တိုက်ဆိုင်မှု
Vol. 151 Ch. 2108
သူမ လုပ်ရပ်၏သက်ရောက်မှုကို သိချင်နေကြသဖြင့် အားလုံးသည် သူမ ကို စိုက်ကြည့်နေကြသည်။
ရှီမာယူယူသည် သူမ၏အမှောင်စွမ်းအားများအားလုံးကို မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းထဲသို့ အားလုံးနီးပါးထည့်လိုက်ရသည်ဟု ခံစားရသည်။ သို့သော် သူမ ပြန်ရုတ်သိမ်းချင်တိုင်း ရုတ်သိမ်း၍မရတော့ပေ။
“ယူယူ” သူမ တစ်ခုခုမှားယွင်းနေသည်ကို ဝူလင်းယူသိသဖြင့် မြောက် မျက်နှာအံ့ဖွယ်ချိပ်စည်းကို ထုတ်လေသည်။ သို့သော် သူမ သူ့ကိုတားလိုက် သည်။
“မလှုပ်သေးနဲ့ဦး တုံ့ပြန်လာတယ်” ရှီမာယူယူသည် စကားအများကြီး မပြောလိုက်သော်လည်း ဝူလင်းယူကို တားလိုက်နိုင်သည်။
ဝူလင်းယူသည် သူမအကြည့်နောက်လိုက်ကြည့်ရာ မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းနားတွင် လက်တစ်ဖဝါးစာ အပေါက်ငယ်လေးကိုမြင်လိုက်ရ သည်။
ထိုအပေါက်သည် ကြီးသင့်သလောက်ကြီးသည်။
ရှီမာယူယူသည် ရပ်နေသည့်နေရာမှ ကျောက်စိမ်းပုလင်းကို အထဲသို့ လှိမ့်ထည့်ပေးလိုက်သည်။
“အာ.. လင်းယူ”
ရှီမာယူယူ မခံနိုင်တော့ဘဲ ဝူလင်းယူကိုခေါ်လိုက်ရာ သူ ချက်ချင်းပင် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို ဆွဲထုတ်လိုက်သည်။ သူတို့နှစ်ယောက် လုပ် လိုက်သော ကြီးမားလှသည့်အား တစ်ခုသည် ချိပ်စည်းအစွန်းကိုပြင်းထန်စွာ ရိုက်ခတ်မိပြီး အပေါက်တစ်ခုလုံးကိုတုန်ခါသွားစေသည်။
နောက်ဆုံးအခိုက်အတန့်တွင် ဝူလင်းယူသည် ရှီမာယူယူကို ရင်ခွင်ထဲ ထည့်လိုက်ပြီး နောက်ဆုံးရိုက်ချက်ကို ခံလိုက်သည်။
အောက်တွင်ရှိသော ကြက်သွေးရောင်မီးတောက်သည် အထက်က လှုပ်ရှားမှုကိုခံစားမိလိုက်သည်။ သူ့မျက်လုံးထဲမှ အလင်းတစ်ခုလက်သွားပြီး နောက် မျက်လုံးပြန်မှိတ်ကာ ဆက်လက်ကျင့်ကြံလေသည်။
“ယူအာ” ရှီမာလျူရွှမ် ပြေးလာသည် “ဘယ်လိုနေလဲ”
“သမီး ဘာမှမဖြစ်ဘူး အနားယူဖို့လိုရုံတင်ပဲ” ရှီမာယူယူသည် ဝူလင်းယူ ကိုကြည့်လိုက်သည်။ သူအဆင်ပြေသည်ကို မြင်ရသည်နှင့် စိတ်သက်သာရာရ သွားသည်။
“ငါ့ကလေး အန္တရာယ်များတယ်ဆိုတာကို သိရင်လည်း ရပ်လိုက်တာ မဟုတ်ဘူး.. ဘာလို့အမြဲတမ်း ဒီလိုအန္တရာယ်များတာကို လုပ်ရတာလဲ” ယွိခဲ့ လော့သည် ရှီမာယူယူကြောင့် အလွန်ပင် ထိတ်လန့်သွားသည်။
သူတို့တွေ့ကြသည်မှာ မကြာသေးသော်လည်း သူမသည် ထိခိုက်ပြီးရင်း ထိခိုက်နေသဖြင့် သူမ စိတ်မချမ်းမြေ့တော့ပေ။
“သမီးအကျင့်က အမေနဲ့တူတယ်လို့ အဖေ့အပြင်ကို သူများတွေကလည်း ပြောကြတာပဲ” ရှီမာယူယူသည် ဝူလင်းယူ၏ ရင်ခွင်ထဲမှထွက်လာပြီး ဝူလင်းယူ ကို ပြန်ဆွဲထူကာ ယွိခဲ့လော့ကို ပြုံးပြလေသည် “အဲဒီမှာဆေးအမျိုးမျိုးပါတယ် အမေ လိုတာကိုသာသောက်လိုက်ပါ”
သူမသည် ဆေးအမျိုးအစားစုံလင်စွာပေးခဲ့သည်။ ဆေးညွှန်းမကိုက်လျှင် တောင် ယေဘုယျကုသဆေးသည် သက်ရောက်မှုရှိနိုင်သေးသည်။
ယွိခဲ့လော့သည် ဆေးအားလုံးကိုကြည့်ပြီးနောက် ဆေးနှစ်လုံးသောက် လိုက်သည်။ ပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး၏ အပူများချက်ချင်းပင် ငြိမ်းသွားလေသည်။ ခဏအကြာတွင် သူမ၏ အသားအရေပြန်တိုးတက်လာ သည်။
“သက်ရောက်မှုရှိတဲ့ပုံပဲ” ရှီမာယူယူသည် ပျော်ရွှင်စွာပင် ပြုံးလိုက်သည်။ သူမသည် အစောက ပစ်ချလိုက်သော မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို မြင် လိုက်သည်နှင့် သွားကောက်လိုက်သည်။ ကျန်လူများသည် သူမ၏အနောက် တွင်ရှိနေသဖြင့် သူမ၏ လေးနက်နေသော မျက်နှာထားကိုမမြင်လိုက်ကြပေ။
တစ်ခုတည်းနဲ့တောင် ဒီလောက်ခက်နေတာ။ လေးခုပေါင်းလိုက်ရင် သူမ ထိန်းချုပ်နိုင်ပါ့မလား။
သို့သော် သူတို့ကိုထိုအကြောင်းများ သိခွင့်မပေးပေ။
သူမသည် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို သိမ်းပြီးပြောလိုက်သည် “အဖေ အမေ လင်းယူနဲ့သမီးနှစ်ယောက်လုံး ဒဏ်ရာရထားကြတယ်.. ဒီနေရာ က ပတ်ဝန်းကျင်က နလန်ထူဖို့မသင့်တော်ဘူး အဲဒါကြောင့် အရင်သွားနှင့်မယ်.. သမီးတို့ နလန်ထူနို်ငတာနဲ့ မုလန်ဆီကိုသွားမယ်”
“ဟုတ်ပြီ သတိထားပါ” ရှီမာလျူရွှမ်သည် သူမကို ခွင့်မပြုချင်သော်လည်း သူမ ပြောသည်မှာမှန်သည်။ ဤနေရာသည် သူတို့နှစ်ယောက် အားပြန်ဖြည့်ရန် အတွက် မသင့်တော်ပေ။
ရှီမာယူယူကိုကြည့်ပြီး ယွိခဲ့လော့သည် စိုးရိမ်သည့်စကားများကို စိတ်ထဲ တွင်သာထားပြီး သူမကိုပြုံးပြလိုက်သည် “သွားပါ သတိထားနော် အမေ သမီး ကို ဒီမှာစောင့်နေမယ်”
သူမသည် မိဘများကို လေးနက်စွာကြည့်ပြီး စိတ်မပါစွာဖြင့် ထွက်သွား ကာ ဝူလင်းယူကို ဝိညာဉ်စေတီအတွင်းခေါ်သွားပြီးလေသည်။
သူမ ထွက်သွားသည်နှင့် ယွိခဲ့လော့၏ မျက်လုံးမှ မျက်ရည်များကျလာ သည်။ ရှီမာလျူရွှမ်သည် စိတ်မချမ်းမြေ့စွာပြောလေသည် “ဝမ်းမနည်းပါနဲ့ ကိုယ်တို့တွေ မကြာခင်ပြန်တွေ့နိုင်မှာပါ”
“အင်း” ယွိခဲ့လော့သည် မျက်ရည်များဖြင့် ခေါင်းညိတ်လေသည် “ကျွန်မ တို့သမီးအတွက် စိတ်မကောင်းလို့ပါ သူမက ဒီလောက်ငယ်ငယ်လေးနဲ့ ဒီ လောက်ခံစားနေရတယ်”
“အင်း” ရှီမာလျူရွှမ်သည်လည်း စိတ်မချမ်းသာလှပေ “ဒါပေမဲ့ သူမက ကိုယ်တို့ကို စိတ်မချမ်းသာစေချင်မှာမဟုတ်ဘူး.. သူမက သူမကိုဂုဏ်ယူစေချင် တာ”
“ဒီလိုမိန်းကလေးရှိနေတာ ယောက်ျားဘာလို့လိုတော့မှာလဲ”
ရှီမာယူယူသည် ဂူထဲမှထွက်ကာ ဝိညာဉ်စေတီအတွင်းသို့ဝင်လာသည်။ သူမ ပြန်ထွက်လာချိန်တွင် သူမနှင့် ဝူလင်းယူနှစ်ယောက်လုံး လုံးဝပြန်ကောင်း လာပြီဖြစ်သည်။ သူတို့သည်အတားအဆီး အစွန်သို့သွားပြီး ဝူလင်းယူသည် သူမကိုလက်ဆွဲပြီး ခေါ်ထုတ်လာသည်။
ပြီးခဲ့သည့်အတွေ့အကြုံအရ ဝူလင်းယူသည် ချိန်ဆတတ်ပြီဖြစ်ရာ ဒဏ်ရာအနည်းငယ်သာရသည်။ အဝင်တုန်းကလောက် မနာကျင်တော့ပေ။
ရှီမာယူယူသည် သူ့ကိုအနားယူပြီးအားဖြည့်စေချင်သည်။ သို့သော် သူ ငြင်းဆန်ခဲ့သည်။
“မင်းက တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းကို ဖြစ်နိုင်သလောက် မြန်မြန်လို ချင်နေတာ ကိုယ်သိတယ် အဲဒါကြောင့် ဒီမှာနှောင့်နှေးလို့မဖြစ်ဘူး.. ဒီဒဏ်ရာ တွေကို သွားရင်းနဲ့ ဂရုစိုက်လိုက်ပါမယ်” ဝူလင်းယူသည် သူမကိုပြုံးပြပြီး စစ်ဆေးခွင့်ပြုလိုက်သည်။
သူ့တွင် ဒဏ်ရာအပြင်းအထန်မရှိသည်ကို ရှီမာယူယူတွေ့သောအခါ အတင်းမတိုက်တွန်းတော့ပေ။ သူမသည် မဟူရာကိုခေါ်ထုတ်ပြီး ဝူလင်းယူနှင့် အတူ အနီးဆုံးမြို့သို့သွားလိုက်သည်။
သူ အနီးဆုံးမြို့သို့ရောက်သောအခါ မဟူရာကိုပြန်ဝင်ခိုင်းပြီး ဝူလင်းယူ နှင့်အတူ မြို့ထဲသို့ဝင်သည်။ သေချာသည်မှာတော့ သူတို့ မြို့အတွင်းသို့ဝင် သည့်အချိန်တွင် ဝင်ကြေးကိုနှစ်ယောက်စာ မြောက်များစွာပေးရသည်။
ဝူလင်းယူ၏ ဒဏ်ရာများအရှင်းမပျောက်သေးသဖြင့် တည်းခိုဆောင်တစ် ခုသို့သွားကာ နီရဲပျားများကို သတင်းစုံစမ်းရန်လွှတ်လိုက်သည်။ ကံကောင်းစွာ ပင် သူတို့သည် အသူရာငရဲ၏အခြေအနေကို အရင်နားလည်လိုက်ရသည်။
ဝူလင်းယူသည် သူမ၏အတွေးများကိုမသိပေ။ သို့သော် ထိုအရာကပင် သူ့ကိုချိုမြိန်မှုများခံစားရစေသဖြင့် သူသည် သူမကို အတိုက်အခံမလုပ်ပေ။
ဝူလင်းယူသည် အိပ်ရာပေါ်တွင် တရားထိုင်နေပြီး သူမသည် ပြတင်း ပေါက်ဘေးတွင်ထိုင်ကာ ဖြတ်သွားဖြတ်လာများကို ကြည့်ရင်း နီရဲပျားများ ပို့လာသောသတင်းများကို တစ်ခုပြီးတစ်ခုနားထောင်နေသည်။
နီရဲပျားများကို သတင်းစုံစမ်းခိုင်းသည်ဆိုသည့်ကိစ္စမှာ အစကပင် ဆင်ခြေတစ်ခုသာဖြစ်သည်။ ရှီမာယူယူသည် မျှော်လင့်ချက်ကြီးကြီးမားမား မထားပေ။ သို့သော် အမှန်တကယ်ပင် အသုံးဝင်သည့် သတင်းများကြားလိုက် ရသည်။ သူမသည် ဒဏ်ရာများကိုကုသနေသည့် သူ့ကိုကြည့်လိုက်ကာ မျက်လုံးများအရောင်လက်သွားသည်။ သို့သော် သူမ စကားမပြောပေ။
နှစ်ရက်အကြာတွင် ဝူလင်းယူသည် တရားထိုင်ရာမှနိုးလာပြီး ရှီမာယူယူ သူ့ဘေးတွင် ထိုင်နေသည်ကိုမြင်သောအခါ မျက်လုံးထောင့်ဖြင့် ပြုံးပြလိုက်၏။
သူ နိုးလာသည်ကို ရှီမာယူယူမြင်သောအခါ လျှောက်သွားပြီး မေးလိုက် သည် “နိုးလာပြီလား ဒဏ်ရာတွေရော သက်သာပြီလား”
“အသင့်ပဲ” ဝူလင်းယူသည် လက်ဆန့်ထုတ်ကာ စစ်ဆေးခိုင်းလိုက်သည် “အသုံးဝင်တဲ့ သတင်းများရသေးလား”
ရှီမာယူယူ စစ်ကြည့်ရာ သူ့ခန္ဓာကိုယ်မှာ သက်သာနေပြီမှာ သေချာသွား လေသည်။ သူ့စကားများကို ကြားပြီးနောက် သူမဂုဏ်ယူစွာပင် ပြောလိုက် သည် “တကယ်ရှိတယ်”
ဝူလင်းယူသည် မျက်ခုံးများပင့်လိုက်သည် “ဒါဆို ဘာတွေကြားလိုက်လဲ”
“ကျွန်မတပည့်ရှောင်လင်းက အသူရာငရဲကိုပြန်သွားတာမဟုတ်ဘူးလား သူက ဟိုးတလောကပဲ ဒီနားမှာရှိသေးတယ် သူ့ဆီကိုသွားပြီးမှ သူ့ဆီကတစ် ဆင့် အင်ပါယာမြို့တော်ကိုသွားလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲလောက်တောင် တိုက်ဆိုင်တာလား”
“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူက လွန်ခဲ့တဲ့ရက်ပိုင်းကထိ ဒီမှာရှိခဲ့တယ်လို့ကြားတယ် ဒါပေမဲ့ သူထွက်သွားလိုက်ပြီ”
“ဒါဆို ကိုယ်တို့လာတာ နည်းနည်းနောက်ကျသွားတာပဲ” ဝူလင်းယူ ပြော လိုက်၏။
“ဘာမှမဖြစ်ပါဘူး သူ့နောက်လိုက်ရုံပဲပေါ့” ရှီမာယူယူ ပြောလိုက်သည် “သူက တစ်နေရာမှာ ရက်တွေအများကြီးနေလေ့ရှိတယ်လို့ ကြားထားတယ်”
“အင်း အခုပဲသွားရအောင်”
….
မြစိမ်းမြို့တွင် ရှောင်လင်းသည် ခုံတစ်ခုံပေါ်တွင် ပျင်းရိစွာထိုင်ကာ ဘဏ္ဍာထိန်း၏ ပါးစပ်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပုံကိုကြည့်နေသော်လည်း သူ ဘာပြောနေသည်ကိုမသိပေ။
ပြီးတော့ ဒီလိုနေ့မျိုးက ဘယ်တော့ပြီးမှာလဲ။ ဒီဆိုင်ကို မြန်မြန်ဖွင့်ချင်နေ ပြီ။ ဆရာပေးလိုက်တဲ့ ချက်ပြုတ်နည်းတွေကို အပြည့်အဝတောင် မလေ့လာရ သေးဘူး။
“မင်းကြည့်ရတာ ငါ အရင်ကသိခဲ့ဖူးတဲ့လူနဲ့လည်းမတူဘူး.. မဟုတ်ရင် ငါ လူမှားပြီး အသိအမှတ်ပြုမိတာလား”
***