← Chapters

အပိုင်း(၁၇၆)

Vol. 12 Ch. 176

အပိုင်း(၁၇၆)

Vol. 12 Ch. 176

ဖုန်ချမ့်ယွီက သာမန်ာကာလျှံကာတိုက်ခိုက်မှုကိုထုတ်ဖော်

လိုက်သည်။အားနည်းသည်ဟုထင်ရသောလေ

ဓားက ဧရာမအဖြူရောင်ဓားချီဖြင့် အပြင်းအထန်ပစ်ဆောင့်တွေ့ဆုံသွားသည်။

“ဘန်း”

ကြမ်းကြုတ်ပြီး ကြီးစိုးပုံရသော အဖြူရောင်ဓားချီမှာ လေဓား၏ တစ်ချက်တည်းသော ထိချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ လေဓားက ကောင်းကင်ထဲသို့ ဆက်လက်ပျံသန်းသွားပြီး ဝေးကွာသော မိုးကုပ်စက်ဝိုင်းအတွင်းသို့ဝင်ရောက်သွားသည်။

“ကြယ်နှစ်ပွင့် ဘိုးဘေးနယ်ပယ်”

ဖုန်ချမ့်ယွီ၏ သာမန်ကာလျှံကာတိုက်ခိုက်မှုက  တကယ့်ကိုကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်

အဆင့်ကိုရောက်ရှိနေသည်။ အားလုံးက ဖုန်ချမ့်ယွီမှာ ဘိုးဘေးနယ်ပယ်သို့ အင်ပါယာအကြံပေးဆရာသခင်နလန်ယွမ်နှင့်တူညီသော အချိန်ဝန်းကျင်လောက်တွင်ဝင်ရောက်ခဲ့သည်

ဟု တွေးခဲ့ကြသည်။ တကယ်တမ်းတွင် ဖုန်ချမ့်ယွီက ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်သို့ ဝင်ရောက်နေခဲ့ပြီးဖြစ်သည်။

ဖုန်ချမ့်ယွီက ရှစ်ဖုန့်အား သရော်သော အမူအယာဖြင့်ကြည့်နေပြီး ပြောင်းလဲမှုမှရှိပဲပြောလိုက်သည်။

“မင်းအသေခင် မင်းရဲ့လျှို့ဝှက်ချက်တွေအားလုံးကို လက်လွှဲပေးလိုက် …ငါမင်းရဲအလောင်းကို ပကတိအတိုင်းထားပေးနိုင်တယ်”၏

“ဟမ့်…ကြယ်နှစ်ပွင့် ဘိုးဘေးနယ်ပယ် အဆင့်လေးကများ….အဲ့တော့ဘာဖြစ်လဲ..”

ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်ပြီးနောက် ထူးဆန်းသော တစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ ထို့နောက်သူကအော်လိုက်သည်။

“ငရဲဘုံကိုးခု စိတ်လှည့်စားခြင်း”

တစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ပြီးနောက်သူ၏အဆင့်ငါး စိတ်ဝိညာဉ်ခွန်အားဖြင့် ဖုန်ချမ့်ယွီကို တိုက်ခိုက်လိုက်သည်။ ရုတ်ချည်း ဖုန်ချမ့်ယွီမှာ မှောင်မိုက်ပြီး မှုန်မှိုင်းနေသော ကမ္ဘာတစ်ခု အတွင်းသို့ ရောက်ရှိသွားသည်။

“ဝူး..ဝူး..ဝူး..ဝူး..ဝူး…ဝူး..”

လေအေးများကတိုက်ခတ်နေပြီး အာဃာတတရားတို့နှင့် သရဲများ၏  ဝမ်းနည်းကြေကွဲဖွယ်ရာ ငိုကြွေးသံများက ပဲ့တင်ထွက်ပေါ်နေသည်။ ရုတ်တရက် များပြားလှသော အာဃာတ သရဲတစ္ဆေများက လေထဲတွင်ပေါ်လာပြီး ၎င်းတို့၏ မျက်နှာများတွင်သွေးများဖုံးလွှမ်းနေသည်။ သူတို့က ဆွဲဆွဲငင်ငင် အော်ဟစ်ငိုကြွေးနေကြပြီး ၎င်းတို့၏ ပါးစပ်များအား ကျယ်ပြန့်စွာဖွင့်လိုက်သောအခါတွင် ထက်ရှသော အစွယ်တန်းနှစ်ခု လှစ်ဟာထွက်ပေါ်လာသည်။  ၎င်းတို့က အလယ်ဗဟိုတွင်ရှိနေသော ဖုန်ချမ့်ယွီထံသို့ အကုန်လုံးဦးတည်တိုးဝင်သွားကြသည်။

“ငါကဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူ တစ်ယောက်ပဲ သရဲတစ္ဆေလေးတွေလောက်က ငါ့ကိုဘာလုပ်နိုင်မှာမို့လဲ “

သူ့ထံသို့ ဦးတည်ချက်အနှံ့မှ တစ်ဟုန်ထိုးဦးတည်လာနေသော  သရဲဦးခေါင်းများကိုကြည့်နေသော်လည်း ဖုန်ချမ့်ယွီ၏ အမူအယာကတော့ ပြောင်းလဲခြင်းမှရှိပေ။  သူကအော်ပြောလိုက်သည်။

“ငါ့အတွက်ချိုးဖြတ်လိုက်စမ်း”

ဖုန့်ချမ့်ယွီ၏ ခန္ဓာကိုယ်အား ရုတ်တရက် ဧရာမ ဟာရီကိန်းကြီးတစ်ခုက လွှမ်းခြုံသွားသည်။  သရဲဦးခေါင်းများမှာ ရုတ်ချည်း ဟာရီကိန်း အတွင်းသို့ စုပ်ယူ ခံလိုက်ရသည်။

“ဝူး…ဝူး..ဝူး..ဝူး..ဝူး..ဝူး..ဝူး..”

ဖုန်ချမ့်ယွီ၏ ဧရာမ ဟာရီကိန်းကြီးအောက်တွင် နေရာတစ်ခုလုံးမှာ ဖန်ကွဲစများကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ ကမ္ဘာတစ်ခုလုံးမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြီး ဖုန်ချမ့်ယွီမှာ အနောက်မြောက်သဲကန္တာရ၏ ကောင်းကင်ထဲတွင် ပြန်၍ပေါ်လာသည်။

စိတ်လှည့်စားမှုက ကျိုးပြတ်သွားသောအခါတွင်  ရှစ်ဖုန့်နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ သို့သော်ဖုန်ချမ့်ယွီ၏ ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ် သရုပ်မှန်နှင့်ဆိုပါက သူ့အနေဖြင့် အဆင့်ငါး ဝိညာဉ်တိုက်ခိုက်မှုကိုချိုးဖြတ်နိုင်လိမ့်မည်ဟု ရှစ်ဖုန့်မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည်။

ဖုန်ချမ့်ယွီ၏ အပေါ်တွင် ငရဲဘုံကိုးခု စိတ်လှည့်စားခြင်းကိုအသုံးပြုရခြင်းက သူ၏ ငရဲဘုံကိုးခု ဆီလ်တံဆိပ်လေးခုအတွက် အချိန်အချို့ရယူရန်သာဖြစ်သည်။ လေထဲတွင် ဧရာမ အဖြူရောင်စတုရန်းပုံရိပ်ကြီးက ပေါ်လာပြီး အရှိန်အဟုန်ပြင်းစွာဖြင့်ကျဆင်းလာကာ ဖုန်ချမ့်ယွီကိုလွှမ်းခြုံသွားသည်။

ဖုန်ချမ့်ယွီက သူ၏ ခေါင်းကိုမော့၍ ငရဲဘုံးကိုးခု ဆီးလ်တံဆိပ်လေးခုကိုကြည့်လိုက်သည်။  သူ၏ ပြောင်းလဲမှုမရှိခဲ့သောအမူအယာမှာ နောက်ဆုံးတွင်ပြောင်းလဲလာခဲ့ပြီး ပြောလိုက်သည်။

“စွမ်းအားကြီးလိုက်တဲ့ သိုင်းပညာရပ်ပဲ..ဒါပေမဲ့..အဲ့တာက ယွမ်ချီတွေကို တော်တော်လေးကုန်ဆုံးစေတယ် …ဟုတ်တယ်မလား ..ဒီအရှင်က အဲ့တာကို ရင်ဆိုင်တိုက်ခိုက်ပြီးတဲ့အချိန်ကြရင် မင်းမှာ ယွမ်ချီ ဘယ်လောက်တောင် ကျန်အုံးမလဲဆိုတာကိုကြည့်ကြသေးတာပေါ့”

ဖုန်ချမ့်ယွီက  စကားပြောရင်း သူ၏လက်သီးကိုမြှောက်ကာထိုးလိုက်သည်။  ကြီးမားပြီး ပြင်းထန်သော ဟာရီကိန်းကြီး က သူ၏ လက်သီးထံမှ ထွက်ပေါ်သွားပြီး ဆင်းသက်လာသော ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုထံသို့ ဦးတည်သွားသည်။

“ဝုန်း”

ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုနှင့် ဟာရီကိန်းတို့ကစွမ်းအားပြည့် အားအင်နှစ်ခုအဖြစ်ျ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံကြသည်။  ကောင်းကင်နှင့်မြေကြီးမှ ကောင်းကင်ဘုံမှ ဒေါသတကြီးဖြစ်စွာဖြင့် ပြင်းထန်စွာအော်ဟစ်သကဲ့သို့ မြည်ဟိန်းသံကြီးထွက်ပေါ်လာသည်။

မြည်ဟိန်းနေသောအသံကြီးရပ်တန့်သွားသောအခါတွင် ရှစ်ဖုန့်နှာလည်း ပြင်းထန်သောစွမ်းအင်တို့ကြောင့် နောက်သို့ တွန်းဆုတ်လိုက်ရသည်။

“ဝေါ့”

ရှစ်ဖုန့်၏ ပါးစပ်မှ လက်ဆက်သောသွေးတစ်ပွက်အန်ထွက်လာပြီး သူ၏ခန္ဓာကိုပေါ်သို့ ကျဆင်းသွားသည်။

ရှစ်ဖုန့်သာလျှင်မဟုတ်ပဲ  ဖုန်ချမ့်ယွီသည်လည်း နောက်သို့ အတင်းအကြပ်ခြေလှမ်းတော်တော်များများဆုတ်လိုက်ရသည်။  ဤတစ်ကြိမ်တွင်တော့ဖုန်ချမ့်ယွီ၏ အေးဆေးတည်ငြိမ်သောအမူအယာမှာ ပျောက်ဆုံးသွားပြီဖြစ်ပြီး သူ၏အမူအယာက သာမန်ထက်ပို၍ လေးနက်လာသည်။

“ငါ့ရဲ့ ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်စွမ်းအားကို

တောင်ဖက်ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားကြီးလှပဲ သိုင်းနည်းစနစ်ပဲ..ကံကောင်းစွာနဲ့ မင်းရဲ့ သိုင်းကျင့်ကြံမှုကိုဘုရင်နယ်ပယ်ပဲရှိနေသေးလို့..မဟုတ်ရင် ငါတကယ်ကို အန္တရာယ်ထဲကျရောက်သွားနိုင်တယ်…မင်းလိုမွန်းစတားမျိုးကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဖူး …အခုဆို မင်းရဲ့ယွမ်ချီတွေက ကုန်ခမ်းလုနီးပါးဖြစ်နေပြီ…ငါ့ရဲ့စွမ်းအားအပြည့်တိုက်ခိုက်မှုကို မင်းဘယ်လို ရင်ဆိုင်ရပ်တည်မလဲဆိုတာကို ကြည့်တာပေါ့….ငရဲကိုသွားလိုက်တော့”

ဖုန်ချမ့်ယွီက ဒေါသတကြီးအော်ဟစ်လိုက်ပြီး ရှစ်ဖုန့်အား  သူ၏ စွမ်းအားအကုန်ထည့်၍ တိုက်ခိုက်လိုက်သည်။ လေဝဲကြီးတစ်ခုဖြစ်လာပြီး ဖုန်ချမ့်ယွီ၏ ရှေ့ရှိ လေထုကို လွှမ်းခြုံသွားကာ ဧရာမ လေဓားကြီးတစ်ခုဖြစ်လာပြီး ရှစ်ဖုန့်ထံသို့ခုတ်ပိုင်းချလိုက်သည်။

“ဖွင့်စမ်း”

ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

သူ၏ တတိယတိုက်စားခြင်းမိစ္ဆာမျက်လုံးကပွင့်လာ

ပြီး မီးခိုးရောင်မြူများကို ပန်းထုတ်လိုက်သည်။ ပြင်းထန်သော ဧရာမပင်လယ်ကြီးတစ်ခုကဲ့သို့မီးခိုးရောင်မြူ

များက တလိမ့်လိမ့် တက်သွားကာ ဧရာမ လေဓားကြီးထံသို့ ရိုက်ပုတ်လိုက်သည်။

“ဝါးမျိုစမ်း”

ရှစ်ဖုန့်ကထပ်မံ၍အော်ပြောလိုက်သည်။  ငရဲဘုံကိုးခု ပညာရပ်ကိုအဆက်မပြက်လှည့်ပတ်လိုက်ပြီး စစ်မြေပြင်တွင်သေဆုံးသွားသူတို့ဩ သေခြင်းစွမ်းအင်များကိုစုပ်ယူလိုက်ကာ သူ့ခန္ဓာကိုယ်ရှိ ကုန်ဆုံးသွားသောစွမ်းအင်များကို  အလျှင်အမြန်ပြန်လည်ဖြည့်တင်းလိုက်သည်။  ထို့နောက်တွင် တိုက်ပွဲအတွင်းသေဆုံးသွားခဲ့သောဂိုဏ်းတပည့်များ၏ သွေးနှင့်ဝိညာဉ်တို့မှာလည်း ရှစ်ဖုန့်၏  တစ်ဟုန်ထိုး ဝါးမျိုမှုကိုထပ်မံ၍ ခံလိုက်ရသည်။  ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကြောင့်ကုန်ဆုံးသွားခဲ့သော သူ၏ စွမ်းအင်များမှာ လျှင်မြန်စွာဖြင့်ပြည်လှည့်ဖြည့်တင်းသွားသည်။

ရှစ်ဖုန့်က ဂိုဏ်းအမျိုးမျိုးရှိ တပည့်များ၏ သွေးနှင့် ဝိညာဉ်တို့ကိုသာ ဝါးမျိုခဲ့သည်။  စစ်ပွဲအတွင်းသေဆုံးသွားကြသော အနက်ရောင်ကျီးကန်းစစ်သည်များက သူ့အတွက်သေဆုံးကြရခြင်းဖြစ်သည်။  ၎င်းတို့၏သွေးနှင့် ဝိညာဉ်တို့အား သူမဝါးမျိုနိုင်ပေ။

ဧရာမလေဓားကြီး၏အောက်တွင် လွှမ်းခြုံလာသော မီးခိုးရောင်မြူများမှာ ရုတ်ချည်းပျောက်ကွယ်သွားသည်။ တိုက်စားခြင်းမီးခိုးရောင်မြူတို့ကြောင့် လေဓား၏ စွမ်းအင်များမှာ ဆယ်ပုံတစ်ပုံသာလျှင်လျော့ကျသွားသည်။ ယင်းကဘာမှျပြောင်းလဲမှုမရှိဟုပြောနိုင်သည်ဖြစ်သည်။

ဧရာမလေဓားကြီးက ရှစ်ဖုန့်ထံသို့ ဆက်လက်၍ ကျဆင်းလာသည်။

“ငရဲဘုံကိုးခု ခုတ်ပိုင်းချက်”

ရှစ်ဖုန့်က ထပ်မံ၍ အော််လိုက်သည်။  သွေးဓား၌ အဖြူရောင်များထက်မံ၍ တောက်ပလာသည်။ ထို့နောက်တွင်ရှစ်ဖုန့်က သူ၏ကိုယ်အတွင်းရှိစွမ်းအင်အားလုံးကို အသက်သွင်းလိုက်သည်။အဖြူရောင်သွေးဓား

အား အနီရောင်ကောင်းကင်မီးတောက်ဖြင့်ထပ်မံ၍ လောင်ကျွမ်းစေလိုက်၏။  ထို့နောက်ရှစ်ဖုန့်က ခုတ်ပိုင်းချလိုက်သည်။  အနီရောင်မီးတောက်များလောင်ကျွမ်းနေသည့် ဧရာမဓားကြီးကလေထဲတွင်ပေါ်လာပြီး ဧရာမလေဓားကြီးထံသို့ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း”

ပြင်းထန်သောစွမ်းအင်နှစ်ခုက အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမိကြသည်။  နေရာတစ်ခုလုံးပြင်းထန်စွာတုန်ခါလာ၏။ ယင်းမှာ  ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရက်ကာလာနေပြီး  မိုးကောင်ကင်က ပြိုကျလာတော့မည့်သကဲ့သို့ပင်ဖြစ်သည်။

နောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်သောစွမ်းအင်တို့က ထိရိုက်မိကြသည်ဖြစ်သည်။ ရှစ်ဖုန့်နှင့် ငရဲဝံပုလွေတို့နှစ်ယောက်လုံး သက်ရောက်မှုကြောင့် နောက်သို့လွင့်ပျံသွားရသည်။  ဖုန်ချမ့်ယွီမှာမူ ကြီးမားသော လေဒိုင်းကြီးဖြင့် တိုက်ခိုက်မှုကိုကာဆီးလိုက်သည်။ သို့သော်သူသည်လည်းသက်ရောက်မှုကြောင့်

လေဒိုင်းနှင့်အတူ နောက်သို့လွင့်ထွက်သွားရသည်။

အောက်တွင်ရှိနေသောလူများမှာ ကောင်းကင်ထက်ရှိပြင်းထန်သောစွမ်းအင်များကိုခံစားမိကြသောအခါတွင် သူတို့၏ နှလုံးသားများပါ တုန်ရင်လာသည်ဟုခံစားရသည်။ ထိုစွမ်းအင်မှာသူတို့ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်းမရှိသော အရာပင်ဖြစ်သည်။

“ဒီမွန်းစတာက ဒီအဆင့်ထိကိုထပ်ပြီး ကြီးထွားလာပြန်ပြီ.. ဖုန်ချမ့်ယွီနဲ့တောင်မှ အကြာကြီး ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ်”

ယဲ့ဝူရှင်းနှင့်အခြားနှစ်ယောက်ကို အဆက်မပြတ်တိုက်ခိုက်နေကြသော လဲ့ကန်းနှင့်အခြားနှစ်ယောက်တို့မှာလည်း ကြည့်ရင်းတုန်လှုပ်အံ့အားသင့်နေကြသည်။  သူတို့ပိုပြီးတိုက်ခိုက်လေ ပိုပြီးဒေါသထွက်လာလေသာဖြစ်သည်။ သူတို့အနေဖြင့်သူတို့၏ အစွမ်းအထက်ဆုံးသော သိုင်းပညာရပ်များကို အကြိမရေတွက်နိုင်အောင်အသုံးပြုပြီး ယဲ့ဝူရှင်းနှင့်အခြားနှစ်ယောက်တို့အား တိုက်ခိုက်ပြီးဖြစ်လေသည်။

သို့သော် သူတို့၏တိုက်ခိုက်မှုများကနီးကပ်လာတိုင်း ယဲ့ဝူရင်းနှင့် အခြားနှစ်ယောက်က အတူတကွ တိုက်ခိုက်ကြသည်ဖြစ်သည်။  သူတို့လက်သီးဆုပ်အရွက် အဖြူရောင် ကြယ်ကဲ့သို့အလုံးလေးများကို ထုတ်လွှတ်ပြီးသူတို့၏ တိုက်ခိုက်မှုများအား ပျက်ပျယ်သွားစေသည်။

“သူတောင်းစားအိုကြီး ရွှယ်ထူ ခင်ဗျားဘာလုပ်ခဲ့မိပြီလဲဆိုတာကိုကြည့်စမ်း.အဲ့အချိန်တုံးကသာ အဲ့သူတောင်းစားလေးကို ခင်ဗျားသတ်ခဲ့ရင်  ဒီနေ့ကျုပ်တို့တွေအရမ်းကိုဒုက္ခရောက်ရမှာမဟုတ်ဖူး.. “

လဲ့ကန်းက ရွှယ်ထူကိုအော်ငေါက်လိုက်သည်။  သူ၏လက်များတွင်က ခရမ်းရောင်လျှပ်စီးများဖုံးလွှမ်းနေပြီး ယဲ့ဝူရှင်းထံသို့ရိုက်နှက်ချလိုက်သည်

ယဲ့ဝူရှင်းက သူ၏ ဓားတို့ကို ကြက်ခြေခတ်ပုံစံထားကာထပ်မံ၍ ခုတ်ပိုင်းချလိုက်သည်။  သိပ်သည်းသော အဖြူရောင်ကြယ်တစ်ခုကထွက်ပေါ်လာသည်။  ထို့နောက်တွင်ဝူရှောင်းယွင်နှင့်ကျန်းကျွင်းချင်တို့ဘက်မှလည်းကြယ်နှစ်ပွင့်ထွက်ပေါ်လာ

သည်။  ၎င်းတို့က လဲ့ကန်းတိုက်ခိုက်လိုက်သော  ခရမ်းရောင်လျှပ်စီးနှင့် ထိတွေ့သွားပြီးလဲ့ကန်း၏ တိုက်ခိုက်မှုအားချက်ခြင်းအာဏိသင်ပျယ်သွား

စေသည်။

“ဟမ့်”

လဲ့ကန်း၏ စကားတို့အား ကြားရသောအခါတွင် ရွှယ်ထူမှာ ဝိုးတိုးဝါးတားနှာခေါင်းရှုံ့သံတစ်ခုကိုသာ ထွက်ပေါ်စေလိုက်ပြီး ဘာမှပြန်၍မတုန့်ပြန်ပေ။ သွေးမိစ္ဆာဂိုဏ်း၏  အချုပ်အခြာအာဏာအတွက် နှစ်ရာပေါင်းများစွာအကြာပျောက်ဆုံးသွားသော သွေးဝါးမျိုနတ်ဆိုးပညာရပ်၏ ဆွဲဆောင်မှုအား သူမည်ကဲ့သို့ တောင့်ခံနိုင်ပါမည်နည်း။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters