← Chapters

အပိုင်း(၁၇၃)

Vol. 12 Ch. 173

အပိုင်း(၁၇၃)

Vol. 12 Ch. 173

အနောက်မြေရိုင်းမြို့တော်တွင်  လေများက တဝီဝီတိုက်ခတ်နေပြီး ကောင်းကင်ထက်တွင် ဖုန်မှုန်များဖြင့်ပြည့်နေသည်။

အနောက်မြေရိုင်းမြို့ တံတိုင်းပေါ်တွင် လုံချန်မှာ ရှစ်ဖုန့်၏ စကားတို့ကိုကြားခဲ့ရပြီး ကျန်းကျွင်းချင်၏ ဆွံအသွားသော အမူအယာကိုတွေ့လိုက်ရသည်။သူ အတွင်းကျိတ်ကျိတ်၍ ရယ်မောလိုက်သည်။ ကျန်းကျွင်းချင်မှာ အနောက်မြောက်ပိုင်းဘုရင်ဖြစ်ကကာ အနောက်မြောက်နယ်မြေ၏ အရှင်သခင်တစ်ယောက်ဖြစ်သည်။  သူ့အားယခုကဲ့သို့ စကားမျိုးမည်သူကမှ ပြောရဲခြင်းမရှိခဲ့သည်မှာပင်နှစ်ပေါင်းများစွာ

ကြာမြင့်နေခဲ့ပြီဖြစ်လေသည်။  အရင်တုံးကဆိုလျှင် လုံချန်ကိုယ်တိုင်သည်လည်း ဤမွန်းစတားကြောင့် အာစေးထည့်ခံထားရသကဲ့သို့ ဆွံ့အခဲ့ရဖူးသည်ဖြစ်သည်။

လုံချန်က ကျန်းကျွင်းချင်ကို ပြောလိုက်သည်။

“အရှင် သခင်လေးဖုန့်ရဲ့ သိုင်းပညာအပေါ် နားလည်နိုင်စွမ်းတွေက ယွင်လိုင်အင်ပါယာအတွင်းက ဘယ်သူကမှ မယှဉ်နိုင်ပါဘူး..ကျုပ်ရဲ့ ဆရာဖြစ်သူ နလန်ယွမ်တောင်မှ ဘိုးဘေးနယ်ပယ်အဆင့် ကို နှစ်ပေါင်းများစွာတိုင်အောင် မဝင်ရောက်နိုင်ခဲ့ဘူး..လက်တလောကပဲ သူ ဘိုးဘေးနယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်နိုင်လိုက်တဲ့ အကြောင်းပြချက်က သခင်လေးဖုန့်ရဲ့ လမ်းညွှန်ပြသချက်ကြောင့်ပဲဖြစ်ပါတယ်”

“ဘာ”

လုံချန်၏  စကားတို့က ကျန်းကျွင်းချင်အား  အံ့အားသင့်စွာဖြင့် အလန့်တကြားအော်မိသွားစေသည်။   ယင်းမှာ မုန်တိုင်းထန်သော ပင်လင်တစ်ခုက ကျန်းကျွင်းချင်၏ နှလုံးသားအား ပြင်းထန်စွာ ဆောင့်မိသွားစေသကဲ့သို့ဖြစ်သွားစေသည်။ ဤစကားက ရှစ်ဖုန့်သူ့အားစွဲထင်အောင်လုပ်ပေးလိုက်သော သိုင်းတာအို အယူအဆ အမြင်သဘောထားကို ပို၍ပင် တုန်လှုပ်သွားစေသည်။

“အင်ပါယာ အကြံပေးဆရာသခင် ရဲ့ ဘိုးဘေးနယ်ပယ်ကိုချိုးဖြတ်ဝင်ရောက်သွားမှုကို ကျုပ်လည်းကြားခဲ့ရတယ်..ဒီတော့အဲ့တာက သခင်လေးဖုန့်ရဲ့ လမ်းညွှန်ပြသမှုတွေကြောင့်ပေါ့”

ကျန်းကျွင်းချင်က ရှစ်ဖုန့်ကို ကြည့်၍ မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။ နလန်ယွမ်က ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ် အဆင့်ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းနှစ််ဆယ်တိုင်ကြာမြင့်နေခဲ့ပြီဖြစ်ပြီးထိုကာလများတွင် အဆင့်ချိုးနိုင်ခြင်းမှရှိခဲ့ပေ။ သို့သော် ဤလူငယ်လေး၏ အသက်က တော့ မည်မျှင်ပင် ရှိသေးပါသနည်း။

“လူအိုကြီး နလန်ရဲ့ ပင်ကိုစွမ်းရည်ပါရမီအထုံက နိမ့်ပါးတယ်…အကယ်၍ သူသာ ဒီသခင်လေးနဲ့ မတွေ့ခဲ့ဖူးဆိုရင် နောက်ဆယ်နှစ်ကြာလည်း ဘိုဘေးနယ်ပယ်ကို သူဝင်ရောက်နိုင်မှာ မဟုတ်ဖူး”

ရှစ်ဖုန့်က တဲ့တိုးပင်ပြောချလိုက်သည်။ ၏

“အာ..”

အားလုံးအသံတိတ်သွားကြသည်။ ယွင်လိုင်အင်ပါယာ၏ အသန်မာဆုံးအစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ်အား နိမ့်ပါးသည်ဟု ပြောရဲသောသူမှာ ဤမွန်းစတားတစ်ကောင်းတည်းသာရှိသည်ဖြစ်သည်။

တောင်ပိုင်းဒေသအလယ်ဗဟိုရှိ အောင်းမြို့သည် အကြီးမားဆုံးနှင့် စည်ပင်ဝပြောမှုအရှိဆုံးသော တောင်ပိုင်းရှိမြို့တစ်မြို့ပင်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းပြချက်မှာ ယခင်တောင်းပိုင်းဗိုလ်ချုပ်လက်ရှိ တောင်ပိုင်ဘုရင်ဖြစ်သူ ရှစ်ကျင်းထျန်းနေရာ ဂေဟာရှိရာမြို့ဖြစ်သောကြောင့်ပင်ဖြစ်သည်။

အောင်းမြို့၏ ဝေဟင်ထက်တွင် ငွေရောင်အလင်းကကောင်းကင်ကိုထိုးခွင်းဖြတ်သန်းလာပြီး တောင်ပိုင်းဘုရင်၏  အိမ်ဂေဟာပေါ်၌ ဆင်းသက်လိုက်သည်။တောင်ပိုင်းဘုရင်ဖြစ်သူ၏ ဂေဟာဂိတ်ရှိ အပြာရောင်ချပ်ဝတ်တန်ဆာဝတ် အစောင့်အချို့မှာ ငွေရောင်အလင်းသက်ဆင်းလာသည်ကို တွေ့လိုက်ကြရသည်။ သူတို့ထဲကတစ်ယောက်က အလျှင်အမြန်လျှောက်သွားလိုက်ပြီးလေးစားစွာ

ဖြင့်မေးလိုက်သည်။

“သင်ကဘယ်သူပါလဲ..တောင်ပိုင်းဘုရင်ရဲ့ အိမ်ဂေဟာကိုသင်ဘာကြောင့်လာခဲ့ရတာပါလဲ”

လေထဲတွင်ပျံသန်းနိုင်ကြသော သူများမှာ အနည်းဆုံးအင်ပါယာနယ်ပယ်အဆင့်ရှိသောသူများဖြစ်ကြသည်။  ယွင်လိုင်အင်ပါယာတွင် ထိုသို့လုပ်ဆောင်နိုင်သော သူများမှာလက်တစ်ဆုပ်စာ လောက်ပင်ရှိသည်ဖြစ်သည်။  အစောင့်များအနေဖြင့် မလေးမစား မပြုမူရဲကြချေ။

အစောင့်၏ မေးခွန်းအားကြားလိုက်ရသောအခါတွင် ငွေရောင်အလင်းက ဟင်းလင်ပြင်ထဲတွင်ရပ်တန့်လိုက်ပြီး တောင်ပိုင်းဘုရင်၏ အိမ်ဂေဟာ အပေါ်၌ လွင့်မျောနေသည်။  ထို့နောက်ငွေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထား

သော လူငယ်တစ်ယောက်ပေါ်လာ၏။  သူ၏ ဆံပင်တို့ကလေထဲတွင်ကခုန်နေပြီး သူ့နောက်ကျောဘက်ရှိ ငွေရောင်ဝတ်ရုံက လေထဲတွင်ပြင်းထန်စွာ တလူလူလွန့်လူးနေသည်။ သူ့တွင်ချောမောသောမျက်နှာတစ်ခုရှိပြီး သူရဲကောင်းဆန်ပြီးခန့်ညားထည်ဝါသောရောင်ဝါရှိကာ  သူ၏ ပုံစံကငွေရောင်ချပ်ဝတ်စစ်ပွဲနတ်ဘုရားတစ်ပါး သက်ဆင်းလာသကဲ့သို့ထင်ရသည်။

“သင်ကဘယ်သူလဲ ဗိုလ်ချုပ်လေး….သင့်အနေနဲ့ တောင်ပိုင်းဘုရင်ရဲ့ အိမ်ဂေဟာထဲကိုဝင်ချင်တယ်ဆိုရင် ကျွန်ုပ် သတင်းပို့ပြီးတဲ့အထိစောင့်ဆိုင်းပေးစေချင်ပါတယ်..”

အစောင့်တပ်မှူးဖြစ်သူက ငွေရောင်ချပ်ဝတ်ပုံရိပ်ကို တွေ့လိုက်ရသောအခါတွင်  သူကပို၍ပင်လေးစားစွာဖြင့်ပြောလိုက်သည်။ သူသည်အသက်ပင်ငယ်ရွယ်လင့်ကစား တကယ့်ကိုပျံသန်းနိုင်စွမ်းရှိလေသည်။

“ဟားဟား”

အောက်တွင်ရှိနေသော အစောင့်များကိုကြည့်၍ ငွေရောင်ချပ်ဝတ်လူငယ်ကပျော်ရွှင်စွာဖြင့် ရယ်မောပြီး ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

“အဖေနဲ့အမေကိုပြောလိုက်ပါ.. သူတို့ရဲ့သား ရှစ်ရွှယ်ပြန်ရောက်လာပြီလို့”

“ရှစ်ရွှယ်…မင်းသားလေးရှစ်ရွှယ်..”

ငွေရောင်ချပ်ဝတ်လူငယ်၏ စကားတို့အား ကြားလိုက်ရသောအခါတွင်  အစောင့်တပ်မှူးမှာ ချက်ချင်းအံ့အားသင့်တုန်လှုပ်သွားသည်။  သို့သော်ဤ ဘုရင့်အိမ်တော်၌ နှစ်ပေါင်းများစွာနေထိုင်ခဲ့သောကြောင့် သူ့အနေဖြင့်မင်းသားလေး ရှစ်ရွှယ်အကြောင်းကိုအစကတည်းက ကြားဖူးပြီးသားဖြစ်သည်။ တောင်ပိုင်းဘုရင်၏အကြီးဆုံးသားဖြစ်သူ ရှစ်ရွှယ်က အသက်လေးနှစ်အရွယ်ကတည်းက ကျွမ်းကျင်သူတစ်ယောက်နှင့်တောင်ပေါ်သို့

သိုင်းပညာသင်ကြားရန် လိုက်ပါသွားခဲ့ပြီးနောက် လုံးဝပြန်မလာခဲ့ဟု သူကြားခဲ့ဖူးသည်။ သို့သေ်ထိုသည်က အချိန်ရှစ်နှစ်သာကြာမြင့်သေးသည်ဖြစ်သည်။ ဤငွေရောင်ချပ်ဝတ်နှင့်လူငယ်လေးကတော့ အသက်ဆယ့်ရှစ် ဆယ့်ကိုးအရွယ်ခန့်ဖြစ်နေသည်။

သို့သော် အစောပိုင်းကသူသည် “ငါ့အဖေနဲ့အမေကိုသွားပြောလိုက်” ဟူ၍ပြောခဲ့သည်။ အကယ်၍ သူကဟန်ဆောင်နေခဲ့လျှင်ကော။ ဤလူမှာပျံသန်းနိုင်သည့်သူဖြစ်သည်။  ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်က တစ်စုံတစ်ယောက်၏ သားအဖြစ်မည်ကဲ့သို့ ဟန်ဆောင်နိုင်ပါသနည်း။

“ကျေးဇူးပြုပြီး ခဏလောက်စောင့်ဆိုင်းပေးပါ…အခုပဲ ကျွန်ုပ် သတင်းသွားပို့ပေးပါ့မယ်”

သူ၏ သရုပ်မှန်ရှင်းလင်းစွာထွက်ပေါ်မလာခင်အချိန်အထိ အစောင့်တပ်မှူးအနေဖြင့် သူ့အား မင်းသားငယ်လေး၏ မခေါ်ရဲပေ။ သို့သော် သူ့အနေဖြင့် နှောင့်နှေးကြန့်ကြာအောင်လည်းမပြုရဲသောကြောင့် အလျှင်အမြန်ပင် အိမ်တော်ဆီသို့ပြေးသွားလိုက်သည်။

သိပ်မကြာခင်တွင်လှပသော အမျိုးသမီးတစ်ယောက်က အိမ်ဂေဟာအတွင်းမှပြေးထွက်လာသည်။ သူမကဖောင်းကြွ ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ ဆံပင်တို့ စည်းထားသည်။ သူမ၏ မျက်နှာက ခံ့ညားပြီး အထက်တန်းလွှာတစ်ယောက်ကဲ့သို့ အသွင်အပြင်ရှိသည်။  တစ်ချက်ကြည့်ရုံနှင့် ဤအမျိုးသမီးက သာမန်လူတစ်ယောက်မဟုတ်ကြောင်းကိုပြော

နိုင်သည်ဖြစ်သည်။

အခြားသော အစောင့်များက ဤအမျိုးသမီးအားတွေ့လိုက်ရသောအခါတွင် လျှင်မြန်စွာဖြင့် ဒူးတစ်ဖက်ထောက်အနေအထားဒူးထောက်လိုက်ကြပြီး ပြောလိုက်သည်။

“မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်”

“မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်”

ဤအမျိုးသမီးမှာ ယွင်လိုင်အင်ပါယာ ဧကရာဇ်လုံအောင်၏ အကြီးဆုံးသမီးဖြစ်သူ မင်းသမီးလုံယန်ပင်ဖြစ်ပြီး တောင်ပိုင်းဘုရင် ရှစ်ကျင်းထျန်း၏ ဇနီးလည်းဖြစ်လေသည်။

လုံယန်မှာ အိမ်တော်အတွင်းမှထွက်လာလာခြင်းပင် သူမ၏ ပုံမှန်ကိုယ်နှုတ်အမူအယာတို့အား ဆုံးရှုံးလိုက်ရသည်။သူမ၏မျက်လုံးတို့က ရှေ့သို့စေ့စေ့စပ်စပ် အနှံ့ကြည့်နေပြီး အစောင်းများကိုမေးလိုက်သည်။

“ဘယ်မှာတုံးငါ့ရွှယ်လေးက”

သူမ၏ သားဖြစ်သူမှာ သူမ၏ ရင်ခွင်ထဲမှ ထွက်ခွာသွားခဲ့သည်မှာ လေးနှစ်အရွယ်ကတည်းကဖြစ်သည်။ ထို့အချိန်မှဆိုလျှင်ရှစ်နှစ်တောင်ကြာမြင့်ခဲ့ပြီဖြစ်

ပြီး သူမအနေဖြင့် ထိုနှစ်များအတွင်းသားဖြစ်သူအား တစ်ကြိမ်ပင် တွေ့ခဲ့ရခြင်းမရှိပေ။ အရင်ကသိက္ခရှိစွာနေခဲ့သောလုံယန်ဤကဲ့သို့ဖြစ်ရခြင်းမှာ ပုံမှန်ပင်ဖြစ်လေသည်။

ထိုအချိန်တွင် မို့မောက်သောနဖူးနှင့် ယောက်ကျားပီသသောသူတစ်ယောက်က ရွှေရောင်မြွေနဂါးဝတ်ရုံကိုဝတ်ဆင်ထားပြီး သိက္ခာရှိခံညားသော မျက်နှာဖြင့် အိမ်တော်ထဲမှ လျှော်ကလှမ်း၍ထွက်လာသည်။  အစောင့်များကသူအားမြင်လိုက်ရသောအခါ

တွင် အသံနိမ့်ဖြင့်ပြောလိုက်ကြသည်။

“နှုတ်ခွန်းဆက်သပါတယ်..တောင်ပိုင်းအရှင်”

ဤပုဂ္ဂိုလ်မှာ ယခင်က တောင်ပိုင်း၏ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး လက်ရှိတွင် တောင်ပိုင်းဘုရင်တစ်ယောက်ဖြစ်ကာ ဧကရာဇ်၏ သားမက်ဖြစ်သူ ရှစ်ကျင်းထျန်းပင်ဖြစ်လေသည်။

“အဖေ..အမေ”

ထိုအချိန်တွင် ငွေရောင်ချပ်ဝတ် လူငယ်ဗိုလ်ချုပ်က အိမ်တော်အထက်မှနေ၍ ဂရုတစိုက်ဖြင့်ခေါ်လိုက်သည်။ ထို့နောက်တွင်ငွေရောင်ပုံရီပ်က လုံယန်၏ ရှေ့၌ ဆင်းသက်လိုက်သည်။

“မင်း…မင်းက ရွှယ်လေးလား….ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

လုံယန်က ခြေလှမ်းအနည်းငယ်နောက်သို့ဆုတ်လိုက်သည်။ သူမက သားဖြစ်သူကိုအသိအမှတ်ပြုနိုင်ရန် အနည်းငယ်လန့်နေသည်။  ဤသည်မှာ သူမစိတ်ကူးထားသည်နှင့်လုံးဝကိုကွဲပြားနေ

လေသည်။ သူမ၏ ရွှယ်လေးမှာ ဆယ့်နှစ်နှစ်သာရှိသေးသောသူဖြစ်သည်။  သူမအနေဖြင့် ကလေးငယ်လေး၏ အသွင်အပြင်ကို မှတ်မိနေသေးသည်။  ဤလူကတော့ အနည်းဆုံးအသက်ဆယ့်ရှစ်ဆယ့်ကိုးအရွယ်ရှိ

နေပြီဖြစ်သည်။

ရှစ်ကျင်းထျန်းက လုံယန်၏ ဘေးသို့လာလိုက်သည်။ သူ၏ လက်ကြီးကိုအသုံးပြုကာ လုံယန်၏ နောက်သို့ဆုတ်နေသောပုံရိပ်ကို ရပ်တန့်စေလိုက်သည်။  သူကငွေရောင်ချပ်ဝတ်လူငယ် ဗိုလ်ချုပ်ကိုကြည့်၍ ပြောလိုက်သည်။

“ဒါကရွယ်လေးပဲ..အမှန်ပဲ..ငါတို့သားက တစ်ခြားကလေးတွေထက် ငယ်ငယ်လေးကတည်းက ကြီးထွားနှုန်းမြန်တယ်…ကြည့်ပါအုံးသူ့ မျက်ခုံးနှစ်ခုကြားထဲမှာ မှဲ့တစ်ခုရှိသည်။

ရှစ်ကျင်းထျန်းမှာ ရှစ်ရွှယ်ကိုကြည့်ပြီးအံ့အားသင့်နေသည်။ ဤသူ၏ သားဖြစ်သူအား သူအနေဖြင့်သိုင်းကျင့်ကြံမှုနယ်ပယ်ကို ထွင်းဖောက်၍ မမြင်နိုင်ဖြစ်နေသည်။

“အဲ့တာတကယ်ပဲ ရွှယ်လေးလား”

ရှစ်ကျင်းထျန်း၏ စကားအားကြားလိုက်ရသောအခါတွင် လုံယန်က သူမရှေ့ရှိ ငွေရောင်ချပ်ဝတ်လူငယ်ဗိုလ်ချုပ်ကို ထပ်မံ၍ ဂရုတစိုက်ကြည့်ရှုလိုက်သည်။  သူမ၏ သားဖြစ်သူငယ်ငယ်ကနှင့်တစ်ပုံစံတည်းဖြစ်

သော မှဲ့နက်ကြီးတစ်ခုက တကယ့်ကိုထပ်တူညီစွာရှိနေသည်။

“ဟားဟား.အဖေက နှလုံးသားထဲမှာ သားဖြစ်သူကို ရှိနေတုံးပဲ ..တစ်ချက်ကြည့်ရုံနဲ့သားကိုမှတ်မိတယ်…အမေ..အမေကတော့သားကို ဒီနှစ်တွေမှာ လွမ်းမနေဖူးနဲ့တူတယ်”

ရှစ်ရွှယ်ကရယ်မောလိုက်သည်။ သူက အိမ်နှင့်ဝေးနေခဲ့သည်မှာ ရှစ်နှစ်ကြာခဲ့ပြီဖြစ်သည်။ သူ၏ ဆရာဖြစ်သူက သူ့အားသိုင်းပညာများကို တောင်တန်းထဲတွင်သင်ကြာပေးခဲ့သည်။ သူ၏ သွေးသားရင်းချာမိဘများကို တွေ့ဖို့မျှော်လင့်ခဲ့ရသည်မှာ နေ့ညပေါင်းမည်မျှပင် ရှိနေပါပီနည်း။ အခုတော့သူတို့က သူ၏ ရှေ့တွင်ရောက်ရှိနေပြီဖြစ်သည်။

“ရွှယ်လေး..ဒါကတကယ့်ကိုငါ့သားပဲ..ရွှယ်လေး”

၎င်းကသူ၏ သားဖြစ်ကြောင်းကိုအတည်ပြုပြီးသည့်နောက်တွင်  လုံယန်ကရှေ့တိုးလိုက်ပြီး နှစ်ပေါင်းများစွာသူမ မတွေ့ခဲ့ရသော သားဖြစ်သူကို တင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်။ သူမ၏ သားမှာတကယ့်ကိုကြီးပြင်းလာခဲ့ပြီဖြစ်သည်။

“အမေ..ဘာဖြစ်လို့လဲ…မငိုပါနဲ့…သား

ကနောက်တာပါ..အမေသားပြန်လာလို့ အမေပျော်သင့်တာ”

ရှစ်ရွှယ်က လုံယန်ကိုပြောလိုက်သည်။

“ငတုံးလေး…အမေက မင်းကိုတွေ့ရလို့ပျော်နေတာ…ဒါကြောင့် အမေငိုတာပေါ့”

“အိုး”

ရှစ်ရွှယ်က သူအပြည့်အဝနားမလည်သောပုံစံဖြင့်ခေါင်းညိမ့်လိုက်သည်။

“ရွှယ်လေး သားက သားရဲ့ဆရာဆီမှာ သိုင်းပညာကိုသင်ယူနေခဲ့တာနှစ်အများကြီးကြာနေပြီ..အခုသားရဲ့ကျင့်ကြံမှုအဆင့်ကဘယ်

လောက်လဲ”

ဤအချိန်တွင်ရှစ်ကျင်းထျန်းကမေးလိုက်သည်။

“အဖေ..သားဘိုးဘေးနယ်ပယ်ကို ဝင်ရောက်နေပြီ”

ရှစ်ရွှယ်က ရှစ်ကျင်းထျန်းကိုပြန်ဖြေလိုက်သည်။

“ဘိုးဘေးနယ်ပယ်..ဘိုးဘေးနယ်ပယ်..ဟား

ဟား..ကောင်းတယ်ကွာ…ဒါကကောင်းတယ်.ပဉ္စမမင်းသား လုံရှင်းကဘာလဲ…သူကိုယ်သူ နံပါတ်တစ်ပါရမီရှင်လို့ခေါ်ရဲတယ်တဲ့လား ငါ့သားနဲ့ယှဉ်လိုက်ရင် ကွာခြားချက်က မိုးနဲ့မြေလိုပဲ……..ပိုးစုန်းကြူးလေးက တောက်ပတဲ့ လမင်းကြီးကိုလာပြီးယှဉ်နေသလိုမျိုးပဲ…..အခုကစပြီးငါ့ရဲ့စစ်တပ်ထဲမှာ ပြိုင်ဘက်ကင်း တဲ့စစ်သည်တစ်ယောက် ကိုထပ်ရပြီကွ….ဟားဟား …..ဟားဟားဟား “

ရှစ်ကျင်းထျန်းက ဟက်ဟက်ပက်ပက်ကို ရယ်မောလိုက်သည်။ သူ့သားကတကယ့်ကိုမှာ ကွဲပြားသောသူဖြစ်လေသည်။ သူ၏ အကြီးဆုံးသားဖြစ်သူ ရှစ်ရွှယ်က ဆယ့်နှစ်နှစ်သာရှိသေးသော်လည်း ဘိုးဘေးနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။  သူ၏ ဒုတိယသားဖြစ်သူ  ရှစ်လဲ့က  အံ့ဖွယ်ခွန်အား အံ့ဖွယ်ခန္ဓာကိုယ်ဖြင့် မွေးလာသူဖြစ်သည်။ သူသည်ရှစ်နှစ်သာရှိသေးသော်လည်း  ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်အဆင့်ကိုရောက်ရှိ

နေခဲ့ပြီဖြစ်လေသည်။

သူ၏ တရားမဝင်သားဖြစ်သူရှစ်ဖုန့်တစ်ယောက်

လည်းရှိသေးသည်ဖြစ်သည်။ ထိုအချိန်က သူတကယ်ကြီးမှားယွင်းစွာအကဲဖြတ်ခဲ့မိသည်။ အခုတော့သူသည် ယွင်လိုင်အင်ပါယာအား ဇော်ထိုးမိုးမျှော်ဖြစ်အောင်ပြောင်းလဲခဲ့ပြီးဖြစ်

လေသည်။ ကောင်းကင်ဘုံလေဂိုဏ်း၏ ဒုခေါင်းဆောင်ဖြစ်သူဖုန်လောဟန်မှာ သူ၏ လက်ချက်ဖြင့်သေဆုံးသွား ခဲ့ရခြင်းဖြစ်သည်။  ရှစ်ကျင်းထျန်း မိန်းမများဖြင့်ရရှိခဲ့သော ကလေးများအားလုံးက မွန်းစတားတွေကြီးဖြစ်ပုံရလေသည်။

ယခုအချိန်တွင် ယွင်လိုင်အင်ပါယာကပရမ်းပတာအခြေအနဖြစ်နေပြီး ထိုသို့ဖြစ်နေခဲ့ချိန်တွင်သူ့သားဖြစ်သူ ရှစ်ရွှယ်ပြန်လာတာက ရှစ်ကျင်းထျန်းဖြစ်သောသူ့အတွက် ၎င်းအားဖြုတ်ချပစ်ရန် အခွင့်အရေးတစ်ခုဖြစ်ပုံရလေသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters