← Chapters

အံ့ဩသွားခြင်း

Vol. 151 Ch. 2104

အံ့ဩသွားခြင်း

Vol. 151 Ch. 2104

ဝူလင်းယူသည် အံ့ဩသွားလေ၏။ ဟင်္သပဒါးငှက်အနေနှင့် ကြက်သွေး ရောင်မီးတောက်၏ မီးတောက်သည် ကမ္ဘာပေါ်တွင် အားအကောင်းဆုံးဖြစ် သည်ကို သိကြသည်။ လက်သီးဆုပ်မျှသာရှိသည့် ထိုအကောင်လေးသည် သူ့ ထက် အားပိုအားကောင်းနေလိမ့်မည်ဟု ထင်မထားပေ။

“အဲဒါကြီးလာရင် မင်းထက်တောင် အားပိုကောင်းနိုင်တယ်လို့ မင်းပြော လိုက်တာဆိုတော့.. သူက အခုမင်းကို မပြိုင်နိုင်ဘူးလား မင်း သူ့ကို စုပ်ယူမှာ လား” ဝူလင်းယူ မေးလိုက်သည်။

ကြက်သွေးရောင်မီးတောက်သည် ခေတ္တမျှနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “ငါ ဆင်းမလာခင်တုန်းကတော့ အောက်မှာဘာရှိရှိ စုပ်ယူမယ် လို့တွေးထားတာ.. ဒါပေမဲ့ အဲဒါက ဒီလိုဖြစ်နေတော့လည်း စုပ်ယူဖို့က မတန် ဘူး”

“မင်း ခေါ်သွားချင်လား”

“ငါ့အတွက်မဟုတ်ဘူး ယူယူ့အတွက်ပဲ”

“ဒါပေမဲ့ အခုသူမရဲ့ လက်ရှိအခြေအနေက မတည်ငြိမ်ဘူးလေ” ဝူလင်းယူ ပြောလိုက်သည်။

သူမ ဤနေရာနှင့် နီးကပ်လာသည်နှင့် တောင့်မခံနိုင်ခဲ့ပေ။ သူမသာ ဤ ကောင်လေးကို ပိုင်ဆိုင်လိုပါက မထိခင်မှာပင် အသားကင်ဖြစ်သွားနိုင်သည်။

“အဲဒါ ကံဆိုးတာပဲ” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည် “သူ မကြီးခင် ငါတွေ့ထားတာလေ”

ဝူလင်းယူသည် သူ့အတွေးကို နားလည်သွားသဖြင့် မျက်ခုံးများပင့်လိုက် သည်။

သူ့ကိုသာ ကြီးထွားခွင့်ပြုလိုက်ပါ ကြက်သွေးရောင်မီးတောက်သည် ဘာမှတတ်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူ့စွမ်းအားသည် သူ့ ကို မခုခံနိုင်သေးပေ။ သူသာ အရင်လက်ဦးမှုရယူလိုက်လျှင် စာချုပ်တည် ထောင်နိုင်မည်ဖြစ်သည်။

လုပ်ငန်းစဉ်တွင်တော့ သူမ အနည်းငယ် ခံစားရနိုင်သည်။

“သူမ ခန္ဓာကိုယ်ပြန်ရတဲ့အထိ စောင့်ပြီးမှ စာချုပ်တည်ထောင်လို့မရနိုင် ဘူးလား” ထိုသို့ဆိုလျှင် သူမသည် နာကျင်မှုလျော့သွားနိုင်သည်။

“သူက နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာကို ဒီလောက်ထိကြီးထွားခဲ့တာ.. သူမ ခန္ဓာကိုယ်ကိုပြန်သွားတဲ့အချိန်ဆို သူ ဘယ်လောက်ကြီးထွားနေမလဲမသိ နိုင်ဘူး” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။

“ဟုတ်တယ်” ထိုကောင်လေးသည် ရင်ဆိုင်ရန်ခက်ခဲသည့် ကြက်သွေး ရောင်မီးတောက်ထက်ပင် အားကောင်းနေရာ ဤကဲ့သို့ အခွင့်အရေးမျိုးကို လက်လွှတ်လိုက်ရမည်မှာ နှမြောဖွယ်ကောင်းလှသည်။

“ငါ ဘေးကနေ ကာကွယ်ပေးမှာပါ” ကြက်သွေးရောင်မီးတောက် ပြော လိုက်သည် “အခု ဒီကောင်လေးကို အရင်နိုင်အောင်လုပ်ကြတာပေါ့”

ချော်ရည်ပူထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသော မီးနတ်ဘုရားသည် သူတို့ နှစ်ယောက်ကို သတိထားမိသည်။ သို့သော် သူတို့ကိုဂရုစိုက်မနေပေ။ သူတို့ စကားများကို ကြားသောအခါ စိတ်ထဲမှအထင်သေးစွာ နှာမှုတ်မိသည်။

ဒီနှစ်ယောက်က လာနိုင်ချင်သေးတာလား။ အိပ်မက်မက်နေလိုက်။ ခဏ နဲ့ သူတို့အကုန်လုံးကို မီးကင်ပစ်လိုက်မယ်။

ကြက်သွေးရောင်မီးတောက်နှင့် ဝူလင်းယူတို့နှစ်ယောက်သည် ထိုကောင် လေး၏ မထီလေးစားဖွယ် အပြုအမူကိုခံစားမိသောအခါ တစ်ချိန်တည်း နှာမှုတ်ကာ သူတို့၏ စွမ်းအားကိုထုတ်ပြလေသည်။

ဝူလင်းယူကို အထင်သေးပြီး သူ့ကိုအနိုင်ရနိုင်သည်ဟု ထိုအကောင်လေး ထင်နေတုန်းပင်ဖြစ်သ်ည။ ကြက်သွေးရောင်မီးတောက်၏ မီးတောက်ထွက် လာသည်နှင့် အသိဉာဏ်မဲ့သွားပြီး မည်သူမည်ဝါဖြစ်သူကိုမသိသော်လည်း ရန်သူနှင့် ရင်ဆိုင်နေရပြီကိုတော့ သိလိုက်ရသည်။

….

ရှီမာယူယူသည် အပေါ်တွင် စိုးရိမ်တကြီးစောင့်နေသည်။ သူတို့ ဆင်း သွားသည်မှာကြာပြီဖြစ်သောလည်း လှုပ်ရှားမှုတစ်ခုမှမရှိပေ။ ပြီးနောက် မည်သို့ဖြစ်နေသည်ကိုလည်း သူမ မသိပေ။

သို့သော် သူမသည် အနားမကပ်ရဲပေ။ ဤနေရာတွင် သည်းခံပြီးသာ စောင့်နေရတော့သည်။

ရုတ်တရက်ပင် အောက်မှအပူချိန် ရုတ်တရက်ပိုမြင့်လာပြီး အပူလှိုင်းများ အမြန်ပင် လှိမ့်တက်လာသည်ကို သူမ ခံစားမိသည်။

“ရွှီး”

အပူလှိုင်းသည် သူမကို လျင်မြန်စွာပင်ဖြတ်ပြေးသွားပြီး ယွိခဲ့လော့ရှိ သည့် နေရာထိ ရောက်သွားလေသည်။

ထိုနေရာတစ်ခုလုံးမှာ ကြမ်းတမ်းစွာ အကြိမ်အနည်းငယ် လှုပ်ယမ်းသွား ရာ အထဲမှယွိခဲ့လော့မျက်နှာမှာ ပြောင်းလဲသွားလေသည်။

“ဘာဖြစ်တာလဲ.. ယူတာ တစ်ခုခုများဖြစ်တာလား” ယွိခဲ့လော့သည် စိုးရိမ်လာသည်။

ယွိခဲ့လော့နှင့်ယှဉ်လျှင် ရှီမာလျူရွှမ်သည် ပိုတည်ငြိမ်သည်။ သူသည် ပျာယာခတ်သွားသော ယွိခဲ့လော့ကို နှစ်သိမ့်ပေးသည် “စိတ်မပူပါနဲ့ ဒီလောက် လှုပ်ခတ်သွားတာလောက်က ယူအာ့ကို မထိခိုက်စေနိုင်ဘူး”

“တကယ်လား” ယွိခဲ့လော့သည် အနည်းငယ် စိတ်ပူနေတုန်းပင် “ရှင် သွားကြည့်လိုက်ပါဦး”

“စိတ်မပူနဲ့.. သူမ ကြုံခဲ့ရတာတွေက ဒီဟာထက်တောင် ပိုအန္တရာယ်များ သေးတယ်.. ကိုယ်တို့သမီးကိုယုံထားရမှာပေါ့” ရှီမာလျူရွှမ်သည် ရှီမာယူယူကို ယုံကြည်မှုရှိသည်။

“သူမ ဘယ်လောက်ပဲ အားကောင်းပါစေ.. သူမက အသက် ၁၀၀ ကျော် ကျော်ပဲရှိသေးတာလေ.. သွားကြည့်လိုက်” ယွိခဲ့လော့သည် စိတ်ဆိုးမာန်ဆိုး ဖြင့် ပြောလေသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်အခုပဲသွားကြည့်လိုက်ပါမယ်” ရှီမာလျူရွှမ် သည် လှည့်ထွက်ပြီး လေသံဖြင့်ပြောလေသည် “နှစ်တွေဒီလောက်ကြာနေပြီ အကျင့်ကတော့မပြောင်းဘူး”

သူ အပြင်ထွက်သွားမည့်အချိန်မှပင် သူသည် ဤနေရာမှထွက်မရသည် ကို သတိရသွားတော့သည်။

“ခဲ့လော့ ယူယူပဲထွက်လို့ရတာလေ” သူသည် လှည့်ပြီးနောက် ယွိခဲ့လော့ ကို ပြောလေသည်။

“…” ယွိခဲ့လော့သည် အလောကြီးနေသော်လည်း သူမ လုပ်နိုင်သည့် အရာ မရှိခဲ့ပေ။

သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် မှိုင်တွေစွာကြည့်နေချိန် တွင် ရှီမာယူယူ၏ အသံမှာအထက်မှထွက်လာသည် “အဖေ အမေ အဆင်ပြေ ကြရဲ့လား”

“အဆင်ပြေတယ် သမီးရော ခိုက်မိသွားသေးလား” ယွိခဲ့လော့ မေးလိုက် သည်။

“သမီး အဆင်ပြေတယ် အမေ.. အဲတုန်းက သမီးဝိညာဉ်ဘုံထဲမှာရှိနေ တာ အဲဒါကြောင့် အပူလှိုင်းကသမီးကို ထိခိုက်အောင်မလုပ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အမေတို့ အဆင်ပြေရင် ပြီးတာပဲ.. လင်းယူနဲ့ ကြက်သွေး ရောင်မီးတောက်တို့ ဘယ်လိုနေလဲလို့ အောက်ဆင်းကြည့်လိုက်ဦးမယ်”

ပြောပြီးနောက် သူမ၏အသံမှာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်မှာ ပြန်လည်တိတ်ဆိတ်သွားသည်။

“မြင်လား ယူအာက အဆင်ပြေမှာပါလို့ ပြောသားပဲ” ရှီမာလျူရွှမ်သည် ယွိခဲ့လော့ကို ပြုံးပြသည်။

“ဟင်း” ယွိခဲ့လော့သည် မပျော်မရွှင်ဖြင့် သူ့ကို အေးစက်စွာ နှာရှုတ်ပြ လိုက်သည်။

အဖေတစ်ယောက်ဖြစ်ပြီး သူ့သမီးကို စိတ်လည်းမပူဘူး။

ရှီမာလျူရွှမ်သည် သူမ၏ ခံစားချက်များကို နားလည်သည်။ သူသာ ယူယူ နှင့် တစ်ချိန်လုံးရှိနေခဲ့ပြီး သူမ၏ အရည်အချင်းကိုသာမသိခဲ့လျှင် သူသည် လည်း တည်ငြိမ်နိုင်မည်မဟုတ်ပေ။

သူ သက်ပြင်းချပြီး ပြောလိုက်သည် “ယူအာက ဒီနှစ်တွေမှာ ကံကောင်း ခဲ့တယ်.. သူမက ကိုယ့်ဘာသာအများကြီးလုပ်ခဲ့တာ.. သူမက မင်းနဲ့ငါ့ကိုပါ ရှာ ခဲ့တာ”

ထိုစကားကိုကြားသောအခါ ယွိခဲ့လော့သည် မျက်ရည်များကျလာသည် “ကျွန်မတို့လို မိဘတွေက အစွမ်းအစမရှိဘူး.. ဒါနဲ့ ဝူလင်းယူ သူမဘေးမှာရှိ တာလည်း ကောင်းတာပဲ”

“ဟုတ်တယ် ငါတို့တွေက အရည်အချင်းမပြည့်မှီဘူး” ရှီမာလျူရွှမ်သည် သူ့ကိုယ်သူ အသုံးမကျလှသည်ဟု ခံစားရသည်။

“ယူအာအကြောင်း ပြောပြပါဦး” ယွိခဲ့လော့ ပြောလိုက်သည်။ သူမသည် အရင်ကမပါဝင်ခဲ့ဖူးသော်လည်း သိချင်သေးသည်။

“ဟုတ်ပြီ”

ရှီမာယူယူ ထွက်သွားပြီးနောက် ဝူလင်းယူတို့ကိုတွေ့ရန် အောက်သို့ ထပ်မံပျံဆင်းချင်မိသည်။ သို့သော် သူမသည် အရင်ရောက်ခဲ့သည့်နေရာထက် ဆင်းမရတော့ပေ။

သူမသည် လောကဘုံအသေးထုတ်လွှတ်ကာ သူမကိုယ်သူမ ကာကွယ် ပြီး ထိုနေရာတွင်ဆက်စောင့်လေသည်။

အောက်တွင် မည်သို့ဖြစ်ပျက်နေသည်ကို သူမ မသိပေ။ အစောက အပူ လှိုင်းမှလွဲပြီး အောက်တွင် မည်သည့်လှုပ်ရှားမှုမှမရှိပေ။

“တော်တော်ကြာနပြီ ကြက်သွေးရောင်မီးတောက်က အဲဒါကို အနိုင်ရပြီး တော့ စုပ်ယူပြီးပြီလားမသိဘူး” သူမ ဘာသာပြောနေမိသည် “လင်းယူက လည်း ပြန်လာမပြောဘူး လူတွေစိတ်ပူနေမလားမသိဘူး”

သူမသည် စာချုပ်ကိုအသုံးချပြီး ကြက်သွေးရောင်မီးတောက်ကို ဆက်သွယ်နိုင်သည်။ သို့သော် နောက်ပိုင်းအခြေအနေကိုမသိသဖြင့် သူ့ကို အလောတကြီး မဆက်သွယ်ရဲပေ။ အရေးကြီးနေသည့် အခိုက်အတန့်တွင် ဆက်သွယ်မိပါက သူ့ကိုအနှောင့်အယှက်ဖြစ်သွားစေနိုင်သည်။

စိုးရိမ်မှုများဖြင့် အတန်ကြာစောင့်ပြီးနောက် သူမသည် အောက်မှတုံ့ပြန် ချက်ရလိုက်လေသည်။

ပထမဆုံးသတိထားမိသည်မှာ အောက်မှအပူချိန်သာဖြစ်သည်။ အရည် ပျော်မတတ်အပူချိန်သည် လျင်မြန်စွာပင် ပျောက်ကွယ်သွားကာ သာမန် ချော်ရည်ပူ အပူချိန် အဖြစ်ပြောင်းလဲသွားလေသည်။

သူမသည် ဝိညာဉ်ဘုံကိုဖယ်ရှားလိုက်ပြီး ကာကွယ်ရေးအလွှာတည် ဆောက်ကာ ဆင်းသွားလိုက်သည်။ သိပ်ကြာကြာမသွားလိုက်ရဘဲ ဝူလင်းယူကို တွေ့ရလေသည်။

သူမသည် ဝူလင်းယူဘေးကို ဆင်းသက်လိုက်ကာ ကြက်သွေးရောင်မီး တောက်ကို မမြင်မိသဖြင့် မေးလိုက်သည် “ကြက်သွေးရောင်မီးတောက် ဘယ် မှာလဲ”

“အောက်မှာ” ဝူလင်းယူ ပြောလိုက်သည်။

ဤနေရာသည် အမည်မသိသောထိုအရာကြောင့် ပေါ်လာခြင်းဖြစ်ရ မည်။ အောက်မှချော်ရည်ပူသည် ပွက်ပွက်ဆူနေဆဲဖြစ်ပြီး အပူချိန်အဖြစ် ပေါက်ကွဲထွက်ပေါ်လာသည်။

“အောက်က ဘယ်လိုဟာကြီးလဲ ကြက်သွေးရောင်မီးတောက်က သွားပြီး စုပ်ယူတာလား” သူမ မေးလိုက်၏။

“သူ မစုပ်ယူခဲ့ဘူး.. သင်ခန်းစာပေးမလို့သွားတာ” ဝူလင်းယူ ပြောလိုက် သည်။

ထိုအရာသည် အရွယ်မရောက်ခင်မှာပင် သူတို့နှစ်ယောက်ကို အထင် သေးရဲရာ ကြက်သွေးရောင်မီးတောက် သူ့ကိုသင်ခန်းစာပေးသည်မှာ မထူးဆန်းပေ။

ရှီမာယူယူသည် အနည်းငယ်အံ့ဩသွားသည် “ကြက်သွေးရောင်မီး တောက်က မစုပ်ယူခဲ့ဘူးလား အဲဒီကောင်က ဘာကြီးလဲ”

“မီးနတ်ဘုရားလို့ ကြက်သွေးရောင်မီးတောက်ပြောတယ်.. သူနိုင်နိုင် တယ်လို့လည်း ပြောတယ်” ဝူလင်းယူသည် သူမအား စာနာစိတ်ဖြင့်ကြည့်လေ သည်။

ရှီမာယူယူသည် သူ့မျက်နှာထားကြောင့် အံ့ဩသွားကာ ပြောလိုက်သည် “ကျွန်မကို အဲလိုမကြည့်နဲ့ လန့်နေပြီ”

***

All Chapters