← Chapters

အောင်မြင်မှုအတွက် ကျန်သောလူများအား ထိခိုက်စေခြင်း

Vol. 53 Ch. 737

အောင်မြင်မှုအတွက် ကျန်သောလူများအား ထိခိုက်စေခြင်း

Vol. 53 Ch. 737

ကန်ရှဆေးဝါးလုပ်ငန်းထဲသို့ ပထမဆုံးအကြိမ် ခိုးဝင်တုန်းက ထန်ရှုနှင့် မိုအားဝူတို့သည် အတွင်းအကျဆုံး ကင်းစခန်းထဲသို့ မဝင်ရောက်ခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင် ထန်ရှုသည် ကိုယ်ယောင်ဖျောက် အဆောင်ဆယ်ခုကို သန့်စင်ထားပြီးဖြစ်သောကြောင့် ၎င်းတို့သည် မည်သည့်အတားအဆီးမျှ မကြုံတွေ့ရဘဲ အတွင်းအကျဆုံး ကင်းစခန်းဆီ ရောက်ရှိလာခဲ့သည်။

ဘန်း … ဘန်း ... ဘန်း …

ကျင်းရှီနှင့် အခြားသူများ ပေါ်လာသောကြောင့် ကင်းစခန်း၏ အပြင်ဘက်တွင် ကြပ်ကြပ်မတ်မတ် ရပ်စောင့်နေသော လုံခြုံရေးအစောင့်ခြောက်ဦးအား ချက်ချင်းပင် အံ့အားသင့်သွားစေခဲ့သည်။

ထန်ရှုသည် သွေးသောက်ဓား၌ မူလဖရိုဖရဲစွမ်းအား ထည့်သွင်းကာ လွှတ်လိုက်ပြီး သံတံခါးအား ခုတ်ပိုင်းလိုက်သည်။ ထူထဲသော သံတံခါးတစ်ခုလုံးသည် တိုဟူးတုံးအား ဖြတ်တောက်လိုက်သကဲ့သို့ လွယ်လွယ်ကူကူ ပြတ်တောက်သွားပြီး အဆောက်အဦးအတွင်းပိုင်းအား လူ ၁၁ဦး အပြေးဖြတ်သွားချိန်တွင် မီးနီမှိတ်တုတ်မှိတ်တုတ်နှင့် ဥဩသံများက နှုတ်ဆက်လာသည်။

“အားဝူ … ရောနှောနေတဲ့ ငါးတွေကို ရှင်းဖို့ လူတချို့ကို ခေါ်သွားပါ။ တတ်နိုင်ရင် မသတ်မိစေနဲ့။ သူတို့ကို မေ့အောင်သာ လုပ်လိုက်ပါ။” ထန်ရှုက အမိန့်ပေးလိုက်သည်။

"နားလည်ပြီ။" မိုအားဝူက နာခံပြီး ကျွမ်းကျင်သူလေးဦးကို ဦးဆောင်ကာ ထွက်သွားသည်။

ထန်ရှုသည် ဓာတ်လှေကားရှေ့တွင် ရပ်ပြီး အဝင်ပေါက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ အပြင်မှာ ဖြစ်နေသော အခြေအနေနှင့် အချက်ပေးသံကြောင့် လူတချို့ အပြေးအလွှား ထွက်လာကြလိမ့်မည်ဟု သူက ခန့်မှန်းထားသည်။ မျှော်လင့်ထားသည့်အတိုင်း မိနစ်ဝက်ခန့်အကြာတွင် ဓာတ်လှေကားအဝင်ပေါက် ရုတ်တရက် ပွင့်သွားပြီး နှစ်မီတာရှည်သော ဓားရှည်များကို ကိုင်ဆောင်ထားသည့် တစ်ကိုယ်လုံး အနက်ရောင် ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူခြောက်ဦးသည် အတွင်းထဲမှ ပြေးထွက်လာခဲ့သည်။

“စောင့်ကြပ်။”

ပြင်းထန်ပြီး လျင်မြန်သော အော်ရာတစ်ခုသည် ပထမလူ၏ခန္ဓာကိုယ်ရှိ ချွေးပေါက်များထဲမှ ထွက်လာပြီး တစ်ခဏမျှ အံ့သြနေပြီး ဓာတ်လှေကားတံခါးမှ အပြေးအလွှား ထွက်လာသည်။ ဓာတ်လှေကားတံခါး၏အပြင်ဘက်တွင် ကျူးကျော်သူ အများအပြားရှိနေကြောင်း အတွင်းရှိ အာရုံခံကိရိယာက ပြသခဲ့သော်လည်း ယခု မည်သို့ဖြစ်ပြီး တစ်ယောက်မှ မရှိတော့ပါသနည်း။

ရှဲ့ကျီချန်၏လက်အောက်မှ တန်ဖိုးကြီးသော လက်စွဲတော်လူတစ်ယောက်အနေဖြင့် သူ၏သတိကို အမြင့်ဆုံးတွင် ထိန်းသိမ်းထားဆဲဖြစ်သည်။

ထန်ရှုသည် လက်နှစ်ဖက်ကို ပိုက်ကာ ထိုသူ၏အရှေ့တွင် ရပ်နေပြီး ထိုလူ၏ နိုးကြားသော အကြည့်ကို ကြည့်နေသည်။ ထို့နောက် သူ၏လက်သီးများက ထိုလူ၏နဖူးကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။ မာကျောသော ဦးထုပ်ကို ဆောင်းထားသော်လည်း ကြီးမားသော အင်အားက ဦးထုပ်ကို ရိုက်ခွဲကာ သူ၏နားသယ်စပ်ပေါ်သို့ ထိမှန်သွားသည်။

ဘန်း…

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အမျိုးသားသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသော်လည်း ကြီးမားသော အင်အားက သူ့ကို တစ်ခါတည်း မသတ်နိုင်ပေ။ ကျင်းရှီနှင့် ကျန်သူများသည် အခြားချပ်ဝတ်တန်ဆာဝတ် လူငါးဦးကို ချက်ခြင်း ဝင်ရောက်တိုက်ခိုက်သောအခါ ထန်ရှု၏တိုက်ခိုက်မှုကြောင့် လဲကျနေသောလူသည် ခေါင်းယမ်းလိုက်ကာ ခက်ခက်ခဲခဲ ထရန် ကြိုးစားသည်။

"အိုး … ဒါက နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။”

ထန်ရှုသည် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော လူ၏ နောက်ကျောကို နင်းကာ ကြမ်းပြင်ပေါ် ပြန်လှဲခိုင်းလိုက်ပြီး

“အတော်လေး စွမ်းအားကြီးတဲ့ခွန်အားပဲ။ ငါ့ရဲ့ ပြင်းထန်တဲ့ လက်သီးချက်တွေကိုတောင် ခံနိုင်ရည်ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒီချပ်ဝတ်တန်ဆာက အကာအကွယ်ကောင်း ဆိုပေမယ့် နှမြောစရာကောင်းတာကတော့ မင်းဝတ်ဆင်ရမှာ မဟုတ်ဘူး။”

စက္ကန့်အနည်းငယ်အတွင်းမှာပင် ချပ်ဝတ်တန်ဆာဝတ် အခြားလူငါးဦးကိုလည်း ကျင်းရှီနှင့်ကျန်လူများက အလဲထိုး တိုက်ခိုက်ပြီးဖြစ်သည်။ အခြေအနေကို အခွင့်ကောင်းယူပြီး ကျင်းရှီက ချဉ်းကပ်လာကာ ထန်ရှု၏ခြေထောက်အောက်ရှိ လူအား ပြင်းထန်စွာ ကန်ထုတ်လိုက်ပြီး

“ဒီဓာတ်လှေကားက မြေအောက်ကို ဆင်းတဲ့ဟာပဲ။ ငါတို့ဆင်းကြမလား သူဌေး။"

"ငါတို့ဆင်းမယ်။"

ထန်ရှု ဓာတ်လှေကားထဲသို့ အလျင်အမြန် လျှောက်လာပြီး အခြားသူများက အနောက်မှ လိုက်ပါလာကြသည်။ ဓာတ်လှေကားဆင်းလာပြီး ဆယ်စက္ကန့်အကြာတွင် တံခါးသည် တိုက်ရိုက် ပွင့်သွားသည်။ ဓာတ်လှေကား၏ အပြင်ဘက်တွင် တစ်ဒါဇင်ကျော်သော ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာ ဝတ်ထားသည့်လူများသည် ထန်ရှုနှင့် သူ၏လူများကို မြင်လိုက်ရသောအခါတွင် သူတို့အထဲမှ အချို့သည် အရှေ့သို့ တဟုန်ထိုး တက်လာသည်။

ဝှစ်…ဝှစ်…ဝှစ်…

ဓားပျံများစွာကို ပစ်လွှတ်လိုက်ကြသည်။ ဝင်းကနဲ လက်ကနဲ ဓားရိပ်များနှင့်အတူ ဓားပျံများသည် မာကျောသော ချပ်ဝတ်တန်ဆာများကို အလွယ်တကူ ဖြတ်တောက်တိုက်ခိုက်လိုက်ရာ ချပ်ဝတ်တန်ဆာဝတ် လူလေးငါးဦးခန့်သည် တခဏချင်း သေဆုံးသွားသည်။

မြေအောက်နေရာသည် အလွန်ကျယ်ဝန်းလှသည်။ ခန်းမကျယ်ကြီးနှစ်ခုအပြင် အခြားကျယ်ဝန်းသော အခန်းတစ်ဒါဇင်ကျော် ရှိသေးသည်။ အတွင်းအကျဆုံး စောင့်ကြည့်ရေးအခန်းတွင် ရှဲ့ကျီချန်နှင့် အော်စတင်ကိုးလ်တို့သည် သဘောတူညီချက်တစ်ခု လုပ်ခဲ့သည်။ အော်စတင်ကိုးလ်သည် ဥရောပရှိ ရုံးချုပ်ကိုပင် ဆက်သွယ်ခဲ့ပြီး နိုင်ငံပိုင် လုပ်ငန်းကုမ္ပဏီ၏ ဘဏ္ဍာရေးဒါရိုက်တာအား ရှဲ့ကျီချန်၏ ဆွစ်အကောင့်သို့ အမေရိကန်ဒေါ်လာ ၁ဘီလီယံ လွှဲပြောင်းရန် အမိန့်ပေးခဲ့ပြီးဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် အော်စတင်ကိုးလ်သည် အလွန်ဆိုးရွားသော အမူအရာ ရှိနေသည်။ သူ၏ ရက်စက်ကြမ်းကြုတ်မှုသည် လူသိများပေသည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူများ အဆက်မပြတ် အသတ်ခံရသည့် မြင်ကွင်းကို ပြသနေသည့် ကွန်ပျူတာအား ပြင်းထန်ရက်စက်ရိပ်များ ဖုံးလွှမ်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေရင်း ဒေါသများ တရိပ်ရိပ် တိုးလာသည်။

"ရှဲ့ကျီချန် … မင်းရဲ့သံချပ်ဝတ်စစ်သည်တော်တွေက မျိုးရိုးဗီဇ ပြုပြင်မွမ်းမံမှု အပြီးထိ မလုပ်ရသေးပေမယ့် သူတို့က အရမ်းကြောက်ဖို့ကောင်းနေပြီ မဟုတ်လား။ ရန်သူက ဘာကြောင့် သူတို့ကို အလွယ်တကူ သတ်နိုင်နေတာလဲ။ အဲ့ဒီလူတွေက ဓားတွေကလွဲပြီး ဘာလက်နက်မှတောင် မသုံးထားတာကို မင်းလည်း အမြင်ပဲ။ အဲ့ဒါ လူရိုင်းတွေ သုံးတဲ့ ရှေးဟောင်းဓားသာသာပဲလေ။"

အော်စတင်ကိုးလ် လှည့်ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။

ရှဲ့ကျီချန်၏အမူအရာသည်လည်း တဖြည်းဖြည်း ဖြူဖျော့နေပြီး သူ့မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လက်သွားကာ အတွေးထဲ နစ်သွားသည်။ ထိုလူများ၏မူလဇစ်မြစ်ကို သူ မသိသော်လည်း သူ ရှင်းရှင်းလင်းလင်း သိနေသည့် အချက်တစ်ခုတော့ ရှိပေသည်။ သူ၏မဖြိုဖျက်နိုင်သော မြေအောက်အခြေစိုက်စခန်းသည် ထိုသူတို့၏ စွမ်းအားကို မည်သို့မှ တားဆီးနိုင်မည် မဟုတ်ချေ။

ယခုအချိန်တွင် သူ့အတွက် ထွက်ပေါက်တစ်ခုသာ ရှိတော့သည်။ ပြေး ...

သူသည် မျိုးရိုးဗီဇမြူများနှင့် သူ၏အကောင်းဆုံး မျိုးရိုးဗီဇစစ်သည်လေးဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်သည်။

"အားမင် … အားလျန် ….။ ပင်မသုတေသနဒေတာနဲ့ အခြားဒေတာကို လုံခြုံရအောင် တစ်စုံတစ်ယောက်ဆီ ပေးပို့ပြီး တတိယထွက်ပေါက်ကို တတ်နိုင်သမျှ အမြန်ပြေးပါ။ စခန်းကို သူ့ဘာသာ ဖျက်ဆီးတဲ့ စနစ်ကို စတင်ပြီး သုံးမိနစ်အတွင်း သတ်မှတ်ထားလိုက်။ ရန်သူတွေက အရမ်းသန်မာလွန်းတယ်။ ဒီနေရာမှာ သူတို့နဲ့ လုံးထွေးတိုက်ခိုက်နေဖို့ မလိုဘူး။ ဒါကြောင့် ငါတို့တွေ ဒီအန္တရာယ် ရှိတဲ့အရပ်ကို အရင်ဆုံး စွန့်ခွာကြမယ်။ နောက်မှ သူတို့ရဲ့အကြောင်းတွေကို ဖော်ထုတ်ဖို့ နည်းလမ်း ရှာကြတာပေါ့။”

ရှဲ့ကျီချန်က ရုတ်တရက်ထကာ လေးနက်သော အမူအရာဖြင့် အမိန့်ပေးရင်း အပြင်သို့ ထွက်လာသည်။

ဒေါသပေါက်ကွဲနေသော အော်စတင်ကိုးလ်သည် တံခါးကို ပိတ်ရန် အပြေးသွားပြီး သူ၏သေနတ်ကို ထုတ်ကာ ရှဲ့ကျီချန်၏ခေါင်းကို ချိန်ရွယ်ထားရင်း

"ငါ မင်းကို အကြီးအကျယ် သံသယရှိနေပြီ ရှဲ့ကျီချန်။ မင်းအောင်မြင်ဖို့အတွက် တခြားလူတွေ ထိခိုက်ရင် ထိခိုက်ပလေ့စေပေါ့ ဟုတ်လား။ ငါတို့က မျိုးဗီဇမြူတွေနဲ့ သုတေသနဒေတာကို မင်းဆီကနေ ဝယ်ထားပြီးပြီလေကွ။ ဒါပေမယ့် မင်းမှာ မိတ္တူတွေ ရှိနေတာ အသိသာကြီးပဲ။"

"စကားကို ကြည့်ပြောပြီး အပြုအမူကို သတိထားပါ မစ္စတာကိုးလ်။"

ရှဲ့ကျီချန်က မျက်မှောင်ကြုတ်ပြီး အေးစက်စက် ပြောလိုက်သည်။

"တကယ်လို့ ငါသာ အဲ့ဒီလို တကယ်လုပ်ချင်ရင် မင်းတို့ကုမ္ပဏီက ငွေပေးချေပြီးတာနဲ့ မင်းကို သတ်ဖို့ အခုအချိန်အထိ စောင့်မယ့်အစား ငါ မင်းကို တစ်ခါတည်း သတ်ဖို့ အမိန့်ပေးလိုက်မှာပေါ့ကွ။ အပြင်မှာ အသတ်ခံနေရတဲ့သူတွေက ငါ့လူတွေကွ … ငါ့လူတွေကွ။ မျိုးရိုးဗီဇမြူအနည်းငယ်ကို စသုံးပြီး ပျိုးထောင်ထားရတဲ့ သိုင်းပညာရှင်တွေ။ အဲ့ဒါအပြင် သူတို့အတွက် အထူးသင့်လျော်တဲ့ ချပ်ဝတ်တန်ဆာတွေလည်း ဆင်ပေးထားရတယ်။ ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာ တစ်စုံအတွက် ငါ ဘယ်လောက်သုံးခဲ့ရလဲ မင်း သိလား။ အမေရိကန်ဒေါ်လာ လေးမီလီယံကွ။ အဲ့ဒါတစ်ခုချင်းစီက အဲ့လောက်ကို တန်ကြေး ရှိတယ်။ ငါ့ကို အခု ပြောပါဦး … မင်းနဲ့ တွေ့ဖို့ ငါ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရလဲ ဟမ့်။"

သည်လို ဇာတ်ကွက်ကို ရှဲ့ကျီချန် ဖန်တီးရန် မလိုအပ်ဟု သူ ပြောနိုင်သောကြောင့် အော်စတင်ကိုးလ် ယိမ်းယိုင်သွားရသည်။ ထိုချပ်ဝတ်တန်ဆာဝတ် တပ်သားများသည် လွန်စွာ ကြောက်စရာကောင်းပြီး ၎င်းတို့သည် မေးခွန်းထုတ်စရာမရှိလောက်အောင် ရှဲ့ကျီချန်အပေါ် သစ္စာရှိကြသည့်လူများ ဖြစ်သည်။ လုပ်ရပ်တစ်ခုကို လုပ်ဖို့ သူတို့၏အသက်ကို သုံးသည်ထက် ထိုသူတို့အား ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အမိန့်ပေးခြင်းက ပိုကောင်းသည်။

အော်စတင်ကိုးလ် သေချာတွေးပြီးနောက် သူ၏သေနတ်ကို ဖယ်လိုက်သည်။ သူသည် ကွန်ပျူတာကို ပြန်လှည့်ကြည့်လိုက်စဉ် ရှဲ့ကျီချန်သည် ချက်ချင်းပင် လှုပ်ရှားသွားပြီး သူ၏လည်ပင်းအား ဘေးမှ ဓားမြှောင်နှင့်တိုက်ရိုက်ထိုးစိုက်ခြင်းကို ခံလိုက်ရသည်။ ရှဲ့ကျီချန်သည် သတ်ဖြတ်ရန် ရည်ရွယ်ချက်အပြည့် ဖြစ်နေသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။

“ဥရောပနိုင်ငံပိုင်လုပ်ငန်းက လူအားလုံးကို သတ်ပစ်လိုက်…။”

ဒိုင်း …. ဒိုင်း … ဒိုင်း …

သေနတ်သံများ ထွက်ပေါ်လာသော်လည်း ကျည်ဆန်များမှာ မည်သူ့ကိုမျှ မထိမှန်ပေ။ ပစ်ခတ်ခဲ့သူများမှာ အော်စတင်ကိုးလ်၏လူများ ဖြစ်ကြသော်လည်း ပစ်ခတ်ပြီးနောက် နှစ်စက္ကန့်အတွင်း ထိုလူအားလုံးသည် ထက်ရှသော ဓားမြှောင်ချက်နှင့် ဓားချက်များဖြင့် တိုက်ခိုက်ခံလိုက်ရပြီဖြစ်သည်။ အားမင်နှင့် အားလျန်တို့သည် အော်စတင်ကိုးလ်၏ လူ ရှစ်ဦး-ကိုးဦးခန့်ကို လျင်မြန်စွာသတ်ခဲ့ပြီး လက်ဆွဲသေတ္တာနှစ်လုံးကို ကိုင်ဆောင်လိုက်သည်။

ရှဲ့ကျီချန်သည် ငုတ်တုတ်ထိုင်လိုက်ပြီး လည်ပင်း တွန့်လိန်နေသော အော်စတင်ကိုးလ်ကို လက်ဖြင့် ပုတ်ကာ လှောင်ပြောင်လိုက်သည်။

“ငါ့ရဲ့အခြေစိုက်စခန်းကို ရန်သူတွေ မကျူးကျော်ရင် မင်းကို သတ်ဖို့ မလိုပါဘူး။ ဒါပေမယ့် မင်းက ငါ့ကို လှည့်စားတယ်ဆိုပြီး သံသယ အရင်ထားတာမို့ မင်းရဲ့အတွေးအတိုင်း ငါ မလုပ်ရင် မင်းအတွက် ရှက်စရာကောင်းသလို မမျှတရာကျနေမှာပေါ့ မဟုတ်ဘူးလား။ ဒါပေမယ့် မင်း စိတ်မပူပါနဲ့။ မင်း သေဆုံးတာကို ကျူးကျော်သူတွေအပေါ် ငါ လွှဲချမှာမို့ သူတို့က ငါ့အစား ကံမကောင်းတာကို ခံပေးကြမှာပါ ဟားဟား။”

"သူဌေးကို သတိပေးပါတယ်။ သူဌေးကို သတိပေးပါတယ်။ ကိုယ်တိုင်ဖျက်စီးမှုစနစ်ကို ဖွင့်လိုက်ပါပြီ။ အခြေစိုက်စခန်းက သုံးမိနစ်အတွင်း ပေါက်ကွဲပါလိမ့်မယ်။”

အားမင်၏ပခုံးထက်ရှိ စကားပြောစက်မှ အသံတိုးတိုးဖြင့် ကြေညာသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ရှဲ့ကျီချန် ချက်ခြင်းထပြီး အော်စတင်ကိုးလ်ကို အသေသတ်ပစ်လိုက်သည်။ ထို့နောက် လေးလေးနက်နက် အမိန့်ပေးလိုက်သည်။ “တတိယထွက်ပေါက်ကို ချက်ချင်းပြန်ဆုတ်ဖို့ ကျန်တဲ့သူတွေကို အကြောင်းကြားပါ။ ကားတွေ အသင့်ပြင်ထားဖို့ အပြင်က တခြားသူတွေကို ပြောပါ။ တတ်နိုင်သမျှ မြန်မြန် ထွက်ကြမယ်။”

မြေအောက် ဓာတ်လှေကား အပြင်ဘက်တွင်…

ထန်ရှု၊ ကျင်းရှီနှင့် အခြားသူများသည် ဤတစ်ကြိမ်တွင် မညှာတာတော့ဘဲ စက္ကန့်၂၀အတွင်း ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်တစ်ဒါဇင်ကျော်ကို လုံးလုံးလျားလျား အမှောက်သိပ်ပစ်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လက်နက်အမြောက်အမြား ကိုင်ဆောင်ထားသော လူဒါဇင်ပေါင်းများစွာသည် အတွင်းစင်္ကြန်လမ်းမှ ထွက်လာပြီး သေစေလောက်မည့် တိုက်ခိုက်မှုတွင် ကျင်းရှီနှင့်ကျန်သောလူများသည် အကာအကွယ်ကို ရှာဖွေရန် အမြန် လူစုခွဲလိုက်ကြသည်။

"နှင်းခဲအပ်တွေ…"

ထန်ရှုက မပြေးဘဲ လေထုထဲရှိ ရေငွေ့များအား ရေခဲအပ်များအဖြစ် ဖွဲ့စည်းနေပြီး ထိုအနက်ရောင်ဝတ်စုံ ဝတ်ထားသော လူများပေါ်လာသောအချိန်တွင် ထိုအပ်များကို ထုတ်လွှတ်လိုက်သောကြောင့် ထိုလူတစ်ဦးစီ၏ အရေးကြီးသောနေရာများအား ရေခဲအပ်ဖြင့် ထိမှန်စေခဲ့သည်။ ရှေ့သို့ လျင်မြန်စွာ ချီတက်လာကြသော အနက်ရောင်ဝတ်စုံဝတ် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်။

ရုတ်တရက် ကတုံးပြောင်ပြောင်ဖြင့် ထွားကြိုင်းသော လူနှစ်ယောက်သည် စင်္ကြန်လမ်းတွင် အရှေ့မှ ပေါ်လာပြီး နှစ်ဖက် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံကြတော့သည်။ ကတုံးပြောင်ပြောင်ဖြင့် ထွားကြိုင်းသော အမျိုးသားနှစ်ဦးသည် ထက်ရှသော ဓားမြှောင်များကို ကိုင်ဆောင်ကာ အရှေ့မှ ကျင်းရှီတို့အဖွဲ့ဆီသို့ ပြေးဝင်လာသည်။

“သူတို့ကို သတ်…”

ကျင်းရှီနှင့်အခြားသူများသည် မထီလေးစားဟန်ဖြင့် ထိုနှစ်ဦးအား ခုတ်ပိုင်းရန် ၎င်းတို့၏ဓားပျံများကို ထိန်းချုပ်စဉ် ထိုထွားကြိုင်းသော လူနှစ်ယောက်သည် အပိုင်တိုက်ခိုက်သော အသေတိုက်ကွက်များကို ရှောင်ရှားခဲ့ကြသည်။

"ကျူးကျော်သူတွေ ... မင်းတို့ သေရမယ်…။"

မျက်နှာထက်တွင် အမာရွတ်ရှိသော ကတုံးပြောင်ပြောင် အမျိုးသားတစ်ဦးသည် လျှို့ ဝှက်စွာ ပြုံးလိုက်ပြီး ကျင်းရှီ၏မျက်နှာဆီသို့ သူ၏ဓားမြှောင်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ကျင်းရှီ၏မျက်နှာအား ထိရန် စင်တီမီတာအနည်းငယ် အလိုတွင် ရေခဲအပ်နှစ်ချောင်းသည် ချက်ချင်းပင် ထိုသူ၏မျက်လုံးများကို ထိုးဖောက်သွားတော့သည်။

အားးးး …

ကတုံးပြောင်အမျိုးသားဆီမှ စူးရှသော အော်သံ ထွက်ပေါ်လာပြီး သူ၏ပြင်းထန်လျင်မြန်သော တိုက်ခိုက်မှုကို ချက်ချင်းပြန်ရုတ်သိမ်းသွားသည်။ သတိလက်လွတ် ရှောင်ပြေးရန် ကြိုးစားသည့်အခိုက် သူအနောက်တွင် ပျံဝဲနေသော ဓားပျံတစ်ချောင်းက သူ့ခါးကို ဖောက်ဝင်သွားလေသည်။

ထန်ရှု၏အမူအရာသည် အေးစက်စက် ဖြစ်နေပြီး လေးနက်သော အသံဖြင့်

"တိုက်ပွဲမှာ အာရုံစိုက်ပြီး မင်းတို့ရှိသမျှ အားကုန်တိုက်။"

ကျင်းရှီနှင့်အခြားလူများသည် ရှက်သွားကြပြီး ရန်သူကို လျှော့တွက်ထားသည့် စိတ်ကူးကို ချက်ခြင်း ဖယ်ထုတ်လိုက်ကြကာ ဓားပျံများဖြင့် ဓားအစီအရင် ခင်းကျင်းပြီး အခြားကတုံးပြောင်တစ်ဦးအား တိုက်ခိုက်သတ်ဖြတ်ကြကုန်သည်။

နှစ်မိနစ်ကြာပြီးနောက် ထန်ရှု၊ ကျင်းရှီနှင့် အခြားသူများသည် တတိယမြောက်ထွက်ပေါက်ဆီသို့ အမြန်ပြေးလာသည်။ အော်စတင်ကိုးလ်နှင့် သူ၏လူများ သေဆုံးမှုအား ရှဲ့ကျီချန် လုပ်ဆောင်လိမ့်မည်ဟု ထန်ရှုက ခန့်မှန်းထားသော်လည်း ထိုသူများကို လုံးဝမသနားပေ။ တင်းကြပ်စွာ ပိတ်ထားသော တတိယတံခါးကို မြင်ပြီးနောက် ထန်ရှုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထိုတံခါးအားကို ပိုင်းဖြတ်ရန် သူ၏သွေးသောက်ဓားကို ထပ်မံလွှတ်လိုက်သည်။

ကန်ရှဆေးဝါးလုပ်ငန်းနယ်မြေအတွင်း စက်ရုံတစ်ရုံတွင် ရှဲ့ကျီချန်သည် သူ၏လူတစ်ဒါဇင်ကျော်နှင့်အတူ ထွက်လာခဲ့ပြီးဖြစ်သည်။ သူ၏မျက်နှာထက်တွင် မထီမဲ့မြင်ကဲ့ရဲ့လိုရိပ်တစ်ခု ရှိနေပြီး စက်ရုံအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာရင်း

"အားဖုန်းနှင့် ချန်းကျီတို့ ထွက်လာပြီလား။"

“သူတို့ မထွက်လာနိုင်လောက်ဘူး။”

အားမင် ခေါင်းယမ်းလိုက်သည်။

ရှဲ့ကျီချန်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံလာကာ

“ငါ့ရဲ့မြေအောက်အခြေစိုက်စခန်းက တစ်မိနစ်မပြည့်ခင် ပေါက်ကွဲလိမ့်မယ်။ ထွက်မလာရင် ရန်သူတွေနဲ့အတူ သင်္ဂြိုဟ်ခံရလိမ့်မယ်။ ဒေတာတွေနဲ့ မျိုးရိုးဗီဇမြူတွေအားလုံးကို ယူလာခဲ့ပြီးပြီလား။"

"ငါ အကုန်ယူလာပြီးပြီ။" အားမင်က ခေါင်းညိတ်သည်။

ကျွီ … ကျွီ … ကျွီ …

ဆာ့ဖ်ကားခြောက်စီးသည် ယာဉ်မောင်းတစ်ဦးစီဖြင့် စက်ရုံအပြင်ဘက်တွင် လျင်မြန်စွာ ရပ်တန့်သွားသည်။ ထိုသူတို့သည် မြေအောက်အခြေစိုက်စခန်း ပြိုကျပါက တတိယမြောက်ထွက်ပေါက်တွင် အကူအညီပေးရန်နှင့် သူတို့ကို တတ်နိုင်သမျှ အမြန် ကယ်ထုတ်နိုင်ရန် ရှဲ့ကျီချန်က အချိန်အတော်ကြာစီစဉ်ထားခဲ့သော လူများဖြစ်သည်။

***

All Chapters