← Chapters

ထူးဆန်းစွာ ပြောင်းလဲသွားသော အဖြစ်အပျက်

Vol. 53 Ch. 742

ထူးဆန်းစွာ ပြောင်းလဲသွားသော အဖြစ်အပျက်

Vol. 53 Ch. 742

စစ်ထူဟောင်၏စကားများက ထန်ရှုကို အံ့အားသင့်သွားစေသည်။ သို့သော် သည်အဘိုးအိုသည် သူ့အား ကျင့်ကြံသူတစ်ယောက်အဖြစ် သိနိုင်ကောင်းမှန်း သူ နားလည်သွားသည်။ အမှန်တော့ သူသည် စစ်ထူမိသားစုမှ လိုအပ်သော အဆောင်များကို ရောင်းချသူဖြစ်စေ၊ သို့မဟုတ် ကျင်းစန်းချီ၊ ကျင်းစီကျဲနှင့် တာအိုချင်းကွမ်တို့ကို သတ်ပစ်ခဲ့သည့်အချက်ဖြစ်စေ၊ ထူးဆန်းသော တံခါးများမှ မိသားစုရှစ်စုနှင့် အင်အားစုကို အမြစ်ပြတ်ချေမှုန်းခဲ့သော တာဝန်ရှိသည့် လူတစ်ယောက်ဖြစ်စေ၊ သူသည် မည်သူမည်ဝါဖြစ်သည်ကို ထူးဆန်းသော တံခါးများအောက်ရှိ မျိုးနွယ်စုများက စုံစမ်းနိုင်ဖွယ် ရှိသည်။

သူက ငါ့ကို ကြောက်တယ်ပေါ့။

ထန်ရှုသည် စစ်ထူဟောင်ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ရာ ထိုအဘိုးအို၏ မျက်လုံးများအတွင်းမှ အကြောက်တရားအား မြင်လိုက်ရပြီး ချက်ချင်းပင် စိတ်ထဲ၌ မချိပြုံး ပြုံးမိသည်။

ဘေးတွင် ရှိနေသော ရွှယ်ယု အံ့အားသင့်နေသကဲ့သို့ ဟော်စီမင်းသည် ပို၍ပင် အံသြသွားရသည်။ သူ မည်သို့ပင် တွေးနေပါစေ မယုံနိုင်စရာ ဖြစ်နေသည်။ အဖိုးတန်အသီးကိုဝယ်ပြီး တခြားသူကို အချည်းနှီး လက်ဆောင်ပေးရန် အသက်ကြီးသူက မည်သည့်အတွက်ကြောင့် ငွေကုန်ကြေးကျခံရသည်ကို သူ မတွေးတတ်လောက်အောင် ဖြစ်နေသည်။ ထို့ထက်ဆိုးသည်မှာ တစ်ဖက်လူက လက်မခံမည်ကို စိုးရွံ့နေပုံရပြီး တောင်းတောင်းပန်ပန် ပြောခဲ့သည်ကို တွေ့မြင်နေရခြင်းပင်။

ပင့်ကူနက်ကတော့ ကြက်သေ သေနေပြီး ပါးစပ်အာစေးမိနေသည့်အလား တိတ်ဆိတ်သွားသည်။ ကြားလိုက်ရသည့် သူမ၏နားများကိုပင် မယုံမကြည် ဖြစ်နေမိသည်။ ဤလူသည် စစ်ထူမိသားစု၏ အဆင့်အတန်းမြင့်သော လူတစ်ဦးဖြစ်ပြီး အရိုသေရဆုံး ဘိုးဘေးတစ်ဦးဖြစ်သည်။ သူမအတွက် သူသည် မြင့်မားသော အခြေအနေတွင် ရှိနေပြီး မြင့်မြတ်သူတစ်ဦး ဖြစ်ခဲ့သော်လည်း ထိုသူသည် ထန်ရှုအား နှိမ့်ချစွာဖြင့် တလေးတစား ပြောဆိုခဲ့သည်။ သူမအတွက် လက်မခံနိုင်ဆုံးသော အချက်မှာ စစ်ထူမိသားစု၏ဘိုးဘေးက အရှေ့က ထိုလူငယ်ကို ကြောက်နေဟန်ရပြီး ထိုသူ့ကို ဖားယားရန်ပင် ကြိုးစားနေဟန်ရှိသည်။

တဆိတ်လောက် … ဒီမှာ ဘာတွေဖြစ်နေတာလဲဟင်။

စစ်ထူမိသားစု၏အဆင့်အတန်းနှင့် သူတို့၏ဘိုးဘေး ပိုင်ဆိုင်ထားသည့် စွမ်းရည်တွေကြား သူ့ကို ကြောက်ရွံ့စေသည့်ပုံစံမျိုးဖြင့် တရုတ်နိုင်ငံမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ရှိနေတာ ဖြစ်နိုင်ပါ့မလား။

စစ်ထူဟောင်သည် အိုမင်းနေပြီဖြစ်သော ဦးနှောက်ကြောင့် ခေါင်းရှုပ်နေမည်ကို စိုးရိမ်သွားသောကြောင့် ပင့်ကူနက်သည် ချက်ချင်း အသိပြန်ဝင်လာပြီးနောက်

“အကြီးအကဲ စစ်ထူ … စီနီယာ … ရှင် မှားနေတာ မဟုတ်ပါဘူးနော်။ သူက…"

"ငါ ခေါင်းရှုပ်နေတာမဟုတ်သလို သူ့ကို အသိအမှတ်ပြုတာလည်း မမှားပါဘူး။" စစ်ထူဟောင်က ပြတ်သားသော လေသံဖြင့် ပြောသည်။ “အစောပိုင်းက ဆရာကြီးထန်ကို ငါ့ရဲ့ဆက်ဆံပုံက ဆိုးတယ် … ငါကိုယ်တိုင် ပြင်ရမယ့် အမှားကြီးတစ်ခုပဲ။ ဒါကြောင့် ငါက ဆရာကြီးထန်ကို ဒီအသီးနဲ့ လျော်ကြေးပေးရမယ်။"

ထိုစကားပြောရင်း သူသည် ထန်ရှု၏အရှေ့သို့ လျှောက်သွားကာ ညို့ငင်အသီးအား လက်နှစ်ဘက်ဖြင့် ပေးလိုက်ရင်း

"ဆရာကြီးထန် … ကျေးဇူးပြုပြီး ငါ့ရဲ့ မသိနားမလည်မှုအတွက် ခွင့်လွှတ်ပါ။ ငါ့အမှားကို ရိုးရိုးသားသား ဝန်ခံပြီး ပြင်ဖို့ ဆန္ဒရှိပါတယ်။ ဒီအသီးကို ငါ့ရဲ့တောင်းပန်မှုအဖြစ် လက်ခံပြီး ငါ့အမှားအတွက် ပြင်ဖို့ အခွင့်အရေးပေးပါ။"

ထန်ရှုတစ်ယောက် စစ်ထူဟောင်ကို ကြည့်ရင်း ငိုရခက် ရယ်ရခက် ဖြစ်နေသည်။ အဘိုးအိုက ပြောပြီးပြီမို့ သူ ငြင်းဆန်ရန် မသင့်တော်ပါချေ။ သူသည် ညို့ငင်အသီးကို လက်ခံလိုက်ပြီးနောက် အပြုံးဖြင့်

"ခင်ဗျားက စစ်ထူဟောင်နော်။ စစ်ထူမိသားစုက လူတွေက အမှန်တကယ်ကို လူကောင်းတွေပဲ။ သူတို့က ကျွန်တော့်ကို အချိန်တိုင်း ကျေနပ်အောင် လုပ်ပေးနိုင်တယ်။ ကောင်းပါပြီ … ဒီညို့ငင်အသီးကို ကျွန်တော် လက်ခံပါ့မယ်ဗျ။"

စစ်ထူဟောင်က အနည်းငယ် ရွှင်မြူးနေပုံရပြီး “လက်ဆောင် လက်ခံပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူနေရမှာက ငါပါ။ စကားမစပ် … မကြာခင် မွန်းတည့်ချိန် ရောက်တော့မယ်။ နေ့လည်စာစားဖို့ ဖိတ်လို့ရမလား ဆရာကြီးထန်…။”

ထန်ရှု အတန်ငယ် တွေးတောလိုက်ပြီး ခေါင်းယမ်းကာ “ကျွန်တော် မလိုက်နိုင်တော့ပါဘူး။ လုပ်စရာတစ်ခု ရှိနေသေးလို့ ခင်ဗျားရဲ့နေ့လည်စာဖိတ်တာကို ကျော်လိုက်ပါရစေ။ ဒါပေမယ့် ဒီညို့ငင်အသီးကို လက်ဆောင်ပေးတဲ့အတွက် ခင်ဗျားကို ကျွန်တော် လက်ဆောင်ကြီးတစ်ခု ပေးပါ့မယ်။ လဝက်ကြာရင် လီကျွီရန်ကို တွေ့ဖို့ ဟောင်ကောင်ကို ကိုယ်တိုင်သွားလိုက်ရင် ပိုကောင်းမယ်။ ပြီးရင် ခင်ဗျားအတွက် အကျိုးထူးတစ်ခုရလာမှာ ကျွန်တော် သေချာပြောရဲတယ်။”

လီကျွီရန်လား…

စစ်ထူဟောင်သည် ခဏတာ တွေဝသွေားသည်။ သူသည် လီကျွီရန်ကို သိပြီး ထိုသူနှင့်အတန်ငယ် ခင်မင်ရင်းနှီးသည်။ ထန်ရှုက သူ့အား မည်သည့်လက်ဆောင်ကြီး ပေးမည်ကို မသိသော်ငြား လေးလေးစားစား တုံ့ပြန်လိုက်သည်။

"အဲ့ဒီအချိန်ကျရင် လီကျွီရန်ဆီ ငါကိုယ်တိုင် သွားလည်ပါ့မယ်။"

ထန်ရှုက ခေါင်းညိတ်ပြပြီး စစ်ထူဟောင်အား နှုတ်ဆက်ကာ ရွှယ်ယုနှင့် ထွက်လာသည်။ ဆေးပင် ဈေးကွက်သို့ ရောက်လာရခြင်း၏ရည်ရွယ်ချက်တွင် ဤညို့ငင်အသီးသည် ဦးစားပေး ဖြစ်ပေရာ ယခု သူတို့ရရှိထားပြီဖြစ်သောကြောင့် သူ သည်နေရာတွင် ဆက်မနေချင်တော့ပေ။

ရုံးခန်းအတွင်း…

စစ်ထူဟောင်သည် အလျင်စလို မထွက်ခွာပေ။ လေးလံသော ဝန်ထုပ်ဝန်ပိုးအား သူ၏ပခုံးထက်မှ ချလိုက်ရသလိုမျိုး သူ၏အိုမင်းသော မျက်နှာထက်တွင် သက်တောင့်သက်သာရှိသော အမူအရာတစ်ခု ပေါ်လာသည်။ သူ ဆိုဖာပေါ် ပြန်ထိုင်လိုက်စဉ် သူ၏မျက်နှာထက်က အရေးအကြောင်းများပင် ဆန့်လာပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“အကြီးအကဲ စစ်ထူ … ကျွန်မ နားမလည်ဘူး။” ပင့်ကူနက်က ထိုင်လိုက်ပြီးနောက် သွားများကို တင်းတင်းစေ့ကာ ပြောလာသည်။

ဟော်စီမင်းသည်လည်း အလားတူ နားမလည်သောကြောင့် အနောက်က သံယောင်လိုက် ပြောသည်။

“ငါလည်း နားမလည်ဘူး။ ထန်ရှုက တရုတ်ဆေးလောကမှာ မကြာသေးမီက ပေါ်ထွက်ခဲ့တဲ့ နတ်ဆေးသမားတော်ဖြစ်ပြီး ငါလည်း သူ့ကို အနည်းငယ် သဘောကျမိပါတယ်။ ဒါပေမယ့် မင်းရဲ့ အဆင့်အတန်းနဲ့ဂုဏ်ပုဒ်အရ မင်းဘာကြောင့် ဒီလိုပြုမူခဲ့တာလဲဆိုတာ ငါ စဉ်းစားလို့မရဘူး။ မင်း တအားကို …”

"တအားကို သတိထားနေတာလား … တအားကို လေးစားနေတာလား … ဒါမှမဟုတ် တအားကို ဖားယားနေတာလား … မင်း ဒီလိုပြောချင်နေတာမလား။”

စစ်ထူဟောင်က ဟောင်စီမင်းကို လှမ်းကြည့်ပြီး သူ၏အိုမင်းသောမျက်နှာပေါ်ရှိ အပြုံးသည် ပြောင်းလဲမသွားဘဲ

"သူက သာမန်လူတစ်ယောက်သာဆိုရင် ဒီလိုမျိုး ငါ လုပ်ဖို့ ထိုက်တန်တဲ့လူ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမယ့် တကယ်ဆို သူက ဘယ်သူလဲ။ နတ်ဆေးသမားတော်လား။ ဟားဟားဟား … ဘယ်လို ဂုဏ်ပုဒ်နဲ့ ဘယ်လောက်အတိုင်းအတာအထိ သူ့ရဲ့အကြောင်းက မင်း တွေးကြည့်လို့ မရနိုင်တဲ့အရာပဲ။ ကောင်းပြီ … ထားလိုက်ပါတော့။ ဒါက မင်းမသိတာ ပိုကောင်းပါတယ်။ တိုတိုပြောရရင် မင်းတို့ သူ့ကို အနာဂတ်မှာ ဘယ်တော့မှ ပြစ်မှားလို့မရဘူးဆိုတာ မှတ်ထားပါ။ သူ့ကို ဘိုးဘေးလေးတစ်ယောက်အနေနဲ့ မြင်နိုင်ရင် အကောင်းဆုံးပဲ…”

ဟမ့်...

ဟော်စီမင်းသည် စိတ်ထဲတွင် အထင်အမြင်သေးစွာဖြင့် ဟမ့်ကနဲ လုပ်လိုက်သော်လည်း စစ်ထူဟောင်အား ပြန်လည်ချေပခြင်းမရှိပေ။ သူသည် ဆေးဖက်ဝင် အပင်များ ရောင်းဝယ်ဖောက်ကားသည့် အဘိုးအိုတစ်ဦးမျှသာ ဖြစ်ပြီး စစ်ထူဟောင်ကဲ့သို့ လှည့်စားပြောဆိုတတ်သော၊ စိုးရိမ်မှုကင်းစွာ တစ်စုံတစ်ယောက်အား ဝဖေန်ပိုင်းခြားတတ်သောသူ မဟုတ်ပေ။

ထို့ပြင် စစ်ထူမိသားစုသည် နာမည်ကြီးသူများ ဟုတ်ပါ့မလား။ သူသည် ပြည်နယ်အသီးသီးမှ ထင်ရှားသော မိသားစုများစွာကို သိသော်လည်း စစ်ထူမျိုးရိုးအမည်ဖြင့် ထင်ရှားသော မိသားစုအကြောင်းကို တစ်ခါမျှ မကြားဖူးပါချေ။

ပင့်ကူနက်ကမူ စစ်ထူဟောင်၏သတိပေးချက်ကို အလွန်အလေးထားပြီး အာရုံစိုက်ခဲ့သည်။ သူမသည် အသေအချာ ခေါင်းညိတ်ပြပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ စစ်ထူမိသားစုတွင် စစ်ထူဟောင်၏အခြေအနေကို သူမ သိသည်။ ထိုလူသည် စစ်ထူမိသားစုမှလူများအား သူ၏သာမန်စကားများကိုပင် ခခယယပြုံးပြရကာ တုံ့ပြန်စေနိုင်သည်။ ထူးဆန်းသောတံခါးများတွင် ထိုသူသည် အလွန်လေးစားမြင့်မြတ်ထိုက်သည့် အနေအထားတွင် ရှိသော်ငြားလည်း ထိုလူငယ်၏အရှေ့တွင် လေးစားမှု ရှိနေရသေး၏လော။

သို့သော် ထိုနောက်တဖန် ... အနှီထန်ရှုသည် မည်ကဲ့သို့ မြင့်မြတ်သောသူ ဖြစ်ပါလေသနည်း…

ဆေးပင်များဈေးအတွင်းတွင်…

ထန်ရှုသည် တန်းပြန်ရန် အစီအစဉ် ရှိသော်လည်း ရွှယ်ယုက ဆေးဓာတ်စာအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များကို ဝယ်ရဦးမည်ဟု ပြောလာသည်။

နာရီဝက်အကြာတွင် သူမသည် ဖြည့်စွက်ဆေးဖက်ဝင်အပင်များကို ဝယ်ယူပြီး ယွမ်၂သိန်း၇သောင်းကျော် သုံးစွဲခဲ့သည်။

အသုံးအဖြုန်းကြီးလိုက်တာ…

ထန်ရှု မနေနိုင်စွာပင် တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည်။

နောက်ဆုံးဆေးဖက်ဝင်အပင်ကို ထုပ်ပိုးပြီးချိန်တွင် ရွှယ်ယုသည် အနည်းငယ်ဝမ်းနည်းသောအမူအရာဖြင့် “ဆေးဓာတ်စာ ပြုလုပ်ဖို့ လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေအားလုံးကို ဝယ်ပြီးပြီ။ ဒါပေမယ့် နှမြောစရာကောင်းတာက ဒီနေရာဟာ မြောင်ဒေသသာဆိုရင် သိပ်မကောင်းတဲ့ဂျင်ဆင်းထက် အရေးကြီးဆုံး ဖြည့်စွက်ဆေးဖြစ်တဲ့ ဂျင်ဆင်းကို ကျွန်မ ရခဲ့မယ်။”

“ပြောပါဦး မိန်းကလေး … ဂျင်ဆင်းရိုင်းဈေးကို မင်း သိလား။” ထန်ရှုက အားတင်းထားရသော အပြုံးဖြင့် “ဥပမာ ထောင်စုနှစ် ဂျင်ဆင်းရိုင်းကိုပဲ ကြည့်။ ဂဏန်းကိုးလုံးလောက် မပြင်ဆင်ဘဲနဲ့ အဲ့ဒါကို မင်း မဝယ်နိုင်ဘူး။ ညို့ငင်အသီးက ဂဏန်းကိုးလုံးထက် ကျော်လွန်ပြီး တန်ဖိုးရှိတယ်ဆိုတော့ ထောင်စုနှစ်ဂျင်ဆင်းရိုင်းနဲ့ အခြား ဖြည့်စွက်ဆေးဖက်ဝင်အပင်တွေပါ ပေါင်းလိုက်ရင် ဆေးဓာတ်စာတစ်မျိုးတည်းအတွက် ယွမ် ၂၀၀မီလီယံကနေ ၃၀၀မီလီယံအထိ ကျသင့်နေပြီ။ ဒါက ... ပိုက်ဆံဖြုန်းတာမဟုတ်ဘူးလား။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးတောင်မှ မင်း သူ့ကို ထပ်ခါထပ်ခါ အဲ့လိုလုပ်တဲ့ပုံစံမျိုးကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။”

ရွှယ်ယုက အပြုံးဖြင့်သာ တုံ့ပြန်သည်။ သူမ၏လက်နှစ်ဘက်လုံးတွင် အိတ်များစွာကို သယ်ဆောင်လာသော်လည်း သူမသည် ထန်ရှု၏အနားသို့ တိုးသွားလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒီတခေါက် ရှင့်အတွက် ကျွန်မ လုပ်ပေးမယ့် ဆေးဓာတ်စာက ကျွန်မ ရှင့်ကို ပေးနေကျ ဆေးဓာတ်စာနဲ့ မတူဘူး။ အခုတစ်ခေါက် ဆေးဓာတ်စာက ကျွန်မတို့မိသားစုရဲ့ ဘိုးဘွားတွေ ရေးခဲ့တဲ့ မှတ်တမ်းကို အခြေခံပြီး လုပ်ရမှာပါ။ သူ့အဆိုအရ အဲ့ဒီဆေးဓာတ်စာက ကိုးဆယ့်ခြောက်ပါးရောဂါ ကာကွယ်ဆေးရည်နဲ့ အလားတူပြီး သောက်သုံးတဲ့သူကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးလိမ့်မယ်။ ကျွန်မကိုယ်တိုင် သောက်ချင်တာတောင် အများကြီး မသောက်နိုင်ဘူး။”

"ဘာဖြစ်လို့လဲ။" ထန်ရှုက အံ့သြကာ မေးလိုက်သည်။

"ကျွန်မရဲ့ခန္ဓာကိုယ်က ဆေးအကျိုးသက်ရောက်မှုကို မခံနိုင်ဘူး။ အဲ့ဒါကြောင့်ပါ။" ရွှယ်ယုက ဖြေသည်။

ထန်ရှု၏မျက်လုံးများ အရောင်လက်သွားသည်။ သူက တစ်ချက်စဉ်းစားလိုက်ပြီး စိတ်ပိုင်းဖြတ်ကာ ပြောလိုက်သည်။

"မင်းက တကယ်ပြီးပြည့်စုံတဲ့ ဆေးဓာတ်စာကို လုပ်ချင်တဲ့အတွက် မင်းရဲ့ရည်ရွယ်ချက်အတိုင်း ငါ လိုက်လုပ်ပေးမယ်။ ငါ့မှာ ထောင်စုနှစ်ဂျင်ဆင်းရိုင်း ရှိတယ်။ တိုက်ခန်းကို ပြန်ရောက်ပြီးရင် မင်းကို ငါ ပေးမယ်။"

"တကယ်လား။"

ရွှယ်ယု၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဝမ်းသာအားရ မေးလာသည်။

"ဒါပေါ့ … တကယ်ပြောတာပါ။ ငါ ထန်ရှု ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ။ ဒီလောက်က အေးဆေးပါ ဟုတ်တယ်မလား။ မင်း အဲ့ဒီထောင်စုနှစ်ဂျင်ဆင်းရိုင်းကို နည်းနည်းပဲ သုံးလို့ရမယ်နော်။ ဒီနေ့ခေတ် ဂျင်ဆင်းရိုင်းတွေ ရဖို့ဆိုတာ အင်မတန် ခက်နေတာလေ။ အဲ့ဒါကို ရှာရတာက စိတ်ဖိစီးလွန်းလို့ မင်းရဲ့ဆံပင်တွေတောင် ထောင်လာလိမ့်မယ်။”

လေးနာရီကြာပြီးနောက်…

တွမ်ဆန်အိမ်ရာ၏တိုက်ခန်းတွင်…

ထန်ရှု ဧည့်ခန်းထဲမှာ ထိုင်နေသော်လည်း ပြင်းထန်သော ဆေးရနံ့က အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ အင်မော်တယ်ကမ္ဘာတွင် ဖြစ်စေ သို့မဟုတ် အင်မော်တယ်ကမ္ဘာမှ ပြန်ရောက်လာသောအခါဖြစ်စေ သူသည် ဆေးဓာတ်စာအမျိုးမျိုးကို အများအပြား စားသုံးခဲ့ဖူးသည်။ သို့သော် သည်တစ်ကြိမ်တွင် ရနံ့တစ်ခုတည်းကပင် သူ၏စားချင်စိတ်ကို နှိုးဆွနေပေသည်။ သည်အချင်းအရာသည် သူ့အတွက် ရှားပါးသော ဖြစ်ရပ်တစ်ခုပင် ဖြစ်တော့၏။

“ကောင်းပြီ။ လက်ဆေးပြီးမှ ယူသောက်ပါ။"

ရွှယ်ယုသည် မီးဖိုချောင်သုံး ခါးစည်းအဝတ်နှင့် ထွက်လာပြီး သူမ၏လက်ထဲတွင် ခရမ်းရောင်အိုးလေးတစ်လုံးကို ကိုင်ဆောင်လာသည်။ ထမင်းစားခန်းသို့ ရောက်သောအခါ ထန်ရှု လက်ဆေးနေစဉ် ခရမ်းရောင်အိုး၏အဖုံးကို သူမသည် ဂရုတစိုက် ဖွင့်လိုက်သည်။ ချိုမြမွှေးကြိုင်သော ဆေးရနံ့သည် အခန်းထဲတွင် ပျံ့လွင့်နေတော့သည်။ သူမသည် ပန်းကန်လုံးထဲ ထည့်ကာ ထန်ရှု၏အရှေ့တွင် ချပေးပြီးနောက် သူမက

" ရှင်က ကျင့်ကြံသူဆိုတော့ အရမ်းသန်မာတယ်။ ဒီဆေးဓာတ်စာထဲမှာ ပါရှိတဲ့ အစွမ်းနဲ့ စွမ်းအားကို လျစ်လျူမရှုဘဲ အာရုံစိုက်ပြီး သောက်ပါ။ ဒီဆေးရဲ့ အနံ့အရသာကြောင့် သေဆုံးနိုင်တာကို သတိထားပါ။”

ထန်ရှုက ပြုံးရုံသာပြုံးပြီး သူမ၏စကားများကို စိတ်ထဲ မထားပေ။ ပန်းကန်လုံးကို ကောက်ယူပြီး သောက်ရန် ဟန်ပြင်လိုက်စဉ်တွင် ရွှယ်ယုသည် ဆေးသောက်သည့် ဇွန်းသေးသေးလေးဖြင့် သူမ၏ပန်းကန်လုံးထဲမှ ခပ်ပြီး သတိကြီးစွာ ထားနေသော အမူအရာဖြင့် သူမ၏ပန်းရောင်လျှာလေးကို သုံးကာ လျက်လိုက်သည်ကို တွေ့လိုက်ရသည်။

မှန်တယ် … သူမက ဆေးကို လျှာလေးနဲ့ လျက်လိုက်တယ်။

ထန်ရှုသည် လေးနက်သောအမူအရာဖြင့် အေးစက်စက် ရွှယ်ယုကိုသာ မြင်နေကြဖြစ်ရာ ယခုအခါ သူမ၏ ဆွဲဆောင်မှုရှိသော ပန်းရောင်လျှာလေးကို အသုံးပြု၍ ဆေးဓာတ်စာအား လျှာဖြင့် အသာ တို့ကာ လျက်ကာ စားနေသော အမူအရာကို မြင်လိုက်ရသဖြင့် ပုံမှန်မဟုတ်သော ဆွဲဆောင်မှုရှိသည့် ခံစားမှုတစ်ခုနှင့် သူ၏အတွင်းပိုင်းမှ ပြင်းထန်သော တွန်းအားများ ထွက်ပေါ်လာပြီး သူ၏ဝမ်းဗိုက်အောက်ပိုင်းသည် ပူပြင်းလာလေတော့သည်။

ငါတော့ သောက်ကျိုးတွေ နည်းကုန်တော့မှာပဲ။

ထန်ရှုသည် ခေါင်းကို အလျင်အမြန် ငုံ့လိုက်ပြီး ထိုနေရာရှိ အပူကို လျှော့ချရန် "နှလုံးသားမီး သန့်စင်ခြင်းကျင့်စဉ်" ကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ သည်အချိန်မှာ ဆေးသောက်ခြင်းက အရေးကြီးဆုံးပင်။ ဆေးဓာတ်စာသည် ပန်းကန်လုံးနှစ်လုံးစာ မရှိတရှိ ဖြစ်သော်လည်း ဤဆေးဓာတ်စာ၏တန်ဖိုးသည် ယွမ် မီလီယံ၂၀၀ မှ ၃၀၀ အထိ ပမာဏများစွာ တန်ဖိုးကျသင့်ခဲ့သည်။

ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်လေတုန်း။

မည်သို့ပင်ဆိုစေကာမူ ထိုဆေးဓာတ်စာကို သောက်ခြင်းသည် ထန်ရှုအား နေမထိထိုင်မသာ ခံစားရစေသည်။ ထိုဆေးဓာတ်စာအား မျိုချလိုက်ပြီးနောက်တွင် ပြင်းထန်အားကြီးသော ပူနွေးသည့် ခံစားချက်တစ်ခု ချက်ခြင်း ပွင့်ထွက်လာသည်။ သူ၏ခြေလက်အရိုးများဆီ တဟုန်ထိုး စီးဆင်းလာသော ဒီလှိုင်းလုံးကြီးသဖွယ် အပူလှိုင်းမျှင်ပေါင်းတစ်ထောင်အဖြစ် ပြောင်းလဲသွားတော့သည်။

"ထန်ရှု မြန်မြန်သောက်လိုက်တော့။ ဆေးက အဖုံးဖွင့်လိုက်တာနဲ့ ထိရောက်မှု အများကြီး ယိုစိမ့်သွားတယ်။ ရှင် စောစောသောက်လေ ထိရောက်မှု ပိုများလေလေပဲ။”

ရွှယ်ယုက ဆေးလျက်နေရာမှ မော့ကြည့်ပြီး ထန်ရှုအား သတိပေးစကားဆိုလာသည်။ သူမသည် လျက်နေသော ဆေးဓာတ်စာအား ပါးစပ်တစ်လုပ်စာ သေချာစွာ စုပ်သောက်ပြီးနောက် နောက်ဆုံးတွင် သူမသည် ဆေးသောက်ခြင်းကို ရပ်လိုက်သည်။

ထန်ရှုသည် မှုန်ကုပ်ကုပ်ဖြစ်နေဟန်ရှိပြီး သူ၏ပန်းကန်လုံးထဲမှ ဆေးအားလုံးကို ချက်ခြင်း မော့ကာ မျိုချလိုက်သည်။ ရွှယ်ယု၏မျက်နှာထက်တွင် စိုးရိမ်နေသော အကြည့်တစ်ခု ရှိနေပြီး ခရမ်းရောင်အိုးထဲမှ လက်ကျန်ဆေးများကို သူမ၏ပန်းကန်လုံးထဲသို့ တန်းလောင်းချကာ ဗိုက်ပြည့်သွားသည့်ထိ သောက်လိုက်တော့သည်။

"ပူတယ်…"

သောက်ပြီးသွားသည့်နောက် ထန်ရှု ခံစားလိုက်ရသည့် တစ်ခုတည်းသော ခံစားချက်ဖြစ်သည်။ သူ့အရေပြားပေါ်ရှိ အပူဒဏ်ကို ခံစားရရုံသာမက သူ့တစ်ကိုယ်လုံး ပူထူလာသည်ကို ခံစားနေရပြီး သူ၏ကိုယ်တွင်းအင်္ဂါများကိုပါ ကြောက်မက်ဖွယ် အပူဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေသည်။

ယခုအချိန်တွင် သူ၏စိတ်စွမ်းအားသည် မည်မျှ ပြင်းထန်သော်လည်း သူ့တစ်ကိုယ်လုံး အရည်ပျော်နေသော မီးဖိုကြီးသဖွယ် ဖြစ်နေပုံရသည်ဟု ခံစားမိကာ ဆေးစွမ်းအားများ ရုတ်ခြည်းပင် အစွမ်းပြလာမှုကြောင့် သူ မူးဝေနေတော့သည်။

***

All Chapters