← Chapters

ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်း

Vol. 185 Ch. 2645

ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်း

Vol. 185 Ch. 2645

ရီဖူရှင်း ခေါင်းမော့ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် လင်းလက်သွားကာ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ စွမ်းအားကြီးကျင့်ကြံသူနှစ်ဦးစလုံးသည် သူ့ကို ကြည့်ကာ သူ့နောက်မှ လိုက်လာကြ၏။

လူငယ်မှလွဲ၍ ကျင့်ကြံသူသုံးဦးစလုံး ဟင်းလင်းပြင်ထဲတွင် အတူထွက်ပေါ်လာကြသည်။ လူငယ်သည် သူ ယခင်ကလုပ်နေသည့်အတိုင်း နတ်နံရံအရှေ့တွင် သိမြင်နားလည်အောင်လုပ်၍ ကျင့်ကြံနေ၏။

အပြင်မှ တိုက်ခိုက်မှုအားလုံးသည် သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။

ထန်း...

မိုးကောင်းကင်ထက်တွင် ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရ၏။ သူတို့သည် မြင့်မားသော ကောင်းကင်ထက်သို့ ရောက်နေသော်လည်း စက်ကွင်းအတွင်း၌သာ ရှိနေသေးပြီး အပြင်သို့ မရောက်သေးပေ။ လွန်စွာအေးစက်သော အအေးဓာတ်ပါဝင်သည့် စည်းချက်မုန်တိုင်းတစ်ခု ရှိနေသည်။ ရီဖူရှင်း၏နတ်ခန္ဓာသည် ရေခဲနှင့် ဆီးနှင်းတို့၏ အဆက်မပြတ် ရိုက်ခတ်မှုကို ခံနေရသည်။

တစ်ချိန်တည်းမှာပင် နောက်ထပ် ကြောက်မက်ဖွယ် စေတီများသည် လည်ပတ်ကျဆင်းလာကာ ရီဖူရှင်းအထက်တွင် ဝဲနေ၏။ အဖျက်ရွှေရောင်အလင်းသည် ထိုကောင်းကင်ကို လွှမ်းမိုးသွားပြီး ရီဖူရှင်း၏တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။

“လက်မလျှော့သေးဘူးလား...”

ရီဖူရှင်းသည် လက်မြှောက်၍ အထက်ရှိ အာကာပြင်သို့ ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ဖော်ပြ၍မရနိုင်လောက်အောင် တောက်ပသွားပြီး မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများသည် အတူတကွ ပေါင်းစည်းသွားသည်။ ထိုနတ်ဓားများအပေါ်တွင် ကြောက်မက်ဖွယ် သင်္ကေတများကို ထွင်းထားပြီး ယင်းဓားများသည် ကောင်းကင်နှင့် နေမင်းကို ကာရံသွား၏။ ရီဖူရှင်းသည် လက်မြှောက်၍ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ရုတ်တရက် နတ်ဓားများသည်လည်း ကောင်းကင်ကို ဖြတ်သန်းသွားပြီး ထိုအာကာပြင်တစ်ခုလုံးကို ဗြောင်းဆန်သွားစေလေသည်။

ရီဖူရှင်း ထိုနတ်အတတ်ကို တတ်မြောက်ခဲ့စဉ်က သူသည် ထိုအတတ်ကို ဒွန်ဟောင်တိယွမ်ကို ပြန်တိုက်ရန်အတွက် ရည်ရွယ်ခဲ့သည်။ ထိုအချက်ကို ထိုဓားအတတ်အား ပေးထားသော အမည်ကိုကြည့်၍ သိနိုင်၏။ ဒွန်ဟောင်တိယွမ်သုံးသော ဓားကို”ထျန်ရှင်းနတ်ဓား”ဟုခေါ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် သူ၏ဓားအတတ်ကို”ထျန်ကျူ”ဟု အမည်ပေးခဲ့သည်။

ဓားများ ရာချီ၊ ထောင်ချီကို ပစ်လွှတ်လိုက်သောအခါ နတ်ဓားများအားလုံးသည် ဆက်စပ်သွားပြီး (၉၉)ထပ်ရှိသော စေတီထံသို့ ဦးတည်ပျံသန်းသွားကြသည်။ ရုတ်ခြည်းပင် စေတီသည် ပြိုကျ ပျက်စီးသွားသည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မဟာလမ်းစဉ်သည် ပြိုပျက်နေကာ ရွှေရောင်နတ်စေတီသည် ပျောက်ကွယ်သွားသည်။

ရီဖူရှင်းသည် လက်အုပ်ချီ၍ ကျင့်ကြံသူနှစ်ဦးကို ကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် အကန့်အသတ်မဲ့ အာကာပြင်သည် ဗုဒ္ဓမဟာလမ်းစဉ်နယ်မြေအဖြစ် ပြောင်းလဲသွားသည်။ မိုးကောင်းကင်ထက်တွင် ဗုဒ္ဓတရားတော်များကို ရွတ်ဆိုနေသော ဗုဒ္ဓများ ပြည့်နှက်သွားသည်။ သူတို့၏ ရွတ်ဆိုသံသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျံ့လွင့်နေပြီး ဗုဒ္ဓမန္တရားအဖြစ် ပြောင်းလဲသွားကာ စည်းချက်တွင် ဆရာတစ်ဆူဖြစ်သော ကျင့်ကြံသူတီးခတ်နေသည့် ဗျပ်စောင်းသံနှင့် အားပြိုင်နေလေသည်။

ရီဖူရှင်းသည် ရွှေရောင်အလင်းတောက်ပနေပြီး နတ်မီးတောက်သည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူ၏နတ်ခန္ဓာသည် ပြင်ပဩဇာမလွှမ်းမိုးနိုင်သကဲ့သို့ ထင်နေရပြီး မည်သည့်မဟာလမ်းစဉ်ကမှ သူ့ကို ပျက်ပြားအောင် မလုပ်နိုင်ဟု ထင်ရပေသည်။

သူ၏ခန္ဓာကိုယ်အစစ်အမှန်သည် ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူ့တွင် အံ့အားသင့်လောက်ဖွယ် စွမ်းအားများ ရှိနေလေသည်။

“ခင်ဗျားတို့နှစ်ယောက်က ကောင်းကင်ဘုံက လာခဲ့ကြတာပဲ... ပြီးတော့ ခင်ဗျားတို့က အဲဒီက မထင်မရှားလူတွေ ဖြစ်ရမယ်။ ကျုပ် ခင်ဗျားတို့ကို ဘယ်လိုခေါ်ရမလဲ”

ရီဖူရှင်း ကျယ်လောင်စွာ မေးလိုက်သည်။

ဗုဒ္ဓတရားသံသည် ဟင်းလင်းပြင်ထဲတွင် ပျံ့လွင့်ကာ ပဲ့တင်ထပ်နေသည်။ ထိုအခါမှသာ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုကျင့်ကြံသူများမှာ ကောင်းကင်ဘုံမှ လာခဲ့သူများဖြစ်ကြောင်း သိသွား၏။

ဒဏ္ဍာရီများအရ ကောင်းကင်ဘုံသည် အင်အားနည်းသွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သမိုင်းထဲမှ‌ မှေးမှိန်နေခဲ့ပြီဖြစ်သည်။

“ကောင်းကင်နန်းတော်ရဲ့ စေတီဘုရင်...”

စေတီကို ထိန်းချုပ်သော ကျင့်ကြံသူက ပြောလိုက်သည်။

“ကောင်းကင်နန်းတော်ရဲ့ သံစဉ်ဘုရင်”

အခြားတစ်ယောက်က အေးစက်စက်ဟန်ပန်ဖြင့် သူ့အမည်ကိုသူ ပြောလိုက်သည်။

ထိုနှစ်ဦးမှာ ကောင်းကင်ဘုရင်နှစ်ပါးပင်။

ရီဖူရှင်းသည် ထိုနှစ်ဦးကို ကြည့်ရှုလိုက်ပြီး သူတို့သည် ကောင်းကင်နန်းတော်မှ စွမ်းအားကြီး ထိပ်သီးများဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့သည် ထိုကဲ့သို့ စွမ်းအားကြီး တိုက်ခိုက်စွမ်းရည်ရှိသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။ အကယ်၍ သူတို့သည် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်၏ အဆင့်တွင်ဖြစ်ပါက သူ၏လက်ရှိစွမ်းအားသည် သူတို့ကို အလွယ်တကူ ရှင်းပစ်နိုင်ပေလိမ့်မည်။

ယခင်က သူသည် ယခုလောက်ပင် စွမ်းအားမကြီးသေပေ။

“ကျုပ်တို့က ကောင်းကင်ဘုရင်တွေနဲ့ တွေ့နေရတာကိုး... ဒီလောက် ကြီးမားတဲ့ တိုက်ပွဲဖြစ်လာတာ အံ့အားသင့်စရာ မရှိတော့ပါဘူး”

ရီဖူရှင်း ကျယ်လောင်စွာ ပြောလိုက်သည်။

“ခက်တာက ဒီနေရာက စီဝေ့အင်ပါယာနန်းတော်ရဲ့ နယ်မြေဖြစ်နေတာပဲ။ ကျုပ်က စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင်အနေနဲ့ ခင်ဗျားတို့နှစ်ယောက်ကို ထွက်သွားဖို့ တောင်းဆိုရမှာပဲ”

သူထိုသို့ပြောလိုက်သောအခါ ကောင်းကင်ထက်တွင် ဗုဒ္ဓများ ပြည့်နှက်သွားသည်။ ဗုဒ္ဓအလင်းတောက်ပနေပြီး ထိုနေရာရှိ အာကာပြင်ကို အလင်းပေးနေလေသည်။ ထိုအလင်းသည် လွန်စွာတောက်ပပြီး ဗုဒ္ဓအားလုံးသည် မဟာလမ်းစဉ်အလင်းကို ထုတ်လွှတ်နေ၏။ ထိုအလင်းကို ကြည့်ရန်ကြိုးစားသည့်သူတိုင်းသည် မျက်စိကျိန်းသွားကြ၏။

“ဒီအတတ်က ဗုဒ္ဓအတတ်ပညာတွေနဲ့ ကျုပ်ရဲ့ သိမြင်နားလည်မှုအပေါ်မှာ အခြေခံထားတာပဲ။ ဒီအတတ်ရဲ့ တိုက်ခိုက်စွမ်းရည်က စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းပဲ။ ခင်ဗျားတို့ ကောင်းကင်ဘုရင်နှစ်ပါး သတိထားပါ”

ရီဖူရှင်းသည် ထိုစွမ်းအားကြီးသူနှစ်ယောက်ကိုကြည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။

စွမ်းအားကြီးကျင့်ကြံသူနှစ်ယောက်သည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ထက်ရှိ တောက်ပနေသော ပုံရိပ်ကို ကြည့်လိုက်သည်။ ရီဖူရှင်း၏နတ်ခန္ဓာသည် တောက်ပနေပြီး ဗုဒ္ဓအလင်းများ၏ လွှမ်းခြုံမှုကို ခံထားရကာ ရွှေအတိပြီးသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါးနှင့် ဆင်တူနေ၏။ စွမ်းအားကြီး နတ်အရှိန်အဝါတစ်ခုသည် ကောင်းကင်အပြင်မှ ထွက်ပေါ်လာပြီး ဤအာကာပြင်ကို လွှမ်းမိုးသွားသည်။ ဤကြောက်မက်ဖွယ် မဟာလမ်းစဉ်စွမ်းအားသည် အခြားတစ်နေရာမှာ လာခဲ့သကဲ့သို့ပင်။

ထိုဗုဒ္ဓအားလုံးသည် မြင့်မားသောကောင်းကင်ထက်တွင် ရပ်နေကြသည်။ သူတို့သည် အကန့်အသတ်မဲ့ ဧရာမ ဗုဒ္ဓလက်ဝါးချက်များကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြသည်။ လက်ဝါးချက်တစ်ခုစီတိုင်းတွင် အတုမဲ့ စွမ်းအားပါဝင်ပြီး ၎င်းတို့သည် ကောင်းကင်ဘုရင်နှစ်ပါးကို ချိန်ရွယ်၍ ကျဆင်းလာလေသည်။ ထိုလွှမ်းမိုးအားကြီးသော လက်ဝါးချက်များသည် အဆုံးမရှိသကဲ့သို့ပင် ထင်ရ၏။

စေတီဘုရင်နှင့် သံစဉ်ဘုရင်တို့သည် လေးနက်ဟန်ပေါ်သွားသည်။ ရီဖူရှင်း၏စွမ်းအားသည် သူတို့မျှော်လင့်ထားသည်ထက် စွမ်းအားကြီးနေ၏။ သူတို့သည် ယခင်က ရီဖူရှင်း၏ စွမ်းဆောင်ချက်များကို ကြားခဲ့ဖူးသော်လည်း များစွာ အရေးမစိုက်ခဲ့ပေ။ သူသည် ထူးကဲသူတစ်ဦးဖြစ်နိုင်သော်လည်း သူတို့သည်လည်း သာမန်လူများမဟုတ်ပေ။

ကောင်းကင်ဘုံမှ ကောင်းကင်နန်းတော်၏ ကောင်းကင်ဘုရင်လေးပါးသည် စွမ်းအားကြီးထိပ်သီးများဖြစ်ပြီး သူတို့အပြင် အခြားစွမ်းအားကြီးထိပ်သီးတစ်ဦးလည်း ရှိပေသေးသည်။

သူသည် အပြင်လောကတွင် လူလုံးထွက်ပြခဲပြီး မည်သည့်အခါကမှ အမှန်တကယ် လောကကြီး၏ တစ်စိတ်တစ်ပိုင်းမဖြစ်ခဲ့ဟု ဆိုနိုင်သော်လည်း ကောင်းကင်ဘုံမှ လူများသည် သူတို့၏ အနာဂတ် ကောင်းကင်အင်ပါယာသည် မည်မျှစွမ်းအားကြီးသည်ကို သိပေသည်။ သူသည် အနာဂတ်တွင် ကောင်းကင်ဘုံတစ်ခွင်လုံးကို ပြန်လည်စည်ပင်တိုးတက်လာစေရန် တာဝန်ပေးခံရမည့် သူဖြစ်ပြီး တစ်နေ့တွင် ကောင်းကင်အင်ပါယာဖြစ်လာမည့်သူဖြစ်သည်ဟု ကောင်းကင်ဘုံမှ ကျင့်ကြံသူအားလုံးက ယုံကြည်ကြသည်။

သူတို့ကို ပြင်ပလောကတွင် မြင်တွေ့ရခဲသည့် အကြောင်းမှာ သူတို့သည် သိုသိုသိပ်သိပ်နေလို၍ ဖြစ်သည်။ လက်ရှိ ပရမ်းပတာအခြေအနေအတွင်းတွင် သူတို့သည် ပြင်ပလောကမှ ကိစ္စများကို လေ့လာစုံစမ်းရန် ဆုံးဖြတ်ခဲ့ပြီး ထိုအခွင့်အရေးကို အသုံးချကာ အဓိကအမွေအနှစ်နယ်မြေအားလုံးရှိ ရှေးဟောင်းအင်ပါယာများ၏ စွမ်းအားကို သိမြင်နားလည်အောင်လုပ်ရန် ကြံရွယ်ခဲ့ပေသည်။

ထို့ကြောင့် ရီဖူရှင်းသည် မူလဘုံ၏ ဘုရင်ဖြစ်ပြီး ထူးကဲသောပါရမီကို ပိုင်ဆိုင်သော်လည်း သူတို့သည် ယခင်က သူ့ကိုများစွာ အရေးမထားခဲ့ခြင်းဖြစ်သည်။

လောကကြီးကို အံ့အားသင့်စေခဲ့သည့် ပြင်ပလောကရှိ  မာနသားတော်သည်ပင် သူ့ကိုယ်သူ “ပြိုင်ဘက်ကင်း” ဟု ခေါ်ဝံ့ခဲ့သည်။

ထိုသို့ ခေါ်ဝံ့ခဲ့ခြင်းမှာ သူတို့၏ သခင်လေးသည် လောကအတွင်းသို့ ထွက်မလာသေး၍သာဖြစ်သည်။

မဟုတ်လျှင် သူသာ လောကအတွင်းသို့ ထွက်လာခဲ့ပါက သူသည် သူ၏မျိုးဆက်တူများကြားတွင် ထိပ်တန်းတစ်ဦးဖြစ်မည်မှာ သံသယဖြစ်စရာမရှိပေ။ သူ့ကို မည်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။ ထို ဉာဏ်ကောင်းသော ပါရမီရှင်ဆိုသူများသည် သူ့အတွက် နင်းတက်စရာ ကျောက်တုံးများသာ ဖြစ်ပေလိမ့်မည်။

သို့‌သော် တိုက်ပွဲ၏ဤအခြေအနေတွင် ရီဖူရှင်း၏အင်အားကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သူတို့ပင် ထိုအင်အားကို အာရုံစိုက်ခဲ့ရ၏။ သူ၏ မူလဘုံ၏ ထိပ်တန်းပါရမီရှင်ဟူသော ဂုဏ်ပုဒ်သည် အလကားရလာခြင်းမဟုတ်ကြောင်း ထင်ရှားပေသည်။

သံစဉ်ဘုရင် ဖန်တီးထားသည့် စည်းချက်မုန်တိုင်းသည် ပို၍ ပြင်းထန်လာပြီး ပတ်ဝန်းကျင်လောကသည် ရေခဲကဲ့သို့ အေးခဲသွားသည်။ သူတို့အနီးသို့ ရောက်လာပြီဖြစ်သော ထိုဧရာဗုဒ္ဓလက်ဝါးရာကြီးများကို အဖြူရောင် ဆီးနှင်းများက လွှမ်းခြုံသွားပြီး ၎င်းတို့သည် အေးခဲမှုကြောင့် နှေးကွေးသွား၏။ တစ်ချိန်တည်းမှာပင် ဂီတမုန်တိုင်းသည် ကြောက်မက်ဖွယ် ထက်ရှသော ဓားသွားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုဗုဒ္ဓလက်ဝါးချက်များကို ပျက်စီးသွားစေလေသည်။

စေတီဘုရင်သည် သူ့လက်များကို အရှေ့တွင် ဝှေ့ယမ်းကာ အင်အားပြင်းစွာ တိုက်ခိုက်လိုက်သည်။ ရုတ်တရက် စေတီသည် ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်သွားသည်။ ဤတစ်ကြိမ်တွင် စေတီသည် အထက်ကောင်းကင်ကို ဖြတ်သွားပြီး ၎င်း၏ စွမ်းအားကုန်လုံးကို ထုတ်လွှတ်လိုက်သည်။ အဖျက်မုန်တိုင်းတစ်ခုသည် အဟုန်ကို တားဆီးလိုက်ပြီး သူ့ကို တိုက်ခိုက်နေသည့် အားကို ကာရံလိုက်သည်။

မဟာလမ်းစဉ် မြည်ဟည်းသွားပြီး ကောင်းကင်နှင့် မြေကြီးသည် ပြိုပျက်တော့မလိုဖြစ်သွားသည်။ ကောင်းကင်ထက်ရှိ ဗုဒ္ဓများသည် တစ်ပါးနှင့်တစ်ပါး ဆက်နွယ်လိုက်ကြပြီး အဆုံးမဲ့ မဟာလက်ဝါးချက်များ ကျဆင်းလာလေသည်။ ၎င်းတို့သည် အဆက်မပြတ် ကွဲအက်ပျက်စီးသွားနေသော်လည်း အောက်ဘက်သို့ ဆက်၍ကျဆင်းနေသော လက်ဝါးချက်များစွာ ရှိနေသေးပေသည်။ ၎င်းတို့သည် အဆုံးမဲ့သကဲ့သို့ ထင်ရ၏။

ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့်အတူ စက်ကွင်းတစ်ခုလုံးသည် လွန်စွာ လေးလံလာသည်။ လွန်စွာအေးစက်သော အအေးဓာတ်တစ်ခုသည် အရာအားလုံးကို ဖောက်ထွင်းသွားသည်။ ထိုအအေးဓာတ်သည် လက်ဝါးချက်များမှ ထုတ်လွှတ်လိုက်သော အအေးဓာတ်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် အေးခဲသွားစေလေသည်။ ကောင်းကင်ဘုရင်နှစ်ပါးသည် တဖြည်းဖြည်း အအေးဓာတ်ကို ခံစားလိုက်ရသည်။

“ယင်ဓာတ်စွမ်းအား...”

သံစဉ်ဘုရင် မျက်မှောင်ကြုတ်သွားသည်။ သူသည် အအေးဓာတ်တစ်ခုကို ခံစားလိုက်ရပေသည်။ သူသည် ရေခဲလမ်းစဉ်တွင် ဆရာတစ်ဆူဖြစ်သည်။ သူသည် အခြားသူများ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အေးခဲပစ်နိုင်၏။ သို့သော် ထိုအခိုက်တွင် သူသည် ထိုစွမ်းအားမျိုး ဖောက်ဝင်လာမှုကို ခံစားနေရသည်။

မိုးကောင်းကင်ထက်တွင် ဧရာမဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်။ သူသည် ကောင်းကင်အပြင်မှ ရောက်လာ၍ အောက်ဘက် မြေပြင်သို့ ဆင်းသက်လာသည်။ ရီဖူရှင်းသည် ဧရာမဗုဒ္ဓကြီး၏ လက်များနှင့် ရင်ဘတ်အကြားတွင် နေရာယူထားသဖြင့် သူသည်လည်း အောက်သို့ ပါလာပေသည်။

“ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်း...”

ရီဖူရှင်း၏ စကားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏လက်ဝါးသည် အောက်ဘက်သို့ ရိုက်ချလိုက်သည်။ ရုတ်တရက် ဧရာမဗုဒ္ဓကြီးသည်လည်း သူလုပ်သကဲ့သို့ လိုက်လုပ်လိုက်သည်။ အကန့်အသတ်မဲ့ကာ ကြီးမားသော လက်ဝါးချက်သည် အောက်သို့ ကျဆင်းသွားပြီး လောက၏ ဤအပိုင်းကို လွှမ်းခြုံသွားသည်။ အရာအားလုံးသည် ထို ဧရာမလက်ဝါချက်ကြီးအောက်တွင် နစ်မြုပ်သွားသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ဗုဒ္ဓအားလုံးသည် တစ်ချိန်းတည်းမှာပင် မဟာလက်ဝါးချက်များကို ထုတ်လွှတ်လိုက်သည်။ သူတို့သည် ဆက်နွယ်မှုအချို့ကို ပြုလုပ်ထားသကဲ့သို့ပင်။ သူတို့သည် တိုက်ခိုက်မှုကို ပို၍များသောစွမ်းအားနှင့် မြှင့်တင်လိုက်ပြီး ထိုနေရာရှိ ကောင်းကင်ကို အပြည့်အဝ လွှမ်းမိုးလိုက်လေသည်။

၎င်းသည် ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်းဖြစ်သည်။ ထိုအတတ်သည် သူတီထွင်ထားသော မဟာတိုက်ခိုက်မှုအတတ်ဖြစ်ပြီး သူ၏စွမ်းအားသည် အဆုံးမဲ့ပေသည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရင်တုန်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေလေသည်။ ဧရာမဗုဒ္ဓကြီးသည် လောကအတွင်းသို့ ဆင်းသက်လာသည့် အကြွင်းမဲ့ဗုဒ္ဓကဲ့သို့ ကျဆင်းလာပြီး အရာအားလုံးအပေါ် ဩဇာလွှမ်းမိုးသွား၏။ ထိုတိုက်ခိုက်မှု၏စွမ်းအားသည် တွေးကြည့်၍ပင် မရနိုင်လောက်အောင်ပင်။

သခင်ချန်သည်ပင် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရင်တုန်သွား၏။ ထိုတိုက်ခိုက်မှုသည် လွန်စွာစွမ်းအားကြီးပြီး ဤနှစ်ပိုင်းအတွင်းတွင် ရီဖူရှင်းတစ်ယောက် များစွာတိုးတက်လာကြောင်းကို သူ မြင်နိုင်၏။

အကယ်၍ ဤနေရာတွင် ဆေးအင်ပါယာသာ ရှိပါက သူသည် ဤတိုက်ခိုက်မှုကို လွန်စွာရင်းနှီးသည်ဟု ခံစားရပေလိမ့်မည်။ ဤတိုက်ခိုက်မှုသည် လွန်စွာစွမ်းအားကြီးသည့် လောကဖိနှိပ်ခြင်းဂိတ်မှ စွမ်းအားပါဝင်သည်ဟု ထင်ရပေသည်။

ကောင်းကင်ဘုံမှ ကောင်းကင်ဘုရင်နှစ်ပါးသည် သူတို့အ‌ပေါ်ကျဆင်းလာသည့် တိုက်ခိုက်မှုကို စူးစိုက်ကြည့်နေကြာကာ ပို၍ပင် မျက်နှာမှိုင်းညို့လာလေသည်။

ထို ကျယ်လောင်သော မြည်ဟည်းသံများနှင့်အတူ သူတို့၏ ခုခံမှုများသည် အဆက်မပြတ် ပျက်စီးနေကြပြီး သူတို့သည် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ဆက်၍ မခုခံနိုင်တော့ပေ။ သူတို့သည် မဟာလမ်းစဉ် နတ်အလင်းကို အသည်းအသန်ထုတ်လွှတ်လိုက်ပြီး သူတို့၏ စွမ်းအားအကုန်ကို စုစည်းကာ ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်းကို ကာကွယ်ရန် ကြိုးပမ်းလိုက်သည်။

သို့သော် ထိုစွမ်းအားကြီးတိုက်ခိုက်မှုသည် ဆက်၍ကျဆင်းနေသည်။ လောကအတွင်းရှိ မည်သည့်စွမ်းအားကမှ ၎င်းကို မတားဆီးနိုင်သည့်ပုံပင်။ ကျယ်လောက်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး ထိုနှစ်ဦးသည် အောက်ဘက်သို့ လွင့်ထွက်သွားသည်။ ဟင်းလင်းပြင်၏ မဟာလမ်းစဉ်သည် ပျက်သုဉ်းသွားပြီး အရာအားလုံး ကွဲအက်ပျက်စီးသွားသည်။

ဝုန်း...

မြေပြင်အထက်တွက် ထိခတ်သံကြီးကြားလိုက်ရပြီး ထိုနှစ်ဦးသည် မြေကြီးအတွင်းသို့ ဝင်သွား၏။ မြေပြင်ပေါ်တွင် ရှေးဟောင်းတောင်တန်းတစ်ခုလုံးစာရှိသည့် အကန့်အသတ်မဲ့သော ဧရာမလက်ဝါးရာကြီး ထင်နေလေသည်။ မြေကြီးသည် အပြင်းအထန် တုန်ခါနေ၏။ မြေငလျင်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင် ထင်ရပြီး မြေပေါ်တွင် အက်ကြောင်းများပင် ထင်နေလေသည်။

အချိန်အတော်ကြာပြီးသွားသောအခါ ကြောက်မက်ဖွယ်အရှိန်အဝါ ပျောက်ကွယ်သွား၏။ ထိုနှစ်ဦးသည် မြေကြီးအတွင်းမှ ပြန်ထွက်လာကြသည်။ သူတို့တစ်ကိုယ်လုံးတွင် ဖုန်များ ပေကျံနေလေသည်။ သူတို့သည် အသက်ညင်းညင်းသာ ရှူနေပြီး ခေါင်းဆိုးသံအချို့ကို ကြားလိုက်ရ၏။ သူတို့၏နှုတ်ခမ်းစွန်းများမှနေ၍ သွေးများ ယိုစီးနေသည်။ သူတို့နှစ်ဦးစလုံး ဒဏ်ရာရသွားကြောင်း ထင်ရှားပေသည်။

လက်ဝါးချက်ကြီးသည် ကောင်းကင်ဘုံ၏ ကောင်းကင်ဘုရင်းအဆင့်ရှိသူနှစ်ဦးကို ဒဏ်ရာရစေခဲ့၏။

စေတီဘုရင်နှင့် သံစဉ်ဘုရင်တို့ နှစ်ဦးစလုံးသည် ရီဖူရှင်းကို မော့ကြည့်လိုက်ကြပြီး ထိုလူ၏ကျင့်ကြံခြင်းအစွမ်းသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု တွေးလိုက်ကြသည်။ သူသည် ဤဘုံတွင် ထိပ်တန်းအဆင့်၌ ရှိနေပေပြီ။ သူတို့သည် ကောင်းကင်ဘုံ၏ ကောင်းကင်ဘုရင်များဖြစ်လာစေရန် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရပေသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ကိုယ်ပိုင်အင်အားကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပေသည်။

သူတို့၏ဘုံတွင် သူတို့သည် သေချာပေါက် ထိပ်သီးများဖြစ်သည်။ သို့သော် ယနေ့တွင် သူတို့သည် သူတို့ထက် ငယ်ရွယ်သူတစ်ဦး၏လက်တွင် ရှုံးနိမ့်ခဲ့ရ၏။

မျိုးဆက်တိုင်းတွင် ပါရမီရှိသူများ မရှားဟူသောစကားမှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် အသစ်များသည် အဟောင်းများနေရာတွင် အမြဲအစားထိုးနေရာယူသွားမည်ဖြစ်သည်။

မျိုးဆက်ဟောင်းများနှင့် သက်ဆိုင်သော ခေတ်သည် ကုန်ခဲ့ပေပြီ။ ထိုမတိုင်ခင်က အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့သည် လောကကြီးကို လွှမ်းမိုးခဲ့သည်။ ခေတ်သစ်ကိုမူ မည်သူ လွှမ်းမိုးနိုင်မည်နည်း။

သို့သော် မည်သူပင်ဖြစ်စေ ကောင်းကင်ဘုံ၏ ထိုလူငယ်သည် လက်ရှိတွင် အရာအားလုံးနှင့် လူအားလုံးကို ဖိနှပ်နိုင်သူ ဖြစ်နေဆဲပင်ဖြစ်သည်။

လူငယ်သည် ထိုအချိန်တွင် နတ်နံရံမှနေ၍ အကြည့်ခွာလိုက်ပြီး အနည်းငယ် ခေါင်းမော့လိုက်သည်။ သူသည် ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏မျက်နှာထားသည် အရေးမစိုက်သည့်ဟန်ရှိပြီး စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်တစ်ခုပင် မပြပေ။ သူ၏မျက်လုံးများထဲတွင် လွန်စွာယုံကြည်မှုအငွေ့အသက်တစ်ခုသာ ရှိပေသည်။

ရီဖူရှင်းသည် ထိုအကြည့်ကို ခံစားမိလိုက်ပုံရပြီး ခေါင်းငုံ့၍ အောက်သို့ကြည့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွား၏။ သူတို့သည် ဒုတိယအကြိမ်တွေ့ဆုံခြင်း ဖြစ်သည်။ ယခင်က ရီဖူရှင်းသည် သူ၏ပြိုင်ဘက်နှင့် မယှဉ်နိုင်ခဲ့ပေ။ ထိုလူငယ်သည် ကမ္ဘာမြေအလယ်သို့ သွား၍ အရိပ်မုန်တိုင်းဗဟိုသို့ သူကိုယ်တွင် ဝင်သွားခဲ့သူ မဟုတ်ပါလား။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူတို့နှစ်ဦးသည် အဆင့်တူခဲ့ပေပြီ။

“သွားစို့...”

လူငယ်သည် ရီဖူရှင်းထံမှ အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် သူတို့၏အရှုံးကို အရေးမစိုက်သလို ရီဖူရှင်းကို တိုက်ခိုက်ရန်လည်း အတွေးမရှိသည့်ပုံပင်။

All Chapters