နောက်ဆုံးအခွင့်အရေးပေးခြင်း
Vol. 151 Ch. 2112
ရှီမာယူယူ အလွယ်တကူရှောင်ရှားနိုင်လိမ့်မည်ဟု ရှီအာနီ ထင်မထားမိ ပေ။ သူမသည် သန်မာပုံမပေါ်ပေ။ သို့သော် တုံ့ပြန်မှုမှာတော့ လျင်မြန်လွန်း သည်။
“ငါ မင်းကိုအခွင့်အရေးပေးခဲ့တယ် ဒါပေမဲ့ မင်းက မယူခဲ့ဘူး” ရှီအာနီ သည် ရှက်ရွံ့လာကာ မေးကိုပင့်တင်ပြီး ရှီမာယူယူကို ထောင်လွှားစွာကြည့်လေ သည် “ဝိုင်ကောင်းကောင်းလေးက သောက်ဖို့မလွယ်ဘူးလို့ ငါ ပြောပြီးပြီပဲ”
သူမ၏ သရုပ်မှန်နှင့် သူမ၏အစ်ကိုကြီးကို ရှာရန်တောင်းဆိုချက်ကြောင့် ရှီမာဘူယူသည် အတတ်နိုင်ဆုံး သူမ၏ လူသတ်ချင်စိတ်ကို ဖိနှိပ်ထားရသည်။ “ကျွန်မ ရှင့်ကို နောက်ဆုံးအခွင့်အရေးပေးမယ်.. ရှင်က ရိုင်းစိုင်းတာဖြစ်ဖြစ် ကိုယ့်သေတွင်းကိုယ်တူးတာဖြစ်ဖြစ် ကျွန်မပျော်ပျော်ပြီး ဖြည့်ဆည်းပေးလိုက် မယ်.. အရိပ်မည်း သူမကိုနှင်ထုတ်လိုက်”
အရိပ်မည်းသည် ရှီအာနီဘေးတွင်ပေါ်လာပြီး သူမ၏ လည်ဂုတ်ကိုဆွဲ ကာ လွှင့်ပစ်လိုက်သည်။ ရှီအာနီသည် အတိုင်းသားလွှင့်သွားသည်။
“ကျွတ် ကျွတ် ကြမ်းလိုက်တာ” ရှီမာယူယူသည် သူ့ကိုစနောက်လေသည် “ကျောက်စိမ်းကိုတောင် ဘယ်လိုတန်ဖိုးထားရမှန်းမသိရင် နောက်ဆိုရင် မင်း ဘယ်လိုလုပ် မိန်းမသွားရှာတော့မလဲ”
အရိပ်မည်းသည် သူမကို မပျော်မရွှင်ကြည့်လေသည်။ သူမပဲ သူ့ကို ဒီလို လုပ်ခိုင်းတာမဟုတ်ဘူးလား။
ရှီမာယူယူသည် လူမှားခေါ်မိသည်ဟု ခံစားရသည်။ ထိုအစား ဟွမ်ကို လုပ်ခိုင်းလိုက်သင့်သည်။ သူမ ဆိုလိုချင်သည်ကို သူ သိသင့်သည်။ သူမသည် ရှီအာနီကို ထိုကဲ့သို့ အပြုအမူနှင့် ထွက်မသွားစေချင်လိုပေ။
ထားလိုက်ပါတော့ လွှင့်ပစ်ပြီးပြီဆိုမှတော့ ဒီအတိုင်းပဲထားလိုက်တော့။ ဤကိစ္စသည် အနာဂတ်တွင် ပြဿနာဖြစ်လာစေနိုင်သော်လည်း အနည်းဆုံး ဤအခိုက်အတန့်ကို သူမ ပျော်သည်။
ရှီမာယူယူ၏ ဘေးတွင် ဤမျှအားကောင်းသောလူရှိလိမ့်မည်ဟု ရှီအာနီ ထင်မထားပေ။ ပြီးနောက် သူမ မတုံ့ပြန်နိုင်ခင်မှာပင် လွှင့်ပစ်ခံလိုက်ရသည်။ ကံကောင်းစွာပင် သူမ အမြန်တုံ့ပြန်နိုင်၍ကာ ခန္ဓာကိုယ်ကိုလေထဲတွင် လှိမ့်ပြီး ဆင်းသက်လိုက်သည်။ ဆင်းသက်လိုက်ချိန်တွင် အနည်းငယ်ယိုင်သွားသော် လည်း အနည်းဆုံးတော့ အရှက်ရစရာကိစ္စများမဖြစ်လိုက်ပေ။
ဒီစာဖိုးမှူးစုတ်… သူမကို သတ်ပစ်ရမယ်။
“ဝုန်း”
တံခါးပိတ်သံသည် သူမကို ပို၍ဒေါသထွက်စေပြီး ရှီမာယူယူကို ဆိုးဝါးစွာ သေဆုံးအောင် လုပ်မည်ဟု စိတ်ထဲမှကျိန်ဆိုမိသည်။
သို့သော် သူမသည် စိတ်လက်မာန်ပါပြေးဝင်ပြီး ရှီမာယူယူကို မသတ်ပေ။ သူမကို သတိရစေသည်မှာ ရှီမာယူယူ၏ဘေးတွင် အားကောင်းသော လူတစ် ယောက်ရှိနေပြီး သူမကိုသတ်ရန် ရေရှည်အစီအစဉ်ဆွဲရန်လိုသည်။
“ကျွီ”
တံခါးထပ်မံပွင့်လာသည်။ ရှီမာယူယူ နောင်တရသွားပြီး သူမကိုယ်တိုင် ထွက်လာကာ တောင်းပန်သည်ဟု ရှီအာနီထင်လိုက်သောကြောင့် ဂုဏ်ယူစွာ ဖြင့် ပြုံးလိုက်သည်။ သို့သော် သူမ၏အပြုံးမှာ မပီပြင်ခင်မှာပင် အေးခဲသွားလေ သည်။
တံခါးပေါက်မှထွက်လာသူမှာ ရှီမာယူယူမဟုတ်ဘဲ သူမနောက်မှလိုက် သောအစေခံဖြစ်သည်။ အစေခံပင် တံခါးမှထွက်လာနိုင်သည်။ သို့သော် သူမမှာ လွှင့်ပစ်ခံရသည်။ ရှက်ဖို့ကောင်းလိုက်တာ…
အစေခံနှစ်ယောက်သည် သူမကိုမြင်သောအခါ အမြန်ပြေးလာသည် “သခင်မကြီး အဆင်ပြေရဲ့လား”
ရှီအာနီသည် သူတို့နှစ်ယောက်ကို အေးစက်စွာကြည့်ပြီးနောက် လှည့် ထွက်သွားလေသည်။ အစေခံနှစ်ယောက်သည် သူမ၏မျက်လုံးထဲမှ လူသတ် မည့်အရိပ်အယောင်ကို ခံစားမိသောအခါ ခေတ္တမျှတွေဝေသွားသည်။ သို့သော် အနောက်မှ အမြန်ပင်လိုက်သွားကြသည်။
သခင်မကြီး၏ မျက်လုံးထဲတွင် လူသတ်မည့်အရိပ်အယောင်ရှိနေသော် လည်း အနည်းဆုံးတော့ ယခုအချိန်တွင် ဘာမှမလုပ်နိုင်ပေ။ နောက်ပိုင်း သခင် မကြီး၏ ဒေါသပြေသွားလျှင် သူတို့အသက်ရှင်နိုင်သည်။ သို့သော် ယခု လိုက် မသွားလျှင် သူတို့ ချက်ချင်းသေသွားနိုင်သည်။
ရှီအာနီသည် ရှောင်အိမ်တော်သို့ပြန်သွားပြီး အမြန်ပင် ရှောင်လင်း၏ဖခင် ကိုသွားရှာလေသည်။
“ကျွန်မ တကယ်စိတ်တိုတယ်.. သူမကများ…” ရှောင်လင်းကို မြင် သောအခါ ရှီအာနီ၏ စကားလုံးများသည် ပြတ်တောင်းပြတ်တောင်းဖြစ်သွား သည်။
သူမ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဟုတ်ပါတယ်.. ဒါက သူမယောက်ျားရဲ့ စာကြည့်ဆောင်ပါ။ ဟုတ်ပြီ.. ရှောင်လင်းက ဒီကိုရောက်နေ တာပဲ။ ဒါက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပဲ။
ရှောင်လင်းသည် သူမကို သံသယဖြင့် ကြည့်လိုက်သည် “အမေ ခုနက ဘာပြောတာလဲ.. ဘယ်သူ့ကိုဒေါသထွက်နေတာလဲ”
“မဟုတ်…” ရှီအာနီသည် အားလုံးထုတ်ပြောတော့မည်အပြုတွင် ရှောင်လင်း၏ ဖခင်သည် သူမကိုပြန်ကြည့်လေသည် “ဘာမှမဟုတ်ဘူး မိသားစုကိစ္စကို ဒေါသထွက်နေတာ မင်းက ဘာလို့ရောက်လာတာလဲ”
“အဖေတို့က မိသားစုကိစ္စတွေကို သင်စေချင်တာမလား ကျွန်တော်က သင်ဖို့လာတာလေ နားမလည်တာတွေကို အဖေ့ကိုမေးချင်လို့” ရှောင်လင်း ပြန် ဖြေလေသည်။ ပြီးနောက် သူမကို အကြံပေးလိုက်သည် “အဲကိစ္စတွေကို အရမ်း ကြီးအာရုံစိုက်မနေနဲ့.. သူတို့ကိုမကြိုက်ရင် ချက်ချင်းလူပြောင်းလိုက်ပေါ့ ဒေါသ ထွက်မနေပါနဲ့”
“အေးပါ” ရှီအာနီသည် သာမာန်ကာလျှံကာပင် ပြန်ဖြေလိုက်သည် “လုပ် စရာလေးရှိသေးလို့ နောက်မှပြန်လာမယ်”
“မလိုတော့ပါဘူး အဖေ့ကိုမေးချင်တာရှိတာတွေ ပြီးပါပြီ” ရှောင်လင်း ပြောလေသည် “အဘိုးအရင်တစ်ခေါက်က ပေးထားတဲ့ စာရင်းစာအုပ်ကို မဖတ် ရသေးဘူး.. အဖေနဲ့စကားပြောလိုက်ဦး ကျွန်တော်ပြန်ပြီး စာရင်းစာအုပ် ကြည့် လိုက်ဦးမယ်”
ပြောပြီးနောက် သူသည် စားပွဲပေါ်မှ စာအုပ်ပုံကိုယူပြီး ထွက်သွားလေ သည်။
ရှီအာနီသည် သူထွက်သွားသည်ကို ပြုံးပြီးကြည့်နေသည်။ သူ ထွက်သွား သည်နှင့် သူမသည် ခင်ပွန်းဖြစ်သူကို ပြောလိုက်သည် “ကျွန်မတို့ကလေးက တကယ်ပဲ ပြောင်းလဲသွားပြီ”
“ဟုတ်တယ် ရှားတယ်” ရှောင်လင်း၏ ဖခင်သည် ကျေနပ်စွာ ပြုံးလိုက် သည်။ စွမ်းအားများစွာစိုက်ထုတ်ခဲ့ရပြီးနောက် အလဟဿမဖြစ်တော့ပေ။ “မင်း ခုနကဘာပြောလိုက်တာလဲ စားဖိုမှူးကထွက်မသွားဘူးလား”
“သူမက သွားကိုမသွားချင်တာပဲ” ရှီမာယူယူအကြောင်းပြောရင်းနှင့် ရှီအာနီ၏ ဒေါသသည်ပြန်တက်လာသည်။ သူမသည် ရှီမာယူယူကိုသွားတွေ့ပုံ ကိုပြောပြရင်းနှင့် အံကြိတ်ပြီး သူမ၏အမုန်းတရားကို ချေမှုန်းရန် ချက်ချင်း သူမကိုသတ်ရန်ကိုပင် မစောင့်နိုင်တော့ပေ။
သို့သော် ရှောင်လင်း၏ဖခင်မှာ နှုတ်ဆိတ်နေသည်။ ပြီးနောက် သူမဆီကို တိုက်ရိုက်လူမလွှတ်တော့ပေ။
“အချိန်တစ်ခုလောက်တော့ ဒီလူနဲ့ပတ်သက်ပြီး မလှုပ်ရှားသေးနဲ့ဦး”
“ဘာလို့လဲ” ရှီအာနီသည် သူ၏စကားကိုကြားသည်နှင့် ပေါက်ကွဲလေ သည် “သူမ ထွက်မသွားချင်ရင် ဒီအတိုင်းဖြေရှင်းလိုက်ရုံပဲမဟုတ်ဘူးလား.. ပြီးတော့ သူမက ကျွန်မကို ဒီလိုစော်ကားလိုက်တာ သူမကိုဘယ်လိုလုပ် ဒီကမ္ဘာမှာ အသက်ရှင်ခွင့်ပေးရမှာလဲ”
“ဒါပေမဲ့ ဒီနေ့ကိစ္စပြီးသွားတော့ ဒီကိစ္စကို အချိန်တစ်ခုလောက် နောက်ဆုတ်ထားတာ ကောင်းလိမ့်မယ်”
“ဘာလို့လဲ”
“လင်းအာက မိသားစုကိစ္စတွေကို သင်နေပြီဆိုပေမဲ့ စိတ်ကအနည်မထိုင် သေးဘူး.. ဒီတစ်ခါ သူ့ကိုလှုံ့ဆော်မိလိုက်ရင် စိတ်ကဆန့်ကျင်မှာပဲ”
“ဒါဆိုရင် ဒီလူကိုဂရုမစိုက်ဘဲ ကျွန်မခံစားရတဲ့ စော်ကားမှုကို လျစ်လျူရှု လိုက်ရမှာလား”
“ဘယ်ဟုတ်မလဲ ဘယ်လိုလုပ် မင်းကိုခံစားခွင့်ပြုမလဲ.. ငါပြောတာက ဒီ ကိစ္စကို ခဏလောက် ရွှေ့ထားမယ်.. လင်းအာရဲ့စိတ်အခြေခိုင်ပြီဆို သူမက အရေးမကြီးတော့ဘူးလို့ သူ ခံစားရမှာပဲ.. အဲအချိန်မှထပ်လုပ်လို့ရတယ်”
“ဒါဆိုရင် ဘယ်တော့လုပ်ကြမလဲ.. ကျွန်မတော့ ထိုင်မနေနိုင်ဘူး ဒေါသ ထွက်လိုက်တာ” ရှီအာနီသည် မပျော်မရွှင်ဖြင့် စောဒကတက်လေသည်။
“မင်းဒေါသကို ချိုးနှိမ်ဖို့ကအရေးကြီးလား မဟုတ်ရင် လင်းအာရဲ့ အနာ ဂတ်က အရေးကြီးလား” ရှောင်လင်း၏ဖခင်သည် ချော့ပြောလေသည် “သူမကို ရက်ပိုင်းလောက် အသက်ရှင်ခွင့်ပေးလိုက်ပါ နောက်မှမင်းသတ်လို့ရတာပဲ”
ရှီအာနီသည် စိတ်မပါသော်လည်း သူမ၏ကလေးအတွက် သူမ သည်းခံရ မည်။
“အဲလူကိုဖမ်းလာမယ့်အချိန်ကျရင်တော့ သူမကိုကျွန်မကိုယ်တိုင် သတ် မယ်”
“မင်းပျော်တယ်ဆိုရင် အကုန်သာလုပ်”
ရှောင်မျိုးနွယ်မှရောက်လာပြီး ပြဿနာရှာလိမ့်မည် အထင်နှင့် ရှီမာယူယူ ရက်ပေါင်းများစွာစောင့်သေးသည်။ သို့သော် ရောက်မလာကြပေ။ ထိုနေ့က ကိစ္စသည် မဖြစ်ခဲ့ဖူးသလိုပင်။
ပြဿနာထပ်မဖြစ်စေရန် နောက်ပိုင်းရက်များတွင် သူမ အပြင်မသွားဘဲ ရှီအာမို့ပြန်အလာကို စောင့်သည်။ တစ်လက်စတည်း ရှောင်လင်းဆီမှ သတင်း ကို စောင့်နေသည်။
သူမ စိတ်မရှည်တော့ဘဲ အရန်အစီအစဉ်ထုတ်သုံးတော့မည့်အချိန်တွင် သတင်းနှစ်ခုပြန်ရောက်လာသည်။
ရှီအာမို့ပြန်လာပြီး ရှောင်လင်းနေမကောင်းသဖြင့် ရှောင်အိမ်တော်ကို သွားသည်။
ရှောင်လင်း၏ ရောဂါမှာထူးဆန်းသည်။ ရောဂါလက္ခဏာမရှိဘဲ အိပ်ရာ ထဲလဲနေသည်။ ထို့ကြောင့် ရှောင်မျိုးနွယ်များ ပျာယာခတ်နေပြီး သမားတော် များ အဂ္ဂိရတ်ပညာရှင်များနှင့် အဆိပ်သခင်များကို ဖိတ်ကြားသော်လည်း အကြောင်းအရင်းကို မည်သူမှမသိကြပေ။
ထို့ကြောင့် ရှီအာမို့သည် ပြန်လာသည်နှင့် သူ့ကိုသွားကြည့်သည်။
***