့သည် အဝေး သို့ရောက်နှင့်နေပြီဖြစ်သည်။

သူသည် အဆိပ်ဖြေဆေးသောက်လိုက်ရာ နောက်ဆုံးမှပင် အဆိပ်ကို ဖြေ နိုင်တော့သည်။ ရွှီယွိသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ရှောင်ဟော်ကို ပြောပြီးသည်နှင့် သူသည် ချက်ချင်း စီစဉ်ရန်ထွက်သွားသည်။

လက်ရှိတွင် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် နှစ်လကျော်ကြာအောင် ခရီးနှင်လာပြီး တောင်ကြားတစ်ခုရှာကာ အနားယူနေသည်။

“ရှေ့ဆက်သွားရမယ့် ခရီးကတော့ တိတ်ဆိတ်တော့မယ်မထင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှောင်ဟော်ရဲ့ အဆိပ်ပြေသွားပြီလို့ အင်ပါယာမြို့ မှာ နေခဲ့တဲ့ပျားက သတင်းပို့လာတယ်”

“မင်း မှန်းထားတဲ့အချိန်လောက်ပဲကျတာမဟုတ်ဘူးလား” ဝူလင်းယူ သည် အလောမကြီးပေ။ သူသည် မနက်ကပင် စဉ်းစားနေသေးသည်။

“ကျွန်မမှန်းထားတာက သုံးလလောက်ဖြစ်မယ်လို့ထင်တာလေ.. အခုက နှစ်လခွဲပဲရှိသေးတာ.. အဆိပ်ဖြေပေးတဲ့လူက ထင်ထားတာထက် ပိုအား ကောင်းတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကိုယ်တို့တွေလည်း ခရီးထွက်လာတာ နှစ်လကျော်နေပြီ အခုက နယ်စပ်နဲ့သိပ်မဝေးတော့ဘူး” ဝူလင်းယူ ပြောလိုက်သည် “တစ်လအတွင်းမှာပဲ တစ္ဆေလောကို ပြန်ရောက်နိုင်တယ်”

“ဝိညာဉ်စေတီထဲသွားပြီး အနားယူကြတာပေါ့” သူမသည် ဝူလင်းယူကို ခေါ်သွားပြီး နာရီဝက်အကြာတွင် ထွက်လာသည်။ နှစ်ယောက်လုံး၏ ဝိညာဉ် မှာ အားပြန်ပြည့်သွားသည်။

သုံးရက်အကြာတွင် သူတို့နောက်သို့လိုက်သည့် လူအုပ်ပထမတစ်သုတ် နှင့်တွေ့လေသည်။ သူတို့သည် အလောတကြီးလာ၍လားမသိပေ.. လူမများလှ ပေ။ ပြီးနောက် တစ်ခဏအတွင်း၌ပင် ရှင်းလင်းနိုင်လေသည်။

နောက်ပိုင်း သုံးရက်ကြာပြီးနောက် လူနည်းစုလိုက်လာကြကာ ငါးရက် အကြာတွင် လူဦးရေများလာသည်။ ၎င်းတို့သည် သူတို့ကို ထိခိုက်အောင် မလုပ် နိုင်သော်လည်း အရှိန်ကိုလျော့စေသည်။ အစက တစ်လကြာသွားရမည့် ခရီး သည် တစ်လကြာပြီးနောက် လမ်းတစ်ဝက်သာ ခရီးတွင်လေသည်။

သူတို့၏ အပြန်လမ်းမှာ တောက်လျှောက်အလိုက်ခံနေရပြီး တစ်စုပြီး တစ်စုရောက်လာရာ နှစ်ယောက်လုံးသည် အနားပင်မရပေ။

သာမန်လူသာဆိုပါက ကြာကြတောင့်ခံနိုင်မည်မဟုတ်ပေ။ သို့သော် ရှီမာယူယူတွင် သားရဲများစွာရှိရုံသာမက ရှေးဟောင်းတိုက်ပွဲဝိညာဉ်များလည်း ထောင်ချီရှိသည်။ ထိုအရာသည် ရွှီယွီတို့ခန့်မှန်းထားသည်ထက် ကျော်လွန်သွား ရာ သူတို့လွှတ်လိုက်သည့် လူအများအပြားသေဆုံးကြပြီး မည်သည့်အကျိုး အမြတ်မှမရပေ။

“စစ်သူကြီး ကျွန်တော်ကိုယ်တိုင်လူခေါ်သွားလိုက်တာကောင်းမယ်” ရွှီယွီ သည် ဒေါသထွက်လာကာ ကိုယ်တိုင်သွားချင်နေသည်။

“မရဘူး မင်းရဲ့အားနဲ့ဆိုရင် သူတို့ကိုမယှဉ်နိုင်ဘူး” ရှောင်ဟော်သည် သူ၏ ကမ်းလှမ်းချက်ကို ချက်ချင်းပင် ငြင်းဆန်လေသည်။

ရွှီယွီသည်လည်း ထိုစည်းမျဉ်းကိုနားလည်သည်။ စစ်သူကြီးများပင် သူတို့ ၏ ပြိုင်ဘက်မဖြစ်နိုင်ရာ သူတို့ဆို မဆိုထားတော့နှင့်။ သို့သော် အသက်ပင်ရှု မရတော့ချိန်တွင် သူ ပျာယာခတ်သွားသည်မှာတော့ အမှန်ပင်။

“အဲဒီလူအိုကြီးတွေကိုလွှတ်လိုက်” ရှောင်ဟော်သည် အဆိပ်ပြေထား သည်မှာ မကြာသေးလှသဖြင့် ခန္ဓာကိုယ်မှာ အကောင်းကြီးတော့မဟုတ်သေ ပေ။ ခဏအကြာတွင် သူ အားကုန်သလိုခံစားရသဖြင့် ခုံကိုမှီလိုက်သည် “ကံကောင်းလို့ မင်းကိစ္စကိုဖြေရှင်းပြီးသွားပြီပဲ.. အဘိုးကြီးတွေလည်း ပြန်လာ ကြပြီ မဟုတ်ရင် သူတို့ကို ဖမ်းမိမှာတောင်မဟုတ်ဘူး”

“ဒါဆို အခုပဲ ကျွန်တော်အမိန့်သွားပေးလိုက်ပါမယ်”

ရှောင်ဟော်သည် သူ့ကို စစ်သူကြီးတံဆိပ်ပြားပေးလိုက်သည်။ ထိုတံဆိပ် ပြားမရှိလျှင် ထိုလူများကို အမိန့်ပေးနိုင်မည်မဟုတ်ပေ။

မကြာမီတွင် သူတို့ကို လိုက်သတ်သူများမှာ စွမ်းအားမြင့်သူများဖြစ်နေ သည်ကို ရှီမာယူယူ သိလိုက်ရသည်။ အရင်ကဲ့သို့ အောက်ခြေတပ်သားများ မဟုတ်ဘဲ အဘိုးကြီးများရောက်လာခြင်းဖြစ်သည်။ ရှေးဟောင်းတိုက်ပွဲဝိညာဉ် များစွာရှိသော်လည်း အများစုမှာ အရင်တိုက်ပွဲများကြောင့် ဒဏ်ရာရခဲ့ကြ သည်။ ရှီမာယူယူသည် သူတို့ကို သနားသဖြင့် ဒဏ်ရာရသူများကို တစ္ဆေတစ်ရာ အလံတော်တွင်းထည့်ကာ နလန်ထူစေသည်။ သူမ၏ တိုက်ပွဲစွမ်းရည်မှာလည်း ပိုပိုအားနည်းလာချေပြီ။ နောက်ပိုင်း သူမ ထိုအဘိုးကြီးများနှင့်တွေ့ချိန်၌ အရှုံး ဘက်သို့ ဦးတည်သွားလေသည်။

“အချိန်တိုအတွင်းမှာ သူတို့တွေ ဒီလောက်လူအများကြီး စုနိုင်လိမ့်မယ် လို့ ထင်မထားဘူး” ဝူလင်းယူ၏ အကာအကွယ်ရှိသော်လည်း ရှီမာယူယူသည် ဒဏ်ရာရထားကာ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်။

သူမ ဒဏ်ရာရထားသည်ကိုကြည့်ပြီး သူမ၏ သားရဲများသည် သွေးဆိုး လာကာ တိုက်ပွဲစွမ်းရည်မှာလည်း များစွာတိုးတက်လာသည်။ သို့သော် တစ်ဖက်မှာ လူများလွန်းသဖြင့် သူတို့ပါအရေးနိမ့်လာကာ သူမကိုမကာကွယ် နိုင်တော့ပေ။

အရိပ်မည်းနှင့် တခြားနှစ်ယောက်လည်း ထွက်လာသည်။ သို့သော် အဘိုး ကြီးများနှင့် တိုက်ခိုက်နေရာ သူမဆီသို့ မလာနိုင်ပေ။

ရှီမာယူယူ မိုးကြိုးကို အသုံးပြုရန်စဉ်းစားနေချိန်တွင် အနက်ဝတ်လူတစ် စုသည် ပုန်းနေရာမှထွက်လာပြီး စစ်ပွဲတွင် ဝင်ပါကာ ပြိုင်ဘက်ကို တိုက်ခိုက် လေသည်။

သားရဲများသည် ဖိအားလျော့သွားကာ ရှီမာယူယူဆီသို့ပြန်သွားပြီး သူမ ကို ဝန်းရံလိုက်သည်။

တစ်ဖက်တွင် ရှီမာယူယူသည် ရုတ်တရက် ဖောက်ဝင်လာသောလူများကို ကြည့်ပြီး သူမကို ကူညီပေးသူများကို သိချင်မိနေသည်။

စဉ်းစားကြည့်ပြီးနောက် သူမ ပြုံးလိုက်သည်… သူမ ထွက်မသွားခင် သူတို့ကို မြင်ရလိမ့်မည်ဟု အမှန်တကယ်ပင် ထင်မထားခဲ့ပေ။

***

All Chapters