ဆင်းသွားခြင်း
Vol. 151 Ch. 2103
ယွိခဲ့လော့၏စကားများသည် အားလုံးကိုနှုတ်ဆိတ်သွားစေသည်။
ဤနေရာတွင် ပေါက်ဖွားလာသည့်အရာဆိုပါက အနည်းငယ် အား ကောင်းသည့်ပုံပေါ်သည်။ ဤကဲ့သို့ အချိန်တိုအတွင်းတွင် ယခုလိုအဆင့်ထိ တက်လာနိုင်သည်မှာ ထူးခြားမှုတစ်စုံတစ်ရာရှိ၍ဖြစ်မည်။
ရှီမာယူယူ ပြုံးလိုက်သည် “တကယ်သာ အဲလိုဆိုရင် ပိုတောင်ကောင်း သေးတယ်”
“ဘာလို့လဲ” ယွိခဲ့လော့သည် နားမလည်နိုင်ဖြစ်သွားသည်။ အဲကောင်က အရမ်းကို အံ့ဩစရာကောင်းနေတာ သူမက မစိုးရိမ်တဲ့အပြင် ပျော်နေတာ လား။
“အမေ ကြက်သွေးရောင်မီးတောက်က ဒဏ်ရာရထားတယ်.. အဲကောင် သာ အရမ်းအားကောင်းတယ်ဆိုရင် ကြက်သွေးရောင်မီးတောက်က အဲဒါကို ဆုပ်ယူပြီး ဒဏ်ရာကိုကုသလို့ရတယ်” ရှီမာယူယူ ပြောလေသည် “အဖေနဲ့ စကားဆက်ပြောနေပါ သမီးတို့ ခဏနေပြန်လာမယ်”
ပြောပြီးနောက် သူမသည် ဝူလင်းယူနှင့် ကြက်သွေးရောင်မီးတောက်တို့ ကို ခေါ်သွားလေသည်။
ယွိခဲ့လော့ ဘာမှမပြောရသေးခင်မှာပင် ရှီမာယူယူ ပျောက်သွားလေ၏။ သူမ ကြည့်လိုက်ရာ သူမကိုကြည့်နေသည့် ရှီမာလျူရွှမ်ကိုမြင်သည်နှင့် သူ့ကို အပြစ်တင်လိုက်သည် “အဲဒီမှာအဲလောက်အန္တရာယ်များတာ ဘာလို့ သူမကို မတားတာလဲ”
“ကိုယ်တို့သမီးက အရမ်းအားကောင်းတယ်.. ပြီးတော့ ဝူလင်းယူနှင့် ကြက်သွေးရောင်မီးတောက်တို့ရှိရင် သူမ အဆင်ပြေမှာပါ” ရှီမာလျူရွှမ်သည် သူမကို နှစ်သိမ့်ရင်း ပြောပေးလေသည်။
“သူတို့က အရမ်းအားကောင်းကြတာလား.. အဲလူနှစ်ယောက်က ဘာတွေ လဲ.. ကျွန်မတို့ သမီးကဘာတွေဖြစ်ခဲ့တာလဲ.. အခု ရှင့်အကြောင်းမသိချင်ဘူး သမီးအကြောင်း ပြောပြဦး”
ရှီမာလျူရွှမ် “…..”
သမီးဖြစ်သူသည် သူ့ထက်အရေးကြီးနေသည်။ သူ့စိတ်ထဲတွင် လစ်ဟာ သွားသည်။
“ဘာလို့ရပ်နေသေးတာလဲ ပြောလေ”
“ကြက်သွေးရောင်မီးတောက်က ယူယူ့ရဲ့ အသက်စာချုပ်သားရဲပဲ ပြီးတော့ ဝူလင်းယူက ကိုယ်တို့ရဲ့သားမက်လောင်းလေ”
“ဘာ သားမက်လောင်းဟုတ်လား.. ရှင်က သဘောတူပြီးပြီလား.. အဲလူ ကဘယ်လိုနေလဲ.. သမီးအပေါ်ကောင်းရဲ့လား သူတို့က ဘယ်လိုလုပ်သိကြတာ လဲ.. သူက ဘယ်သူလဲ” သူမသည် မေးခွန်းပေါင်းများစွာ ထုတ်လေသည်။
“စိတ်မပူပါနဲ့ ကိုယ်တို့သမီး အမြင်ကလည်း မနိမ့်ပါဘူး” ရှီမာလျူရွှမ် သည် သူမ၏ စိတ်ပူနေသည့် အမူအရာကိုမြင်သည်နှင့် သူမကိုသွားဖက်ပြီး နှစ်သိမ့်ပေးချင်မိသည်။
“ကျွန်မတို့ သမီးအကြောင်းပြောပါဦး ကြီးကြီးသေးသေး ရှင်သိသလောက် အကုန်ပြောပြ” ယွိခဲ့လော့ ပြောလေသည်။
“ဟုတ်ပြီ ဒါပေမဲ့ မင်းကိုပြောပြတဲ့အချိန်ကျ အရမ်းကြီးစိတ်လှုပ်မရှားနဲ့.. အခုလိုပုံနဲ့သာဆိုရင် အရမ်းကြီးစိတ်လှုပ်ရှားတာ မင်းရဲ့ကျန်းမာရေးအတွက် မကောင်းဘူး” ရှီမာလျူရွှမ်သည် စိတ်မချမ်းသာစွာ ပြောလေသည်။
“ဟုတ်ပါပြီ”
“ကြက်သွေးရောင်မီးတောက်က ကိုယ်တို့သမီးရဲ့စာချုပ်သားရဲ အံ့ဖွယ် ဟင်္သပဒါးငှက်ပဲ.. သူ့ရဲ့နိဗ္ဗာန်မီးကို ဘယ်သူမှမခံနိုင်ကြဘူး.. အဲဒါကြောင့် သူတို့ ဆင်းသွားလည်း ဘာပြဿနာမှမဖြစ်နိုင်ဘူး.. ကြက်သွေးရောင်မီးတောက်က အဲဒါတွေကို ဖိနှိပ်နိုင်မှာပါ” သမီးဖြစ်သူ၏ လုံခြုံရေးကို စိတ်မပူရန် ရှီမာ လျူရွှမ်သည် သူမကို ပြောပြသည်။
“ဝူလင်းယူကရော သူ့သရုပ်မှန်ကဘာလဲ”
“သူ့ကိစ္စတွေက ပိုရှုပ်တယ်…” ရှီမာလျူရွှမ်သည် မိုရှားနှင့် ရှီမာယူယူ အကြားမှ စာချုပ်အကြောင်း၊ ဝူလင်းယူနှင့်ပတ်သက်ခဲ့ပုံများကို ပြောပြပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည် “သူက ယူအာကို ပြဿနာတွေ သယ်လာပေးနိုင်တယ်ဆိုပြီး အစတုန်းက ကိုယ်လည်းသဘောမတူခဲ့ဘူး.. ဒါပေမဲ့ ယူအာက သူ့ကိုသဘောကျတာလေ… အဲဒါကြောင့် အတင်းမကန့် ကွက်တော့တာ.. ပညာရှိစံအိမ်တော်ပြဿနာဖြစ်ပြီးသွားတော့ သူက ဝိညာဉ် ထုတ်ပြီး တစ္ဆေလောကထိလာပြီး သူမကိုရှာလိမ့်မယ်၊ ကာကွယ်ပေးပြီး သူမကို အားကြီးအောင်ပံ့ပိုးပေးလိမ့်မယ်လို့ ထင်မထားဘူး.. သူအဲလိုပုံဖြစ်နေတာတွေ့ တော့ ကိုယ်လည်း မခွဲရက်တော့ဘူး”
“ကျွန်မတို့သမီးကလည်း တော်တော်ကြည့်တတ်တာပဲ” ထိုအကြောင်း အရာများကို ကြားပြီးနောက် ယွိခဲ့လော့သည် ဝူလင်းယူကို ကျေနပ်သွားလေ သည်။
“သူတို့ လက်မထပ်ခင် မင်းကိုအရင်ကယ်ချင်တယ်လို့ ယူအာက အမြဲတမ်းပြောနေတာ.. အဲဒါကြောင့် သူတို့ကိစ္စက နှစ်တွေအများကြီး နှောင့်နှေးနေတာပဲ.. မင်းထွက်လာပြီးရင်တော့ မင်္ဂလာပွဲအတွက်ပြင်လို့ရပြီ” ရှီမာလျူရွှမ်သည် ရှက်မနေတော့ဘဲ ယွိခဲ့လော့ကို ကြိုပြောထားလိုက်သည်။
“ကျွန်မ ထွက်သွားလို့ရမှာလား” ပြီးခဲ့သည့်တစ်ခေါက် သူမ၏ ဖခင်လာခဲ့ စဉ်က မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းသည် နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့ သည့်သတင်းအပါအဝင် သူမကို အရာအားလုံးပြောပြခဲ့သည်။ မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းကို ရှာမတွေ့လျှင် တခြားအံ့ဖွယ်ချိပ်စည်းသုံးခုကို စုနိုင်လျှင် တောင် အသုံးမဝင်ပေ။
ထို့အပြင် တခြားအံ့ဖွယ်ချိပ်စည်းများသည် ရယူရန်မလွယ်ကူပေ။ ချင်းဟွမ်ကိစ္စကို သူမ စိတ်အပူဆုံးဖြစ်သည်။ သူ့ဆီမှတောင်းရန်မှာ မဖြစ်နိုင်လှ ပေ။
“လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို စိတ်ပူနေတာလား” ရှီမာလျူရွှမ် ပြော လိုက်သည်။
“အင်း မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက ပျောက်နေတာလေ.. ပေါ်မလာတာကိုက နှစ်တွေအများကြီးရှိနေပြီလို့ အဖေပြောတယ်.. ပြီးတော့ ဘယ်ကိုသွားရှာရမလဲမသိဘူး အဲဒါကြောင့်…”
“ယူအာက သုံးခုတောင် စုပြီးနေပြီ” ရှီမာလျူရွှမ် ပြောလိုက်သည်။
“အံ့ဖွယ်ချိပ်စည်း ၃ ခုကိုလေ”
“ဟုတ်တယ် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်း၊ အရှေ့မျက်နှာအံ့ဖွယ်ချိပ် စည်းနဲ့ အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းတွေက သူမလက်ထဲရောက်နေပြီ အခု တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းပဲကျန်တော့တယ်”
“သူမက မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို တွေ့ပြီးပြီပေါ့.. ဘယ်လိုရှာ တွေ့တာလဲ.. အရှေ့မျက်နှာအံ့ဖွယ်ချိပ်စည်း.. ချင်းဟွမ်က သူမကို ဘယ်လို လုပ် အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းပေးလိုက်တာလဲ.. သူမ ဘာလုပ်ခဲ့တာ လဲ”
“စိတ်မပူပါနဲ့ ကိုယ်ဖြည်းဖြည်းချင်းပြောပြမယ်”
….
ရှီမာယူယူ၊ ဝူလင်းယူနှင့် ကြက်သွေးရောင်မီးတောက်တို့ ဂူမှထွက် လိုက် သည်နှင့် ချော်ရည်ပူများနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသည်။ သို့သော် ချော်ရည်ပူများသည် သူတို့၏ အသားနှင့်မနီးကပ်ခင်မှာပင် အမြန်နောက်ဆုတ် သွားကြလေသည်။
သူတို့သည် စကားတစ်ခွန်းမှမပြောသလို မည်သို့မှ မတုံ့ပြန်သော်လည်း ရှီမာယူယူသည် ချော်ရည်ပူကို ကြောက်ရွံ့နေတုန်းပင်ဖြစ်သည်။
“ရဲတင်းလိုက်တာ” ကြက်သွေးရောင်မီးတောက်သည် အေးစက်စွာ နှာမှုတ်ပြီးနောက် သူတို့ကို မြေပေါ်သို့ခေါ်သွားသည်။
မီးဒြပ်စင်.. တည်ငြိမ်သော မီးဒြပ်စင်များ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်လာသည်ကို ခံစားမိရာ မျက်လုံးကို သက်တောင့်သက်သာမှိတ်လိုက်သည်။
အောက်ခြေတွင် ကောင်းသောအရာရှိနိုင်သည်။
ကြက်သွေးရောင်မီးတောက်သည် ခံစားလို့ကောင်းနေသည်။ ထိုအရာကို ရှီမာယူယူ ခံစားမိသည်။ အောက်မှထိုအရာသည် သူ့ကိုကူညီနိုင်လျှင်ကောင်း မည်။
သူတို့ အောက်ဆက်ဆင်းရာ အောက်သို့ရောက်လေလေ ပိုပူလာလေလေ ဖြစ်သည်။ ရှီမာယူယူသည် ထပ်ပြီးသည်းမခံနိုင်တော့ပေ။ ကြက်သွေးရောင် မီးတောက်သည် သူမ၏ အဆင်မပြေမှုကိုခံစားမိသဖြင့် ပြောလိုက်သည် “မင်း တို့ ဒီမှာပဲစောင့်နေလိုက်ကြ ငါ တစ်ယောက်တည်းသွားလိုက်မယ်”
ရှီမာယူယူသည်လည်း အရဲစွန့်ရန် မရည်ရွယ်ထားပေ။ သို့သော် သူ တစ် ယောက်တည်း ဆင်းသွားသည်ကိုလည်း စိတ်မချပေ “မင်း ဒဏ်ရာရနေသေး တာ ဝူလင်းယူကိုပါ အတူခေါ်သွားလိုက်”
“သူ့ကို ဒီမှာပဲ မင်းကိုကာကွယ်ခိုင်းလိုက်ပါ” ကြက်သွေးရောင်မီးတောက် သည် သူမကိုစိတ်ပူသဖြင့် ငြင်းဆန်လေသည်။
“မဟုတ်ဘူး ဒီမှာငါ့နယ်ပယ်လွှတ်လိုက်မယ်… ချော်ရည်ပူတွေက ငါ့ကို ထိခိုက်အောင်မလုပ်နိုင်ပါဘူး လင်းယူကို လိုက်ခိုင်းလိုက်ပါ” ရှီမာယူယူ ငြင်းဆန်နေရာ ကြက်သွေးရောင်မီးတောက် သဘောတူလိုက်သည်။
သူမသည် လောကအသေးလွှတ်လိုက်သည်။ လောကအသေး၏ ကာကွယ်မှုရှိသဖြင့် ဤနေရာတွင် အန္တရာယ်မရှိနိုင်တော့ပေ။
“တောင့်မခံနိုင်တော့ဘူးဆိုရင် ငါ့ကိုပြောလိုက်” ကြက်သွေးရောင်မီး တောက်သည် တိုက်တွန်းပြီးနောက် ဝူလင်းယူနှင့် ဆက်ဆင်းသွားလေသည်။
ရှီမာယူယူသည် သူမတစ်ကိုယ်စာဆန့်သည့် အခန်းအရွယ်အစားခန့် လောကအသေး တည်ဆောက်လိုက်သည်။ ချော်ရည်ပူများသည် သူမအနား မကပ်တော့ပေ။ သူမသည် ခုံတစ်ခုံထုတ်ကာ ထိုင်ပြီး သူတို့ကိုစောင့်နေလိုက် သည်။ နောက်ပိုင်း မည်သို့ဖြစ်လာမည်ကို သူမ မသိပေ။
ကြက်သွေးရောင်မီးတောက်နှင့် ဝူလင်းယူတို့ ဆက်ဆင်းသွားရာ ၂ ကီလို မီတာ ၃ ကီလိုမီတာခန့်အရောက်တွင် ချော်ရည်ထဲတွင် ရေကူးနေသည့်ပုံရိပ် တစ်ခုကိုမြင်လိုက်ရသည်။
ထိုကောင်လေးသည် ကြောင်ကတိုးနှင့်တူပြီး ချော်ရည်ထဲတွင် တိုလှ သော လက်များဖြင့် ရေကူးနေသည်။ သူ့အရောင်မှာ အနီရောင်ဖြစ်ပြီး နီရဲနေ သော ချော်ရည်ပူများတွင် မပေါ်လွင်လှသော်လည်း ကြက်သွေးရောင်မီး တောက်နှင့် ဝူလင်းယူအတွက် ရှင်းလင်းစွာမြင်နေရသည်။
ဝူလင်းယူသည် ထိုကောင်လေးကို ကြည့်လိုက်သည်။ ထိုအကောင်သည် လက်သီးတစ်ဆုပ်စစာမျှရှိသော်လည်း သူ့ဆီမှထွက်လာသည့် အားကောင်းလှ သည့်စွမ်းအားကို ခံစားမိသည်။
ကြက်သွေးရောင်မီးတောက်သည် ဝူလင်းယူထက် ပိုအံ့ဩမိသည်။ အကြောင်းမှာ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ခံစားမိသည်သာမက သူ၏ သရုပ် မှန်ကို သိသွားခြင်းကြောင့်ဖြစ်သည်။
“ဒါကို သိလို့လား” ဝူလင်းယူမေးလိုက်သည်။
“ဒါက မီးနတ်ဘုရားပဲ.. ငါ အရင်ကမမြင်ဖူးဘူး.. ဒါပေမဲ့ ငါ့ဘိုးဘွားတွေရဲ့ အမွေထဲကဆိုတာကိုပဲ ငါ သိတယ်.. အဲဒါသာကြီးလာရင် သူ့အဆင့်က ငါ့ထက် တောင်မြင့်သွားနိုင်တယ်”
***