အခွင့်အရေး
Vol. 151 Ch. 2105
ဝူလင်းယူသည် သူမ နာကျင်စေမည့်ကိစ္စ လုပ်ခိုင်းရမည်ကို တွန့်ဆုတ် နေသော်လည်း ဤကဲ့သို့အခွင့်အရေး ဆုံးရှုံးလိုက်ရမည်မှာ နှမြောစဖွယ်ဖြစ် လေသည်။
ထို့အပြင် ကြက်သွေးရောင်မီးတောက်၏ ရန်ကို သူမ လက်တုံ့ပြန်ပေးရန် မဖြစ်နိုင်ပေ။ ကိုးခုမြောက်မရဏာမျိုးနွယ်သည် ထိပ်ဆုံးတွင်ရှိသည်။ သူမ သည် ဘုရင်မငယ်ဖြစ်နေသည်ကို လျစ်လျူရှုထား၍မရပေ။ ထို့ကြောင့် အနာ ဂတ်တွင် သူမ အထက်သို့တက်သွားနိုင်သည်။
သို့သော် လူများ၏အထက်တွင်ရှိသော ဘုံတစ်ဘုံ၏နတ်ဘုရားအနေနှင့် မတွေးစရာမလိုအောင်ပင် အလွန်သန်မာနိုင်သည်။ သူမ ပတ်ဝန်းကျင်ကို ကာကွယ်ထားသည်က ကောင်းလိမ့်မည်။
“ကြက်သွေးရောင်မီးတောက်က ကျွန်မကို ရစေချင်တာလား” ရှီမာယူယူ အံ့အားသင့်သွားသည် “အဲနားကို ကပ်တောင်မကပ်နိုင်တာ ဘယ်လိုရအောင် ယူမလဲ.. တစ်ခါတည်း မီးကင်ပြီးသားဖြစ်ပြီး အငွေ့ပျံသွားမှာပဲ”
“ကြက်သွေးရောင်မီးတောက်က အရင်နိုင်အောင်လုပ်လိမ့်မယ်.. ပြီးရင် မင်းကို သခင်အဖြစ် သတ်မှတ်ခိုင်းလိမ့်မယ်.. သူမင်းကို ကာကွယ်ပေးတယ် ဆိုရင် အသက်ကတော့အန္တရာယ်ရှိမှာမဟုတ်ဘူး.. ဒါပေမဲ့ မချိမဆန့်တော့ နာ လိမ့်မယ်” ဝူလင်းယူ ပြောလိုက်သည်။
သူမ ကြက်သွေးရောင်မီးတောက်နှင့် စာချုပ်တည်ထောင်စဉ်က သူမ၏ ခန္ဓာကိုယ်သည် မီးတောက်များကြောင့် နာကျင်ခဲ့သည်ကို ရှီမာယူယူ မှတ်မိ သည်။ သူမ၏နှုတ်ခမ်းမှာ တွန့်တက်သွားပြီး သနားစဖွယ်မျက်လုံးတစ်စုံနှင့် သူ့ကို အားနည်စွာကြည့်လေသည် “ရှင့်မှာလည်း မီးတောက်ရှိတာပဲ ဘာလို့ မယူတာလဲ ဟင်”
ဝူလင်းယူသည် ခေါင်းခါကာ သူ၏ဘယ်ဘက်လက်ကို သူမ၏ ပခုံးပေါ် တင်ပြီး သူမ၏ခေါင်းကို ညာဘက်လက်ဖြင့် ထိပြီး သနားစဖွယ်ပြောလေသည် “ကိုယ်သာလုပ်နိုင်ရင် ဒီနာကျင်မှုကို ကိုယ်စားခံပေးဖို့ ဆန္ဒရှိပြီးသားပဲ ဒါပေမဲ့ အဲလိုလုပ်မရဘူး”
“ဘာလို့လဲ”
“အဲကောင်က မကြီးသေးပေမဲ့ စွမ်းအားကအရမ်းသန်မာတယ်.. အခု ကြက်သွေးရောင်မီးတောက်တောင် ဒီမှာပဲဖိနှိပ်နိုင်တယ်.. ဒါပေမဲ့ သူက ကိုယ့် ရဲ့ စာချုပ်သားရဲမဟုတ်ဘူးလေ”
သူ၏စာချုပ်သားရဲကြောင့်သာမဟုတ်လျှင် အစကတည်းကပင် သူ၏ ခန္ဓာကိုယ် သဘာဝမကျသည်ကို ရှာတွေ့မည်မဟုတ်သလို ပထမဆုံးအကြိမ်၌ ပင် ဖိနှိပ်နိုင်မည်မဟုတ်ပေ။ ယခုအချိန်တွင် သူ့အားကောင်းနေမည်ဆိုလျှင် တောင် ဖိနှိပ်နိုင်ပါ့မလားဆိုသည်ကို မသေချာပေ။
ထို့ကြောင့် သူမသာ လုပ်နိုင်လိမ့်မည်။
“ဟုတ်ပါပြီ ရပါတယ်” ရှီမာယူယူသည် ပင့်သက်ရှုလိုက်သည် “ဒါက ကြီးကျယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး အများဆုံးမှ ထပ်ပြီးအနာခံလိုက်ရုံပေါ့”
ဝူလင်းယူသည် သူမကို ဖက်လိုက်သည် “မင်းမလုပ်ချင်ရင်လည်း ထား လိုက်ပါ”
“ဒါအလုပ်မဖြစ်ဘူး” ရှီမာယူယူသည် အော်လိုက်သည် “အဲဒါကိုတွေ့ပြီး ပြီဆိုမှတော့ ဘယ်လိုလုပ် လက်လွတ်ခံမလဲ.. ယူကိုယူရမှာပေါ့”
“ဟားဟား” ဝူလင်းယူသည် သူမကိုလွှတ်ပြီး နဖူးကိုအသာပုတ်လိုက် သည်။
“ဗွက်”
ချော်ရည်ပူမှာ ကွဲသွားပြီး ကြက်သွေးရောင်မီးတောက်သည် ရေထဲတွင် လမ်းလျှောက်နေသကဲ့သို့ပင် ထွက်လာသည်။ သူ့လက်ထဲတွင် ကြောင်ကတိုး ကဲ့သို့ အကောင်လေးရှိနေသည်။
“ဒါက မီးနတ်ဘုရားလား သေးလိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။
“မြောင်း” ထိုကောင်လေးသည် ကြက်သွေးရောင်မီးတောက်၏ လက်ထဲ တွင် ရုန်းကန်နေပြီး ရှီမာယူယူကို အော်လေသည်။
“ရွှီး”
ငှက်ပေါက်စသည် ကြက်သွေးရောင်မီးတောက်လက်ထဲမှ ထွက်လာပြီး ထိုကောင်လေးကို အုပ်မိုးလိုက်သည်။ ရှီမာယူယူသည် အော်သံများကို ကြား လိုက်ရ၏။
ကြက်သွေးရောင်မီးတောက်မှ ခေတ္တမျှလောင်ကျွမ်းအောင်လုပ်ပြီးမှပင် ထိုကောင်လေးသည် များစွာငြိမ်သက်သွားသည်။
“သူက အသက် ၁၀၀ လောက်ပဲရှိသေးတာကို ဒီလောက်တောင် အား ကောင်းနေပြီ” ရှီမာယူယူသည် ထိုအကောင်လေးကို တအံ့တဩကြည့်လေ သည်။
ငှက်ပေါက်စ မည်မျှအားကောင်းသည်ကို သူမ သိသည်။ ပြီးနောက် အခု လေးတင် ကြက်သွေးရောင်မီးတောက်သုံးလိုက်သည့် စွမ်းအားကိုလည်း သိ သည်။ သာမန်လူသာဆိုလျှင် ဘာမှမကျန်လောက်အောင် လောင်ကျွမ်းသွား မည်ဖြစ်သည်။
သို့သော် ထိုကောင်လေးသည် အသံတစ်သံသာထွက်ရုံအပြင် ဘာမှမဖြစ် ခဲ့ပေ။
“ကံမကောင်းလိုက်တဲ့ကောင်လေးပဲ” ရှီမာယူယူသည် သနားစဖွယ် ကြည့်လိုက်သည်။ သူသာ သူတို့နှင့်မတွေ့ခဲ့လျှင် ကြီးလာပါက ပြိုင်ဘက်ကင်း ဖြစ်သွားတော့မည်။
“စာချုပ်တည်ထောင်လိုက်” ကြက်သွေးရောင်မီးတောက် ပြောလိုက် သည်နှင့် လက်ထဲမှ ကောင်လေးသည် တုန်ယင်သွားလေသည်။
ဒီလိုအားနည်းတဲ့ မိန်းမကို သခင်အဖြစ် အသိအမှတ်ပြုရမှာလား။ ငြင်းလို့ရမှာလား။
သူနှစ်ကြိမ်မျှ စူးစူးဝါးဝါးအော်လိုက်ရာ ကြက်သွေးရောင်မီးတောက်သည် ချက်ချင်းနားလည်သွားပုံပေါက်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည် “မင်း သူမ ကို သခင်အဖြစ်အသိအမှတ်မပြုချင်လည်း ရတယ်လေ”
“မြောင်း”
ရှီမာယူယူသည် သူ၏ပျော်ရွှင်သွားသော ရောင်ဝါကိုခံစားမိသည်။ အပျော်စောလွန်းသည်ဟု သူမ စိတ်ထဲမှသတိပေးမိသည်။
ထင်ထားသလိုပင်…
“မင်း သူမကို သခင်အဖြစ် အသိအမှတ်မပြုချင်ဘူးဆိုရင် မင်းက အသုံး မဝင်တော့ဘူး.. ငါ မင်းကိုစုပ်ယူလိုက်ရင် ငါ့ဒဏ်ရာတွေလည်းကောင်းသွားမှာ ပဲ” ကြက်သွေးရောင်မီးတောက်သည် ထိုကောင်လေးကို ကောက်ယူပြီး စုပ်ယူ ရန်ဟန်ပြင်လေသည်။
“မြောင်း”
ကြက်သွေးရောင်မီးတောက် နောက်နေခြင်းမဟုတ်သည်ကို ထိုကောင် လေးသည် ခံစားမိသည်။ သို့သော် စုပ်ယူမခံနိုင်ပေ။ ထို့ကြောင့် ကြောက်လန့် တကြားအော်မိသည်။
“ကြက်သွေးရောင်မီးတောက် မင်းတကယ်ပဲ စုပ်ယူတော့မလို့လား” ကြက်သွေးရောင်မီးတောက် နောက်ပြောင်နေခြင်းမဟုတ်သည်ကို ရှီမာယူယူ လည်း သိလိုက်သည်။
“ကိုယ်ယူနိုင်ရင် ယူလိုက်… မယူနိုင်ရင် လွှင့်ပစ်လိုက်ရုံပဲ” ကြက်သွေး ရောင်မီးတောက်သည် ဂရုမစိုက်ပေ။
အတိအကျဆိုရလျှင် သူသာ မနာခံပါက ရှီမာယူယူ လက်ခံရန်မှာ အလွန် စွန့်စားရာကျသည်။
“မြောင်း” ထိုကောင်လေးသည် ကြက်သွေးရောင်မီးတောက် လွှတ်မပေး ချင်သည်ကိုမြင်သည်နှင့် သူ့လက်ထဲတွင် လူးလွန့်ရုန်းပြီး ရှီမာယူယူဘက်သို့ ခေါင်းလှည့်ကြည့်လေသည်။
သူ၏ ကြီးမားပြီးကူကယ်ရာမဲ့နေသည့် မျက်လုံးများကို ရှီမာယူယူ မြင် သောအခါ ခံနိုင်ရည်မရှိတော့ဘဲ ပြောလိုက်သည် “မင်းက ဘာလို့ ဒီအတိုင်း လက်မခံလိုက်တာလဲ.. ငါ့နောက်လိုက်ချင်လို့လား”
“မြောင်း”
ထိုကော်ငလေးသည် အမြန်ပင် ခေါင်းညိတ်လေသည်။ ပျောက်ကွယ်သွား သည်ထက် သူမနောက်လိုက်သည်က ပိုကောင်းမည်။
ကြက်သွေးရောင်မီးတောက်သည် ထိုကောင်လေးကို တဒင်္ဂမျှစိုက်ကြည့် လိုက်သည်။ သူ့မျက်လုံးများမှာ အေးစက်နေကာ အေးစက်စက်ပင်ပြောလိုက် ၏ “ဒါဆိုလည်း စာချုပ်တည်ထောင်လေ”
“အရမ်းအကောင်းကြီးတော့မဟုတ်ဘူး ပြန်သွားပြီးမှလုပ်တာကောင်း မယ်ထင်တယ်” ဝူလင်းယူ ပြောလေသည်။
ယခုအချိန်တွင် ထိုကောင်လေးသည် ချော်ရည်ပူမှ ထွက်ခွာ၍မရသလို ဝိညာဉ်စေတီအတွင်းသို့ ချော်ရည်ပူထည့်ရမည်မှာလည်း ရှီမာယူယူအတွက် မကောင်းပေ။ စဉ်းစားကြည့်ရာ ယွိခဲ့လော့ရှိသည့်နေရာတွင်သာ အသင့်တော် ဆုံးဖြစ်နေသည်။
သို့သော် ထိုသို့ဆိုပါက ရှီမာလျူရွှမ်နှင့် ယွိခဲ့လော့တို့သည် သူမ၏ နာကျင် ပုံကိုမြင်နေရမည်။
“ဒီမှာပဲလုပ်မယ်” ရှီမာယူယူသည် မိဘများကို မစိုးရိမ်စေချင်ပေ။
“ပြန်သွားမယ်” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် သူ၏တည်ကြည်သော မျက်နှာကို မြင် လိုက်ချိန်တွင် ဤကိစ္စကိုဗျူဟာဆွဲရန် နည်းလမ်းမရှိကြောင်းနှင့် ဤကိစ္စသည် မည်မျှအန္တရာယ်ရှိနေသဖြင့် အတိမ်းအစောင်းနည်းနည်းမှ မခံနိုင်ကြောင်းကို သိလိုက်ရသည်။
ရှီမာယူယူသည် သူတို့ကိုပြန်ခေါ်သွားလိုက်သည်။ ရှီမာလျူရွှမ်နှင့် ယွိခဲ့ လော့တို့သည် ကြက်သွေးရောင်မီးတောက်၏ လက်ထဲမှကောင်လေးကို မမြင် သေးသော်လည်း အပူချိန်ကိုခံစားမိကြသည်။
“ယူအာ ဘယ်လိုနေလဲ” ရှီမာလျူရွှမ် မေးလိုက်သည်။
ရှီမာယူယူသည် အခြေအနေကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ရှီမာလျူ ရွှမ်နှင့် ယွိခဲ့လော့တို့သည် သူမ ထိုအရာကိုလက်ခံမည်ဟု ကြားလိုက်သည်နှင့် အလွန်ပင် အံ့ဩသွားကြသည်။
“သေချာရဲ့လား” ယွိခဲ့လော့သည် စိုးရိမ်တကြီးမေးလိုက်သည်။
“ကြက်သွေးရောင်မီးတောက် ဒီမှာရှိနေတာပဲ” ရှီမာယူယူသည် သူမကို ပြုံးပြလိုက်သည် “လုပ်ငန်းစဉ်က မသက်မသာဖြစ်စေရုံပါပဲ.. အမေတို့ ခဏ လောက်ငြိမ်ပြီး သမီးတို့ကိုမနှောင့်ယှက်ရင်ရပြီ မဟုတ်ရင် သမီးနဲ့ ကြက်သွေး ရောင်မီးတောက်တို့ မတော်တဆဖြစ်သွားလိမ့်မယ်”
“ဟုတ်ပြီ” ယွိခဲ့လော့သည် သူမကို စိုးရိမ်တကြီးကြည့်ပြီး ခေါင်းညိတ် လေသည်။
ရှီမာယူယူနှင့် ကြက်သွေးရောင်မီးတောက်တို့သည် အဝေးဆုံးနေရာသို့ သွားလိုက်ကြကာ ကြက်သွေးရောင်မီးတောက်သည် ထိုကောင်လေးကို သူမ ရှေ့သို့ချလိုက်သည်။ သူမသည် အပူရှိန်မျက်နှာလာရိုက်သည်ကို ချက်ချင်းပင် ခံစားမိလိုက်သည်။ ပြီးနောက် တစ်ကိုယ်လုံးသည် ပေါင်းခံနေရသလို နာကျင် လာသည်။ အပူရှိန်များသည် သူမ၏ ခေါင်းကိုတိုက်ခိုက်နေပြီး အသိစိတ်များကို ဝေဝါးစေသည်။
နာလိုက်တာ.. အဆုံးမရှိကိုနာတယ်။
နာကျင်မှုကိုမှလွဲပြီး တခြားဘာကိုမှ မခံစားရပေ။ ကံကောင်းစွာပင် ကြက်သွေးရောင်မီးတောက်ရှိနေသဖြင့် သတိရှိနေစေရန် အားထုတ်စရာမလို ပေ။
သူမ နာကျင်နေရသည်မှာ မည်မျှကာသည်မသိ၊ အသံပင်မထွက်နိုင်ဘဲ မြေတွင်လူးလှိမ့်နေရာ အားလုံးမှာ စိတ်မသက်မသာဖြစ်နေကြသည်။ သူမ၏ မိခင်ဖြစ်သူမှာလည်း စိတ်မချမ်းမသာနှင့် မျက်ရည်များကျနေသည်ကို သူမ မသိပေ။ သူမသည် ကြက်သွေးရောင်မီးတောက်ပြောလိုက်သည့်စကားကို မသိ သလို မီးနတ်ဘုရားပြောလိုက်သည့်စကားကိုလည်း မသိတော့ပေ။ သူမ သိ သည်မှာ သူမ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အင်အားအားလုံးကို အသုံး ပြုရမည်ဟု ပြောလိုက်ခြင်းကိုသာ ကြားလိုက်ရသည်။
စာချုပ်တည်ဆောက်မှုပြီးသွားပြီဟု ကြက်သွေးရောင်မီးတောက် ပြော လိုက်ချိန်တွင် မီးနတ်ဘုရားနှင့် ဆက်သွယ်မှုကိုခံစားလိုက်ရပြီး နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ လုံးဝကိုမေ့မြောသွားလေသည်။
***