← Chapters

အပိုင်း (၁၆၈)

Vol. 12 Ch. 168

အပိုင်း (၁၆၈)

Vol. 12 Ch. 168

တိုက်စားခြင်းမြူခိုးများ၏အောက်တွင် ဘုရင်နယ်ပယ်အချိုနှင့် စိတ်ဝိညာဉ်နယ်ပယ်များမှ ထုတ်ဖော်သော သိုင်းပညာရပ်များမှာ မြူခိုးများ၏ လျှင်မြန်စွာတိုက်စားမှုကိုခံလိုက်ကြရသည်။

“သတ်”

ရှစ်ဖုန့်က အေးစက်စွာအော်လိုက်ပြီး လူအုပ်အတွင်းသို့ ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ တစ်ဟုန်ထိုး ဝင်သွားခဲ့သည်။  သူက သူ၏ သွေးနီရောင်ဓားကိုလွှဲယမ်းလိုက်ပြီး  အဖြူရောင်ဓားချီများက ထွက်ပေါ်လာသည်။

“ဝှစ်ရှ်… ဝှစ်ရှ်… ဝှစ်ရှ်… ဝှစ်ရှ်… ဝှစ်ရှ်… ဝှစ်ရှ်… ဝှစ်ရှ်… ဝှစ်ရှ်…”

ခေါင်းများက ကောင်းကင်ထက်သို့တစ်ခုပြီးတစ်ခု လွင့်ပျံတက်သွားသည်။  လူသားများနှင့်နတ်ဆိုးသားရဲများ၏ ခြောက်သွေ့နေသော အလောင်းများက  မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ်ပြုတ်ကျကုန်သည်။  ညအချိန်အခါသမယတွင် စိတ်မချမ်းမြေ့စရာအော်ဟစ် ငိုကြွေးသောအသံများ ပဲ့တင်ထပ်ထွက်ပေါ်နေ၏။

ကျင့်ကြံသူများမှာ ဤရူးသွပ်နေသောနတ်ဆိုး၏ ရှေ့မှောက်တွင်  ခုခံနိုင်စွမ်းရှိမနေသည်ကို တုန်လှုပ်စွာဖြင့် သိရှိသွားကြသည်။  သူတို့တွေ့ဆုံမိသည်နှင့် ခုတ်ပိုင်းသတ်ဖြတ်ခံရမှုကို စောင့်ဆိုင်းနေကြရသော သိုးငယ်များကဲ့သို့ထက်ရှသောဓားသွားက သူတို့၏ခန္ဓာကိုယ်များကိုဖြတ်သန်း၍ အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားသည်။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်က ကြုံးဝါးအော်ဟစ်လိုက်သောအခါတွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အနီရောင်မီးတောက်တစ်ခုက ထွက်ပေါ်လာပြီးဦးတည်ချက်အနှံ့သို့ ပျံ့နှံ့ထွက်သွားသည်။ အသက်ရှူကြိမ် အနည်းငယ်ခန့်အတွင်း ကောင်းကင်ဘုံလေဂိုဏ်းမှ ကြွင်းကျန်ရစ်နေသော အသက်ရှင်နေသူ တပည့်အားလုံးကို လွှမ်းခြုံဝါးမျိုသွားသည်။  ညကောင်းကင်ယံထက်တွင့်ပြည့်နှက်နေဆဲဖြစ်သော ငိုယိုသံများ အော်ဟစ်သံများမှာ  ရုတ်တရက် အပ်ကျသံမကြားရအောင်ကိုတိတ်ဆိတ်သွားခဲ့သည်။  ညကောင်းကင်ယံထက်တွင် သွေးနီရောင်မီးလုံးတစ်ခုတည်းသာ လောင်ကျွမ်းနေဆဲဖြစ်ပြီး ကောင်းကင်တစ်ခွင် ထွန်းလင်းတောက်ပနေကာ  မြေပြင်က သွေးနီရောင်ဖြင့် တောက်ပေနေသည်။

“ခွေးမ..မင်းကဘယ်ကိုသွားချင်နေတာလဲ”

မီးတောက်ပင်လယ်အတွင်းမှ ရှစ်ဖုန့်၏ အော်ပြောသောအသံကိုကြားလိုက်ရသည်။ထို့နောက်တွင် ကောင်းကင်ထက်တွင် ပြည့်နှက်နေသော သွေးနီရောင်မီးပင်လယ်မှာ  အလယ်ဗဟိုဆီသို့ တလိပ်လိပ် ပြန်လည်ဆုတ်ခွာသွားသည်။   အလယ်ဗဟိုရှိမီးပင်လယ်ကြီးပျောက်ကွယ်သွားသောအခါတွင် ရှစ်ဖုန့်၏ ပုံရိပ် လှစ်ဟာထွက်ပေါ်လာသည်။ ညကောင်းကင်ယံရှိ ကောင်းကင်ဘုံလေဂိုဏ်းမှ ဒါဇင်ပေါင်းများစွာသော တပည့်တို့မှာ ဘာခြေရာလက်ရာ အစအနမှ ကျန်ရစ်နေခဲ့ခြင်းမရှိပဲ အားလုံးပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်ကငရဲဝံပုလွေအား အလျှင်မြန်မောင်းနှင်၍ အနီရောင်အလင်းတစ်ခုအဖြစ်ပြောင်းလဲသွားသော ဖုန်ရှင်းယန်၏ နောက်သို့လိုက်ဖမ်းလိုက်သည်။

ရဲရဲတောက်နီနေသော အလင်း၏ အထဲတွင်  ဖုန်ရှင်းယန်က အံကိုကြိတ်၍ သူမ၏ အစွမ်းကုန်ထုတ်သုံးကာ အရှိန်အဟုန်အပြည့်ဖြင့်ပျံသန်းနေသည်။

သူမနိမ့်ချစွာရှုမြင်ခဲ့သည့် နတ်ဆိုးသားရဲတောင်တန်း၏ မီးနယ်မြေ၌ သူမနှင့်တွေ့ဆုံခဲ့ရသော ဤသိုင်းသမားလေးက  ဤအဆင့်မျိုးအထိရောက်လာနိုင်ခဲ့မည်မှန်းကို  လုံးဝတွေးထင်ထားခဲ့ခြင်းမရှိပေ။ ထိုအချိန်က သူ့အားသူမက နားချခဲ့ပြီး သိုင်းပညာလမ်းညွှန်သင်ကြားပေးခဲ့မှုတို့ကို ပြန်လည်၍ တွေးကြည်မိသောအခါတွင် ၎င်းက အဓိပ္ပါယ် မရှိသည်ကိုသူမသိလိုရသည်။

ထိုအချိန်က သူမက သိုင်းပညာရပ်စာအုပ်တစ်ခုကိုပေးခဲ့သော်လည်း ခုဏက သူအသုံးပြုခဲ့သော တစ်ခုနှင့်နှိုင်းယှဉ်လျှင်ပင် ၎င်းက ကမ္ဘာတစ်ခုစာလောက်ကို ကွာခြားနေလေသည်။

သွေးအေးခံစားချက်မဲ့ကာ ပြတ်သားမှုရှိသော နတ်ဆိုးလူအားသူမပြန်လည်၍ အမှတ်ရလိုက်မိသည်။

“အကယ်၍များ အတိတ်တုံးကသူမထိုကဲ့သို့သောလူတစ်ယောက်နှင့်တွေ့ဆုံခဲ့မိလျှင်…”

ဖုန်ရှင်းယန်မှာ တွေးတောနေရင် ရုတ်တရက် အန္တရာယ်ကို အာရုံခံမိလိုက်သည်။ ညကောင်းကင်ယံထက်တွင် ကြီးမားသော အဖြူရေင်ဓားချီက ရုတ်တရက်ပေါ်လာပြီး  သူမအနေဖြင့်ထိုစွမ်းအားအား ခုခံနိုင်စွမ်းမရှိပဲ ခုတ်ပိုင်းမှုကိုခံလိုက်ရသည်။

“မဟုတ်ဖူး”

ဖုန်ရှင်းယန် အော်လိုက်သည်။  ကြံရာမရဖြစ်နေသည့် အခိုက်အတန့်တစ်ခုတွင်  သူမက ကောင်းကင်ဘုံလေဂိုဏ်း၏ လျှို့ဝှက်လက်နက်ဖြစ်သောသူတော်စင် လေမိုးကြိုးမှန်ကို အလျှင်အမြန်ပစ်ထုတ်လိုက်ပြီး အော်ပြောလိုက်သည်။

“ပေါက်ကွဲစမ်း”

သူမ၏လက်ရှိ ခွန်အားဖြင့်  လေမိုးကြိုးမှန်ကိုအသုံးပြု၍  မုန်တိုင်းတိုက်ခိုက်မှုတစ်ခုကို‌ ထုတ်ဖော်ရန်မှာ မဖြစ်နိုင်ပေ။  သူမအတွက် ရင်ဆိုင်ကာ တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိနိုင်သော ထိုတိုက်ခိုက်မှုအား တားဆီးရန်အတွက်  သူတော်စင်လက်နက်အား  သူ့ဟာသူ ဖောက်ခွဲပစ်စေခြင်းတစ်ခုတည်း နည်းလမ်းကသာ သူမအသုံးပြုနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လေသည်။

“ဝုန်း”

လေမိုးကြိုးမှန်မက ပေါက်ကွဲသွားခဲ့ပြီး စွမ်းအားကြီးပေါက်ကွဲအားတစ်ခုက ညကောင်းကင်ယံတွင် ပေါက်ကွဲထွက်ပေါ်လာသည်။  နေရာလွတ်တစ်ခုလုံးကပြင်းထန်စွာဖြင့်တုန်ခါနေပြီး  ၎င်းက ဖုန်ရှင်းယန်ထံသို့ကျဆင်းလာသော အဖြူရောင်ဓားချီကို တားဆီးထားသည်။

ထို့နောက်တွင် အေးစက်သော အသံနိမ့်တစ်ခုက ညကောင်းကင်ယံထက်ဆီ၌ ထွက်ပေါ်လာ၏။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်..တုန်လှုပ်စေ”

“အား..”

မြင့်မားသော အရှိန်ဖြင့် ပျံသန်းနေသော ဖုန်ရှင်းယန်မှာ ရုတ်တရက် သူမ၏ခေါင်းကိုမော့၍ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။  သူမ၏ ဦးခေါင်းအားဧရာမတူကြီးတစ်လက်ဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရပြီး   သူမ၏ တစ်ကိုယ်လုံးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားသည်။

“ဝုန်း”

သူမ၏ နှစ်လိုဖွယ်ခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာကျဆင်းသွားပြီး ဖုန်မှုန့်များပင် တလိပ်လိပ်ဖြင့် ဂယက်ထသွားစေသည်။

“အဟွတ်အဟွတ်…အဟွတ်အဟွတ်”

ဖုန်ရှင်းယန်မှာ မြေပေါ်တွင်လဲလျောင်းနေပြီး ပြင်းထန်စွာ နှစ်ကြိမ်ချောင်းဆိုးလိုက်သည်။

သူမ၏ ညာဘက်နှုတ်ခမ်းထောင့်ဆီမှသွေးတို့

စီးကျနေ၏။

ထို့နောက် ဖုန်ရှင်းယန်၏ နှစ်လိုဖွယ်ကိုယ်လေးမှာ တုန်ယင်သွားသည်။ ဖုန်မှုန့်များထဲတွင် အနက်ရောင်ပုံရိပ်တစ်ခုက သူမ၏ရှေ့၌ပေါ်လာ၏။ ထို့နောက်ပုံရိပ်က သူမထံသို့ဖြည်းဖြည်းချင်းချဉ်းကပ်လာခဲ့ပြီး ပုံရိပ်ကပို၍ ရှင်းလင်းလာခဲ့သည်။ နတ်ဆိုးကဲ့သို့ အနက်ရောင်ပုံရိပ်တစ်ခုကို သူမမြင်တွေ့ခဲ့ရပြီး  အလွန်သွေးအေးလှသော မျက်နှာတစ်ခုက သူမအား  အပေါ်စီးမှနေ၍ စိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သာ အပြုံးတစ်ခုကိုဆင်မြန်းထားပြီး  ဖုန်ရှင်းယန်အားကြောက်လန့်မှုတို့ကြောင့် တုန်ယင်သွားစေသည်။

“ငါ…ငါ့ကိုမသတ်ပါနဲ့”

ဖုန်ရှင်းယန်၏ အသနားခံမှုအားကြားလိုက်ရသောအခါတွင်  ရှစ်ဖုန့်၏မျက်နှာထက်၌ ကြောင်က ကြွက်ကို ကြည့်သကဲ့သို့ သရော်ပြုံးနှင်မထီမဲ့မင်ပြုမှု လက္ခဏာတို့ထွက်ပေါ်လာသည်။ သူကပြောလိုက်သည်။

“မင်းကိုငါမသတ်ဖို့အတွက် အကြောင်းပြချက်တစ်ခုလောက်ပေးစမ်းပါ”

“ငါ..နင်သာငါ့ကိုမသတ်ဖူးဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်အပါအဝင် ငါ့မှာရှိသမျှအရာအားလုံးကို နင်ရယူနိုင်တယ်….နင်အခုတောင်ယူလို့ရတယ်..နင်လိုယောက်ျားမျိုးကပဲ  ငါ့ရဲ့ကိုယ်နဲ့ထိုက်တန်မှုရှိတယ်”

ဖုန်ရှင်းယန်ကပြောရင်းထိုင်လိုက်သည်။

သူမက သူမ၏ လက်ကိုဆန့်ထုတ်လိုက်ပြီး  သူမ၏ခါးပတ်ကြိုးကိုဖြည်ချလိုက်သည်။ အနီရောင်အဝတ်တို့က သူမ၏ကိုယ်ပေါ်မှာပြေလျော့ကျလာပြီး ဖြူဖွေးပြီး နူးညံ့သော အသားအရည်ကထွက်ပေါ်လာသည်။ သူမ၏ ဖြူဖွေးနူးညံ့ပြည့်စုံသော ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သူမ၏ရှေ့ပိုင်းအားတင်းကျပ်စွာချည်နှောင်ထားသော အနီရောင်ရှင်မီးအင်္ကျီတစ်ခုသာ ကျန်နေခဲ့သည်။

သူမ၏မို့မောက်နေသော အမွှာတောင်ထွပ်နှစ်ခုက အနီရောင်ရှင်းမီးထဲမှ လွှတ်ခနဲထွက်လုနီးနီးဖြစ်နေသည်။ သူမ၏ ပေါက်ကွဲလုနီးပါးဖြစ်နေသောအလှတရားနှင့် သေးသွယ်သောခါးတို့အားယှဉ်တွဲလိုက်လျှင်  ၎င်းတို့မှာ ကောင်းကင်ဘုံ၏ အပြည့်စုံဆုံးသော စစ်မှန်သည့် အထူးလက်ရာတစ်ခုပင်ဖြစ်လေသည်။  ဤမြင်ကွင်းအားမြင်လိုက်ရသောယောက်ျားသားမှန်သမျှမှာ ဤကဲ့သို့စွဲဆောင်မှုမျိုးအား ခုခံတွန်းလှန်နိုင်ရန်မှာခက်ခဲလွန်းလှလေသည်။

သို့သော် သူမအားခဏလောက်ကြည့်ပြီးသည့်

နောက်တွင် ရှစ်ဖုန့်က ခေါင်းကိုခါယမ်း၍ အေးစက်စွာပြုံးလိုက်သည်။

“မင်းရဲ့ခန္ဓာကိုယ်က တကယ့်ကိုမှကောင်းမွန်ပါတယ် ..ကံမကောင်းစွာနဲ့ ပဲ အဲ့တာက ငါနဲ့ထိုက်တန်မှု မရှိသေးဘူး”

ရှစ်ဖုန့်က ပြောပြီးနောက် သွေးဓားကိုမြှောက်၍ အကြင်နာမဲ့စွာ ဖုန်ရှင်းယန်ကိုခုတ်ပိုင်းချလိုက်သည်။

“အား..မလုပ်နဲ့”

ဖုန်ရှင်းယန်မှာ အလန့်တကြားအော်ဟစ်လိုက်သည်။  သွေးဓားကခုတ်ပိုင်းကျရောက်လာ၏။  ယင်းမှာသူမအနေဖြင့်ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးသော အရာအား မြင်တွေ့လိုက်ရသကဲ့သို့ဖြစ်သည်။

“မင်းရဲ့ခန္ဓာကိုယ်က တကယ့်ကိုမှကောင်းမွန်ပါတယ် ..ကံမကောင်းစွာနဲ့ ပဲ အဲ့တာက ငါနဲ့ထိုက်တန်မှု မရှိသေးဘူး”

ကြောက်စိတ်မွှန်နေရင်းဖြင့်ပင် သူမ၏နားအတွင်း၌ ရှစ်ဖုန့်၏ စကားလုံးတို့က နတ်ဆိုးသံတစ်ခုကဲ့သို့ပဲ့တင်ထပ်နေသည်။

“ငါကသူနဲ့ထိုက်တန်မှုမရှိဘူး…ငါကဘယ်လိုဖြစ်ပြီးတော့ သူနဲ့ ထိုက်တန်မှုမရှိရတာလဲ..ငါ့ခန္ဓာကိုယ်..ငါ့အလှတရားက..”

သို့သော်သူမအနေဖြင့် ထိုအကြောင်းအားဆက်လက်၍ တွေးတောနေရန် အချိန်မရှိပေ။  သူမက သူမ၏ခေါင်းအားထိတော့မည့်သွေးနီရောင်ဓားကို ကြည့်လိုက်သည်။  ထိုဓားက သူမ၏ ကိုယ်အားရက်ရက်စက်စက်နှစ်ပိုင်း ပိုင်းဖြတ်သွားရန်အတွက်လုံလောက်လေသည်။  ထိုအချိန်တွင်ငွေရောင်အလင်းတစ်ခုက ညကောင်းကင်ယံတွင် ငွေရောင်ဥက္ကာပျံတစ်ခုကဲ့သို့ ထိုးခွင်းဖြတ်သန်းလာသည်။

“ဘန်း”

၎င်းက ရှစ်ဖုန့်၏ သွေးဓားနှင့်တွေ့ဆုံသွားပြီး ရှစ်ဖုန့်အား နောက်ပြန်ဆုတ်သွားစေရန်လုပ်ဆောင်

လိုက်သည်။

“ဘယ်သူလဲ”

ရှစ်ဖုန့်က သူ၏ ခြေထောက်အား တန့်လိုက်သောအခါတွင် သူ၏ ပုံရိပ်မှာ နောက်ဆုတ်နေရာမှ ရပ်သွားခဲ့သည်။ သူကညကောင်းကင်ယံသို့အေးစက်စွာ

ကြည့်လိုက်သည်။  ညကောင်းကင်ယံတွင် ဟင်းလင်းပြင်ထဲ၌ ငွေရောင်အမွှေးတို့ဖြင့်ငွေရောင်ဝံပုလွေတစ်

ကောင်က ဆိုင်းငံ့ရပ်တန့်နေသည်။ ငွေရောင်ဝံပုလွေ၏ ကျောပေါ်တွင် ငွေရောင်ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရပ်နေပြီး ငွေရောင်လှံကိုကိုင်ဆောင်ထားကာ ငွေရောင်ခြုံထည်က လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။  ထိုသူမှာ ကောင်းကင်ဘုံမှဆင်းသက်လာသော ငွေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်။

ငွေရောင်ချပ်ဝတ်နှင်လူငယ်က ငွေရောင်အလင်းတန်းအဖြစ်သို့ပြောင်းလဲပြီး မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။   သူက မြေပြင်ပေါ်တွင်ထိုင်နေသော ဖုန်ရှင်းယန်၏ဘေးသို့ဆင်းသက်လိုက်ခြင်းဖြစ်သည်။  သူမ၏ ကိုယ်အပေါ်ပိုင်းတွင် အနီရောင်အောက်ခံအဝတ်သာရှိနေသည်။

သူမ၏ဖွံထားပြီး အားမာန်ပြည့်ဝသောရင်သားတို့နှင့်အတူ သူမ၏ နူးညံ့သောအဖြူရောင်ကိုယ်ခန္ဓာနှင့် သွေးသွယ်သောခါးတို့က ယှဉ်တွဲ၍ အလှတရားတစ်ခုကိုဖြစ်ပေါ်စေလေသည်။ ထိုအလှတရားတို့ကြောင့် ထိုသူမှာ မှင်သက်မိသွားရသည်။ သို့သော် သူကလျှင်မြန်စွာဖြင့် ပြန်လည်၍ အသိကိုထိန်းလိုက်ပြီး ပြောလိုက်သည်။

“မိန်းကလေး …မင်းအဆင်ပြေရဲ့လား”

“သခင်လေး …ကျွန်မကိုကယ်ပါ”

ဖုန်ရှင်းယန်က နူးညံ့သောအသံဖြင့်ပြောလိုက်သည်။  ဤလူမှာ ရှစ်ဖုန့်အား တစ်ချက်တည်းဖြင့် အတင်းအကျပ်နောက်ပြန်ဆုတ်သွားအောင်လုပ်ခဲ့ပြီးနောက်တွင် သာမန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်မှန်းကိုသူမ

ပြောနိုင်သည်။

“အာ.မပူပါနဲ့ ..ကိုယ်ဒီမှာရှိနေပါပြီ”

ငွေရောင်ချပ်ဝတ်နှင့်လူက ဖုန်ရှင်းယန်အားညင်သာစွာခေါင်းညိမ့်ပြလိုက်

ပြီးနောက်တွင် သူ၏လက်အတွင်းရှိ ငွေရောင်လှံကိုလှုပ်ရှားလိုက်သည်။  သူကရှစ်ဖုန့်ကိုထိုးညွှန်လိုက်ပြီး သူ၏ အမူအယာက အေးစက်မှုအဖြစ်သို့ပြောင်းသွားကာ အေးစက်စွာဖြင့်အော်ပြောလိုက်သည်။

“ယောက်ျားတစ်ယောက်ဖြစ်ပြီး မင်းက အမျိုးသမီးတစ်ယောက်ကိုတောင်မှ အရမ်းကို အကြင်နာမဲ့ တိုက်ခိုက်ရဲတယ်  မင်းဟာတကယ့်ကိုမှ စိတ်ဖောက်ပြန်နေတဲ့လူတစ်ယောက်ပဲ..ဒီနေ့မှာငါဟာ ကောင်းကင်ဘုံရဲ့ အလို့ငှာ သေချာပေါက်တရားမျှတမှုကိုကိုင်စွဲပြီးတော့ မင်းလိုမျိုး လူဆိုးလူယုတ်မာ တစ်ယောက်ကိုသတ်ပစ်မယ်”

“တိုက်စမ်း”

ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်ပြီး ငွေရောင်ချပ်ဝတ်လူထံသို့ဦးတည်လိုက်သည်။ သူ့လက်ထဲရှိသွေးနီရောင်ဓားကထပ်မံ၍ အဖြူရောင်အဖြစ်စွဲထင်ပြောင်းလဲသွား

ပြန်သည်။

ငွေရောင်ချပ်ဝတ်နှင့်လူမှာမူ သူ၏ခြေထောက်အား လှုပ်ရှားလိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲ

သွားသည်။  သူက သူ၏ ငွေရောင်လှံကိုထိုးထုတ်လိုက်ပြီး ရှစ်ဖုန့်ထံသို့တူညီစွာဖြင့် ဦးတည်တိုးဝင်သွားသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISEA

All Chapters