← Chapters

ပြန်တွေ့ခြင်း

Vol. 151 Ch. 2102

ပြန်တွေ့ခြင်း

Vol. 151 Ch. 2102

“ကလေးလေး နာသွားသေးလား” ယွိခဲ့လော့သည် သူမကို စိုးရိမ်တကြီး ကြည့်လေသည်။

ရှီမာယူယူသည် ပြုတ်ကျမှုကြောင့် နာကျင်သွားသောလက်ကိုလှုပ်ခါပြီး ယွိခဲ့လော့အားပြုံးပြကာ ပြောလိုက်သည် “အမေ သမီးအဆင်ပြေပါတယ်”

အစောက ဆောင့်တိုက်မိခြင်းသည် သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံ သည့်အချိန် ခံစားချက်များကို ချောမွေ့စေသည်။

ယွိခဲ့လော့သည် ရှီမာယူယူကို ချစ်မြတ်နိုးသော မျက်လုံးများဖြင့်ကြည့်မိ သည်။ သို့သော် သူမတွင် ခံနိုင်ရည်စွမ်းနှင့် ဆင်ခြင်တုံတရားမရှိတော့ပေ။

“ကလေး ဒီကိုဘယ်လိုရောက်လာတာလဲ” ယွိခဲ့လော့သည် ဤတစ်သက် တွင် သူမ၏ သမီးကိုထပ်မြင်တွေ့ရလိမ့်မည်ဟု ထင်မထားပေ။

“အမေ ဒီမှာရှိတယ်လို့ အဘိုးပြောတယ်.. ပြီးတော့ သမီးလည်း ဖြတ်သွား ရင်းနဲ့ လာတွေ့တာ” ရှီမာယူယူ ရှင်းပြလေသည်။

“ဘယ်လိုလုပ်…” ယွိခဲ့လော့သည် မယုံနိုင်ပေ။ သူမ ဤနေရာသို့ ရောက် လာရန် နှစ်ပေါင်း ၁၀၀ ကျော်မျှသာကြာသည်။

“အမေ သမီးကို မေးစရာတွေများနေမယ်ဆိုတာ သမီးသိပါတယ်.. ဒါပေမဲ့ အခု လူတစ်ယောက်ကို အရင်သွားခေါ်လိုက်ဦးမယ်.. အဲလူက  အမေအတွေ့ ချင်ဆုံးလူပဲဖြစ်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“သမီးပြောတာက…” ယွိခဲ့လော့သည် စိတ်လှုပ်ရှားသွားသော်လည်း မယုံနိုင်စွာဖြင့် သူမကို ကြည့်လိုက်သည်။

လူသားလောကမှာ ရှိနေတဲ့လူက ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။

ထိုအချိန်တွင် ရှီမာယူယူ ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေသည်ကို သူမ သတိ ထားမိလိုက်သည်။ သူမက အခုကို…

သို့သော် ရှီမာယူယူသည် သူမ အမေးကိုမစောင့်ဘဲ ထွက်သွားသည်။

သူမသည် ခေါင်းပေါ်ကိုမော့ကြည့်မိသည်။ သူမသည် ဤနေရာတွင် ပိတ် မိသည့်အချိန်မှစပြီး ခေါင်းမော့မကြည့်မိခဲ့ပေ။ အကြောင်းမှာ သူမတွင် ထွက် သွားရန် အခွင့်အရေးမရှိသည်ကို သိသောကြောင့်ဖြစ်သည်။

အရင်ကဆိုလျှင် အရေးမကြီးဟု သူမ ခံစားခဲ့သည်။ သူမဘေးတွင် အချစ် ရော သမီးရောမရှိခဲ့ပေ။ ဤနေရာနှင့် အပြင်လောကသည် မည်သို့ကွာခြားဦး မည်နည်း။ ထို့ကြောင့် သူမ ဘယ်သောအခါမှ မော့မကြည့်သလို ထွက်သွားရန် စိတ်ကူးမရှိသဖြင့် ထွက်သွားမည့်လမ်းကိုလည်းမရှာပေ။

သို့သော် ယခုအခြေအနေမှာ လုံးဝကွာခြားသွားပြီဖြစ်သည်။ သူမ၏ သမီး ဖြစ်သူသည် သူမမျက်စိရှေ့တွင် ပေါ်လာချေပြီ။ ပြီးနောက် သူမ အချစ်ဆုံးလူ မှာလည်း ဤနေရာသို့ ရောက်လာခဲ့သည်။ သူမ၏ ဘဝတွင် မျှော်လင့်ချက်များ ရှိလာသလိုပင်။

သူမတွင် မေးချင်သည့်မေးခွန်းများစွာ ရှိသည်။ ဤနှစ်များတွင် သူတို့ မည်သို့နေခဲ့ကြသည်၊ တစ္ဆေလောကသို့မည်သို့ရောက်လာကြသည်၊ ဤနေရာ သို့ မည်သို့မည်ပုံရောက်လာပုံများကို သိချင်မိသည်။ သူတို့နှင့်ပတ်သက်သည့် အရာများအားလုံးကို သူမ သိချင်စိတ်ပြင်းပြသည်။

ခဏနေလျှင် သူ ဆင်းလာမလားဆိုသည်ကို သူမ ပိုသိချင်သည်။ ထိုကိစ္စ မှာ အလွန်ပင် မယုံနိုင်လောက်စရာဖြစ်သဖြင့် သူမ၏ စိတ်ထဲတွင် မယုံနိုင်ဖြစ် နေမိသည်။

ခဏအကြာတွင် ရှီမာယူယူ ပြန်လာသည်။ သူမ တစ်ယောက်တည်း ဖြစ် နေပြန်သဖြင့် ယွိခဲ့လော့ အနည်းငယ်စိတ်ပျက်သွားမိသည်။ သို့သော် သူမသည် ချက်ချင်းပင် ခံစားချက်များကို ဖယ်ထုတ်လိုက်သညသ်။ သူမသည် သူ့ကို မတွေ့ရသည်ကို ခိုးလို့ခုလုဖြစ်သွားသော်လည်း သမီးဖြစ်သူကို တွေ့ရသည်က ပင် ကောင်းလှပြီဖြစ်သည်။

ရှီမာယူယူ ရပ်လိုက်ပြီး သူမျက်လုံးထဲမှ တဒင်္ဂစိတ်ပျက်သွားမှုကိုမြင် သောအခါ ပြုံးလိုက်သည်။ အကယ်၍ တခြားသူသာဆိုလျှင် သူတို့မတွေ့ဆုံခင် သူမ စနောက်ဦးမည်ဖြစ်သည်။ သို့သော် ယခု သူမ၏မိခင်နှင့်တွေ့ရချိန်တွင် သူမ စိတ်ပျက်မှုနှင့် ဝမ်းနည်းသွားပုံကို မမြင်ရက်ပေ။

ထို့ကြောင့် သူမ ယွိခဲ့လော့ကို ပြုံးပြပြီး ရှီမာလျူရွှမ်နှင့် ဝူလင်းယူတို့ကို ဝိညာဉ်စေတီအတွင်းမှခေါ်ထုတ်လိုက်သည်။

ရှီမာလျူရွှမ်ထွက်လာသည်နှင့် ယွိခဲ့လော့သည် မှင်တက်သွားကာ သူ့ကို စိုက်ကြည့်နေပြီး စကားမပြောခင်မှာပင် မျက်ရည်များကျလာသည်။

“ခဲ့လော့…”

“လျူရွှမ်…”

သူတို့နှစ်ယောက်မှာ စိတ်လှုပ်ရှားပြီး မည်သည့်စကားများပြောရမည် မသိဖြစ်နေသည်ကို ရှီမာယူယူ မြင်သောအခါ ရှီမာလျူရွှမ်ကို ပြောလိုက်သည် “အဖေ လင်းယူနဲ့ သမီးတို့အရင်သွားနှင့်မယ်.. ဝိညာဉလေးကို အပြင်လောက ကို ပိတ်ခိုင်းလိုက်ဦးမယ်”

ပြီးနောက် သူမသည် ဝူလင်းယူကိုဆွဲပြီး ဝိညာဉ်စေတီအတွင်း ဝင်လေ သည်။

ဝူလင်းယူသည် သူမ၏ တုံ့ပြန်မှုကြောင့်  အနည်းငယ်အံ့ဩသွားသည် “မင်း မိဘတွေ ဘာပြောမလဲဆိုတာ မသိချင်ဘူးလား”

“သိချင်တယ်လေ.. ဒါပေမဲ့ အဖေနဲ့အမေက အကြာကြီးခွဲထားရတော့ ခံစားရတာတွေလည်းများတယ်.. အခု တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ကြ တော့.. ပြောစရာများနေမှာပဲ.. ကျွန်မတို့အပြင်မှာရှိနေရင် သူတို့ရှက်ပြီး ဘာမှ ပြောထွက်မှာမဟုတ်ဘူး.. ကျွန်မသိနေတယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သူတို့စကားတွေနားမထောင်ရင်တောင် ဘာပြောမလဲဆိုတာ မှန်းလို့ ရနေတာပဲ.. သွားနှောင့်ယှက်မနေနဲ့”

“ဟုတ်ပါပြီ” မည်သို့ပင်ဖြစ်စေကာမူ သူသည်လည်း ဤကိစ္စမျိုးကို စိတ် မဝင်စားပေ။

“လင်းယူ ဒီကမီးအရည်အချင်းကို ကျွန်မသိချင်တယ်” ရှီမာယူယူ ပြော လိုက်သည် “ဆင်းလာတုန်းက ချော်ရည်ပူတွေက ကျွန်မအတွက် လမ်းဖယ်ပေး တာကို သတိထားမိလား”

“အင်း ဟင်း သတိထားမိတယ်”

“သူတို့တွေက အရင်လမ်းဖယ်ပေးတာဆိုတော့ အဲဒီချော်ရည်ပူတွေမှာ အသိစိတ်ရှိနေတာကို ညွှန်ပြနေတာပဲ.. ပြီးတော့ သူတို့က ငှက်ပေါက်စကို ကြောက်နေကြတာ.. ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာ ချော်ရည်ပူတွေကို အသိစိတ်ဝင်စေတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အဘွားက ကျွန်မကို လိမ်တာတော့မဖြစ်နိုင်ဘူး.. အဘိုးက ဒီကိုလာပြီးအမေ့ကို ကြည့်ပေး တယ်လို့သူမပြောတယ်.. ပြီးတော့ အဘိုးကလည်း ဒီကိုရောက်လာခဲ့မှာပဲ.. ဒါပေမဲ့ မြင်တဲ့အတိုင်းပဲ အမေ့အခြေအနေက တော်တော်ဆိုးနေတာ”

“ချော်ရည်ပူတွေအောက်မှာ တစ်ခုခုရှိနေတယ်လို့ထင်လို့လား”

“ကျွန်မလည်း မသိဘူး ဒါပေမဲ့ ဒီကိုရောက်လာပြီဆိုမှတော့ ရှာကြည့်ရမှာ ပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်ပဲ ဒီမှာတစ်ခုခုရှိနေတယ်” ကြက်သွေးရောင်မီးတောက်၏ အသံရုတ်တရက်ထွက်လာရာ ရှီမာယူယူ ပျော်သွားလေသည်။

ပညာရှိစံအိမ်တော်တိုက်ပွဲတွင် သူမသည် သေလုနီးပါးဖြစ်သွားပြီး သူမ ၏ သားရဲများလည်း သတိမေ့သွားခဲ့သည်။ ထိုစဉ်က ကြက်သွေးရောင်မီး တောက်လည်း အထိနာခဲ့ရသည်။ သူသည် နောက်ပိုင်းနိုးလာသော်လည်း အချိန်အများစုမှာ အိပ်နေခဲ့သည်။ နှစ်ပေါင်းများစွာအတွင်းတွင် ရှီမာယူယူပင် သူ့ကို စကားတစ်ခွန်းမှမပြောခဲ့ပေ။

“ကြက်သွေးရောင်မီးတောက် နိုးလာြပီလား” သူမသည် ပျော်ရွှင်စွာ မေး လိုက်သည်။

“အင်း” ကြက်သွေးရောင်မီးတောက်၏ ပုံရိပ်သည် သူတို့ရှေ့တွင်ပေါ်လာ သည်။ ကျွင်းယီ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေတုန်းပင်။

နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့ပြီး ချင်ယိပါအနားတွင်ရှိသော်ငြား သူ သည် အပြည့်အဝပြန်ကောင်းမလာသေးပေ။

“ဘယ်လိုနေလဲ” ရှီမာယူယူသည် သူ့ကို အပြစ်မကင်းသလို ဝမ်းနည်း စွာဖြင့် ကြည့်လိုက်သည်။

“တစ်ဝက်ကျော်ကျော် ပြန်သက်သာနေပါပြီ” ကြက်သွေးရောင်မီး တောက်သည် အပြစ်မကင်းသည့်စိတ်မခံစားစေလိုသဖြင့် ပြုံးပြသည်။

သူမသည် ဤကမ္ဘာပေါ်တွင် သူပြုံးအောင်လုပ်နိုင်သည့် တစ်ဦးတည်း သောသူဖြစ်သည်။

“ဒီမှာတစ်ခုခုရှိတယ်လို့ ပြောခဲ့တယ်နော် ဘာအာရုံခံမိလို့လဲ” ဝူလင်းယူ မေးလိုက်သည်။

“ချော်ရည်ပူတွေအောက်မှာ တစ်ခုခုရှိနေတယ်.. နည်းနည်းလည်း ဝေး နေတယ် အဲဒါကိုပိတ်ထားတဲ့ဟာလည်းရှိနေတော့ သေချာမမြင်ရဘူး” ကြက်သွေးရောင်မီးတောက် ရှင်းပြလေသည်။

“အဲဒါက မင်းကိုကူညီပေးနိုင်မှာလား” ရှီမာယူယူ မေးလိုက်သည်။

“ကူညီနိုင်လောက်မှာ ဒါပေမဲ့ ဘယ်လောက်ကူညီနိုင်မလဲဆိုတာကိုတော့ အသေးစိတ်ကြည့်ရဦးမယ်” ကြက်သွေးရောင်မီးတောက်သည် မည်သို့လုပ်ရ မည်ကို မသိပေ။

“ဒါဆိုလည်း အဖေတို့စကားပြောနေတုန်း ဆင်းပြီးကြည့်ကြတာပေါ့” ရှီမာယူယူပြောလိုက်သည်။

“မင်း ဆုံးဖြတ်တဲ့အတိုင်း ကိုယ်ကတော့ လိုက်လုပ်မှာပဲ” ဝူလင်းယူသည် မငြင်းဆန်ပေ။

ရှီမာယူယူသည် ဝူလင်းယူနှင့် ကြက်သွေးရောင်မီးတောက်တို့ကို ခေါ် ထုတ်လာသည်။ ထိုအချိန်တွင် ရှီမာလျူရွှမ်နှင့် ယွိခဲ့လော့တို့သည် စိတ်ငြိမ်သွား ပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် ချိပ်စည်းကိုအလယ်တွင်ထားပြီး မျက်နှာ ချင်းဆိုင်ကာ အတိတ်အကြောင်းများကို ပြောနေကြသည်။

ရှီမာယူယူ ထွက်လာသည်ကို မြင်သည်နှင့် နှစ်ယောက်လုံး မတ်တတ်ရပ် လိုက်ကြသည်။

“အဖေ အမေ ဒီအောက်မှာ တစ်ခုခုရှိနေတယ်လို့ ကြက်သွေးရောင်မီး တောက်ပြောတယ်… သမီးတို့ ဆင်းကြည့်လိုက်ဦးမယ် စကားဆက်ပြောကြပါ သမီးကိုဂရုမစိုက်နဲ့” ရှီမာယူယူသည် သူမ ထွက်လာရသည့်အကြောင်းကို ရှင်းပြလေသည်။

“နေဦး” ယွိခဲ့လော့သည် သူမကို တားလေသည်။ “ဒီကကိစ္စတွေက အသေးအဖွဲ့မဟုတ်ဘူး ဂရုစိုက်ဦး”

“အမေ ဘယ်လိုသိတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲဒါကဘာလဲဆိုတာ အမေမသိပေမဲ့ ဘယ်တုန်းကစဖြစ်ခဲ့တာလဲဆို တာကိုတော့ သိတယ်” ယွိခဲ့လော့ ပြောလိုက်သည် “အဲတုန်းကက ချင်းဟွမ်က ချိပ်စည်းပြောင်းခဲ့တယ်.. သမီးအဘိုးကလည်း အမေ့အတွက်နေရာလုပ်ပေးခဲ့ တယ်.. အဲတုန်းက နေရာက ဒီနေရာပဲ.. ဒီလောက်လည်းမပူသေးဘူး.. ဒါပေမဲ့ နောက်ကျတော့ အကုန်လုံးပြောင်းလဲသွားတယ်.. ရုတ်တရက်ကြီး တစ်ခုခုဖြစ် သွားသလိုမျိုး ဒီကပတ်ဝန်းကျင်ပြောင်းသွားတာ.. ချော်ရည်ပူတွေ မကြာခဏ ပေါက်ကွဲပြီးတော့ အပူချိန်လည်းမြင့်လာတယ်.. ဒါပေမဲ့ ဘာတစ်ခုမှရောက် မလာဘူး.. အဲဒါက ဒီက‌နေ ပေါက်ဖွားတာဖြစ်မယ်”

***

All Chapters