အပိုင်း (၁၇၅)
Vol. 12 Ch. 175
အနောက်မြောက်ဒေသတွင် ရာသီဥတုက အဆန်မတန်းကိုဆိုးဝါးနေသည်။ လေပြင်းများက တစ်ဟူးဟူးတိုက်ခတ်နေပြီး ကောင်းကင်ထက်တွင် သဲများနှင့်ပြည့်နှက်နေ၏။
ရှစ်ဖုန့်၊ယဲ့ဝူရှင်းနှင့်အခြားသော နှစ်ယောက်တို့က အနောက်မြောက်သဲကန္တာရထဲရှိ ဟင်းလင်းပြင်ထဲတွင် အနက်ရောင်ကျီးကန်း ရှစ်ထောင်ကိုဦးဆောင်၍ ဖုန်ချမ့်ယွီ၊လဲ့ကန်း၊ ရွှယ်ထူ၊ ရွှယ်ရီမုံ့နှင့် အခြားသူများအလာကို စောင့်ဆိုင်းနေကြသည်။
အနောက်မြောက်သဲကန္တာရ၏ ဘုရင်တစ်ယောက်အနေဖြင့် ကျန်းကျွကျွင်းချင်မှာ သူတို့၏ တိုက်ပွဲက မြို့အတွင်းရှိအပြစ်မဲ့သော မြို့သူများသားများ အပေါ်၌ ထိခိုက်အန္တရာယ်ဖြစ်စေမည်ကိုကြောက်မိသည်။ထို့ကြောင့်သူက စစ်မြေပြင်ကို သဲကန္တရာအတွင်းသို့ပြောင်းရွှေ့ရန် အကြံပေးခဲ့သည်။ သူတို့၏ နောက်ရှိ များပြားလှသော အနက်ရောင်ကျီးကန်း စစ်တပ်အုပ်စုကြီးမှာ ကျန်းကျွင်းချင်၏ လက်ရွေးစင်အကျဆုံးသော စစ်တပ်ပင်ဖြစ်သည်။
တစ်ခါက ရန်သူစစ်တပ်တစ်ခုသည် အနောက်မြောက်ဒေသကိုကျူးကျော်လာခဲ့သည်။ အနက်ရောင်ကျီးကန်းစစ်တပ်၏ နမည်အား ကြားလိုက်ရသော အခါတွင် သူတို့သည် ကြောက်လန့်တကြားဖြစ်သွားရ၏။ အနက်ရောင်ကျီးကန်း စစ်တပ်အားမြင်လိုက်သော အချိန်တွင်တော့ တိုက်ခိုက်မှုတစ်ခုတောင် ပြုလုပ်ခဲ့ခြင်း မရှိပဲ အရှုံးပေးခဲ့ကြလေသည်။
ဤစစ်တပ်မှာ ကျန်းကျွင်းချင် သူ၏ နမည်အား အနောက်မြောက်သဲကန္တာရဘုရင်တစ်ပါးဖြစ်
လာရန် စတင်တည်ဆောက်စဉ်ကတည်းက သူနှင့်အတူ လိုက်ပါလာခဲ့သော စစ်တပ်ပင်ဖြစ်သည်။
"ကျုပ် ဝူရှောင်းယွင်က သွေးဆူတဲ့လူတစ်ယောက်ဖြစ်လာပြီးတော့ စစ်မြေပြင်မှာ တိုက်ခိုက်မှုတွေပြုလုပ်ရဖို့ကို တစ်ခါ အိမ်မက်မက်ဖူးတယ်….ဒါပေမဲ့ အဆုံးသတ်မှာတော့ အဲ့တာတွေဟာ အမှန်တကယ်ဖြစ်မလာခဲ့ဘူး………”
ကောင်းကင်နှင့်မြေကြီးအတွင်းရှိသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ကို အာရုံခံမိသောအခါတွင် ဝူရှောင်းယွင်က ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
“ဟားဟား…..လူအိုကြီးဝူ ခင်ဗျားစစ်တပ်ထဲကိုဝင်ချင်တယ်ဆိုရင် ဒီတိုက်ပွဲပြီးတဲ့နောက် အနောက်မြောက်ဒေသမှာကျုပ်နဲ့အတူခင်ဗျားလိုက်နေလို့ရပါတယ်”
ကျန်းကျွင်းချင်က ဝူရှောင်းယွင်ကိုပြုံး၍ ပြောလိုက်သည်။
သူတို့မှာ သူတို့ပြိုက်ဘက်များ၏ ခွန်အားကိုသိလင့်ကစား သူတို့အနေဖြင့်ဖြုံလောက်စရာရန်သူတစ်ယောက်ကို ရင်ဆိုင်ရသကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးမရှိကြချေ။ သူတို့အနေဖြင့်တိုက်ခိုက်ရန်ရွေးချယ်ထား
ကြသောကြောင့် သူတို့ရှိသမျှအစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည်ဖြစ်လေသည်။ သူတို့၌ သတ္တိတို့ရှိမနေခဲ့လျှင် သူတို့အနေဖြင့်အင်ပါယာနယ်ပယ်များဖြစ်လာကြလိမ့်မည်မဟုတ်ပေ။
ထိုထက်ပိုသည်ကား သူတို့အနေဖြင့် ငရဲဘုံကိုးခုဧကရာဇ်ကိုယ်တိုင်ဖန်တီးထားသော ဖွဲ့စည်းပုံအစီအရင်ကိုသင်ကြားထားခဲ့ကြသည်
ဖြစ်လေသည်။
“ထားလိုက်ပါ…အဲ့လိုဘဝမျိုးက ကျုပ်နဲ့သင့်တော်တယ်လို့မထင်ဘူး.. အဲ့တာထက်ပိုတာကား..အဲ့အကြောင်းတွေကိုခဏလောက်စဉ်းစားပြီးတဲ့နောက်မှာ ..ကျုပ်အနေနဲ့သခင့်နောက်ကိုလိုက်ပြီးတော့ အစွမ်းထက်သန်မာတဲ့သိုင်းလမ်းစဉ်ကိုလျှောက်လှမ်းဖို့ဆုံးဖြတ်ထားတယ်”
ယခုအချိန်တွင်ဝူရှောင်းယွင်အနေဖြင့် ရှစ်ဖုန့်၏ ပါရမီစွမ်းဆောင်ရည်များနှင့် အဆင့်အတန်းတို့အား မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် သူ့အနေဖြင့်ရှစ်ဖုန့်အား သခင်အဖြစ်ခေါ်ရခြင့်းက စော်ကားမှုတစ်ခုဖြစ်သည်ဟု မမှတ်ယူတော့ပေ။ အကယ်၍ သူသာ ရှစ်ဖုန့်၏ နောက်သို့တကယ်လိုက်ပါနိုင်ခဲ့လျှင် နလန်ယွမ်ပင် သူ၏လမ်းပြမှုဖြင့်ဘိုးဘေးနယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်နိုင်သည်ဆိုပါက..သူသည်
လည်း သေချာပေါက်ချိုးဖြတ်ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။ သူသာတစ်နေ့ကျဘိုးဘေးနယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ပြီး ဆက်လက်၍ လုံလဝီရိယရှိစွာဖြင့်ကျင့်ကြံခဲ့လျှင်သူ၏ လက်စားချေမှုမှာလည်း……”
“ဆရာ..ဆရာရော အခုဘာအစီအစဉ်တွေချမှတ်ထားလဲ”
လေထဲတွင်လွင့်မျောနေသော သုံးယောက်အလယ်မှ ကျန်းကျွင်းချင်က ခေါင်းကိုလှည့်၍ ယဲ့ဝူရှင်းကိုမေးလိုက်သည်။
ကျန်းကျွင်းချင်၏ စကားအားကြားပြီးသည့်နောက်တွင် ယဲ့ဝူရှင်းက သက်ပြင်းချ၍ပြောလိုက်သည်။
“ငါကလူအိုတစ်ယောက်ဖြစ်နေပါပြီ..အခုကစ
ပြီးအနာဂတ်မှာဘာတွေကိုလုပ်ရမလဲဆိုတာကိုငါမသိဘူး….အဲ့သူတောင်းစားလေး
ရှစ်ကျင်းထျန်းက နှလုံးသားမဲ့သိုင်းလမ်းစဉ်ကိုကျင့်ကြံခဲ့တယ်..သူ့ရဲ့ ပင်ကိုယ်ပါရမီက ငါနဲ့နှိုင်းယှဉ်လို့မရဘူး… ဒီဘဝတော့သူ့ကို လက်စားချေဖို့မျှော်လင့်ချက်က မရှိတော့ဘူးကွာ..ငါ့အနေနဲ့က ရှစ်ဖုန့်က အဲ့တာကိုငါ့အတွက်ကိုင်တွယ်ဖြေရှင်းပေးဖို့ပဲ မျှော်လင့်လို့ရတယ်”
“ကျုပ်အရင် က အဲ့တောင်ပိုင်းဘုရင်ရဲ့ နမည်ကိုကြားဖူးတယ်..ဒါပေမဲ့ ဒီလိုမျိုးကျေးဇူးကန်းတတ်တဲ့သူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့တော့ ကျုပ်တစ်ခါမှ မထင်ထား ခဲ့ဖူး”
ကျန်းကျွင်းချင်က ဒေါသတကြီးပြောလိုက်သည်။ ယဲ့ဝူရှင်းကအနောက်မြောက်ဒေသသို့ ရောက်သည့်အချိန်တွင် သူ့ဘဝ၏ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရမှု အတွေ့အကြုံများကို ပြောပြခဲ့လေသည်။
ဝူရှောင်းယွင်က သူတို့၏ စကားစမြည်ပြောမှုများကိုကြားလိုက်ရသောအခါတွင် သူကပြောလိုက်သည်။
“လူအိုကြီးယဲ့..ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကျန်းမာရေးအကောင်းကြီးရှိပါသေးတယ်… အဲ့တာထက်ပိုတာက ခင်ဗျားရဲ့ကြယ်လေးပွင့်အင်ပါယာနယ်ပယ်ကျင့်ကြံမှုနဲ့ဆိုရင် နောက်ဆယ်နှစ်အနှစ််နှစ်ဆယ်လောက်က ခင်ဗျားအတွက် အသက်ရှင်ရဖို့ပြဿနာမဟုတ်ပါဘူး.. ဘာလို့ကျုပ်သခင်နောက်ကိုလိုက်ပြီးတော့ကို
ခိုင်မာတဲ့သိုင်းလမ်းစဉ်နဲ့အစွမ်း
ထက်တဲ့နယ်ပယ်ကိုတက်လှမ်းဖို့ရည်ရွယ်ချက်မှရှိရတာလဲ..အဲ့လိုသာဆိုရင် ခင်ဗျားရဲ့သက်တမ်းကိုတောင် ခင်ဗျားဆွဲဆန့်နိုင်အုံးမယ်”
“ကျုပ်လည်းအဲ့အကြောင်းကို တွေးထားတယ်”
ယဲ့ဝူရှင်းကခေါင်းညိမ့်လိုက်သည်။
“သူတို့ရောက်လာကြပြီ”
ထို့နောက်ချက်ခြင်း ရှစ်ဖုန့်၏ တိုးလျသောအသံက သူတို့နားထဲတွင်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ အသံပျောက်ကွယ်သွားသောအခါ သူတို့ရှေ့ရှိဟင်းလင်းပြင်ထဲတွင် သိပ်သည်းများပြားလှသော တပည့်မျာနှင့်နတ်ဆိုးသားရဲများကို အုပ်လိုက်တွေ့လိုက်ရသည်။
ရှစ်ဖုန့်က ငရဲဝံပုလွေ၏ အပေါ်တွင်ရပ်နေပြီး ရှေ့သို့ကြည့်နေသည်။ သူကရင်းနှီးသော ပုံရိပ်သုံးခုဖြစ်သည့် လဲ့ကန်း၊ ရွှယ်ထူနှင့် ရွှယ်ရီမုံ့တို့ပင်ဖြစ်သည်။
ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူများက အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော သာမာန်ပုံစံရှိသည့်သက်လတ်ပိုင်းအရွယ်လူ၏
နောက်မှနေ၍ လိုက်ပါလာကြသည်။ ၎င်းက ကောင်းကင်ဘုံလေဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူဖုန်ချမ့်ယွီဖြစ်မည်မှာ သိသာလေသည်။
ဖုန်ချမ့်ယွီ၏ အသွင်အပြင်က သာမန်သာဖြစ်သော်လည်း လူအုပ်ကြီးမှာသူ့အားမြင်တွေ့လိုက်ရသောအခါတွင် ဧရာမတောင်ကြီးတစ်လုံးကသူတို့၏အပေါ်သို့ဖိကျလာသကဲ့သို့ ခံစားကြရသည်ဖြစ်သည်။
ဖုန်ချမ့်ယွီ၏ အမူအယာကပြောင်းလဲမှုမရှိဘဲ အေးဆေးတည်ငြိမ်စွာဖြင့်ရှေ့သို့ကြည့်နေသည်။
နောက်ဆုံး၌ ရန်သူက ပေါ်လာသည်ကိုတွေ့လိုက်ရသောအခါတွင် ကျန်းကျွင်းချင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ မိုးပြာရောင် နဂါးဓားကိုထုတ်ယူလိုက်သည်။ ၎င်းက မိုးပြာရောင်တောက်ပနေပြီး နဂါးဟိန်းသံသဲ့သဲ့ကိုပင် ကြားနိုင်သည်ဖြစ်သည်။
ဝူရှောင်းယွင်ကလည်းသူ၏ အစိမ်းရောင်လှံကိုထုတ်ယူလိုက်သည်။ ယဲ့ဝူရှင်းကသူ၏ လက်တို့အားဖျက်ခနဲလှုပ်ရှားလိုက်သောအခါ
တွင် သူ၏လက်တို့အတွင်း၌ အနက်ရောင်ဓားနှစ်ချောင်းပေါ်လာသည်။
“ဘာလဲ ကျန်းကျွင်းချင် မင်းကဒီသူတောင်းစားလေးကိုကူညီပြီးတော့ ငါတို့နဲ့ ရန်သူဖြစ်လာချင်တာလား”
ဖုန်ချမ့်ယွီ၏ နောက်ရှိ လဲ့ကန်းက သူတို့ရှေ့ရှိ ကျန်းကျွင်းချင်ကိုတွေ့သောအခါတွင် အေးစက်စွာအော်ပြောလိုက်သည်။
“သခင်လေးဖုန့်က ကျုပ်ကျန်းကျွင်းချင်ရဲ့ လေးစားရဆုံးသော ဧည့်သည်တော်ပဲ….ခင်ဗျားတို့က ကျုပ်ရဲ့ အနောက်မြောက်နယ်မြေကို ကျုပ်ဧည့်သည်ကိုသတ်ဖို့အတွက်လာခဲ့တယ်..အဲ့တော့ ခင်ဗျားတို့က ကျုပ်ရဲ့ ရန်သူပဲပေါ့”
ကျန်းကျွင်းချင်က စိတ်ပိုင်းဖြတ်ထားသော အမူယာဖြင့်ပြောလိုက်သည်။
“ဒါက လူအိုကြီး ယဲ့ဝူရှင်းမလား…ခင်ဗျားပျောက်ဆုံးသွားတာ နှစ်ပေါင်းများစွာကြာနေပြီလို့ကျုပ်ကြားခဲ့တယ်..အခုဘယ်သင်္ချိုင်းကနေ တွားသွားပြီးထွက်လာတာတုံး ခင်ဗျားက ကျုပ်အနိုင်ယူတာကိုခံခဲ့ရတဲ့ပြိုင်ဘက်ပဲ…
ခင်ဗျားအဲ့သူတောင်းစားလေးရှစ်ဖုန့်ကို ကူညီမလို့လား…ခင်ဗျားက ကျုပ်နဲ့ရန်သူတွေဖြစ်ချင်နေတာလား”
ရွှယ်ထူက ယဲ့ဝူရှင်းအားမြင်လိုက်ရသောအခါတွင် သရော်သောအသံဖြင့်အော်ပြောလိုက်သည်။
ယခင် သူ၏ ကျင့်ကြံမှုက ယဲ့ဝူရှင်းနှင့်တူညီစွာရှိသောအချိန်တုံးက သူ့အနေဖြင့်ယဲ့ဝူရှင်းနှင့်တိုက်ခိုက်ခဲ့ပြီး ယခင်တောင်ပိုင်းဘုရင်ဖြစ်သူ ယဲ့ဝူရှင်းကို အနိုင်ယူနိုင်ခဲ့သည်ဖြစ်သည်။
ရွှယ်ထူကိုတွေ့ရသောအခါတွင် ယဲ့ဝူရှင်းကအထင်သေးစွာဖြင့် နှာခေါင်းရှုံ့ပြီး ဘာမှပြောကြားခြင်းမရှိပေ။ သူသည်ယခုတွင် ကြီးမြတ်သောငရဲဘုံကိုးခု ဧကရာဇ်၏ ဖွဲ့စည်းပုံအစီအရင်ကိုနားလည်ထားသောသူတစ်ယောက်ဖြစ်လေသည်။ ဤကဲ့သို့သူတစ်ယောက်အားစကားပြောခြင်းက သူ၏ အဆင့်အတန်းအားနိမ့်ချလိုက်သလိုပင်ဖြစ်လေသည်။
ဤအချိန်တွင် အမြဲ အေးဆေးတည်ငြိမ်နေသော ဖုန်ချမ့်ယွီက နောက်ဆုံးတွင် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး စကားတစ်ခွန်းပြောလိုက်သည်။
“တိုက်”
သူကစကားလုံးတစ်လုံးအားပေါ့ပေါ့ပါးပါးပြောလိုက်သလိုသာဖြစ်သော်လည်း သူ၏ အသံကတိမ်လွှာတို့ကိုထိုးခွင်းသွားပြီး ဟင်းလင်းပြင်ကိုဖြတ်သန်း၍ ပဲ့တင်ရိုက်ခတ်သွားစေသည်။
နောက်တွင်ရှိနေသောတပည့်များက ဖုန်ချမ့်ယွီ၏ “တိုက်”ဟူသောစကားအားကြားလိုက်ရသောအခါတွင် ချက်ခြင်းသူတို့၏ နတ်ဆိုးသားရဲများကိုမောင်းနှင်၍ ရှေ့သို့တက်လိုက်ကြသည်။ျ
“စစ်သားတို့ .ငါ့အမိန့်ကိုနားထောင်ကြ.သတ်”
ထိုအချိန်တွင် ကျန်းကျွင်းချင်ကလည်း အမိန့်ပေးလိုက်သည်။လ
“ဟုတ်….သတ်”
အနက်ရောင်ကျီးကန်းစစ်တပ်က ပြိုင်တူအော်လိုက်ကြသည်။ သူတို့၏ အသံကကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါစေသည်။ သူတို့က သူတို့ ၏ အနက်ရောင်ကျီးကန်းများဖြင့်ရှေ့သို့ဦးတည်တက်သွားသကဲ့သို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့လည်းတစ်ရှိန်ထိုး
တက်သွားစေသည်။
ဂိုဏ်း၏ တပည့်များနှင့် အနက်ရောင်ကျီးကန်းစစ်တပ်တို့မှာ ရေကာတာမှကျိုးပေါက်သွားသော အရှိန်အဟုန်ဖြင့်စီးဆင်းလာသည့် ရေလှိုင်းကြီးနှစ်ခုကဲ့သို့ပင်ဖြစ်သည်။ အလွန်လျှင်မြန်စွာဖြင့်တစ်ဖက်နှင့်တစ်ဖက်
အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိကြသည်။ သိုင်းပညာရပ်ပေါင်းစုံအား ဦးတည်ချက်အနှံ့မှထုတ်လွှတ်နေကြကာ ဓားများလှံများကလည်း လေထဲတွင်ကခုန်နေကြသည်။ သူတို့၏ အောက်ရှိနတ်ဆိုးသားရဲများကလည်း ပြင်းထန်သော စွမ်းအင်လှိုင်းများကိုမှုတ်ထုတ်နေသည်။ မီးတောက်များ၊ပြင်းထန်သောလှိုင်းများ၊ ပြင်းထန်သောရေခဲများ ၊ ခရမ်းရောင်လျှပ်စီးများနှင့် ပြင်းထန်သောလေများက အကြီးအကျယ်ဗြောင်းဆန်အောင် ပေါက်ကွဲထွက်ပေါ်နေသည်။
အနက်ရောင်ကျီးကန်းစစ်သည်များအောက်ရှိ အနက်ရောင်ကျီးကန်းများက ပြင်းထန်သောအနက်ရောင်အလင်းများကိုထုတ်လွှတ်ပြီး နတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုများဖြင့်ထိပ်
တိုက်တွေ့ဆုံကြသည်။ တိုက်ပွဲကစတင်ခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်၊ယဲ့ဝူရှင်း၊ ဝူရှောင်းယွင်နှင့်ကျန်းကျွင်းချင်တို့က တစ်ဖက်မှဂိုဏ်းခေါင်းဆောင်လေးယောက်ကဲ့သို့ ကောင်းကင်ထက်တွင်အတူတကွပျံသန်း
လိုက်ကြသည်။
ရှစ်ဖုန့်၏ အမူအယာကအေးစက်လှကာသူ၏လက်ထဲတွင် သွေးနီရောင်ဓားပေါ်လာသည်။ ရှစ်ဖုန့်က သူ၏ သွေးနီရောင်ဓားကိုထိုးညွှန်ပြီး သူ၏ ပြိုင်ဘက်အဖြစ်ဖုန်ချမ့်ယွီကိုရွေးချယ်
လိုက်သည်။
ယဲ့ဝူရှင်းနှ၍့် အခြားနှစ်ယောက်တို့က ငရဲဘုံကိုးခု ကြယ်သုံးပွင့်ချိုးဖြတ်အစီအရင်အတိုင်း တူညီသောနေရာများကိုယူလိုက်ကြသည်။ သူတို့သုံးယောက်က လဲ့ကန်း၊ရွှယ်ထူနှင့် ရွှယ်ရီမုံ့တို့ကိုကြည့်လိုက်သည်။
“မင်းကအရမ်းငယ်သေးတယ်ဆိုပေမဲ့ အရမ်းကိုပါရမီရှိတယ်..မင်းကငါ့ရဲ့လေမိုးကြိုးမှန်ကိုတောင်မှ ချိုးဖြတ်နိုင်စွမ်းရှိတယ်..ငါက ပါရမီရှိတဲ့သူတွေကိုချစ်ပေမဲ့ မင်းက ငါ့ရဲ့ကောင်းကင်ဘုံလေဂိုဏ်းက ဒုခေါင်းဆောင်ဖုန်လောဟန်နဲ့ မြင့်မြတ်အပျိုစင်ဖုန်ရှင်းယန်တို့ကိုသတ်ပစ်
ခဲ့တယ်… ငါ့ရဲ့ကောင်းကင်ဘုံလေဂိုဏ်းက မင်းကိုဆက်ပြီးဒီကမ္ဘာကြီးပေါ်မှာအသက်ရှင်ခွင့်မပေးနိုင်ဘူး”
ဖုန်ချမ့်ယွီက ရှစ်ဖုန့်ကိုကြည်၍ အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
“သောက်စကားတွေများတာ ..တိုက်စမ်း”
ရှစ်ဖုန့်က အေးစက်စွာအော်ပြော၍ သူ၏ဓားကိုပင့်မြှောက်လိုက်သည်။ ဧရာမအဖြူရောင်ဓားချီတစ်ခုက လေထဲတွင်ပေါ်လာ၏။ ရှစ်ဖုန့်၏ လှုပ်ရှားမှုများနောက်ကိုလိုက်၍ ငရဲဘုံခုတ်ပိုင်းချက်က ဖုန်ချမ့်ယွီ၏အပေါ်သို့ခုတ်ပိုင်းကျရောက်
လာသည်။
“ဟမ့်”
ငရဲဘုံကိုးခုခုတ်ပိုင်းချက်အားတွေ့လိုက်ရသောအခါတွင် ဖုန်ချမ့်ယွီ၏ နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီး သရော်ပြုံးပြုံးလိုက်သည်။ သူက သူ၏လက်ကိုမြှောက်လိုက်ပြီး လေစီးကြောင်းတစ်ခုကသူ၏ လက်ဖဝါးတွင်လှည့်ပတ်ဖြစ်ပေါ်လာသည်။ သာမန်ဓားရှည်တစ်ချောင်းအရွယ်အစား
လေဓားတစ်ခုက သူ၏ လက်ဖဝါးတွင်ဖွဲ့စည်းလာပြီး ခုတ်ပိုင်းကျရောက်လာသည့် သိပ်သည်းသော အဖြူရောင်ဓားချီထံသို့ပျံသန်းထွက်သွားသည်။
ဆက်ရန်….
ဘာသာပြန်သူ- ARISE