← Chapters

လွင်တီးခေါင်မြေ

Vol. 150 Ch. 2100

လွင်တီးခေါင်မြေ

Vol. 150 Ch. 2100

ရှီမာယူယူသည် တဒင်္ဂမျှထိတ်လန့်သွားသည်။ ဒါက.. အသူရာငရဲကို ဝင် တာနဲ့ သူတို့ကိုဓားပြတိုက်ခံရတော့မလို့လား။

သူမနှင့် ဝူလင်းယူတို့ လှည့်ကြည့်လိုက်ရာ လူမိုက်ဒါဇင်ခန့်သည် သူတို့ ဆီသို့ ခြိမ်းခြောက်ပုံဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသည်။

“ငါ ကြီးလာပြီးမှ ဓားပြတိုက်တာခံရတာ ပထမဆုံးအကြိမ်ပဲ၊ တော်တော် လေးလန်းဆန်းတာပဲ” ရှီမာယူယူသည် အနည်းငယ် စိတ်လှုပ်ရှားလာကာ မျက်လုံးများ အရောင်တောက်သွားသည်။

“အမှန်ပဲ တကယ်ပဲ လန်းဆန်းတဲ့ခံစားချက်ပဲ” ဝူလင်းယူသည် အရင်က ဓားပြမတိုက်ခံရဖူးပေ။ သူတို့ကိုတောင် ဓားပြတိုက်ရဲတယ်.. တော်တော်ကို သတ္တိရှိလှပါလား။

ထိုလူများသည် သေတော့မည်ကို မသိကြသေးပေ။

“မင်းတို့ရဲ့ ဝိညာဉ်ပစ္စည်းတွေအကုန်ပေးရင် အသက်ချမ်းသာပေးမယ် မြန်မြန်လုပ်ကြ.. နောက်တစ်ခါထပ်မပြောရစေနဲ့”

ရှီမာယူယူ ပြုံးလိုက်သည် “ဟုတ်လား.. ငါ့အသက်ကိုယူချင်တဲ့ နောက်ဆုံးလူကတော့ တန်ဖိုးအကြီးကြီးပေးဆပ်လိုက်ရတယ်.. မင်းကလည်း အဲဒီလမ်းကိုလိုက်ချင်တာလား”

“ကောင်မလေး စကားကိုလျှာအရိုးမရှိတိုင်းမပြောနဲ့.. မုန်တိုင်းက မင်း လျှာကို ဖြတ်သွားလိမ့်မယ် သတိထားနေ”

“ဒါဆိုလည်း ဘယ်သူ့လျှာအဖြတ်ခံရမလဲကြည့်ကြတာပေါ့” ရှီမာယူယူ ပြောပြီးနောက်တွင် ထိုလူများကို တိုက်ခိုက်လေသည်။

လျှပ်တပြက်သွားရင်း သတ်ဖြတ်သည်.. လျှပ်တပြက်သွားရင်း သတ်ဖြတ် သည်.. အရှိန်မှာလျင်မြန်လွန်းသဖြင့် သူမ၏ပုံရိပ်နှင့် နည်းစနစ်ကိုပင် ရှင်းရှင်း လင်းလင်းမမြင်လိုက်ရဘဲ အသတ်ခံလိုက်ရတော့သည်။

အစမှအဆုံးထိ ဝူလင်းယူသည် တစ်ချက်မှမလှုပ်ပေ။

ရှီမာယူယူသည် သူမ၏ အံ့ဖွယ်အသိစိတ်ကို ခေါင်းဆောင်၏ အသိစိတ် ပင်လယ်ထဲသို့ ထည့်ပြီး သူ့မှတ်ဉာဏ်များကို ဖတ်လိုက်သည်။

“ဒီလောက်အားလေးနဲ့ မင်းတို့ ဓားပြထွက်တိုက်တာကိုပဲ ရှက်ဖို့ကောင်း နေပြီ.. မင်းတို့အဘိုးရဲ့ မျက်နှာပျက်အောင်လုပ်နေကြတာပဲ” သူမသည် ထိုလူ ကိုလွှတ်လိုက်ရာ အလောင်းသည် မီးခိုးမည်းအဖြစ်ပြောင်းပြီး ပျောက်ကွယ် သွားလေသည်။

“မိုယွိသင်ပေးထားတဲ့ ဝိညာဉ်ထောင်ချောက်သိုင်းပညာက ကောင်းသား ပဲ” ဝူလင်းယူ ပြောလေသည်။

“ကျွန်မလည်း ကောင်းတယ်လို့ထင်တယ်” ရှီမာယူယူသည် ပြုံးပြီးပြော လေသည် “အဲလူတွေက ဝိညာဉ်နယ်မြေမှာမနေနိုင်ဘဲ အသူရာငရဲမှာ ဓားပြ တိုက်ဖို့ဖိအားပေးခံရတာပဲ.. သူတို့က ဒီကိုရောက်တာမကြာသေးဘူး အဲဒါ ကြောင့် သူတို့မှာလည်း သတင်းအများကြီးမရှိဘူး…”

“မရှိလည်း ကိစ္စမရှိပါဘူး.. အတွင်းပိုင်းကို ဝင်တာနဲ့အလိုလိုသိရမှာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“အင်း” ရှီမာယူယူသည်လည်း စိတ်မပျက်ပေ။ အရေးကြီးသတင်းရသည့် ကိစ္စမျိုးသည် ဝိညာဉ်နယ်မြေတွင် မကြာခဏဖြစ်လေ့မရှိပေ။ “တောင်မျက်နှာ အံ့ဖွယ်ချိပ်စည်းက မုလန်ရဲ့လက်ထဲမှာပဲ.. အခု မုလန်ရဲ့ သဘောထားဘယ်လို ရှိလဲဆိုတာ မသိသေးဘူး.. အခုကအရင်သွားပြီး အခြေအနေကြည့်ရမှာပဲ”

“အခုအင်ပါယာမြို့တော်ကို သွားမှာလား” ဝူလင်းယူမေးလိုက်သည်။

ရှီမာယူယူသည် အင်ပါယာမြို့တော်နှင့် ဆန့်ကျင်ဘက်ကိုကြည့်ပြီး တိုးညင်းစွာ ပြောလိုက်သည် “ဟင့်အင်း တခြားနေရာကိုအရင်သွားမယ်”

ဝူလင်းယူသည် သူမ မျက်နှာပျက်သွားသည်ကို မြင်သောအခါ သူမ သွား မည့်နေရာကိုသိလိုက်သည်။

နှစ်လကြာပြီးနောက် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ခြောက်ကပ်နေ သည့် တောင်သို့လာကြသည်။ သူတို့သည် တောင်အဝင်ပေါက်ကို အတားအဆီး ဖြင့် ကာလိုက်ကြသည်။

မည်းနက်နေသော မြေပြင်တွင် အပင်များမရှိသလို သတ္တဝါတစ်ကောင်မှ လည်းမရှိပေ။ အရာအားလုံးမှာ နှုတ်ဆိတ်နေသည်ဟု ပြော၍ရသည်။ အကြောင်းကိစ္စတချို့ကြောင့် ဤနေရာမှ အပူချိန်သည် အလွန်မြင့်မားသည်။ တောင်ပေါ်တွင် ရပ်လျှင်တောင် မီးမြှိုက်သကဲ့သို့ အပူချိန်ကိုခံစားရလေသည်။

“ဒီနေရာက အမေအချုပ်ခံထားရတဲ့နေရာပဲ ခြောက်ကပ်လိုက်တာ” ရှီမာ ယူယူ ရေရွတ်လိုက်သည် “အရမ်းပူတာပဲ.. အမေက ဒီလိုနေရာမှာ နှစ်ပေါင်း ရာချီအချုပ်ခံထားရတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ”

“မကြာခင်ပြီးသွားတော့မှာပါ” ဝူလင်းယူသည် သူမ၏ ပခုံးများကို ဆွဲပြီး နှစ်သိမ့်ပေးလေသည်။

“အင်း သိပ်မကြာတော့ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် တောင်မျက်နှာအံ့ဖွယ် ချိပ်စည်းကိုတော့ ရအောင်လုပ်ရမယ်” ရှီမာယူယူသည် စိတ်ပိုင်းဖြတ်ထားပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

“မင်း ဝင်ချင်လို့လား” ဝူလင်းယူ မေးလိုက်သည်။

“ဖြစ်နိုင်လား.. ဒါပေမဲ့ ဒီအတားအဆီးကို မတိုက်ခိုက်ရဲဘူး အမေ့ကို ထိခိုက်သွားရင် ပိုဆိုးသွားလိမ့်မယ်” ထို့ကြောင့် သူတို့ မတွေးသေးသည်က ပို ကောင်းမည်။

“စမ်းကြည့်လေ.. မင်းအဘိုးလည်း ဝင်နိုင်တာပဲ.. ဖြစ်နိုင်မယ်လို့ ထင် တယ်” ဝူလင်းယူသည် ရှေ့ဆက်လျှောက်သွားရာ အတားအဆီးတစ်ခုသည် သူ့ ကို တားဆီးထားသည်။ သူ လက်ဆန့်ထုတ်ပြီး အတားအဆီးကို ထိတွေ့လိုက် သော်လည်း သူ့ကို တိုက်ခိုက်ခြင်းမရှိပေ။

ထိုအတားအဆီးသည် လူများကို တားဆီးရန်သာဖြစ်ပြီး တိုက်ခိုက်ရန် မဟုတ်သည့်ပုံပင်။

ဝူလင်းယူသည် ရှီမာယူယူကို နောက်လက်တစ်ဖက်ဖြင့် ဆွဲလိုက်သည်။ သူဘာလုပ်လိုက်သည်မသိပေ.. အဖြူရောင်အလင်းတန်း ရုတ်တရက် ပေါ်လာ ပြီး ရှီမာယူယူသည် မူးဝေသွားရာ အလိုလိုမျက်စိမှိတ်မိလေသည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်ပျံသွားသည်ကို ခံစားလိုက်ရသည်။

သူမ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် နှစ်ယောက်မှာ အတားအဆီးအတွင်း ရောက်နေပြီဖြစ်သည်။

“အဟွတ် အဟွတ်”

ဝူလင်းယူသည် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်သည်။ သူ၏ အသားအရေမှာ မကောင်းလှသည်ကို ရှီမာယူယူမြင်သောအခါ စိုးရိမ်တကြီးမေးလိုက်သည် “လင်းယူ ဘယ်လိုနေလဲ”

ဝူလင်းယူသည် သူ၏အခြေအနေကို ဖုံးကွယ်ခြင်းမပြုဘဲ အားနည်းစွာ ဖြင့် ပြုံးပြလေသည် “ဒီအတားအဆီးက ချိပ်စည်းနဲ့ဆက်စပ်နေတာဖြစ်မယ်.. အဲဒါကြောင့် အားကောင်းနေတာပဲ.. ဒါပေမဲ့ ရပါတယ်.. ဒီလောက်ကတော့ ကိုယ်ခံနိုင်ရည်ရှိပါတယ်”

“ဝိညာဉ်စေတီထဲသွားပြီး အားပြန်ဖြည့်မလား”

“မလိုဘူး.. ဒီမှာဘယ်လိုအန္တရာယ်တွေရှိမလဲမသိဘူး.. မင်းကို ဒီမှာ တစ် ယောက်တည်းထားသွားရမှာ စိတ်မချဘူး” ဝူလင်းယူ ငြင်းဆန်လိုက်သည်။

ရှီမာယူယူသည် ရင်ထဲထိသွားသည်။ သူ့လက်ကိုဆုပ်ကိုင်ပြီး ဝိညာဉ် စေတီအတွင်းသို့ ခေါ်သွားလိုက်သည် “အရင်အနားယူလိုက်ဦး ဘယ်လိုပဲဖြစ် ဖြစ် ဒီကိုရောက်နေပြီဆိုတော့ ရက်နည်းနည်းလောက်နားက ဘာအရေးလဲ”

သူမသည် သူ့ကိုအကြီးအကဲဖြူဆီခေါ်သွားရာ အကြီးအကဲဖြူသည် သူ့ကို ကြည့်ပေးလေသည်။ အကြီးအကဲဖြူသည် သူ့ကိုအဆီအနှစ်အနည်းငယ် ပေးပြီးနောက် သူ့သစ်ပင်အောက်တွင် တရားထိုင်စေသည်။

“ဒီမှာပြန်အားဖြည့်လိုက်ဦး အဖေနဲ့သွားစကားပြောလိုက်ဦးမယ်” ရှီမာယူ ယူသည် သူ့ကို မြေပေါ်ချပေးလိုက်သည် “စိတ်မပူပါနဲ့ ရှင်စိတ်အေးသွားမှ ကျွန်မ အပြင်ထွက်မှာပါ”

“ဟုတ်ပြီ” အသူရာငရဲတွင် အန္တရာယ်များသည့် နေရာများစွာရှိသည်ဟု ဝူလင်းယူ ခံစားရသည်။ ပြီးနောက် ဒဏ်ရာရနေသည့်သူ့အတွက်လည်း မကောင်းနိုင်ပေ။ ပြီးနောက် သူမ ပြောသည့်အတိုင်းပင် သူမလည်း တစ်ယောက်တည်း သွားမည်မဟုတ်ပေ။ ထိုအကြောင်းတွေးပြီးနောက် သူ စိတ်အေးသွားကာ ဒဏ်ရာများကို အာရုံစိုက်ကုသလေသည်။

ရှီမာယူယူသည် သူမကိုကျောပေးထားပြီး စာအုပ်ဖတ်နေသည့် ရှီမာ လျူရွှမ်ဆီသို့ သွားလိုက်သည်။ လွှင့်နေသည့် သူ၏ ဆံပင်ဖြူများကိုကြည့်ပြီး သူ သည် မိခင်ဖြစ်သူကိုရှာရန် တစ္ဆေမြို့တော်တွင် ဆယ်စုနှစ်ကြာအောင် ပိတ်မိ နေခဲ့သည်ကို ပြန်တွေးမိပြန်သည်။ သူသည် ဆံပင်များဖြူသွားသည့်တိုင်အောင် မိခင်ဖြစ်သူကိုတော့ မရှာနိုင်ခဲ့ပေ။ သူမ၏ နှလုံးသားများနာကျင်မသိသည်။

ယခုစဉ်းစားကြည့်လျှင် ထိုစဉ်က သူလုပ်ခဲ့သည့်အရာမှာ မိုက်ရူးရဲဆန် သည်။ သို့သော် ထိုအရာသည် သူမကိုမျက်ရည်ကျစေသည်။

ရှီမာလျူရွှမ်သည် တစ်စုံတစ်ယောက်လာနေသည်ကို အာရုံခံမိရာ လှည့် လိုက်သည့်အချိန်တွင် သူမ၏ မျက်ရည်ဝဲနေသော မျက်လုံးများကို မြင်လိုက်ရ သည်။ သူသည် မျက်မှောင်အသာကြုတ်လိုက်သည် “လင်းယူက သမီးကို အနိုင် ကျင့်လို့လား”

“မဟုတ်ပါဘူး” ရှီမာယူယူသည် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ် လိုက်သည် “သူက ဘယ်လိုလုပ်သမီးကိုအနိုင်ကျင့်မှာလဲ”

“ဘာဖြစ်ခဲ့တာလဲ အပြင်မှာ ဘာဖြစ်လို့လဲ” ရှီမာလျူရွှမ်သည် လေးနက် သောမျက်နှာနှင့် လက်ထဲမှစာအုပ်ကိုချလိုက်သည်။ သူမကို တစ်စုံတစ် ယောက်မှအနိုင်ကျင့်လျှင် သူအပြင်ထွက်ပြီး ထိုလူကိုရှင်းပစ်မည်။

ရှီမာယူယူလျှောက်သွားပြီး သူ့ဘေးတွင်ထိုင်လိုက်သည်။ ပြီးနောက် ပြုံး ပြီးပြောလိုက်သည် “အဖေ နောက်ဆုံးတော့ အမေ့ကိုတွေ့ရတော့မယ်”

“ဘာပြောလိုက်တယ်” ရှည်ကြာစွာစောင့်ခဲ့ရသည့် အခိုက်အတန့်မှာ နောက်ဆုံးတွင် ရောက်လာချေပြီ။ ရှီမာလျူရွှမ်သည် သူ့နားကိုပင် မယုံနိုင်ပေ။

“အချုပ်ခံထားရတဲ့နေရာကို ရောက်နေပြီ.. အမေရှိတဲ့နေရာကို ရက် နည်းနည်းလောက်ပဲသွားရတော့မှာ” ရှီမာယူယူ ရှင်းပြလိုက်သည် “ဒါပေမဲ့ တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းကို မရသေးဘူး အဲဒါကြောင့် အမေ့ကို မကယ် နိုင်သေးဘူး”

“သမီးအမေ.. သမီး…” ထိုသတင်းမှာ အံ့အားသင့်လောက်စရာဖြစ်နေရာ မည်သည့်စကားပြောရမည်ကို မသိတော့ပေ။

“လင်းယူက အတားအဆီးကိုဝင်လာတုန်းက ဒဏ်ရာရသွားတယ်.. အဲဒါ ကြောင့် သူ အရင်ဆုံးနလန်ထူနေတယ်” ရှီမာယူယူသည် သူသိချင်နေသည့် အရာကိုသိသဖြင့် ရှင်းပြလိုက်သည် “အဘိုးက ဒီနေရာက အခြေအနေကို ဘာမှ ရှင်းမပြလိုက်ဘူး.. အဲဒါကြောင့် နောက်ပိုင်းဘာဖြစ်မယ်ဆိုတာ မသိဘူး ဒါပေမဲ့ ဒီမှာအန္တရာယ်မရှိလို့ အဖေ့ကိုအရင်လာပြောတာပါ”

“ကောင်းတယ် ကောင်းတယ်” ရှီမာလျူရွှမ်သည် ပြောပြီးနောက် ရှီမာယူ ယူကို စိတ်အေးစွာဖြင့် ကြည့်လိုက်သည် “ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်.. သမီးအတွက်ခက်ခဲမှာပဲ”

သူသည် သူမတွင်ဖြစ်ခဲ့သည့်အရာများ အားလုံးကိုမသိသော်လည်း ထိုနှစ် များတွင် သူမ ဖြတ်ကျော်ခဲ့သည့်အရာများ မည်မျှများပြားသည်ကို သူ သိ၏။

ရှီမာယူယူသည် သူ့လက်ကိုချိတ်ပြီး ပခုံးပေါ်မှီလိုက်သည် “အမေ့ကို ကယ်နိုင်မယ်ဆိုရင် မပင်ပန်းပါဘူး”

***

All Chapters