ဝမ်ရှောင်၏သေဆုံးမှု
Vol. 185 Ch. 2640
ရီဖူရှင်းသည် ဝမ်ရှောင်ကို အခြားအာကာပြင်တစ်ခုသို့ ခေါ်ဆောင်သွားသည်။ ယခုတွင် ဝမ်ရှောင်ထံတွင် သူ၏မဟာအင်ပါယာအဆင့်လက်နက်မရှိတော့ပေ။ ထို့ကြောင့် သူသည် ရီဖူရှင်း၏ ပြိုင်ဘက်မဟုတ်တော့ပေ။ သူသည် ရီဖူရှင်း၏တိုက်ခိုက်မှုကို မခံနိုင်ဘဲ ယင်ဓာတ်စွမ်းအားကြောင့် အေးခဲနေလေသည်။
ကောင်းကင်ထဲတွင် ဝမ်ရှောင်သည် အေးခဲနေသော်လည်း သူ၏မျက်လုံးများသည် ပြူးကျယ်နေဆဲဖြစ်သည်။
သို့သော် သူ၏အတွေးများသည် နှေးကွေးနေပေပြီ။ သူသည် ရီဖူရှင်းကို စိတ်ပျက်သောအကြည့်ဖြင့် ငေးကြည့်နေ၏။
သူသည် ရီဖူရှင်းကိုသတ်ရန် ရှုံးနိမ့်ခဲ့ပေပြီ။
ထိုမတိုင်ခင်က ဝမ်ရှောင်သည် မော့ချင်းကောကို တိုက်ခိုက်ရန်သာ အာရုံစိုက်ခဲ့ပြီး ရီဖူရှင်းကို ပစ်မှတ်မထားခင်တွင် မော့ချင်းကောကို အရင်ဆုံးသတ်ရန် ကြံရွယ်ခဲ့သည်။ ဝမ်ရှောင်သည် ရီဖူရှင်း၏တိုက်ခိုက်မှုကို ထိပ်တိုက်ခံခဲ့သည်။ သူသည် မဖျက်ဆီးနိုင်သော နတ်ခန္ဓာကို ရရှိထားသဖြင့် ရီဖူရှင်း၏တိုက်ခိုက်မှုကို ခံနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
ကံဆိုးစွာပင် ဝမ်ရှောင်၏ ထင်မြင်ချက်သည် မှားယွင်းခဲ့ပေသည်။ သူသည် ရီဖူရှင်း၏စွမ်းရည်ကို လျှော့တွက်ခဲ့မိသည်။ သူ၏ ဂရုမစိုက်မှုကြောင့် ရီဖူရှင်းသည် သူ၏လက်ကို ခုတ်ဖြတ်သွားခဲ့ပေသည်။ လက်ရှိတွင် သူနှင့် မဟာအင်ပါယာအဆင့်လက်နက်ကို ဆက်နွယ်ထားသော ဝိညာဉ်စွမ်းအားအနည်းငယ် ရှိနေသေး၏။ အဝေးတွင် ကြောက်မက်ဖွယ်နတ်အလင်းတစ်ခုသည် အာကာပြင်ကို ဖောက်ထွင်းသွားသည်။
မော့ချင်းကောရှိနေရာတွင် သူသည် မဟာအင်ပါယာအဆင့်လက်နက်ကို သူ၏ အာကာသမဟာလမ်းစဉ်စွမ်းအားဖြင့် ဖမ်းချုပ်ထားရန် ကြိုးစားလိုက်သည်။ သို့သော် မဟာအင်ပါယာအဆင့်လက်နက်သည် သူ၏အာကာသစွမ်းအားကို ဖောက်ထွက်သွားပြီး အာကာပြင်ကို တိုက်ရိုက် ဖြတ်သန်းသွား၏။ အမှန်တွင် မော့ချင်းကောသည် မဟာအင်ပါယာအဆင့်လက်နက် ထွက်သွားချိန်တွင် ဖန်တီးခဲ့သော စွမ်းအားကြီးတုန်ခါလှိုင်းဖြင့် ထိခတ်သွားခြင်းဖြစ်သည်။ သူသည် သူ့ထံမှ မဟာအင်ပါယာအဆင့်လက်နက် ထွက်ခွာသွားသည်ကိုသာ ကြည့်နေရ၏။
ရီဖူရှင်းသည် ပျံသန်းလာနေသည့် မဟာအင်ပါယာအဆင့်လက်နက်ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံနိုင်၏။ သူသည် ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ ဝမ်ရှောင်သည် လက်ရှိ အေးခဲနေသောအခြေအနေတွင်ပင် သူ၏မဟာအင်ပါယာအဆင့်လက်နက်နှင့် ဆက်သွယ်နိုင်သေးပေသည်။
ဝုန်း...
ရီဖူရှင်းသည် ဝမ်ရှောင်ထံသို့ နောက်ထပ် ကြောက်မက်ဖွယ်လက်ဝါးချက်တစ်ချက် ရိုက်လွှတ်လိုက်သည်။ ဝမ်ရှောင်သည် ပြီးခဲ့သော တိုက်ခိုက်မှုများကြောင့် အားနည်းနေပြီဖြစ်၍ ထိုကဲ့သို့ လက်ဝါးချက်တစ်ချက်ကို မခံနိုင်လောက်ပေ။
ကြောက်စရာအကောင်းဆုံးအပိုင်းမှာ ရီဖူရှင်းသည် တိုက်ခိုက်နေသေးခြင်းပင်။ အာကာပြင်ထဲတွင် မရေမတွက်နိုင်သော ဓားအလင်းများ စုဝေးလာသည်။ နတ်ဓားများသည် တစ်ချောင်းပြီးတစ်ချောင်း ဒြပ်ထည်ရှိလာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရီဖူရှင်းသည် ဝမ်ရှောင်ကို စိုက်ကြည့်လိုက်သည်။
ဝမ်ရှောင်သည် ဖျက်ဆီး၍ မရနိုင်သည်လော။
ယနေ့တွင် ရီဖူရှင်းသည် ပြိုင်ဘက်ကင်းက သူ့လက်တွင် သေဆုံးသွားမည်လောကို ကိုယ်တိုင်တွေ့လိုနေ၏။
“သတ်...”
ရီဖူရှင်း ရေရွတ်လိုက်သည်။
သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဓားများသည် ထိုးထွက်သွား၏။ ကြောက်မက်ဖွယ်နတ်ဓားများသည် ဝမ်ရှောင်၏ခန္ဓာကိုယ်ကို ထိုးစိုက်သွားသည်။ ဓားများသည် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားပြီး အောက်သို့ဆက်၍ခုတ်ဖြတ်လိုက်သည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးများကို ကြားလိုက်ရသည်။ ဝမ်ရှောင်၏ခန္ဓာကိုယ်သည် ဖောက်ထွင်းခံလိုက်ရပြီး မြေအောက်ထဲသို့ တိုက်ရိုးတွန်းထုတ်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် လုံးဝ အပိုင်းပိုင်းပြတ်သွားသည်။ သို့သော် ရီဖူရှင်းသည် သူ့ကို လွှတ်ပေးရန် စိတ်ကူးမရှိသေးပေ။ နတ်ဓားများသည် တစ်ချောင်းပြီးတစ်ချောင်း ကျဆင်းသွားပြီး သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်သည်။
ဝမ်ရှောင်သည် သူ၏မဟာအင်ပါယာအဆင့်လက်နက်နှင့် ဆက်နွယ်မှု ရှိလေသည်။ ရီဖူရှင်းသည် ဝမ်ရှောင်ကို အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခုပင် မပေးလိုပေ။ ဝမ်ရှောင်သည် လုံးဝသေဆုံးသွားပြီဖြစ်ကြောင်း သူသေချာလိုပေသည်။
ဝမ်ရှောင်သည် ထျန်းယန်မြို့၏ ပြိုင်ဘက်ကင်း ဖြစ်ခဲ့သလော။
အကယ်၍ သူသာ မဟာအင်ပါယာအဆင့်လက်နက်ကို မသုံးလျှင် သူသည် ရီဖူရှင်း၏ပြိုင်ဘက် မဟုတ်ပေ။ ယခင်က ဖြစ်စေ၊ ယခုဖြစ်စေ သူ့တွင် မဟာအင်ပါယာအဆင့်လက်နက်သာ မရှိပါက သူ့ကို သတ်ရန်သည် အလွန်လွယ်ကူပေသည်။
ရီဖူရှင်း၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နတ်အလင်းစီးဆင်းနေသည်။ သူသည် ခေါင်းငုံ့ကာ ပျောက်ကွယ်နေသောလူကိုကြည့်လိုက်သည်။ ဝမ်ရှောင်၏စိတ်ဝိညာဉ်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွား၏။ အတိတ်တွင် ဝမ်ရှောင်သည် သူ၏မဟာအင်ပါယာအဆင့်လက်နက်ဖြင့် စီဝေ့ကြယ်ကောင်းကင်ကို ကျူးကျော်ခဲ့သည်။ သူ့လက်ချက်ဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးသွားခဲ့ရသည်။ ယခုတွင်ပင် သူသည် တိုက်ခိုက်နေရင်းဖြင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့သည်။
ယခုတွင် ရီဖူရှင်းသည် သေသွားသူများအတွက် လက်စားချေပေးနိုင်ခဲ့ပေပြီ။
ထျန်းယန်မြို့၏ ဆက်ခံသူ၊ အရှင်ထျန်းယန်၏အမွေခံသည် အသတ်ခံလိုက်ရပေပြီ။
ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် ကောင်းကင်ကို ဖောက်ထွင်းသွားသည်။ ၎င်းသည် မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူထံမှ ထွက်ပေါ်လာခြင်းပင်။ တုန်လှုပ်ဖွယ်အရှိန်အဝါတစ်ခုသည် အာကာပြင်ကို လှုပ်ခတ်သွားစေ၏။ ထိုအရှိန်အဝါသည် မဟာအင်ပါယာအဆင့်လက်နက်၏ ကိုယ်ပိုင်အရှိန်အဝါဖြစ်သည်။ ရီဖူရှင်းသည် ၎င်းကို တစ်ချက်ကြည့်လိုက်သည်။ မဟာအင်ပါယာအဆင့်လက်နက်ထဲတွင် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားရှိပေသည်။ ထို့ကြောင့် ရီဖူရှင်းသည် ၎င်းကို အပိုင်သိမ်းလိုစိတ်မရှိခြင်းပင်။
ထိုသို့လုပ်ခြင်းသည် အလွန်စွန့်စားရာကြပေသည်။ သူသည် မဟာအင်ပါယာအဆင့်လက်နက်ကို မထိန်းချုပ်နိုင်သေးခင်မှာပင် ၎င်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရနိုင်၏။
လူရိပ်နောက်တစ်ခုသည် ရီဖူရှင်းအနီးသို့ ချည်းကပ်လာသည်။ ထိုသူမှာ မော့ချင်းကောဖြစ်သည်။ သူသည် ထိုနေရာရှိ မြင်ကွင်းကို မြင်လိုက်သောအခါ ခေတ္တမျှ မှင်တက်သွားသည်။ ထို့နောက်တွင် သူသည် ရီဖူရှင်းကိုကြည့်လိုက်သည်။
ဝမ်ရှောင်သည် အမှန်ပင် အသတ်ခံခဲ့ရပေပြီ။
ရီဖူရှင်းသည် ဝမ်ရှောင်ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့ပြီဖြစ်သည်။
သူသည် သူ၏ကတိကို တည်ခဲ့ပေပြီ။ ရီဖူရှင်းသည် တိုက်ခိုက်မှုတစ်ချက်ကို ခံ၍ တန်ကြေးပေးကာ ဝမ်ရှောင်ကိုသတ်၍ တိုက်ပွဲကို အဆုံးသတ်ခဲ့၏။
“ဝမ်ရှောင် သေသွားပြီဆိုပေမယ့် ငါတို့ သူ့ရဲ့ မဟာအင်ပါယာအဆင့်လက်နက်ကို ငါတို့နဲ့အတူ ပြန်ယူသွားနိုင်လောက်မှာ မဟုတ်ဘူး”
မော့ချင်းကောသည် အာကာပြင်ထဲရှိ မဟာအင်ပါယာအဆင့်လက်နက်ကို ကြည့်၍ မှတ်ချက်ပြုလိုက်သည်။ ၎င်းသည် မဟာအင်ပါယာအရောင်အဝါဖြင့် တောက်ပနေ၏။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူသည် ၎င်းကို ယူဆောင်သွားရန်လည်း မရည်ရွယ်ခဲ့ပေ။ သူသည် မော့ချင်းကောဘက်သို့ ကြည့်၍ ပြောလိုက်၏။
“စီနီယာ... ကျုပ်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စောနက စီနီယာသာ ဝင်မကူပေးခဲ့ရင် ကျုပ် ဒီနေ့ ဝမ်ရှောင်ကို သတ်နိုင်မယ့်အခွင့်အရေးရမှာ မဟုတ်ပါဘူး”
ရီဖူရှင်းသည် မိစ္ဆာအင်ပါယာဘုံနှင့် ရန်ငြိုးအနည်းငယ်ရှိသော်လည်း သူနှင့် မော့ချင်းကောသည် ယခုတိုက်ပွဲတွင် အတူလုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်၏။ သူတို့နှစ်ဦးစလုံးသည် ဝမ်ရှောင်၏သေဆုံးမှုအတွက် အသိအမှတ်ပြုခံသင့်ပေသည်။
“မင်း ယဉ်ကျေးနေစရာမလိုပါဘူး။ သူကလည်း ငါ့ရန်သူပါပဲ။ ပြီးတော့ မင်းက သူ့ကို သတ်နိုင်လိုက်တဲ့သူလေ”
မော့ချင်းကောသည် တည်ငြိမ်စွာ ပြောလိုက်သည်။
“အခု ဝမ်ရှောင်သေသွားပြီဆိုတော့ ကောင်းကင်ဒေသက မဟာမိတ်တွေက မင်းကို သေချာပေါက် သူတို့ရဲ့ ရန်သူအဖြစ် တံဆိပ်ကပ်မှာပဲ။ မင်း ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ဘက်နဲ့ ပူးပေါင်းနိုင်ပါတယ်။ မင်းလည်း စီဝေ့ကြယ်ကောင်းကင်က အင်အားစုတွေကို ဦးဆောင်ပြီး ကောင်းကင်ဒေသကို ကျုးကျော်သင့်တယ်။ နောက်ကျရင် ငါတို့ ကောင်းကင်ဒေသကို အတူအုပ်စိုးနိုင်မှာပဲ”
ထျန်းယန်မြို့သည် ရီဖူရှင်းကို မိစ္ဆာအင်ပါယာဘက်သို့ တွန်းပို့ခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းသည် ကြားနေဝါဒကို ဆက်၍ကျင့်သုံးနေလျှင်လည်း ကောင်းကင်ဒေသမှ အင်အားစုများစွာနှင့် နက်ရှိင်းသောရန်ငြိုးများ ရှိနေပြီဖြစ်သည်။ ထို့ပြင် နှစ်ဘက်စလုံးပါဝင်သော ဤတိုက်ပွဲတွင် ရီဖူရှင်းသည် တစ်ဘက်မှ အင်အားအကြီးဆုံးကျင့်ကြံသူ ဝမ်ရှောင်ကို သတ်ပစ်ခဲ့သည်။ ကောင်းကင်ဒေသ၏ မဟာမိတ်များသည် သူ၏အပြုအမူကို မည်ကဲ့သို့ တွေးမည်နည်း။
ယခုတွင် ရီဖူရှင်းအတွက် ပြန်လှည့်ရန် လမ်းမရှိတော့ပေ။
“အခုလောလောဆယ်တော့ ကျုပ် စစ်ပွဲထဲမှာ မပါချင်သေးဘူး။ ကျုပ် ဝမ်ရှောင်ကိုသတ်လိုက်တာကာ ကျုပ်နဲ့ သူနဲ့ထျန်းယန်မြို့ကြားမှာ ကိုယ်ရေးကိုယ်တာရန်ငြိုးတွေ ရှိလို့ပါ”
ရီဖူရှင်း ပြန်ပြောလိုက်သည်။ သူသည် ဝမ်ရှောင်ကို သတ်ပစ်နိုင်ခဲ့သော်လည်း သူသည် သူ၏လက်ရှိအခြေအနေကို ကောင်းစွာသိပေသည်။ သူသည် ဤစစ်ပွဲတွင် ဝင်ပါရန် အရည်အချင်းမပြည့်မီသေးပေ။
အင်ပါယာအဆင့်စစ်ပွဲထဲတွင် အင်ပါယာအဆင့်မရှိသောအင်အားစုတစ်စုက ဝင်ပါလျှင် ရလဒ်သည် မည်သို့ထွက်မည်နည်း။
ထိုအင်အားစုသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်ကြောင်းကို သံသယဖြစ်ရန်ပင်မရှိချေ။
မော့ချင်းကောသည် ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းသည် သူ၏အခြေအနေကို ကောင်းစွာ သိရှိပေသည်။
“မင်းဆီမှာ ရွေးစရာမရှိမှာကိုပဲ ငါစိုးရိမ်မိတယ်”
မော့ချင်းကောသည် တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူသည် နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာသွား၏။ သူသည် ထိုနေရာရှိ မဟာအင်ပါယာအဆင့်လက်နက်ကို နောက်တစ်ချက်ပင် ထပ်မကြည့်ခဲ့ပေ။
ရီဖူရှင်းသည်လည်း ထို့အတူပင် ဖြစ်သည်။ သူသည်လည်း နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာ ပျောက်ကွယ်သွား၏။
*****
ထိုစဉ်တွင် ကောင်းကင်ဒေသရှိ စစ်မြေပြင်တွင် ဝမ်ရှောင်သေဆုံးသွားသောအခိုက်၌ ထျန်းယန်မြို့သခင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေသည်။
“ဝမ်ရှောင်...”
သူသည် အဝေးသို့ကြည့်၍ အော်ခေါ်လိုက်သည်။ သူ ရင်တုန်နေ၏။
ဝမ်ရှောင်သည် သေသွားပေပြီ။
သူသည် မျှော်လင့်ချက်မဲ့သော မျက်ဝန်းများဖြင့် ထိုနေရာတွင် ရပ်နေ၏။ ထိုကိစ္စသည် မည်သို့ဖြစ်နိုင်မည်နည်း။ မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်ဆောင်ထားသော ဝမ်ရှောင်သည် သေဆုံးသွားပြီလော။
သူသည် ဘိုးဘေး၏ ရွေးချယ်မှုကို ခံခဲ့ရသော ပြိုင်ဘက်ကင်းဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ဘိုးဘေးသည် သူ့ကို သင်ကြားပေးခဲ့ပြီး သူ၏ခန္ဓာကိုယ် ပြန်၍ထုဆစ်ပေးခဲ့သည်။ သူသည် သူ၏အသိစိတ်ကို ဝမ်ရှောင်၏ကိုယ်ပိုင်အသိစိတ်ဖြင့်ပင် ပေါင်းစပ်ခဲ့သည်။ အရှင်ထျန်းယန်သည် ဝမ်ရှောင်၏ခန္ဓာကိုယ်ထဲတွင်”တည်ရှိခဲ့”ပေသည်။
ဝမ်ရှောင်သည် ဤကဲ့သို့သော အခြေအနေအောက်တွင် အဘယ်သို့ သေဆုံးသွားခဲ့ရခြင်းနည်း။ သူသည် အဘယ်ကြောင့် သေသွားရသနည်း။
“ဝမ်ရှောင်ကျဆုံးသွားပြီ”
လူအုပ်သည် စိတ်ထဲမှ ရေရွတ်လိုက်ကြသည်။ စစ်မြေပြင်တစ်ဝိုက်တွင် ကျင့်ကြံသူများစွာသည် ထိုဘက်သို့ ကြည့်လိုက်ကြသည်။ ထျန်းယန်မြို့သခင်၏ တုံ့ပြန်မှုအရ ဝမ်ရှောင် အသတ်ခံလိုက်ရပြီဖြစ်ကြောင်း သူတို့သိပေသည်။
ထိုသတင်းသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းပေသည်။ ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ဆွဲခဲ့ပြီး ပြိုင်ဘက်ကင်းတစ်ဦး ဖြစ်ခဲ့သည်။ သူ၏စွမ်းအားသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းခဲ့ပြီး မည်သူမှ သူ့ကို မတားနိုင်ခဲ့ပေ။ သူ၏မဟာအင်ပါယာအဆင့်လက်နက်ကြောင့် လူပေါင်းမရေတွက်နိုင်အောင် သေကြေခဲ့ရသည်။ ယန်ကွေ့ရီသာ သူ၏တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်၏။
သို့သော် မဟာအင်ပါယာအဆင့်လက်နက်ကို ဆွဲကိုင်သော သူ့ကဲ့သို့သောသူသည်ပင် သတ်ဖြတ်ခဲ့လိုက်ရသည်။ ထိုနေရာရှိ ကျင့်ကြံသူများသည် သူမျှ အံ့အားသင့်တုန်လှုပ်နေသည်ကို တွေးကြည့်နိုင်၏။
ရီဖူရှင်းက ဝမ်ရှောင်ကို သတ်ခဲ့ခြင်းလော။
ထိုစဉ်တွင် ကောင်းကင်ထဲ၌ လူရိပ်နှစ်ခု ထွက်ပေါ်လာသည်။ သူတို့ထဲက တစ်ယောက်မှာ မော့ချင်းကောဖြစ်ပြီး ကျန်တစ်ယောက်မှာ ရီဖူရှင်းဖြစ်သည်။
မော့ချင်းကောနှင့် ရီဖူရှင်းတို့ ရောက်ရှိလာပြီး ဝမ်ရှောင်မှာမူ တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့ပေပြီ။ ဤတိုက်ပွဲတွင် အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးခဲ့ပြီလော။
သို့သော် မော့ချင်းကောနှင့် ရီဖူရှင်းတို့သည် သူတို့ထွက်သွားပြီးနောက်တွင် လွန်စွာတောက်ပ၍ ကြောက်မက်ဖွယ်ကောင်းသော မဟာအင်ပါယာအဆင့်နတ်လက်နက်သည် မြေကြီးပေါ်သို့ ကျဆင်းသွားပြီး မြေကြီးအတွင်းသို့ ဖောက်ဝင်သွားသည်ကို မသိလိုက်ခဲ့ကြပေ။ သွေးစိမ်းရှင်ရှင်များသည် မြေပေါ်တွင် စီးဆင်းကာ မြေကြီးအတွင်းသို့ စိမ့်ဝင်သွားကြ၏။