← Chapters

အပိုင်း(၁၆၆)

Vol. 12 Ch. 166

အပိုင်း(၁၆၆)

Vol. 12 Ch. 166

မှောင်မိုက်နေသော သဲန္တာရထဲတွင် အနက်ရောင်လင်းနို့က မြင့်မားသော အရှိန်အဟုန်ဖြင့်ပျံသန်းနေသည်။   ရှစ်ဖုန့်က ပြင်းထန်အေးစက်စွာတိုက်ခတ်နေသော လေကိုမျက်နှာချင်းဆိုင်၍  အနက်ရောင်လင်းနို့၏ အပေါ်တွင် ဝင့်ကြွားစွာ စီးနင်းနေသည်။  တဝီဝီတိုက်ခတ်နေသော လေတိုက်ခတ်သံက သူ၏ နားထဲတွင်ဆက်လက်၍ မြည်ဟီးနေ၏။

“ယွင်လိုင်အင်ပါယာ..ဒီသခင်လေးပြန်လာပြီ”

ရှစ်ဖုန့် က ယွင်လိုင်အင်ပါယာတည်ရှိရာ ဦးတည်ချက်ကိုကြည့်လိုက်ပြီး သူ၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ့အနေဖြင့် သွေးများမြစ်ချောင်းကဲ့သို့ စီးဆင်းနေပြီး အလောင်းများနေရာအနှံ့တွင်ပြန့်ကျဲနေသည့် ပုံများကို အာရုံရရှိနေပြီးဖြစ်၏။   သွေးများနှင့်အလောင်းများက သူ့အား  နောက်ထပ် အထွတ်အထိပ်အဆင့်တစ်ခုထိရောက်အောင်  ကူညီလိမ့်မည်ဖြစ်သည်။

“သောက်သန္ဓေပြောင်းသားရဲကောင် မင်းဘာလို့ဒီဦးတည်ချက်ဘက်ကို ပျံသန်းလာရတာလဲကွ မင်းရဲ့ သခင်က သေသွားပြီကွ မင်းရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံးငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ နေရတော့မှာ…မင်းသာ ငါ့ရဲ့နောက်ကို လိုက်မယ်ဆိုရင် မင်းအတွက် ကောင်းမွန်တဲ့ ဝံပုလွေမလေးတစ်ကောင်ကို ရှာပေးမယ်လို့ကတိပေးတယ်”

ထိုအချိန်တွင် ရင်းနီးသော အသံတစ်ခုကို ရှစ်ဖုန့် ကြားလိုက်ရသည်။

“ဝေါင်း “

၎င်း၏ နောက်တွင် ဝံပုလွေတစ်ကောင်၏ အော်ဟစ်သောအသံကိုကြားလိုက်ရသည်။

ရှစ်ဖုန့်က အသံလာရာဘက်ဆီသို့ကြည့်လိုက်သော

အခါတွင် အနက်ရောင်တောင်ပံတစ်စုံနှင့် နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသည်။  နတ်ဆိုးဝံပုလွေ၏ အပေါ်တွင် အပြာရောင်ပုံရိပ်တစ်ခုက ရပ်နေပြီး ဓားတစ်ချောင်းအား လက်နှစ်ဖက်ဖြင့်ပိုက်ထားလေသည်။  ၎င်းမှာ ပန်းကြွေဓား လီလျိုရှင်းပင်ဖြစ်လေသည်။

“ငရဲဝံပုလွေ”

ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။ ငရဲဝံပုလွေ၏ ကျောပေါ်တွင်ရပ်နေသော လီလျိုရှင်းက ရုတ်တရက် တုန်လှုပ်သွားသည်။ သူက သူ့ခေါင်းကိုလှည့်၍ တီးတိုးရေရွတ်လိုက်သည်။

“ဘာလဲဟ……ဒီနတ်ဆိုးက တကယ်ကြီးမသေသေးတာပဲ …ဒီတော့ ဒီသန္ဓေပြောင်းသားရဲက သူ့သခင်ကိုရှာဖို့အတွက် ဒီနေရာကို ပျံသန်းလာခဲ့တာပေါ့”

ထို့နောက်တွင် လီလျိုရှင်းက အံ့အားသင့်နေသော မျက်နှာကို ချက်ခြင်း ပြန်လည်၍ အပြုံးတစ်ခုအဖြစ်ပြောင်းလိုက်သည်။ သူကရယ်၍ပြောလိုက်သည်။

“ဟားဟား…ညီကိုရှစ် မင်းကံကောင်းလိမ့်မယ်ဆိုတာကို ငါသိနေတယ်.. မင်းဘာမှ ဖြစ်မှာ မဟုတ်ဖူးဆိုတာကိုရောပေါ့   ..ဒီရက်တွေအတွင်း ဝံပုလွေလေးကို မင်းအတွက် ငါ ဒီသဲကန္တာရထဲမှာ လိုက်ရှာပေးထားတာလေ……အခု တို့တွေပြန်တွေ့နိုင်ပြီဆိုတော့ ကောင်းလိုက်တာ”

“မင်းရော အဲ့လိုမထင်ဘူးလားကွ..ဝံပုလွေလေးရ”

လီလျိုရှင်းက ပြောလိုက်သည်။  သူကဆောင့်ကြောင့်ထိုင်လိုက်ပြီး  ဝံပုလွေ၏ ခေါင်းအား ချစ်ခင်ကြင်နာစွာဖြင့် ခပ်ဖွဖွပုတ်လိုက်သည်။

“ဝေါင်း…”

ငရဲဝံပုလွေက ကျယ်လောင်စွာ ဟိန်းဟောက်၍ ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာဖြင့် ပျံသန်းသွားသည်။

ရှစ်ဖုန့်က သူ့ခြေထောက်ကို ဆောင့်နင်း၍ အနက်ရောင်လင်းနို့၏ အပေါ်မှ လှမ်းခုန်လိုက်သည်။ သူက ငရဲဝံပုလွေ၏ ကျောပေါ်သို့ ဆင်းသက်လိုက်ပြီး အနက်ရောင်လင်းနို့အား ညွှန်ပြလိုက်၏။ သူက  လီလျိုရှင်းကို ပြောလိုက်သည်။

“မင်းက ဟိုဘက်ကိုသွား”

“အင်း..ကောင်းပြီ”

လီလျိုရှင်းက ရှစ်ဖုန့်ကို ပြုံးပြလိုက်ပြီး အနက်ရောင်လင်းနို့ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူက မြဲမြံစွာရပ်ပြီးနောက် ရှစ်ဖုန့်ကို ထပ်မံ၍ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ညီအကိုရှစ် လွန်ခဲ့တဲ့ရက်အနည်းငယ်က သဲကန္တာရထဲမှာ  လူအဖွဲ့အချို့ကို တွေ့ခဲ့ရတယ်..သူတို့က ကောင်းကင်ဘုံလေဂိုဏ်း၊ ခရမ်းမိုးကြိုးဂိုဏ်း၊ သွေးမိစ္ဆာလေဂိုဏ်း၊ ရေခဲနှင်းတောင်ကြား နဲ့ တစ်ခြား ဂိုဏ်းအသေးလေးအချို့ရယ် အင်ပါယာကလူတွေရယ် ဖြစ်ကြလိမ့်မယ်..သူတို့က မင်းရဲ့ ပုံတူ တွေကို ကိုင်ဆောင်ပြီးတော့ မင်းကိုလိုက်ပြီးတော့ရှာဖွေနေကြတယ်”

“အိုး…….သူတို့ကလည်း စိတ်တွေဆောနေကြတာလား အရမ်းကိုအလျှင်လိုနေတော့တာပဲ..”

လီလျိုရှင်း၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သရော်ပြုံးပြုံး၍ ပြေလိုက်သည်။

“ဒါလည်းကောင်းတာပဲ”

လီလျိုရှင်းက ဆက်လက်၍ ပြေလိုက်သည်။

“ ငါမှတ်မိတာသာမှန်တယ်ဆိုရင် .သူမက ဖုန်ရှင်းယန်ပဲ…”

“ကောင်းပြီလေ…သူတို့က ဒီကိုရောက်နေကြပြီဆိုမှတော့လည်း  ငါလည်းအရောက်ပို့ပေးရတာပေါ့ ….”

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။ ထို့နောက်သူက လီလျိုရှင်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်”

……………………………………..

………………………………

“ညီအကိုရှစ် ငါ့ကိုစောင့်ပါအုံး..ငါဒီသောက်သဲကန္တာရထဲ

ကနေ ထွက်မဲ့လမ်းကို အခုထိ မတွေ့သေးဘူး  “

လီလျိုရှင်းက ကမန်းကတမ်း အော်ပြောသံက နောက်မှလိုက်ပါလာသည်။ ထို့နောက် လီလျိုရှင်းက အနက်ရောင်လင်းနို့ကို အော်ပြောလိုက်သည်။

“သားရဲကောင် မြန်မြန်လေးသူ့နောက်ကို လိုက်စမ်း…မင်းမလုပ်နိုင်ဘူးဆိုရင်  ငါမင်းကိုဒီညချက်စားပစ်မယ်”

သဲကန္တာရ ၏ ညအခါသမယတွင် လေထုအတွင်း၌ နတ်ဆိုးသားရဲ ရာပေါင်းများစွာက ၎င်းတို့၏ အတောင်ပံများကို ညင်သာစွာခပ်၍ ပျံသန်းနေကြသည်။ နတ်ဆိုးသားရဲ တစ်ကောင်စီ၏ အပေါ်တွင် သိုင်းသမားတစ်ယောက်စီက ရပ်နေခြင်း သို့မဟုတ် ထိုင်နေခြင်းတို့ပုံစံဖြင့် ရှိကြသည်။  ၎င်းတို့အားလုံးမှာ ယွင်လိုင်အင်ပါယာ အတွင်းရှိ  ဂိုဏ်းအားလုံးမှ အထူးလက်ရွေးစင်ဆိုသော တပည့်များဖြစ်ကြသည်။   ၎င်းတို့အားလုံး၏ အလယ်တွင် ညကောင်းကင်ယံ၌ အနီရောင်ပုံရိပ်တစ်ခုက ဝင်းကြွားစွာဖြင့်ရပ်နေ၏။

ဤသည်မှာ အသက်သုံးဆယ်အရွယ်ဝန်းကျင်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမက အနီရောင်ဗြောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး   သူမ၏ ရှည်လျားသော ဆံနွယ်တို့က သူ၏ ပခုံးထက်သို့ ကျနေ၏။ သူမက ရင့်ကျတ်ဝေဆာပြီး နှစ်လိုဖွယ်ကောင်းကာ  ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့် လှပသော ကိုယ်လုံးကိုယ်ပေါက်တစ်ခုကိုပိုင်ဆိုင်ထားသောသူဖြစ်သည်။ သူမ၏ အသားအရောင်က ပန်းဆီရောင်သန်းနေပြီး သူမ၏ပုံစံက ရင့်မှည့်သော မက်မွန်သီးတစ်လုံးကဲ့သို့ပင်ဖြစ်လေသည်။ ဤအမျိုးသမီးမှာ သေချာပေါက်ဤကမ္ဘာ၏အလှပဂေးတစ်ယောက်ဖြစ်ပြီး  ယောက်ျားမှန်သမျှ သူမ၏ကိုယ်မှ ထုတ်လွှတ်နေသော ဖြားယောင်းညို့ယူမှုကို ခုခံနိုင်ရန်မှာ ခက်ခဲလွန်းလှသည်ဖြစ်သည်။

သို့သော် သူမ၏ဘေးပတ်ဝန်းကျင်၌ ရှိနေကြသော သိုင်းသမားများမှာ သူမအား ကြည့်ရှုရဲခြင်းမရှိချေ။  သူမအား အမှုတ်မဲ့ အမှတ်မဲ့ တစ်ချက်ကြည့်ပြီးသည့်နောက်တွင်  သူတို့အနေဖြင့် ချက်ခြင်း အဝေးကို  အကြည့်ပြောင်းလိုက်ကြရသည်ဖြစ်သည်။  ဤအမျိုးသမီးမှာ လှပပြီး စွဲမက်စရာကေင်းသော်လည်း  သူမမှာ မလေးမစားလုပ်၍မရသော သူတစ်ယောက်ဖြစ်ကြောင်းကိုလူတိုင်းကသိကြသည်။ သူမမှာ အကြင်နာမဲ့သော စရိုက်ရှိသူတစ်ယောက်ဖြစ်သည်။ သူမ၏ပုံရိပ် သူမ၏ နမည်မှာ ကောင်းကင်ဘုံလေဂိုဏ်းမှာ မြင့်မြတ်သောအပျိုစင်ဖြစ်သူ ဖုန်ရှင်းယန်ဖြစ်သည်။  သူမမှာ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပင်ဖြစ်၏။

လွန်ခဲ့သော ရက်အချို့ခန့်က သွေးမိစ္ဆာဂိုဏ်းမှာ သိုင်းသမားတစ်ယောက်က ဖုန်းရှင်းယန်၏ ရင်ဘက်ကိုအချိန်အကြာကြီးစိုက်ကြည့်ခဲ့မိသည်။ ထိုသူ၏ မျက်လုံးများမှာ ဖုန်ရှင်းယန်၏ ကော်ထုတ်မှုကိုခံလိုက်ရ၏။  ထိုမြင်ကွင်းထိုစိတ်မချမ်းမြေ့စရာကောင်းလှသောငယ်သံပါအောင် အော်ဟစ်သံများက လူတိုင်း၏ စိတ်ထဲနှင့်နားထဲတွင် လတ်ဆတ်မှုရှိနေဆဲပင်ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် ယွင်လိုင်အင်ပါယာအတွင်းရှိဂိုဏ်းအားလုံးက ၎င်းတို့၏ လက်ရွေးစင်များအား ဖုန်ရှင်းယန်၏ ဦးဆောင်မှုဖြင့်  အနောက်မြောက်ဒေသလို့ ပို့လွှတ်ခဲ့သည်။  ဖုန်ရှင်းယန်အနေဖြင့် ကောင်းကင်ဘုံလေဂိုဏ်းမှာ လျှို့ဝှက်လက်နက်တစ်ခုအား သူမနှင့်အတူယူဆောင်လာခဲ့သည်ကိုလည်း လူတိုင်းသိကြသည်။  ကောလဟလများအရ ထိုလျှို့ဝှက်လက်နက်ပေါ်လာသော အချိန်တွင်  လေများနှင့်တိမ်းများတွင် ပြောင်းလဲမှုတို့ဖြစ်ပေါ်ကြပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟု ဆို၏။

“သတင်းပို့ပါတယ်”

ညအမှောင်ထုအတွင်းမှ အော်သံတစ်ခုက စီးမျောထွက်ပေါ်လာသည်။   ခရမ်းရောင်မိုးကြိုးဂိုဏ်းမှ တပည့်တစ်ယောက် အဆင့်သုံးအဖြူရောင်တောင်ပံသားရဲကိုစီးနင်း၍ ကောင်းကင်အား တစ်ဟုန်ထိုးထိုးခွင်းပျံသန်းလာပြီး  ဖုန်ရှင်းယန်၏ ရှေ့မှောက်သို့ရောက်ရှိလာခဲ့သည်။  သူကလက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး  တင်ပြလိုက်သည်။

“မြင့်မြတ်အပျိုစင်ကို သတင်းပို့ပါတယ်.. သူခိုးရှစ်ဖုန့်ရဲသဲလွန်စကို ကျွန်တော်တို့တွေ့ပါပြီ”

“အိုး”

ဖုန်ရှင်းယန်က ထူးမခြားနားစွာပြန်ဖြေလိုက်သည်။

“သူဘယ်မှာလဲ”

“အကြမ်းဖျင်း လီသုံးရာကျော်လောက်မှာပါ”

ခရမ်းရောင်မိုးကြိုးဂိုဏ်းမှ တပည့်ဖြစ်သူက ပြန်ဖြေလိုက်သည်။

“ကောင်းတယ်…ငါ့အမိန့်ကိုဖြန့်လိုက် အားလုံးရှာဖွေနေတာကို ရပ်ပြီး ဒီနေရာကိုလာစုကြလို့  လမ်းကိုဦးဆောင်”

ဖုန်ရှင်းယန်က ပြောလိုက်သည်။

“ဟုတ်ကဲ့”

အနောက်မြေရိုင်းမြို့တော်၏ မြို့တံတိုင်းပေါ်တွင်  ဒေါင်မြင့်မြင့်ဖြင့်တောင့်တင်းသန်မာသော နဂါးပန်းထိုးတစ်ခုနှင့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ဝင့်ကြွားစွာရပ်နေသည်။  သူ၏ မျက်လုံးတို့က အနောက်မြောက် မြေရိုင်းဆီသို့ ကျရောက်နေ၏။  ဤလူမှာ   ယွင်လိုင်အင်ပါယာ၏ အနောက်မြောက်ပိုင်းအား အုပ်ချုပ်သောသူ  အနောက်မြောက်မြေရိုင်းအရှင်သခင် ကျန်းကျွင်းချင်ပင်ဖြစ်လေသည်။

“သတင်းပို့ပါတယ်”

သိပ်မဝေးလှသောနေရာမှ အော်သံတစ်ခုထွက်ပေါ်လာသည်။   ထို့နောက် ထိုမဝေးလှသော နေရာဆီမှ ကြီးမားသော အနက်ရောင်ကျီးကန်းကြီးတစ်ကောင်ကပျံသန်းထွက်ပေါ်လာသည်။ ကျီးကန်းနက်ကြီး၏ ကျောပေါ်တွင် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်သားတစ်ယောက်က ရပ်နေ၏။  ထိုစစ်သားက ကျန်းကျွင်းချင်၏ ထံသို့ပျံသန်းလာပြီး သူ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ပုံစံဖြင့် ဒူးထောက်ချလိုက်သည်။

“ဘုရင့်ကို တင်ပြအပ်ပါတယ်..ကျွန်တော်တို့တွေ ရှစ်ဖုန့်ရဲ့ သဲလွန်စကို ရှာတွေ့ပါပြီ”

“အိုး”

ကျန်းကျွင်းချန်၏ အမူအယာမှာပြောင်းလဲသွားသည်။

“သူဘယ်မှာလဲ”

“သူ့သားရဲ့ပျံသန်းမှု အမြန်နှုန်းအရဆိုရင် ဒီနေရာနဲ့မိုင်ငါးရာ အကွာအဝေးလောက်မှာပါ……ကောင်းကင်ဘုံလေဂိုဏ်းနဲ့ တစ်ခြားသော ဂိုဏ်းတွေက သူ့ကို ဝိုင်းထားကြပြီးပါပြီ”

“တပ်ဖွဲ့တွေကို စုစည်းဖို့ငါ့အမိန့်ကို ဖြန့်လိုက်”

ကျန်းကျွင်းချင်က အော်ပြောလိုက်သည်။

“ဟုတ်ကဲ့”

………….

ငရဲဝံပုလွေ၏ကျောပေါ်တွင် ရှစ်ဖုန့်က ရှေ့သို့အေးစက်စွာကြည့်လိုက်ပြီး သရော်ပြုံးပြုံးလိုက်သည်။

“သူ ရောက်လာပြီလား”

ညအမှောင်ထုထဲတွင်  သူ၏ ရှေ့၌ ပျံသန်းရေးသားရဲများက ထွက်ပေါ်လာသည်။  ၎င်းတို့က၎င်းတို့၏ အတောင်ပံများကို တဖျပ်ဖျပ်ခပ်၍ လေထဲတွင်လွင့်မျောရပ်နေကြကာ သူလာသည်ကို စောင့်နေကြသကဲ့သို့ရှိသည်။  သူ၏ လက်ကောင်ဝတ်အား လှစ်ကနဲလုပ်လိုက်သော အချိန်တွင် သွေးဓားက ရှစ်ဖုန့်၏ လက်အတွင်း၌ ပေါ်လာခဲ့သည်။  ငရဲဝံပုလွေကလည်း ၎င်း၏အရှိန်ကို လျော့ချခြင်းမရှိပျံသန်းနေသည်။

“တကယ့်ကိုသူမပဲ”

ပျံသန်းရေးသားရဲများ၏ ရှေ့တွင် အနီရောင်ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူမ

၏ မျက်နှာထားက အေးစက်စွာဖြင့် သူရှိရာဦးတည်ချက်ဘက်ကိုကြည့်နေသည်။

အနီရောင်ပုံရိပ်အားတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်၏ မျက်နှာထက်ရှိ သရော်ပြုံးက ပို၍ကြီးမားပီပြင်လာပြီး ပြောလိုက်သည်။

“ခင်ဗျား ဖြစ်နေမယ်လို့ မထင်ထားဘူး လင်းယန် တစ်ဖြစ်လဲ ဖုန်ရှင်းယန် ကောင်းကင်ဘုံလေဂိုဏ်းရဲ့ မြင့်မြတ်သော အပျိုစင်”

ဤအနီရောင်နှင့်အမျိုးသမီးမှာ နတ်ဆိုးသားရဲတောင်တန်းရှိ မီးနယ်မြေ၌ ထိုနေ့က သူကယ်တင်ခဲ့သော  သူပင်ဖြစ်လေသည်။  သူက ရှစ်ဖုန့်အား သူမ၏ နမည်မှာ လင်းယန်ဟုပြောခဲ့သည်။ သို့သော်သူမက ကောင်းကင်ဘုံလေဂိုဏ်း၏ မြင့်မြတ်သောအပျိုစင်ဖြစ်သူ ဖုန်ရှင်းယန်ဖြစ်နေလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။

ဆက်ရန်…

ဘာသာပြန်သူ - ARISE

All Chapters