အပိုင်း (၁၇၈)
Vol. 12 Ch. 178
ကောင်းကင်ထဲရှိ စွမ်းအားအပြင်းထန်ဆုံးတိုက်ပွဲအတွင်းတွင် ပြင်းထန်လှသောစွမ်းအင်များ ၊သွေးနီရောင်မီးတောက်များ၊ အနက်ရောင်သေခြင်းအော်ရာများနှင့်တလက်လက်ထနေသော အဖြူရောင်းအလင်းများဖြင့်ပြည့်နှက်နေခဲ့သည်။ ထို့နောက်တွင်စွမ်းအင်အားလုံးက ဖြည်းဖြည်းချင်းလေထဲ၌ ပျောက်ကွယ်လာသည်။
လူတိုင်း၏ မျက်လုံးရှေ့တွင်ပေါ်ပေါက်လာခဲ့သော ပုံရိပ်နှစ်ခုကဖန်တီးခဲ့သည့် ပရမ်းပတာဖြစ်နေသည့်စွမ်းအင်များက အားလုံးအား တုန်လှုပ်မှု၊ဝမ်းမြောက်မှု၊စိတ်လှုပ်ရှားမှု၊ စိတ်ပျက်မှုနှင့်အံ့အားသင့်မှုစသည့်စိတ်ခံစား
ချက်ပေါင်းများစွာကိုဖြစ်ပေါ်စေသည်။
ကောင်းကင်ထက်ရှိတိုက်ပွဲက ရှိနေသောသူအပေါင်း၏ကံတရားကိုဆုံးဖြတ်
ပေးမည့်အရာပင်ဖြစ်သည်။
“သခင်လေးဖုန့်….သူ……ဟူး… “
ကျန်းကျွင်းချင်က ကောင်းကင်ထက်ကိုကြည့်၍ ခါးသီးစွာပြောလိုက်သည်။
“ဟူး..သူဘယ်လောက်ပဲ မွန်းစတားဆန်နေပါစေ….ဖုန်ချမ့်ယွီက ကျော်ကြားခဲ့တာနှစ်ပေါင်းများစွာကြာနေပြီ..သူကျော်ကြားလာကတည်းကနေ သူကတစ်ခါမှာ မရှုံးနိမ့်ဖူးဘူး…ဒါက မရှုံးနိမ့်ခြင်းဒဏ္ဍာရီတစ်ခုပဲ..”
ယဲ့ဝူရှင်းက အလွန်ဝမ်းနည်းသောအမူအရာဖြင့် သက်ပြင်းချလိုက်သည်။
“သခင်က…ရှုံးနေသေးတယ်..”
ကောင်းကင်ထက်တွင်ရှစ်ဖုန့်၏ပုံစံမှာ ပြိုလဲကျတော့မည့်သကဲ့သို့ဖြစ်နေသည်။ သူကငရဲဝံပုလွေ၏ကျောပေါ်၌ ဒူးတစ်ဖက်ထောက်ချထား၏။ သူနှင့်ဆန့်ကျင်ဘက်ဖြစ်စွာဖုန်ချမ့်ယွီကတော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။သူ
ကကောင်းကင်ထက်တွင် ဝံ့ကြွားစွာနှင့်ရပ်နေပြီး..ရှေ့သို့ကြည့်နေသည်။
ထို့နောက်တွင် ဖုန်ချမ့်ယွီ၏ အေးဆေးတည်ငြိမ်နေသောမျက်နှာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ ယင်းမှာသူလက်မခံနိုင်သည့်ပုံပေါ်နေသည်။ သူမျက်နှာထက်၌ မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နေ၏။
သူ ဖုန့်ချမ့်ယွီမှာဆယ်နှစ်သားအရွယ်တွင် ဘုရင်နယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့သူဖြစ်သည်။ သူကကောင်းကင်ဘုံလေဂိုဏ်းအတွင်းရှိ ပါရမီရှင်အားလုံးကိုအနိုင်ယူခဲ့ပြီး မြင့်မြတ်သောသားတော်အဖြစ်ရွေးချယ်ခံခဲ့ရ
သည်။
အသက်ဆယ့်ငါးနှစ်အရွယ်တွင် ဖုန်ချမ့်ယွီမှာ အင်ပါယာနယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့ပြီး ယွင်လိုင်အင်ပါယာ၏အသက်အငယ်ဆုံးအင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်လာခဲ့သည်။ သူကပါရမီရှင်လူငယ်များအဆင့်တွင် နံပါတ်တစ်ဖြစ်ခဲ့သည်။
အသက်နှစ်ဆယ့်သုံးနှစ်အရွယ်တွင် သူသည်ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်သို့ဝင်
ရောက်ခဲ့သည်။ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ်တွင် ကောင်းကင်ဘုံလေဂိုဏ်း၏ ယခင်ခေါင်းဆောင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီး သူကခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဖုန်ချမ့်ယွီသည် ယွင်လိုင်အင်ပါယာ၏ ကျော်ကြားသောကြယ်ကိုးပွင့်အင်ပါယာနယ်
ပယ် နလန်ယွမ်နှင့်ယှဉ်တွဲပြီး ထိပ်တန်းကျွင်းကျင်သူဆယ်ယောက်၌ နံပါတစ်ဖြစ်လာခဲ့သည်။
အသက်သုံးဆယ့်ခုနှစ်နှစ်အရွယ်တွင် ဖုန်ချမ့်ယွီမှာဘိုးဘေးနယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့သည်။ လေးဆယ့်သုံးနှစ်အရွယ်ရောက်သောအခါတွင်
ဖုန်ချမ့်ယွီမှာ ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်သို့ဝင်ရောက်နေ
ပြီဖြစ်သည်။
ဖုန်ချမ့်ယွီမှာတစ်ခါမျှ မရှုံးနိမ့်ဖူးပေ။ သူ၏ရှေ့တွင်ရှိသောရန်သူအားလုံးမှာ သူ၏ ဖျက်ဆီးမှုကိုခံလိုက်ရသည်ချည်းဖြစ်သည်။ ယွင်လိုင်အင်ပါယာတွင် ဖုန်ချမ့်ယွီမှာ အနိုင်မယူနိုင်သော ဒဏ္ဍာရီတစ်ခုအဖြစ်သိကြသည်ဖြစ်သည်။
သို့သော် ယနေ့တွင်……
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ငါဖုန်ချမ့်ယွီတ
ကယ်ကြီး အနိုင်ယူခံလိုက်ရတယ်.. “
ဖုန်ချမ့်ယွီ၏ မျက်လုံးတို့ကပြူးကျယ်နေသည်။ သူ၏ မျက်နှာထက်တွင်တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေ၏။ သူကိုယ်သူအမှန်တကယ်ဘာဖြစ်ခဲ့မှန်းပင်
ယုံကြည်နိုင်ရန်ခက်ခဲနေသည်။
သူ ဖုန်ချမ့်ယွီက အနိုင်မယူနိုင်သော ဒဏ္ဍာရီတစ်ခုဖြစ်သည်။
ထို့နောက်တွင်ဖုန်ချမ့်ယွီ၏ ခန္ဓာကိုယ်က အလယ်ဗဟိုမှနေ၍ ကွဲအက်သွားပုံရပြီး ရုတ်တရက်နှစ်ပိုင်းကွဲထွက်သွားသည်။
အားလုံးကထိုမြင်ကွင်းအားမြင်လိုက်ရသောအချိန်တွင် သူတို့၏အမူအယာက ထပ်မံ၍ပြောင်းလဲသွားကြသည်။ သို့သော် ဤတစ်ကြိမ်တွင် အမူအယာများကနှစ်ဖက်လုံးတွင် ပြောင်းပြန်ပြောင်းလဲသွားကြသည်။ ၎င်းမှာ တော်တော်လေးကို ရင်ဖိုစရာမြင်ကွင်းတစ်ခုဖြစ်သည်။
“မွန်းစတားပဲ”
ယဲ့ဝူရှင်းပင့်သက်ရှိုက်လိုက်သည်။ သူ၏ နှလုံးသားမှာထပ်မံ၍ မလှုပ်ရှားနိုင်တော့သည်ကို သဘောပေါက်လိုက်မိသည်။
“ဖုန်ချမ့်ယွီက သခင်လေးဖုန့်ရဲ့ တိုက်ခိုက်မှုကိုတကယ်ကြီးခံလိုက်ရတယ်”
ကျန်းကျွင်းချင်မှာ သူအိမ်မက်မက်နေသကဲ့သို့ခံစားရသည်။
“ဟားဟား..ဒါမှကျုပ်ရဲ့သခင်ကွ”
ဝူရှောင်းယွင်က ကျယ်လောင်စွာရယ်မောလိုက်သည်။
ထို့နောက်တွင် ဖုန်ချမ့်ယွီ၏ နှစ်ပိုင်းပြတ်သွားသော ခန္ဓာကိုယ်မှ သွေးများကပန်းထွက်လာပြီး များပြားလှသောသွေးတို့က ရှစ်ဖုန့်ထံသို့ စီးဆင်းသွားသည်ကို တွေ့လိုက်ရသည်။ ဒဏ္ဍာရီတစ်ခုလိုကျော်ဇောသောသူတစ်ယောက်၏ နှစ်ပိုင်းပြတ်သွာသောကိုယ်နှစ်ခုက လျှင်မြန်စွာခြောက်သွေ့သွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။ တစ်စုံတစ်ယောက်ကသာသေချာအာရုံစိုက်၍ ကြည့်မည်ဆိုလျှင် ဖုန်ချမ့်ယွီလက်ရှိ သိုလှောင်လက်စွပ်မှာပျောက်ကွယ်သွားသည်ကို သဘောပေါက်မိလိမ့်မည်ဖြစ်သည်။
ကြယ်နှစ်ပွင့်ဘုရင်နယ်ပယ်ဖုန်ချမ့်ယွီ၏ ဝိညာဉ်စွမ်းအင် သွေးနှင့် သေခြင်းစွမ်းအင်တို့အားဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအင်မှာ မူလက အထွတ်အထိပ် အဆင့်လေးသို့ရောက်နေရာမှ အဆင့်ငါးသို့တိုက်ရိုက်ဝင်ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်တွင် အဖြူရောင်အလင်းနှစ်ချက်လက်သွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကြယ်ခုနှစ်ပွင့်ဘုရင်နယ်ပယ်သို့တိုက်ရိုက်ဝင်
ရောက်သွားခဲ့သည်။ ထိုထက်ပိုသည်ကားယင်းမှာကြယ်ခုနှစ်ပွင့်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။ ရှစ်ဖုန့်နေဖြင့် စွမ်းအင်အချို့ကိုသာသူထပ်ပြီးရရှိခဲ့ပါက သူ့အနေဖြင့်ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်သို့ဝင်ရောက်နိုင်လိမ့်မည်ဟု ခံစားရသည်။
ရှစ်ဖုန့်ကခေါင်းငုံ့၍ အောက်ရှိလူအုပ်ကြီးကိုကြည့်လိုက်သည်။
ဤအချိန်တွင် အတုန်လှုပ်ဆုံး၊ လက်ခံနိုင်ရန်အခဲယင်းဆုံးနှင့် ယုံကြည်နိုင်ရန်အခဲယင်းဆုံးဖြစ်နေကြသောသူများမှာ လဲ့ကန်း၊ရွှယ်ထူနှင့် ရွှယ်ရီမုံ့တို့ပင်ဖြစ်သည်။
အခြားသောသူများကဖုန်ချမ့််ယွီ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်ကိုသိချင်မှသိကြလိမ့်မည်ဖြစ်သော်လည်း သူတို့ကတော့ ဖုန်ချမ့်ယွီက ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်ကိုသိကြသည်။ နလန်ယွမ်ပင်သူ၏ရှေ့မှောက်၌ ဘာမှမဟုတ်ပေ။
သို့သော်ထိုသို့စွမ်းအားကြီးကျွမ်းကျင်သူတစ်
ယောက်က လက်တလောကမှ ကျော်ဇောမြင့်မားလာသော လူငယ်တစ်ယောက်၏ သတ်ခြင်းကို တကယ်ကြီးခံခဲ့ရသည်။ ထို့အပြင်ဤလူငယ်လေးမှာသူတို့၏လက်အ
တွင်းသေကာလုနီးပါးဖြစ်ခဲ့သည်ဖြစ်သည်။ နည်းနည်းလေးသာလိုခဲ့သည်။
ထိုအချိန်၌ ဂိုဏ်းများဘက်မှလူအားလုံးတွင်အတွေးတစ်ခုသာရှိကြသည်။
“ပြေး”
ရှစ်ဖုန့်က အောက်သို့အေးစက်စွာငုံ့ကြည်၍ အော်ပြောလိုက်သည်။
“သူတို့အားလုံးကိုသတ်…”
ထို့နောက်သူက လဲ့ကန်း၊ရွှယ်ထူနှင့် ရွှယ်ရီမုံ့တို့ကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင်သူတို့သုံးယောက်မှာ အလန်းတန်းများအဖြစ်ပြောင်းကြပြီး စတင်၍ ထွက်ပြေးနေကြပြီဖြစ်သည်။ ရှစ်ဖုန့်ကသူ၏ ဓားကိုမြှောက်၍ ရွှယ်ထူကိုခုတ်ပိုင်းချလိုက်သည်။ သူ၏ ဝိညာဉ်တိုက်ခိုက်မှုဖြစ်သည့် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား လဲ့ကန်းထံသို့ပစ်လွှတ်လိုက်သည်။ယဲ့ဝူရှင်း၊
ကျန်းကျွင်းချင်နှင့် ဝူရှောင်းယွင်တို့က အလင်းတန်းသုံးခုအဖြစ်သို့ပြောင်းသွားပြီး ရွှယ်ရီမုံ့ကို ဝန်းရံလိုက်ကြသည်။
ထွက်ပြေးနေသောရွှယ်ထူမှာ ရုတ်တရက် ပြင်းထန်သော အန္တရာယ်ကိုအာရုံခံမိလိုက်သည်။ထို့နောက်တွင်စွမ်းအားကြီးစွမ်းအင်က ကောင်းကင်ထက်မှဖိကျလာ၏။ ရွှယ်ထူကခေါင်းလှည့်လိုက်သောအခါတွင် ဧရာမအဖြူရောင်ဓားချီကြီးကသူ့ပေါ်သို့ကျ
ဆင်းလာသည်ကို တုန်လှုပ်စွာဖြင့်တွေ့လိုက်ရသည်။ ဤစွမ်းအား၏အောက်တွင် ရွှယ်ထူမှာ ရုတ်ချည်းစွမ်းအားမဲ့သွားသလိုခံစားလိုက်ရ
သည်။
“မဟုတ်ဖူး”
သူကအော်ဟစ်လိုက်သည်။ သိပ်သည်းသောသွေးချီကသူ၏ လက်တွင်ဖွဲ့စည်းလာသည်။ သူကလျှင်မြန်စွာဖြင့်လှည့်လိုက်ပြီး လက်နှစ်ဖက်ဖြင့်တိုက်ခိုက်လိုက်ကာ ဧရာမသွေးဓားကြီးဖြစ်ပေါ်လာပြီးအဖြူရောင်
ဓားချီနှင့်တွေ့ဆုံစေလိုက်သည်။
“ဝုန်း”
အဖြူရောင်ဓားချီကခုတ်ပိုင်းကျဆင်းလာပြီးချက်ခြင်းသွေးဓားကိုခုတ်ပိုင်းလိုက်သည်။ ထို့နောက်ဘာစွမ်းအင်မှလျော့နည်းသွားခြင်းမရှိပဲ ၎င်းက အောက်ဘက်ရှိထိန့်လန့်တုန်လှုပ်နေကာ တွယ်မိတွယ်ရာဖြစ်နေပြီး အလိုမရှိသောမျက်နှာနှင့် ရွှယ်ထူ၏ခေါင်းပေါ်သို့ ခုတ်ပိုင်းကျဆင်းလာသည်။
“မလုပ်နဲ့”
ဧရာမအဖြူရောင်ဓားချီက ချက်ခြင်းရွှယ်ထူကိုဝါးမျိုသွားသည်။ သွေးမိစ္ဆာဂိုဏ်း၏ခေါင်းဆောင် ယွင်လိုင်အင်ပါယာ၏ ထိပ်တန်းကျွမ်းကျင်သူဆယ်ယောက်တွင်အဆင့်သုံးချိတ်သူ ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူ ရွှယ်ထူမှာသေဆုံးသွားခဲ့ပြီဖြစ်သည်။
အဖြူရောင်ဓားချီပျောက်ကွယ်သွားသောအခါတွင် ရွှယ်ထူလည်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထူထဲသောသွေးလုံတစ်လုံးနှင့် သွေးနီရောင်သိုလှောင်လက်စွပ်တစ်ကွင်းသာ ကျန်ရှိနေခဲ့ပြီး ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးရောက်ရှိလာသည်။
ရွှယ်ထူ၏သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့် သွေးတို့အားဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ကိုယ်က အလင်းရောင်ထပ်မံ၍လင်းလက်သွားပြီး ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်သို့ထပ်မံ၍ ဝင်ရောက်သွားခဲ့သည်။
လဲ့ကန်းမှာ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် တိုက်ခိုက်ခံရသောအခါတွင် သူ၏ခေါင်းအား ဧရာမ တူကြီးတစ်လုံးဖြင့်ထုချလိုက်သလိုခံစားလိုက်ရသည်။ ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ သဲကန္တာရအတွင်းသို့ ပြုတ်ကျသွားခဲ့သည်။
လဲ့ကန်းသူ၏ အသိအားပြန်လည်ရရှိလာသောအခါတွင် ကြီးမားသောအဖြူရောင်ဓားချီက သူ့ပေါ်သို့ခုတ်ပိုင်းကျဆင်းလာသည်ကိုတွေ့
လိုက်ရသည်။
“မလုပ်ပါနဲ့…ငါ့ကိုချမ်းသာပေးပါ”
ဤဧရာမဓားချီကြီး၏ အောက်တွင် သူအနေဖြင့်ခုခံရန်စွမ်းအား မရှိသည်ကို လဲ့ကန်းတွေ့လိုက်ရသည်။ သူကအော်ဟစ်၍ သနားညှာတာပေးရန်တောင်းပန်လိုက်သည်။ သူ၏ လက်တို့ဖြင့် ကြီးမားသောခရမ်းရောင်မိုးကြိုးလုံးကြီး တစ်ခုကိုသိပ်သည်းဖွဲ့စည်းလိုက်ပြီး အပေါ်သို့ပစ်လွှတ်လိုက်သည်။
အဖြူရောင်ဓားချီ၏အောက်တွင် မိုးကြိုးလုံးမှာဖျက်ဆီးခံလိုက်ရသည်။ ခရမ်းရောင်မိုးကြိုးလျှပ်စီးများက အဖြူရောင်ဓားချီ၏ ဝါးမျိုမှုကိုခံလိုက်ရသကဲ့သို့ဖြစ်ကာ ဓားချီ၏ အပေါ်တွင်ခရမ်းရောင်လျှပ်စီးကြောင်းလေးများ
ဖြစ်ပေါ်နေသည်။ ထို့နောက်တွင်လဲ့ကန်း၏ ကိုယ်ပေါ်သို့ခုတ်ပိုင်းချလိုက်၏။
“ဝုန်း”
ဓားချက်အောက်တွင်ဖုန်မှုန်သဲမှုန်များက ကောင်းကင်ထက်ပြည့်နှက်သွားစေသည်။ ဖုန်ထဲတွင် သိပ်သည်သောသွေးလုံးက ခရမ်းရောင်သိုလှောင်လက်စွပ်ကိုလွှမ်းခြုံပြီး ကောင်းကင်ထက်ရှိရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးရောက်ရှိလာသည်။
သဲမှုန်ဖုံမှုန်များက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ ယွင်လိုင်အင်ပါယာ၏ ထိတ်တန်းကျွင်းကျင်သူဆယ်ယောက်တွင် အဆင့်သုံးကိုရွှယ်ထူနှင့်အတူယှဉ်တွဲပြီး ရယူထားခဲ့ကာ ဒုတိယအကြီးဆုံးဂိုဏ်းဖြစ်သော ခရမ်းရောင်မိုးကြိုးဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ် လဲ့ကန်းမှာဘာခြေရာလက်ရာမှပင်ကျန်ရစ်နေခဲ့
ခြင်းမရှိပဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE