← Chapters

အပိုင်း (၁၇၇)

Vol. 12 Ch. 177

အပိုင်း (၁၇၇)

Vol. 12 Ch. 177

ကောင်းကင်ထဲတွင် ရှစ်ဖုန့်နှင့်ဖုန်ချမ့်ယွီတို့နှစ်ယောက်လုံးရပ်တန့်သွားကြသည်။  ရှစ်ဖုန့်က ငရဲဝံပုလွေ၏ အပေါ်တွင် ရပ်နေသည်။  အစောပိုင်းကတိုက်ခိုက်မှုအား တားဆီးပြီးသည့်နောက်တွင် သူ၏ ကိုယ်အတွင်း၌ရှိနေသာ စွမ်းအင်များမှာ  လုံးဝကုန်ခမ်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ခွန်အားအားလုံးအား ဆုံးရှုံးသွားသည့်ပုံပေါ်ကာ  ပြိုလဲကျလုနီးပါးဖြစ်နေသော လေထဲရှိ ဖယောင်းတိုင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်က အဆင့်လေးကုသရေးဆေးလုံးကို  အလျှင်အမြန်မျိုချလိုက်ပြီး ငရဲဘုံကိုးခု ပညာရပ်ကိုအဆက်မပြတ်လှည့်ပတ်လိုက်ကာ  ကောင်းကင်မီးတောက်၏ စွမ်းအင်တို့ကိုစုပ်ယူလိုက်သည်။

“သူတကယ်ကြီးငါ့ရဲ့ တိုက်ခိုက်မှုကို နောက်ထပ်တားဆီးသွားခဲ့တယ်”

ဖုန်ချမ့်ယွီက သူ့ရှေ့တွင်ရှိနေသော ရှစ်ဖုန့်ကိုကြည့်လိုက်ပြီး  အဆင့်လေးကုသရေးဆေးလုံးနှင့် စွမ်းအင်ပြန်လည့်ဖြည့်တင်းဆေးလုံးကို မျိုချလိုက်သည်။  သူ၏ မျက်နှာထက်တွင် သတ်ဖြတ်လိုခြင်းစိတ််ဆန္ဒများဖြင့်ပြည့်နှက်နေသည်။  ဤကလေးသား ဆက်လက်ကြီးထွားလာမည်ဆိုလျှင် အနာဂတ်၌ အဆုံးမရှိသော ဒုက္ခပြဿနာများဖြစ်လာလိမ့်မည်ဖြစ်သည်။

“သွေးဝါးမျိုနတ်ဆိုးပညာရပ်က တကယ့်ကို ထူးခြားတာပဲ…အချိန်တိုလေးအတွင်းမှာ မင်းရဲ့ မူလစွမ်းအင်တွေကို အလျှင်အမြန်ပြန်ပြီး ဖြည့်တင်းနိုင်တယ်.”

ရှစ်ဖုန့်၏ အလျှင်အမြန်စွမ်းအင်များပြန်လည်၍ ပြည့်ဝလာခြင်းကိုကြည့်ပြီး ၎င်းမှာသွေးဝါးမျိုနတ်ဆိုးပညာရပ်ကြောင့်ဖြစ်သည်ဟု ဖုန်ချမ့်ယွီတွေးလိုက်သည်။  သူအနေဖြင့် ရှစ်ဖုန့်၌ သေခြင်းစွမ်းအင်များကိုဝါးမျိုနိုင်သော ငရဲဘုံကိုးခု ပညာရပ်ရှိနေသေးသည်ကို မသိခြင်းဖြစ်သည်။

ဖုန်ချမ့်ယွီက သူ၏ကိုယ်ကိုလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်ထံသို့ အလျှင်အမြန်ပျံသန်းသွားသည်။  သူ၏ညာလက်ရှိ လေတို့က လည်ပတ်နေပြီး နောက်ထပ်သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုက သူ၏လက်ထဲတွင်ပေါ်လာသည်။

ဤတစ်ချိန်ဖုန်ချမ့်ယွီက သူ့ထံသို့အပြင်းလာနေသည်ကို တွေ့ရသော်လည်း ရှစ်ဖုန့်က ပြောင်းလဲမှုမရှိတည်ငြိမ်သော အမူအယာမျိုးဖြင့် သူ့အောက်ရှိမြေပြင်ကိုငုံ့ကြည့်နေသည်။ သဲကန္တာရ၏ ဖုန်များသဲများအတွင်းတွင် လူသားများနှင့်နတ်ဆိုးသားရဲများ၏ အလောင်းထောင်ပေါင်းများစွာရှိနေသည်။

“အချိန်ကျလာပြီ”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

ရှစ်ဖုန့်က ဆီးလ်တံဆိပ်လက်သင်္ကေတများကို သူ၏ လက်တို့ဖြင့်ပုံဖော်လိုက်ပြီး လက်သင်္ကေတတို့က အဆက်မပြတ်ပြောင်းလဲနေသည်။

“ငရဲဘုံကိုးခု အလောင်းတစ်သောင်းအစီအရင်”

ထို့နောက်တွင်  လက်သင်္ကေတများက ခွဲထွက်သွားသည်။  ရှစ်ဖုန့်၏ လက်တို့က ပြင်းထန်သောမုန်တိုင်းတစ်ခုအားကြိုဆိုသကဲ့သို့ ကျယ်ပြန့်စွာ ဖွင့်ဟာလာသည်။ ကောင်းကင်နှင့်မြေကြီးကြားထဲတွင်လေအေး

များကတိုက်ခတ်နေပြီး ရှစ်ဖုန့်၏ ဆံပင်တို့

က လေနှင့်အတူကခုန်နေသည်။ သဲကန္တာရအတွင်းရှိ ထောင်ပေါင်းများစွာသော အလောင်းများက ပြင်းထန်သော စွမ်းအားတစ်ခုက ဆွဲငင်မှုကိုခံလိုက်ရပြီး လျှင်မြန်စွာဖြင့်လေထဲသို့လွင့်မျောတက်လာ

ကြသည်။

အလောင်းတစ်သောင်းအစီအရင်က နမည်အတိုင်းပင်ထောင်ပေါင်းများစွာသောအ

လောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သို့သော် ကြယ်နှစ်ပွင့်ဘိုဘေးနယ်ပယ်လောက်လေးအား ရင်ဆိုင်ရာတွင် သူ၏ လက်ရှိစွမ်းအားဖြင့် အလောင်းတစ်ထောင်လောက် အသုံးပြုရုံဖြင့်လုံလောက်သည်ဟု ရှစ်ဖုန့်ယုံကြည်သည်။

“အလောင်းတစ်သောင်းအစီအရင် …..သေခြင်းဧကရာဇ်ရဲ့ အလောင်းတစ်သောင်းအစီအရင်ပဲ”

ဖုန်ချမ့်ယွီက လွင့်မျောနေသော အလောင်းများအား တွေ့မြင်ရချိန်တွင် အလောင်းတစ်သောင်းအစီအရင်၏ ဒဏ္ဍာရီများကိုပြန်အမှတ်ရလိုက်ပြီး အလန့်တကြားအော်လိုက်သည်။

အလောင်းတစ်သောင်းအစီအရင်မှာ သေခြင်းဧကရာဇ်၏ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ကြောင်းကိုလူတိုင်းသိကြသည်။  အလောင်းတစ်သောင်းအစီအရင်၏ နမည်အပြည့်အစုံမှာငရဲဘုံကိုးခု အလောင်းတစ်သောင်းအစီအရင်ဖြစ်သည်။ ၎င်းမှာငရဲဘုံကိုးခု ဧကရာဇ်ကိုယ်တိုင်ဖန်တီးခဲ့သော ပညာရပ်ဖြစ်ပြီး လင်ယဲ့ဖုန်းအား  လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။

ဟင်းလင်းပြင်ထဲတွင် မရေတွက်နိုင်သော အလောင်းများက လွင့်မျောနေသည်။  ပေါက်ကွဲထွက်လာသော အနက်ရောင်သေခြင်းရောင်ဝါများက ပြန့်နှံ့ထွက်လာပြီး ဟင်းလင်းပြင်တွင်ပြည့်နှက်သွားသည်။

“အလောင်းတစ်သောင်းအစီအရင်က အလောင်းတစ်သောင်းနဲ့ပုံဖော်ရတာ…မင်းမှာအလောင်းနှစ်ထောင်လောက်ပဲရှိပြီး မင်းကလည်း ကြယ်ငါးပွင့်ဘုရင်နယ်ပယ်အဆင့်ပဲရှိသေးတယ်…အလောင်းတစ်သောင်းအစီအရင်ကို မင်းပုံဖော်နိုင်ရင်တောင်မင်းဘာလုပ်နိုင်မှာမို့လဲ”

“ငါမင်းတို့အားလုံးကို အတူတူသတ်ပစ်မယ်”

ဖုန်ချမ့်ယွီက ကြုံးဝါးလိုက်သည်။  သူ၏ညာလက်ဖဝါးက သတ်ဖြတ်ခြင်းပုံစံတစ်ခုဖြစ်လာပြီး  ပေါက်ကွဲထွက်ပေါ်လာသည်။  လေများက နောက်တစ်ကြိမ် တစ်ဟူးဟူးတိုက်ခတ်လာပြီး ဧရာမ လေဓားကြီးတစ်ခုကနတ်ဘုရားတစ်ပါး၏ အပြစ်ပေးဓားသွားကဲ့သို့ရှစ်ဖုန့်၏ အထက်လေထဲတွင် သိပ်သည်းဖွဲ့စည်းလာသည်။  ၎င်းမှာ ဧရာမတောင်ကြီးတစ်လုံးက အောက်သို့ဖိကျလာသကဲ့သို့ဖြစ်သည်။  ဧရာမဓားကြီး၏ အောက်တွင် အရာအားလုံးကအစိတ်စိတ်အမွှာမွှာ  ကွဲကြေတော့မည့်သကဲ့သို့ပင်ဖြစ်သည်။

“ချိုးဖြတ်စမ်း”

ရှစ်ဖုန့်ကလည်းအော်ပြောလိုက်သည်။  သူ၏ ဓားကိုအပေါ်သို့ထိုးသွင်းလိုက်၏။ ဟင်းလင်းပြင်ထဲတွင်ပြည့်နှက်နေသောအနက်

ရောင်သေခြင်းရောင်ဝါများက ရှစ်ဖုန့်၏ လှုပ်ရှားမှုများနောက်သို့လိုက်ပါပြီး ဧရာမ အနက်ရောင်လက်ညှိုးတစ်ခုပုံစံဖြစ်သွားသည်။  ၎င်းက အောက်သို့ကျဆင်းလာသော ဧရာမဓားကြီးထံသို့ထိုးညွှန်လိုက်သည်။

“ဝုန်း”

လက်တစ်ချောင်းတည်းဖြင့် နတ်ဘုရားတစ်ပါး၏  အပြစ်ပေးဓားသွားကဲ့သို့ ဧရာမလေဓားကြီးက  ဖန်ကွဲစများကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ တစ်ချိန်တည်းမှာပင် အနက််ရောင်လက်ညှိုးကြီးသည်လည်း လုံးဝပျောက်ကွယ်သွားသည်။

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဖုန်ချမ့်ယွီ၏ မျက်နှာထက်တွင် အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။ အစောပိုင်းကတိုက်ခိုက်မှုက အေးဆေးတည်ငြိမ်ပြီး ယခင်ကလိုဘာကျယ်လောင်သည့် မြည်ဟိန်းသံမှမထွက်ပေါ်ဟုထင်ရသော်လည်း သူ၏ ဤတိုက်ခိုက်မှုမှာ သူ၏ စွမ်းအားအားလုံးကို  စုစည်းထားသော တိုက်ခိုက်မှုပင်ဖြစ်သည်။  ခုဏက ၎င်းမှာ အရမ်းကိုလွယ်ကူစွာဖြင့်တန်ပြန်ခြင်းခံလိုက်ရ၏။

“အလောင်းတစ်သောင်းလှုပ်ရှားခြင်း”

ရှစ်ဖုန့်က ထပ်မံ၍ အော်ပြောလိုက်သည်။ ဟင်းလင်းပြင်ထဲတွင်လွင့်မျောနေသော လူသားများနှင့်နတ်ဆိုးသားရဲတို့၏ အလောင်းများက ရုတ်တရက် အသက်ဝင်လာပုံရသည်။ အလောင်းများက စတင်လှုပ်ရှားလာပြီး  အလောင်းများမှထုတ်လွှတ်နေသော အနက်ရောင်သေခြင်းရောင်ဝါများက ရုတ်တရက် ယခင်ကထက်ပို၍ သိပ်သည်းလာသည်။

ရှစ်ဖုန့်ကသူ့လက်ထဲရှိသွေးဓားကိုခပ်မြင့်မြင့်မြှောက်လိုက်သည်။  အရင်ဆုံး၎င်းက အဖြူရောင်များတောက်ပလာ၏။ ထို့နောက်တွင် သွေးနီရောင်မီးတောက်တို့လောက်ကျွမ်းသွားသည်။  တစ်ချိန်တည်းမှာပင် ဧရာမသွေးနီရောင်မီးတောက်ဓားကြီးက ဟင်လင်းပြင်ထဲတွင် သိပ်သည်းဖွဲ့စည်းလာသည်။

ထို့နောက်တွင် အလောင်းကောင်များမှထုတ်လွှတ်နေသော အနက်ရောင်သေခြင်းရောင်ဝါများက  စွမ်းအားပြင်းတစ်ခု၏ ဆွဲငင်မှုကိုခံလိုက်ရပုံပေါ်ပြီး သွေးနီရောင်မီးတောက်ဓားထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

ပြင်းထန်သောသွေးနီရောင်မီးတောက်များမှာ ရုတ်တရက်အနက်ရောင်သေခြင်းမီးတောက်တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။  ထို့နောက်ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

“ဘယ်သူက ဘယ်သူ့ကိုသတ်မလဲဆိုတာကို …ဒီသခင်လေးကြည့်မယ်”

ရှစ်ဖုန့်ကသူ၏ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။ ဧရာမ အနက်ရောင်မီးတောက်ဓားကြီးက ရှစ်ဖုန့်၏ လှုပ်ရှားမှုနောက်သို့လိုက်ပါပြီး သူ့ရှေ့ရှိ ဖုန်ချမ့်ယွီအားခုတ်ပိုင်းချလိုက်သည်။ ယင်းမှာ ဧရာမတိုင်လုံးကြီးတစ်ခုက ကျဆင်းလာသကဲ့သို့ဖြစ်သည်။

“မဟုတ်ဖူး..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ဒီစွမ်း

အားက”

ဖုန့်ချမ့်ယွီမှာမျက်လုံးများပြူးကျယ်စွာဖြင့် ကောင်းကင်ထက်သို့စိုက်ကြည့်နေသည်။ သူ၏ မျက်နှာထက်တွင် တုန်လှုပ်မှု မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..သူကကြယ်ငါးပွင့်ဘုရင်နယ်ပယ်လေးဟာ..သူမှာမပြည့်စုံတဲ့ အလောင်းတစ်သောင်းအစီအရင်လေးပဲရှိတဲ့ဟာ..ဘယ်လိုဖြစ်ပြီးဒီလိုမျိုးစွမ်းအားကြီးစွမ်းအင်တွေကိုထုတ်လွှတ်နိုင်ရတာလဲ..ဘာတွေဖြစ်နေတာလဲ”

ထို့နောက်ဖုန်ချမ့်ယွီက ကြုံးဝါးလိုက်သည်။ သူ၏ တုန်လှုပ်နေသောမျက်နှာမှာ ရုတ်တရက် စိတ်ပိုင်းဖြတ်ထားမှုအဖြစ်သို့ပြောင်းလဲသွားသည်။

“ဘုရင်နယ်ပယ်သူတောင်းစားလေးတစ်ယောက်ရဲ့တိုက်ခိုက်မှုကို  ငါမတားဆီးနိုင်ဘူးဆိုတာကိုမယုံဘူး”

“လေနဂါးသက်ဆင်းခြင်း”

ဖုန်ချမ့်ယွီက အော်ဟစ်၍ သူ၏ လက်ဖဝါးတို့ကိုတွန်းထုတ်လိုက်သည်။ ရုတ်တရက် ဧရာမလေနဂါးကြီးတစ်ကောင်ဖြစ်ပေါ်လာသည်။ ၎င်းက ခေါင်းကိုမော့၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ နဂါးအော်သံက ကောင်းကင်နှင့်မြေပြင်တစ်ခွင်ကိုပဲ့တင်ထပ်

သွားသည်။ ဧရာမနဂါးကြီး၏ စွမ်းအားတို့က ဧရာမဓားကြီးထံသို့ပြင်းထန်စွာဖြင့်မြင့်တက်

သွားသည်။

လေနဂါးသက်ဆင်းခြင်းမှာ ဖုန်ရှင်းယန် မီးတောက်နယ်မြေအတွင်း၌ အသုံးပြုခဲ့သော မီးနဂါးသက်ဆင်းခြင်းနှင့်အတူတူပင်ဖြစ်သည်။  ၎င်းမှာ ကောင်းကင်ဘုံလေဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများမှ သက်ဆင်းလာခြင်းဖြစ်သည်။  သို့သော် ဖုန်ရှင်းယန်၏ နဂါးကတော့ ဖုန်ချမ့်ယွီနှင့်နှိုင်းယှဉ်၍ မရပေ။

“ဝုန်း”

ဟင်းလင်းပြင်ထဲတွင် ဧရာမစွမ်းအားကြီးနှစ်ခုက ထပ်မံ၍ အပြင်းအထန်ပစ်ဆောင့်မိကြသည်။ ယခင်ကနှင့်နှုင်းယှဉ်လျှင် ၎င်းက အများကြီးပိုအားကြီး၍ ပိုပြင်းထန်သည်။ တစ်ချိန်တည်းမှာပင်အားလုံး၏ အာရုံများ၎င်းအပေါ်သို့ ကျရောက်သွားသည်။ ဤသည်မှာသူတို့ဘဝရှိမြင်တွေ့ခဲ့ဖူးသမျှထဲတွင် အားအကြီးဆုံးသောစွမ်းအားများနှင့် အပြင်းထန်ဆုံးသောတိုက်ပွဲတစ်ခုပင်ဖြစ်သည်။ ဤတိုက်ပွဲမှာ ယွင်လိုင်အင်ပါယာ၏ သမိုင်းထဲတွင် မှတ်တမ်းတင်ထားရန်အတွက်လုံလောက်မှုရှိ

သည်ဖြစ်သည်။

ဖရိုဖရဲဖြစ်နေသောစွမ်းအင်များက ကသောင်းကနင်းဖြင့်အပြင်းအထန်ပေါက်ကွဲ

ထွက်လာသည်။ လောလောဆယ်တွင် များပြားလှသောလေများ၊များပြားလှသောအနက်ရောင်သေခြင်းရောင်ဝါများ၊ ပြင်းထန်သောသွေးနီရောင်မီးတောက်နှင့် တလက်လက်တောက်ပနေသော အဖြူရောင်အလင်းတို့က ကောင်းကင်တစ်ခွင်လုံးကိုဝါးမျိုထားသည်။  သူတို့၏  အာရုံမျာကိုစူးစိုက်ထားကြသော်လည်း ကောင်းကင်ထက်တွင်ဖြစ်ပွားနေသောတိုက်ပွဲသို့မဟုတ် ဘယ်သူနိုင်သည်ဘယ်သူရှုံးသည်တို့အား မည်သူကမျှရှင်းလင်းစွာ မြင်တွေ့ရခြင်းမရှိပေ။

“လူအိုကြီးဝူ သခင်လေးဖုန့်ကခင်ဗျားရဲ့ သခင်ပဲ..ဘယ်သူနိုင်မလဲဆိုတာကို ခင်ဗျားမြင်နိုင်လား”

ကျန်းကျွင်းချင်က စိတ်လှုပ်ရှားစွာဖြင့် သူ့ဘေးရှိ ဝူရှောင်းယွင်ကိုမေးလိုက်သည်။

“ကျုပ်မသိဘူး..ကျုပ်နဲ့သခင်နဲ့သိတာရက်အ

နည်းငယ်ပဲရှိသေးတယ်…”

ဝူရှောင်းယွင်ကပြောလိုက်သည်။ ထို့နောက်သူကယဲ့ဝူရှင်းကိုကြည့်၍ မေးလိုက်သည်။

“လူအိုကြီးယဲ့ ခင်ဗျားက ကျုပ်သခင်နဲ့သိတာကြာနေပြီ..ဘယ်သူနိုင်မယ်ဆိုတာကိုခင်ဗျားမြင်နိုင်လား”

“အဲ့ကလေးနဲ့ကျုပ်သိတဲ့အချိန်က ခင်ဗျားထက်နည်းနည်းပဲစောတာ”

ယဲ့ဝူရှင်းကပြောလိုက်သည်။ထို့နောက်သူကဆု

တောင်းသည့်ပုံစံဖြင့်ပြောလိုက်၏။

“ဒီကလေးနိုင်မှရမယ်..သူသေရင် ကျုပ်တို့တွေက ဖုန်ချမ့်ယွီလာသတ်တာကိုစောင့်နေရလိမ့်မယ်”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters