← Chapters

အပိုင်း (၁၇၉)

Vol. 12 Ch. 179

အပိုင်း (၁၇၉)

Vol. 12 Ch. 179

“အား”

ယဲ့ဝူရှင်း၊ကျန်းကျွင်းချင်နှင့် ဝူရှောင်းယွင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အဖြူရောင်နှင့်လှပသောအမျိုးသမီးဖြစ်သူ ရွှယ်ရီမုံ့၏ နာကျင်စွာအော်ဟစ်သံထွက်ပေါ်လာသည်။ ဝူရှောင်းယွင်၏ အစိမ်ရောင်လှံက ရွှယ်ရီမုံ့၏ ရင်ဘက်ကိုထိုးဖောက်ဝင်သွားပြီး သူမ၏ နောက်ကျောဘက်မှပြန်လည်၍ထွက်လာသည်။

ထို့နောက်တွင် ယဲ့ဝူရှင်းက သူ၏ အနက်ရောင်ဓားနှစ်ချောင်းဖြင့်ခုတ်ပိုင်းလိုက်ပြီး ရွှယ်ရီမုံ့၏ အဖြူရောင် လက်မောင်းတို့ကိုဖြတ်ချလိုက်သည်။ ထို့နောက်တွင် မိုးပြာရောင်နဂါးဓားမှမိုးပြာရောင်အလင်းတို့

တောက်ပလာပြီး ခုတ်ပိုင်းချလိုက်ရာ ရွှယ်ရီမုံ့မှာ နှစ်ပိုင်းပြတ်သွားသည်။

သူတို့သုံးယောက်က ရွှယ်ရီမုံ့အားဝန်းရံကာ ငရဲဘုံကိုးခု ကြယ်သုံးပွင့်ချိုးဖြတ်အစီအရင်ဖြင့်တိုက်ခိုက်ခဲ့သည်။ သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကလိပ်ခွံတစ်ခုကဲ့သို့ပင်ဖြစ်လေသည်။ဂိုဏ်ခေါင်းဆောင်သုံးယောက်ပူး

ပေါင်းတိုက်ခိုက်စဉ်ကပင်  သူတို့၏ခုခံမှုအား မချိုးဖြတ်နိုင်ခဲ့ပေ။ ယခုအခါတွင်ကား ရွှယ်ရီမုံ့တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူမအနေဖြင့်ဘာမှ မလုပ်နိုင်ခဲ့ပေ။  ဝူရှောင်းယွင်က အခွင့်အရေးတစ်ခုရှာတွေ့ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အား သူ၏ လှံဖြင့် ထိုးသွင်းခဲ့သည်။

စစ်ပွဲအတွင်းတွင်ဘာသနားညှာတာမှုတို့မှရှိမနေပေ။ တစ်စုံတစ်ယောက်ကလှပနေလျှင်တောင် ထိုသူသည်ရန်သူဖြစ်နေသ၍  တစ်ဖက်လူအနေဖြင့် ထိုလူအား ဖျက်စီးရန်သာလုပ်ဆောင်နိုင်သည်။

ထင်ရှားကျော်ကြားသောအလှပဂေးတစ်ယောက်ဖြစ်သူ ရေခဲနှင်းတောင်ကြား၏ အရှင်သခင်မ ယွင်လိုင်အင်ပါယာ၏ ထိပ်တန်းကျင့်ကြံသူဆယ်ယောက်တွင် အဆင့်ခုနှစ်ချိတ်သူ ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်  ရွှယ်ရီမုံ့မှာ ကျဆုံးသွားခဲ့ရပြီဖြစ်သည်။

ထို့နောက်တွင် နှစ်ပိုင်းဖြတ်ခံလိုက်ရသော ရွှယ်ရီမုံ့၏ ခန္ဓာကိုယ်မှာ သွေးများစတင်၍ ထွက်လာသည်။ သူမ၏လှပသောကိုယ်လေးမှာလျှင်မြန်စွာခြောက်သွေ့သွားခဲ့ပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

ထို့နောက်တွင် အင်ပါယာနယ်ပယ်သုံးယောက်မှာ မံမီအလောင်းပုံစံပြောင်းသွားသော ရွှယ်ရီမုံ့အား ထပ်ပြီးကြည့်မနေတော့ပေ။ သူတို့က ထွက်ပြေးနေသော တပည့်များနောက်သို့လိုက်၍ဖမ်းကြသည်။ ထိုကျူးကျော်လာသောသူမှန်သမျှ အသတ်ခံရမည်ဖြစ်သည်။ တစ်ယောက်မှ အသက်ရှင်မနေသင့်ပေ။

ရှစ်ဖုန့်က ခေါင်းငုံ့၍ စစ်မြေပြင်ကိုကြည့်လိုက်သည်။ ယခုအချိန်၌ တိုက်ပွဲမှာပြီးသွားပြီဖြစ်ပြီး အင်ပါယာနယ်ပယ်သုံးယောက်ရှိနေသော

ကြောင့် သူ့အနေဖြင့် ဘာမှလုပ်နေရန်မလိုပေ။

ဤတိုက်ပွဲတွင် ဆက်တိုက်ဆိုသလို  ကြယ်သုံးပွင့်ထိ အဆင့်တက်နိုင်ခဲ့ပြီး သူ၏ ဝိညာဉ်ကျင့်ကြံမှုကလည်း အဆင့်တစ်ခုတက်လှမ်းနိုင်ခဲ့ကာ ရရှိခဲ့သော ဂိုဏ်းခေါင်းဆောင်လေးယောက်၏ သိုလှောင်လက်စွပ်များအတွင်တွင်လည်း ကမ္ဘာဦးကျောက်တုံးများဖြင့်ပြည့်နှက်နေသည်။ အဆင့်နိမ့်မှ ထိပ်တန်းအဆင့်ထိ ကမ္ဘာဦးကျောက်တုံးသန်းနှင့်ချီရှိပြီး  ဆယ်သန်းနီးပါးပင် ကပ်လိမ့်မည်ဖြစ်သည်။ ထို့အပြင်  ဆေးလုံးများနှင့်လက်နက်များပါရှိသေးသော်လည်း အများစုကတော့ အဆင့်သုံး၊အဆင့်လေးနှင့်အဆင့်ငါးများဖြစ်ကြသည်။

ယနေ့တိုက်ပွဲတွင် ယွင်လိုင်အင်ပါယာအတွင်းရှိ အခြေအနေများမှာ ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ တစ်ချိန်က ယွင်လိုင်အင်ပါယာအတွင်းတွင် မျှချေညီနေခဲ့သော ဂိုဏ်းများမှာ ယွင်လိုင်အင်ပါယာအတွင်း၌ ရှစ်ဖုန့်နိုးထလာသောကြောင့်  လုံးဝကျဆင်းသွားခဲ့ရပြီဖြစ်သည်။ သူက ဂိုဏ်းများ၏ အမွေဆက်ခံသူများအပြင် ဂိုဏ်းခေါင်းဆောင်များကိုပါ သတ်ပစ်ခဲ့သည်။ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ပါး မမွေးဖွားလာပါပဲ အရာအားလုံးအား ပြောင်းလဲပစ်ရန်မှာ နှစ်ရာပေါင်းများစွာကြာသည့်တိုင်အောင်ခက်ခဲလိမ့်မည်ဟု ခန့်မှန်းရသည်။

အင်ပါယာသုံးယောက်က လုပ်ဆောင်စရာရှိသည်များကိုလုပ်ဆောင်ကြ

သည်။ အလွန်လျှင်မြန်စွာဖြင့် ရှစ်ဖုန့်အား သတ်ရန်လာရောက်ခဲ့သူအားလုံးမှာသုတ်သင်ခံလိုက်ရ၏။ ဂိုဏ်းကြီးလေးဂိုဏ်းဖျက်ဆီးခံလိုက်ရမှု သတင်းက လေပြင်းတစ်ခုရိုက်ခတ်တိုက်ခတ်သကဲ့သို့ ယွင်လိုင်အင်ပါယာအနှံ့ပျံ့နှံ့သွားသည်။  မကျော်လွှားနိုင်သော ဒဏ္ဍာရီများက ချိုးဖြတ်ခံလိုက်ရပြီဖြစ်သည်။  ဂိုဏ်းလေးဂိုဏ်း၏ ခေါင်းဆောင်များမှာ အသတ်ခံလိုက်ရသည်။ ရှစ်ဖုန့် ၏ နမည်က လူတိုင်း၏ နှလုံးသားထဲတွင် ပို၍ နက်ရှိုင်းစွာ အမြစ်တွယ်သွားခဲ့သည်။

“ကောလဟာလတွေအရတော့ ရှစ်ဖုန့်နဲ့ ဖုန်လောဟန်တို့က ငယ်ငယ်လေးကတည်းက ချစ်သူတွေတဲ့ကွ..နောက်ကျ ဖုန်လောဟန်က စွမ်းအားအာဏာကိုလောဘကြီးလာပြီး အကြင်နာမဲ့လာခဲ့တယ်…သူက  သူရဲ့ နှစ်ပေါင်းများစွာ ချစ်သူဖြစ်တဲ့ ရှစ်ဖုန့်ကို နှလုံးမဲ့စွာနဲ့ သစ္စာဖောက်ခဲ့ပြီး ဖုန်ချမ့်ယွီရဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရော….”

“ဒါပေမဲ့ ရှစ်ဖုန့်က တော့ အရှုံးပေးလက်လျော့ဖို့ဆန္ဒမရှိခဲ့ဖူး..နှစ်ပေါင်းများစွာခါးခါးသီးသီး ကျင့်ကြံပြီးတဲ့နောက်မှာ   နောက်ဆုံးသူထွက်ပေါ်လာခဲ့ပြီး နှလုံးသားမရှိတဲ့ ဖုန်လောဟန်ကို အင်ပါယာမြို့ပြင််မှာပဲသတ်ပစ်ခဲ့တယ်..အခု

တော့ သူ့ရဲ့ချစ်သူကို သူ့ဆီကနေ ဆွဲထုတ်သွားခဲ့တဲ့ ဖုန်ချမ့်ယွီပါ အသတ်ခံလိုက်ရတာပေါ့  …ဒါကလုံးဝကိုမှာ  အချစ်နဲ့အမုန်း ဒွန်တွဲနေတဲ့ သည်းထိပ်ရဖို ဇတ်လမ်းတစ်ခုပဲကွ”

လက်ဖက်ရည်ဆိုင်ထဲတွင် ဇတ်ကြောင်းပြောသူ၏ တံတွေးတို့က နေရာအနှံ့ကို လွင့်စင်နေပြီး သူ၏ အမူအယာက လုံးဝကို လက်တွေ့ဆန်လွန်းနေသည်။

“ရှစ်ဖုန့်ရဲ့ အရပ်ကြီး က ရှစ်ပေအထိတောင်မှရှည်တာ…သူ့ရဲ့ ခါးဆိုတာလည်း ရှစ်ပေအထိကိုမှ အကျယ်ကြီးပဲ… ဖုန်ချမ့်ယွီသူ့နားကို မကပ်လာနိုင်ခင်မှာပဲ ရှစ်ဖုန့်ရဲ့ကြီးစိုးလွန်းတဲ့ ရောင်ဝါကြောင့် မိုင်သုံးဆယ်လောက်ကို အတင်းအကျပ်ဆုတ်ပေးလိုက်ရတယ်… အဲ့နောက်ရှစ်ဖုန့်က သူရဲ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်တဲ့အချိန် မိုင်တစ်ရာအတွင်းမှာရှိတဲ့ အရာမှန်သမျှက ပြာအဖြစ်ကိုပြောင်းလဲသွားကြတယ်…. အဲ့ပြာတွေထဲမှာ ဖုန်ချမ့်ယွီနဲ့ ဂိုဏ်းခေါင်းဆောင်သုံးယောက်လည်းပါတာပေါ့…”

“ရှစ်ဖုန့်က တကယ်တော့ မိန်းကလေးတစ်ယောက်ကွ..သူမက  သူမကိုယ်သူမ ယောက်ျားလေးတစ်ယောက်လိုရုပ်ဖျက်ပြီး

တော့ ကောင်းကင်ဘုံလေဂိုဏ်းထဲကို ဝင်ခဲ့တာ..အဲ့အချိန်တုံးက ဖုန်ချမ့်ယွီဆိုတာ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ သာမန်တပည့်လေးပဲရှိသေးတယ်.. အဲ့အချိန်တုံးက သူက ရှစ်ဖုန့်နဲ့အတူ တစ်ခန်းထဲမှာ အတူနေရအောင် ဂိုဏ်းရဲ့စီစဉ်ပေးတာကိုခံခဲ့ရတယ်..သူတို့နှစ်

ယောက်သား အိပ်ယာတစ်ခုတည်းပေါ်မှာသုံးနှစ်လောက်အတူအိပ်ခဲ့ကြပေမဲ့ ဖုန်ချမ့်ယွီဟာ ရှစ်ဖုန့်က မိန်းကလေးတစ်ယောက်ဆိုတာကို မသိခဲ့ဘူး.. ဒါပေမဲ့ ရှစ်ဖုန့်က တော့ ဖုန်ချမ့်ယွီကို ချစ်နေခဲ့တာကြာနေခဲ့ပြီ”

“ဒါပေမဲ့ ဖုန်ချမ့်ယွီကလည်း  မြင့်မြတ်အပျိုစင် ဖုန်ရှင်းယန်နဲ့ ချစ်နေကြာတာက ကြာပီကွ.. သူဂိုဏ်းခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက်မှာ  သူက မြင့်မြတ်အပျိုစင်ဖုန်ရှှင်းယန်ကို လက်ထပ်ချင်ခဲ့တယ်..ရှစ်ဖုန့်က အဲ့တာကိုသိလည်းသိရော ဒေါသခြောင်းခြောင်းထွက်တော့တာပေါ့…သူနဲ့ သုံးနှစ်တောင်အတူအိပ်ခဲ့တဲ့ ဖုန်ချမ့်ယွီကို ဘယ်လိုဖြစ်ပြီးစေ့စပ်ခွင့်ပေးနိုင်မှာလဲ….အဲ့တာကြောင့် သူ က သွေးဝါးမျိုနတ်ဆိုးပညာရပ်ကို လေ့ကျင့်ခဲ့ပြီးတော့ အရင်ဆုံးဖုန်ရှင်းယန်ကိုသတ်တယ်..အဲ့နောက် ဖုန်ချမ့်ယွီကိုသတ်လိုက်တယ်”

“ရှစ်ဖုန့်နဲ့ ဖုန်ချမ့်ယွီတို့အဲ့နော လုံးဝအကြီးအကျယ်တိုက်ခိုက်ကြတာ..ငါ့ဦး

လေးရဲ့ အိမ်နီးချင်းဖြစ်သူရဲ့ယောက်ဖရဲ့ အကိုကြီးရဲ့ ဒုတိယဦး‌လေးရဲ့ တတိယတူဖြစ်သူက  အဲ့နေ့ကအဖြစ်အပျက်တွေဖြစ်တုံးကအဲ့မှာရှိနေခဲ့တယ်….အဲ့မှာလေနဲ့တိမ်တွေကပြောင်းလဲပြီး လျှပ်စီးတွေကလည်းတလက်လက်လက် မိုးခြိမ်းသံတွေကလည်းတအုန်းအုန်းနဲ့ပဲတဲ့…သူတို့ကြောင့်မို့ ဟင်းလင်းပြင်တောင်မှ ပြိုကျသွားတယ်လို့ပြောတယ်..”

ယွင်လိုင်အင်ပါယာ၏ လက်ဖက်ရည်ဆိုင်ကြီးများ သေရည်ဆိုင်ကြီးများ၌အပြင် လမ်းမများပေါ်၌ပင်  လူများကရှစ်ဖုန့်၏ အကြောင်းကိုပြောကြပြီး စာအုပ်ဆိုင်ကြီးများတွင်လည်း ရှစ်ဖုန့်နှက်ပက်သက်သော စာအုပ်မျိုးစုံကိုရောင်းချကြသည်။

ထိုအချိန်တွင် ရှစ်ဖုန့်က ငရဲဝံပုလွေကိုစီးနင်းပြီး  ဝူရှောင်းယွင်ကိုခေါ်လာကာ  သွေးမိစ္ဆာဂိုဏ်းဆီသို့ဦးတည်လာသည်။

ယဲ့ဝူရှင်းဆီမှနေ၍ သွေးမိစ္ဆာဂိုဏ်းအတွင်းတွင် အကန့်သတ်မဲ့သွေးပင်လယ်တစ်ခုရှိသည်ကို ရှစ်ဖုန့်သိခဲ့ရသည်။ ပင်ကိုအားဖြင့် ထိုအရာအား သူလက်မလွတ်ချင်ခဲ့ပေ။

သွေးမိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ သေဆုံးပြီးသည့်နောက်တွင် အနောက်မြောက်သို့မသွားခဲ့ကြသော တပည့်များမှာ နတ်ဆိုးရှစ်ဖုန့်က သူတို့အားလာပြီး ရှာဖွေမည်ကို ကြောက်ကြသောကြောင့်  ထွက်ပြေးသွားကြပြီးဖြစ်လေသည်။ ယခုအခါသွေးမိစ္ဆာဂိုဏ်းသည် အခွံလွတ်ကြီးတစ်ခုအဖြစ်သာရှိတော့သည်။  သွေးမိစ္ဆာဂိုဏ်း၏ အိမ်တော်ကြီးအတွင်းတွင် လေတိုက်သံတစ်ဟူးဟူးသာပဲ့တင်ထွက်ပေါ်နေသည်။

ရှစ်ဖုန့်က ငရဲဝံပုလွေ၏ အပေါ်တွင်ရပ်နေသည်။သူ၏ ဘေးတွင်ယင်မိစ္ဆာရှိ၏။  ငရဲဝံပုလေွက သွေးမိစ္ဆအိမ်တော်၏ ဘာမှမှရှိသော မြေကွက်တွင် ဆင်းသက်လိုက်ပြီးနောက် ရှစ်ဖုန့်က ယင်မိစ္ဆာကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အမိန့်ပေးလိုက်သည်။ ယဲ့ဝူရှင်း၏ အဆိုအရ သွေးပင်လယ်မှာ မြေအောက်သွေးပင်လယ်တစ်ခုဖြစ်သည်ဟုဆို၏။

ရှစ်ဖုန့်၏ အမိန့်တို့အားလက်ခံပြီးသည့်နောက်တွင်  ယင်မိစ္ဆာမှာ မြေကြီးအတွင်းသို့နစ်ဝင်သွားသည်။

ရှစ်ဖုန့်က တိတ်ဆိတ်စွာစောင့်ဆိုင်းနေသည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်နောက်တွင် သွေးပင်လယ်အတွင်းရှိ သိပ်သည်းသော သွေးချီများက သန့်စင်မှုရှိတော့မည်မဟုတ်ပေ။ သို့သော်သူ့အနေဖြင့်ထိုအရာအား အချည်းနှီ အဖြစ်မခံနိုင်ပါ။  ယခုအချိန်၌ သူသည်စွမ်းအားများကိုပို၍ လိုအပ်နေသည်။  သူပြုလုပ်ရန်အတွက် စွမ်းအားများကိုလိုအပ်သော ကိစ္စများစွာရှိနေသည်ဖြစ်သည်။ စွမ်းအားများနှင့်ပက်သက်၍ ရှစ်ဖုန့်၏ လိုအင်ဆန္ဒက အရမ်းကိုများပြားလေသည်။

“ဝုန်းဝုန်းဝုန်း”

ယင်မိစ္ဆာနစ်ဝင်သွားပြီးသိပ်မကြာခင်တွင် ပြင်းထန်လှသော တုန်ခါမှုက သူ၏ ခြေဖဝါးအောက်မှဖြစ်ပေါ်လာသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။

“အမ်..ဘာဖြစ်တာလဲ..ယင်မိစ္ဆာ”

ရှစ်ဖုန့်အော်ပြောလိုက်သည်။ သူက ယင်မိစ္ဆာအား စိတ်ဝိညဉ်ဖြင့်ဆက်သွယ်မှုပြုလုပ်လိုက်ပြီး လျှင်မြန်စွာပြန်လာရန်အမိန့်ပေးလိုက်သည်။

အဖြူရောင်ပုံရိပ်က မြေကြီးအတွင်းမှတိုးထွက်လာသည်။ ရှစ်ဖုန့်ကြည့်လိုက်သောအခါတွင် အချိန်တိုလေးအတွင်း ယင်မိစ္ဆာမှ  ဆိုးဆိုးရွားရွားအခြေအနေတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အကျည်းတန်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဒဏ်ရာတစ်ခု ၎င်း၏ ရင်ဘက်ပေါ်တွင် ဖြစ်ပေါ်နေ၏။

ခုဏကယင်မိစ္ဆာမှာ တိုက်ခိုက်မှုတစ်ခုကိုခံခဲ့ရသည်မှာသိသာပြီး ဤအနက်ရောင်အမှတ်အသားကရင်းနီးသလို

ရှိနေသည်ဟု ရှစ်ဖုန့် ခံစားရသည်။  ၎င်းမှာ ယင်မိစ္ဆာထိုညက ပြင်းထန်စွာထိခိုက်မိသော အနက်ရောင်အမှတ်အသားနှင့်အတူတူပင်ဖြစ်သည်။ သို့သော်ကံကောင်းစွာဖြင့် ဤဒဏ်ရာက ယင်မိစ္ဆာ၏ အလောင်းခန္ဓာကိုယ်အတွက် အရမ်းကြီးမပြင်းထန်ပေ။ ထို့ကြောင့်၎င်း၏ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိချေ။

“ဘာဖြစ်တာလဲ”

ယင်မိစ္ဆာ၏ ဒဏ်ရာကို မြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်၏ မျက်နှာက အေးစက်မှုအဖြစ်သို့ပြောင်းသွားပြီး မေးလိုက်သည်။

“သ..သခင်..အဲ့တာ ..ဟိုလူပဲ…အဲ့ညတုံးက  ကျွန်ုပ်ကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့သူ..သွေးပင်လယ်ကလည်း အောက်မှာ ရှိနေတယ်..”

လက်ရှိယင်မိစ္ဆာက ပြေပြစ်စွာ စကားမပြောနိုင်သေးသော်လည်း ယခင်ကထက်တော့ အများကြီးပိုမို၍ ကောင်းမွန်လာသည်။

“ဟမ့်”

ယင်မိစ္ဆာ၏ စကားအား ကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“အဲ့သောက်အရာ…ငါက သူကိုရှာ မတွေ့နိုင်မှာကိုတောင် စိတ်ပူနေခဲ့တာ အခုတော့ သူကဒီမှာ ရောက််နေတယ်…ကောင်းတာပေါ့”

ထို့နော်ကရှစ်ဖုန့်ကယင်မိစ္ဆာကိုအော်ပြောလိုက်သည်။

“ယင်မိစ္ဆာ လမ်းကိုဦးဆောင်သွား..ငါမင်းအတွက်  လက်စားချေပေးမယ်”

ဆက်ရန်….

ဘာသာပြန်သူ- ARISE

All Chapters