ယင်နှင့် ယန်တို့၏မျှခြေနှင့် သဟဇာတဖြစ်မှု
Vol. 54 Ch. 743
ထန်ရှု အံကို တင်းတင်းကြိတ်ပြီး ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ဖြင့် စွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ဆေးဓာတ်စာ စားသောက်မှုမှ ထွက်လာသော ဆေးစွမ်းအားသည် သူ တွေးထားသည်ထက် အဆပေါင်းများစွာ များပြားနေသောကြောင့် ရုတ်တရက် အံ့သြသွားသည်။ ယခုအချိန်အထိ သူ သန့်စင်ထားသော ဆေးလုံးများအား ပေါင်းစပ်လိုက်လျှင်ပင် ဤဆေးဓာတ်စာမှ ရသော ဆေးစွမ်းအားအား ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် ထိုဆေးစွမ်းအားသည် ထိုအရာ၏အံ့သြစရာ အကောင်းဆုံး ရှာဖွေတွေ့ရှိမှု မဟုတ်သေးပေ။ ထိတ်လန့်စရာ အကောင်းဆုံးမှာ ဤဆေးစွမ်းအားသည် အားကောင်းသည့် စုပ်ယူမှုအား ဖြစ်ပေါ်လာစေရုံသာမက ၎င်းသည် ကမ္ဘာ့စိတ်ဝိညာဉ်ချီကို အရပ်ရပ်မှ စုစည်းကာ သူ့ပတ်ဝန်းကျင်တွင် စုဝေးစေပြီး သူ့ခန္ဓာကိုယ်ထဲသို့ အတင်းစိမ့်ဝင်လာစေခြင်းပင်တည်း။ မှောင်မိုက်သော ကောင်းကင်အထက် စကြဝဠာရှိ ကြယ်ပင်လယ်ပြင်တွင် ရောင်စုံအလင်းတန်းများ တုန်ခါနေပြီး ကြယ်ပွင့်များ၏စွမ်းအားများသည် လှိုင်းလုံးကြီးများသဖွယ် ကျဆင်းလာကာ သူ၏ အဆက်မပြတ် ဆွဲဆောင်ခြင်းကို ခံရပြီး အဆက်မပြတ် ဝါးမျိုခြင်းကို ခံနေရသည်။
“ဒီလိုစွမ်းအားမျိုးက…”
ထန်ရှု ထိုအရာအားလုံးကို သန့်စင်နေသည်။ ကံမကောင်းစွာဖြင့် သူ၏အရှိန်အဟုန်သည် မမြန်ချေ။ ဆေးဓာတ်စာတွင် ပါရှိသော အစွမ်းထက်သည့် အကျိုးသက်ရောက်မှု၊ ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီနှင့် ကြယ်များ၏စွမ်းအားများသည် ဆည်မြောင်းအတွင်းမှ တဟုန်ထိုး စီးဆင်းလာသော မြစ်ရေများသဖွယ် သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒျာန်များ၊ ကြွက်သားများ၊ သွေးများ၊ ကိုယ်တွင်းအင်္ဂါများအတွင်းသို့ တဟုန်ထိုး စီးဆင်းလာသည်။
သူ၏ဒန်တျန်ထဲရှိ တွင်းနက်သည် ထိုစွမ်းအားကို ဖြည်းဖြည်းချင်း ဝါးမျိုနေရာမှ မြန်ဆန်လာကာ တွင်းနက်ထဲသို့ ဝါးမျိုရန်အတွက် ကြီးမားသော စုပ်ယူစွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်နေသည့် စွမ်းအင်ရေဝဲကို ဖြည်းဖြည်းချင်း ဖွဲ့စည်းလာသည်။
ရွှယ်ယုသည် လက်ထဲတွင် သူမ သောက်လက်စ ဆေးပန်းကန်လုံးလေးအား ကိုင်ရင်း ထန်ရှု၏အရှေ့တွင် ထိုင်နေသည်။ သူမကိုယ်တိုင် ဆေး၏အကျိုးသက်ရောက်မှုအား ခံစားနေရရုံသာမကဘဲ ထန်ရှုက ထိုဆေးအား အများကြီး သောက်ထားမိသည့်အတွက်လည်း သူမ စိတ်ပူနေရသည်။ သူမသည် အစက ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ထန်ရှုက သူမအား ကျင့်ကြံနည်းစနစ်ကို သင်ပေးထားသော်လည်း ချီ၏စီးဆင်းမှုကို သူမ လုံးဝ မခံစားခဲ့ရသေးပါချေ။
သို့သော်လည်း ယခုအချိန်တွင် နေရာတိုင်း၌ မရေမတွက်နိုင်သော စွမ်းအားများ အရှိန်အဟုန်ပြင်းစွာဖြင့် ရောက်လာနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနေရပြီး ထမင်းစားခန်းရှိ ချီစီးဆင်းမှုသည် မတည်မငြိမ် ဖြစ်နေကာ ထန်ရှုဆီမှ ထုတ်လွှတ်နေသော ပူပြင်းတောက်လောင်လှသည့် အပူလှိုင်းများနှင့် ပေါက်ကွဲထွက်နေသည့် သူ၏အော်ရာက သူမအား တုန်လှုပ်စေသည်။
အယ် …
ထန်ရှု၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် အပူရှိန်ကြောင့် ချက်ခြင်း ပြာအဖြစ် ပြောင်းသွားခြင်းကို သောက်လက်စ ဆေးပန်းကန်လုံးကို ကိုင်ထားရင်း ရွှယ်ယုသည် ကူကယ်ရာမဲ့စွာ ကြည့်ရှုနေရသည်။ သူ၏အသားအရေ နီရဲလာကာ ဆံပင်များသည် အနီရောင်ပြောင်းစပြုလာပြီး သူ၏အောက်ပိုင်းရှိ ကြံ့ခိုင်သော ယောက်ျားပီသမှုမျိုးကပင် သူ့အား အထူးသဖြင့် ရိုင်းစိုင်းသည့်အသွင် ဖြစ်နေစေသည်။
ရွှယ်ယုသည် သူမ၏ဆေးဓာတ်စာ သို့မဟုတ် ထိုအထဲတွင် ပါဝင်သော ဆေးစွမ်းအားသည် ထန်ရှုအား ကြီးစွာသော ဒုက္ခကို ဖြစ်စေခြင်းကြောင့် ယခုအချိန်တွင် အလွန်အန္တရာယ်များသော အခြေအနေထဲသို့ ထန်ရှု ကျရောက်နေခဲ့ပြီကို သတိမထားမိခဲ့ပေ။ အရပ်ရပ်မှ စွမ်းအားများကို စုပ်ယူနေသော ဤစုပ်ယူစွမ်းအားသည် တွင်းနက်၏စုပ်ယူမှုထက် အနည်းငယ် ပိုမိုဆိုးရွားနေပြီး ယခုအခါ ထန်ရှု၏ခန္ဓာကိုယ်သည် စွမ်းအင်အမျိုးမျိုးကို စုပ်ယူနေသောကြောင့် သူ၏ခန္ဓာကိုယ်သည် ထိုအရာကို နည်းနည်းလေးမှ တောင့်ခံနိုင်စွမ်းမရှိပေ။
ထန်ရှု၏ခန္ဓာကိုယ်သည် စတင်တုန်ရီနေလာပြီဖြစ်သည်။ သူသည် ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီနှင့် ကြယ်များ၏စွမ်းအားကို ပိုင်းခြားလိုသော်လည်း ဆေးဓာတ်စာအတွင်း ပါရှိသောအထူးစွမ်းအားကြောင့် ထန်ရှုသည် ထိုကဲ့သို့ ထိန်းချုပ်ပိုင်းခြားနိုင်စွမ်းမရှိပေ။ သူ၏အကန့်အသတ်သို့ ရောက်ခါနီးတွင် သူ၏နှလုံးသားအတွင်း၌ မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မကြာမီ သူ၏အဆုတ်များထဲတွင် ရွှေရောင်မီးတောက်၊ အသည်းထဲတွင် စိမ်းပြာရောင်မီးတောက်နှင့် သရက်ရွက်ထဲတွင် အဝါရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ဤအရာများသည် ဓာတ်ငါးပါး၏မီးနှင့် သက်ဆိုင်သော မီးမျိုးစေ့များပင် ဖြစ်တော့သည်။
ထန်ရှုသည် မရေမတွက်နိုင်သော ဆိုးရွားသည့် အဖြစ်အပျက်များကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသော်လည်း အနည်းငယ်ကသာ သူ့ကို စိတ်ပျက်သွားအောင် ပြုလုပ်နိုင်စေသည်။ သို့သော် ဤအခိုက်အတန့်တွင်တော့ စိတ်ပျက်အားလျော့သော အတွေးများသည် သူ့ထံတွင် ဖြစ်ပေါ်လာသည်။
ဓာတ်ငါးပါး၏နတ်ဘုရားမီးတောက် ပေါ်လာသည်ဖြစ်၍ နတ်ဘုရားများနှင့် နတ်ဆိုးများကို ကောင်းကင်ဘုံသို့ ပူဇော်ရမည်။
၎င်းသည် အင်မော်တယ်ကမ္ဘာနှင့် နတ်ဆိုးနယ်မြေတွင် ကျယ်ပြန့်စွာ ပျံ့နှံ့ကျော်ကြားသော စကားတစ်ခွန်း ဖြစ်သည်။ ဆိုလိုသည်မှာ ကျင့်ကြံသူသည် မိမိခန္ဓာကိုယ်အတွင်း၌ ဓာတ်ငါးပါး၏နတ်ဘုရားမီးကို တစ်ပြိုင်နက်တည်း ထွန်းညှိလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးအား သူ၏စိတ်ဝိညာဉ်ကို အသုံးပြုကာ အရိုအသေပေးရမည်ဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများပင် ခြွင်းချက်မရှိပေ။ ဤပူဇော်မှုမျိုးသည် ထိုသူ၏စိတ်ဝိညာဉ်အား ဖျက်ပစ်ကာ ပြန့်ကြဲသွားစေပြီး ကောင်းကင်ဘုံရှိ တာအိုနိယာမများထဲတွင် ပေါင်းစည်းသွားမည် ဖြစ်သည်။ ထို့နောက် ထိုသူသည် ပျောက်ကွယ်သွားကာ ထာဝရတည်ရှိမှု၏အခြားပုံစံဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
"ငါ အဲ့ဒီလို မဖြစ်ချင်ဘူး…"
ထန်ရှု ဒေါသတကြီး ကြုံးဝါးလိုက်သည်။ သို့သော် ကြယ်များ၏စွမ်းအားနှင့် ကောင်းကင်မြေကြီးမှ စိတ်ဝိညာဉ်ချီတို့သည် အားမပျော့သွားရုံသာမက ပိုမိုတိုးများလာသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆေးဓာတ်စာမှ ထုတ်ပေးသော အထူးစွမ်းအားသည် ပိုမိုသိပ်သည်းလာပြီး စုပ်ယူအားသည် ပိုမိုအားကောင်းလာသည်။
အဖိုးတန်ရတနာများစွာ စားသုံးမိသောကြောင့် သူ၏ဒန်တျန်တွင် တွင်းနက်ကြီး ဖြစ်ပေါ်လာသည်ကို သူ ဒေါသထွက်ခဲ့ဖူးသည်။ ထိုတွင်းနက်ကြီးသည် သူ တန်ဖိုးထားရပြီး အလွန်အရေးကြီးသော အရာများ ဖြစ်သည့် ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်နှင့် နတ်ဓားကိုပင် သိမ်းပိုက်ဝါးမျိုသွားခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ထိုတွင်းနက်၏ဝါးမျိုသော စွမ်းအားသည် မလုံလောက်သေးဟုပင် သူ ခံစားမိတော့သည်။ ထိုတွင်းနက်၏ဝါးမျိုသောစွမ်းအား ပိုမိုအားကောင်းလာစေရန်ပင် သူ မျှော်လင့်နေရပြီး ၎င်း၏ခန္ဓာကိုယ်အတွင်း၌ အဆက်မပြတ် တိုးပွားနေသော ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီနှင့် ကြယ်များ၏စွမ်းအားကို သပ်ရပ်စွာ ဝါးမျိုပေးနိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"တစ်ခုခုတော့မှားနေပြီ!"
ရုတ်တရက် ထန်ရှု၏မျက်နှာ အကြီးအကျယ် ပျက်သွားပြီး သူ၏ခန္ဓာကိုယ်သည် ပို၍ပင် တုန်ရီလာသည်။
ဆေးဓာတ်စာထဲတွင်ပါရှိသော အထူးစွမ်းအားသည် ကောင်းကင်မြေကြီးမှ စိတ်ဝိညာဉ်ချီနှင့် ကြယ်များ၏စွမ်းအားကို မစုပ်ယူတော့ဘဲ ထိုအစား ပတ်ဝန်းကျင်လေထုအတွင်းရှိ စွမ်းအားအမျိုးမျိုးကို သူ့ခန္ဓာကိုယ်အတွင်းသို့ စတင်စုပ်ယူနေသည်ကို သူ သိလိုက်ရသည်။ ဓာတ်ငါးပါး၏တောက်လောင်နေသော နတ်ဘုရားမီး၏ပြင်းထန်မှုနှင့်အတူ သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်မျိုးစုံ စိမ့်ဝင်သွားသည့်အရှိန်သည် ပို၍ ပို၍မြန်ဆန်လာသည်။
"မီးတောက်ထဲကို လောင်စာထပ်ထည့်နေတာလား။"
ထန်ရှု စိတ်ထဲမှ ညည်းညူမိလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်သည် နီမြန်းလာကာ သွေးကြောများနှင့် အရွတ်ကြောများသည် တွန့်လိမ်နေသော တီကောင်များသဖွယ် ထင်ထင်ရှားရှား မြင်နေရသည်ကို သူ သတိမမူမိပါချေ။
ဘိဇ်…
ထန်ရှု စိတ်ပျက်အားငယ်သွားသည့်အခိုက် မှောင်မိုက်ကာ ရှေးဟောင်းအငွေ့အသက်နှင့် ပြည့်နှက်နေသော အော်ရာတစ်ခုသည် သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ ရွှေရောင်ရှေးဟောင်းသင်္ကေတ နှစ်ခုသည် တောက်ပသော အလင်းရောင်များကို ထွက်ပေါ်လာစေပြီး ရွှေရောင်အလင်းတန်းများ ပျံ့နှံ့သွားသည်နှင့် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်။ ထန်ရှုသည် ထိုသင်္ကေတနှစ်ခုအား တစ်ခါမှ မမြင်ဖူးသောကြောင့် မည်သည့်သင်္ကတေများမှန်း သူ မသိချေ။ သို့သော် ထိုသင်္ကေတများအတွင်း ယင်နှင့်ယန်ဆိုသော အဓိပ္ပါယ်ကိုမူ သူ တွေ့လိုက်ရသည်။
"အဲ့ဒါ ဘာကို ဆိုလိုတာလဲ။"
စိတ်ပျက်အားငယ်နေသည့်ကြားမှ ထန်ရှု၏နှလုံးသားထဲတွင် မျှော်လင့်ချက်သဲ့သဲ့ ဖြစ်ပေါ်လာသည်။ ယခင်က ဤကဲ့သို့ မှောင်မိုက်သော ရှေးဟောင်းအော်ရာနှင့် သင်္ကေတများကို တွေ့ကြုံခဲ့ဖူးသောကြောင့် ထိုအရာများသည် သူ၏ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်မှ သတိပေးချက် ဖြစ်သည်ဟု သူ သိထားခဲ့သည်။ သူသည် ယင်ယန်အယူအဆအပေါ် လေ့လာခဲ့ပြီး နက်ရှိုင်းသော ဗဟုသုတအချို့ကိုလည်း ရရှိထားခဲ့ပြီးဖြစ်သည်။ စိတ်ရှုပ်ထွေးမှု ခဏာတာဖြစ်ပြီးသွားသောအချိန်တွင် တာအိုတဲ့ချင်း ရေးသားထားသော စာကြောင်းတစ်ကြောင်းသည် သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
“တာအိုသည် စည်းလုံးမှုကို မွေးဖွားပေးသည်။ စည်းလုံးမှုသည် ဆန့်ကျင်ဘက်အရာများဒွန်တွဲမှုကို ဖြစ်ပေါ်စေသည်။ ဆန့်ကျင်ဘက်အရာများဒွန်တွဲမှုသည် သုံးပါးတစ်ဆူကို ဖြစ်စေပြီး သုံးပါးတစ်ဆူသည် မရေမတွက်နိုင်သော အရာများစွာကို ဖြစ်စေသည်။ ထိုအရာများ သဟဇာတဖြစ်စေရန် အရာရာတိုင်းတွင် ယင်နှင့်ယန်တို့ ပါဝင်ကြသည်။”
"ယင်နဲ့ယန်ရဲ့ သဟဇာတဖြစ်မှုကို ဆိုလိုတာလား။"
ထန်ရှု ဝမ်းသာသွားသော်လည်း စက္ကန့်အနည်းငယ်အတွင်း ထိုဝမ်းသာမှုသည် ပျောက်ကွယ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေအား သူ အာရုံခံမိ၊ ရိပ်စားမိပြီးဖြစ်သည်။ ဓာတ်ငါးပါး၏ တောက်လောင်နေသော နတ်ဘုရားမီး ဖြစ်ပေါ်လာရခြင်းသည် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူသည့် ဓာတ်ငါးပါးတာအိုများသည် ယှဉ်တွဲလျက် ရှိနေရင်း တစ်ခုနှင့်တစ်ခု ဖြည့်တင်းပြည့်စုံစေစဉ်တွင် ယန်မီး အလွန်အမင်း လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် ယန်ချီ၏အစစ်အမှန် ကိုယ်ထည်ဖြစ်နေချိန်တွင် ယင်ချီကသာ ဓာတ်ငါးပါး၏ နတ်ဘုရားမီးကို ဖျက်ဆီးပေးနိုင်မည်ဖြစ်ပြီး သူ၏ဘေးဒုက္ခကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်နှင့်ယန်တို့ကို သဟဇာတကျစေရန် ဖြစ်သည်။
ဒါပေမယ့် ... ယင်စွမ်းအင်ကို ငါ ဘယ်နေရာက ရနိုင်မလဲ။
မဟုတ်သေးဘူး … တစ်နေရာ ရှိတယ်။…
သူ၏ဖရိုဖရဲမူလစွမ်းအားကို အရူးအမူး လှည့်ပတ်နေရသော ထန်ရှုသည် နီရဲနေသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထို့နောက်တွင် ဖြူဖျော့နေသော မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် သောက်လက်စ ဆေးပန်းကန်လုံးကို ကိုင်ထားဆဲဖြစ်သော ရွှယ်ယုအပေါ် သူ၏အကြည့်များ ရောက်သွားခဲ့သည်။
"ငါ့ကို ကူညီပါ…"
ထန်ရှု၏ပါးစပ်မှ ထိုစကားတစ်ခွန်းအား အားယူပြောလိုက်သော်လည်း သူ၏အသံမှာ ထူးခြားစွာ အက်ကွဲနေသည်။
"ငါ ဘယ်လို ကူညီပေးရမလဲ။" ရွှယ်ယုက အမြန်မေးလိုက်သည်။
ထန်ရှု သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏လက်ချောင်းများနှင့် လက်ဖဝါးထက်တွင် အက်ကွဲရာများ ပေါ်လာသည်။ သူ၏နှုတ်မှ စကားလုံးတချို့ ထပ်မံ ထွက်ပေါ်လာသည်။
“ငါ့အမျိုးသမီး … ဖြစ်ပေးပါ …”
သူ့စကားသံ ဆုံးသွားသည်နှင့် ရွှယ်ယု၏အရှေ့တွင် ဖျတ်ကနဲ ပေါ်လာကာ သူမကို ချက်ချင်း ပွေ့ဖက်ပြီး ကောက်ချီလိုက်သည်။ သူ အိပ်ခန်းထဲသို့ ဝင်လိုက်ပြီး ရွှယ်ယုအား ကုတင်ထက်တွင် တင်ကာ သူမ၏ကိုယ်ပေါ်ရှိ အဝတ်အစားများအား အစိတ်စိတ် အမွှာမွှာဖြစ်အောင် စုတ်ဖြဲပစ်လိုက်ည်။ ထိတ်လန့်တုန်လှုပ်နေသော ရွှယ်ယုသည် တခဏအတွင်းမှာပင် အဝတ်ဗလာဖြစ်သွားပြီး သူမ၏ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုကို ခံစားလိုက်ရတော့သည်။
အရှိန်ပြင်းပြင်းနှင့် တုန်လှုပ်ရသော အခိုက်အတန့်အချိန်…
ထန်ရှုသည် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းဆီမှ သူ၏ကိုယ်ထဲသို့ စိမ့်ဝင်လာသော အေးစက်သည့် ယင်စွမ်းအင်ကို ခံစားလိုက်ရသည်။ သူ၏စိတ်အခြေအနေသည် ယခင်အခြေအနေတိုင်း ရှိနေဆဲ ဖြစ်သည်။ သို့သော် သူသည် အားကုန်ထုတ်ရမည် ဖြစ်သောကြောင့် မဖြစ်မနေ စကားဆိုလိုက်ရသည်။
"မင်းရဲ့ ကျင့်ကြံမှုကို လှည့်ပတ်။"
ရွှယ်ယုသည် ယခုအချိန်တွင် သူမ၏ သန့်စင်မှုကို ထန်ရှု ယူဆောင်လိမ့်မည်ဟု မထင်ထားသောကြောင့် ဖော်ပြရန်ပင် မစွမ်းသာလောက်အောင် နာကျင်မှုကို ခံစားနေရပြီး လွန်စွာ စိတ်ဆင်းရဲနေရပြီဖြစ်သည်။ သူမသည် ဤအဖြစ်အပျက်အတွက် စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားပါသော်လည်း နာကျင်ခံစားရမှုနှင့်အတူ ဆုံးရှုံးရခြင်းဟူသောခံစားချက်သည် နင့်နင့်သီးသီး ဖြစ်ပေါ်နေဆဲတည်း။ ထန်ရှု၏ အသံသည် မကျယ်သည့်တိုင် သူမ ပြတ်ပြတ်သားသား ကြားနေရသည်။ သူမသည် နာကျင်မှုကို အောင့်အည်းကာ ထန်ရှု ပေးထားသော ကျင့်ကြံမှုနည်းစနစ်အား ကျင့်ကြံကာ သူမ၏ခန္ဓာကိုယ်အတွင်း ချီစီးဆင်းမှုကို ခံစားမိစေရန် ကြိုးစားလိုက်သည်။
"အို…"
ရွှယ်ယုသည် ချီစီးဆင်းမှုကို ခံစားလိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းမှ အပူစီးကြောင်းတစ်ခု ထွက်လာသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ထို့နောက် သူမ၏အတွေးများကို ထိန်းချုပ်ကာ ကျင့်ကြံနည်းစနစ်၏ လည်ပတ်မှုလမ်းကြောင်းအတိုင်း သူမ၏မရီဒျာန်များဆီသို့ စီးဆင်းရန် ထိုပူနွေးသော အပူစီးကြောင်းအား စတင်ထိန်းချုပ်လိုက်သည်။
“နာလိုက်တာ…”
အပူစီးကြောင်းသည် ပိတ်ဆို့နေသော ပထမ သွေးကြောမှတ်သို့ စီးဆင်းပြီးနောက် ၎င်းသည် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် တဟုန်ထိုး စီးဆင်းလာရာ မီးခိုးရောင်အရာဖြင့် ပိတ်ဆို့နေသော သွေးကြောမှတ်အား ချိုးဖြတ်သွားပြီး ကျဉ်းမြောင်းသော မရီဒျာန်ဆီသို့ ဝင်ရောက်လာသည်။
နာတယ် … နာတယ် … တအားနာနေတယ်…
ရွှယ်ယုသည် နာကျင်လွန်းသောကြောင့် အရှုံးပေးလုနီးပါး ဖြစ်နေသည်။ သူမသည် ကြမ်းတမ်းသော ပင်လယ်ပြင်ထက်မှ အထီးကျန်စွာ လူးလွန့်ရုန်းကန်နေရသော လှေလေးတစ်စင်းအလား ခံစားနေရသည်။ နာကျင်မှုသည် ထပ်ခါတလဲလဲ အကြိမ်ကြိမ် ရောက်လာသည် … အပူသည် အဆက်မပြတ် တိုးလာပြီး ကျင့်ကြံနည်းစနစ်၏ လည်ပတ်နေသော လမ်းကြောင်းပေါ် အခြေခံ၍ သွေးကြောမှတ်များမှတဆင့် တဟုန်ထိုး စီးဆင်းနေဆဲဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။
ရွှယ်ယုအတွက် တစ်ရက်တာ ဖြတ်သန်းရသည့် အချိန်သည် တစ်နှစ်တာမျှ နာကျင်စွာ ဖြတ်သန်းသွားရသည့်အလား ခံစားလိုက်ရကာ မကြာမီမှာပင် သူမ၏စိတ်စွမ်းအားအကန့်အသတ်သို့ ရောက်ရှိလုနီးနီး ခံစားလာရပြီဖြစ်သည်။ ရုတ်တရက် သူမ၏တစ်ကိုယ်လုံး တုန်ယင်လာပြီး တဝုန်းဝုန်း မြည်ဟိန်းလာသည်။ မီးတောင်ပေါက်ကွဲသွားသည့်အလား အပူလှိုင်းများသည် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းနှင့် သူမ၏ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ တိုးဝင်လာတော့သည်။ သို့သော် ဤအခိုက်အတန့်တွင် သူမ၏ကျင့်ကြံနည်းစနစ်ကို လည်ပတ်ရန် လိုအပ်သော ပိတ်ဆို့နေသည့် သွေးကြောမှတ်များအားလုံးသည် ပွင့်သွားကြပြီး ကောင်းကင်ဘုံလည်ပတ်မှု လမ်းကြောင်းတစ်ခုအဖြစ် ချိတ်ဆက်သွားပြီဖြစ်သည်။
နာကျင်မှုသည် တဟုန်ထိုး ပူလောင်နေသော အပူဒဏ်အောက်တွင် တဖြည်းဖြည်း လျော့နည်းသွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားသော သက်တောင့်သက်သာ ဖြစ်မှုတို့က ပြောမပြနိုင်လောက်အောင် အစားထိုးလာသည်။ ထိုသက်တောင့်သက်သာရှိမှုမျိုးသည် သူမဘဝတွင် တစ်ခါမျှ မခံစားဖူးသော ခံစားချက်တစ်ခုဖြစ်သည်။ အစောပိုင်းက သူမ ခံစားလိုက်ရသော ခံစားမှုနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ကောင်းကင်နှင့် ငရဲကို နှိုင်းယှဉ်ရသကဲ့သို့ပင်တည်း။
အံ့သြဖွယ်ကောင်းသော ခံစားမှုသည် သူမ၏ လောဘကို နှိုးဆွပြီး ထိုအရာကို စွဲလန်းစေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမသည် ဤသက်တောင့်သာရှိမှု၌ ထာဝရမွေ့လျော်ရမည်ဆိုပါက မည့်သည့်အခါမှ မနိုးထလိုတော့ပါချေ။
သို့သော်လည်း တောက်လောင်နေသော အပူများကြားတွင် အစစ်အမှန်အဆီအနှစ်သည် အရောင်စိုစို ချည်မျှင်အရွယ်အဖြစ် စတင်ဖွဲ့စည်းလာသည်ကို သူမ သတိမထားမိခဲ့သကဲ့သို့ အထူးစွမ်းအားသည် သူမ၏အစစ်အမှန်အဆီအနှစ်နှင့် တိတ်ဆိတ်စွာ ပေါင်းစပ်ပြီးနောက် အရည်အခြေအနေ အထူးစွမ်းအားတစ်ခုအဖြစ် ဖြစ်လာကြောင်းကိုလည်း သူမ သတိမထားမိခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်ရှိ မရီဒျာန်များသည် ပိုမိုကျယ်ပြန့်လာပြီး ၎င်း၏လမ်းကြောင်းနံရံများသည် ပိုမိုခံနိုင်ရည်ရှိလာချိန်တွင် ထိုအရည်ဓာတ်သည် ပို၍ပို၍ပေါများလာသည်။
နောက်ဆုံးတွင် ည၏အလင်းရောင်သည် ဖျော့တော့စွာ ရောက်လာခဲ့ပြီဖြစ်သည်။
ကုတင်ကြီးသည်လည်း ထပ်မံလှုပ်ယမ်းနေခြင်း မရှိတော့သလို ထန်ရှု၏နီရဲနေသော ခန္ဓာကိုယ်အခြေအနေသည်လည်း လွင့်ပါးသွားခဲ့ပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွင်း တည်ရှိနေသော ဓာတ်ငါးပါး၏နတ်ဘုရားမီးသည်လည်း ငြိမ်းသွားခဲ့ပြီး အက်ကွဲနေသော အရေပြားများပင် နဂိုအခြေအနေအတိုင်း ပြန်ကောင်းလာခဲ့ချေပြီ။
ထန်ရှုသည် ကောင်းကင်စကြာဝဠာကျင့်စဉ်အရ စွမ်းအင်လည်ပတ်မှုအား အရူးအမူး ထိန်းချုပ်ခဲ့ရသည်။ ဒန်တျန်၏အခြေအနေကို စောင့်ကြည့်ရန် ခွန်အားပင် မရှိတော့ပါချေ။ သူ့စိတ်တစ်ခုလုံးသည် သူ့အရာအားလုံးနှင့် ဆက်စပ်နေသည်။ လျင်လျင်မြန်မြန် စီးဆင်းနေသော မူလဖရိုဖရဲစွမ်းအားများကြောင့် ရွှယ်ယု၏ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကိုပင် သူ အာရုံမစိုက်နိုင်ပါချေ။
သူ သိသည်မှာ တစ်ခုသာ ရှိသည်။ ထိုအရာမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှု၏ကြီးမြတ်သော ကောင်းကင်ဘုံပတ်လမ်းကြောင်းနှင့် ရွှယ်ယု၏လမ်းကြောင်းတို့သည် ပြီးပြည့်စုံသော ကျင့်ကြံနည်းစနစ်လည်ပတ်လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့သည်။ ယင်းသည် ယင်နှင့်ယန်၏ သဟဇာတဖြစ်မှုအခြေအနေအောက်တွင် ဖြစ်ပေါ်လာသော အခြားပြောင်းလဲမှုအလုံးစုံ အဆင့်တစ်ခု ဖြစ်တော့သည်။
***