← Chapters

ကောင်းကင်ဘုံ၏ ကောင်းကင်ဘုရင်များ

Vol. 185 Ch. 2644

ကောင်းကင်ဘုံ၏ ကောင်းကင်ဘုရင်များ

Vol. 185 Ch. 2644

ကောင်းကင်အင်ပါယာဘုံကို ကောင်းကင်နန်းတော်၏ အင်အားစုများက အုပ်စိုးသော ကောင်းကင်ဘုံဟုလည်း သိကြပေသည်။ သူတို့သည် တစ်ချိန်က လွန်စွာ စွမ်းအားကြီးခဲ့ပေသည်။ ထို့ပြင် ကောင်းကင်အင်ပါယာသည် တစ်ချိန်က လောကထဲရှိ စွမ်းအားအကြီးဆုံးအင်ပါယာဟု သတ်မှတ်ခြင်း ခံခဲ့ရသည်။

သို့သော် ထိုအရာအားလုံးသည် ကောင်းကင်အင်ပါယာသေဆုံးသွားသောအခါ အဆုံးသတ်သွားခဲ့၏.

ကောင်းကင်အင်ပါယာသေဆုံးသွားပြီးနောက်တွင် ကောင်းကင်ဘုံသည် ပြိုပျက်ခဲ့ပေသည်။ လက်ရှိတွင် ထိုဘုံသည် ခြောက်ကပ်နေသော စွန့်ပစ်မြေတစ်ခုဖြစ်နေပြီဟု ကောလာဟလများက ဆိုကြသည်။ လောကအတွင်းမှ လူများသည် ထိုဘုံကို တဖြည်းဖြည်း မေ့လျော့လာကြပြီး ဘုံခြောက်ခု၏ ကုန်းမြေများ၏ လျစ်လျူရှုမှုကို ခံခဲ့ရပေသည်။ သူတို့သည် ထိုဘုံကို လုံလောက်သည့် အာရုံစိုက်မှု မပေးသည့်ပုံပင်။

လောကအတွင်းမှ လူများသည် ကောင်းကင်ဘုံတည်ရှိမှုကို မေ့လျော့နေခဲ့ကြပေသည်။ ထိပ်သီးအင်အားစုများမှ အဖွဲ့ဝင်များသာ ကောင်းကင်ဘုံကို စောင့်ကြည့်နေခဲ့ပြီး ၎င်း၏ဖြစ်တည်မှုကို သိကြပေသည်။

ထို့အပြင် ကောင်းကင်အင်ပါယာ ကျဆုံးပြီးသွားသောအခါ ကောင်းကင်ဘုံတွင် နေထိုင်သူများသည် သူတို့၏ဘုံအပြင်ဘက်သို့ ထွက်လာခဲလေသည်။ လက်ရှိ ကောင်းကင်ဘုံ၏ ခေါင်းဆောင်သည်ပင် လျှို့ဝှက်မှုများနှင့် ပြည့်နှက်နေ၏။

ကျင့်ကြံခြင်းလောကထဲတွင် ကောင်းကင်ဘုံနှင့် ပတ်သတ်သည့် ကောလာဟလများ ရှိ၏။ ကောင်းကင်ဘုံတွင် ကောင်းကင်အင်ပါယာ သေဆုံးသွားပြီးနောက် အင်ပါယာအသစ်တစ်ပါး မွေးဖွားခဲ့သည်ဟု အချို့က ဆိုကြသည်။ ထိုအင်ပါယာအသစ်သည် ကောင်းကင်အင်ပါယာဟူသော ဂုဏ်ပုဒ်ကို မခံယူပေ။ သူသည် မည်သည့်အခါမှ လူလုံးထွက်မပြဘဲ အခန်းအောင်း၍သာ တစ်ကိုယ်တည်း ကျင့်ကြံနေခဲ့သည်။ သူသည် မတည်ရှိသကဲ့သို့ပင် ထင်ရ၏။ အချို့ကောလာဟလများက ကောင်းကင်ဘုံတွင် မည်သည့်အင်ပါယာမှ မရှိဟု ဆိုကြသည်။

သို့သော် ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာက သူ့ကို ပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသည်။ ကောင်းကင်ဘုံတွင် မဟာအင်ပါယာတစ်ပါး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူသည် လောကအရေးများကို လျစ်လျူရှုထားပုံပင်။ သို့တည်းမဟုတ် လက်ရှိတွင် မဟာအင်ပါယာခြောက်ပါးကသာ လောကကြီးကို ထိန်းချုပ်နေသူများဟု ဆိုနိုင်၏။

ထို့ကြောင့် လောကအတွင်းမှ လူများသည် မဟာအင်ပါယာခြောက်ပါးကိုသာ အသိအမှတ်ပြုပေသည်။

မဟာအင်ပါယာအဆင့်အရဆိုရလျှင် ဆရာသခင်သည်လည်း မဟာအင်ပါယာအဆင့်ဟု ဆိုနိုင်၏။

ရှေးဟောင်းနတ်ဘုရားကလန်များတွင်လည်း မဟာအင်ပါယာများသည် ကွဲပြားသောပုံစံများဖြင့် တည်ရှိနေကြသည်။ သို့သော် သူတို့အားလုံးကို လောကကြီးက အသိအမှတ်မပြုပေ။

လက်ရှိလောကထဲတွင် အထွတ်အထိပ်တွင် ရပ်နိုင်သူများမှာ မဟာအင်ပါယာခြောက်ပါးသာဖြစ်သည်။

ရီဖူရှင်းသည် အခြေအနေတစ်ရပ်လုံးကို မသိပေ။ သူသည် ကောင်းကင်ဘုံအကြောင်းကို အနည်းငယ်သာ သိပေသည်။ သူသည် သူ့ရှေ့ရှိ လူငယ်ကို အရိပ်ဘုံ၏ မြေအလယ်တွင်သာ တစ်ကြိမ်တွေ့ခဲ့ဖူးခြင်းဖြစ်သည်။ ထို့ကြောင့်သာ သူသည် ထိုလူငယ်၏တည်ရှိမှုကို သိခဲ့ခြင်းဖြစ်သည်။

“ဆရာတို့... ဆရာတို့အနေနဲ့ စီဝေ့အင်ပါယာနန်းတော်ရဲ့ အခြေစိုက်စခန်းတစ်ခုကို ဖောက်ဝင်တာက မသင့်တော်ပါဘူး”

ရီဖူရှင်းသည် ထိုလူစုကို ကြည့်၍ ပြောလိုက်သည်။

သူတို့သည် ရီဖူရှင်းပြောသော စကားကို ကြားသောအခါမှသာ လူငယ်၏ ဘေးနှစ်ဘက်မှ လူများသည် ဖြည်းဖြည်းချင်း နောက်လှည့်လာလေသည်။ သူတို့သည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်သည်။ လူငယ်သည် ရီဖူရှင်းကို ကျောပေးထားဆဲဖြစ်ပြီး သူ့ကိုလှည့်မကြည့်ပေ။ သို့သော် သူ၏အသံကို ကြားလိုက်ရသည်။

“ဒါက အရင်တုန်းက ဟောင်ထျန်းကလန်ရဲ့ အခြေစိုက်စခန်းမဟုတ်ဘူးလား”

သူသည် တည့်တိုးပင် မေးလိုက်သည်။

“မင်းရဲ့ စီဝေ့အင်ပါယာနန်းတော်က ဒီအခြေစိုက်စခန်းကို သူတို့ရဲ့ အခြေစိုက်စခန်းဖြစ်အောင် အတင်းလုပ်ထားတာပဲဆိုတော့ ငါ့အနေနဲ့ ဒီမှာပေါ်လာတာ ဘာမသင့်တော်တာရှိလို့လဲ”

ရီဖူရှင်းတွင် ပြန်ပြောရန်စကားမရှိပေ။ ထိုစကားသည် အမှန်တရားပင်ဖြစ်သည်။ မူလဘုံအတွင်းရှိ အရာအားလုံးသည် ပိုင်ရှင်မရှိပေ။ အင်အားစုများသည် ထိုအရာများကို သိမ်းပိုက်ထားခြင်းသာဖြစ်သည်။ ဤနေရာသည်လည်း သူ ဟောင်ထျန်းကလန်၏လက်မှ သိမ်းပိုက်ထားခြင်းသာဖြစ်သည်။ ထိုအုပ်စုသည် ဤနေရာသို့ ဖောက်ဝင်နိုင်သည်ဖြစ်ရာ သူတို့အနေဖြင့် အဘယ်ကြောင့် ထိုသို့မလုပ်ဘဲ နေရမည်နည်း။

“ခင်ဗျားပြောတာ သဘာဝကျတယ်”

ရီဖူရှင်းသည် ခေါင်းညိတ်၍ ပြန်ပြောသည်။ သူသည် ရှေ့သို့ ထွက်လိုက်ပြီး ကောင်းကင်ဘုံမှ ကျင့်ကြံသူသုံးဦးဆီသို့ လျှောက်သွားလိုက်သည်။

လူငယ်ဘေးမှ လူနှစ်ဦးသည် လှည့်လာပြီး ရီဖူရှင်းထံသို့ တစ်ဦးက ဘယ်ဘက်မှ၊ တစ်ဦးက ညာဘက်မှ လျှောက်လာကြသည်။ သူတို့၏အရှိန်အဝါများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းပေသည်။ သူတို့ သူတို့၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သောအခါ သူတို့သည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးအဆင့်ရှိကြောင်း ရီဖူရှင်း သိရှိသွား၏။

အင်ပါယာအဆင့်အင်အားစုများသာ ထိုကဲ့သို့သော အဖွဲ့ဝင်များ ရှိပေသည်။

ကောင်းကင်ဘုံသည် ယိုယွင်းနေပြီဖြစ်သော်လည်း ရှေးဟောင်း ကောင်းကင်နန်းတော်သည် လောကထဲတွင် စွမ်းအားအကြီးဆုံးအင်အားစုများထဲမှ တစ်ခုဖြစ်၏။ ထိုနန်းတော်သည် တစ်ချိန်ကာ အတုမဲ့ ဂုဏ်ရှိန်ကြီးမားခဲ့ပေသည်။ ယခုတွင်ပင် ဤအဆင့်ရှိသည့် ကျင့်ကြံသူများစွာ ဤနေရာတွင် ထွက်ပေါ်လာခြင်းကို ရီဖူရှင်း မအံ့ဩပေ။

သူသည် မလှုပ်ရှားသေးသည့် လူငယ်ကို ကြည့်လိုက်သည်။ လူငယ်သည် ထိုနေရာတွင်သာ ရပ်နေသေးပြီး သူ့ကို လှည့်၍ပင် မကြည့်သေးပေ။ သူသည် နတ်နံရံကိုသာ စိုက်ကြည့်နေလေသည်။

ထိုလူငယ့်ထံတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ကိုယ်ရံတော်နှစ်ယောက် ရှိပေရာ ယင်းလူငယ်သည် ကောင်းကင်ဘုံတွင် မည်သည့်အဆင့်အတန်းရှိသည်ကို တွေးကြည့်နိုင်၏။ သူသည် ကောင်းကင်ဘုံ၏ ဆက်ခံသူဖြစ်နိုင်ချေ များလေသည်။

မူလဘုံ၏ ပရမ်းပတာခေတ်တွင် ဘုံခြောက်ခုသည် တစ်ဘက်နှင့်တစ်ဘက် စစ်ဖြစ်နေကြသည်။ ကောင်းကင်ဘုံသည်ပင် စစ်ပွဲထဲတွင် ပါရန် ခေါင်းထောင်လာခဲ့ပေသည်။

*****

ရှေ့သို့ထွက်လာသော ကျင့်ကြံသူနှစ်ဦးသည်လည်း ထူးကဲသော ဟန်ပန်ရှိပေသည်။ ဘယ်ဘက်မှ လူသည် သူ၏ဆံပင်များကို စည်းနှောင်ထား၏။ သူ့ကိုယ်ပေါ်တွင် ရွှေရောင်နတ်အရောင်အဝါ စီးဆင်းနေသည်။ ကြောက်မက်ဖွယ် ရွှေရောင်နတ်အရောင်အဝါသည် ဘုံပြာသာဒ်တစ်ခုကဲ့သို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့ပေါ်တွင် စွမ်းအားကြီး အဖျက်ကပ်ဘေးတစ်ခု စီးဆင်းနေလေသည်။

ညာဘက်မှလူသည် ဆံပင်များကို သူ့ပခုံး‌ပေါ်တွင် ဖြန့်ချထားသည်။ သူသည် နက်ရှိုင်းသောအကြည့်တစ်စုံရှိပြီး သူထံမှ အေးစက်သောအငွေ့အသက်တစ်ခု ထွက်နေသည်ကို ရီဖူရှင်း အာရုံခံနိုင်၏။

ရီဖူရှင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှလူများသည် ထိုနေရာနှင့် ဝေးရာသို့ ရုတ်ခြည်း ဆုတ်သွားကြ၏။ ရီဖူရှင်းကဲ့သို့ အဆင့်ရှိသူတစ်ဦးသည် တိုက်ပွဲအတွင်း၌ သူ၏အင်အားကို ထိန်းချုပ်ထားလျှင်ပင် သူတို့၏တိုက်ခိုက်မှုမှ အဟုန်လှိုင်းများသည် လွန်စွာ စွမ်းအားကြီးနေသေးပေသည်။ သခင်ချန်သည် ကျင့်ကြံသူများကို အတူတကွစုဝေးလိုက်ပြီး သူတို့ကို သူနောက်တွင်ထား၍ တိုက်ပွဲမှ အဟုန်လှိုင်းများ၏ ရိုက်ခတ်မှုကို မခံရစေရန် ကာကွယ်ပေးထားလေသည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးသည် အရှေ့သို့ကြည့်နေကြသည်။ သူတို့၏ နန်းတော်သခင်သည် ထိုနှစ်ဦးကို တစ်ချိန်တည်းတွင် တိုက်ခိုက်တော့မည်လော။

မည်သို့ပင်ဖြစ်စေ သူတို့သည် ရီဖူရှင်း၏စွမ်းရည်အပေါ်တွင် အပြည့်အဝယုံကြည်မှု ရှိပေသည်။ ရီဖူရှင်းသည် သူတို့၏ယုံကြည်မှု၊ သူတို့၏လေးစားရာပုဂ္ဂိုလ်ဖြစ်၏။

ဝုန်း...

အာကာပြင်ထဲတွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာလေသည်။ အတွေးတစ်ချက်ဖြင့်ပင် အာကာပြင်သည် ကမ္ဘာပျက်ရက် ကျရောက်လာသကဲ့သို့ ဖြစ်သွားသည်။ အရိုးစိမ့်အောင် အေးစက်သော အရှိန်အဝါတစ်ခုသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားသည်။ ရေခဲ၊ ဆီးနှင်းနှင့် အေးစက်စက် ဝိညာဉ်စွမ်းအားတစ်ခုသည် ကောင်းကင်နှင့် မြေကြီးတွင် စုဝေးသွားပြီး လူများသည် ခေါင်းအစ၊ ခြေအဆုံး တုန်ရင်သွားစေလေသည်။ အဝေးမှ ကျင့်ကြံသူများပင် အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်သွားကြသည်။ သခင်ချန်၏ ကိုယ်ပေါ်တွင် မဟာလမ်းစဉ်နတ်အလင်း ထွက်ပေါ်လာပြီး ကြယ်တာရာအလင်းမျက်နှာပြင်တစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းသည် အားလုံးကို လွှမ်းခြုံသွားပြီး သူတို့ကို အအေးဒဏ်မှ သက်သာအောင် လုပ်ပေးလိုက်သည်။

မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ရေခဲစွမ်းအားပေနည်း။ သူတို့၏ စိတ်ဝိညာဉ်များပင် အေးခဲမတတ်ဖြစ်သွားပေသည်။ လူများစွာသည် သူ့တို့ဘာသာ ထိုကဲ့သို့ လျှို့ဝှက်တွေးလိုက်ကြသည်။ သူတို့သည် အရှေ့သို့ လှမ်းကြည့်နေကြ၏။ လွန်စွာ အေးစက်မှုအပြင် ဆီးနှင်းလွှမ်းနေသော အာကာပြင်တွင် ပြိုးပြက်သွားသော လျှပ်စီးကဲ့သို့ ကြောက်မက်ဖွယ် ကပ်ဘေးအလင်းတစ်ခုလည်း ရှိနေ၏။ ကောင်းကင်ထက်မှ ထွက်ပေါ်လာသော ထစ်ချုန်းသံတစ်သံကို ကြားလိုက်ရ၏။

ဂျုန်း...

ရွှေရောင်နတ်အရောင်အဝါများသည် ကျဆင်းလာသည်။ အဖျက်မုန်တိုင်းကြီးထဲတွင် လွန်စွာတောက်ပသော နတ်အလင်းတစ်ခု ထွက်ပေါ်လာ၏။

ရီဖူရှင်းသည် ထိုနှစ်ဦး၏အရှိန်အဝါကို ခံစားလိုက်ရသည်။ ထိုနှစ်ဦးသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်ထက် များစွာပို၍ စွမ်းအားကြီးပေသည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခု၏ ခေါင်းဆောင်ဖြစ်သော ထျန်းယန်မြို့သခင်ထက် သိပ်၍အားမနည်းပေ။

သူတို့သည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ရုံသာ မကပေ။ သူတို့၏ အဆင့်တွင် သူတို့ကို လောကထိပ်သီးများဟုပင် သတ်မှတ်နိုင်၏။

အာကာပြင်သည် အေးခဲသွားသည်ဟု ထင်ရ၏။ စိတ်ဝိညာဉ်များပင် အေးခဲသွား၏။ အရာအားလုံး နှေးကွေးသွားကြ၏။ သို့သော် ကြောက်မက်ဖွယ် အန္တရာယ်များသောစွမ်းအားပါဝင်သည့် ရွှေ‌ရောင်အဖျက်လျှပ်စီးသည် ဆက်၍  ပြိုးပြက်နေဆဲပင်။

ထိုစဉ်တွင် ညာဘက်ရှိ စွမ်းအားကြီးလူ၏လက်ထဲတွင် ရေခဲဗျပ်စောင်းတစ်ခု ထွက်ပေါ်လာလေသည်။ ဗျပ်စောင်း၏ စောင်းကြိုးများသည်ပင် အေးစက်သည့်အရောင်အဝါတစ်ခု ရှိနေပြီး အဖြူရောင်ဆီးနှင်းများဖြင် ဖုံးလွှမ်းခံထားရသည်ဟု ထင်ရပေသည်။ ၎င်းသည် လွန်စွာ အေးစက်သောအငွေ့အသက်တစ်ခုကို ပေးနေလေသည်။ ထိုလူသည် စည်းချက်လမ်းစဉ်တွင် ကျွမ်းကျင်ပေ၏။

သူ့ဗျပ်စောင်းမှ စောင်ကြိုးများ တုန်ခါလာကြပြီး ဗျပ်စောင်းသံသည် အာကာပြင်ထဲတွင် ရုတ်ခြည်းပဲ့တင်ထပ်သွား၏။ ရီဖူရှင်းသည် ကျောရိုးထဲစိမ့်သွား၏။ ဗျပ်စောင်းအသံသည် ကောင်းကင်နှင့် မြေကြီးနှင့် စည်းချက်ညီနေပေပြီ။ ၎င်းသည် လွန်စွာ အေးစက်၏။ သူတို့ကို ရေခဲတိုက်ထဲသို့ ပစ်ချလိုက်သဖြင့် အေးစက်မှုအောက်တွင် နစ်မြုပ်သွားသလိုပင် ခံစားနေရ၏။

ရီဖူရှင်းသည် သူ၏အသွေးအသားနှင့် သူ၏စိတ်ဝိညာဉ်တို့သည် အေးခဲသွားသည်ဟုပင် ခံစားနေရပေသည်။ သူသည် အအေးဓာတ်၏ အပြင်းအထန် ရိုက်ခတ်မှုကို ခံနေရပေသည်။ ထိုစွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းလေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ နောက်ထပ် စွမ်းအားကြီးတစ်ယောက် ထပ်ရှိနေခြင်းပင်။ အတုမဲ့ ရွှေရောင်နတ်အလင်း ဖြာကျလာသည်။ ဘုံပြာသာဒ်တစ်ခု၏ နတ်အလင်းသည် ရီဖူရှင်း၏ခေါင်းအထက်တွင် ထွက်ပေါ်လာသည်။ ၎င်းသည် ဘုံ(၉၉)ဆင့်ရှိသည့် ဧရာမ ဘုံပြာသာဒ်တစ်ခုဖြစ်သည်။ ၎င်းသည် လည်ပတ်လာပြီး အဖျက်နတ်အလင်းများကို ထုတ်လွှတ်လိုက်ကာ အရာအားလုံးကို ဖျက်ဆီးသွား၏။ ရုတ်ခြည်းအတွင်းမှာပင် ၎င်းသည် ရီဖူရှင်းထံသို့ ပစ်လွှတ်လိုက်သည်။

ရွှီး...

ရီဖူရှင်း၏ခန္ဓာကိုယ်သည် လင်းလက်သွားပြီး သူသည် ထိုနေရာမှ ထွက်ခွာရန် ကြိုးပမ်းလိုက်သည်။ သို့သော် သူသည် ကျယ်ပြောသော အာကာပြင်ထဲတွင် ထွက်ပေါ်လာသော ဧရာမ နတ်ဘုံပြာသာဒ်ပုံရိပ်ကြီးကို တွေ့လိုက်ရ၏။ ၎င်းသည် ထိုနေရာရှိ ကောင်းကင်ကို လွှမ်းခြုံသွားပေသည်။

ရီဖူရှင်းသည် ဘုံပြာသာဒ်အထဲတွင် ရောက်နေပေပြီ။ သူသည် အပြင်သို့ မထွက်နိုင်တော့ပေ။

“ပိုင်နက်စက်ကွင်းတစ်ခု...”

ရီဖူရှင်း ရေရွတ်လိုက်သည်။

သူသည် သူနှင့်မျက်နှာချင်းဆိုင် ရပ်နေသည့် ကျင့်ကြံသူနှစ်ဦးကို လှမ်းကြည့်လိုက်သည်။ ထိုနှစ်ဦးသည် သာမန်လူများမဟုတ်ပေ။

အကယ်၍ ဤနေရာတွင် အင်ပါယာအဆင့်အင်အားစုများရှိပါက သူတို့သည် ရီဖူရှင်း ရင်ဆိုင်နေရသော ထိုနှစ်ဦးသည် ကောင်းကင်ဘုံ၏ ကောင်းကင်ဘုရင်လေးပါးထဲမှ နှစ်ပါးဖြစ်ကြောင်း သိပေလိမ့်မည်။ သူတို့သည် မည်မျှ စွမ်းအားကြီးခဲ့ကြောင်းကို တွေးကြည့်နိုင်၏။

ကောင်းကင်နန်းတော်တွင် ကောင်းကင်ဘုရင်လေးပါးသည် ကောင်းကင်အင်ပါယာ၏ တိုက်ရိုက်အမိန့်အောက်တွင် ရှိသူများဖြစ်သည်။ ကောင်းကင်အင်ပါယာသည်သာ သူတို့ကို အမိန့်ပေးနိုင်၏။

စီဝေ့အင်ပါယာနန်း‌တော်မှ လူများသည် ထိုကြောက်မက်ဖွယ် အဖျက်မြင်ကွင်းကို မြင်လိုက်သောအခါ သူတို့၏ နန်းတော်သခင်အတွက် အနည်းငယ် စိုးရိမ်သွားကြသည်။ ထိုကျင့်ကြံသူနှစ်ဦးသည် အဘယ်သို့ အလွန်စွမ်းအားကြီးနေရသနည်း။

ထိုလူငယ်သည် မည်သူနည်း။

ရွှီး...

ကပ်ဘေးအဖျက်အလင်းသည် ရီဖူရှင်းထံသို့ ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ သို့သော် သူ့ကို စီးဆင်းနေသော နတ်အလင်းက ကာကွယ်ပေးထားပေသည်။ သူ၏မဟာလမ်းစဉ်နတ်ခန္ဓာသည် အရှိန်အဝါကြီးပြီး ကပ်ဘေးအလင်းသည် သူ့ကို မထိခိုက်စေခဲ့ချေ။

ထို့ပြင် နတ်အလင်းထဲတွင် နေမင်းနတ်မီးတောက်ပါဝင်ပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ အအေးဓာတ်အရှိန်အဝါကို တွန်းလှန်ရန် ကူညီပေးလေသည်။ ရီဖူရှင်းသည် စူးရှသော အကြည့်များဖြင့် အရှေ့သို့ကြည့်လိုက်သည်။ သူ့အတွေးထဲတွင် ရှေးဟောင်းဗုဒ္ဓများ ထွက်ပေါ်လာသည်။ ထိုသူများသည် သူ၏စိတ်အခြေအနေကို တေးသွားဖြင့် လှုပ်ခတ်အောင် လုပ်လိုနေပေရာ သူတို့၏တိုက်ခိုက်မှုများသည် ဤနေရာတွင် မရပ်တန့်လောက်သေးပေ။

ပို၍ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများ ကျဆင်းလာပြီး ရီဖူရှင်းပေါ်သို့ နတ်အလင်းများ ကျဆင်းလာသည်။ ဘုံ(၉၉)ဆင့် ဘုံပြာသာဒ်သည် လည်ပတ်၍ အောက်သို့ ဆင်းလာသည်။ ၎င်းထဲတွင် ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ရွှေရောင်အရောင်အဝါတစ်ခု ပါလေသည်။ ဘုံပြာသာဒ်သည် ရီဖူရှင်းကို ရုတ်ခြည်းအတွင်း ဝါးမျိုသွား၏။ ထို့နောက်တွင် ၎င်းသည် စတင်ကျုံ့ဝင်လာပြီး အဖျက်အလင်းသည်လည်း သူ့ထံသို့ အရှိန်အဟုန်ပြင်းစွာ ဝင်လာပေသည်။

ထိုကြောက်မက်ဖွယ်စွမ်းအားသည် ရီဖူရှင်း၏ အသွေးအသားနှင့် စိတ်ဝိညာဉ်တို့ကို ဖျက်ဆီးပစ်ရန် ကြံရွယ်နေခြင်းပင်။ ၎င်းသည် လွန်စွာ အရှိန်အဝါကြီးပေသည်။

“ဟ…”

ဘုံပြာသာဒ်ကို ထုတ်လွှတ်လိုက်သော ကျင့်ကြံသူသည် အေးစက်စွာ နှာမှုတ်လိုက်သည်။

ရုတ်ခြည်းပင် ဘုံပြာသာဒ်သည် ထိုနေရာရှိ ကောင်းကင်ကို လွှမ်းမိုးသွားပေသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် ထိုအထဲတွင် ပိတ်မိနေသည်။

ထိုအခိုက်တွင် ဘုံပြာသာဒ်မှ ထွက်‌ပေါ်လာသည့် ပြင်းထန်သော ထစ်ချုန်းသံများကို ကြားလိုက်ရသည်။ ထစ်ချုန်းသံများသည် ဘုံ(၉၉)ဆင့်ရှိသည့် ဘုံပြာသာဒ်ကို အဆက်မပြတ် တုန်ခါသွားစေလေသည်။ အတွင်းမှနေ၍ ကြောက်မက်ဖွယ်စွမ်းအား တစ်ခုက တိုက်ခိုက်နေသကဲ့သို့ ဘုံပြာသာဒ်ထံမှနေ၍ တုန်လှုပ်ဖွယ် လှုပ်ခတ်သံများကို ကြားလိုက်ရသည်။

ထိုအသံများသည် ကောင်းကင်ဘုံမှ ကောင်းကင်ဘုရင်ကို မျက်မှောင်ကြုတ်သွားစေလေသည်။ သူ၏ နတ်ဘီးလုံးမှ ထွက်ပေါ်လာသော ဘုံပြာသာဒ်သည် မည်မျှ စွမ်းအားကြီးသည်ကို သူကောင်းစွာသိပေသည်။ သူနှင့်အဆင့်တူသည့် ကျင့်ကြံသူတစ်ဦးသည် ထိုအထဲ၌ ပိတ်မိနေလျှင်ပင် သူတို့သည် သေသိအထိ ဖိညှပ်ခံရမည့် ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သူတို့၏ အသွေးအသားနှင့် စိတ်ဝိညာဉ်များသည် စိစိညက်ညက်ကြေသွားမည်ဖြစ်သည်။ သူသည် ပြိုင်ဘက်များစွာနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း အနည်းငယ်သာ ထိုဘုံပြာသာဒ်ထဲမှ အသက်ရှင်လျှက်ထွက်လာနိုင်၏။

ဝုန်း...ဝုန်း...ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးများကို အဆက်မပြတ်ကြားလိုက်ရပြီး ဘုံပြသာဒ်သည် အပြင်းအထန် တုန်ခါသွားသည်။ ဘုံပြာသာဒ်ထဲတွင် မည်မျှ ပြင်းထန်သော ထိတိုက်မှုများဖြစ်နေကြောင်း တွေးကြည့်နိုင်၏။

ဘုံပြာသာဒ်ထဲရှိ ရီဖူရှင်း၏ပတ်ပတ်လည်တွင် ရှေးဟောင်းဗုဒ္ဓများ ထွက်ပေါ်လာခဲ့၏။ သူတို့သည် ဧရာမလက်ဝါးချက်များကို အဆက်မပြတ် ထုတ်လွှတ်လိုက်ကြသည်။ လက်ဝါးချက်များသည် ဘုံပြာသာဒ်၏ အတွင်းနံရံများကို သွားရောက်ထိမှန်ကြ၏။ ဘုံပြာသာဒ်အတွင်း၌ သောင်းကျန်းနေသော အဖျက်စွမ်းအားသည် ရီဖူရှင်း၏ အသွေးအသားနှင့် စိတ်ဝိညာဉ်ကို မဖျက်ဆီးနိုင်သော်လည်း သူ့ကို ခြိမ်းခြောက်နိုင်ဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုတိုက်ခိုက်မှုစွမ်းအားသည် ရီဖူရှင်းကို သတ်နိုင်ရန် များစွာလိုပေသေးသည်။

အချိန်ကြတော့ပေမည်။ ရီဖူရှင်းသည် သူ့ဘာသာ တွေးတောလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို ရွေ့လျားလိုက်ရာ နတ်ဓားတစ်ချောင်း ထွက်ပေါ်လာလေသည်။ သူသည် ဦးတည်ရာတစ်ဘက်သို့ သူ့လက်ချောင်းကို ညွှန်ပြလိုက်သည်။ ထို့နောက် ဓားသည် ထိုဦးတည်ရာဘက်သို့ တည့်တည့်ပျံထွက်သွားသည်။ ကျယ်လောင်သော ထိခတ်သံကြီးတစ်သံနှင့်အတူ ဘုံပြာသာဒ်တွင် အက်ကြောင်းများ ထက်လာလေသည်။

“ကွဲပျက်...”

ရီဖူရှင်းသည် နောက်ထပ် ဓားတစ်ချောင်းကို ထပ်မံစေလွှတ်လိုက်သည်။ နံရံတွင် ဓားများတစ်ချောင်းပြီးတစ်ချောင်း သွားသိုက်လေသည်။ ဘုံပြာသာဒ်တွင် အက်ကြောင်းများ ပျံ့နှံ့လာပြီး အက်ရာများ ပို၍ ကြီးမားလာသည်။ လည်ပတ်နေသော ဘုံပြာသာဒ်သည် ရီဖူရှင်းထံသို့ အဖျက်အလင်းများကို ဆက်၍ ပစ်လွှတ်နေသော်လည်း ၎င်း၏ပုံစံကို ဆက်မထိန်းထားနိုင်တော့ပေ။

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ဘုံပြာသာဒ်သည် အစိတ်စိတ်အမွှာမွှာကွဲအက်ပျက်စီးသွား၏။ ရီဖူရှင်းသည် ကောင်းကင်ထက်တွင် ပြန်ပေါ်လာပြီး ကောင်းကင်ဘုရင်နှစ်ပါးကို စိုက်ကြည့်လိုက်သည်။

“ခင်ဗျားတို့ရဲ့ စွမ်းရည်က မှတ်သားလောက်ပါပေတယ်”

ရီဖူရှင်းသည် တည်ငြိမ်စွာ မှတ်ချက်ပြုလိုက်သည်။ သူတို့သုံးဦးသည် စီဝေ့ကြယ်ကောင်းကင်၏ နယ်မြေအတွင်းသို့ အလွယ်တကူ ကျုးကျော်လာနိုင်ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ သူတို့သည် ပေါ်ပေါ်ထင်ထင် ကျူးကျော်လာကြပြီး ပြန်ဆုတ်ခွာရန် ရည်ရွယ်ချက်မရှိချေ။

ကောင်းကင်ဘုံသည် ပျက်စီးခဲ့ပေပြီ။ သို့သော် ထိုဘုံအတွင်းရှိ ရှင်သန်ကျန်ရစ်သူများသည် ‌ရှေးဟောင်းနတ်ဘုရားကလန်များထက်ပင် ပို၍သန်မာနိုင်၏။ ထိုကျင့်ကြံသူနှစ်ဦး၏ စွမ်းရည်သည် ရှေးဟောင်းနတ်ဘုရားကလန်များ၏ ထိပ်သီးများ၏စွမ်းရည်နှင့် တန်းတူပင်ဖြစ်သည်။ ထို့ပြင် လူငယ်သည် ယခုအထိ သူ၏စွမ်းရည်ကို ထုတ်မပြရသေးပေ။

ထို ကောင်းကင်ဘုံ၏ ဆက်ခံသူသည် သေချာပေါက် အလွန်စွမ်းအားကြီးလိမ့်မည်ဟု ရီဖူရှင်း ခံစားမိနေသည်။ မဟုတ်လျှင် ထိုထိပ်သီးနှစ်ဦးသည် သူ၏အမိန့်အောက်တွင် ရှိနေမည်မဟုတ်ပေ။

All Chapters