← Chapters

ရင်းနှီးခြင်း

Vol. 150 Ch. 2098

ရင်းနှီးခြင်း

Vol. 150 Ch. 2098

ပြိုင်ဘက်လူများအားလုံး အသတ်ခံလိုက်ရလေပြီ။ အဘိုးကြီးများကို ဝူလင်းယူတို့သတ်လိုက်ခြင်းဖြစ်ပြီး ကျန်လူများကိုတော့ အနက်ဝတ်လူများက ရှင်းလိုက်ခြင်းဖြစ်သည်။

“မင်းတို့တွေက အတင့်ရဲလိုက်ကြတာ ချင်းဟွမ်သိသွားမှာကို မကြောက် ကြဘူးလား” ရှီမာယူယူသည် ရင်ထဲထိမိသွားသော်လည်း သူတို့၏ အပြုအမူကို သဘောမတူလှပေ။

ယွင်ရာနှင့်ဖေးယိတို့သည် မျက်နှာမှအနက်ဝတ်များကို ချွတ်ပြီး ပြုံး ကာပြောလေသည် “မင်းက ဝိညာဉ်နယ်မြေကို ရောက်နေတာတောင် ငါတို့ကို လာမရှာဘူး”

“ရှင်တို့ကို ပြဿနာဖြစ်စေမှာကို ကြောက်လို့ပဲမဟုတ်ဘူးလား” ရှီမာယူ ယူ ပြုံးလိုက်သည် “အဲဒါကိုတောင် ရှင်တို့လာလိမ့်မယ်လို့ ထင်မထားဘူး”

ဤကဲ့သို့ ကိစ္စကြီးတွင် သူတို့သာ အနည်းငယ်သတိလွတ်သွားပါက ချင်းဟွမ်၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်။ ချင်းဟွမ်သည် အရင်က သူတို့ကို သည်းခံခဲ့သည်မှာ ပထမအချက်အနေနှင့် သူတို့သည် အရိုးမာလှကာ ဒုတိယ တစ်ချက်မှာ သူတို့သည် ဝိညာဉ်နယ်မြေနှင့် သက်ဆိုင်နေပြီး ဝိညာဉ်နယ်မြေ၏ အကျိုးစီးပွားကို မထိခိုက်နိုင်ခြင်းကြောင့်ဖြစ်သည်။

သို့သော် ဤကိစ္စမှာတော့ ချင်းဟွမ်အား ဆန့်ကျင်နေခြင်းဖြစ်သည်။ အုပ်စိုးသူတစ်ဦးသည် မျက်လုံးထဲ သဲဝင်သည်ကို သည်းမခံနိုင်ပေ။ သူသည် တန်ဖိုးကြီးကြီးပေးရလျှင်တောင် သူတို့ကိုသေချာပေါက် ရှင်းပစ်မည်ဖြစ်သည်။

“စိတ်ပူမနေနဲ့ ငါတို့ကအရမ်းဂရုစိုက်တတ်ပါတယ် သူတို့တွေသိမှာ မဟုတ်ဘူး” ဖေးယိ ပြောလိုက်သည်။

“ငါခေါ်လာတဲ့လူတွေကလည်း သစ္စာဆိုပြီးသားတွေချည်းပဲ” ယွင်ရာ လည်း ပြောလေသည်။

ဤကဲ့သို့ ကိစ္စကြီးလုပ်ဆောင်ရာတွင် မယုံရသည့်လူများကို ခေါ်မလာနိုင် ပေ။ သစ္စာဆိုထားသူများသည် သူ့ကို သစ္စာမဖောက်နိုင်ပေ။

ထိုကိစ္စများကိုပါ စီစဉ်ထားသည်ကို မြင်သည်နှင့် ရှီမာယူယူသည် စိတ် သက်သာရာရစွာဖြင့် ပြောလိုက်သည် “ဒီကိုဘယ်လိုရောက်လာတာလဲ”

“တခြားနေရာမှာ သွားပြောကြတာပေါ့” ဖေးယိ အကြံပြုလေသည်။

“ဟုတ်ပြီ” နှစ်ပေါင်းများစွာ ခွဲခွာပြီးနောက် သူမသည်လည်း သူတို့နှင့် စကားကောင်းကောင်း ပြောချင်မိသည်။

ယွင်ရာသည် တိုက်ပွဲခြေရာလက်ရာများကို ရှင်းလင်းရန်နေခဲ့သည်။ သူတို့သည် ထွက်လာပြီး စကားပြောရန် တိတ်ဆိတ်သည့်နေရာရှာလိုက်ကြ၏။

“ရှင်မပြောရသေးဘူးနော် ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီနေရာက ရှင်တို့နယ်နိမိတ်နဲ့လည်း မနီးဘူး”

“တကယ်မနီးဘူး” ယွင်ရာပြောလိုက်သည် “ဒါပေမဲ့ အင်ပါယာမြို့ မှာ ဖြစ်ခဲ့တာတွေကို ကြားပြီးတော့ မင်း ဒီကိုရောက်နေတာဖြစ်မယ်လို့ ဖေးယိ ကပဲ အရင်မှန်းမိတာလေ.. ပြီးတော့ ဒီကိုရောက်ရင် ကပ်ဘေးဆိုက်မယ်လို့ ထင်လို့ ဒီကိုလူခေါ်ပြီးလာလိုက်တာပဲ”

“ထင်မထားဘူးပဲ.. ဖေးယိ ရှင့်မှာ ဂမ္ဘီရဉာဏ်ရှိနေသေးတာပဲ” ရှီမာယူယူ ရယ်မောလေသည် “ဒါပေမဲ့ ကျေးဇူးတင်ပါတယ်”

ဖေးယိသည် အနည်းငယ်ရှက်သွားကာ စကားလမ်းကြောင်းပြောင်းလေ သည် “မိန်းကလေး.. မင်းက ဘယ်သွားသွား ပြဿနာဖြစ်စေတာပဲနော်.. ဒီတစ်ခါ စစ်သူကြီးနဲ့ စစ်ဦးစီးကိုတောင် ဖမ်းလိုက်သေးတယ်”

“အဲဒါကလည်း ချင်ဟွမ်လုပ်တဲ့ကိစ္စပဲလေ” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည် “သူသာ ချိပ်စည်းမပြောင်းဘူးဆိုရင် ဒီလိုပြဿနာရှာဖို့ မလို တော့ဘူး”

“ဟုတ်တယ်”

“သေချာတာပေါ့.. သူ လုပ်ခဲ့တဲ့ကိစ္စတွေကြောင့်သာမဟုတ်ရင် ကျွန်မ လည်း မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းလိုမှာမဟုတ်ဘူး.. မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းမလိုရင် ဒီလိုမျိုးတွေလုပ်စရာလည်းမလိုဘူး” ရှီမာယူယူသည် ချက်နှင့်လက်နှင့် ရှင်းပြလေသည်။

“ဒါကတကယ်ပဲ နောက်ဆုံးနည်းလမ်းလား” ယွင်ရာ သူမကို ကြည့် လေသည်။

“သေချာတာပေါ့”

“မင်း ဘာလုပ်နိုင်လဲဆိုတာ ငါမသိပေမဲ့ ဒါက တစ်ခုတည်းသော နည်းလမ်းမဟုတ်နိုင်ပါဘူး.. မင်းက တမင်လုပ်တာပဲဖြစ်မယ်”

“ဟီးဟီး” ရှီမာယူယူ ပြုံးလိုက်သည် “တခြားနည်းလမ်းတော့ရှိပါတယ် ဒါပေမဲ့ ကျွန်မဝမ်းကွဲအစ်ကိုကို အမြဲတမ်းပြဿနာရှာဖို့ ရှောင်ဟော့်ကို ဘယ်သူကပြောလို့လဲ”

“ဒီကောင်မလေးတော့ မင်းလိုမျိုးညီမဝမ်းကွဲရှိတာ ဘယ်လောက် ကောင်းလိုက်လဲ” ယွင်ရာသည် အားကျနေသည်။

“ဘာကောင်မလေးလဲ ကျွန်မက ရှင်တို့ရဲ့ ဆရာဦးလေးပဲ” ရှီမာယူယူ သည် ခေါင်းမော့ထားသည်။

“ဆရာဦးလေးအကြောင်းပြောလက်စနဲ့ မင်း လျှို့ဝှက်ဂိုဏ်းမှာတုန်းက ဒဏ္ဍာရီဖြစ်ခဲ့တာဆို” ဖေးယိသည် သူကြားခဲ့သည်ကို ပြန်တွေးမိလျှင် ခေါင်းခါ မိသည်။

“ဂိုဏ်းထဲက လူတွေအကုန်လုံးက ကျွန်မသိတာတွေကို ကြည့်ချင်လို့ ခေါင်းမာနေကြတာလေ.. အဲနှစ်တွေမှာ အကုန်လုံးကို ဖုံးကွယ်မထားလိုက်မိရင် တော့ အေးအေးချမ်းချမ်းနေခဲ့ရမှာမဟုတ်ဘူး” ရှီမာယူယူ စောဒကတက်လေ သည်။

“အမှန်ပဲ မင်းထွက်သွားပြီးတော့ လျှို့ဝှက်ဂိုဏ်းက ပိုပြီးတက်ကြွလာတာ” ဖေးယိ ပြောလေသည် “မင်းထွက်သွားပြီးတော့ ဂိုဏ်းထဲမှာ မင်းအကြောင်းက ဒဏ္ဍာရီဖြစ်သွားတာလေ.. ဂိုဏ်းထဲကိုအခုမှဝင်လာတဲ့သူတွေကို မင်းကို မတွေ့ လိုက်ရတော့ မင်းကို သူတို့ရဲ့ပန်းတိုင်အဖြစ် ထားနေကြတာ”

“ဂိုဏ်းထဲကကိစ္စတွေကို ဘယ်လိုဖြစ်လို့ အဲလောက်တောင် သိနေတာလဲ” ရှီမာယူယူသည် သိချင်သွားသည်။ သူတို့ ဂိုဏ်းကနေထွက်ခဲ့ပြီးပြီမလား.. ဂိုဏ်း ထဲကကိစ္စတွေကို ဘယ်လိုသိနေတာလဲ။

“ဂိုဏ်းကလည်း အပြင်ကသတင်းတွေလိုတယ်လေ.. အဲဒီတော့ ပြောရ ရင် ငါတို့က လျှို့ဝှက်ဂိုဏ်းကနေ ထွက်သွားတာမဟုတ်သေးဘူး” ယွင်ရာ ပြော လေသည်။

“အဲဒါကြောင့်ကိုး” ရှီမာယူယူသည် အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက် သည်။

“ဘာလို့လဲ” ဖေးယိသည် ရှုပ်ထွေးစွာမေးလိုက်သည်။

“ချင်းဟွမ်က ရှင်တို့ကို စည်းရုံးခဲ့တာကို စဉ်းစားနေတာ… ရှင်တို့ နှစ်ယောက်က အားကောင်းလို့လေ၊ သူ့ကိုငြင်းလိုက်ရင်တောင် သူက ဒီအတိုင်း လက်လွှတ်ပေးမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှင်တို့က လျှို့ဝှက်ဂိုဏ်းနဲ့ အဆက်အသွယ်ရှိနေသေးတာကို သူသိလို့ ရှင်တို့ကို အရှက်ရ စရာကိစ္စတွေမလုပ်တာပဲ”

သူတို့သည် လူစုပြီး သူမကိုလာကယ်ရဲလောက်အောင် ယုံကြည်ချက်ရှိ နေခြင်းကြောင့်လည်းဖြစ်သည်။ လူမမိအောင် အရင်ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော် သိသွားလျှင် သူတို့သည် လျှို့ဝှက်ဂိုဏ်းနှင့် ပတ်သတ်နေလျှင်တောင် အသက်ကိုချမ်းသာပေးမည်မဟုတ်ပေ။

ယွင်ရာနှင့် ဖေးယိတို့နှစ်ယောက်လုံး ရယ်မောလိုက်ကြသည်။ သူမသည် အလွန်လျင်သည်။ တစ်ခါတည်းနှင့် နားလည်သည်။

သူတို့သည် အတန်ကြာအောင် စကားပြောကြသည်။ လူမမိရန်အတွက် ကြာကြာနေရန်လည်းမဖြစ်ပေ။

“ဒီကနေ နယ်စပ်ကို သွားဖို့ဆို ရက်နည်းနည်းပဲလိုတော့တယ်.. လမ်းမှာ ဒီလောက်ကြီးတဲ့ တိုက်ခိုက်မှုတော့ မတွေ့လောက်တော့ပါဘူး” ဖေးယိ ပြော လိုက်သည် “ဒီမှာပဲ လမ်းခွဲကြတာပေါ့”

“ဟုတ်ပြီ”

“မင်း အသူရာငရဲကိုသွားရင် နိုင်ဟဲ့ကိုသွားရှာပါ” ယွင်ရာ ပြောလိုက် သည်။

“နိုင်ဟဲ့ဟုတ်လား.. အဲလူရဲ့နာမည်ကလည်း ထူးဆန်းလိုက်တာ.. သူကလည်း လျှို့ဝှက်ဂိုဏ်းကပဲလား” ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက် သည်။

“ဟုတ်တယ် ငါတို့လိုလူပဲ”

ယွင်ရာ ထိုသို့ပြောလိုက်သည်နှင့် ရှီမာယူယူသည် ထိုလူ၏သရုပ်မှန်ကို သိလိုက်သည်။ ပြီးနောက် သူ ထောက်ခံပေးသူသည် ယုံကြည်ရနိုင်သည်။

“ငါ လုပ်စရာရှိလို့ အဲဒီကိုသွားတုန်းက သူနဲ့တွေ့ခဲ့တယ်.. သူက မင်းကို အတော်လေးစိတ်ဝင်စားနေတာ.. မင်း အသူရာငရဲကိုလာမယ်လို့လည်းသိရော တစ်ခုခုလုပ်စရာရှိရင် သူ့ဆီလာရှာပါတဲ့” ယွင်ရာ ပြောလိုက်သည်။

“ဟုတ်ပြီ သိပါပြီ”

“သတိထားပါ”

“အင်း သိပါပြီ ကျေးဇူးပါ”

ယွင်ရာတို့သည် စကားကျယ်ကျယ်မပြောသော်လည်း သူမအတွက် လမ်း ဖောက်ပေးခဲ့သည်ကို သူမ သိသည်။ ထို့အပြင် ထိုနေရာသည် သူတို့၏နယ်နိ မိတ်မဟုတ်သောကြောင့် မိတ်ဆက်ပေးရုံသာ တတ်နိုင်သည်။

သူတို့သည် ယနေ့ သူမကိုကယ်ရန်လာခဲ့ပြီး လမ်းလည်းဖောက်ပေးခဲ့ သည်။ သူမသည် ဤစေတနာကို စိတ်ထဲတွင် မှတ်ထားလိုက်ပြီဖြစ်သည်။

ယွင်ရာတို့နှင့် လမ်းခွဲပြီးနောက် ရှီမာယူယူသည် အရိပ်မည်းတို့ကို ဝိညာဉ် စေတီအတွင်းတွင် နလန်ထူရန်ပို့လိုက်ပြီး ဝူလင်းယူနှင့်အတူ တစ္ဆေလောကသို့ ပြန်လာခဲ့လိုက်ကြသည်။

နောက်ဆုံးတိုက်ပွဲကြီးသည် ရှောင်ဟော်အတွက် ဆုံးရှုံးမှုကြီးဖြစ်စေ သဖြင့် အခွင့်အရေးနှင့် စွမ်းအားရှိသေးမည်မဟုတ်ပေ။ ထို့ကြောင့် နောက်ပိုင်း ခရီးကို တိုက်ခိုက်မည့်အရိပ်အယောင်ပင် မတွေ့ရသဖြင့် တည်ငြိမ်စွာပင် လျှောက်လာလိုက်သည်။

သူမ ပြန်လာသည်ကို ဒိကျဲ့သိသည်နှင့် လုပ်လက်စများကို ချပြီး မြို့တံခါး သို့လာကြိုပေးသည်။

“နောက်ဆုံးတော့ ပြန်လာပြီပဲ.. ခဏနေလို့မှမလာသေးရင် ငါ လာသတ် တော့မလို့” ဒိကျဲ့သည် ထိုသို့ပြောနေသော်လည်း စိတ်အေးသွားသည်။

“ကျွန်မသတင်းတွေလည်း ကြားမှာပဲ အဲဒါကို ဘာတွေစိတ်ပူနေတာလဲ” ရှီမာယူယူ ရယ်မောလိုက်သည်။

“ငါ သိပေမဲ့ မကူညီနိုင်လို့လေ အဲဒါကြောင့် ပိုစိတ်ပူတာ” ဒိကျဲ့ ပြော လိုက်သည်။

အထူးသဖြင့် သူမကို လိုက်သတ်သည်ဟု ကြားရသော်လည်း သွားမကယ် နိုင်သဖြင့် ပို၍စိတ်ပူမိသည်။

“ဒီလုပ်ငန်းစဉ်က အန္တရာယ်များပေမဲ့ ရလဒ်ကောင်းလို့တော်သေးတယ်” ရှီမာယူယူသည် အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းထုတ်လိုက်ရာ ဒိကျဲ့သည် အောက်ဘက်မှ ‘အနောက်’ ဆိုသည့် စာလုံးကိုမြင်သည်နှင့် ရယ်မောလိုက် သည်။

“ဒါနဲ့ဆိုရင် အံ့ဖွယ်ချိပ်စည်းသုံးခု စုပြီးသွားပြီ”

“ဟုတ်တယ်” ရှီမာယူယူလည်း ပျော်ရွှင်နေသည် “အခု တောင်မျက်နှာ အံ့ဖွယ်ချိပ်စည်းပဲလိုတော့တယ်”

ဒိကျဲ့သည် သူမစကား၏ အဓိပ္ပာယ်ကိုသိသဖြင့် အကြံပေးလိုက်သည် “မသွားခင် အနားယူလိုက်ဦး”

***

All Chapters