← Chapters

အပိုင်း (၁၆၇)

Vol. 12 Ch. 167

အပိုင်း (၁၆၇)

Vol. 12 Ch. 167

ရှစ်ဖုန့်မှာ သူ့အနေဖြင့် ဤအမျိုးသမီးအား နတ်ဆိုးသားရဲတောင်တန်း မီးနယ်မြေဒေသ၌ မီးတောင်အတွင်းမှကယ်ထုတ်ပေးခဲ့သည်ကို မှတ်မိသည်ဖြစ်သည်။ထိုအချိန်က သူမမှာ အားနည်းပြီး  နှစ်လိုဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်လေသည်။

ရှစ်ဖုန့်အနေဖြင့် သူမအား အဆင့်လေးဆေးလုံးအားတိုက်ကျွေးခဲ့သည်ကိုပင် မှတ်မိနေဆဲဖြစ်သည်။  သိပ်မကြာခင်တွင်သူမ၏ ထိခိုက်ဒဏ်ရာများက တည်ငြိမ်သွားခဲ့ပြီး သူမ၏ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ် ခွန်အားကိုလည်း ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်ဖြစ်သည်။  ထိုအချိန်က သူမ၏ ရောင်ဝါမှာ ကြီးမားစွာ ပြောင်းလဲ့သွားခဲ့ပြီး  သူမက သိုင်းဘိုးဘေးတစ်ဦးကဲ့သို့ ဟန်ပန်မျိုးကိုပင် လှစ်ဟာ ဖော်ထုတ်ပြခဲ့သေးသည်ဖြစ်သည်။ သူမကသူ့အား မိချောင်းမင်းရေခင်းပြနားချမှုတို့လုပ်ခဲ့ပြီး သိုင်းပညရပ်များကိုပင် လမ်းညွှန်ပြသခဲ့သေး၏။

ထွက်ခွာမသွားခင်သူမက သူ့အား နိမ့်ကျသောသိုင်းစာအုပ်တစ်ခုကိုပေးခဲ့ပြီး သူ့အတွက်လက်ဆောင်တစ်ခုဟုပြောသွား

ခဲ့သေးသည်။  သူ့အနေဖြင့်သူမအား ကယ်တင်ခဲ့ခြင်းကြောင့်  သူတို့တစ်ယောက်နှင့်တစ်ယောက်ဘာကြွေးမှ တင်ရှိမနေတော့ဟု ပြောခ့သည်။ ထိုနောက် သူမက အရှိန်အဝါကြီးမားပြီး အစွမ်းထက်သော ဟန်ပန်မျိုးဖြင့် ထွက်ခွာသွားခဲ့သည်ဖြစ်သည်။

သူ၏ ရှေ့ရှိ ပြောင်းလဲမှုမရှိ အထက်စီးဆန်သော အမျိုးသမီးကို ကြည့်ကာ ရှစ်ဖုန့် သရော်ပြုံးပြုံးလိုက်သည်။

“မင်းက ကျုပ်ကိုသတ်ဖို့အတွက် လူအများကြီးကို ဒီညမှာဦးဆောင်လာခဲ့တာပဲ….ဒါက မင်းရဲ့ ကယ်တင်သူကို ပြန်လည်ကျေးဇူးဆပ်တဲ့ မင်းရဲ့ပုံစံလား”

ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသော်လည်း ဖုန်ရှင်းယန်ကတော့ တည်ငြိမ်မှုရှိဆဲပင်ဖြစ်သည်။ သူမပြောလိုက်သည်။

“နင်က ကောင်းကင်ဘုံလေဂိုဏ်းက ဒုခေါင်းဆောင်ကိုသတ်ပစ်ခဲ့တယ်…နင့်ဒန်တန်ကို နင့်ဟာနင်ဖျက်ဆီးလိုက်ပြီးတော့ ငါနဲ့ကောင်းကင်ဘုံလေဂိုဏ်းကို ပြန်လိုက်ခဲ့လိုက်.. နင့်အသက်ကိုချမ်းသာပေးပြီးတော့ အဲအတွက်အကျဉ်းပဲချပေးဖို့ကို ငါ ဂိုဏ်းခေါင်းဆောင်ဆီမှာ တောင်းဆိုပေးမယ်…အဲ့လိုမှမဟုတ်ရင်တော့ နင်သေရလိမ့်မယ်”

ဖုန်ရှင်းယန်မှာ ရှစ်ဖုန့် ပြောခဲ့သော ကယ်တင်ရှင်ဆိုသည်အား  ဂရုစိုက်ခြင်းရှိပုံမရပေ။

ရှစ်ဖုန့်က သရော်ပြုံးကိုပြုံးထားဆဲဖြစ်ပြီး ပြောလိုက်သည်။

“မင်းကအဲ့တုန်းက အတိုင်းပြ မပြောင်းလဲသေးဘူး အရမ်းကိုကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလွန်းတယ်..မင်းကငါ့ရဲဒန်တန်ကို ဖျက်ဆီးပီးတော့ ငါ့ကို ဒုက္ခိတတစ်ယောက်ဖြစ်စေချင်နေတာပဲ …ကောင်းကင်ဘုံလေဂိုဏ်းမှာ ကျန်တဲ့ငါ့ဘဝတစ်လျှော်ကလုံးကို ခွေးတစ်ကောင်လိုမျိုးမင်းက  ပျိုးထောင်ပေးချင်နေတာလား..”

“ငါဝန်ခံပါတယ်..အဲ့နေ့ကတုန်းက ငါမှားသွားခဲ့တယ်ဆိုတာကို  ….ဒါပေမဲ့ အဲ့တော့ဘာဖြစ်လဲ…နင်ဘယ်လောက်ပဲ ပါရမီတွေ စွမ်းဆောင်ရည်တွေရှိနေပါစေ ကိစ္စမရှိဘူး..နင်ဒီနေ့တော့ ကောင်းကင်ဘုံလေဂိုဏ်းလက်ကနေ မလွတ်နိုင်တော့ဘူး ……….ငါနင့်ကိုဒီမှာလာပြီးတော့ စောင့်နေတာဖြစ်တာကြောင့် ငါနင့်ကိုသတ်နိုင်မယ်ဆိုတာ သေခါတယ်.. နင်စဉ်းစားဖို့အတွက်ငါနင့်ကို  အချိန် ငါးစက္ကန့်ပေးမယ်..ငါး….”

ဖုန်ရှင်းယန်က အရှိန်အဝါကြီးမားပြီး အစွမ်းထက်လှသောပုံစံဖြင့် ရှစ်ဖုန့်၏ ကံတရားအား  အကဲဖြတ်မည့် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေသည်။

“လေး”

“တိုက်”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။ သူက သူ၏ ဘယ်လက်ဖြင့် ဆီးလ်တံဆိပ်လက်သင်္ကေတ တစ်ခုကိုပြုလုပ်လိုက်သည်။ ဆီးလ်တံဆိပ်လက်သင်္ကေ အမှတ်အသားတစ်ခုအား သွေးဓားအတွင်းသို့ ပို့လွှတ်လိုက်၏။  သွေးနီရောင်ဓားက ရုတ်တရက် အဖြူရောင်အဖြစ်စွန်းထင်းပြောင်းလဲသွားခဲ့သည်။

ရှစ်ဖုန့်က သူ၏ ဆုံးဖြတ်ချက်အား ချမှတ်လိုက်သည်ကို မြင်လိုက်ရသောအခါတွင်  ဖုန်ရှင်းယန်က သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ရှေးဟောင်း အဖြူရောင်မှန်တစ်ချပ်ကိုထုတ်ယူလိုက်သည်။  မှန်၏ မျက်နှာပြင်ကတော့ ခရမ်းရောင်ဖြစ်သည်။

သူမ၏ နောက်တွင်ရှိနေသော လူများမှာ မှန်အားမြင်တွေ့လိုက်ရသောအခါတွင် အလန့်တကြားအော်ပြောလိုက်သည်။

“လေမိုးကြိုးမှန်…အဲ့တာတကယ့်ကို ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အံ့ဖွယ်လက်နက် လေမိုးကြိုးမှန်ပဲ… ပြောကြတာတော့ လေမိုးကြိုးမှန်ကို အသုံးပြုလိုက်ရင်  တိမ်တွေလေတွေက ပြောင်းလဲသွားပြီး  လျှပ်စီးတွေကတဖျပ်ဖျပ်ထ မိုးကြိုးတွေက တလိမ့်လိမ့်နဲ့ဖြစ်ပေါ်လာလိမ့်မယ်တဲ့”

ဖုန်ရှင်းယန်က လေမိုးကြိုးမှန်ကို ညကောင်းကင်ယံသို့ပစ်လွှတ်လိုက်သည်။ ရုတ်တရက်  မှန်မှာ ညကောင်းကင်ယံတွင်လွင့်မျောနေသည်။  ဖုန်ရှင်းယန်က အော်ပြာလိုက်သည်။

“အားလုံးပဲ  ငါနဲ့အတူ မှန်ထဲကို မင်းတို့ရဲ့ အဆီအနှစ်စွမ်းအင် ယွမ်ချီတွေထည့်သွင်းလိုက်ကြ …..ကောင်းကင်နဲ့မြေကြီးရဲ့ လေနဲ့မိုးကြိုး စွမ်းအားကို အသုံးပြုပြီးတော့ ဒီသူခိုးကိုသတ်ကြစို့”

“ဟုတ်ကဲ့”

သူမ၏နောက်တွင်ရှိနေသော လူများက ပြိုင်တူ အော်ပြောလိုက်သည်။ ရှစ်ဖုန့်အား ရှာဖွေဖို့အတွက်ထွက်သွားကြသော တပည့်များမှာလည်း  စုစည်းရန်အတွက်ပြန်လည်၍ ရောက်ရှိနေကြပြီးဖြစ်သည်။   များပြားလှသော ဂိုဏ်းကြီးများမှ လူပေါင်းငါးရာကျော်ခန့်ရှိကြလေသည်။  တစ်သုတ်ပြီးတစ်သုတ် အတူညီသော အရောင်များကိုဝတ်ဆင်ထားကြပြီး  လေမိုးကြိုးမှန်ဆီသို့ အလွန်စူးရှတောက်ပသော မူလစွမ်းအင်အဆီအနှစ်ယွမ်ချီများကိုပို့လွှတ်နေကြသည်။  ရုတ်ချည်း ပြင်းထန်သော လေများက ကောင်းကင်နှင့်မြေကြီးကြားတွင် တဟူးဟူး တိုက်ခတ်နေသည်။

“ဂျိန်း”

ညကောင်းကင်ယံတွင် လျှပ်ပန်းလျှပ်နွယ်များက တလက်တလက်ထနေပြီး မိုးခြိိမ်းသံများက တစ်ဂျိန်းဂျိန်းမြည်ဟီးနေသည်။

“ဝုန်း”

ညကောင်းကင်ယံထက်မှ ထူထဲသိပ်သည်းသော ခရမ်းရောင်လျှပ်စီးမိုးကြိုးတစ်ခုက  ဖြိုခွင်းထွက်ပေါ်လာပြီး လေးမိုးကြိုးမှန်အပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက်လေမိုးကြိုးမှန်မှာ စတင်၍ တစ်ဝှီဝှီလည်ပတ်တော့သည်။  မျက်စိတစ်မှိတ်အတွင်း၎င်းက   ကောင်းကင်နှင့်မြေကြီးအားဆက်သွယ်ထား

သော ဧရာမဟာရီကိန်းမုန်တိုင်းကိးတစ်ခုအဖြစ်

ပြောင်းလဲသွားသည်။ ဟာရီကိန်းမုန်တိုင်းအတွင်းတွင် ခရမ်းရောင်လျှပ်စီးများဖြင့်ပြည့်နှက်နေပြီး   အရာအားလုံးအား ဖျက်ဆီးပစ်ချင်သကဲ့သို့သောပုံစံဖြင့် ရှစ်ဖုန့်ထံသို့  သိမ်းကျုံးဦးတည်လာသည်။

“ဘိုးဘေးစွမ်းအား”

လျှပ်စီး ဟာရီကိန်းမုန်တိုင်းအတွင်းမှ ပြင်းထန်လှသောစွမ်းအားကိုရှစ်ဖုန့်အာရုံခံ

မိလိုက်သည်။

“ဟမ့် အဆင့်နိမ့်လက်နက်လလေးတစ်ခုကများ အံဖွယ်လက်နက်ဆိုပြီးခေါ်ရဲနေသေးတယ်”

ရှစ်ဖုန့်၏ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်က အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။

“အမှန်ပဲ..”

ရှစ်ဖုန့်က ကောင်းကင်မီးတောက်၏ စကားနောက်သို့လိုက်ပါ၍ ထောက်ခံပြောဆိုလိုက်သည်။ ထို့နောက်သူကက သူ၏ တိုက်စားခြင်း တတိယ မိစ္ဆာမျက်လုံးကို ဖွင့်လိုက်ပြီး အကန့်သတ်မဲ့ တိုက်စားခြင်းမီးခိုးရောင်ချီများကို ထုတ်လွှတ်လိုက်သည်။ ထိုတိုက်စားခြင်းမီးခိုးရောင်မြူများက ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းကြီးထံသို့ဦးတည်သွားလေသည်။

တစ်ချိန်တည်းမှာပင်သူက အော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု ခုတ်ပိုင်းချက်”

ရှစ်ဖုန့်က သူ၏ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။  တစ်ချိန်တည်းမှပင် ဧရာမအဖြူရောင်ဓားချီရောင်ဝါကြီးတစ်ခုက ညကောင်းကင်ယံထက်၌ ပေါ်လာသည်။  ဓားရောင်ဝါ၏ အလယ်တွင် သွေးနီရောင်သားရဲတစ်ကောင်၏ မျက်နှာပေါ်လာ၏။  ၎င်းမှာသွေးနီရောင်ဓား၏ လက်နက်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာသားရဲပင်ဖြစ်လေသည်။

ရှစ်ဖုန့်၏ လှုပ်ရှားမှုများနောက်သို့လိုက်ပါ၍  သိပ်သည်းသော အဖြူရောင်ဓားရောင်ဝါက ခရမ်းရောင်မိုးကြိုးလျှပ်စီး ဟာရီကိန်းထံသို့ ပြင်းထန်စွာဖြင့်ခုတ်ပိုင်းကျရောက်လာသည်။

“ဝုန်း”

တိုက်စားခြင်းမြူတို့က လျှပ်စီးဟာရီကိန်းမုန်တိုင်းအတွင်းသို့ အရင်ဆုံးတလိပ်လိပ်စီးဝင်သွားခဲ့ပြီး အဖြူရောင်ဓားချီက ပြင်းထန်းပြီး သာလွန်ဖိနှိပ်နိုင်သော စွမ်းအားမျိုးဖြင့် ၎င်းထံသို့ထပ်မံလိုက်ပါကျဆင်းသွားသည်။  ရုတ်ချည်း ညကောင်းကင်ယံကိုဖြတ်သန်း၍ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ပဲ့တင်ထွက်ပေါ်လာပြီး  အောက်ဘက်ရှိမြေပြင်မှာ ပြင်းထန်စွာတုန်ခါမည့်ပုံပေါ်လာသည်။

ထို့နောက်ချက်ခြင်း   အားလုံးမှာ   ဘိုးဘေးနယ်ပယ်တစ်ယောက်၏ စွမ်းအားဖြင့် နှိုင်းယှဉ်၍ရသည့်  ပြင်းထန်သောပြိုင်ဘက်ကင်း မိုးကြိုးလျှပ်စီးမုန်တိုင်းဟာရီကိန်းမှာ အဖြူရောင်ဓားချီကြောင့် ဖျက်ဆီးခံလိုက်ရသည်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်နေမိကြသည်။ ညကောင်းကင်ယံထက်တွင် လေမိုးကြိုးမှန်တစ်ခုတည်းသာ ဆက်လက်၍ လွင့်မျောကျန်ရစ်နေခဲ့သည်။

“ဘိုးဘေးနယ်ပယ်တစ်ယောက်ရဲ့စွမ်းအား..

ဘုရားရေ.. အဲ့မွန်းစတားကခုဏကတုံးကသူ့ဓားနဲ့ခုတ်ပိုင်းပစ်လိုက်တာ  အဲ့စွမ်းအားက လူတွေကို တုန်ယင်စေပြီး  အစွမ်းမဲ့သွားမှုကိုခံစားစေရတယ်…..သူက အချိန်တိုလေးအတွင်းမှာ ဒီလိုမျိုးကြောက်စရာကောင်းတဲ့  အဆင့်တစ်ခုကို ရောက်နေခဲ့ပြီ”

“သူက တကယ့်ကိုမှ  မွန်းစတားတစ်ကောင်ပဲ..ကမ္ဘာပေါ်က နံပါတစ်မွန်းစတားပဲ”

တစ်ချိန်လုံးတည်ငြိမ်စွာရှိနေခဲ့သော ဖုန်ရှင်းယန်ပင် တော်တော်ကိုလေးကို တုန်လှုပ်သွားခဲ့သည်။

“ဒါ..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ….သူက ဘိုးဘေးနယ်ပယ်တစ်ယောက်ရဲ့စွမ်းအားကိုတောင် ရောက်နေပြီ …သူကတကယ်ပဲ မီးနယ်မြေမှာတွေ့ခဲ့ရတဲ့ တူညီတဲ့လူတစ်ယောက်တည်းရောဟုတ်ရဲ့လား”

“ဟားဟားဟား……ကောင်းလိုက်တာ”

ရှစ်ဖုန့်က သူ၏ တိုက်ပွဲစွမ်းအားတို့ တို့မြင့်လာမှုကို ခံစားကြည့်ပြီး နောက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ သူ၏ ဆံပင်ရှည်တို့က လေနှင့်အတူကခုန်နေပြီး သူ့အား နတ်ဆိုးတစ်ကောင်ကဲ့သို့ထင်မှတ်စေသည်။  ထို့နောက်သူက ယွင်လိုင်အင်ပါယာအတွင်းရှိ အမျိုးမျိးသောဂိုဏ်းတို့မှ လက်ရွေးစင်တပည့်များကိုကြည့်လိုက်သည်။

သူ၏ အောက်တွင်ရှိသောငရဲဝံပုလွေက လေကိုထိုးခွင်း၍ ရှေ့သို့ပျံသန်းလိုက်သည်။

“ထပ်ပြီးတော့အတူတကွ လုပ်ဆောင်ရအောင်…ငါတို့တွေသူ့ကို ငါတို့ရဲ့ ရှိသမျှ ခွန်အားအကုန်လုံးနဲ့ သတ်ပစ်ရမယ်”

ဖုန်ရှင်းယန်၏ တုန်လှုပ်နေသောမျက်နှာထက်တွင်  စိတ်ပိုင်းဖြတ်ထားသော အမူအယာတို့က ထပ်မံ၍ ပေါ်လာသည်။ သူမ၏အော်ပြောသံက ညကောင်းကင်ယံတွင်ပဲ့တင်ထွက်ပေါ်နေ၏။

သို့သော်ထိုအချိန်က  သူမ၏နောက်တွင်ရှိနေခဲ့ကြသောတပည့်များမှာလျှပ်စီးမုန်တိုင်းကြီးအား ရှစ်ဖုန့်က ဓားတစ်ချက်တည်းဖြင့်ခုတ်ပိုင်းပစ်ခဲ့သည်ကို တွေ့ခဲ့ကြရသည်ဖြစ်သည်။  ထို့ကြောင့် သူတို့အနေဖြင့် ယခုအခါ၌ ထွက်ပြေးကြရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်လေသည်။  ကောင်းကင်ဘုံလေဂိုဏ်းမှ ရာကျော်သော တပည့်များမှလွဲ၍  အခြားသောဂိုဏ်းများမှ တပည့်များမှာ  သူတို့၏ နတ်ဆိုးသားရဲများကို အလျှင်အမြန် မောင်းနှင်ကြပြီး  အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ခွဲထွက်သွားကြသည်။

“နင်တို့”

ဖုန်ရှင်းယန်မှာ  အခြားသောဂိုဏ်းများမှ တပည့်များက  အဝေးသို့ထွက်ပြေးသွားကြသည်ကို ခံစားမိလိုက်သည်။  သူမက ခေါင်းလှည့်၍ ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။

“ဒီည အဝေးကိုထွက်ပြေးသွားရဲတဲ့သူတွေအကုန်လုံး ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အမဲလိုက်သတ်ဖြတ်မှုကိုခံကြရလိမ့်မယ်…  နင်တို့မိသားစုရဲ မျိုးဆက်ကိုးခုလုံးလည်းသုတ်သင်ခံရလိမ့်မယ်”

“နင်တို့မိသားစုရဲ မျိုးဆက်ကိုးခုလုံးလည်းသုတ်သင်ခံရလိမ့်မယ်”

ညကောင်းကင်ယံတွင် အေးစက်သောအော်ပြောသံက ပဲ့တင်ထွက်ပေါ်လာသည်။

“မင်းမှာ အခွင့်အရေးမရှိဘူး”

ထို့နောက်ရှစ်ဖုန့်၏ အေးစက်သော အော်ပြောသံက ထွက်ပေါ်လာသည်။

ဖုန်ရှင်းယန်က သူမ၏ခေါင်းအားလှည့်ကြည့်လိုက်သောအခါတွင်   သရော်ပြုံးကိုဆင်မြန်းထားသည့် ရှစ်ဖုန့်ကိုတွေ့လိုက်ရသည်။  သူ၏ ဆံပင်ရှည်တို့က ပြင်းထန်စွာတိုက်ခတ်နေသော လေနှင့်အတူ ညကောင်းကင်ယံတွင် ယှဉ်တွဲ၍ ကခုန်နေသည်။  သူက အနက်ရောင်အတောင်ပံ နတ်ဆိုးသားရဲကိုစီးနင်းထားပြီး  သွေးနီရောင်ဓားကိုလည်း လက်ထဲတွင်ကိုင်ထားသည်။  သူက သူမထံသို့ လျှင်မြန်စွာဖြင့် ချည်းကပ်လာနေပြီဖြစ်သည်။

“သွား …သူ့ကိုသတ်ကြ”

ဖုန်ရှင်းယန်က ကောင်းကင်ဘုံလေဂိုဏ်း၏ တပည့် များကို အော်၍ အမိန့်ပေးလိုက်သည်။  ဖုန်ရှင်းယန်၏ အမိန့်အောက်တွင် ကောင်းကင်ဘုံလေဂိုဏ်း၏ တပည့်များမှာ  မနာခံပဲ ပြုလုပ်ရဲခြင်းမရှိကြပေ။  သူတို့၏ သားရဲများကိုအလျှင်အမြန်မောင်းနှင်ကြ၍ ရှစ်ဖုန့်ဆီသို့ဦးတည်တက်သွားကြသည်။

“သတ်”

တစ်ယောက်ပြီးတစ်ယောက် ကျွမ်းကျင်ပိုင်နိုင်သောသိုင်းပညာရပ်အသီးသီးကိုထုတ်ဖော်ကြပြီး  ရှစ်ဖုန့်အားတစ်ချိန်တည်းတွင် အတူတကွ တိုက်ခိုက်လိုက်ကြသည်။

“တိုက်စားစမ်း”

ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။  ရှစ်ဖုန့်၏ တတိယ မိစ္ဆာမျက်လုံးထံမှ တိုက်စားခြင်းမီးခိုးရောင်မြူထို့ထပ်မံ၍ထွက်ပေါ်လာပြီး  လာရောက်သော တိုက်ခိုက်မှုမျာဖြင့် တွေ့ဆုံလိုက်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISEA

All Chapters