အပိုင်း (၁၇၄)
Vol. 12 Ch. 174
“အဖေနဲ့အမေသား လူသူကင်းမဲ့တဲ့မြောက်ပိုင်းသဲကန္တာရထဲမှာ လူယုတ်မာ တစ်ကောင်နဲ့တွေ့ခဲ့တယ်…သူက အရမ်းကြီးအသက်မကြီးသေးဘူး.သားထက် နည်းနည်းပဲ အသက်ကြီးလောက်မယ်..ဒါပေမဲ့သူက မိစ္ဆာပညာရပ်ကိုကျင့်ကြံထားပြီး တော်တော်လေးကို အကြင်နာမဲ့ရက်စက်တဲ့သူပဲ.. သူက အပြစ်ကင်းမဲ့တဲ့ မိန်းကလေးတစ်ယောက်ကိုသတ်ပစ်ခဲ့ရုံတင်မကဘူး…သားနဲ့အတူကြီးပြင်းလာခဲ့တဲ့ ငွေရောင်ဝံပုလွေကိုလည်းသတ်ပစ်ခဲ့ပြီး..သူတို့ရဲ့သွေးတွေကို သောက်သုံးခဲ့တယ်…သူ့ဓားချက်အောက်မှာသားသေတော့မလို့ပဲ….တစ်နေ့ကြရင် သားအဲ့နတ်ဆိုးကိုသတ်ပြီးတော့ ကမ္ဘာကြီးအတွက် ယုတ်မာမှုတွေကိုဖယ်ရှားပစ်မယ်”
ရှစ်ရွှယ်၊ ရှစ်ကျင်းထျန်းနှင့်လုံယန်တို့က ဂေဟာအတွင်းသို့အတူတကွ ဝင်လာကြပြီး ရှစ်ရွှယ်က သူလွန်ခဲ့သောနှစ်များစွာဖြစ်ပျက်ခဲ့မှုများကို
ပြောပြသည်။ မြောက်ပိုင်းသဲကန္တာရအတွင်းက နတ်ဆိုးအကြောင်းကိုပြောသည့်အချိန်တွင် သူ၏ ငယ်ရွယ်ပြီးချောမောသော မျက်နှာထက်၌ ဒေါသတရားတို့နှင်ပြည့်နှက်နေသည်။
“မြောက်ပိုင်းသဲကန္တာရနယ်မြေ..သွေးကိုသောက်တယ်..သွေးဝါးမျိုနတ်ဆိုးပညာရပ်.သူများ
ဖြစ်နေနိုင်မလား..ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်
မှာလဲ….ရှစ်ရွှယ်က ဘိုးဘေးနယ်ပယ်ကိုရောက်နေခဲ့ပြီပဲဟာ”
ရှစ်ရွှယ်၏ ဇတ်လမ်းအားကြားလိုက်ရသောအခါတွင် ရှစ်ကျင်းထျန်းမှာတုန်လှုပ်အံ့အားသင့်နေသည်။
အနောက်မြေရိုင်းမြို့အိမ်တော်၏ လျှို့ဝှက်အခန်းအတွင်းတွင်ဖြစ်သည်။
အနောက်မြောက်သဲကန္တာရဘုရင် ကျန်းကျွင်းချင်နှင့်ဝူရှောင်းယွင်တို့က ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့ကအဆင့်ချိုးဖြတ်လုနီးနီးဖြစ်နေကြသော
ကြောင့် သူတို့၏ ကိုယ်ပေါ်တွင် အဖြူရောင်အလင်းကတလက်လက်တောက်ပ
နေသည်။ သို့သော် သူတို့အဆင့်ချိုးဖြတ်ကာနီးတွင် အဖြူရောင်အလင်းကထပ်မံ၍ မှိန်ဝါးသွားသည်။
“ခင်ဗျားတို့ရဲ့ စစ်မှန်တဲ့ နှလုံးသားအတိုင်းဆက်နေ..ခင်ဗျားတို့ တစ်ခါမှမမြင်တွေ့ဖူးတဲ့ ရန်သူတစ်ယောက်ကခင်ဗျားတို့ရှေ့ကို ရောက်နေတယ်လို့စိတ်ကူးထား..ခင်ဗျားတို့ရဲ့ စွမ်းအားအပြည့်နဲ့ အားအကြီးဆုံးအစွမ်းအထက်ဆုံးသိုင်းပညာရပ်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်..”
ရှစ်ဖုန့်၏ အသံက နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့သူတို့၏ စိတ်အတွင်းသို့ဝင်ရောက်လာသည်။ ထို့နောက်သူကအော်ပြောလိုက်သည်။
“ချိုးဖြတ်ကြစမ်း”
“ဝှစ်ရှ်…ဝှစ်ရှ်”
ကျန်းကျွင်းချင်နှင့်ဝူရှောင်းယွင်တို့၏ ကိုယ်မှ အဖြူရောင်အလင်းများလင်းလက်လာပြီး တစ်ချိန်တည်းမှာပင် ကြွပ်ဆတ်ဆတ်နိုင်သော အသံတို့လည်းထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံးမှာတစ်ချိန်တည်းတွင် ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ကြခြင်းဖြစ်လေသည်။ ကျန်းကျွင်းချင်က ကြယ်လေးပွင့်အင်ပါယာနယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့ပြီး ဝူရှောင်းယွင်ကတော့ ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်ဖြစ်သည်။
သူတို့နှစ်ယောက်လုံးတစ်ချိန်တည်းတွင်မျက်လုံးများဖွင့်လိုက်ကြပြီး ရှစ်ဖုန့်အား ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်…သခင်လေးဖုန့်…”
“ကျေးဇူးတင်ပါတယ် …သခင်”
“ခင်ဗျားတို့တွေ အင်ပါယာနယ်ပယ်ရဲ့ ကြယ်တစ်ပွင့်ကိုပဲ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ကြတာ …အရမ်းကြီး တော်လှပြီကောင်းလှပြီဆိုပြီး ထင်မနေကြနဲ့..ဘိုးဘေးနယ်ပယ်ကတောင်မှ သိုင်းပညာလမ်းစဉ်ရဲ့ အစပိုင်းကိုခြေချမိတယ်ဆိုရုံပဲရှိသေးတယ်”
ရှစ်ဖုန့်က သူတို့သုံးယောက်အား သင်ကြားပေးနေသကဲ့သို့ ယဉ်ကျေးမှုမရှိသောလေသံဖြင့်ပြောလိုက်သည်။
ဘိုးဘေးနယ်ပယ်ကမှ သိုင်းပညာလမ်းစဉ်၏ အစပိုင်းဖြစ်သည်။ ထိုသည်က သူ့အနေဖြင့် သူတို့မှာ စတင်ခြင်းပင်မရှိသေးဟု ပြောခြင်းပငမဟုတ်ပါလော။
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ယဲ့ဝူရှင်း ၊ ဝူရှောင်းယွင်နှင့် ကျန်းကျွင်းချင်တို့မှာ အတွေးတစ်ခုကို တစ်ပြိုင်တည်းတွေးလိုက်ကြသည်။ သူကစကားလုံးများက အရမ်းကို ထိခိုက်စေလွန်းသည်ဟူ၍ပင်ဖြစ်၏။
“ကောင်းပြီး ခင်ဗျားတို့သုံးယောက်ကိုကျုပ် ပြီးရင် ဖွဲ့စည်းပုံတစ်ခုကိုသင်ပေးမယ်.. ခင်ဗျားတို့သုံးယောက်အနေနဲ့ လဲ့ကန်း…ရွှယ်ထူနဲ့ ရွှယ်ရီမုံ့တို့ရဲ့တိုက်ခိုက်မှုကို ရှုံးနိမ့်ခြင်းမရှိပဲ ရင်ဆိုင်နိုင်လိမ့်မယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကျုပ်တို့သုံးယောက်က ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်နှစ်ယောက်နဲ့ ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်တစ်
ယောက်ကို ရင်ဆိုင်ဖို့ လုံလောက်တယ်တဲ့လား..ဘယ်လိုဖွဲ့စည်းပုံမျိုးမို့လဲ”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ကျန်းကျွင်းချင်က အလန့်တကြာထအော်လိုက်သည်။
အင်ပါယာနယ်ပယ်များကြားထဲတွင် ကြယ်တစ်ပွင့်ကွာခြားခြင်းကပင် ကမ္ဘာတစ်ခုစာလောက်ကိုခြားနားသည်ဟု သိထားကြသည်ဖြစ်သည်။ သူတို့ကြားထဲတွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးမှာ အစောပိုင်းကမှ အဆင့်ချိုးဖြတ်ထားပြီး ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်သို့ရောက်ရှိထားသော ဝူရှောင်းယွင်ပင်ဖြစ်သည်။ အကယ်၍ ဝူရှောင်းယွင်က ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ် ရွှယ်ရီမုံ့အား အနိုင်ယူနိုင်လျှင်တောင် လဲ့ကန်းနှင့်ရွှယ်ထူတို့က ယဲ့ဝူရှင်းနှင့် ကျန်းကျွင်းချင်တို့ထက် ကြယ်လေးပွင့်မြင့်မားကြသေးသည်ဖြစ်သည်။ ဤသည်မှာ မကျော်လွှားနိုင်သော ကွာဟချက်မျိုးဖြစ်လေသည်။ ခုဏက ရှစ်ဖုန့်က သူတို့သုံးယောက်မှာ မရှုံးနိမ့်နိုင်ဟုပြောခဲ့သည်ဖြစ်သည်။
ယင်းအားသံသယမဝင်ရန်မှာ ခက်ခဲလှသည်ဖြစ်သည်။ သို့သော်သူတို့အားလုံးရှစ်ဖုန့်၏ နည်းလမ်းများအား မြင်တွေ့ဖူးခဲ့ကြပြီးဖြစ်၏။ အင်ပါယာ၏ အကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်ပင် သူ၏ လမ်းညွှန်ပြသမှုအောက်မှနေ၍ ဘိုးဘေးနယ်ပယ်သို့ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့သည်ဖြစ်သည်။
ကျန်းကျွင်းချင်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကအထင်သေးစွာဖြင့် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
“သူတို့ရဲ့ နိမ့်ကျတဲ့ပညာရပ်လေးတွေနဲ့ ဒီသခင်လေးကိုသူတို့သုံးယောက်က ဘယ်လိုနှိုင်းယှဉ်လို့ရမှာမို့လဲ”
“အာ.”
ကျန်းကျွင်းချင်မှာ လန့်ဖျန့်သွားပြီး ငြင်းဆိုခြင်းမပြုပေ။
“အဲ့တာကိုငရဲဘုံကိုးခု ကြယ်သုံးပွင့်ချိုးဖြတ်ခြင်း အစီအရင်လို့ခေါ်တယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ငရဲဘုံကိုးခု ကြယ်သုံးပွင့် ချိုးဖြတ်အစီအရင်….ဒါက ငရဲဘုံကိုးခုဧကရာဇ် ကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ပညာရပ်တစ်ခုပဲ…”
ဤနမည်အားကြားလိုက်ရသောအခါတွင် တစ်ချိန်လုံးငြိမ်နေခဲ့သော ယဲ့ဝူရှင်းက အလန့်တကြားထအော်ပြောလိုက်သည်။
ငရဲဘုံကိုးခုဧကရာဇ်မှာ တစ်ချိန်က ဤ တိုက်ကြီးပေါ်တွင် အသန်မာဆုံးသောကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့သည်။ အတွေးတစ်ချက်တည်းဖြင့် သူသည် လူသန်းပေါင်းများစွာ၏ အသက်ကိုထိန်းချုပ်မှုပြုလုပ်နိုင်သည်။
ငရဲဘုံကိုးခုဧကရာဇ်၏ နမည်အားကြားလိုက်ရုံနဲ့တင် လူတစ်ယောက်၏ နှလုံးသားထဲ၌ ကြည်ညိုမှုတို့ နှင့်ပြည့်နှက်သွားစေပြီး ၎င်းမှာ နတ်ဘုရားတစ်ပါးကဲ့သို့သော တည်ရှိှမှုမျိုးဖြစ်သည်။ ငရဲဘုံကိုးခုဧကရာဇ်က သေသွားခဲ့သည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဟူသော ကောလဟာလများရှိခဲ့သော်လည်း သူ၏ဂုဏ်သတင်းက ဒဏ္ဍာရီတစ်ခုကဲ့သို့ တည်ရှိနေသေးဆဲဖြစ်သည်။ ထိုထက်ပိုသည်ကား ငရဲဘုံကိုးခုဧကရာဇ်၏ တပည့်ဖြစ်သူတိုင်းမှ ထျန်းဟန်တိုက်ကြီးပေါ်တွင် ကျော်ကြားသော တည်ရှိမှုအဖြစ်ရှိနေကြသောသူများဖြစ်ကြသည်။ အားလုံးက သူတို့အားမော်၍ ကြည့်ကြရသည်သာဖြစ်သည်။
ယဲ့ဝူရှင်းသည်သာမကပဲ ကျန်းကျွင်းချင်နှင့် ဝူရှောင်းယွင်တို့ပင် ငရဲဘုံးကိုးခုကြယ်သုံးပွင့်ချိုးဖြတ်ခြင်းအစီအရင်အားကြားရသောအခါတွင် အမူအယာများပြောင်းလဲသွားကြသည်။ အကယ်၍ သူတို့၏ ရှေ့တွင်ရပ်နေသောသူမှာ ယခင်ငရဲဘုံးကိုးခုဧကရာဇ်ပင်ဖြစ်ပြီး သူ့တို့အားသိုင်းပညာရပ်များကိုသင်ကြားပေးနေကြောင်းသိသွားကြမည်ဆိုလျှင် သူတို့အနေဖြင့် စိတ်လှုပ်ရှားမှုတို့ကြောင့်တုန်ယင်မှုတို့ပင်ဖြစ်
နေလောက်သည်။
ထိုအချိန်တွင် လုံချန်ကပြောလိုက်သည်။
“ခင်ဗျားတို့သိချင်မှသိကြလိမ့်မယ်ဆိုပေမဲ့..သ
ခင်လေးဖုန့်ဟာ ငရဲဘုံကိုးခုဧကရာဇ်ရဲ့ အဆက်အနွယ်ထဲကတစ်ယောက်ဖြစ်ပါတယ်”
“ဘာ”
လုံချန်၏ စကားအားကြားလိုက်ရသောအခါတွင် သူတို့သုံးယောက်သားမှာ တုန်လှုပ်အံ့အားသင့်သွားကြသည်။ ငရဲဘုံးကိုးခုဧကရာဇ်၏ အဆက်အနွယ်ဆိုသည်မှာ ၎င်း၏ တပည့်များနှင့် မြေးတပည့် များအားဆိုလိုခြင်းပင်ဖြစ်လေသည်။ယင်းမှာ
ကျင့်ကြံသူပေါင်းများစွာကတမ်းတနေကြသော ပုံရိပ်တစ်ခုပင်ဖြစ်လေသည်။
“အံ့ဩစရာမရှိတော့ဘူး……အံ့ဩစရာကိုမရှိ
တော့ဘူး..မအံ့ဩတော့ပါဘူး..အဲ့သူတောင်းစားရှစ်ကျင်းထျန်းငါ့အပေါ်ဆီးလ်ခတ်ခဲ့တဲ့ ငရဲဘုံကိုးခု သိုင်းပညာဆီးလ်ခတ်မှုကို မင်းဖယ်ရှားပေးနိုင်တာကို”
ယဲ့ဝူရှင်းကပြောအော်ပြောလိုက်သည်။
“ပြီးတော့မင်းက မွန်းစတားတစ်ကောင်ဆန်နေတာက….မင်းမှာ ဒီလိုမျိုး မြင့်မားတဲ့ အဆင့်အတန်းတစ်ခုရှိနေတာကိုး”
“ဒီတော့ သခင့်မှာ ဒီလိုမျိုးပုံရိပ်တစ်ခုရှိတယ်ပေါ့ …..သခင့်မှာအေးခဲရေခဲလှံပညာရပ်ရှိနေတာကို ကျုပ်မအံ့ဩတော့ပါဘူး”
ဝူရှောင်းယွင်ကလည်း အလန့်တကြားအော်ပြောလိုက်သည်။
“သခင်လေးဖုန့်က သိုင်းပညာရပ်မှာကျုပ်တို့ထက် သာလွန်တဲ့ နက်ရှိုင်းတဲ့နားလည်မှုတွေရှိနေတာကို မအံ့ဩတော့ပါဘူး, …အင်ပါယာအကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်တောင်မှ သခင်လေးရဲ့လမ်းညွှန်ပြသမှုအောက်မှာ ဘိုးဘေးနယ်ပယ်ကိုချိုးဖြတ်ဝင်ရောက်နိုင်ခဲ့တာပဲ”
ကျန်းကျွင်းချင်က ပြောလိုက်သည်။ ထို့နော်သူက မြင့်မားသောစိတ်ဝိညာဉ်မျိုးဖြင့် ထပ်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ကြယ်သုံးပွင့်ချိုးဖြတ်အစီအရင်နဲ့သာဆိုရင် ကျူပ်တို့တွေက ရွှယ်ထူနဲ့တစ်ခြားသူတွေကိုဘာလို့ကြောက်နေရမှာလဲ…ငရဲဘုံကိုးခုဧကရာဇ်ကိုယ်တိုင်ဖန်တီး
ထားတဲ့ ဖွဲ့စည်းပုံ အစီအရင်တစ်ခုကို သင်ကြားရလောက်တဲ့အထိ လုံလောက်တဲ့ကံကောင်းမှုတွေရှိနေလိမ့်မယ်လို့ ကျုပ်လုံးဝကိုမတွေးထားခဲ့မိဖူးဘူး…….ဘယ်လိုတောင်မှဂုဏ်ယူစရာလဲ”
“ဒါပေါ့…ဒါပေါ့”
ရှစ်ဖုန့်၏ သရုပ်မှန်နှင့်ရှစ်ဖုန့်သင်ကြားပေးမည့် ပြိုင်ဘက်ကင်းဖွဲ့စည်းပုံအစီအရင်တစ်ခုအား နားလည်သွားပြီးသည့်နောက်တွင် အစကသံသယတို့ဝင်နေခဲ့သော သုံးယောက်သားမှာ ချက်ခြင်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့အပြည့်ရှိလာသည်။ငရဲဘုံးကိုးခုဧကရာဇ်၏ ဖွဲ့စည်းပုံအစီအရင်ကိုသင်ကြားရခြင်းကပင် သူတို့အား ပျော်ရွှင်စေသည်ဖြစ်သည်။ ဤဘဝတွင်နောက်ပိုင်းသေဆုံးရမည်ဆိုလျှင်ပင်လုံလောက်ပြီဖြစ်လေသည်။
“မှတ်ထားပါ ..ဒီဖွဲ့စည်းပုံရဲ့နမည်က ငရဲဘုံကိုးခု ကြယ်သုံးပွင့်ချိုးဖြတ်ခြင်းဖြစ်တာကြောင့် ခင်ဗျားတို့သုံးယောက်ဟာ ဖွဲ့စည်ပုံရဲ့ ကြယ်သုံးပွင့်အဖြစ်ဖြစ်လာလိမ့်မယ်..ခင်ဗျားတို့တွေဟာ ရန်သူရဲ့တိုက်ခိုက်မှုကိုချိုးဖြတ်တိုက်ခိုင်နိုင်လိမ့်မယ်..ဒါပေမဲ့ ခင်ဗျားတို့ကျင့်ကြံမှုတွေက ရွှယ်ထူနဲ့တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် အရမ်းကိုနိမ့်နေတယ်…အဲ့တာကြောင့်ခင်ဗျားတို့ဟာ ခုခံလို့ပဲရမယ်…မတိုက်ခိုက်ရဘူး..ခင်ဗျားတို့တွေက သူတို့ကို အချိန်ဆွဲထားရုံပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဟုတ်ပြီ”
သုံးယောက်သားပြိုင်တူဖြေလိုက်ကြသည်။
“ကောင်းပြီ..ဒါဆိုသေချာဂရုတစိုက်နားထောင်…ကျုပ်ခင်ဗျားတို့ကို ငရဲဘုံးကိုးခုကြယ်သုံးပွင့်ချိုးဖြတ်ခြင်းကိုသင်
ပေးမယ်..ခင်ဗျားတို့တွေအနေနဲ့အဲ့တာကို ကိုယ်တိုင်လေ့ကျင့်ပြီးတော့ ဖြစ်နိုင်သမျှမြန်မြန်သင်ယူပါ..ခင်ဗျားတို့ နားမလည်တဲ့ဟာတစ်ခုခုရှိရင်ကျုပ်ကိုမေးလို့ရတယ်.. ကျုပ်တို့မှာ အချိန်အများကြီးမရှိဘူး”
“ကျေးဇူးတင်ပါတယ် သခင်လေးဖုန့်”
“ကျေးဇူးတင်ပါတယ်..သခင်”
လျို့ဝှက်အခန်းအတွင်းတွင် ရှစ်ဖုန့်ကသူတို့အားစတင်၍ သင်ကြားပေးသည်။ သူတို့သုံးယောက်မှာ အင်ပါယာနယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြ
သည်။ သို့သော်ဤလူငယ်လေး၏ ရှေ့မှောက်တွင် သူတို့မှာထောင်လွှားမှုမရှိသောကျောင်းသား
များကဲ့သို့ပင်ဖြစ်သည်။ သူတို့ဂရုတစိုက်နားထောင်နေကြပြီး စကားလုံးတစ်လုံးလွတ်သွားမည်ကိုပင် သူတို့ကြောက်မိကြသည်။
အချိန်တို့က မသိလိုက်ဖာသာကုန်ဆုံးသွားခဲ့သည်။သူတို့သုံး
ယောက်က အရမ်းကိုမတော်ကြချေ။ထပ်ပေါင်းပြောရလျှင် ရှစ်ဖုန့်က သူတို့ကိုကိုယ်တိုင်ကိုယ်ကျကိုသင်ပေးနေရ
သည်။ အချိန်ကတကယ့်ကိုအကျပ်အတည်းဖြစ်လာပြီ
ဖြစ်သည်။ သူတို့တကယ့်ကိုမှနားမလည်နိုင်ကြတော့သည့်အခါတွင် ရှစ်ဖုန့်ကသူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ သူတို့၏စိတ်ထဲကိုအတင်းအကျပ်ရိုက်သွင်ပေးသည်။ တဖြည်းဖြည်းနှင့်သုံယောက်သား ငရဲဘုံကိုးခု ကြယ်သုံးပွင့်ချိုးဖြတ်ခြင်း၏ အနှစ်သာရအား နားလည်လာကြသည်။ သူတို့ယောက်၏မျက်နှာထက်တွင်ပျော်ရွှင်မှုတို့
ဖြင့်ပြည့်နေသည်။
“ခင်ဗျားတို့သုံးယောက်ကတော်တော်လေးကိုပါရမီပါကြတာပဲ…ဒီလောက်ရိုးရှင်းတဲ့ ဖွဲ့စည်းပုံအစီအရင်လေးကိုတောင် ဒီလိုမျိုးအချိန်အကြာကြီးသင်ရတယ်..ဝက်တွေသင်ရင်တောင်မှာခင်ဗျားတို့သုံးယောက်ထက်ပို
မြန်အုံးမယ်”
ရှစ်ဖုန့်၏ စကားတို့က အစကသူတို့ကိုယ်သူတို့ပါရမီကောင်းပြီးစိတ်ဝိညာဉ်မြင့််မားကာ အရမ်းမြန်နေပြီဟုထင်နေသော သုံးယောက်သားအား ကြီးအားသော ထိုးနှက်ချက်ကြီးဖြင့်အတွယ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။
သူဘယ်လိုလုပ်ပြီးစကားကို အကြင်နာမဲ့ပြောရက်ရပါသနည်း။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE