← Chapters

သားအမိနှစ်ယောက်တွေ့ဆုံခြင်း

Vol. 151 Ch. 2101

သားအမိနှစ်ယောက်တွေ့ဆုံခြင်း

Vol. 151 Ch. 2101

သူမ ထိုအကြောင်းကို စဉ်းစားမိသည့်အခါလည်းရှိသည်။ သူမ လမ်းတစ် လျှောက်လုံးကြုံတွေ့ခဲ့ရသည်များသည် ခါးသက်နေသည်လား။

အဖြေမှာ သေချာပေါက် ရက်စ်ပင်။ လျှို့ဝှက်ဂိုဏ်းတွင် လေ့လာသည်ကို ပါ ထည့်ပေါင်းလိုက်လျှင် ယခုနှစ်များတွင် သူမသည် ကိစ္စအမျိုးမျိုးကြောင့် အလုပ်များနေခဲ့ပြီး အနားယူရန်အချိန်နည်းပါးခဲ့သည်။

သို့သော် သူမ နောင်တရသည်လား။

သူမ ဘယ်သောအခါမှ နောင်တမရပေ။ ကံကောင်းစွာပင် သူမ၏ အားစိုက်ထုတ်မှုကို ဆုချလာသည်။ သူမသည် အောင်မြင်မှုလမ်းစကို မြင်လာရ သည်။

“အဖေ ဒီမှာစောင့်နေနော်.. သမီးအမေ့ကိုတွေ့တာနဲ့ အဖေ့ကိုအပြင် ထုတ်ပြီးတွေ့ခိုင်းမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဖေလည်း သမီးနဲ့အတူသွားမယ်” ရှီမာလျူရွှမ် တောင်းဆိုလေသည်။

“အဖေ.. အပြင်မှာ ဘယ်လိုတွေဖြစ်နေလဲဆိုတာ သမီးမသိဘူး.. အဖေ ထွက်သွားရင် အရမ်းအန္တရာယ်များတယ်.. မဟုတ်ရင်…” ရှီမာယူယူသည် သူ သူမကိုကြည့်သည့် အကြည့်ကိုမြင်သောအခါ မှိုင်တွေပြီး အသံတိုးဝင်သွား၏။ ဝိညာဉ်စေတီအတွင်းရှိ အချိန်သည် အပြင်လောကထက် အချိန်ကုန်နှေးသည်။ သူမအမေကိုရှာရန် အပြင်တွင် ရက်အနည်းငယ်လိုသော်လည်း ဤနေရာတွင် တော့ ရက်ပေါင်းဆယ်ချီကြာလိမ့်မည်။ ထိုအရာသည် သူ့အတွက် ဒုက္ခပင်ဖြစ် သည်။ “ဒါဆိုရင် သမီးတို့နဲ့အနီးကပ်နေရမယ်.. အန္တရာယ်ရှိလာရင် အဖေ့ကို ချက်ချင်းပြန်ခိုင်းမယ်”

“ဟုတ်ပါပြီ” ရှီမာလျူရွှမ် သဘောတူလိုက်သည်။

ဝိညာဉ်စေတီအတွင်းတွင် ၁၀ ရက်ကျော်မျှနေပြီးနောက် ဝူလင်းယူ၏ ဒဏ်ရာသည် အရှင်းပျောက်သွားသည်။ ဝိညာဉ်များအပေါ် အကြီးအကဲဖြူ၏ သက်ရောက်မှုမှာ ကောင်းလွန်းသည်ဟု ပြောရမည်။

သူတို့သုံးယောက်သည် ဝိညာဉ်စေတီမှ ထွက်ခဲ့ကြသည်။ ခြောက်သွေ့ပြီး လွင်တီးခေါင်ဖြစ်နေသော တောင်ထိပ်ကို ရှီမာလျူရွှမ်မြင်လိုက်ရသည်။ ဤ နေရာတွင် ယွိခဲ့လော့အချုပ်ခံထားရသည်ကိုတွေးမိသည်နှင့် သူ့ရင်များနာကျင် မိသည်။

အစက သူမသည် သူတို့အတွက်တစ္ဆေလောကသို့ပြန်ခြင်းဖြစ်သည်။ သူမ သည် သူတို့၏ခံစားချက်ကို သစ္စာဖောက်လိုခြင်းအလျင်းမရှိပေ။ ထို့ကြောင့် ဤကဲ့သို့နေရာတွင် အချုပ်ခံလိုက်ခြင်းဖြစ်သည်။

အရာအားလုံးမှာ သူ သူမကိုကာကွယ်နိုင်ရန် အင်အားမရှိသောကြောင့် ပင်။ သူသည် ခံစားချက်များ အပြင်သို့မထွက်လာစေရန် မျက်လုံးမှိတ်လိုက် သည်။

ရှီမာယူယူသည် သူ၏ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေပုံကိုမြင်သောအခါ သူ့လက်ကိုကိုင်ပြီး ပြောလေသည် “အဖေ သွားရအောင် သမီးတို့ဒီရောက်နေပြီ ဆိုတာ အမေမသိသေးဘူး.. သူမ လန့်သွားလောက်မှာပဲ”

အတိတ်ကိုချန်ထားခဲ့ကာ အနာဂတ်ကိုသာ မျှော်ကြည့်သင့်သည်။

သူသည် ရှီမာယူယူအား ခေါင်းညိတ်ပြသည် “သွားမယ်”

သူတို့သည် တောင်တန်းများ၏ အလယ်ကို လျှောက်လာကြသည်။ သူမ ၏ မိခင်ကို တောင်အလယ်ပိုင်းတွင် ချုပ်ထားသည်ဟု အဘွားပြောခဲ့သည်။ သူတို့သာ အလယ်ဆီသို့ လျှောက်သွားလျှင် သူမကို တွေ့လျှင်တွေ့နိုင်သည်။

သူတို့အထဲကို ဝင်လေလေ အပူချိန်မြင့်တက်လေလေဖြစ်သည်။ ဝူလင်းယူသည် သန်မာကာ မရဏာလောက၏ စွမ်းအားကို ခံနိုင်သည်။ ရှီမာ လျူရွှမ်သည် အစကတည်းကပင် မီးအရည်အချင်းရှိသဖြင့် ၎င်းမှာသူ့အတွက် ဘာမှမဟုတ်ပေ။ အဆိုးဆုံးမှာ ရှီမာယူယူဖြစ်သည်။ သူမသည် လက်ရှိတွင် ဝိညာဉ်အနေအထားဖြစ်သောကြောင့် မီးသည်သူမ၏ ရန်သူဖြစ်သည်။ သူမ သည် သန်မာလှသည်မဟုတ်သောကြောင့် နောက်ဆုံးတွင် ငှက်ပေါက်စကို ခေါ်ထုတ်ပြီး အပူချိန်ကိုကာကွယ်ခိုင်းရသည်။

“ဒီကအပူချိန်က အရမ်းထူးဆန်းတာပဲ.. ဒီမှာတစ်ခုခုရှိမယ်ထင်တယ်” ရှီမာလျူရွှမ် ပြောလိုက်သည်။

“မီးက တစ္ဆေတွေကို ခုခံနိုင်တဲ့သက်ရောက်မှုရှိတယ်.. အမေက ဒီမှာဆို တော့ သူမ အပူကိုခံနိုင်ရည်ရှိပါ့မလားမသိဘူး” ရှီမာယူယူသည် ယွိခဲ့လော့ကို စိုးရိမ်လျက်ရှိသည်။

ရှီမာလျူရွှမ်သည်လည်း စိုးရိမ်လျက်ရှိသည်။ သူတို့သုံးယောက်သည် အရှိန်မြှင့်ကာ အလယ်ပိုင်းသို့ဆက်သွားကြသည်။ သူမ အလယ်ပိုင်းရှိတောင်သို့ ရောက်ချိန်တွင် မီးတောင်ပြာများကိုတွေ့လိုက်ရသည်။ ပူလောင်နေရသည့် အကြောင်းအရင်းကို သူမ သိသွားလေပြီ။

မီးတောင်ရှိနေခြင်းကြောင့်ပင်။

သူတို့သည် မီးတောင်ကို ပတ်သွားပြီး ပတ်ပတ်လည်မှ အတက်အကျကို အကဲဖြတ်လိုက်သည်။ ဤနေရာ၏ အချုပ်ခန်းမှာ မီးတောင်ပေါ်တွင်ရှိသည်။

“အမေက မီးတောင်ထဲမှာ အချုပ်ခံထားရတာပဲ.. ဒီချိပ်စည်းက ဘယ်လို ပုံရှိမလဲမသိဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဆင်းသွားပြီးကြည့်လိုက်ရင် သိမှာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“ဟုတ်တယ်” ရှီမာလျူရွှမ် ခံနိုင်ရည်ရှိပါ့မလားဟု ရှီမာယူယူ အနည်းငယ် စိုးရိမ်မိသည်။ သို့သော် ဝူလင်းယူသည် ကာကွယ်ရေးအလွှာဖြင့် သူတို့သုံး ယောက်ကို ဝိုင်းပတ်လိုက်သည်။

“ကျွန်မက မလိုပါဘူး ငှက်ပေါက်စရှိရင် ဒီကျောက်ရည်ပူနဲ့မီးတောက် တွေက ကျွန်မကိုထိခိုက်အောင်မလုပ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဖေ့ကိုပဲ ကာကွယ်ပေးပါ”

ကာကွယ်ရေးအလွှာကြီးလေလေ စွမ်းအားပိုသုံးရလေလေဖြစ်သည်။ ကာကွယ်ရေးအလွှာသေးလျှင် ဝူလင်းယူဖိအားလျော့သွားသဖြင့် ရှီမာလျူရွှမ် ကို ကာကွယ်လိုက်သည်က ပိုကောင်းသည်။

ဝူလင်းယူသည် ခေတ္တမျှစဉ်းစားပြီးနောက် သူနှင့် ရှီမာလျူရွှမ်ကိုသာ ကာကွယ်ပေးလောက်မည့် ကာကွယ်ရေးအလွှာအဖြစ် လျော့ချလိုက်သည်။

“ဆင်းသွားရအောင်” ရှီမာယူယူ ပြောပြီးသည်နှင့် သူမအရင်ခုန်ဆင်း လိုက်သည်။

ဝူလင်းယူနှင့် ရှီမာလျူရွှမ်တို့သည် အနောက်မှလိုက်ကြသည်။

သူတို့ မီတာရာချီဆင်းပြီးနောက် ကျောက်ရည်ပူအရိပ်အယောင်ကို မြင်လိုက်ရသည်။ ရှီမာယူယူသည် ပတ်ပတ်လည်ကို ကာကွယ်ရေးဒိုင်းကာကို ဖန်တီးပြီးနောက် ဆင်းလိုက်သည်။

သူမသည် လမ်းဖောက်လိုက်သည်။ ငှက်လေးနှင့် ကျောက်ရည်ပူတို့ ထိ တွေ့သောအခါ ပတ်ပတ်လည်အား အလိုလိုပင် လမ်းဖောက်ပြီးသားဖြစ်ကာ သူမအတွက် လမ်းဖန်တီးပေးလေသည်။

ရှီမာယူယူသည် အလွန်ပင် အံ့ဩနေသည်။ ထိုကျောက်ရည်ပူများသည် ရှောင်ရှားရမည်ကို သိကြသည်။ သူတို့တွေမှာ မွေးရာပါ ဝိညာဉ်အသိစိတ်များ ရှိနေကြတာလား။

သို့သော် ထိုအကြောင်းကို တွေးနေရန်အချိန်မရှိပေ။ သူမ၏ စွမ်းအားကို မမျှော်လင့်ဘဲ ဖြစ်လာမည့် အခြေအနေအပေါ်တွင် မြှုပ်နှံထားရမည်။

ကံကောင်းစွာပင် လမ်းတစ်လျှောက်တွင် ဘာမှမဖြစ်ခဲ့ပေ။ သူမ မည်မျှ ကွာဝေးသည်အထိ ကျလာသည်မသိပေ။ သို့သော် အောက်ဆင်းလေလေ တစ်စုံတစ်ရာ ထူးခြားသည်ကို ခံစားမိလာသည်။

ဝူလင်းယူနှင့် ရှီမာလျူရွှမ်တို့သည် မည်သည့်အဟန့်အတားမှမရှိဘဲ သူမ နောက်သို့လိုက်လာသည်။ သို့သော် အပေါ်မှလိုက်လာခြင်းဖြစ်သည်။

“အောက်မှာ နေရာတစ်ခုတွေ့တယ် အမေ့ကိုချုပ်ထားတဲ့နေရာဖြစ်မယ် ရှေ့မှာအတားအဆီးတစ်ခုရှိသလိုပဲ” ရှီမာယူယူသည် အတားအဆီးပေါ်သို့ ကျ သွားသည်နှင့်ပြောလိုက်သည်။ အစက သူမ ပိတ်ပင်လိမ့်မည်ဟု ထင်ထား သော်လည်း အတားအဆီးသည် သူမကို လမ်းဖောက်ပေးလေသည်။

ဒီအတားအတီးကလည်း ငှက်ပေါက်စကို ကြောက်တာလား။ သူမသည် နားမလည်နိုင်ဖြစ်နေသည်။ သို့သော် သူမ စဉ်းစားနေရန်အချိန်မရှိပေ။ သူမ သည် တွင်းနက်သို့ကျလာခဲ့သဖြင့် သူမကျပြီးသည်နှင့် အပေါ်မှ အတားအဆီး သည် ပိတ်သွားပြီး ဝူလင်းယူနှင့် ရှီမာလျူရွှမ်တို့ကို တားဆီးထားလေသည်။

သူမသည် အပေါ်တက်ပြီး ရှီမာလျူရွှမ်တို့ကို သွားခေါ်ရန်ဟန်ပြင်သော် လည်း ရုတ်တရက် အသံတစ်ခုမှနှောင့်ယှက်လေသည်။

“ဘယ်သူလဲ”

အမှောင်ထဲတွင် ထိုအသံသည် အက်ကွဲပြီးအားနည်းနေသည်။ ရှီမာလျူ ရွှမ် ဖော်ပြခဲ့သကဲ့သို့ သာယာမနေပေ။

ဤကဲ့သို့ ပတ်ဝန်းကျင်တွင် ရှည်ကြာစွာနေလာခဲ့ရာ သူမ၏ လည်ချောင်း များ အက်ကွဲသွားလေပြီ။

ရှီမာယူယူ၏ မျက်ရည်များမှာ ရုတ်တရက် ကျလာသည်။ သူမ၏ မိခင် သည် အဘွားဖြစ်သူတို့ ပြောသကဲ့သို့ လွတ်လပ်စွာ အကျဉ်းကျနေခြင်းမဟုတ် ပေ။

ယွိခဲ့လော့သည် တစ်စုံတစ်ရာကို အာရုံခံမိသည်နှင့်တူသည်။ အမှောင်ထဲ တွင် အစောက အသံကြားလိုက်သည့်နေရာကို မျက်လုံးပြူးကြည့်ပြီး တစ်စုံ တစ်ရာကိုမြင်အောင်ကြိုးစားနေသည်။

“ဖောက်”

အလင်းခပ်ဖျော့ဖျော့သည် ထိုနေရာတွင်ပေါ်လာသည်။ ကံကောင်းစွာပင် မီးမှာအလွန်အားပျော့သဖြင့် အလင်းကိုကြာမြင့်စွာမမြင်ခဲ့ရသည့် ယွိခဲ့လော့၏ မျက်လုံးကို အထိအခိုက်မရှိပေ။

အလင်းမှာ မတောက်သော်လည်း တစ်ယောက်နှင့်တစ်ယောက်ကို ရှင်းလင်းစွာမြင်နေရသည်။

ရှီမာယူယူသည် ယွိခဲ့လော့၏ အားပျော့နေသောပုံရိပ်၊ ချောင်ကျနေသော ပါးပြင်၊ ဖူးယောင်နေသော မျက်လုံးများကို မြင်သောအခါ မျက်ရည်များ အဆက်မပြတ်ကျလာလေသည်။

သူမ စိတ်ဒုက္ခရောက်သည်နှင့်ယှဉ်လျှင် ယွိခဲ့လော့သည် မှင်တက်နေ၏။ သူမသည် ရှီမာယူယူကိုကြည့်ပြီး ထကာ စကားပြောသဖြင့် ရှေ့သို့တိုးလာ သည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းပြီးနောက် အားတစ်ခုကြောင့် နောက်ပြန်ဆုတ်သွားသည်။ သူမ ထကာ ထပ်လျှောက်ရန်ကြိုးစားသည်။ သို့သော် ရှီမာယူယူ ခေါင်းခါပြသည်ကိုမြင်ပြီးနောက် ရပ်လိုက်သည်။

“ယူယူ သမီးက ယူယူမလား” သူမသည် ရှီမာယူယူကို ကြည့်ပြီး ထင်ယောင်ထင်မှားဖြစ်နေမည်ကို ကြောက်သဖြင့် မျက်တောင်ပင်မခတ်ရဲပေ။

သူမရှေ့မှလူသည် သူမနှင့် ၇၀ ရာခိုင်နှုန်းမျှတူနေသော်လည်း ထိုမိန်းက လေးသည် သူမ၏သမီးဖြစ်သည်ကို သေချာနေသည်။

“အမေ” ရှီမာယူယူသည် အော်ပြီး သူမ၏ခန့်မှန်းချက်ကို အတည်ပြုလေ သည်။

ရှီမာယူယူရှေ့ဆက်လျှောက်သွားပြီး ထိုချိပ်စည်းကို ဖောက်ရန်ကြိုးစား သော်လည်း အားတစ်ခုမှ ခပ်ပြင်းပြင်းပြန်ကန်လေသည်။

“မလာ.. မလာနဲ့” ယွိခဲ့လော့သည် သူမ ဒဏ်ရာရသည်ကိုမြင်သောအခါ ဒုက္ခကြီးစွာဖြင့် အော်လေသည် “ဒီကိုမလာနဲ့ သမီးကိုထိခိုက်စေလိမ့်မယ်”

ရှီမာယူယူသည် မြေပေါ်မှထလိုက်ရာ ထိုနေရာ၏ ထောင့်လေးထောင့် တွင် ပုန်းကွယ်နေသည့် တစ်စုံတစ်ရာကိုမြင်လိုက်ရသည်။

***

All Chapters