ပျော်ရွှင်မှု
Vol. 151 Ch. 2109
ရှောင်လင်းသည် ရှီမာယူယူ၏အသံကိုကြားသည်နှင့် တစ်ကိုယ်လုံး တက်ကြွသွားကာ ချက်ချင်းပင် ခုံမှထပြီး ဆိုင်အပြင်ဘက်သို့ပြေးသွားလေ သည်။
“ဆရာ အသူရာငရဲကို ဘယ်လိုလုပ်ရောက်လာတာလဲ” ရှောင်လင်းသည် ပျော်ရွှင်လွန်းသဖြင့် ရှီမာယူယူကို ပြေးဖက်ချင်နေသည်။ သို့သော် ဝူလင်းယူ သည် သူ့ကိုဆွဲထားသဖြင့် လေထဲတွင် တွဲလောင်းဖြစ်နေသည်။
ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည် “ဒီကိုလာမယ်လို့ အရင်က ပြော ခဲ့တယ်မလား”
“ဒါပေမဲ့ ဘယ်တော့လာမယ်ဆိုတာ မသိလို့လေ.. ဒီကိုလာဖို့ နည်းနည်း ကြာဦးမယ်ထင်နေတာ.. ဒါပေမဲ့ ဒီလောက်မြန်မြန်ရောက်လာမယ်လို့ ထင် မထားဘူး.. ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ ကျွန်တော် ဒီမှာရှိတာ ဘယ်လိုသိတာလဲ” ရှောင်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းများမေးလေ သည်။
သူ့နောက်မှလိုက်ကြသော ရှောင်မျိုးနွယ်သည် ပို၍အံ့အားသင့်နေကြ သည်။ သူတို့ ကြားတာမှန်ရဲ့လား။ သူတို့သခင်လေးက ဒီအမျိုးသမီးကို ‘ဆရာ’ လို့ခေါ်လိုက်တာလား။
“ဆရာ အထဲဝင်ပြီးသွားရအောင်” ရှောင်လင်းသည် ဖိတ်ကြားသည့် လက်ဟန်ပြသည်။ ပြီးနောက် ရှီမာယူယူနောက်မှ လိုက်လာခဲ့သည်။
“ဘဏ္ဍာထိန်း အဲအမျိုးသမီးရဲ့နောက်ခံကဘာလဲ.. သခင်လေးရဲ့ ဆရာ ဖြစ်နေတာလေ.. ဒါပေမဲ့ သခင်လေးက ဘယ်တုန်းက ဆရာရှိသွားတာလဲ ကျွန်တော်တို့ တစ်ခါမှမကြားမိပါဘူး” ဘဏ္ဍာထိန်းသည် ရှောင်လင်း၏ အရင်နှင့် ယခုအကျင့်စရိုက်ကို နှိုင်းယှဉ်ကြည့်ပြီး အလွန်ပင်ကြေကွဲနေသည်။
ဒီကွာခြားချက်က တော်တော်ကိုကြီးတာပဲ။
“ဟုတ်တယ် ဘဏ္ဍာထိန်း အဲလူကဘယ်သူလဲ”
“မင်းတို့တင်မသိတာမဟုတ်ဘူး ငါတောင်မသိဘူး” ရှောင်မျိုးနွယ်၏ ဘဏ္ဍာထိန်းသည် လေးနက်စွာပင်ပြောလေသည်။
“ဘဏ္ဍာထိန်းက ဘယ်လိုလုပ်မသိတာလဲ တစ်ချိန်လုံးသခင်လေးနောက် ကိုလိုက်နေတာမဟုတ်ဘူးလား”
“အဲဒါက သခင်လေးပြန်လာပြီးမှလေ အသူရာမြို့မှာ ဘယ်လိုတွေဖြစ်ခဲ့ လဲ ငါမှမသိတာ” ဘဏ္ဍာထိန်းသည် မဲ့ရွဲ့စွာပြောလေသည်။
“အဲဒီတော့ ဒီလူက သခင်လေး အဲဒီမှာအသိအမှတ်ပြုခဲ့တဲ့ ဆရာပေါ့ သူတို့က သခင်အကြောင်းကို သိကြလား”
“ငါ ခေါင်းဆောင်ဆီကတော့ ဘာမှမကြားမိဘူး.. တကယ်သာ အားကောင်းတဲ့လူဆိုရင် ခေါင်းဆောင်က သတင်းဖုံးထားမှာမဟုတ်ဘူး”
“အဲဒီတော့ ခေါင်းဆောင်နဲ့ တခြားလူတွေမသိဘူးပေါ့... ဘဏ္ဍာထိန်း ရှောင်… ခေါင်းဆောင်တို့ကို ဒီအကြောင်းပြောရမယ်”
“သေချာပေါက်ပဲလေ” ရှောင်မျိုးနွယ်၏ ဘဏ္ဍာထိန်းသည် ပြန်ဖြေပြီး နောက် သတင်းပို့ရန်လှည့်ထွက်သွားသည်။
သူသည် ရှောင်လင်းပြန်လာကတည်းကပင် နောက်မှလိုက်ခဲ့သည်။ စကားလှအောင်သုံးရလျှင် သူ့ကို မိသားစုလုပ်ငန်းများနှင့် ရင်းနှီးစေရန်ဖြစ် သည်။ တကယ်တော့ သူသည် ရှောင်လင်း၏ ကြီးကြပ်သူတာဝန်ကိုယူရခြင်း ဖြစ်သည်။ ယခု နားလည်ရခက်သော ရုတ်တရက် လူပေါ်လာသဖြင့် ဤကိစ္စကို ပြန်ပြီးသတင်းပို့ရမည်။
ထိုဆိုင်သည် လက်ဖက်ရည်ဆိုင်ဖြစ်ကာ ရှောင်လင်းသည် ရှီမာယူယူကို အပေါ်ထပ်တွင်ရှိသည့် သီးသန့်ခန်းကိုခေါ်သွားပြီး အကောင်းဆုံးလက်ဖက် ရည်ကို ပြင်ဆင်ခိုင်းလိုက်သည်။
“ရှောင်လင်း အခု ဘာတွေလုပ်နေလဲ မင်းကြည့်ရတာ အားကိုမရှိဘူး” ရှီမာယူယူသည် ထိုင်ပြီးနောက် ပြောလိုက်သည်။
“ဘာဖြစ်နိုင်ဦးမှာလဲ ကျွန်တော် ပြန်လာပြီးကတည်းက မိသားစုကိစ္စတွေ ကိုလိုက်ကြည့်ခိုင်းနေကြတာလေ.. ဒီကအခြေအနေကို ဘဏ္ဍာထိန်း သတင်းပို့ တာကိုပဲ နားထောင်နေတာ” သူသည် ထိုအကြောင်းကြားပြီးနောက် ဒေါသ ထွက်သွားသည် “ဆရာ ကျွန်တော်ပြောမယ်.. သူတို့က ကျွန်တော့်ကိုပြန်ခေါ် ပြီး ဒီလိုပျင်းစရာကောင်းတဲ့ကိစ္စတွေလုပ်ခိုင်းနေတာ”
“အဲဒါကြောင့်ကိုး” ရှီမာယူယူသည် ရှင်းလင်းစွာပင် ပြုံးလိုက်သည်။ ရှောင်လင်းသည် ချက်ပြုတ်ရသည်ကို နှစ်သက်ပြီး ဤကိစ္စများပြုလုပ်ရသည် ကို မကြိုက်လှပေ။ မိသားစု၏ ပိုင်ဆိုင်မှုများကို စစ်ဆေးရသည်မှာ သူ့အတွက် နာကျင်စရာကိစ္စပင်ဖြစ်သည်။
“ဟူး.. ကျွန်တော့်မိဘတွေက မိသားစုလုပ်ငန်းတွေကို သိပြီးမှ စားသောက်ဆိုင်ဖွင့်ခွင့်ပေးမယ်ဆိုပြီး ခေါင်းမာနေကြတာ.. တခြားနည်းလမ်းမှ မရှိတာ.. အဲဒီတော့ နောက်ကလိုက်ရုံပဲပေါ့” ရှောင်လင်းသည် ထိုစကားပြောပြီး နောက် စိတ်ဓာတ်ကျသွားလေသည်။
ရှီမာယူယူသည် သူ့အတွေးကို ပိုနားလည်သည်။
ရှောင်လင်း၏ မိဘများသည် အချက်အပြုတ်ကို အကောင်းမမြင်ပေးနိုင် ကာ ထိုမှတစ်ဆင့် မိသားစုလုပ်ငန်းများအား စိတ်ဝင်စားလာပြီး ကျင့်ကြံရန်ကို မျှော်လင့်နေကြသည်။ ကံမကောင်းစွာပင် ထိုသက်ရောက်မှုသည် ကောင်းလှ သည်တော့မဟုတ်ပေ။ ရှောင်လင်းသည် သူ့မိဘများ၏ ဆိုလိုရင်းကိုနားမလည် ပေ။ သူသည် ထိုကိစ္စကို စာမေးပွဲတစ်ခုသဖွယ်ခံယူကာ ကိစ္စများကို အမြန် အပြီးသတ်ပြီးသည်နှင့် စားသောက်ဆိုင်ဖွင့်ရန်ကိုသာ အလျင်လိုနေသည်။
“ဒါနဲ့ ဆရာ ဒီကိုဘာလာလုပ်တာလဲ.. ကျွန်တော် ကူညီပေးနိုင်တာများ ရှိ လား” ရှောင်လင်း မေးလိုက်သည်။
“မင်းကို အကူအညီတောင်းစရာရှိတယ် ဒါပေမဲ့ မင်းကူညီနိုင်ပါ့မလား မသေချာဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်လား ဘာကိစ္စလဲ.. ကျွန်တော် ကူညီပေးနိုင်မလားလို့ နားထောင် ကြည့်တာပေါ့” ရှောင်လင်းသည် သူ့စကားများကို တစ်ခါတည်းအပြီးသတ် မပြောပေ။
“ငါ မုလန်ကို တွေ့ချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဖူး…” ရှောင်လင်းသည် သောက်လက်စလက်ဖက်ရည်များပင် ပြန်အန် ထုတ်လေသည် “ဆရာ ဘယ်သူ့ကိုတွေ့ချင်တယ်လို့ ပြောလိုက်တာ”
“မုလန်ကိုတွေ့ချင်တယ် အသူရာငရဲမင်း” ရှီမာယူယူ ပြောလိုက်သည် “ဒါက မလွယ်မှန်းငါသိပါတယ်.. မင်း မကူညီနိုင်ရင်လည်းရပါတယ်… ဒါပေမဲ့ ငါ့ကို အင်ပါယာမြို့တော်ကိုခေါ်သွားပေးနိုင်မလား”
“အင်ပါယာမြို့ကိုခေါ်သွားပေးရတာ မခက်ပါဘူး.. ဒါပေမဲ့ အရှင့်ကိုတွေ့ မယ်ဆိုရင်တော့ ကျွန်တော်က အဲလောက်မျက်နှာမရှိဘူး” ရှောင်လင်းပြော လိုက်သည် “ဒါပေမဲ့ ဦးလေးကတော့ရတယ်”
“ရှီအာမို့လား”
“ဟုတ်တယ် ဦးလေးနဲ့ အရှင်က ဆက်ဆံရေးကောင်းကြတယ်.. သူ ဆရာ့ ကိုခေါ်သွားပေးရင်တော့ အရှင့်ကိုတွေ့နိုင်လောက်တယ်” ရှောင်လင်း ပြော လိုက်သည် “ဒါပေမဲ့ အသူရာငရဲကိုပြန်လာပြီးကတည်းက ဦးလေးပျောက်နေ တယ်.. သူက တစ်ခုခုကိုသွားရှာနေသလိုပဲ.. သူ့အကြောင်းလည်း ဘာမှမကြား ရဘူး”
ရှီမာယူယူသည် နှုတ်ဆိတ်သွားသည်။ သူမ ခန့်မှန်းမိပြီးသားပုံပင်။
“ဦးလေးကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလား” သူမ မေးလိုက် သည်။
ရှောင်လင်း ခေါင်းခါလိုက်သည် “အရှင်က လက်ရှိမှာ တံခါးပိတ်ကျင့်ကြံ နေတယ်.. သူ့အနားကလူတွေကလွဲရင် သူဆင့်ခေါ်တဲ့လူမှ တွေ့ခွင့်ရှိတယ်.. ကျွန်တော့်မိဘတွေသွားရင်တောင် မဖြစ်နိုင်လောက်ဘူး”
“ဒါပေမဲ့ အခုက မင်းဦးလေးဘယ်မှာလဲဆိုတာ မသိဘူးလေ” ရှီမာယူယူ သက်ပြင်းချလေသည်။
သူမသာ ရှီအာမို့ကို ရှာမတွေ့လျှင် မုလန်ကို မတွေ့နိုင်ပေ။
“စမ်းကြည့်ဖို့ နည်းလမ်းတစ်ခုတော့ရှိတယ် အလုပ်ဖြစ်ပါ့မလားမသိဘူး”
“နားထောင်ကြည့်တာပေါ့”
“ဦးလေးက ဆရာ့ကိစ္စကိုတော်တော်လေး စိတ်ပူနေတဲ့ပုံပဲ.. သူ အရင် အင်ပါယာမြို့ကိုပြန်လာတုန်းက နှစ်ခါလုံး ဆရာ့အကြောင်းမေးတယ်.. ဆရာ အင်ပါယာမြို့ကိုပြန်လာတဲ့ သတင်းပြန့်သွားမယ်ဆို အဲသတင်းကို သူ ကြားတာ နဲ့ ပြန်လာမှာပဲ”
သို့သော် ထိုနည်းလမ်းသည် အသုံးဝင်သည် မဝင်သည်ကို အတည်ပြုရန် နည်းလမ်းမရှိပေ။ သူသည် အရင်က သာမန်ကာလျှံကာမေးခဲ့သည်ရှိသော် သူမ ၏ တည်နေရာကို သူ ဂရုမစိုက်ခဲ့လျှင် သတင်းကြားလျှင်တောင် မဖြစ်မနေ ပြန် လာမည်မဟုတ်ပေ။
“အခုတော့ တခြားနည်းလမ်းမရှိတော့ဘူး အဲဒါကြောင့် စမ်းကြည့်ရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ ဒါဆိုရင် နောက်ပိုင်းခရီးစဉ်တွေကို ဖျက်လိုက်တော့မယ်.. ဆရာ့ကို အရင်အင်ပါယာမြို့တော်ကို လိုက်ပို့ပေးမယ်” ရှောင်လင်း ထွက်သွား ပြီး ဘဏ္ဍာထိန်းကို ထွက်သွားရန်ပြင်ဆင်ခိုင်းလိုက်သ်ည။
ဘဏ္ဍာထိန်းသည် ဖျောင်းဖျချင်သည်။ သို့သော် သူ ဘာမှမပြောခင်မှာပင် ရှောင်လင်း ပြန်ထွက်သွားလေသည်။ သူသည် ရှောင်လင်း၏ ဒေါသကိုသိ သဖြင့် ဖျောင်းဖျလျှင်တောင် အသုံးမဝင်နိုင်သည်ကိုလည်းသိသည်။ ထို့ကြောင့် မတတ်သာစွာပင် ခေါင်းခါကာ အင်ပါယာမြို့တော်ကိုပြန်ရန် အမိန့်ပေးလိုက်ရ ၏။
သခင်လေး၏ကိစ္စကိုတော့ သခင်တို့သာ ကိုင်တွယ်လိမ့်မည်။
ရှောင်လင်းသည် သီးသန့်ခန်းကိုပြန်သွားပြီး ပြုံးကာပြောလေသည် “ဆရာ သွားဖို့အမိန့်ပေးပြီးပြီ ခဏနေရင် သွားလို့ရပြီ”
“ကျေးဇူးပဲ ရှောင်လင်း” ရှီမာယူယူသည် ကျေးဇူးတင်စွာပင် ပြောလိုက် သည်။
သူသာ ကူညီလိုစိတ်မရှိပါက သူတို့ဘာသာ အင်ပါယာမြို့တော်သို့သွားရ မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အချိန်ပိုကြာပြီး အဟန့်အတားများစွာ ဖြတ်ရနိုင် သည်။
***