အပိုင်း(၁၆၉)
Vol. 12 Ch. 169
“ငရဲဘုံဓားချက်”
ရှစ်ဖုန့်က သူ၏ဓားအားရှေ့သို့ ထိုးထုတ်လိုက်ပြီး အဖြူရောင်ဓားချီများက တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဓားချီ
တစ်ခုချင်းစီ၏အပေါ်တွင် သွေးလစန္ဒြာသားရဲ၏ ပုံရိပ်ကို မြင်တွေ့ရနိုင်၏။
“ဂူထဲမှထွက်လာသော ငွေရောင်မြွေ”
ငွေရောင်ချပ်ဝတ်တန်ဆာဝတ် လူငယ်က ကြုံးဝါးလိုက်ပြီးနောက် သူ၏ ငွေရောင်လှံပေါ်တွင် ငွေရောင်မြွေတစ်ကောင်ပေါ်လာသည်။ ထို့နောက်တွင် ငွေရောင်မြွေအရိပ်က ရှစ်ဖုန့်၏ အဖြူရောင်ဓားရိပ်ပေါ်သို့ခုန်အုပ်လိုက်သည်။
ငွေရောင်မြွေအရိပ်ကြောင့် အခြားသော အဖြူရောင်ဓားအရိပ်များမှာလည်း လျှင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် သွေးလစန္ဒြာသားရဲအရိပ်က ငွေရောင်မြွေအရိပ်ဖြင့် အပြင်းအထန်ထိပ်တိုက်တွေ့ဆုံကြသည်။
“ဝုန်း”
ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် သွေးလစန္ဒြာသားရဲ အရိပ်နှင့် ငွေရောင်မြွေအရိပ်တို့မှာ ပျောက်ကွယ်သွားခဲ့သည်။
“တိုက်စားခြင်း”
ရှစ်ဖုန့က တိုက်စားခြင်း တတိယ မိစ္ဆာမျက်လုံးကို ထပ်မံ၍ ဖွင့်လိုက်ပြီး မီးခိုးရောင်မြူများပန်းထွက်လာကာ ငွေရောင်ချပ်ဝတ် လူငယ်ထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
“မိစ္ဆာမျက်လုံးတစ်ခုနဲ့ ဆိုးရွားလွန်းတဲ့ အဆိပ်တွေပဲ …မင်းကတကယ့်ကို လူကောင်းတစ်ယောက် မဟုတ်ဖူးပဲကွ”
ငွေရောင်ချပ်ဝတ် လူငယ်က အော်ငေါက်လိုက်သည်။ သူကသူ၏ ငွေရောင်လှံကို ဝေ့ယမ်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ကြီးမားသော ငွေရောင်ဝဲကြီးတစ်ခုက ပေါ်လာသည်။ မီးခိုးရောင်မြူအားလုံးမှာ ငွေရောင်ဝဲကြီး၏ စုပ်ယူမှုကိုခံလိုက်ရပြီး နောက် ဧရာမ ငွေရောင်ဝဲကြီးက ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာ၏။
“ဘန်း”
ရှစ်ဖုန့်ကစွမ်းအားများကို သူ၏ ခြေထောက်ပေါ်တွင်အသုံးပြုလိုက်ပြီး ညကောင်းကင်ယံထဲသို့ ပျံတက်သွားကာ ငွေရောင် ဝဲကြီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ဤအချိန်တွင် ငရဲဝံပုလွေက ရှစ်ဖုန့်ထံသို့ အပြင်းနှင်လာပြီး ရှစ်ဖုန့်ကိုဖမ်းဆီးလိုက်သည်။
ထို့နောက်ရှစ်ဖုန့်က အော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ် တုန်လှုပ်ခြင်း”
ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် ငွေရောင်ချပ်ဝတ်လူထံသို့ ဦးတည်တိုက်ခိုက်လိုက်သည်။
“အား..”
ငွေရောင်ချပ်ဝတ်လူငယ်မှာ ရုတ်တရက်သူ၏ ဦးခေါင်းထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသော်လည်း လျှင်မြန်စွာဖြင့်ပင် သူ၏ သတိကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ သူအသိပြန်ဝင်လာသောအချိန်တွင် ရုတ်တရက် သူ့နောက်ရှိဖုန်ရှင်းယန်၏ စိတ်မချမ်းမြေ့ဖွယ် ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံကိုကြားလိုက်ရသည်။ သူခေါင်းလှည့်ကြည့်လိုက်သော အခါတွင် သွေးဓားတစ်ချောင်းက ဖုန်ရှင်းယန်၏ လည်းပင်းအား ထိုးဖောက်ဝင်ရောက်နေသည်ကို သူတွေ့လိုက်ရလေသည်။ သူမကိုယ်က နောက်ပြန်လဲကျသွားကာ မျက်လုံးများက ပြူးကျယ်စွာပွင့်နေပြီး သူမ၏ မျက်နှာထက်တွင် နာကျင်မှုများ အလိုမရှိမှုများဖြင့် ပြည့်နှက်နေသည်။ သွေးဓားက သူမအား ပင်အပ်တစ်ခုသဖွယ် မြေပြင်နှင့်ယှဉ်တွဲ၍ စိုက်ထားသည်။
ငွေရောင်ချပ်ဝတ်နှင့်လူငယ်က ဒေါတကြီးဖြင့်ပြန်လှည့်လိုက်ပြီး ကောင်းကင်ထဲရှိ ရှစ်ဖုန့်အား စိန်းစိန်းဝါးဝါး ကြည့်နေသည်။
“မင်းက အရမ်း ရက်စက်တဲ့ကောင်ပဲ …ငါမင်းကိုသတ်ပစ်မယ်လို့ကျိန်ဆိုတယ်..”
ခုဏက သူသည် ဖုန်ရှင်းယန်အား သူဒီမှာရှိနေပြီဖြစ်သောကြောင့် စိတ်ပူရန်မလိုဟုကတိပေးခဲ့သည်ဖြစ်သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း သူမမှာ ဤလူယုတ်မာ၏ သတ်ဖြတ်မှုကိုခံလိုက်ရသည်။ ယင်းက သူ၏ မျက်နှာအား ပြင်းပြင်းထန်ထန်ဖြတ်၍ ရိုက်လိုက်ခြင်းနှင့် တူညီသည်။
ရှစ်ဖုန့်၏ မျက်နှာထက်တွင် အထင်သေးမှုများဖြင့်ပြည့်နေသည်။ သူသည် သူ၏ အသက်အားယူချင်သူ မည်သူ့မဆို ဘယ်တုံးကမှ သနားညှာတာမှုမပေးခဲ့ပေ။ ထိုသူက ဖုန်ရှင်း ယန်ကဲ့သို့ လှပသော အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့လျှင်တောင်မှ ခြွင်းချက်ထားပေးမည်မဟုတ်ချေ။
ရှစ်ဖုန့်က ငွေရောင်ချပ်ဝတ်နှင့်လူငယ်ကို အေးစက်စွာပြောလိုက်သည်။
“မင်းက အဲ့ခွေးမအတွက် သူ့ဘက်ကနေရပ်တည်ပြီး ငါ့ကိုဆန့်ကျင်တယ်ဆိုမှတော့ မင်းလဲသူနဲ့အတူတူလိုက်သေလို့ရပြီ”
မကြာခင်တွင် ဖုန်ရှင်းယန်၏ သွေးတို့မှာ သွေးဓား၏ စုပ်ယူမှုကိုခံလိုက်ရသည်။သူမက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ပြည့်စုံသောခန္ဓာကိုယ်မျိုးဖြင့် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသာ အလှပဂေးတစ်ယောက်ဖြစ်ခဲ့လေသည်။ သို့သော် မကြာခင်တွင် သူမသည် ရှုံ့တွနေသော အလောင်းကောင်တစ်ခုဖြစ်လာခဲ့သည်။ ဤအလောင်းအာ မြင်တွေ့သူမည်သူမဆို ၎င်းက ကောင်းကင်ဘုံလေဂိုဏ်း၏ မြင့်မြတ်သောအပျိုစင်နှင့် မည်သို့မျှ ယှဉ်တွဲ၍ မြင်နိုင်ကြမည်မဟုပေ။
ဖုန်ရှင်းယန်၏ သေခြင်းစွမ်းအင် နှင့် ဝိညာဉ်စွမ်းအင်များကို ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်က သွေးဓား၏ လက်နက်စိတ်ဝိညာဉ်နှင့်ဆက်သွယ်မှုပြုလုပ်လိုက်ပြီး နောက် လှုပ်ရှားမှုတစ်ချက်ဖြင့် သွေးဓားအား ဖုန်ရှင်းယန်၏လည်ပင်းထံမှ ဆွဲ၍ နှုတ်လိုက်သည်။ ၎င်းက သွေးနီရောင် အလင်းတန်းအဖြစ်သို့ပြောင်းသွားပြီး မြေပြင်ပေါ်ရှိ ငွေရောင်ချပ်ဝတ် လူငယ်ထံသို့ပစ်လွှတ်သလိုဝင်ရောက်သွားသည်။ သွေးလစန္ဒြာသားရဲ အရိပ်က ဓား၏ မျက်နှာပြင်ထက်တွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး သားရဲတစ်ကောင်၏ ဟိန်းဟောက်သံခပ်သဲ့သဲ့ကိုပင် ကြားရနိုင်လေသည်။
ငွေရောင်ချပ်ဝတ်နှင့်လူငယ်က သူ့နောက်မှ အန္တရာယ်ရှိသော ရောင်ဝါတစ်ခုက ချည်းကပ်လာသည်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့်သူက နောက်သို့လျှင်မြန်စွာလှည့်လိုက်သည်။ သူ့၏ လက်အတွင်းရှိ ငွေရောင်လှံက စူးရှတောက်ပသောအလင်းတို့ဖြင့်တောက်ပ
နေပြီး သူကသွေးဓားထံသို့ တိုးဝင်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က သူ၏ လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တံဆိပ်လက်သင်္ကေတတစ်ခုကိုပုံဖော်လိုက်ပြီး တိုက်စားခြင်းတတိယမိစ္ဆာမျက်လုံးထံမှ သိပ်သည်းသော မီးခိုးရောင်မြူများကိုထပ်မံ၍ ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ မြူခိုးပင်လယ်ကြီးတစ်ခုကဲ့သို့ဖြစ်ပြီး မြေပြင်ပေါ်ရှိ ငွေရောင်ချပ်ဝတ် လူငယ်ထံသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။
“ဘန်း”
ငွေရောင်လှံနှင့် သွေးနီရောင်ဓားတို့က အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိကြသည်။ သွေးဓားက အဝေးကိုလွင့်ထွက်သွားပြီး ငွေရောင်ချပ်ဝတ်လူငယ်မှာလည်း နောက်သို့ပြန်ကန်ထွက်လာသည်။
“ဝေါင်း”
အခြားတစ်ဖက်တွင်ရှိနေသော ငွေရောင်ဝံပုလွေက တလိပ်လိပ်ထွက်လာသောမီးခိုးရောင်မြူများက သူ’ သခင်ဖြစ်သူထံသို့ တစ်ဟုန်ထိုးလာနေသည်ကို မြင်လိုက်ရသောအခါတွင် ၎င်းက ဟင်းလင်းပြင်ကိုထိုးခွင်း၍ တစ်ဟုန်ထိုးသခင်ဖြစ်သူထံသို့ ပျံသန်းလာသည်။
“ဝေါင်း”
ငွေရောင်ဝံပုလွေက ထပ်မံ၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ စူးရှသော ငွေရောင်အလင်းတို့က ငွေရောင်ဝံပုလွေ၏ ပါးစပ်ထံမှာ ပစ်လွှတ်ထွက်ပေါ်လာပြီး တိုက်စားခြင်း မီးခိုးရောင်မြူများထံသို့ သိမ်းကျုံးဦးတည်စေလိုက်သည်။
“အာ”
ငွေရောင်ချပ်ဝတ်နှင့်လူငယ်က နောက်သို့ အတင်းအကျပ်ဆုတ်ခွာနေရရာမှရပ်တန့်လိုက်သည်။ ဤအချိန်တွင် အတော်လေးကို အန္တရာယ်ရှိသော ရောင်ဝါတစ်ခုက သူ၏ ခေါင်းအထက်မှ လာနေပြီး ပတ်ဝန်းကျင်ရှိအပူချိန်မှာလည်း ရုတ်ချည်း ပစ်ကျသလို ကျဆင်းသွားသည်ကို ခံစားမိလိုက်သည်။ သူမော့ကြည့်လိုက်သောအခါတွင် ဧရာမ အဖြူရောင်စတုရန်း ဆီးလ်တံဆိပ်ကြီးက ညကောင်းကင်ယံ၌ လွင့်မျောနေသည်ကိုတွေ့လိုက်ရသည်။ ၎င်းမှာ ရှစ်ဖုန့် အစောပိုင်းကဖော်ထုတ်လိုက်သော ငရဲ ဘုံကိုးခု ဆီးလ်တံဆိပ်လေးခုဖြစ်သည်။ ၎င်းက ငွေရောင်ချပ်ဝတ်လူငယ်အားလုံးဝဖုံးလွှမ်းနေပြီး အားကြီးလှသော စွမ်းအားတစ်ခုကို စတုရန်းဆီးလ်တံဆိပ်ထံမှ ထုတ်လွှတ်နေသည်။ ငွေရောင်ချပ်ဝတ်နှင့်လူငယ်မှာ သူ့ပတ်ဝန်းကျင်ရှိအေးခဲလုနီးပါးဖြစ်နေသော လေအေးတို့ကိုတွေ့လိုက်ရပြီး သူ၏ ခန္ဓာကိုယ်ပင် နှေးကွေးလေးကန်လာသည်။
“ကျဆင်းစေ”
ရှစ်ဖုန့်အော်ပြောလိုက်သောအခါတွင် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက ကျယ်လောင်သောအသံတစ်ခုနှင့်အတူကျဆင်းလာသည်။
“ချိုးဖြတ်စမ်း..ငွေရောင်နဂါး ကောင်းကင်ချိုးဖြတ်”
ငွေရောင်ချပ်ဝတ်နှင့်လူငယ်က အော်ပြောလိုက်ကာ သူနှင့်ငွေရောင်လှံအားအတူတကွပေါင်းစည်းလိုက်သည်။ ငွေရောင်အလင်းကလင်းလက်လာပြီး သူ၏ ခန္ဓာကိုယ်က ငွေရောင်နဂါးတစ်ကောင်အဖြစ်သို့ပြောင်းလဲ
သွားသည်။ နဂါးက ဟိန်းဟောက်လိုက်ပြီး ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုထံသို့ တစ်ဟုန်ထိုးဦးတည်သွားကာ အပြင်းအထန်ထိပ်တိုက်တွေ့ဆုံပစ်ဆောင့်မိကြသည်။
“ဝုန်း”
ညကောင်းကင်ယံတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပုံရသည်။ ဟိန်းဟောက်သံက ကောင်းကင်ကိုထပ်မံ၍ ပဲ့တင်ထိုးခွင်းသွားပြီး ဆက်လက်၍ ညကောင်းကင်ယံတစ်ခွင် ပဲ့တင်ပျံနှံ့သွားသည်။ အဖြူရောင်အလင်းကလင်းလက်နေပြီး ငွေရောင်အလင်းကတောက်ပနေကာ ညကောင်းကင်တစ်ခွင်အား ထွန်းလင်းသွားစေသည်။
အလင်းရောင်တို့ပျောက်ကွယ်သွားသောအခါတွင် ငွေရောင်ပုံရိပ်က တစ်ဟုန်ထိုး ပြုတ်ကျလာသည်ကိုတွေ့လိုက်ရသည်။ ငွေရောင်ဝံပုလွေက အလျှင်အမြန်ရှေ့သို့ ပျံသန်းလာပြီး ကျဆင်းလာသော သူ့သခင်၏ ခန္ဓာကိုယ်ကို ဖမ်းဆီးလိုက်သည်။
“အဟွတ်..အဟွတ်..အဟွတ်”
ငွေရောင်ချပ်ဝတ်လူငယ်က ငွေရောင် ဝံပုလွေအပေါ်တွင်လဲလျောင်းနေပြီး ပြင်းထန်းစွာ ချောင်းဆိုးလိုက်သည်။ သူ့အနေဖြင့် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုနှင့်တိုက်ဆောင့်မိခြင်းမှ အသက်ရှင်ကျန်ရစ်ခဲ့သည်ဖြစ်သည်။
သို့သော် ဤသည်မှာ ရှစ်ဖုန့်၏ မျှော်မှန်းထားမှုအတွင်း၌သာရှိလေသည်။ သူ၏ ကျင့်ကြံမှု မှာ ကြယ်လေးပွင့်ဘုရင်နယ်ပယ်အဆင့်တွင်သာရှိ
လေသည်။ ငွေရောင်ချပ်ဝတ် လူငယ်က ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဤကဲ့သို့အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘိုးဘေးနယ်ပယ်တစ်ယောက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူက ပါရမီရှင်တစ်ယောက်ဖြစ်တော့ရောဘာများအ
ရေးပါသနည်း။ ဤသခင်လေးမှာ ပါရမီရှင်ဆိုသူများအား သတ်ဖြတ်ရခြင်းကို ပို၍အကြိုက်နှစ်သက်ဆုံးဖြစ်လေသည်။
သွေးဓားက ရှစ်ဖုန့်၏ လက်အတွင်းသို့ ပြန်လည်၍ ပျံသန်းရောက်ရှိလာသည်။ ရှစ်ဖုန့်က သူ၏ သိုလှောင်လက်စွပ်အတွင်း နောက်ဆုံးကျန်ရှိနေသော အဆင့်လေး စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးကို မျိုချလိုက်ပြီး ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကြောင့် ကုန်ဆုံးသွားခဲ့သော သူ၏စွမ်းအင်များမှာ ရုတ်ချည်းပြန်လည်၍ ဖြည့်တင်းလာခဲ့သည်။ ထို့နောက်သူက ငရဲဘုံခုတ်ပိုင်းချက်ကို ဖော်ထုတ်လိုက်ပြီး ဧရာမအဖြူရောင်ဓားချီကြီးပေါ်လာကာ ငွေရောင်ချပ်ဝတ် လူငယ်ပေါ်သို့ ခုတ်ပိုင်းချလိုက်သည်။ ဓားချီအတွင်းတွင် သွေးလစန္ဒြာသားရဲက ထပ်မံ၍ ဟိန်းဟောက်နေသည်။ျ
“ငါမင်းကိုသတ်ပစ်မယ်”
ဓားချီ၏ အောက်တွင် ငွေရောင်ဝံပုလွေ၏ ကျောပေါ်ရှိ ငွေရောင်ချပ်ဝတ်လူငယ်က ရုတ်တရက်ခေါင်းမော့လိုက်သည်။ သူ၏ ငယ်ရွယ်ပြီး စိတ်ပိုင်းဖြတ်ထားသော မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။ သူက သူ့လက်အတွင်းရှိငွေရောင်လှံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ငွေရောင်အလင်းအဖြစ်ထပ်မံ၍ ပြောင်းလဲသွားသည်။ သူက သူ၏ လှံကို ဝင့်ကာ ငရဲဘုံခုတ်ပိုင်းချက်ဖြင့်တစ်ဟုန်ထိုးတွေ့ဆုံ
လိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ သိုလှောင်လက်စွပ်အတွင်းမှ တစ္ဆေမျက်နှာဖုံးကိုထုတ်ယူလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဝင်ဆင်လိုက်သည်။
အဆင့်ငါး ဝိညာဉ်တိုက်ခိုက်မှုအဆင့်သို့ရောက်ရှိသွားခဲ့
သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ငွေရောင်ချပ်ဝတ်လူငယ်အားထိမှန်သွားသည်။
“အား”
တိုက်ခိုက်မှုအောက်တွင် ငွေရောင်ချပ်ဝတ်နှင့်လူငယ်က နာကျင်စွာဖြင့်အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ မတည်မငြိမ်ဖြစ်လာသည်။ ငွေရောင်အလင်းက အားနည်းလာကာ သူ၏ ခန္ဓာကိုယ်ကလှစ်ဟာထွက်ပေါ်လာသည်။ ဤအချိန်တွင် အဖြူရောင်ဓားချီက သူ့ထံသို့ ခုတ်ပိုင်းကျရောက်လာသည်ကို တွေ့လိုက်ရသည်။
“ဝေါင်း”သူ၏သခင်ဖြစ်သူ အန္တရာယ်အတွင်းသို့ကျရောက်နေသည်ကို ထပ်မံ၍ တွေ့လိုက်ရသောအခါတွင် အောက်ဘက်ရှိငွေရောင်ဝံပုလေွက ကျယ်လောင်စွာအော်ဟစ်၍ သူ၏ ခန္ဓာကိုယ်အား ရှေ့သို့တစ်ဟုန်ထိုးတက်လိုက်ကာ ခုန်အုပ်လိုက်သည်။ ၎င်းက ၎င်း၏ အဆင့်ငါး နတ်ဆိုးသားရဲ ခန္ဓာကိုယ်ကို အသုံးပြု၍ သူ့သခင်ဖြစ်သူ၏ အပေါ်မှစီးကာကာ ငရဲဘုံခုတ်ပိုင်းချက်ကို ရင်ဆိုင်လိုက်သည်။
“အား..မဟုတ်ဖူး”
ငွေရောင်ချပ်ဝတ်လူငယ်က ရုတ်တရက် အသိပြန်ဝင်လာသောအခါတွင် သိပ်သည်းသော အဖြူရောင်ဓားချီက ငွေရောင်ဝံပုလွေအပေါ်သို့ခုတ်ပိုင်းချလိုက်သည်ကို တွေ့လိုက်ရသည်။
“မလုပ်နဲ့”
ငွေရောင်ချပ်ဝတ်နှင့်လူငယ်က ပူဆွေးသောကရောက်စွာဖြင့် အော်ဟစ်လိုက်သည်။ အဖြူရောင်ဓားချီက ငွေရောင်ဝံပုလွေ၏ ခဏတားဆီးမှုကိုခံလိုက်ရပြီးနောက် ၎င်းက ငွေရောင်ဝံပုလွေ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြစ်အောင်ပိုင်းဖြတ်သွားသည်ကို သူ့အနေဖြင့် ကူကယ်ရာမဲ့စွာကြည့်နေရုံတစ်ခုသာတက်နိုင်ခဲ့သည်။ ထို့နောက်တွင် ကျန်ရှိနေသော ဓားချီစွမ်းအားတို့က သူ့ထံသို့ဆက်လက်၍ ကျဆင်းလာသည်။
ဆက်ရန်……….
ဘာသာပြန်သူ- ARISE