← Chapters

နည်းလမ်းတစ်ခုရှိတယ်

Vol. 151 Ch. 2110

နည်းလမ်းတစ်ခုရှိတယ်

Vol. 151 Ch. 2110

ရှောင်လင်းသည် ရှီမာယူယူကို အလွန်ပင်ယုံကြည်သည်။ သူမ မုလန် အား သွားရှာချင်သည့် အကြောင်းအရင်းကိုပင် မမေးခဲ့ပေ။

“ဆရာ.. ဆရာပေးခဲ့တဲ့ ဟင်းချက်နည်းတွေကိုတောင် လေ့လာလို့ မပြီး သေးဘူး.. ပြန်လာပြီးတာနဲ့ အဖေနဲ့အမေက ကျွန်တော့်ကို မိသားစုကိစ္စတွေကို ပဲ လိုက်လုပ်ခိုင်းနေတာ… အဲဒါကြောင့် အသူရာမြို့တော်ကိုတောင် ပြန်ချင်နေ ပြီ” ရှောင်လင်းသည် သူမကို စောဒကတက်လေသည် “ဦးလေးက အဲဒီကို မသွားတော့တာတော့ နှမြောစရာပဲ ပြီးတော့ မိဘတွေကလည်း ကျွန်တော့်ကို တစ်ယောက်တည်းမလွှတ်ဘူး”

“မင်းမိဘတွေက မင်းကိုမိသားစုမျိုးနွယ်ကိုပဲ ပြန်လာစေချင်တာပါ” ရှီမာ ယူယူ ပြောလိုက်သည် “တကယ်တော့.. အချက်အပြုတ်ကြိုက်တာနဲ့ မိသားစု ကိစ္စတွေကြားမှာ ပဋိပက္ခဖြစ်ဖို့မလိုပါဘူး.. မင်းကြိုက်တဲ့အလုပ်နဲ့ မိဘတွေ ဖြစ်စေချင်တဲ့ဘဝကြားမှာ ဟန်ချက်ကိုရှာတတ်ဖို့ပဲလိုတယ်”

“ဒါပေမဲ့ အဲဒီဟန်ချက်ကိုရှာလို့ကိုမရတာလေ.. သူတို့တွေက စားသောက် ဆိုင်ကို မဖွင့်စေချင်ကြတာ” ရှောင်လင်းသည် မိဘများကိုတွေးမိလိုက်သည်နှင့် ခေါင်းကိုက်လာသည်။

“ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်…”

ရှီမာယူယူ ရောက်လာချိန်မှစပြီး သခင်လေး ထူးဆန်းသွားသည်ကို ရှောင် မျိုးနွယ်ဘဏ္ဍာထိန်း သတိထားမိသည်။ သူသည် တစ်ချိန်လုံးပြုံးနေကာ တစ် လျှောက်လုံးပျော်နေသည်။ သူသည် အရင်ကနှင့်မတူတော့ပေ။ သူ၏သခင် လေးသည် အရင်ကဆိုလျှင် ဘာကိုမှစိတ်မဝင်စားတတ်ပေ။

သူက တကယ်ပဲ ရှီမာယူယူကို သဘောကျနေတာလား။ အဲဒါကြောင့် သူမကို မြင်လိုက်တာနဲ့ ပျော်သွားတာလား။ အဲလိုသာဆိုရင် ဒီကိစ္စကို ခေါင်းဆောင်ကို သတင်းပို့ရမယ်။

ရှောင်မျိုးနွယ်နှင့် အရှင်တို့သည် တစ်ဦးနှင့်တစ်ဦး ဆက်နွယ်မှုရှိကြရာ ရှောင်မျိုးနွယ်သည် အသူရာငရဲတွင် သာမန်နေရာတော့မဟုတ်ပေ။ ထို့ကြောင့် ရှောင်မျိုးနွယ်အလံနှင့်ဆိုလျှင် လမ်းတစ်လျှောက်လုံး မည်သူမှမတိုက်ခိုက်ရဲ ကြပေ။

အင်ပါယာမြို့သို့ပြန်သည့်လမ်းသည် အေးချမ်းလှသည်။

သူတို့ မြို့ထဲသို့ဝင်သည်နှင့် ရှောင်လင်းသည် ရှောင်မျိုးနွယ်ဝင်များကိ နှင်ထုတ်ပြီး ရှီမာယူယူကို သူ့ခြံဝန်းဆီသို့ခေါ်လာသည်။

“ဒါက ကျွန်တော့်ကိုယ်ပိုင် ခြံဝန်းပါ.. ဒီမှာစိတ်ချလက်ချ နေလို့ရတယ်” ရှောင်လင်း ပြောလိုက်သည်။ “ရှောင်မျိုးနွယ်က ကြီးပေမဲ့ စည်းကမ်းချက်တွေ များတယ်.. ဒီမှာဆိုရင် သက်တောင့်သက်သာရှိလိမ့်မယ်”

ရှောင်လင်း ထိုမျှလောက် တွေးပေးတတ်လိမ့်မည်ဟု ရှီမာယူယူထင် မထားပေ။ သူမသည် စည်းမျဉ်းများကို မနှစ်သက်ကာ ရှောင်အိမ်တော်တွင် လည်း နေထိုင်ရန် အစီအစဉ်မရှိပေ။

ရှောင်မျိုးနွယ်သည် ရှောင်လင်းချက်ပြုတ်သည်ကို မနှစ်သက်ကြရာ သူ၏ အချက်အပြုတ်ဆရာကိုလည်း ဝမ်းပမ်းတသာလက်ခံမည်မဟုတ်ပေ။ သူမသည် တခြားသူများ လှောင်ရယ်ခြင်းကို ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူ၏ စီစဉ်မှုသည် အလွန်ကောင်းသည်။

ရှောင်လင်း သူမကို နေထိုင်ရန်စီစဉ်ပေးပြီးသည်နှင့် ရှောင်မျိုးနွယ်သည် သူ့ကို ပြန်လာရန် လူလွှတ်ခေါ်လေသည်။

“ဆရာ ပြန်လာရင် ဆရာ့ရဲ့ချက်နည်းကို စမ်းကြည့်မယ်.. အလုပ်ဖြစ်မယ် လို့ထင်လား” ရှောင်လင်းသည် စိုးရိမ်တကြီးမေးလေသည်။

“ငါလည်း မသိဘူး.. စမ်းကြည့်ပြီးမှ သိမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အသုံးမဝင်ရင်တောင် အရှုံးမရှိဘူးလေ”

“ဟုတ်တယ်” ရှောင်လင်း သက်ပြင်းချလေသည် “ဟုတ်ပြီ ဟုတ်ပြီ သူတို့ ကကျွန်တော့်ကို ဘယ်လိုတိုက်တွန်းရမလဲဆိုတာ သိကြတယ်.. ဆရာနဲ့ အချက် အပြုတ်အကြောင်းကို သေချာတောင် မဆွေးနွေးဖူးသေးဘူး”

“နောက်ကျရင် ဆွေးနွေးဖို့အချိန်ရှိပါသေးတယ်” ရှီမာယူယူ ပြောလိုက် သည်။

“ဟုတ်ပါပြီ တပည့်သွားလိုက်ပါဦးမယ်” ရှောင်လင်းသည် အရိုအသေပြု ပြီးနောက် ထွက်သွားလေသည်။ သူဝေးဝေးမရောက်ခင်မှာပင် လူတစ်စု သူ့ဆီ ရောက်လာလေသည်။

ရှီမာယူယူသည် ရှောင်လင်း၏ကျောပြင်ကိုကြည့်ပြီး စိုးရိမ်တကြီးပြော လိုက်သည် “ကျွန်မတို့ဒီရောက်နေတဲ့ သတင်းကို ရှီအာမို့ကြားပြီးတာတောင် ပြန်မလာရင် ဘယ်လိုလုပ်မလဲ.. ကျွန်မတို့ ပြင်ဆင်ထားရမယ်ထင်တယ်”

“ရှီအာမို့ပြန်မလာရင်လည်း အရမ်းစိတ်ပျက်ဖို့မလိုဘူး” ဝူလင်းယူသည် သူမကို သဘောတူလေသည်။

“ဒါဆိုလည်း ပြီးနူးညံ့မယ့် နည်းလမ်းစဉ်းစားရအောင်” ရှီမာယူယူ ပြော လိုက်သည်။

ထို့အပြင် သူတို့သည် တခြားသူများကို အကူအညီတောင်းနေရသည်။ သူတို့ရောက်ရှိနေသည့် သတင်းကိုထိုလူများသိသွားလျှင် ကူညီသူများကို ပြဿနာရှာနိုင်သည်။

သို့သော် ဝူလင်းယူသည် သူမပြောသည့်စကားများကို ယုံကြည်သည့်ပုံ မပေါ်ပေ။ သူမက ဘယ်တုန်းက နူးညံ့တဲ့နည်းလမ်းစဉ်းစားဖူးလို့လဲ။

ရှောင်လင်း ရှောင်အိမ်တော်သို့ ပြန်ရောက်သည်နှင့် ဖခင်ကအခေါ်ရှိ သဖြင့် သွားတွေ့ရသည်။ သူ၏အဖေအမေအပြင် အဘိုးပါရှိနေသည်။ သူတို့ သုံးယောက်သည် သူ တံခါးမှဝင်လာကတည်းကပင် စိုက်ကြည့်နေသည်။

“ခေါင်းဆောင် အဖေ အမေ” ရှောင်လင်းသည် သူတို့သုံးယောက်ကိုအရို အသေပြုလိုက်သည်။

“မင်းရဲ့ ဆရာဆိုတာ ဘယ်လိုဖြစ်တာလဲ.. သူမကို ဘယ်တုန်းက အသိ အမှတ်ပြုလိက်တာလဲ.. သူမရဲ့သရုပ်မှန်ကဘာလဲ.. သူမဆီကဘာသင်ခဲ့တာလဲ” ရှောင်လင်း၏မိခင်သည် သူရောက်လာသည်နှင့် မေးလေသည် “သူမက မင်းရဲ့ ဆရာဆိုရင် သူမကိုခေါ်လာပြီး ငါတို့ကိုမိတ်ဆက်ပေးသင့်တယ်လေ”

“ဆရာ့ကို အသူရာမြို့မှာတုန်းက အသိအမှတ်ပြုခဲ့ပြီး သူမဆီက အချက် အပြုတ်သင်ခဲ့တာပါ” ရှောင်လင်း ပြောလိုက်သည်။

“ငါ သိနေတယ်.. မင်း ငါတို့ကိုတောင် ပေးမသိရဲတဲ့ဆရာဆိုတဲ့လူက ချက်ဖို့ပြုတ်ဖို့ပဲသိတဲ့လူပဲ” ရှောင်လင်း၏ မိခင်သည် စားပွဲကိုရိုက်ပြီး တက်ခေါက်လေသည်။

“အမေ ဘယ်လိုလုပ် အဲလိုပြောရတာလဲ”ရှောင်လင်းသည် မပျော်ရွှင် တော့ပေ “ဆရာ့ကို ခေါ်မလာဘူးဆိုတာက သူမက သန့်ရှင်းတာကိုကြိုက်လို့ပဲ အစွမ်းအစမရှိလို့မဟုတ်ဘူး”

“မင်းအမေကို ဘယ်လိုလုပ် အဲလိုပြောရဲရတာလဲ” ရှောင်လင်း၏ ဖခင် သည် ဆူပုပ်နေသောအသံဖြင့် အော်လေသည်။

“ကျွန်တော်က အမှန်အတိုင်းပြောနေတာလေ” ရှောင်လင်းသည် အေးစက်စွာ နှာမှုတ်လေသည်။

“သူမက မင်းရဲ့အချက်အပြုတ်ဆရာဆိုရင် ဒါကိုမရှိသလိုပဲသဘောထား လိုက်တော့” ခေါင်းဆောင်ရှောင်ပြောလေသည်။

“အဲလိုမလုပ်နိုင်ပါဘူး” ရှောင်လင်းသည် တိုက်ရိုက်ပင် ငြင်းဆန်လေ‌၏ “ကျွန်‌တော် ဆရာ့ကိုအသိအမှတ်ပြုတုန်းက ဦးလေးသဘောတူခဲ့ပါတယ်.. သူမကို အသိအမှတ်မပြုစေချင်ရင် ဦးလေးရဲ့ထင်မြင်ချက်ကို အရင်မေးလိုက် ပါဦး”

“အစ်ကိုကြီးကို ဘယ်လိုလုပ် အဲလိုမျိုးလုပ်ခိုင်းရတာလဲ” ရှောင်လင်း၏ မိခင်သည် ရှောင်လင်း တွေ့ကရာပြောနေမှန်းမဟုတ်သည်ကို သိသည်။ သူ ရှီအာမို့၏ နာမည်ကိုယူသုံးရဲသည်မှာ သူ့ကိုအတည်ပြုရန်မကြောက်ဟု ဆိုလို သည်။

“ဦးလေးလည်း ကျွန်တော့်ဆရာကို အရမ်းသဘောကျတယ်.. ဆရာ့ကို အသိအမှတ်မပြုစေချင်ဘူးဆိုရင် ဦးလေးကိုအရင်ရှာလိုက်ပါဦး” ရှောင်လင်း ပြောလေသည် “ဆရာပြောသလိုပဲ သူမ အသူရာငရဲကိုရောက်တာနဲ သူ့ကို အသိပေးလိမ့်မယ်”

“တကယ်လား”

“ဒါပေါ့”

ခေါင်းဆောင်ရှောင်သည် ခေတ္တမျှ တွေဝေသွားသည်။ ထို့နောက် ဘေး တွင်ရှိသော ကိုယ်ရံတော်ကိုကြည့်လိုက်ရာ ကိုယ်ရံတော်သည် ထွက်သွားပြီး ရှီအာမို့ကို ဆက်သွယ်လေသည်။

ခေါင်းဆောင်သည် ဦးလေးဖြစ်သူ၏ တည်နေရာကိုသိသည်။ သူ၏ ဆရာ ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

“အခုတော့ ဒီကိစ္စကိုဘေးချိတ်ထားတာပေါ့.. မင်းကို လုပ်ငန်းတွေ သွား လေ့လာခိုင်းထားတာ မင်းအတွေးကရော ဘယ်လိုလဲ” ခေါင်းဆောင်ရှောင် ပြောလေသည်

“မြေးက ကိုယ့်ထင်မြင်ချက်နဲ့ကိုယ်ရှိပါတယ်” ရှောင်လင်းသည် သူ၏ အတွေ့အကြုံကို မျှဝေပေးလေသည်။ သူတို့သုံးယောက်သည် သူ၏ နည်းစနစ် ကျသည့်အတွေးနှင့် ထူးခြားသည့်အမြင်များကို သဘောကျကြသည်။ အချက် အပြုတ်ပိုင်းတွင် ဆရာတင်ထားသည့် ကိစ္စကြောင့် ဖြစ်ခဲ့သည့်ဒေါသများပင် ပျောက်ကွယ်သွားလေသည်။

“မဆိုးဘူး ‌နောက်ဆိုရင် မင်း မိသားစုကိစ္စတွေကို ဝင်ပါရတော့မယ်.. တစ်နေကုန် ချက်ပြုတ်နေတာ အသုံးမဝင်ဘူးလေ.. ငါတို့ရှောင်မျိုးနွယ်ရဲ့ ဆက်ခံသူက ချက်တာပြုတ်တာပဲသိနေလို့ ဘယ်ဖြစ်မလဲ” မိသားစုခေါင်း ဆောင်ရှောင်ပြောလေသည်။

“ဟုတ်ပါတယ် တခြားမရှိတော့ရင် မြေးအရင်သွားနားလိုက်ပါဦးမယ်”

“သွားလေ နောက်မှ မင်းဆီကိုစာရင်းစာအုပ်ပို့ခိုင်းလိုက်မယ်”

“ဟုတ်ကဲ့ပါ မြေးသွားလိုက်ပါဦးမယ်” ရှောင်လင်းသည် အရိုအသေပေး ပြီးထွက်သွားလေသည်။

သူထွက်သွားပြီးနောက် သူ၏မိခင်သည် ပျော်ရွှင်စွာ ပြောလေသည် “လင်းအာက နောက်ဆုံးတော့ အသိစိတ်ဝင်သွားပြီ သူ့အမြင်ကိုနားထောင် ကြည့်ပါဦး”

“ဟုတ်တယ် ဒီစစ်ဆေးခိုင်းတဲ့နည်းလမ်းက သူ့အပေါ်သက်ရောက်မှုရှိ သလိုပဲ” ရှောင်လင်း၏ ဖခင်သည် ပြုံးပြီးပြောလိုက်သည်။

“သူသာကြိုးစားရင်ပေါ့” သူ၏ မြေးဖြစ်သူ ပြန်လာသည်မှာ ယာယီဖြစ် နေမည်ကို ခေါင်းဆောင်ရှောင်စိုးရီမ်နေမိသည်။

“မကြာခင်သိရမှာပဲ” ရှောင်လင်း၏ မိခင်ပြောလေသည်။

သူတို့သည် အတန်ကြာစောင့်ပြီးနောက် တပ်သားသည် သတင်းပို့လာ လေသည်။

“ဘယ်လိုလဲ လင်းအာက ထပ်ပြီးချက်ပြုတ်နေပြန်ပြီလား” ရှောင်လင်း၏ မိခင်သည် အရင်မေးလေသည်။

“မဟုတ်ပါဘူး သခင်လေးက သူ့ခြံဝန်းကိုပြန်သွားပါတယ်၊ ခဏနားပြီး တော့ သခင်တို့ပို့လိုက်တဲ့စာရင်းစာအုပ်ကို ကြည့်နေပါတယ်” တပ်သား ပြန်ဖြေလေသည်။

“တကယ်လား ကြည့်လေ လင်းအာက တကယ်ပြောင်းလဲသွားပါပြီဆို”

ခေါင်းဆောင်ရှောင်သည် အလွန်ပျော်ရွှင်နေသည်။ သူသည် မုတ်ဆိတ်ကို ထိပြီးပြောလေသည် “အရမ်းကောင်းတယ် ဒါပေမဲ့ သူ့ဆရာတော့ နေလို့မရဘူး”

***

All Chapters