ရှောင်ဟု(မီးလေး)
Vol. 151 Ch. 2107
“ယူ.. ယူ.. ဆိုးတယ်” သနားစဖွယ်အသံလေးသည် အရွယ်မရောက်သေး သည့် ကလေးတစ်ယောက်သဖွယ်ဖြစ်နေသည်။
ကြက်သွေးရောင်မီးတောက်သည် မျက်လုံးဖွင့်ပြီး သူမကို ကြည့်လေ သည်။ သူ၏မျက်နှာထားမှာ မပြောင်းလဲသော်လည်း သူ့မျက်လုံးထဲမှအပြုံးကို တော့ သူမ ခံစားမိသည်။
သူမသည် နှာခေါင်းကိုထိပြီး ရှက်ကိုးရှက်ကန်းပြောလေသည် “အဟွတ် အဲဒါက အခြေအနေအရတုံ့ပြန်မိတာလေ.. တမင်လုပ်တာမဟုတ်ဘူး”
“ဟင်း” ထိုအကောင်လေးသည် နစ်နာစွာဖြင့် နှာမှုတ်လေသည်။
“မင်း မလာတော့ဘူးလား” ရှီမာယူယူမေးလိုက်သည် “မလာဘူးဆိုရင် ငါ လာမယ်”
“ဝူး”
ထိုအကောင်လေးသည် သူမဆီပျံလာသည်။ သို့သော် ဤတစ်ကြိမ်တွင် ရှီမာယူယူသည် သူ့ကိုပုတ်မထုတ်တော့ပေ။
“မင်းက နီရဲနေတာပဲ မင်းကိုရှောင်ဟုန်လို့ခေါ်ရမလား” ရှီမာယူယူသည် သူ၏ မီးတောက်နေသော ခန္ဓာကိုယ်ကိုမြင်သောအခါ သူ့ခေါင်းကို လက်ချောင်း ဖြင့် ပုတ်လိုက်သည်။
“ရှောင်ဟု” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။
“ဟင်” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ရာ သူ သူမကို မျက်ခုံးပင့်ပြ သည်ကို မြင်လိုက်ရသည်။ သူမ၏ နာမည်ကို သူသဘောမကျသည်ကို သိသွား သဖြင့် သူမ နှုတ်ခမ်းဆူကာ ဟင်းခနဲအသံပြုလေသည် “ရှောင်ဟုဆို လည်း ရှောင်ဟုပေါ့ တကယ်တော့ ရှောင်ဟုန်ဆိုတာလည်း လှသားပဲ”
ရှောင်ဟုသည် သူမ၏ လက်ဖဝါးကိုပွတ်သပ်လေသည် “…မီး…”
“ဟုတ်ပါပြီ ဟုတ်ပါပြီ.. မင်းကိုရှောင်ဟုလို့ခေါ်မယ်” ရှီမာယူယူ ပြောလိုက်၏။ သူမသည် ရှောင်ဟုကို လည်ဂုတ်မှမ,ယူပြီး သေချာကြည့် ကာ ပြောလိုက်သည် “မီးနတ်ဘုရား သူကဘာလို့ ဒီလိုပုံဖြစ်နေတာလဲ လွှမ်းမိုး မှုလည်းမရှိဘူး”
“မြောင်း”
ရှောင်ဟု၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ၏ရှည်လျား သော လက်သည်းများသည် နေရာတိုင်းကိုကုတ်ကာ ပါးစပ်မှလည်း အော်ဟစ် နေသည်။ သူသည် ဒေါသထွက်သွားသလိုပင်။
သူမ သဘောကျနေသည်ကို မြင်သောအခါ ကြက်သွေးရောင်မီးတောက် သည် ခေါင်းကိုအသာယမ်းကာ ပြောလိုက်သည် “မင်း တောင်မျက်နှာအံ့ဖွယ် ချိပ်စည်းသွားယူရင် ရှောင်ဟုနဲ့ ငါမသွားဘူး ဒီမှာပဲမင်းပြန်လာတာကို စောင့်နေ မယ်”
“ဘာလို့လဲ… ဒီမှာထူးခြားတာများရှိလို့လား” ရှီမာယူယူသည် မီးတောက် လေးကို ချကာ ချော်ရည်ပူကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
“တကယ်ပဲ ဒီမှာကပုံမှန်မဟုတ်ဘူး ဒါပေမဲ့ ဘာလဲဆိုတာ အတိအကျ ရှာ မတွေ့ဘူး.. ဒီမှာဆိုရင် ငါ့ဒဏ်ရာက မြန်မြန်ပြန်ကောင်းလိမ့်မယ်.. ပြီးတော့ သူ ကလည်း မကြီးထွားသေးတော့ ဒီမှာနေရင် ကြီးထွားလာနိုင်တယ်” ကြက်သွေး ရောင်မီးတောက် ပြောလိုက်သည်။
“မင်းက တိုင်းပြည်ထဲမှာ အကြာကြီးစောင့်ခဲ့တယ်.. ပြီးတော့ မီးနတ် ဘုရားကိုလည်းမမြင်ဖူးဘူး.. သူက ဒီနေရာမှာမွေးဖွားလာတယ်ဆိုတော့ ဒီနေရာက တကယ်သာမန်မဟုတ်တာကို ပြနေတာပဲ” ရှီမာယူယူ ပြောလိုက် သည် “မင်းတို့အကုန်လုံးအတွက် ကောင်းတယ်ဆိုမှတော့ ဒီမှာပဲနေလိုက်ပေါ့”
“အင်း ငါ ဒီမှာနေရတဲ့ အကြောင်းအရင်းတစ်ခုက ပြန်ကောင်းလာဖို့ရယ် နောက်တစ်ခုက ဘာကြောင့်လဲဆိုတာကိုရှာဖို့ပဲ” ကြက်သွေးရောင်မီးတောက် ပြောလေသည်။
“ဟုတ်ပြီလေ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အဲဒါအပြင် ငါ မင်းကို တစ်ခုမေးစရာရှိတယ်”
“ဘာလဲ”
“ငါ့အဖေရဲ့ စိတ်နဲ့ဆိုရင် အမေ့ကိုတွေ့ပြီးရင် ငါ့နောက်မလိုက်မှာစိုးရ တယ်၊ သူ နေခဲ့ချင်ရင် သူ့ကိုပါ ကြည့်ပေးလို့ရမလား.. တကယ်လို့ တစ်ခုခုဖြစ် ရင် ငါ့ကိုချက်ချင်းသတိပေးပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီလေ”
ရှီမာယူယူသည် ရှောင်ဟု၏ ခေါင်းကိုထိပြီး ပြောလိုက်သည် “ကောင်လေး ငါ သွားတော့မယ် လိမ်လိမ်မာမာနေခဲ့နော် ဟုတ်ပြီလား”
“မြောင်း”
“မင်းမနေခဲ့ချင်တာသိပါတယ် ဒါပေမဲ့ ဒီမှာနေခဲ့တာကပိုကောင်းမယ်.. မင်းက ဒီမှာကြီးထွားလာရမယ် အဲဒါမှနောက်ဆိုရင် ငါ့ကိုကာကွယ်နိုင်မှာ.. နောက်ကို ငါ့ကိုတစ်ယောက်ယောက်က အနိုင်လာကျင့်ရင် မင်း အဲလူကို မီးရှို့ ပစ်လိုက်” ရှီမာယူယူသည် ပြောလိုက်သည်။
ရှောင်ဟုသည် ကာကွယ်သည်ဆိုသည့် အဓိပ္ပာယ်ကို မသိသေး ပေ။ သို့သော် နောက်ဆုံးစာကြောင်းကိုတော့ နားလည်သည်။ သူမသည် သူ့ကို ဤနေရာတွင်နေခဲ့ပြီး သန်မာလာစေချင်သည်။ တခြားသူများ သူမကိုအနိုင် ကျင့်ပါက သူသည် ထိုလူများကို မီးရှို့ပြီးသတ်ရမည်။ သူ၏လက်ရှိအားမှာ အလွန်နည်းနေသေးသည်။
ထို့ကြောင့် သူ နေခဲ့ရန်ဆုံးဖြတ်လိုက်သည်။
ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက်ကို ထားခဲ့ပြီးနောက် အချုပ် ခန်းနေရာသို့ ပြန်သွားလိုက်သည်။
“သူတို့တွေက အောက်မှာပဲနေခဲ့တာလား” ဝူလင်းယူသည် သူမ ရှက်နေ ဦးမည်ကို စိုးသဖြင့် အရင်မေးလိုက်သည်။
“အင်း.. ဒီတစ်ခေါက် သူတို့က ဒီမှာနေခဲ့မှာ လိုက်မှာမဟုတ်ဘူး” ရှီမာယူ ယူ ပြောလိုက်သည်။
“ယူအာ အဖေလည်း ဒီမှာနေခဲ့ချင်တယ်” ရှီမာလျူရွှမ် ပြောလိုက်၏ “သမီးအမေက ဒီမှာနေရတာကြာပြီ အဖေသူမနဲ့နေခဲ့ချင်တယ်”
“ဟုတ်ကဲ့ပါ” ရှီမာယူယူသည် ခန့်မှန်းမိပြီးသားဖြစ်သဖြင့် မအံ့ဩတော့ ပေ “ဒါပေမဲ့ အဖေဒီမှာနေခဲ့ရင် ဒီမှာပဲနေလို့ရမယ်.. သမီးပြန်မလာခင်အထိ အပြင်ကိုထွက်လို့မရဘူးဆိုတာ သိထားရမယ်”
“အဖေ သိပါတယ်” ရှီမာလျူရွှမ် ပြောလိုက်သည် “ဒီနေရာက ဘယ်လောက်ပဲ သေးသေး သမီးအမေနဲ့အတူရှိရရင် ကိစ္စမရှိဘူး”
“အမေနဲ့ ဒီမှာရှိတာကောင်းပါတယ်” ရှီမာယူယူ ပြောလိုက်သည် “တစ်ခု ခုဆိုရင် အော်လိုက်ပါ ကြက်သွေးရောင်မီးတောက်နဲ့ ရှောင်ဟုတို့က အောက်မှာ ရှိနေတယ်… သူတို့က စောင့်ကြည့်ပေးနေမှာ… တစ်ခုခုဖြစ်ရင် ကြက်သွေး ရောင်မီးတောက်က သမီးကိုဆက်သွယ်လိမ့်မယ်”
“ဟုတ်ပါပြီ” ရှီမာလျူရွှမ် ပြန်ဖြေလေသည်။
“ယူအာ သွားတော့မလို့လား” ယွိခဲ့လော့သည် သူမကို တွန့်ဆုတ်စွာ ကြည့်လေသည်။
“အမေ သမီးက တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းသွားရှာရမှာ အဲဒါမှ အမေ့ ကိုကယ်လို့ရမှာ” ရှီမာယူယူ ပြောလိုက်သည် “စိတ်မပူပါနဲ့ သမီးမကြာခင် ပြန် လာမှာ”
“သတိထားနော်” ယွိခဲ့လော့ တိုက်တွန်းလေသည်။
အရင်ကဆိုလျှင် သူမ ဤနေရာတွင် အချုပ်ခံရသည် မခံရသည်ကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုအချိန်မှာမတူတော့ပေ။ သူမသည် သူမ၏သမီး နှင့် ချစ်ရသောခင်ပွန်းကိုတွေ့နေရကာ သူမကိုကယ်ရန် များစွာအားစိုက်ခဲ့ ကြောင်းကို သိရပြီးနောက် ဤကဲ့သို့မည်သို့ဆက်နေနိုင်မည်နည်း။
“အဟွတ် အဟွတ်” သူမသည် စိတ်ထဲမှချိုမြိန်မှုများကို ခံစားမိသဖြင့် ချောင်းမဟန့်ဘဲမနေနိုင်တော့ပေ။ သို့သော် သွေးများထွက်လာသည်။
“အမေ ဘယ်လိုနေလဲ”
“ခဲ့လော့ အဆင်ပြေရဲ့လား”
ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့သည် ပျာသွားကာ အော်မိကြလေသည်။
“ဘာမှမဖြစ်ဘူး” ယွိခဲ့လော့သည် လက်ကိုဝှေ့ယမ်းလေသည် “ရပါတယ် ဒီအတိုင်း လည်ချောင်းက ချော်ရည်အငွေ့တွေကြောင့် နည်းနည်းမသက်မသာ ဖြစ်သွားရုံပဲ”
“မျက်နှာကမကောင်းတော့ဘူး ဆေးရောရှိသေးရဲ့လား”
ယွိခဲ့လော့သည် ရှိသေးသည်ဟု ပြောမည်ပြုသည်။ သို့သော် သူတို့ မျက်လုံးများကို မြင်သောအခါ သူမ မညာရက်တော့ပေ။
“ရှောင်ဟုက ပုံပေါ်လာလို့ ပတ်ဝန်းကျင်ကအပူချိန်တွေ ပိုမြင့်လာ တာဖြစ်မယ်.. ပြီးတော့ အရင်ကတည်းက ဆေးတွေအကုန်စားပြီးသွားပြီ” ယွိခဲ့ လော့ပြောလေသည်။
မကြာသေးခင်က အခြေအနေမှာပိုဆိုးလာသည်ကို ခံစားမိပြီး အသက်ရှင် ရန်ဆန္ဒမရှိခဲ့ပေ။ ထို့ကြောင့် သူမ၏အခြေအနေမှာလည်း ပိုဆိုးလာခြင်းဖြစ် သည်။ အကယ်၍ သူတို့သာ ဤအချိန်တွင်ရောက်မလာဘဲ နောက်မှရောက် လာခဲ့လျှင် သူမ၏အလောင်းကိုသာ တွေ့ရမည်ဖြစ်သည်။
“အမေ ဒီလိုမျိုးဆို ကြာကြာမခံနိုင်လောက်ဘူး.. အထဲကိုဆေးပေးဖို့ နည်းလမ်းရှာရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ချိပ်စည်းကဖွင့်မရဘူးလေ” ယွိခဲ့လော့ ပြောလိုက်သည်။
“စမ်းကြည့်မယ်” ရှီမာယူယူသည် ဝိညာဉ်စွမ်းအားစုစည်းပြီး ချိပ်စည်းကို တိုက်ခိုက်ရင်း ပြောလေသည်။ သူမ ချိပ်စည်းကိုထိသည်နှင့် နောက်ပြန်ကန် ထွက်လေသည်။ ဝူလင်းယူသည် အမြန်ပင်တုံ့ပြန်ကာ သူမကို ဖမ်းလေသည်။
“ယူအာ”
“ဘာမှမဖြစ်ဘူး” ရှီမာယူယူသည် ဝူလင်းယူ၏ ရင်ခွင်ထဲမှထွက်လိုက်ချိန် တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်လေးမျက်နှာမှ အလင်းခပ်ဖျော့ဖျော့ ထွက်လာပြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
“အဲဒီနေရာက လေးမျက်နှာအံ့ဖွယ်ချိပ်စည်းတွေထားတဲ့နေရာလား” သူမ ပြောပြီးသည်နှင့် အတားအဆီးကို တိုက်ခိုက်မည်ပြုသည်။ သို့သော် ဝူလင်းယူ သူမကိုတားထားလေသည်။
“ကိုယ်လုပ်ကြည့်မယ် မင်းကြည့်ထားလိုက်” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူသည် ခေါင်းမာမနေတော့ဘဲ ရှီမာလျူရွှမ်နှင့်အတူ ဘေးထွက် လိုက်သည်။ ဝူလင်းယူသည် အားအနည်းငယ်စုကာ တိုက်ခိုက်ရာ ချက်ချင်းပင် ကာကွယ်ရေးစက်ဝိုင်းတစ်ခုပေါ်လာသည်။
ဤတစ်ကြိမ်တွင် ရှီမာယူယူ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ နေရာ လေးခုမှာ အလင်းများလက်ကနဲဖြစ်သွားသည်။
“ကျွန်မမှန်းတာမှန်ရင်တော အဲဒီလေးနေရာက လေးမျက်နှာအံ့ဖွယ်ချိပ် စည်းထားတာတဲ့နေရာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ချိပ်စည်းတစ်ခုလိုနေတော့ ဖျက်လို့မရဘူး”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ဝူလင်းယူကို ထပ်မံကြိုးစား ကြည့်ခိုင်းသည်။ ဝူလင်းယူသည် ဝိညာဉ်စွမ်းအားစုစည်းကာ ထပ်မံတိုက်ခိုက် သည်။ တစ်ချိန်တည်းမှာပင် သူမသည် မြောက်ဘက်သို့သွားကာ လျှပ်တပြက် သွားကာ မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို သူမ၏ ဝိညာဉ်စွမ်းအားထည့်ပြီး အလင်းထဲထည့်လိုက်သည်။
***